Sunday 31 January 2016
ဟံသာဝတီလေဆိပ် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး
ပဲခူးမြို့အနီး  ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကြီး တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ပဏာမသဘောတူညီချက် ကို မြန်မာနိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန နဲ့ ပြည်ပကုမ္ပဏီ သုံးခုတို့ဟာ မနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ကြ တယ်လို့ ချယ်နယ်လ် နယူးအေးရှား သတင်းဌာနက ဖေါ်ပြပါတယ်။
အဲဒီ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကြီးကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ အကုန်ခံတည်ဆောက်မယ့် ပြည်ပ ကုမ္ပဏီတွေက ဂျပန်နိုင်ငံက JGC Corporation, စင်ကာပူနိုင်ငံက Yongnam Holdings Ltd နဲ့ Changi Airports International တို့ ဖြစ်ကြပါတယ်။
မြေအကျယ်  ဟက်တာ ၃၆၀၀ ပေါ်မှာ တည်ဆောက်မယ့် ဒီလေဆိပ်ကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးလေဆိပ်ဖြစ် လာမှာပါ။ ၂၀၂၂  နှစ်မှာ အပြီးသတ် ဆောက် လုပ်မှာဖြစ်ပြီး၊ တစ်နှစ်ကို ခရီးသည် ၁၂ သန်း အဝင်အထွက်ရှိမှာ ဖြစ် ပါတယ်။
အပြီးသတ်သဘောတူညီချက်ကို အခုနှစ် အောက်တိုဘာလောက်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးမှာ  JGC Corporation  က ၅၅%   Yongnam Holdings Ltd   က ၂၅%  နဲ့  Changi Airports က ၂၀% တို့ပါဝင်ကြ မှာ ဖြစ်ပါတယ်။
RFA Burmese
Saturday 30 January 2016
အင်းလေးကန်ရဲ့ မီးပုံးပျံ ပျံသန်းရေးခရီးစဉ်ဝန်ဆောင်မှု
 http://www.debonairtravels.com/sites/default/files/Inle_Lake_20130213-01.jpg
ရေပေါ်အိမ်တွေနဲ့ လှေကိုခြေနဲ့လှော်ကြတဲ့ အင်းသားတွေရဲ့ အလေ့အထတွေဟာ မြန်မာနိုင်ငံကို
ကမ္ဘာတစ်ဝန်းက ခရီးသွားဧည့်သည်တွေ လာချင်အောင် ဆွဲဆောင်နေတဲ့ ထူးခြားတဲ့ ဓလေ့တစ်ခုပါ။
အင်းလေးကန်ရဲ့ သာယာလှပမှုတွေကို မျက်စိတစ်ဆုံး ခံစားဖို့ဆိုရင်တော့ လှေတစ်စင်းနဲ့
လည်ပတ်တာထက် မီးပုံးပျံစီးပြီး လည်ပတ်သင့်ပါတယ်။လူစည်ကားရှုပ်ထွေးတာမျိုးကို
ရှောင်ရှားချင်တဲ့ ငွေပေါသူ ခရီးသွား ဧည့်သည်တွေအတွက် မြန်မာ့အကျော်ကြားဆုံး အင်းလေးကန်
အလှကို ခံစားနိုင်တဲ့နည်း နောက်တစ်နည်းတော့ ရှိနေပြန်ပါသေးတယ်။
အဲဒါကတော့ ဝေဟင်မှာ မီးပုံးပျံစီးပြီး မြင်ကွင်းကျယ်အလှတွေကို ခံစားတာပဲပေါ့။
Oriental Ballooning မီးပုံးပျံ ပျံသန်းရေးခရီးစဉ်ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က
စတင်ခဲ့ပြီး ခရီးသည် လေးယောက်ကနေ ၁၂ ယောက်အထိ လိုက်ပါစီးနင်းနိုင်တဲ့ ခရီးစဉ်တွေကို
ပုဂံနဲ့ မန္တလေးက ကောင်းကင်ထက်မှာ ပျံသန်းပေးနေပါတယ်။
အင်းလေးကန်ခရီးစဉ်ကတော့ ၂၀၁၄ ခုနှစ်မှာ စပါတယ်။
အင်းလေးကန်ထက် ပျံသန်းပြီးမြင်ရတဲ့ ရှုခင်းက ပုဂံက မြင်ကွင်းအလှနဲ့ ယှဉ်နိုင်ပါတယ်။
မီးပုံးပျံ နဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈,၀၀၀ ကိုရောက်တဲ့အခါမှာတော့ ရင်သပ်ရှုမောဖွယ်
မြင်ကွင်းကျယ်ကို ကျွန်မတို့ ပတ်ပတ်လည်မှာ တွေ့လိုက်ရပါတယ်။
ရေထဲကနေ မြင်ရတဲ့အခါ ချစ်စရာကောင်းလှတဲ့ ကျွန်းမျောအကွက်လိုက်တွေကို အထက်စီးကနေ
မြင်ရတဲ့အခါမှာလည်း တစ်မျိုးတစ်ဘာသာ လှနေပါလားရယ်လို့ အသိအမှတ်ပြုလိုက်ရပါတယ်။
ကျွန်းမျောတွေရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အနားသတ်လိုင်းလေးတွေက ကန်ထဲမှာ မိုင်ပေါင်းများစွာ
ဖြန့်ကြက်တည်ရှိနေပါတယ်။
ဈေးကိုသွားနေတဲ့ စက်လှေတွေကို မြင်ရတာ ပုရွက်ဆိတ်အတန်းကို မြင်ရသလိုပါပဲရှင်။
ကျွန်မတို့ကြားရတဲ့ မြေပြင်ကနေ ဝေဟင်အထိ လွင့်ပျံ့လာတဲ့
တစ်ခုတည်းသော အသံကတော့ ရွာတွေထဲက စေတီဆီကနေ ထွက်ပေါ်နေတဲ့
ဆည်းလည်းသံပါပဲရှင်။မီးပုံးပျံခြင်းကြီးရဲ့ ဘေးအစွန်းကနေ ပါးစပ်အဟောင်းသားနဲ့ သဘာဝအလှအပတွေကို ငုံ့ကြည့်နေချိန်မှာပဲ ဘေလ်က မီးပုံးပျံကို ကန်ရေပြင်နဲ့ မီတာအနည်းငယ်အကွာလေးထိနိမ့်ဆင်းလိုက်တယ်။
မီးပုံးပျံက အဲလိုအနေအထားနဲ့ ရပ်တန့်နေတယ်။
အင်းလေးကန်ရေပြင်ပေါ်တွင် ပျံဝဲနေသော မီးပုံးပျံတစ်လုံး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)အင်းလေးကန်ရေပြင်ပေါ်တွင် ပျံဝဲနေသော မီးပုံးပျံတစ်လုံး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)
"ကမ္ဘာ့ဘယ်နေရာမှာမဆို မီးပုံးပျံစီးလို့ရတယ်။ ဒါပေမဲ့ ဒီလိုပတ်ဝန်းကျင်အလှမျိုးကို ဘယ်မှာမှ
ခင်ဗျားတို့ မြင်ရမှာမဟုတ်ဘူး"လို့ ဘေလ်က ပြောပါတယ်။
ယူကေဇာတိဖြစ်တဲ့ ဘေလ်ဟာ ဥရောပ၊ မွန်ဂိုလီးယား၊ သီရိလင်္ကာနဲ့ ဆီးရီးယားတို့ အပါအ၀င်
ကမ္ဘာ့နေရာအနှံ့အပြားမှာ မီးပုံးပျံတွေ ပျံသန်းခဲ့သူဖြစ်ပေမယ့် အင်းလေးဒေသကတော့
အခကြေးငွေယူပြီး ပျံသန်းရတဲ့ သူအကြိုက်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။
"ကျွန်တော့်အမြင်အရတော့ အင်းလေးဟာ မီးပုံးပျံစီးဖို့အတွက် အကောင်းဆုံး လျှို့ဝှက်ချက်တွေ
ရှိတဲ့နေရာတစ်ခုပါပဲ"လို့ ပြောပါတယ်။
သွားမယ်ဆိုရင် အင်းလေးကန်ဒေသ Oriental Balloons မီးပုံးပျံ ခရီးစဉ်ဟာ တစ်ဦးကို
အမေရိကန်ဒေါ်လာ ၄၂၀ ဖြစ်ပါတယ်။
Oriental Balloons မီးပုံးပျံခရီးစဉ်အကြောင်း ပိုပြီးပြည့်ပြည့်စုံစုံ သိချင်ရင်၊ ဒါမှမဟုတ်
ကြိုတင်စာရင်းပေးချင်တယ်ဆိုရင်တော့ www.orientalballooning.com ကို
