တပင်ရွှေထီးမရှိတော့
ဟံသာဝတီမှာရှိတဲ့ ဘုရင့်နောင်ရဲ့ ညီတော် သီဟသူက ရှိတဲ့ ဆင်မြင်းလူသူတွေ
သိမ်းကြုံးခေါ်ဆောင်ပြီး တောင်ငူမှာ မင်းလုပ် ခြားနားတယ်။ သမိန်စောထွတ်ကလည်း
ဟံသာဝတီမှာ သီဟသူမရှိတော့မှန်း သိတော့ သမိန်စက္ကဝေါ အမည်နဲ့ ဟံသာဝတီကို ပြန်ပြီး
မင်းပြုပါတယ်။ ဘုရင့်နောင်ကျော်ထင်နော်ရထာကတော့ ထိုအချိန်က ဒလမှာ ရောက်နေခဲ့သတဲ့။
ဘုရင့်နောင်ဟာ ပထမ ဒလမှာ လူသူစုရုံးတယ်။ နောက် ညီတော် သီဟသူ၊ မင်းခေါင်အမည်နဲ့
ပုန်ကန်ခြားနားတဲ့ တောင်ငူကို အရင်တိုက်ပါတယ်။ ဟံသာဝတီမှာ သမိန်စက္ကဝေါကို အမတ်တွေ
နန်းချပြီးမုတ္တမက သမိန်ထောရာမကို နန်းတင်ခဲ့တယ်။ အဲ့ဒီမှာ မွန်တပ်တွေ
အလုံးအရင်းနဲ့ ဘုရင့်နောင်ထံခိုဝင်လာသတဲ့။
တောင်ငူကိုရပြီးနောက် ဘုရင့်နောင်ဟာ ပြည်ကို ဆက်လက် သိမ်းပိုက်တယ်။ နောက် ပုဂံ။ အထက်ပိုင်း တစ်ခုလုံးနီးပါးသိမ်းပြီးတဲ့ အခါမှ ဟံသာဝတီကို ချီပါတယ်။ တိုက်ပွဲမှာ သမိန်ထောရာမ ကျဆုံးတယ်။ စစ်နိုင်တဲ့ဘုရင်၊ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဘုရင့်နောင် ကျော်ထင်နော်ရထာက စစ်ပြီးပြီးချင်းမြို့ထဲ ချက်ချင်း မဝင်သေးဘဲ မြို့အပြင်က ပေါက်တိုင်ဘုရားမှာ ညစက်တော်ခေါ်ပြီး မနက်မိုးသောက်ချိန် ရောက်မှ ဟံသာဝတီမြို့ထဲ ဝင်တယ်လို့ မှန်နန်းက ဆိုပါတယ်။

မွန်သုံးရပ်နှင့်အင်းဝ
ဘုရင့်နောင်မင်းတရားကြီးဟာ မွန်ပြည် ၃ ပြည်ကို အောင်နိုင်ခဲ့ပါတယ်။ မွန်ပညာရှိ တွေကိုလည်း နေရာပေးခဲ့တယ်။ဝန်ကြီး ဗညားဒလဆိုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ဘုရင့်နောင် လက်ထက်မှာ ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ မြန်မာ တစ်ပြည်လုံး စုရုံး နိုင်ခဲ့ ပေမင့် ကျန်နေတာက အင်းဝ၊ ရှမ်းပြည်နဲ့ ယိုးဒယားဖြစ်ပါတယ်။
သက္ကရာဇ်၉၁၅ မှာ ကမ္ဗောဇသာဒီ နန်းတော်ကို ဆောက်လုပ်တယ်။ အလှူကြီး ပေးသတဲ့။ ၉၁၆ မှာ ရခိုင် ဘုရင့်သားအချင်းချင်း မသင့်မမြတ် ဖြစ်ရာကနေ သားတော် အကြီး ဘုရင့်နောင်ဆီ ဝင်လာတယ်။ ဝင်လာတဲ့ရခိုင်ဘုရင် မျိုးနွယ်တွေကို ဘုရင့်နောင်ဟာ သူ့သမီးအပါအဝင် အခြား မြန်မာ မင်းမျိုးတွေနဲ့လက်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ ဟံသာဝတီက အင်းဝကို သိမ်း ပါတယ်။ နရပတိစည်သူကို မသတ်ဘဲအဆောင်အယောင် တွေပေးထားတယ်။ ဘုရင့်နောင်က ညီတော် မင်းရဲကျော်ထင်ကို သတိုးမင်းစော အမည်နဲ့ အင်းဝကို စားစေခဲ့သတဲ့။ သတိုးစောကို သမီးဖြစ်သူနဲ့ လက်ဆက်ပေးခဲ့လို့ညီတော်အပြင် တချိန်တည်းမှာ သားမက်လည်း တော်နေပြန်ရဲ့။
အင်းဝကိုသိမ်းပြီးနောက်မှာ ရှမ်းတွေကို ဆက်တိုက်မယ် ကြံပေမယ့် မိုးကျလာတဲ့ အတွက် လမ်းပန်းမသာတာနဲ့ဟံသာဝတီကို ပြန်နားပါတယ်။ သီဟိုကျွန်း ကနေပြီး မြတ်စွယ်တော်ရယ် ပိဋကတ် သုံးပုံရယ် လက်ဆောင်ဆက်တယ်။ကျိုက်ထီးရိုး စေတီ ထီးတော်တင်တယ်။ ပိဋကတ်သုံးပုံ ကိုလည်း ဘုရင့်နောင်က ရေးကူးပွားများစေခဲ့တယ် ဆိုတယ်။ ပုပ္ပါးနတ်တွေကို ကျွဲ၊ ဆိတ်၊ နွားတွေ ယဇ်ပူဇော်ပြီး တိရစ္ဆာန်ခေါင်းတွေအိမ်ရှေ့ ချိတ်ဆွဲထားရတဲ့ ဓလေ့ကိုလည်း တားမြစ်ပိတ်ပင် ခဲ့ပါတယ်။
ရှမ်းကိုးပြည်ထောင်နဲ့ ဇင်းမယ်
ဘုရင့်နောင်မင်းတရားကြီးဟာ အင်းဝ အပါအဝင် မြန်မာ တနိုင်ငံလုံး သိမ်းယူပြီးနောက် ရှမ်းပြည် ၉ ခုကိုဆက်လက် ချီတက်တိုက်ခိုက် ပါတယ်။ အုန်းဘောင်၊ မိုးမိတ်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ကလေး၊ မိုင်းလုံ၊ သုံးဆယ်၊ မိုးနဲဝန်းသို စသည်။ သေသွားတဲ့ စော်ဘွားတွေကို သူတို့ရဲ့ဆင်၊ မြင်း၊ ကျွန်တွေနဲ့အတူ မြှုပ်နှံခဲ့ပါတယ်။
အဲ့ဒီနောက်ဇင်းမယ်ကို သိမ်းယူခဲ့တယ်။ ဖမ်းမိတဲ့ ဇင်းမယ်ဘုရင်က သစ္စာတော်ခံတာနဲ့ မသတ်ဘဲ မင်းအဖြစ်ဆက်ပြုစေခဲ့ သတဲ့။ သုဝဏ္ဏဘူမိဟာ ဇင်းမယ်လိုလို၊ သထုံလိုလို မှတ်တမ်းတွေ ရောနေ ပါတယ်။မှန်နန်း ကတော့ သထုံဆိုတာ ပိုမှန်မယ်လို့ ဆိုရဲ့။ ဇင်းမယ်ကို သိမ်းပြီး အာဏာတွေ ခွဲဝေ၊ဘဏ္ဍာတွေသိမ်း၊ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်နေတုန်း သိမ်းထား ပြီးကာစ ရှမ်းပြည်မိုးနဲက ပုန်ကန်တာနဲ့ အထက်တစ်ခါ ပြန်ဆန် ရပြန်တယ်။ ဒီလို လူးလားခေါက်တုံ စစ်ချီနေရင်းက ဟံသာဝတီပြန်ရောက်သခိုက်မှာ ကောင်းမှုတော် မဟာစေတီ တည်တော်မူတယ်။ စေတီဌာပနာမယ့် ဓာတ်တော်တွေ့ပို့တဲ့နေ့မှာ ရာဇဒေဝီမိဖုရားက သမီးတော် တစ်ပါးဖွားမြင်တယ်။ ဒါကြောင့်မို့ ရာဇဓာတုကလျာလို့ အမည်ပေးခဲ့ပါသတဲ့။

သက္ကရာဇ်၉၂၁ မှာ
မြန်မာပြည် အထက်ပိုင်း အင်းဝတဝိုက်ကို ကသည်းစော်ဘွားက ရန်စတယ်။ ဒါကို
ဘုရင့်နောင်ကကေသရာဇာ ခြင်္သေ့ကို မြေခွေးက ရန်စသလို ဖြစ်တယ်၊ ဘာ့ကြောင့်
မနိုင်သလဲလို့ အင်းဝကိုမေးတော့ ကသည်းတွေက အုပ်စုငယ် အများအပြား တောကြိုအုံကြားမှာ
နေသမို့လို့ မနိုင်ကြောင်းပြန်လျှောက်ကြတယ်။ ဒါနဲ့ပဲ ဘုရင့်နောင် ကသည်းကို
ချီပါတယ်။ ကသည်း စော်ဘွားလည်း နောက်ဆုံးအင်အားချင်း မယှဉ်နိုင်တာနဲ့ သမီးတော်
ဆက်သလို့ စစ်ပြေငြိမ်း စကားဆိုပြီး သစ္စာခံပါတယ်။ဘုရင့်နောင်လည်း ကသည်းစော်ဘွား
သမီးကို ပင့်လို့ နေပြည်တော် ပြန်ခဲ့သတဲ့။ ဘုရင့်နောင်ရဲ့ကောင်းမှုတွေထဲမှာ
ရွှေနန်းတော်ကို ဖြိုဖျက်လို့ မဟာစေတီ အတွက် ကျောင်းတော်တွေ ဆောက်လုပ်ဖို့
လှူဒါန်းတာလည်း ပါဝင်ခဲ့တယ်။ ဘုရင့်နောင်ဟာ ထားဝယ် မြို့တည်မင်းလည်း
ဖြစ်ခဲ့ပြန်တယ်။မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ ပျက်စီးယိုယွင်းနေတဲ့
ဘုရားစေတီမှန်သမျှ ပြုပြင်လှူဒါန်းခဲ့သတဲ့။ စည်ပင် သာယာဝပြောမှု ကတော့ ပထမမြန်မာ
နိုင်ငံတော်ထက် အများကြီး သာလွန်ခဲ့ပုံရပါတယ်။ တာရှည် မခံခဲ့တာ တစ်ချက်ပဲ ပြောစရာ
ရှိမယ် ထင်မိရဲ့။
ရှမ်းပြည်စော်ဘွားများလည်း ဘုရင့်နောင်ထံ သစ္စာခံကြတယ်။ ကျိုင်းတုံစော်ဘွားက သူ့သမီးကို ဆက်သသတဲ့။အထက်မှာ ကျွန်တော်ဆိုခဲ့သလို ရှေးခေတ်က အမျိုးသမီးတွေဟာ ဧကရာဇ်အချင်းချင်း လက်ဆောင်ပေးစရာအရုပ်ဝတ္ထု သာသာ ဘဝအခြေ နိမ့်ခဲ့ကြပေရဲ့။
ယိုးဒယားကိုစစ်ချီခြင်း
ယိုးဒယားဘုရင်မှာ ဆင်ဖြူ ၄ ကောင် ရှိပါတယ်။ အဲ့ဒီအထဲကတစ်ကောင် ဆက်သဖို့ ဘုရင့်နောင်က စာလွှာပို့ရာမှာ ယိုးဒယားဘုရင်က မပေးနိုင်ကြောင်း ငြင်းသတဲ့။ ပြန်စာရဲ့ အောက်ဆုံးမှာ “အစ်”ဆိုတဲ့သင်္ကေတတစ်ခု ပါလာတယ်။ အဲ့ဒီ သင်္ကေတ အဓိပ္ပါယ်ကို ဘုရင့်နောင်က ဗညားဒလအမတ်ကို မေးတဲ့အခါဗညားဒလက “အစ် ဆိုတာ ဘုရားရှင် စကားဆို ဧက၊ ဗေဒင်အရဆို အစ်၊ မွန်အရဆိုလျှင် အိုက်”ဖြစ်ကြောင်း၊ အဓိပ္ပါယ်ကတော့ “အိုက်ဟုဖွယ် - အွယ်ဟုဖိုက် - ဗမာလို ငါမကြောက်”ဟူ၍ ဖြစ်ကြောင်း ပြန်ဖြေပါတယ်။ဒါနဲ့ပဲ ဘုရင့်နောင်ရဲ့ ပြန်စာ အောက်ဆုံးမှာ “ဒွေး” ဆိုတဲ့ သင်္ကေတ ထည့်ပြန်လိုက်တယ်။ ဒွေးဆိုတာ တရားတော်မှာ ဒွေး၊ ဗေဒင် အလို စန္ဒရ၊ မြန်မာလို နှစ်၊ မွန်လိုဆိုရင် ဒွိတ်ဖြစ်ပါတယ်။ အဓိပ္ပါယ်က “ဒွိတ်တလက်-ဒွက်တလိတ် - မြန်မာလို မကြောက်က ကြိုးနှင့် ချည်မည်” ဖြစ်သတဲ့။
နောက်ဆုံးတော့ယိုးဒယားကို စစ်ချီပါတယ်။ ယိုးဒယားဘုရင်က ထွက်တိုက် ပေမယ့် မယှဉ်နိုင်လို့ မြို့ထဲထွက်ပြေးရတယ်။ ယိုးဒယားပိုင် ဆင်မြင်း ဘဏ္ဍာအချို့ သိမ်းယူပြီး ဘုရင့်သားတော်ကို သစ္စာခံစေပြီးနန်းတင်ခဲ့ပါတယ်။