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဒါမှမဟုတ် ညောင်ရွှေမြို့ လမ်းမတော်လမ်းက Oriental Balloons ရုံးကိုပဲဖြစ်ဖြစ်၊ အမှတ် ၁၀၊
အင်းလျားရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်အရောင်းဌာနကိုပဲဖြစ်ဖြစ်
သွားရောက်လေ့လာနိုင်ပါတယ်။
အဆင့်မြင့်မြင့် တည်းခိုနိုင်မယ့်နေရာကို ရှာနေတယ်ဆိုရင်တော့ Novotel Inle Lake
Myat Min Resort ကသာ အဆင်ပြေမယ်လို့ ယူဆမိပါတယ်။
အပန်းဖြေစခန်းဟာ အင်းလေးကန်ရဲ့ အရှေ့ဘက်ခြမ်းက တိတ်ဆိတ်အေးချမ်းတဲ့ ထောင့်နေရာနားမှာ
တည်ရှိပါတယ်။
ကန်အတွင်း ခုတ်မောင်းသွားလာကြတဲ့ စက်လှေတွေရဲ့ ဆူညံသံတွေနဲ့ကင်းဝေးပြီး ကန်ရေပြင်ပေါ်မှာ
ဆောက်လုပ်ထားတဲ့ ကျယ်ဝန်းလှတဲ့ lakefront villa တွေက အင်းလေးကန်နဲ့ ဟိုးယွန်းယွန်းက
တောင်တန်းတွေရဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါတယ်။
Rooms: Junior suites ဒေါ်လာ ၉၀ မှ ၂၀၀၊ lakefront villas ဒေါ်လာ ၁၇၀ မှ ၄၀၀၊
Novotel Inle Lake Myat Min မိုင်းသောက်ရွာ၊ အင်းလေးကန်၊ ၁၁၁၂၁ ညောင်ရွှေ၊
www.novotel.com
Nawng Kham The Little Inn ကတော့ ကျွန်မတို့ တွေ့ရှိခဲ့တဲ့ အကောင်းဆုံးနဲ့ ဈေးအတန်ဆုံး
နေရာပါပဲ။
ရိုးရှင်းတဲ့ အခန်း ခုနစ်ခန်းဟာ သန့်ရှင်းသပ်ရပ်ပြီး ခေတ်မီ ရေချိုးခန်းအိမ်သာတွေလည်း ရှိပါတယ်။
အေးချမ်းတိတ်ဆိတ်တဲ့ ဥယျာဉ်တစ်ခုထဲမှာ ဆောက်လုပ်ထားတာဖြစ်တာကြောင့် မနက်ခင်း
မီးပုံးပျံစီးပြီးရင် အနားယူအပန်းဖြေဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပါပဲ။
Rooms: ဒေါ်လာ ၃၀ Nawng Kham The Little Inn၊ ဖောင်တော်ပြန်လမ်း၊
ညောင်ရွှေ noanhom@gmail.com
ကျွန်မတို့ရဲ့ တည်းခိုမှုကို Novotel Inle Lake Myat Min က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
သီရိမင်းထွန်းနှင့် ဇာဇာစိုး ဘာသာပြန်သည်။
Friday 29 January 2016
ကင်ဆာကိုကာကွယ်ဖို့ အမြဲလုပ်သင့်တဲ့ အချက် (၈) ချက်
 https://qph.is.quoracdn.net/main-qimg-8f005b5b00c781153f11651880dd0251?convert_to_webp=true
မျိုးရိုးထဲမှာ ရင်သားကင်ဆာရှိရင် ရင်သားဓာတ်မှန် ပုံမှန်ရိုက်ပေးတာမျိုးလုပ်သင့်ပါတယ်။
၁ - နေ့စဉ်နေ့တိုင်း မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ပါ။
၂ - အဆီများတဲ့ အစားအစာ၊ သကြားများတဲ့အစားအစာနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကိုရှောင်ပါ။
၃ - အသီးအနှံကို များများစားပါ။
၎ - အသားများစားခြင်းကို လျှော့ချပါ။ ထုတ်ပိုးအသားများကို ရှောင်ပါ။
၅ - အရက်သောက်လျှင် လျှော့သောက်ပါ။
၆ - အငန်များတာတွေကို လျော့စားပါ။
၇ - ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ပါ။ မျိုးရိုးထဲမှာ ရင်သားကင်ဆာရှိရင် ရင်သားဓာတ်မှန် ပုံမှန်ရိုက်ပေးတာမျိုးလုပ်ပါ။
၈ - မီးကျွမ်းအကင်များ၊ ဆိုးဆေးပါအစားအစာများကို အတတ်နိုင်ဆုံးလျော့စားပြီး အသီးအနှံတွေကို ရေသေချာဆေးပါ။
Credit - Duwun
အလုပ်မှာပျော်ချင်ရင် သတိထားသင့်တဲ့ လူ (၅) မျိုး
 http://thegreenbookglobal.com/wp-content/uploads/2015/06/to-do-to-work-happy-and-productive-1024x512.jpg
၁ - အနိုင်ကျင့်သူတွေ
လုပ်ဖော်ကိုင်ဖက်တွေကို အရှက်ရအောင်အမြဲလုပ်သူတွေဖြစ်ပါတယ်။
ဖြေရှင်းနည်း - ကိုယ်ကစိတ်ဆိုးမာန်ဆိုး တုံ့ပြန်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်အားနည်းချက်ရှိရင် ဝန်ခံပြီး မတုန်လှုပ်တတ်တဲ့လူလို နေပါ။
၂ - ကလေးဆန်သူတွေ
လူများလက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ ကိုယ့်ခံစားချက်ကိုမဖော်ထုတ်ဘဲ ဘေးနားမှာရှိသူတွေကို
 အော်ဟစ်တတ်သူတွေဖြစ်ပါတယ်။ ကလေးဆန်သူတွေဖြစ်ပါတယ်။
ဖြေရှင်းနည်း - သူအော်လို့ ကိုယ်ပြန်မအော်ပါနဲ့။ ဒီလိုမထိန်းချုပ်နိုင်လောက်အောင် သူဖြစ်နေရတဲ့ ပြဿနာကို အရင်ဆုံးနားလည်အောင်လုပ်ပါ။ ကြောင်းကျိုးကျကျ တည်တည်ငြိမ်ငြိမ်ပြောပါ။ ဒါမှ မရသေးဘူးဆိုရင် အထက်လူကြီးဆီသာ သွားပါ။
၃ - ခေါင်းမာသူတွေ
အလုပ်ကြောင့်ဖြစ်သွားတာမဟုတ်ဘဲ နဂိုကကို ခေါင်းမာတဲ့စရိုက်ပါလာသူတွေဖြစ်ပါတယ်။ ဒီလူတွေကြောင့် အလုပ်မတွင်တတ်ပါဘူး။
ဖြေရှင်းနည်း - ဘယ်လောက်ပဲ သံချေးတက်လာအောင် ခေါင်းမာနေပါစေ သူတို့နဲ့ဆက်ဆံရင် စကားချိုချိုသုံးပါ။ သူတို့အလျော့ပေးလိုက်တယ်လို့ ထင်သွားမှာ ကြောက်သူတွေပါ။ သူတို့အတွက် ရွေးချယ်စရာတွေအများကြီး ဖွင့်ပေးထားပြီး နှစ်ဘက်စလုံးမနာမဲ့ နည်းကိုရှာပါ။
၎ - စိတ်ခံစားချက်များသူ
ဒီလူတွေဟာ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့အလုပ်တွေလုပ်တတ်ပါတယ်။ ခံစားချက်အသားပေးပြီး တကယ့်ဆုံးဖြတ်ချက်ကြီးတွေကို အလျင်စလိုလုပ်တတ်သူတွေဖြစ်ပါတယ်။
ဖြေရှင်းနည်း - ဒီလိုလူမျိုးတွေကို မေးခွန်းများများထုတ်ပေးပါ။ အရေးကြီးတာ သူတို့စိတ်ခံစားချက်များနေတာကို အရှိန်သတ်သွားဖို့ပါ။
၅ - လိမ်တတ်သူ
သူတို့လိုချင်တာရဖို့အတွက် ပညာသားပါပါနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လှည့်ပတ်ပြောသူတွေဖြစ်ပါတယ်။ သူတို့အတွက် ရိုးသားမှုဆိုတာ အဓိကမဟုတ်တတ်ပါဘူး။
ဖြေရှင်းနည်း - အလုပ်သဘောအရပဲ ဆက်ဆံပါ။
Credit - Duwun
ယုံကြည်ချက်ထားပြီး လုပ်ပါ၊ မျှော်လင့်ချက်ထားပြီး မလုပ်ပါနဲ့ 
ဘယ်အလုပ်ကိုလုပ်လုပ် ယုံကြည်ချက်ထားပြီးလုပ်တဲ့ လုပ်နိုင်စွမ်းအားဟာ မျှော်လင့်ချက်ထားပြီးလုပ်တာထက် သာတယ်
လို့ ထင်တယ်။ မျှော်လင့်ချက်တွေနဲ့ လုပ်တဲ့အခါမှာ ထားတုန်းမှာလည်း လူပင်ပန်း၊ စိတ်ပင်ပန်းတယ်။ မဖြစ်လာပြန်ရင်လည်းတစ်မျိုးဝေဒနာက ရပြန်ပါတယ်။
ယုံကြည်ချက်ထားပြီး လုပ်တာမျိုးကတော့ အောင်မြင်ဖို့ ရာခိုင်နှုန်းများတဲ့ အယူအဆမျိုးဖြစ်ပါတယ်။ ပြီးရင်သက်တောင့်သက်သာလည်း ဖြစ်စေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့ရင်တောင် နောက်တစ်ကြိမ်ဆိုတဲ့ ခွန်အားမျိုးကိုလည်းမွေးဖွားပေးတဲ့ စိတ်ခွန်အားဖြစ်ပါတယ်။
အလုပ်က လူကိုယုံကြည်မှုဖြစ်စေတယ်၊ တန်ဖိုးတစ်ခုကို ဖန်တီးပေးနိုင်တယ်ဆိုတဲ့အရာမျိုးကို သိရမယ်။ အလုပ်ကြောင့်ဘ၀က လှနိုင်တာမျိုး ဖြစ်ရမယ်။ အလုပ်ကြောင့် မိမိက အမြဲတမ်း သောကဖြစ်ရတယ်၊ ခွန်အားတွေ ယုတ်လျော့စေတယ်၊ ရည်မှန်းချက် ပျောက်ဆုံးတယ်ဆိုရင် အဲ့ဒါ မျှော်လင့်ချက်ဆိုတဲ့ အရောကြောင့်ပဲ။ ဒါကြောင့် မျှော်လင့်ချက်ကိုဖျောက် ယုံကြည်ချက်ကို ပြောင်းလဲတည်ဆောက်ပြီး အလုပ်ကိုဆက်ဖို့ လိုပါလိမ့်မယ်။
True Man
Thursday 28 January 2016
အေ မ ရိ က န် သ မ္မ တ များ အ သုံး ပြု သ ည့် လေယာဉ်နှင့် မော်တော်ယာဉ်များ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAYOJ_RTgEz6q-3UgVXtn67U9J2XpfI4f7VQSj6MeezlaszKnav5a5UfrH56cdihwqg2OEBrDB7hEh_LB7AZst_-TzSManh9Bqij1xi0MNlxxhSqkQloSVyR3B5Kij-O8UGhx1OeiGyL9d/s400/Air+Force+One+29000+in+air2.png
အမေရိကန် သမ္မတများသည် သမ္မတတာဝန်ကို သာမက နိုင်ငံတော်၏ အကြီးဆုံး ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကိုပါ ရယူထားသောကြောင့် ပြည်ပနိုင်ငံများကို ခရီးသွားလာသည့်အခါ လုံခြုံရေး အမြင့်ဆုံး ဆောင်ရွက်ထားလေ့ ရှိသည်။ ပြည်ပခရီးစဉ်တွင် စစ်တပ်က လုံခြုံရေးကို တာဝန်ယူပေးရပြီး ပြည်တွင်း ခရီးစဉ်များတွင် လျှို့ဝှက်စနစ်ဖြင့် ဆောင်ရွက်ကာ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ပေးရသည်။ အမေရိကန် သမ္မတများ ခရီးသွားလာရင်း အသုံးပြုသည့် လေယာဉ်၊ မော်တော်ယာဉ် စသည့် အရာများသည် စိတ်ဝင်စားစရာ ဖြစ်သောကြောင့် ရှာဖွေ တင်ပြလိုက်ပါသည်။
လေယာဉ်များ
          ၁၉၅၃ မှ စတင်ပြီး အမေရိကန် သမ္မတများ အသုံးပြုသည့် လေယာဉ်စီး ခရီးစဉ်များကို တာဝန်ယူ ဆောင်ရွက်ရသည့် စစ်တပ်များ၏ နောက်တွင် One ဟူသော အသုံးအနှုန်းကို ထည့်သွင်း ခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ အမေရိကန် သမ္မတများ အသုံးပြုသည့် လေယာဉ်များကို စစ်တပ်က လုံခြုံရေး အပြည့်အ၀ ရယူပေးထားခြင်း ဖြစ်သည်။
             Air Force တပ်က တာဝန်ယူပါက Air Force One ဟု ခေါ်ဆိုလေ့ ရှိကြသည်။ ထို့ကြောင့် Air Force  One ၊ Army One ၊  Navy One ၊ Coast Guard One ၊ Marine One စသည်ဖြင့် ခေါ်ဆိုခဲ့ကြသည်။ သို့သော် အမေရိကန် သမ္မတ၏ လုံခြုံရေးကို အထူးဂရုပြုသည့် အနေဖြင့် ပြည်ပခရီးစဉ်များ သွားလာမှုကို Air Force One  နှင့် ရေတပ်များ၏ လေယာဉ်များဖြင့်သာ အသုံးပြုခဲ့သည်။ ပြည်တွင်း ခရီးစဉ်များကိုမူ Excutive  One အဖြစ် သတ်မှတ်ထားသော အရပ်ဘက် လေယာဉ်များကို အသုံးပြုလေ့ရှိသည်။
            သမ္မတ ရစ်ချတ်နစ်ဆင် လက်ထက်တွင် စွမ်းအင်ပြဿနာဖြင့် ကြုံခဲ့ရသောကြောင့် စီးပွားရေး အတွက် အသုံးပြုသည့် အများ ပြည်သူများ အသုံးပြုသည့် လေယာဉ် ကို စီးခဲ့သည်။ အမေရိကန် သမ္မတ ၏ မိသားစုများနှင့် အိမ်ဖြူတော်ရှိ ၀န်ထမ်းများသည်လည်း အရပ်ဘက် လေယာဉ်များကို အသုံးပြုလေ့ရှိသည်။ ယင်းနောက် အမေရိကန် သမ္မတများသည် Marine One ဟုခေါ်သည့် အထူး ရပာတ်ယာဉ်များကို အသုံးပြုပြီး ပြည်တွင်း ခရီးစဉ်များကို သွားလာလေ့ရှိသည်။
          အထူးသဖြင့် ပြည်ပခရီးစဉ်များ သွားလာရာတွင် အသုံးပြုသည့် Air Force One သည်  စိတ်ဝင်စား စရာကောင်းလွန်းသည်။ အမေရိကန် လေတပ်မတော်မှ လေယာဉ်ဖြစ်ပြီး အမေရိကန် သမ္မတ စီးရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ အမေရိကန်တွင် သမ္မတသည် သြဇာအာဏာအကြီးဆုံး ဖြစ်သောကြောင့် သမ္မတစီးသည့် လေယာဉ်ကိုလည်း ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အညီ ဖန်တီး ဆောက်လုပ်ထားခြင်း ဖြစ်သည်။
             ၁၉၄၃တွင် အမေရိကန် သမ္မတများ အတွက် အထူးလေယာဉ် တည်ဆောက်ရန် စတင် စိတ်ကူးခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိပေ။ ယင်းနောက် ၁၉၄၅ တွင် သမ္မတများ အတွက် သီးသန့် လေယာဉ်များကို အသုံးပြုလာခဲ့သည်။ ရုစဗဲ့၊ ထရူမန်းနှင့် အိုက်ဆက်ပောာင်ဝါ တို့သည် အထူးလေယာဉ်များကို အသုံးပြုခဲ့သည်။ ယင်းနောက် ၁၉၆၀ နှင့် ၁၉၇၀ ၀န်းကျင်များတွင် ဘိုအင်းလေယာဉ်များကို အသုံးပြုပြီး သမ္မတ၏ ခရီးစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။  ၁၉၉၀ မှ စတင်ပြီး တဖြည်းဖြည်း ပိုမိုကောင်းမွန်လာကာ ဘိုအင်း 747-8 ကို Air Force One အဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် Air Force One သည်  အမေရိကန် သမ္မတများ အသုံးပြုသည့် အကောင်းဆုံး လေယာဉ် ဖြစ်လာသည်။ Air Force One ကို တည်ဆောက်ရာတွင် လုံခြုံမှုကို အဓိကထားပြီး  သမ္မတအနေဖြင့် နိုင်ငံ့တာဝန်များကို လေယာဉ်ပေါ်တွင်လည်း ထမ်းဆောင်နိုင်ရန် စီစဉ်ပေးထားသည်။