ရာဇဝင်မှာပြောနေတဲ့ ယိုးဒယားဆိုတာ ဒွာရာဝတီမြို့ ဖြစ်ပါတယ်။ ဇင်းမယ် ဆိုတာလည်း အခြား ယိုးဒယားမြို့ပြနိုင်ငံ တစ်ခုပါ။ ဘုရင့်နောင်ဟာ ယိုးဒယားကိုရပြီး ပုန်ကန်တဲ့ ဇင်းမယ်ကို ဆက်လက်နှိမ်နင်းပါတယ်။
ဟံသာဝတီ မဟာရာဇဌာနီ ရွှေမြို့တော်
ဘုရင့်နောင်ဟာကုသိုလ်ကောင်းမှုလည်း အတော်များများ လုပ်ခဲ့တယ်။ ပုဂံခေတ် ဘုရင်တွေထက် မသာရင်သာ နေမယ်။လျော့တော့ မလျော့ပေဘူး။ တန်ခိုးကြီး ဘုရား ရွှေမောဓော၊ ရွှေတိဂုံ စသည်တွေလည်း ထီးတော်တင်ခဲ့ပါတယ်။
သက္ကရာဇ်၉၂၈ မှာ ဟံသာဝတီမဟာရာဇဌာနီ ရွှေမြို့တော်ကို တည်တယ်။ မြို့တံခါး ၂၀ ဆောက်လုပ်ပါတယ်။လက်အောက်ခံဘုရင်တွေကို တံခါးတစ်ခုစီ တာဝန်ပေးပြီး အဲ့ဒီ ဘုရင်နံမည်နဲ့ပဲ တံခါးအမည်ပေးခဲ့ပါတယ်။
မြောက်တံခါး၅ ခုကတော့ တနင်္သာရီတံခါး၊ ယိုးဒယားတံခါး၊ မုတ္တမ တံခါး၊ ပုခန်းတံခါး နဲ့ ပုသိမ်တံခါး။
အရှေ့တံခါး ၅ခုက ပြည်တံခါး၊ အင်းဝတံခါး၊ တောင်ငူတံခါး၊ လင်းဇင်း(လာအို) တံခါး၊ ဒလတံခါး။
တောင်တံခါး၅ ခုက ဇင်းမယ်တံခါး၊ အုန်းဘောင်တံခါး၊ မိုးညှင်းတံခါး၊ မိုးကောင်းတံခါး၊ ထားဝယ်တံခါး။
အနောက်တံခါး၅ ခုက ကလေးတံခါး၊ မိုးနဲတံခါး၊ ညောင်ရွှေတံခါး၊ သာယာဝတီတံခါး နဲ့ သိန္နီတံခါးတွေ ဖြစ်ကြပါတယ်။
တံခါးနံမည်တွေကြည့်ရုံနဲ့ အနောက်ဖက်က ရခိုင်မပါ၊ အရှေ့ဘက်မှာ ယိုးဒယား၊ လာအို အထိ ခြေဆန့်ခဲ့တဲ့ဗိုက်ပူပူ၊ ဖင်ပြားပြား မြန်မာပြည် မြေပုံ ခပ်ကားကားကို မျက်စိထဲ ပြေးမြင် မိပါတော့တယ်။

ဘုရင့်နောင်ဟာစစ်အတိုက်ဆုံး
ဘုရင်လား လို့တောင် ထင်ရပါတယ်။ စစ်ပွဲနဲ့ ပြတ်တယ်ရယ် မရှိ။
စစ်နိုင်ပြန်ရင်လည်းကြာကြာမခံ။ ပြန်ပုန်ကန်ကြတာပါပဲ။ ဒီတစ်ခါလည်း ကိုယ်နိုင်ထားတဲ့
မြို့နှစ်မြို့ စစ်ဖြစ်တော့တစ်ဖက်ကကူတိုက် ရပြန်တယ်။ လင်းဇင်းက ပိဿလောက်ကို
သိမ်းတဲ့ အတွက်ပါ။
ဟံသာဝတီမြို့တော်ကြီးဟာ အတိုင်းတိုင်း အပြည်ပြည်က သိမ်းယူလာတဲ့ လူသူ၊ ဆင်မြင်းတွေ များလွန်းလို့အဲ့ဒီခေတ်က စပါးဈေး အလွန်ကြီးခဲ့သတဲ့။ စပါးတစ်တင်းကို ကြေးစင် ငါးပိဿာ ကျတယ်လို့ ဆိုတယ်။ရွှေငွေကြေး ရတနာတွေ ပေါပြီး အစာရေစာ မလောက်ငှတဲ့ သဘော ဖြစ်မယ်ထင်ပ။ ဆန်ရှားတော့ ပုဂံမင်းကို လင်းဇင်းရွာတွေက စပါးတွေ သွားသိမ်းခိုင်းတယ်။ လင်ဇင်းကပြန်တိုက်လို့ ပုဂံမင်း စစ်ရှုံးပြီး ပြန်လာရတယ်။ ဘုရင့်နောင်က သတ်မယ် လုပ်တော့ မြန်မာ၊မွန်ဘုန်းတော်ကြီးတွေ ဝိုင်းတားခဲ့ရပါသတဲ့။
နန်းတော်အသစ်ကြီးနဲ့ နန်းတက်ပွဲ လုပ်ပြီး မကြာမီပဲ ယိုးဒယား ပုန်ကန်ပါတယ်။ ဟံသာဝတီကို ခေါ်လာတဲ့ယိုးဒယားမင်းသား ဗြရာမသွန် ကွယ်လွန်တော့ သူ့သားမယားတွေကို ယိုးဒယားပြန်ပို့တယ်။ ပြန်ပို့ရတဲ့အမတ်က ရာဇမနု။ သူက လမ်းမှာ ယိုးဒယား ဗြရာမသွန် မယားနဲ့ ဇာတ်လမ်းရှုပ်ပါတယ်။ ဒါကို ယိုးဒယားကပြန်တိုင်တော့ ဘုရင့်နောင်က ရာဇမနုကို ကွပ်မျက်ခဲ့တယ်။
နောက် ဟံသာဝတီကလွှတ်လိုက်တဲ့ ဘုရင့်သံကို ယိုးဒယားဘုရင်က ကွပ်မျက်တဲ့အခါ ယိုးဒယားမင်းကြီး အကိုရဲ့သမက်၊ ပိဿလောက်စား ဩယာ ဟံသာဝတီအောက် ဝင်ရောက် ခစားသတဲ့။
ယိုးဒယားစစ်
ဒီလိုနဲ့ယိုးဒယားကို ထပ်မံ စစ်ချီဖို့ ဖြစ်လာတယ်။ ယိုးဒယား နဲ့ လင်ဇင်း မဟာမိတ်ဖွဲ့တယ်။ မြန်မာဘက်ကစော်ဘွား သောင်းကျည် ဦးစီးပြီး တိုက်တယ်။ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်ပြီးယိုးဒယားကို ဝိုင်းထားစဉ် ရာသီဥတု ကောင်းတဲ့အခါ ဘုရင့်နောင်ရဲ့ တပ် ယိုးဒယားကို ချီတက်ပါတယ်။
အဲ့ဒီခေတ်ကစစ်ချီရတာက လွယ်တဲ့ကိစ္စ မဟုတ်တန်ဘူး။ ဘုရင့်နောင်ခမျာ ဟံသာဝတီ လုံခြုံရေး၊ အခြား အနယ်နယ်အရပ်ရပ် လုံခြုံရေးကို အသေအချာ စီစဉ်ပြီးမှ ချီရတယ်။ စစ်သည် အင်အား ၅ သိန်း ၄ သောင်းဖြစ်ပါသတဲ့။
ယိုးဒယားမြို့နဲ့အညီ တောင်ဖို့ပြီး အဲ့ဒီတောင်ပေါ်က အမြောက်မြတပူတွေနဲ့ ပစ်ပါတယ်။ ယိုးဒယားတွေ ထွက်တိုက်လို့လက်နက်တွေ ပါသွားတဲ့ မြန်မာ စစ်ကဲတွေကို ဘုရင့်နောင်က ကွပ်မျက်တယ်။ ပုန်ကန်တဲ့ ယိုးဒယားဘုရင်မင်းအကြီး ကျဆုံးခဲ့။ အလောင်းကို မသင်္ဂြိုဟ်ဘဲ ထားသတဲ့။ ကျန်ဲတဲ့ ယိုးဒယားမင်း အငယ် ကလည်းအခြေအနေမကောင်းတာနဲ့ တာဝန်ရှိတဲ့ အမတ် ဩယာရံကို သံခြေချင်းခတ်ပြီး လက်ဆောင် ပဏ္ဍာတွေနဲ့ ဘုရင့်နောင်ကို စိတ်ပြေအောင် လုပ်ပါတယ်။
ပုန်ကန်တာကျွန်တော်မျိုး မဟုတ်ပါပေါ့။ ဘုရင့်နောင်က ဩယာရံကို မသတ်ဘဲ စစ်ကူလာမယ့် လင်ဇင်းမင်းဆီလုပ်ကြံ စာတစ်စောင် အပို့ခိုင်းတယ်။ မြန်မာတပ်တွေ ခြေကုန်လက်ပန်း ကျနေလို့ အမြန်လာတိုက်ဖို့ယိုးဒယားက ခေါ်တဲ့စာ ပုံစံမျိုး ရေးပေးလိုက်သတဲ့။ အဲ့ဒီစာကိုယုံကြည်လို့ မြန်မာတွေကို တိုက်မဟဲ့ဆိုပြီး ချီလာတဲ့ လင်ဇင်းတပ်ကို ဘုရင့်နောင်တို့ညှပ်ပြီး တိုက်ကြပါတယ်။ လင်းဇင်းတို့ အကျအဆုံးအတော်များ သတဲ့။ နောက်ဆုံး ပြေးပေါက်ပိတ်နေတဲ့ လင်ဇင်းမင်း ကဘုရင့်နောင်ဆီ သဝဏ်လွှာ ပို့တယ်။ သစ္စာတော် ခံပါ့မယ်၊ ဒါပေမယ့်ကနေ့ မိုးချုပ်နေလို့ မနက်ကျမှ ရှေ့တော် အရောက်လာပါ့မယ် ဆိုတယ်။ မနက်လည်းကျရော လင်းဇင်းတို့ မရှိတော့။ တစ်ညလုံးသုတ်ခြေတင် ပြေးကြပါတယ်။ လင်းဇင်းတပ်ကို နိုင်အောင် တိုက်သူကို ဆုချမယ်ဆိုတော့ တပ်အသီးသီးကသူတို့ တိုက်တာပါ ဆိုကြတယ်။ ဒါနဲ့ ဖမ်းမိတဲ့ လင်ဇင်း အမတ်တွေကို သူတို့ကို တိုက်တဲ့ မြန်မာစစ်ကဲကို အရှာခိုင်းတော့ အင်းဝမင်း သတိုးမင်းစော ဖြစ်နေခဲ့တယ်။“မောင်အင်းဝ မင်းပွဲပေ”လို့ ဘုရင့်နောင် မှတ်ချက်ချ ပါတယ်။
ဘုရင့်နောင်ဒေါသ
ယိုးဒယားကိုတိုက်ရာမှာ သံလျင်စား ဘယဂါမဏိရဲ့ တပ်သား တစ်ချို့ ရှေ့မတက်ရဲ ဖြစ်နေလို့ စစ်ကဲတွေကဓားနဲ့ ခုတ်မယ် ရွယ်တယ်။ ဒါကိုဘယဂါမဏိက အဲ့ဒီ စစ်ကဲတွေကို ဓားနဲ့ လိုက်ခုတ်ပါတယ်။ ဒါကိုဘုရင့်နောင် သိတော့ ဒေါသ လွန်ထွက်ပြီး ဝိုင်းတားနေတဲ့ ကြားက သူ့ရဲ့ငယ်ကျွန် ဘယဂါမဏိကို အသတ်ခိုင်းတယ်။ ဘယဂါမဏိ သေတော့ သူ့သားက အလောင်းနား လာငိုသပေါ့။ ဒါကိုလည်းအမျက်မပြေတဲ့ ဘုရင့်နောင် အသတ်ခိုင်း ပြန်တယ်။ နောက် သားအဖ နှစ်ယောက်ရဲ့ ကျွန်ကအမြင်မတော်လို့ အလောင်းကို ပုဆိုး လာလွှမ်းသတဲ့။ ဒီ ကျွန်လည်း သခင်နှစ်ပါးနောက် လိုက်သွားရရှာတယ်။ ဒေါသမာန် မဆင်မခြင် သိပ်ပြင်းထန်လွန်းတဲ့ ဘုရင့်နောင်လို့ မှတ်ချက်ချမိပါတယ်။
ယိုးဒယားကိုဆက်တိုက် နေပေမယ့် မရသေး ပါဘူး။ ဒါနဲ့ ယခင်ဖမ်းထားတဲ့ ယိုးဒယားအမတ် အောက်ဗြစက္ကိကိုမြို့ထဲ အဝင်ခိုင်းပြီး မြို့တံခါးဖွင့်ပေးဖို့ တာဝန်ပေးတယ်။ ယိုးဒယားဘုရင်က အောက်ဗြစက္ကိကိုတွေ့တဲ့အခါ အဖေကို တွေ့လိုက်ရသလို ဝမ်းသာပြီး ရာထူးအဆောင်အယောင်တွေ ပြန်ပေးပါတယ်။ မြို့တံခါးပတ်လည်မှာလည်း သူ့တပ်ကို လုံခြုံရေး ကင်းစောင့် တစ်နေရာ တာဝန်ပေးသတဲ့။ အဲ့ဒီ ဂယ်ပေါက်လေး ကနေ ဘုရင့်နောင်တို့ ဝင်တိုက်တာနဲ့ ယိုးဒယား ပျက်ပါတယ်။ စစ်နိုင်တော့တစ်မြို့လုံးကို လုကြယက်ကြသတဲ့။ တစ်ယောက်မျှ လက်ချည်း မရှိ လို့ မှန်နန်းက လှလှလေးရေးပါတယ်။ ယိုးဒယားကို ရတော့မှ ပုန်ကန်သူ ယိုးဒယားမင်းအကြီးကို သင်္ဂြိုဟ်တယ်။
ဘုရင်၊ မှူးမတ်၊ဆင်၊ မြင်း၊ သေနတ်၊ လက်နက်တွေ သိမ်းယူတယ်။ ပြီးစော်ဘွားသောင်ကျည်ကို ယိုးဒယားကို စားစေခဲ့ပါတယ်။
လင်ဇင်းကိုစစ်ချီခြင်း