          အမေရိကန် သမ္မတများသည် အရေးပါသည့် ဆုံးဖြတ်ချက်များကို Air Force One ပေါ်တွင် ချမှတ်ခဲ့ဖူးပြီး အစည်းအဝေး ပွဲများကိုလည်း ပြုလုပ်ခဲ့သည်။ Air Force One တွင် သမ္မတရုံးခန်း၊ အရေးပေါ် ကုသရေး ဆေးဝါးများ၊ အစည်းအဝေးခန်း၊ အစားအသောက်မျိုးစုံ ထည့်ထားသည့် အခန်း၊ အရေးပေါ် တယ်လီဖုန်းလိုင်း (၈၅) လိုင်း ပါဝင်သည့် ၀န်ထမ်းများ၏ ရုံးခန်း စသည် တို့အပြင် မှန်များကိုလည်း ကျည်ကာမှန် တပ်ဆင်ထားခြင်း၊ ဓာတုလက်နက်ဖြင့် မတိုက်ခိုက်နိုင်အောင် စီစဉ်ထားခြင်း၊ ကောင်းကင် ပေါ်တွင် အခြားလေယာဉ်က ဆီဖြည့်ပေးနိုင်ခြင်းများကိုလည်း ထည့်သွင်းထားသည်။    ဒုံးကျည်များကို ရှောင်လွဲနိုင်ပြီး သမ္မတ၏ ကိုယ်ရံတော် တပ်ဖွဲ့ကိုလည်း ထားရှိပေးထားသည်။ သမ္မတ အ၀တ်လဲအခန်း နှင့် ကာယလေ့ကျင့်ရေး အခန်းများလည်း ပါဝင်ကြောင်း သိရသည်။    Air Force One ကိုစီးပြီး နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ဖူးသည်။ Air Force One ကို ဆိုဗီယက် ၀န်ကြီးချုပ် လီယိုနတ်၊ ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် တို့စီးခဲ့ဖူးပြီး အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းတို့သည် Air Force One ပေါ်တွင် ဘတ်စကက်ဘော ကစားခဲ့သေးသည်ဟု သိရသည်။    Air Force One ကိုခေတ်နှင့်အညီ အမြဲတမ်း ဆန်းသစ်နေပြီး ပြန်လည် တည်ဆောက်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟုဆိုသည်။ ၁၉၇၁ မှ ၂၀၀၁ အထိ အသုံးပြုခဲ့သော အမေရိကန် သမ္မတ ခုနစ်ဦးအထိ စီးခဲ့သော လေယာဉ်ကို ဂျော့ဒဗလျူဘုရှ် ပြတိုက်တွင် ပြသထားသည်။ Air Force One  လို Marine One မှာလည်း အမေရိကန် သမ္မတများ အသုံးပြုများလေ့ရှိသည်။
http://cdn.c.photoshelter.com/img-get2/I0000KqIR72rcJ8E/fit=1000x750/Marine-One.jpg       
  Marine One သည် ခေတ်မီရပာတ်ယာဉ် ဖြစ်ပြီး လုံခြုံရေးကို အထူးဦးစားပေးထားသည်။ ပြည်နယ် ခရီးစဉ်များ သွားလာရာတွင် အသုံးပြုလေ့ရှိကြောင်း သိရသည်။
မော်တော်ယာဉ်များ
          အမေရိကန် သမ္မတများ စီးလေ့ရှိသည် မော်တော်ယာဉ်များမှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။           ၁၉၃၀ တွင် သမ္မတများ အသုံးပြုသည့်  မော်တော်ယာဉ် အနေဖြင့် လုံခြုံစိတ်ချမှုရှိစေရန် အလေးထား ဆောင်ရွက်ခဲ့သည်။ သမ္မတများ စီးသည့် မော်တော်ယာဉ်သည် ကျည်ဆန်ဒဏ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ခဲ့သည်။
 http://s1.cdn.autoevolution.com/images/news/us-presidential-limo-history-7697_1.jpg        
 လက်ရှိ သမ္မတ အိုဘားမားစီးသည့် မော်တော်ယာဉ်ကို Cadillac မှ ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။ ယင်းကားကို The Beast ဟု ခေါ်ဆိုပြီး  Air  Force  One လို Cadillac One ဟုလည်း ခေါ်ဆိုကြသည်။ လက်ရှိအသုံးပြုသည့် ကားကို ၂၀၀၉ ဇန်န၀ါရီတွင် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဒီဇိုင်းကို ဆန်းပြားထားခြင်း မရှိသော်လည်း တန်ဖိုးမှာ ဒေါ်လာ ( ၁ ဒသမ ၅) သန်းခန့် ရှိနိုင်သည်။
               လုံခြုံရေးကို အဓိက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ညအမှောင်တွင်လည်း မောင်းနှင်နိုင်စွမ်းရှိသည်။ GoodYears  တာယာကို အသုံးပြုထားပြီး  ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ပါက ကာကွယ်နိုင်စွမ်း ရှိအောင် ပြုလုပ်ထားသည်။ သမ္မတနှင့် သွေးအမျိုးအစားတူသည့် သွေးထားရှိနိုင်သည့် နေရာကိုလည်း ထည့်သွင်းထားသည်။ သမ္မတ အပါအ၀င် ခုနစ်ဦး သက်သောင့် သက်သာ စီးနိုင်ပြီး အဆင့်မြင့် လုံခြုံရေး တပ်များနှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန် ပြုလုပ်ထားသည်။
              ပြည်တွင်း ခရီးစဉ်များတွင် အသုံးပြုသလို ပြည်ပ ခရီးစဉ်များတွင်လည်း အသုံးပြုလေ့ ရှိသည်။ ယင်းကားကို အထူးလေယာဉ်ဖြင့် သယ်ဆောင်ကာ သွားရောက်မည့် နိုင်ငံကို ယူဆောင်သွားခြင်း ဖြစ်သည်။ အမေရိကန် သမ္မတများ၏ ခရီးစဉ်များတွင် အလွန်ခံ့ညားသည့် The Beast ကားကြီးကို မြင်တွေ့ရခြင်းသည် အရသာတစ်မျိုး ဖြစ်သည်။            ၂၀၀၁ မှ စတင်ပြီး အမေရိကန် သမ္မတ၏ ယာဉ်တန်းတွင် မော်တော်ယာဉ်စီးရေ  (၃၅) စီးခန့် လိုက်ပါလေ့ရှိသည်။ ချက်ဗလက်ကားများနှင့် ကာဒီးလက်ကားများကို အဓိက အသုံးပြုလေ့ ရှိသည်။ ယာဉ်တန်းတွင် အထူးလုံခြုံရေးများ လိုက်ပါပြီး စောင့်ရှောက်ပေးလေ့ ရှိသည်။ အမေရိကန် သမ္မတများသည် မော်တော်ယာဉ်ကို အသုံးပြုရာတွင် လင်ကွန်းနှင့် ကာဒီးလက် တို့ကိုသာ ရွေးချယ်ခဲ့ကြသည်။  ဂျွန်အက်ဖ်က နေဒီနှင့် နစ်ဆင် တို့သည် လင်ကွန်းကား အမျိုးအစားကို စီးလေ့ရှိသည်။ ရော်နယ်ရေဂင် လက်ထက်မှ စတင်ပြီး ကာဒီးလက်ကားများကို ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြုလေ့ ရှိသည်။
Credit:Messenger
ဘယ်နိုင်ငံတွေက ၀န်ထမ်းတွေ လုပ်ခ အများဆုံးရလဲ
 ဘာလုပ်လုပ် ထုထည်ကြီးကြီး လုပ်သည့်နေရာမှာ အမေရိကန်က နာမည်ကျော်သည်။ သို့သော် ၀န်ထမ်းများ လုပ်ခလစာပိုင်းတွင်ကား အမေရိကန်သည် အကြီးဆုံး အများဆုံး နေရာမှာ မနေနိုင်တော့။ ၂၀၁၄ ခုနှစ် လုပ်ခလစာများ စာရင်းကို ပျမ်းမျှ တွက်ကြည့်သည့်အခါ အင်အားကြီး အမေရိကန်သည် ဥရောပတိုက်က နိုင်ငံငယ်လေး လူဇင်ဘတ်နောက် ရောက်သွားရသည်။
စာရင်းကို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (OECD) က ထုတ်ပြန်ခြင်း ဖြစ်သည်။ စာရင်းအရ OECD အဖွဲ့ဝင် နိုင်ငံများအကြား ချမ်းသာမှု ကွာဟချက် ကြီးမားကြောင်းလည်း တွေ့ရသည်။ အချမ်းသာဆုံး အဖွဲ့ဝင်နိုင်ငံနှင့် အဆင်းရဲဆုံး အဖွဲ့ဝင် နိုင်ငံကြား တစ်နှစ်စာ ပျမ်းမျှ အမြင့်ဆုံး လုပ်ခလစာ ကွာဟချက်သည် ဒေါ်လာ (၄၅၀၀၀) အထိ ရှိနေကြောင်း သိရသည်။
ဖော်ပြပါ ဇယားသည် OECD အဖွဲ့ဝင်နိုင်ငံများ အနက် လုပ်ခလစာ အမြင့်ဆုံး ပျမ်းမျှနှုန်း ရှိသည့် (၁၀) နိုင်ငံစာရင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် အမေရိကန် ဒေါ်လာ တန်ဖိုးအရ ၀ယ်ယူနိုင်စွမ်း ညွှန်းကိန်းပေါ် မူတည် တွက်ချက်ထားခြင်း ဖြစ်သည်။
လူဇင်ဘတ် နိုင်ငံသားများသည် တစ်နှစ်လျှင် ပျမ်းမျှအမြင့်ဆုံး ဒေါ်လာ ခြောက်သောင်းကျော်ထိ ၀င်ငွေရရှိကြကာ အမေရိကန်ကို ကျော်တက်သွားခြင်း ဖြစ်သည်။ အမေရိကန်က (၅၇၁၃၉) ဒေါ်လာဖြင့် ဒုတိယ နေရာတွင် ရပ်တည်သည်။ ဆွစ်ဇာလန်က တတိယနေရာတွင် ရပ်တည်နေသည်ကို တွေ့နိုင်သည်။
ထိပ်ဆုံး ဆယ်နိုင်ငံထဲတွင် ဥရောပ မြောက်ပိုင်းခြမ်း နိုင်ငံများ ဖြစ်သည့် နော်ဝေ၊ အိုက်စ်လန်၊ နယ် သာလန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ နိုင်ငံများ လွှမ်းမိုးထားသည်။ ကနေဒါ၊ သြစတြေးလျ တို့လည်း ပါဝင်သည်။
OECD အဖွဲ့ဝင် နိုင်ငံများအားလုံး ရှေ့နှစ်ကနဲ့ စာလျှင် အမြင့်ဆုံး ရနိုင်သည့် ပျမ်းမျှဝင်ငွေ အနည်းငယ်စီ တိုးလာကြောင်း တွေ့ရသည်။ သို့သော် ထိပ်ဆုံး (၁၀) နိုင်ငံထဲတွင် သြစတြေးလျ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ တို့ကား ၂၀၁၄ တွင် ၂၀၁၃ တုန်းကထက် ပျမ်းမျှအမြင့်ဆုံး ၀င်ငွေအနည်းငယ် လျော့ကျခဲ့ကြောင်း တွေ့ရသည်။
လူဇင်ဘတ် ထိပ်ဆုံး တက်လာနိုင်ခြင်းမှာ အနိမ့်ဆုံး အခြေခံ လစာများ တိုးမြှင့်လိုက်ခြင်း ရလဒ် ဖြစ်သည်။ ၂၀၁၃ ခုနှစ်ကစပြီး လူဇင်ဘတ်သည် OECD နိုင်ငံများထဲတွင် အခြေခံလစာ အမြင့်ဆုံးနိုင်ငံ ဖြစ်လာသည်။
နောက်ထပ် သိရသော အချက်များကား OECD အဖွဲ့ဝင် နိုင်ငံများထဲတွင် လူဇင်ဘတ် နိုင်ငံမှ ကျောင်းဆရာများသည် ကမ္ဘာပေါ်တွင် လုပ်ခလစာ အမြင့်ဆုံးဟူ၍ ဖြစ်သည်။ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ၀န်ဆောင်မှု ကဏ္ဍများ ကောင်းမွန်နေမှု၊ ငွေကြေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အားကောင်းနေမှု တို့ကြောင့် လူဇင်ဘတ်သည် ကျောင်းဆရာ ဆရာမများကိုလည်း ကမ္ဘာပေါ်တွင် လုပ်ခလစာ အမြင့်ဆုံး ပေးနိုင်သည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။
 Credit - messenger news journal
Tuesday 26 January 2016
ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု
ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။
၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။
၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။
၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။
၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း
သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။
သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။
၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း
အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။
ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။
၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း
ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။
သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။
၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း
ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။
၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း
သင်ရှာတာကိုပဲ သင်တွေ့တာပါ။
သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။
၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း
ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။
Ref: 10 Things You Must Give Up To Move Forward by Stephen Covey
Saturday 23 January 2016
ကမ္ဘာ့ အရန်ငွေကြေးအဆင့်တတ်လှမ်းလာတဲ့ ယွမ်
 တရုတ် စီးပွားရေးဟာ ၂၀၁၅  ခုနှစ်အတွင်း တစ်နှစ်လုံးလိုလို အနုတ်လက်္ခဏာပြခဲ့ပါတယ်။ အ စိုးရကတော့ စီးပွားရေးတိုးတက် မှုနှုန်းခုနစ်ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုတယ်။ ပြည်ပ စောင့်ကြည့်လေ့လာ အကဲခတ်သူတွေကတော့ နှစ်အတွင်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်းဟာ ငါးရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဇူလိုင် သြဂုတ်လများအတွင်းမှာဆို ရင် တရုတ် စတော့ ဈေးကွက်ပြိုလဲ သွားခဲ့တယ်။ ပြီးတော့ အဲဒီအချိန် မှာပဲ ယွမ် Yuan ကို သုံးရာခိုင်နှုန်း တန်ဖိုးလျှော့ချခဲ့တယ်။