ယိုးဒယားရပြီးတဲ့အခါ ထွက်ပြေးသွားတဲ့ လင်ဇင်းကို ဆက်လက်ချီတက်ကြတယ်။ စစ်ချီရင်း ရေကြောင်းတွေဖြတ်ရတဲ့အခါ လိုသမျှ လှေအစင်း ၄၀ဝ လောက်ကို သစ်တွေခုတ်ပြီး နေ့ညမပြတ် ဆောက်လုပ် ကြရသတဲ့။လင်ဇင်းကို တိုက်လိုက်၊ ပြေးလိုက် နဲ့ လိုက်တမ်း ပြေးတမ်း အတော်ကြာ ကစားနေရတယ်။ကျအဆုံးလည်း များသပေါ့။ ကြာလာတော့ ဘုရင့်နောင် တပ်တွေ ရိက္ခာ ပြတ်လာတယ်။ အင်အားက ၁၀ဆ လောက်သာပေမယ့် တချို့တပ်တွေ ၃ ရက်လောက် ထမင်းမစားရတဲ့ အခြေစိုက်နေတယ်။ ဆန်ဈေးလည်းအလွန်ကြီးသတဲ့။ ဒါနဲ့ တိုက်တိုင်း ပြေးနေတဲ့ လင်ဇင်းနောက် ဆက်မလိုက်တော့ဘဲနေပြည်တော်ကိုတပ်ခေါက် ပြန်လာကြပါတော့တယ်။

လင်းဇင်းမှာဘုရင်
ကျဆုံးပြီး ဘုရင်မျိုးဆက် မဟုတ်တဲ့ ဗညားသဉ် နန်းတက်တယ်။ ဒါကို ဘုရင့်နောင်က
မကြိုက်။အဖ မရှိရင် သား မင်းပြုရမတဲ့။ ဒါနဲ့ လင်းဇင်းကို ရွှေပေလွှာပို့။ ဗညားသဉ်က
မချေမငံ ပြန်ပြောပေါ့။ဒါနဲ့ ဗညားဒလ ဦးစီးပြီး လင်းဇင်းကို စစ်ချီတယ်။ ခရီးကဝေး၊
လူကများ၊ ရိက္ခာကရှား နဲ့ဗညားဒလ မအောင်မမြင် ပြန်ဆုတ်လာရတယ်။ ဒီသတင်းကြားတော့
ဘုရင့်နောင် မင်းမြတ် အလွန် စိတ်ဆိုးတော်မူပြီးသေနာပတိ ဗညားဒလကို ယိုးဒယားပြည်၊
ဇနက်အရပ်မှာ ထားရစ် စေခဲ့တယ်။ နောက်တစ်လလောက်နေတော့ဗညားဒလ မမာမကျန်း ဖြစ်ပြီး
ကွယ်လွန်ပါတယ်။
ဗညားဒလ
အမတ်ကြီးဗညားဒလဟာ ဘုရင့်နောင်ကို ၃ ကြိမ် လုပ်ကြံခဲ့ဖူးတယ်။ ပထမအကြိမ် ဘုရင့်နောင် ဝေါနဲ့ ဟံသာဝတီမြို့ကို ပတ်စဉ်မှာ လမ်းမှာဓားတွေ မြုပ်ပြီး လုပ်ကြံတာ။
ဒုတိယအကြိမ်ရွှေမောဓောဘုရား အတက် စောင်းတန်း မုဉ်ဦးမှာ မွန်တို့ကို ပုန်းစေပြီး လုပ်ကြံတာ။
တတိယအကြိမ်ရန်ကုန် ရွှေတိဂုံကို ဖောင်တော်နြဲွ့ကမယ့်ခရီး၊ ဖောင်တော်အတက်မှာ လုပ်ကြံဖို့ မွန်၂ယောက်ကိုရေငုတ် ခိုင်းခဲ့တာ။
၃ ကြိမ်စလုံးမအောင်မြင် ပါဘူး။ ဒါပေမယ့် ဘုရင့်နောင်က လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝလွန်းတဲ့ အမတ်ကြီး ဗညားဒလကို မကွပ်မျက်ခဲ့။ ဒီတစ်ကြိမ်မတော့ စစ်မက်ရေးရာ ဖြစ်လို့ သည်းမခံနိုင်တာ ဖြစ်သတဲ့။
(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ပြုစုခဲ့တာ ဒီအမတ်ကြီး ဗညားဒလ ဖြစ်မယ် ထင်ရတယ်။)
ဒီအဖြစ်အပျက်ရယ်၊နောင်ရိုးတိုက်ပွဲရယ်၊ ဂါမဏိသားအဖ နဲ့ ကျွန် အဖြစ်အပျက်ရယ်တွေကို ကြည့်ပြီး ဘုရင့်နောင်ဟာ စစ်နဲ့ ပတ်သက်လာရင် နိုင်လိုစိတ်ပြင်းထန်သလို အရှုံး ဆိုတာနဲ့ ဘယ်သူဘယ်ဝါ ကိုမှ မထောက်ထားမညှာတာ ရက်ရက်စက်စက် နှိပ်ကွပ်ဖို့ ဝန်မလေးသူဆိုတာ အထင်အရှား ဖြစ်ပါတယ်။
ကနေ့ခေတ်မှာပဲခူး-ရန်ကုန် ကားနဲ့ ရွှတ်ကနဲ သွားကြသလို ဘုရင့်နောင်ကလည်း ပဲခူး-ရန်ကုန်-ဒလ-ပုသိမ်တို့ကို ဖောင်တော်နဲ့ မကြာခဏ သွားလေ့ရှိပါတယ်။
သက္ကရာဇ်၉၃၄ မှာ ရွှေတိဂုံစေတီတော် ထီးတော်တင်ခဲ့ပါတယ်။
လင်းဇင်းသို့တစ်ခေါက်
ဘုရင်မျိုးရိုးကိုထီးနန်းပြန်တင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရင့်နောင် လင်းဇင်းကို စစ်ချီတယ်။ ဘုရင့်နောင် ကိုယ်ရံတော်တွေထဲမှာ ပသီကုလား ၄ ယောက်ပါသတဲ့။ ဘရင်ဂျီ ကုလား ၄၀ဝ လည်း သူ့တပ်ထဲမှာ ပါခဲ့တဲ့အတွက် ကြေးစား တပ်မတော်သားတွေ သုံးတဲ့ သဘောပါ။ လင်းဇင်း ဗညားသဉ်ဟာ ယှဉ်မတိုက်ဝံ့တဲ့ အတွက် ဆင်မြင်းလူသူတွေကို တောထဲမှာ ဝှက်ပြီး ပြေးပါတယ်။ ဘုရင့်နောင် လင်းဇင်းကို ရပေမဲ့ အခွံချည်းသက်သက်ဖြစ်နေတယ်။ မင်းမျိုး ဥပရာဇ်ကို နန်းပြန်တင်သလို လူသူအင်အားလည်း ပြန်လည်စုစည်းပေးခဲ့တယ်။
ဘုရင့်နောင်ကသူတင်တဲ့ ဘုရင်ကို မှာတဲ့ စကားလေးက မှတ်သားလောက်ဖွယ် ဖြစ်တဲ့အတွက် မူရင်းအတိုင်း ဖော်ပြလိုပါတယ်။
“သားတော်အရင်းကဲ့သို့ မှတ်တော်မူ၍ လင်းဇင်းတိုင် ငါချီတော်မူ၍ နန်းတင်သည်။ ငါ့သား ဥပရာဇ်သည်ငါ့ကိုချစ်လျှင် ပြည်သူကို ချစ်ရလိမ့်မည်။ ငါ့အကျိုးတော်ကို လိုလျှင် ပြည်သူ လူတကာတို့၏အကျိုးစီးပွားကို လိုရလိမ့်မည်။” .. တဲ့။ အတော် ခေတ်မီတဲ့ စကား ဖြစ်ပါတယ်။
မိုးကောင်းတို့မိုးညှင်းတို့ ကလည်း မကြာခဏ ပုန်ကန်ကြတယ်။ ပုန်ကန်ရတဲ့ အဓိက အကြောင်းရင်းက ရဲမက် စစ်သည်အင်အား တောင်းရင် မပေးနိုင်လို့ဖြစ်တယ်။ လက်ဆောင် ပဏ္ဍာပေးရတာ ဝန်မလေးပေမယ့် ဗမာတွေလို စစ်ခဏခဏမတိုက်ချင်တော့ကာ စစ်သည်၊ ဆင်မြင်း စတာတွေ မပေးချင်တာဖြစ်ပုံရပါတယ်။
ဒီလို ပျက်ကွက်တော့ဘုရင့်နောင်က အမျက်တော်ရှ၊ ပြန်တိုက်၊ စော်ဘွားတို့ ထွက်ပြေးကြ/အညံ့ခံ ဒါမှမဟုတ် သေကြေ၊ ရှုံးတော့ သစ္စာခံ၊ ဘုရင့်နောင် နေပြည်တော်ပြန်၊ ပုန်ကန်နဲ့ သံသရာကို လည်နေတော့တာပါပဲ။
သီဟိုက စွယ်တော်နဲ့ရာဇသံ
သီဟိုကျွန်းကဓမ္မပါလမင်းက စွယ်တော်မြတ်ကို လက်ဆောင် ဆက်သလာပြီး တပါတည်း အကူအညီတောင်းတဲ့ ရာဇသံပါပါလာတယ်။
သီဟိုမှာဘုရင် ၄ ပါးဟာ ၄ ပိုင်း ပိုင်းအုပ်ချုပ်သတဲ့။ ဓမ္မပါလမင်းကလွဲလို့ ကျန်မင်းတွေဟာ မိစ္ဆာဒိဌိတွေဖြစ်ကြပါတယ်။ ဒါကြောင့် လာရောက်နှိမ်နှင်းပေးဖို့ ဘုရင့်နောင်ကို စစ်ကူတောင်းတာ ဖြစ်ပါတယ်။ဘုရင့်နောင် ကလည်း မကူညီရင် မသင့်တော်ဘူး ယူဆကာ တပ်အလုံးအရင်း မပို့ပေမင့် လက်ရွေးစင်အကြမ်းတမ်းဆုံး စစ်သည် ၂၅၀ဝ စေလွှတ်လိုက်ပါတယ်။
ဒီ ရဲရဲတောက်တွေကကျွဲနွားဆိတ် စတာတွေကို သတ်ပြီး အစိမ်းစား၊ သောက်စားမူးယစ်ပြီး ဓားရေးလှံရေးပြ၊ ထိခိုက်နာကျင်မှု မရှိဆိုတော့ သီဟိုကျွန်းသားတွေ ဘီလူးတွေထင်ပြီး အတော် ထိတ်လန့် ကုန်ကြသတဲ့။ နောက်ဆုံးတော့ ဓမ္မပါလမင်းရဲ့ အကြံအစည်နဲ့ သီဟိုမင်း ၄ ပါး ညီညွတ်မှုရပြီး ဘုရင့်နောင်မင်းကြီးထံ လက်ဆောင်ပဏ္ဍာတွေ ဆက်သကြတယ်လို့ မှန်နန်းက ဆိုပါတယ်။
အဲ့ဒီခေတ်ကရဟန်း ဥယျာဉ် စိုက်ပျိုးတာ တရားတော်နဲ့ မညီဆိုကာ တားမြစ် ခဲ့ရပါတယ်။
မလိုက်နာတဲ့ ဘုန်းကြီးတွေ လူဝတ်လဲရတယ်။ လင်းဇင်းမှာ မင်း တင်ခဲ့တဲ့ ဥပရာဇ်မင်းဟာ
မှူးမတ်တွေနဲ့ မတည့်တဲ့အတွက်လင်းဇင်းကို စစ်ချီဖို့ ထပ်အကြောင်းဖန် လာတယ်။
ဘုရင့်နောင် မင်းတရားကြီးက ငါအသက်ကြီးပြီ။ မင်းတို့ပဲ ချီတော့လို့ ဆိုသတဲ့။ ဒါနဲ့
အိမ်ရှေ့မင်း မဟာဥပရာဇာ လင်းဇင်းကိုစစ်ချီပြီး ပုန်ကန်တဲ့ အမတ်တွေကို နှိမ်နင်း
ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ဘက်က ထိပါးလာတဲ့အတွက်သံတွဲကို သိမ်းယူ ခဲ့ပြန်ရဲ့။ဗညားဒလ
အမတ်ကြီးဗညားဒလဟာ ဘုရင့်နောင်ကို ၃ ကြိမ် လုပ်ကြံခဲ့ဖူးတယ်။ ပထမအကြိမ် ဘုရင့်နောင် ဝေါနဲ့ ဟံသာဝတီမြို့ကို ပတ်စဉ်မှာ လမ်းမှာဓားတွေ မြုပ်ပြီး လုပ်ကြံတာ။
ဒုတိယအကြိမ်ရွှေမောဓောဘုရား အတက် စောင်းတန်း မုဉ်ဦးမှာ မွန်တို့ကို ပုန်းစေပြီး လုပ်ကြံတာ။
တတိယအကြိမ်ရန်ကုန် ရွှေတိဂုံကို ဖောင်တော်နြဲွ့ကမယ့်ခရီး၊ ဖောင်တော်အတက်မှာ လုပ်ကြံဖို့ မွန်၂ယောက်ကိုရေငုတ် ခိုင်းခဲ့တာ။
၃ ကြိမ်စလုံးမအောင်မြင် ပါဘူး။ ဒါပေမယ့် ဘုရင့်နောင်က လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝလွန်းတဲ့ အမတ်ကြီး ဗညားဒလကို မကွပ်မျက်ခဲ့။ ဒီတစ်ကြိမ်မတော့ စစ်မက်ရေးရာ ဖြစ်လို့ သည်းမခံနိုင်တာ ဖြစ်သတဲ့။
(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ပြုစုခဲ့တာ ဒီအမတ်ကြီး ဗညားဒလ ဖြစ်မယ် ထင်ရတယ်။)
ဒီအဖြစ်အပျက်ရယ်၊နောင်ရိုးတိုက်ပွဲရယ်၊ ဂါမဏိသားအဖ နဲ့ ကျွန် အဖြစ်အပျက်ရယ်တွေကို ကြည့်ပြီး ဘုရင့်နောင်ဟာ စစ်နဲ့ ပတ်သက်လာရင် နိုင်လိုစိတ်ပြင်းထန်သလို အရှုံး ဆိုတာနဲ့ ဘယ်သူဘယ်ဝါ ကိုမှ မထောက်ထားမညှာတာ ရက်ရက်စက်စက် နှိပ်ကွပ်ဖို့ ဝန်မလေးသူဆိုတာ အထင်အရှား ဖြစ်ပါတယ်။