၂၀၁၆ နှစ်ဆန်းပိုင်းမှာလည်း တရုတ်စီးပွားရေးက အခြေအနေ မကောင်းသေးဘူး။ အရေးထဲ စတော့ဈေးကွက်က ရုတ်တရက် ထိုး ကျသွားပြန်တယ်။ ဒါနဲ့ ဈေးကွက်ကို ခဏတစ်ဖြုတ် ပိတ်သိမ်းခဲ့ရပါသေးတယ်။ ဈေးကွက်တွေ မငြိမ်မသက် ဘောင်ဘင် ခတ်နေတော့ ယွမ်ငွေကြေးကလည်း မတည်မငြိမ်ဖြစ်နေတယ်။
ဒါပေမယ့် အဲသလိုအချိန်မှာ ယွမ်ဟာ ကမ်္ဘာ့ငွေကြေးဇာတ်ခုံ ပေါ်မှာ အရန်ငွေကြေး(Reserve Currency) အဆင့် တက်လှမ်းရောက် ရှိလာတော့မှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ၎င်းင်းတို့ရဲ့ SDRတန်ဖိုး တွက်ချက်ရာမှာ အခြားသော အ ရန်ငွေကြေးများနဲ့အတူ ယွမ်ငွေ ကြေးကိုပါ ထည့်သွင်းပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ တွက်ချက်တော့ မယ်လို့ ၂၀၁၅ နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာခဲ့လို့ ဖြစ်ပါ တယ်။
SDRဆိုတာ ဘာလဲ
ဒါက Special Drawing Rights ကို ဆိုလိုတာပါ။ IMF ရဲ့ ကမ်္ဘာသုံးငွေကြေး တစ်မျိုးဖြစ် တယ်။ ဈေးဆိုင်တွေမှာ ကိုင်တွယ် ဈေးဝယ် လို့ရတဲ့ ငွေကြေးတော့ မဟုတ်ဘူး။ အစိုးရ အချင်းချင်း ငွေပေးချေစရာရှိရင် စာရင်းပြောင်း သဘောအရ အလွှဲအပြောင်းလုပ် နိုင်တဲ့ “အထူးထုတ်ယူခွင့်”သာ ဖြစ်ပါတယ်။
SDR မှာလည်း သူ့ဇာတ်လမ်း နဲ့ သူရှိတယ်။ တစ်ချိန်က ဘောဂ ဗေဒပညာရှင်  John Maynard Keynes က ကမ်္ဘာ့အဖွဲ့အစည်း များအနေနဲ့ ကမ်္ဘာသုံးငွေသစ် တစ် မျိုးတီထွင်အသုံးပြုသင့်တဲ့ အ ကြောင်း တင်ပြခဲ့ဖူးတယ်။ သူက အဲဒီငွေကြေးသစ်ကို Bancor  လို့ တောင် အမည် ပေးခဲ့သေးတယ်။
ကိန်းစ်က ရွှေကို ငွေကြေးအဖြစ်သုံးစွဲတာဟာ တောဆန်တယ်။ ရှေးကျတယ်။ ခေတ်မမီဘူးလို့ မြင်တယ်။ ဒေါ်လာတို့လို နိုင်ငံတစ် နိုင် ငံရဲ့ ပြည်တွင်းသုံး ငွေကြေးကို ကမ္ဘာသုံး ငွေကြေးအဖြစ် သုံးတာလည်း တန်ဖိုးတည်ငြိမ်မှုမရှိဘူး။ စိတ်မချရဘူးလို့ ကိန်းစ် က ထောက် ပြတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများအနေနဲ့ စိတ်ချလက်ချ အသုံးပြု နိုင်မယ့် ကမ်္ဘာသုံး ငွေကြေးသစ် တစ်မျိုး ဖန်ဆင်း တီထွင် သင့် ကြောင်း ကိန်းစ်က ဆိုတယ်။
 အဲဒီတုန်းက ကိန်းစ်ရဲ့ အမြင် ကို ကမ်္ဘာ့အဖွဲ့အစည်းကြီးများဆီ တင်ပြခဲ့ပေမယ့် လက်မခံခဲ့ကြဘူး။ ကိန်းစ်လည်း ၁၉၆၄ ခုနှစ်မှာ
ကွယ်လွန်သွားတယ်။ ဒါပေမယ့် ၁၉၆၉ ရောက်တော့ IMF က ကမ်္ဘာသုံး ငွေကြေးအဖြစ် SDR ကို ထုတ်ဝေခဲ့တယ်။ ကနဦးမှာတော့ SDR တန်ဖိုးကို အမေရိကန် ဒေါ် လာနဲ့ ချိန်ညှိထားတယ်။ အဲဒီအ ချိန်ကတော့ အမေရိကန်ဒေါ်လာ နဲ့ ရွှေကို စုလျားရစ်ပတ်ထားတဲ့ အချိန်။ ၁၉၇၁ ခုနှစ်ရောက်တော့ အမေရိကန်ဒေါ်လာနဲ့ ရွှေ ကွာ ရှင်းပြတ်စဲသွားတယ်။ ၁၉၇၃ ခုနှစ် မှာတော့ ပုံသေငွေလဲနှုန်း (Fixed Exchange Rate) ကနေ နှုန်းရှင် မျောငွေလဲနှုန်း (Floating Exchange Rate) ပြောင်းသွား တယ်။
IMF အနေနဲ့ သူ့ရဲ့ SDR ကို တန်ဖိုးတွက်ရာမှာ အမေရိကန် ဒေါ်လာ တစ်ခုတည်းနဲ့ ချိန်ညှိလို့ မဖြစ်တော့တဲ့ အခြေဆိုက်လာ တယ်။ ဒီတော့  ၁၉၇၄ ခုနှစ်မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ ငွေကြေးများနဲ့ တန်ဖိုးချိန်ညှိကာ SDR ကို လည်း နှုန်းရှင်မျောလိုက်ရတော့ တယ်။ နောက်ပိုင်းကျတော့ ကမ္ဘာတစ်လွှားမှာ အရန်ငွေကြေးအဖြစ် အသုံးများတဲ့ အမေရိကန်ဒေါ်လာ  ဒွိုက်ခ်ျမာ့က် (Deutschmark) ၊ ပေါင်စတာလင်၊ ယန်းတို့နဲ့ ပေါင်းစု ညှိနှိုင်းတွက်ချက်တယ်။ ပြီးတော့ သုံးစွဲမှု အနည်းအများအလိုက် မဲ တင်းပေး တယ် Weighted ဒွိုက် ခ်ျမာ့က် မရှိတော့တဲ့ အချိန်မှာ ယူရို euro က အစားထိုးဝင် ရောက်လာတယ်။ ခုလို ငွေကြေး များ ပေါင်း စုထည့်သွင်းထားမှုကို ခြင်းတောင်းထဲထည့်သွင်းထားတာ နဲ့ ခိုင်းနှိုင်းပြီး Basket of Currencies လို့ ခေါ်ကြတယ်။
 နိုဝင်ဘာလ ၃၀ ရက်နေ့ ကြေညာချက်အရ ဆိုရင်၊ ဒီနှစ် ၂၀၁၆  SDR တန်ဖိုးတွက်ချက်ရာ မှာ ငွေကြေးခြင်းတောင်းထဲ ယွမ်ကို ပါင်းထည့်ပြီး အခုလို မဲတင်း တွက်ချက်မယ်လို့ IMF ဆို တယ်။
အမေရိကန်ဒေါ်လာ ၄၁.၇၃ ရာခိုင်နှုန်း
ယူရို        ၃၀.၉၃ ရာခိုင်နှုန်း
ယွမ်        ၁၀.၉၂ ရာခိုင်နှုန်း
ပေါင်စတာလင်    ၈.၀၉ ရာခိုင်နှုန်း
ယန်း    ၈.၃၃ ရာခိုင်နှုန်း
ရာခိုင်နှုန်း ဖော်ပြချက်က အချိန်အခါနဲ့ ငွေကြေးသုံးစွဲမှု အခြေ အနေလိုက်ပြီး အပြောင်းအလဲရှိ နေမှာပါ။ တစ်ချိန်တုန်းကဆို ရင် ပေါင်စတာလင်နဲ့ ဂျပန်ယန်းငွေတို့ ဟာ ငွေကြေးခြင်းတောင်းထဲမှာ ၁၃ ရာခိုင်နှုန်းကျော်စီနဲ့ ပါဝင်ခဲ့ကြ တယ်။ အခု အဲဒီငွေကြေး များကို သုံးစွဲမှု လျှော့နည်းသွားတော့ ပါ ၀င်တဲ့ ရာခိုင်နှုန်း အချိုးအစားက လည်း ကျဆင်းသွားခြင်းဖြစ်တယ်။
ကမ္ဘာတစ်လွှားမှာ SDR သုံးစွဲ မှုဟာ သိပ်ပြီး မတွင်ကျယ်လှဘူး။ အမေရိကန်နိုင်ငံ ကိုယ်နှိုက်က  SDR သုံးစွဲမှု တိုးတက်လာမယ့် အ ခြေအနေကို ဘ၀င်ကျပုံ မပေါ် ဘူး။ SDR သုံးစွဲမှု တွင်ကျယ်လာ ပြီး ဒေါ်လာသုံးစွဲမှု လျော့နည်း သွားမှာ စိုးရိမ်တယ်။ ဆက်ဒမ်ဟူ စိန်က သူ့နိုင်ငံက ရေနံကို အမေရိကန်ဒေါ်လာနဲ့ မရောင်းဘူးလို့ ကြေညာခဲ့ပြီး နောက်ပိုင်း အမေရိ ကန်နိုင်ငံက ရမယ်ရှာပြီး အီရတ် ကို ၀င်ရောက်တိုက်ခိုက်ကာ ဆက်ဒမ်ကို ဖြုတ်ချပစ်ခဲ့တယ် မဟုတ်လား။