ကနေ့ခေတ်မှာပဲခူး-ရန်ကုန် ကားနဲ့ ရွှတ်ကနဲ သွားကြသလို ဘုရင့်နောင်ကလည်း ပဲခူး-ရန်ကုန်-ဒလ-ပုသိမ်တို့ကို ဖောင်တော်နဲ့ မကြာခဏ သွားလေ့ရှိပါတယ်။
သက္ကရာဇ်၉၃၄ မှာ ရွှေတိဂုံစေတီတော် ထီးတော်တင်ခဲ့ပါတယ်။
လင်းဇင်းသို့တစ်ခေါက်
ဘုရင်မျိုးရိုးကိုထီးနန်းပြန်တင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရင့်နောင် လင်းဇင်းကို စစ်ချီတယ်။ ဘုရင့်နောင် ကိုယ်ရံတော်တွေထဲမှာ ပသီကုလား ၄ ယောက်ပါသတဲ့။ ဘရင်ဂျီ ကုလား ၄၀ဝ လည်း သူ့တပ်ထဲမှာ ပါခဲ့တဲ့အတွက် ကြေးစား တပ်မတော်သားတွေ သုံးတဲ့ သဘောပါ။ လင်းဇင်း ဗညားသဉ်ဟာ ယှဉ်မတိုက်ဝံ့တဲ့ အတွက် ဆင်မြင်းလူသူတွေကို တောထဲမှာ ဝှက်ပြီး ပြေးပါတယ်။ ဘုရင့်နောင် လင်းဇင်းကို ရပေမဲ့ အခွံချည်းသက်သက်ဖြစ်နေတယ်။ မင်းမျိုး ဥပရာဇ်ကို နန်းပြန်တင်သလို လူသူအင်အားလည်း ပြန်လည်စုစည်းပေးခဲ့တယ်။
ဘုရင့်နောင်ကသူတင်တဲ့ ဘုရင်ကို မှာတဲ့ စကားလေးက မှတ်သားလောက်ဖွယ် ဖြစ်တဲ့အတွက် မူရင်းအတိုင်း ဖော်ပြလိုပါတယ်။
“သားတော်အရင်းကဲ့သို့ မှတ်တော်မူ၍ လင်းဇင်းတိုင် ငါချီတော်မူ၍ နန်းတင်သည်။ ငါ့သား ဥပရာဇ်သည်ငါ့ကိုချစ်လျှင် ပြည်သူကို ချစ်ရလိမ့်မည်။ ငါ့အကျိုးတော်ကို လိုလျှင် ပြည်သူ လူတကာတို့၏အကျိုးစီးပွားကို လိုရလိမ့်မည်။” .. တဲ့။ အတော် ခေတ်မီတဲ့ စကား ဖြစ်ပါတယ်။
မိုးကောင်းတို့မိုးညှင်းတို့ ကလည်း မကြာခဏ ပုန်ကန်ကြတယ်။ ပုန်ကန်ရတဲ့ အဓိက အကြောင်းရင်းက ရဲမက် စစ်သည်အင်အား တောင်းရင် မပေးနိုင်လို့ဖြစ်တယ်။ လက်ဆောင် ပဏ္ဍာပေးရတာ ဝန်မလေးပေမယ့် ဗမာတွေလို စစ်ခဏခဏမတိုက်ချင်တော့ကာ စစ်သည်၊ ဆင်မြင်း စတာတွေ မပေးချင်တာဖြစ်ပုံရပါတယ်။
ဒီလို ပျက်ကွက်တော့ဘုရင့်နောင်က အမျက်တော်ရှ၊ ပြန်တိုက်၊ စော်ဘွားတို့ ထွက်ပြေးကြ/အညံ့ခံ ဒါမှမဟုတ် သေကြေ၊ ရှုံးတော့ သစ္စာခံ၊ ဘုရင့်နောင် နေပြည်တော်ပြန်၊ ပုန်ကန်နဲ့ သံသရာကို လည်နေတော့တာပါပဲ။
သီဟိုက စွယ်တော်နဲ့ရာဇသံ
သီဟိုကျွန်းကဓမ္မပါလမင်းက စွယ်တော်မြတ်ကို လက်ဆောင် ဆက်သလာပြီး တပါတည်း အကူအညီတောင်းတဲ့ ရာဇသံပါပါလာတယ်။
သီဟိုမှာဘုရင် ၄ ပါးဟာ ၄ ပိုင်း ပိုင်းအုပ်ချုပ်သတဲ့။ ဓမ္မပါလမင်းကလွဲလို့ ကျန်မင်းတွေဟာ မိစ္ဆာဒိဌိတွေဖြစ်ကြပါတယ်။ ဒါကြောင့် လာရောက်နှိမ်နှင်းပေးဖို့ ဘုရင့်နောင်ကို စစ်ကူတောင်းတာ ဖြစ်ပါတယ်။ဘုရင့်နောင် ကလည်း မကူညီရင် မသင့်တော်ဘူး ယူဆကာ တပ်အလုံးအရင်း မပို့ပေမင့် လက်ရွေးစင်အကြမ်းတမ်းဆုံး စစ်သည် ၂၅၀ဝ စေလွှတ်လိုက်ပါတယ်။
ဒီ ရဲရဲတောက်တွေကကျွဲနွားဆိတ် စတာတွေကို သတ်ပြီး အစိမ်းစား၊ သောက်စားမူးယစ်ပြီး ဓားရေးလှံရေးပြ၊ ထိခိုက်နာကျင်မှု မရှိဆိုတော့ သီဟိုကျွန်းသားတွေ ဘီလူးတွေထင်ပြီး အတော် ထိတ်လန့် ကုန်ကြသတဲ့။ နောက်ဆုံးတော့ ဓမ္မပါလမင်းရဲ့ အကြံအစည်နဲ့ သီဟိုမင်း ၄ ပါး ညီညွတ်မှုရပြီး ဘုရင့်နောင်မင်းကြီးထံ လက်ဆောင်ပဏ္ဍာတွေ ဆက်သကြတယ်လို့ မှန်နန်းက ဆိုပါတယ်။
ဘုရင့်နောင်လည်းဘာသာတရား အလွန်ကိုင်းရှိုင်းသူ ပီပီ ဘာသာရေး အလှူအဒါန်းတွေပဲ တောက်လျှောက် လုပ်နေတာ တွေ့ရတယ်။ မဟာမုနိ၊ ကျိုးထီးရိုး (ကျိုက်ထို)၊ ရွှေတိဂုံ စသည်။
ဘုရင့်နောင်ဟာပိဋကတ်သုံးပုံကို အမြောက်အများ ပြုစုပြီး အတိုင်းတိုင်း အပြည်ပြည်ကို လှူဒါန်း ပါတယ်။