ဒါပေမယ့် ၂၀၀၇-၂၀၀၈ အမေရိကန် ဘဏ္ဍာရေး ပြဿနာ တက်တုန်းက တရုတ်ဗဟိုဘဏ် ဥက္ကဋ္ဌက အမေရိကန်ဒေါ်လာကို အရန်ငွေကြေးအဖြစ် မသုံးစွဲဘဲ SDRကို သုံးစွဲကြဖို့ တပ်လှန့်နိုး ဆော်ခဲ့ပါသေးတယ်။ အောင်မြင်မှု တော့ မရခဲ့ပါဘူး။ ၂၀၁၅ နှစ်ကုန် ပိုင်းလောက်မှာ စူးအက်တူးမြောင်း အာဏာပိုင်အဖွဲ့က စူးအက်တူး မြောင်း ဖြတ်သန်းခကို SDR နဲ့ စာရင်းရှင်းရမယ်လို့ ထူး ထူးခြား ခြား ကြေညာခဲ့တယ်။
ယွမ်ရဲ့ အလားအလာ
ဘွင်းဘွင်းရှင်းရှင်း ပြောရရင်၊ IMF ရဲ့ ၂၀၁၅ နိုဝင်ဘာလ ကြေ ညာချက်က ယွမ်ကို ကမ်္ဘာသုံးငွေ ဒါမှမဟုတ် အရန်ငွေကြေးတစ်ခု အဖြစ် အဆင့်မြှင့်တင်ပေးလိုက် ခြင်း ဖြစ်တယ်။ အဲဒီအချိန်က အမေရိကန်နိုင်ငံကတောင် “ IMF က  တရုတ်ဘက်လိုက် တာလား” လို့ မေးခွန်းထုတ်ခဲ့သေးတယ်။
ဘာပဲပြောပြော တစ်နေ့မှာ တော့ ယွမ်ဟာ အမေရိကန်ဒေါ်လာကို ယှဉ်ပြိုင်လာနိုင်လိ့မ်မယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားကြတယ်။
တရုတ်ကိုယ်နှိုက် ကလည်း သူတို့ရဲ့ ယွမ်ငွေကြေးကို ကမ်္ဘာ့နိုင်ငံ အများအပြားက အသုံး ပြုလာကြအောင် နည်းလမ်းအမျိုး မျိုးနဲ့ ပရိုမိုးရှင်းလုပ်နေတယ်။
ဘယ်လောက်အောင်မြင်မှုရနေပြီ လဲ။ သာဓကအဖြစ် တရုတ်ပြည် ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ဟောင်ကောင် (Hongkong) ကို ကြည့်နိုင်တယ်။
 ဟောင်ကောင်ဟာ တရုတ် ပြည်မနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိတယ်။ တရုတ်ရဲ့ အထူး နယ်ပယ်တစ်ခုလည်းဖြစ်တယ်။ ကိုယ်ပိုင် ဥပဒေတွေ၊ အင်စတိကျူး ရှင်းတွေအပြင် ကိုယ်ပိုင်ငွေကြေး လည်းရှိတယ်။ ဟောင်ကောင်ဒေါ် လာကို အမေရိကန်ဒေါ်လာ နဲ့ ချိတ်ဆွဲ Pegged ထားခဲ့တာ ၃၂ နှစ်တောင် ကြာခဲ့ပါပြီ။
 ဟောင်ကောင်မှာ ဈေးနှုန်း တွေကို ဟောင်ကောင်ဒေါ်လာနဲ့ သတ်မှတ်တယ်။ ငွေပေးငွေယူကို ဟောင်ကောင်ဒေါ်လာနဲ့ လုပ်ကြ တယ်။
ဟောင်ကောင်ဘဏ်တွေမှာ အပ်နှံငွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာနဲ့ ဖြစ်တယ်။ ယွမ်ငွေ အပ်နှံမှုဟာ ၁၁ ရာခိုင် နှုန်းလောက်ပဲရှိတယ်။ ဟောင်ကောင်သားတွေက တရုတ်ယွမ်ကို သိပ်ပြီး စိတ်ဝင်စားမှုမရှိတာ သေ ချာတယ်။ ဟောင်ကောင် သူဌေးကြီးLi Ka-Shing တောင်မှ တရုတ်ပြည်မမှာ ရင်းနှီးမြှုပ်နှံတာ ထက် အနောက်နိုင်ငံတွေမှာ ရင်း နှီးမြှုပ်နှံတာ က ခြောက် ဆလောက် ပိုများတယ်။ ဒါပေမယ့် ဟောင် ကောင်စတော့အိတ်ချိန်းနဲ့ ရှန်ဟိုင်း စတော့ အိတ်ချိန်းတို့အကြားမှာ တိုက်ရိုက် အရောင်း အ၀ယ် လုပ်မှုဟာ တစ်နေ့အမေရိကန်ဒေါ်လာ လေးဘီလီယံလောက်ရှိတယ်။ တကယ်တော့ ဟောင်ကောင်ဟာ ယွမ်သုံးစွဲမှု ကမ်္ဘာ  တစ်လွှားပျံ့နှံ့ အောင် လုပ်ဆောင်ရာမှာ အဓိက ဗဟိုချက် စင်တာတစ်ခုဖြစ်တယ်။
တရုတ်ဟာ ယွမ်ကို အသုံးအ စွဲများပြားလာစေရေးအတွက် ယွမ် နဲ့ အခြားနိုင်ငံများရဲ့ ပြည်တွင်း သုံးငွေကြေးတွေကို အလဲအလှယ် Swap လုပ်တယ်။ လောလော ဆယ် တရုတ်ဗဟိုဘဏ် (Peoples Bank of China) နဲ့ နိုင်ငံခြား ဗဟို ဘဏ် ၃၂ ဘဏ်တို့အကြား အဲသ လို အလဲအလှယ်လုပ်မှုဟာ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံဖိုးလောက် ရှိတယ်။ ပြီးတော့ တရုတ်က ကမ္ဘာအရပ်ရပ် အရေးပါတဲ့ နိုင်ငံ ၁၇ နိုင်ငံမှာ ယွမ်ငွေလဲလှယ်စာရင်း ရှင်းလင်း ပေးတဲ့ စင်တာတွေလည်း ဖွင့်လှစ် ထားတယ်။
တရုတ်ရဲ့ One Belt, One Road စီမံချက်ကြီး ချမှတ်တာတို့၊ AIIB ဘဏ်ထူထောင်တာတို့၊ ပြီးတော့BRICSဘဏ်သစ် တည် ဆောက်ရေး ကြိုးပမ်းချက်တို့ဟာ ယွမ်ငွေကြေး ကမ်္ဘာလွှမ်းမိုးရေးအ တွက် မဟာလမ်းမကြီးတစ်ခု ဖောက်လုပ်နေတာဖြစ် တယ်။ ““ခါး ပတ်တစ်ခု၊ လမ်းမကြီးတစ်ခု”” စီမံ ချက်ကြီးဟာ တရုတ်ပြည် အရှေ့ ဖျားကနေပြီး အာရှအလယ်ပိုင်း ဒေသနဲ့ အရှေ့ အလယ်ပိုင်းဒေသ  တို့ကို ဖြတ်ကျော်ကာ ရေလမ်းနဲ့ ရော ကုန်းလမ်းနဲ့ပါ ဥရောပ တိုင် အောင် ခရီးပေါက်နိုင်ငံ မဟာလမ်း မကြီးဖြစ် တယ်။
အာရှ အခြေခံအဆောက်အ အုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် AIIB  ထူထောင်ရာမှာလည်း၊ တရုတ်နဲ့ အတူ အခြားနိုင်ငံ ၅၀ က ပါဝင်ဖို့ သဘောတူညီခဲ့ကြတယ်။ အဲဒီမှာ အရှေ့တောင်အာရှမှ နိုင်ငံများအ ပြင် နေတိုး NATO အဖွဲ့ဝင် ၁၃ နိုင်ငံတောင် ပါဝင်သေးတယ်။ BRICS အဖွဲ့က ဖော်ဆောင်မယ့် ဖွံ့ဖြိုးရေးဘဏ်မှာ ဆိုရင်လည်း တရုတ်နဲ့အတူ အိနိ္ဒယ၊ ရုရှ၊ ဘရာ ဇီးနဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်ကြတယ်။
တရုတ်နဲ့ ကုန်သွယ်ဖက်နိုင်ငံ တွေက အမေရိကန်နိုင်ငံနဲ့ ဆက် သွယ်နေတဲ့ နိုင်ငံတွေ ထက်တောင် များသေးတယ်။ တရုတ်ဟာ ကွန် မြူနစ်နိုင်ငံဆိုပေမယ့် နိုင်ငံရေး အ သွေးအရောင်မရွေးဘဲ ဘယ်နိုင်ငံနဲ့မဆို ကူးသန်းရောင်းဝယ်ရေး လုပ်တယ်။ အမေရိ ကန်နိုင်ငံ လို ကုန်သွယ်မှု နယ်ပယ်မှာ ဇီဇာမ ကြောင်ဘူး။
တရုတ်ရဲ့ အဓိက ပြဿနာ ကတော့ ငွေကြေး ဘဏ္ဍာနယ်ပယ် မှာ အထိန်းအချုပ်များလွန်းတယ်။ လွတ်လပ်မှုမရှိဘူး။ တံခါးဖွင့်ချင် တဲ့
နေရာမှာဖွင့်ပြီး၊ ပိတ်ချင်တဲ့ နေရာမှာ ပိတ်ထားတယ်။ အစိုးရ က ဈေးကွက်ထဲမှာ ၀င်ရောက် စွက်ဖက်မှု လွန်ကဲတယ်။ တရုတ် ရဲ့ ယွမ်ငွေ ကမ္ဘာသုံးငွေဖြစ်ချင် ရင် ဈေးကွက်များ လွတ်လပ်မှုရှိရ မယ်။
ယွမ်ရဲ့ တန်ဖိုးကို ရောင်း လိုအားနဲ့ ၀ယ်လိုအားတို့က လွတ် လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးရ မယ်။ မဟုတ်ရင်တော့ IMF ယွမ်ကို စင်ပေါ်တင်ပေးပေမယ့် အားပေးတဲ့ ပွဲကြည့်ပရိသတ်မရှိဘဲ ငေါင်းစင်းစင်းဖြစ်နေနိုင်တယ်။
Ref; The Economist, Oct.3 and Dec.15, 2015.