ညောင်ရမ်းမှာဘုရင့်နောင် သားတော် ညောင်းရမ်းမင်းကြီး ရှင်ဦးပုသ် ကွယ်လွန်တယ်။ ရှင်ဦးပုသ် ညီတော်၊ဘုရင့်နောင် သားငယ် မင်းသစ္စာဟာ မင်းရဲနဒ္ဒမိတ် အမည်နဲ့ ညောင်ရမ်းမင်းကြီး ဖြစ်လာတယ်။နောင်ကို ဒုတိယအင်းဝ (ဘုရင့်နောင်မင်းဆက်) ကို ထူထောင်လို့ ထင်ရှားလာမယ့် မင်းကြီးဖြစ်ပါတယ်။ ဇင်းမယ် မှာလည်း ဘုရင့်နောင် သားတော် နော်ရထာမင်းစော နန်းတက်တယ်။
အဲ့ဒီနောက်ရခိုင်ကို သိမ်းဖို့ရာ စစ်ချီနေတုံး နေပြည်တော်မှာ ဘုရင့်နောင် ဆုံးတယ် ကြားတော့ တပ်တွေပြန်ရုပ်လာခဲ့ ရတယ်။
ဘုရင့်နောင်ကျော်ထင်နော်ရထာနတ်ရွာစံခြင်း
မြန်မာဘုရင်တွေထဲမှာတန်ခိုးအထွားဆုံးလို့ ဆိုနိုင်မယ့် ဘုရင့်နောင်(ရှင်ရဲထွတ်) ကို ခရစ်သက္ကရာဇ် ၁၅၁၆ ခုဇန်နဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့မှာ မွေးတယ်။ မင်းမျိုးမဟုတ်။ တပင်ရွှေထီး ရဲ့ နှမနဲ့ ခရစ်၁၅၃၄ မှာ အိမ်ထောင်ကျပြီး ကျော်ထင်နော်ရထာ ဖြစ်လာတယ်။ အသက် ၂၃ နှစ်၊ နောင်ရိုးတိုက်ပွဲ အပြီး ခရစ်၁၅၃၈ မှာ ဘုရင့်နောင်ဘွဲ့ကို ခံယူတယ်။ အေဒီ ၁၅၄၉၊ သက်တော် ၃၃ နှစ်မှာ တောင်ငူ ကိုပြန်လည် သိမ်းပိုက်ပြီး မင်းလုပ်ခဲ့။ အေဒီ ၁၅၅၁၊ သက်တော် ၃၅ နှစ်မှာ ဟံသာဝတီကို အောင်နိုင်ပြီးဟံသာဝတီ ဘဝရှင်မင်းတရားကြီး ဖြစ်လာတယ်။ မင်းစည်းစိမ် တောင်ငူ ၂ နှစ် + ဟံသာဝတီ ၃၀၊စုစုပေါင်း ၃၂ နှစ်၊ သက်တော် ၆၅ အရောက် အေဒီ ၁၅၈၁ အောက်တိုဘာ ၁၀ ရက်နေ့မှာ ချက်တဖြုတ်နာပြီးနတ်ရွာစံတယ်လို့ ဆိုတယ်။ ရုတ်တရက် မမာမကျန်း ဖြစ်ပြီး အနိစ္စရောက်တယ် ယူဆပါတယ်။
ဘုရင့်နောင်လက်ထက်မြန်မာပြည်
ဘုရင့်နောင်လက်ထက်မြန်မာပြည်ဟာ အင်ပါယာ အကျယ်ဆုံး ဖြစ်ခဲ့တယ်။ တာရှည် မခံခဲ့တာတော့ ပြောစရာရှိ သပေါ့။ စစ်ပွဲတွေတိုက်၊ နယ်မြေသစ်တွေရ၊ လူမျိုးတွေ ရောနှော၊ လူသူပေါများ၊ သိမ်းယူခဲ့ သမျှအနယ်နယ် အရပ်ရပ်က ရွှေငွေရတနာတွေက ဆန်ရေစပါးထက် ပေါကြွယ်ဝတဲ့ အခြေအနေပါ။
ဘုရင့်နောင်လက်ထက် ဟံသာဝတီ လက်အောက်ခံ တိုင်းပြည် အသီးသီးကို မှန်နန်းအတိုင်း မှတ်တမ်းတင်လိုတယ်။
အချို့တိုင်းပြည်များ
ဘယ်တိုင်းပြည်ကိုခေါ်မှန်းမသိ။ သိသူများ ဖြည့်စွက် ဆွေးနွေး ပေးကြစေလိုပါတယ်။
ကေတုမတီ၊သရေခေတ္တရာ၊ သာယာဝတီ၊ လင်းဇင်း၊ တောင်တွင်း၊
ရမည်းသင်း၊ပေါက္ကံရာမ၊ မြင်စိုင်း၊ မက္ခရာ၊ ပင်းယ၊ ရတနာပူရ၊ ကလေး၊
ကသည်း၊ စန္ဒာ၊မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမိတ်၊ မိုးဝန်း၊ မိုင်းမော်၊
စည်ခွင်၊ဟိုသာ၊ လာသာ၊ မိုးနား၊ မိုးလျင်း၊ ကိုင်းမာ၊ သိန္နီ၊ အုန်းပေါင်၊ သီပေါ၊
မိုင်းကိုင်၊မိုင်းပတ်၊ ရောက်၊ နောင်မွန်၊ ညောင်ရွှေ၊ မိုးနဲ၊ ကျိုင်းတုံ၊ ကျိုင်းရုံး၊
ကျိုင်းသေဉ်၊ဇင်းမယ်၊ လင်းဇင်း၊ မိုင်းစံ၊ အကျော်၊ လဝိုက်၊ မျက်နှာမည်း၊
သောက္ကတဲ၊ပိဿလောက်၊ ဒွာရဝတီ၊ တနင်္သာရီ၊ ထားဝယ်၊ မုတ္တမ၊ ပုသိမ် ...
တို့ ဖြစ်ပါတယ်။
ဘုရင့်နောင်မိသားစု
မိဖုရား၃ ပါးက မွေးတာ သား ၃၊ သမီး ၃။ ပေါင်း ၆။ ကိုယ်လုပ်တော်တွေက မွေးတာ သား ၃၅၊ သမီး ၅၆။ပေါင်း ၉၁။ စုစုပေါင်း သား ၃၈၊ သမီး ၅၉။ စုစုပေါင်း သားသမီး ၉၇ ယောက်။
ကိုယ်လုပ်တော်အရေအတွက် မပါ။ အခြားမင်းများက ဆက်သလာတဲ့ သမီးတော်တွေ အားလုံး ကိုယ်လုပ်တော် ခန့်ခဲ့ပုံရတယ်။
မနေနိုင်မထိုင်နိုင် (ကိုယ်လဲ ရတာ မဟုတ်ဘဲ) ဘုရင့်နောင်ရဲ့ စည်းစိမ်ကို မုဒိတာပွားဖို့ အချိန်အတော်အကုန်ခံပြီး တစ်ယောက်ချင်း လိုက်ရေမိပါတယ်။
စုစုပေါင်းကိုယ်လုပ်တော် ၄၃ ပါးပါ။ ထီးဆောင်မင်း တို့ရဲ့ သမီးတော်တွေ၊ ထီးဖြူရိပ်အောက်မှာ ရွှေလိုဥထားတဲ့ နုနုထွတ်ထွတ် ကလေးများ။ ပဒေသရာဇ်ခေတ်ရဲ့ အသုံးတော်ခံ မင်းဘဏ္ဍာ ရုပ်သေးရုပ် ဘဝတွေကိုကရုဏာသက် ဆင်ခြင်မိကြောင်းပါ။
No comments:
Post a Comment