မင်းရွှေမောင်
အဆောင်သင်္ကေတများ နဲ့ အသုံးဝင်ပုံ
  အဆောင်ဆိုတာ စိတ်ခွန်အားဖြည့်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိကျတဲ့ရည်ရွယ်ချက်သို့ စွမ်းအင်ပုံစံဖြင့်ဆက်သွယ်ရန် သူတို့ရဲ့ အစွမ်း သတ္တိတွေ က ပြုလုပ် ကြတယ်။ ပြင်ပမှဝင်ရောက်လာမယ့် နှောင့်ယှက်မည့်အရာများကိုလည်း တားဆီးပေးတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို တက်ကြွစေတဲ့သဘောဖြစ်စေမယ့် ကိုယ်စားပြုအဆောင်အဖြစ်မှတ်ယူနိုင် ပါတယ်။ အောက်မှာနမူနာအဆောင်သင်္ကေတများနဲ့  အသုံးဝင်ပုံအချို့ကို ဖော်ပြပေးထားပါတယ်။
 Ankh
သင်္ကေတက ပြန်လည်မွေးဖွာခြင်းနှင့် အမြဲတမ်းတည်တံ့နေတဲ့ဘဝအတွက် ရပ်တည်ပေးတယ်။ Ankh အဆောင်ကို ရွှေ၊ ငွေ၊ ကြွေထည်၊ သစ်သားဖြင့်ပြုလုပ်လျှင် အစွမ်းအထက်ဆုံးဖြစ်တယ်။ အကာအကွယ်ပေးခြင်း၊ အောင်မြင်မှုရအောင် ပံ့ပိုးပေးခြင်းဖြင့် ဆောင်ထားသူများကို အဆင်ပြေတဲ့ အခြေအနေထိရောက်အောင် ကူညီပေးတယ်။  
 ဟောရပ်မျက်လုံး (The eye of Horus)
ဘယ်ဘက်မျက်လုံးဖြစ်စေ၊ ညာဘက်မျက်လုံးဖြစ်စေ အကာ အကွယ်နှင့် ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ကိုယ်စားပြုတယ်။ အီဂျစ်တွေရဲ့နတ်ဘုရားကို ဆက်သွယ်နိုင်တဲ့ အစွမ်းရှိ တာကြောင့် ဟောရပ်မျက်လုံးကို အားကောင်းတဲ့အဆောင်တစ်ခုအဖြစ် ယူဆနိုင်တယ်။ ဆင်ယင်သူများကို ကောင်းမွန်တဲ့စွမ်းရည်နဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုတွေကို ယူဆောင်ပေးတယ်။
 ကန့်လန့်ဖြတ်အမှတ်အသား (Cross)
ဘာသာရှိနဲ့ဘာသာမဲ့၊ ယောက်ျားနဲ့မိန်းမ၊ စိတ်ဝိညာဉ်နဲ့ ထုထည်ရှိသော ရုပ်ဝတ္ထု စသည့် ဆန့်ကျင် ဘက်တွေစုစည်းထားတဲ့ ရှေးဟောင်းသင်္ကေတဖြစ်တယ်။ အသက်ရှင်နေထိုင်မှုမှာ ဖြစ်ပျက်နေတဲ့ ကိစ္စအား လုံးကို ကောင်းလွန်း ဆိုးလွန်းခြင်းမရှိဘဲ ဘက်ညီမှုဖြစ်အောင် ထိန်းပေးတယ်။ အကာအကွယ်အဆောင်အဖြစ်လည်းသုံးတယ်။
 ငှက်မွေး (feather)
ငှက်မွေးက စွမ်းအားနဲ့ သဘာဝလွန်နယ်ပယ်ကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်တယ်။ လေ၊ ကောင်း ကင်ဘုံနှင့် ဝိညာဉ်ခရီးနယ်ပယ်များမှာလည်းဖော်ပြကြတယ်။ ကံကောင်းခြင်းနှင့်ကောင်းတဲ့နိမိတ်ကိုပြတယ် လို့ ယူဆနိုင်တယ်။ 
  Hecate Wheel
အဆုံးမဲ့မှော်အတတ်ပညာများရဲ့ နတ်ဘုရားမ အမှတ် သင်္ကေတဖြစ်တယ်။ Hecate Wheel ကို နတ်ဘုရားမ အား ပင့်ဖိတ်ဖို့နှင့် အကာအကွယ်အတွက် အသုံးပြုတယ်။ ငွေပြား၊ သစ်သားပြား(သို့)ကြွေထည်တွေမှာ ရိုက်နှိပ်၍ ဆွဲကြိုးလုပ်ပြီး ဝတ်ဆင်ကြတယ်။ အိတ်ကပ်ထဲမှာလည်း အဆောင် အဖြစ်ဆောင် ထားကြတယ်။
Pentacle (မှော်ပညာတွင်သုံးသောငါးထောင့်ကြယ်) 
ငါးထောင့်ကြယ်က သဘာဝဘေးတွေကိုထိန်းချုပ်တဲ့ စိတ်ဝိညာဉ် အမှတ်အသားဖြစ်တယ်။ အများ အားဖြင့် ရွှေ၊ ငွေ၊ ကြေးနီ ၊ဖြင့်ပြုလုပ်ကာ လည်ပင်းမှာ ပြုစားခြင်းမခံရအောင် အကာအကွယ် အဖြစ် ဝတ်ဆင်ကြတယ်။
Scarab
 Scarab က ရှေးခေတ်အီဂျစ်နိုင်ငံမှ မြင့်မြတ်သော ပိတုန်းကောင် တစ်မျိုးဖြစ်တယ်။ အဖနတ်ဘုရား Khepera ရဲ့ အမှတ်အသားဖြစ်ပြီး ပြန်လည်ရှင်သန်လာတဲ့ နတ်ဘုရား ရဲ့ စောင့်ရှောက်မှုနှင့် ဘဝသစ် စတင်ခြင်း ကိုဖော်ပြ တယ်။ ကျောက်တုံး(သို့)ရွှံ့စေးဖြင့် များသောအားဖြင့်ပြုလုပ်ကြတယ်။ Scarab က ဘေးအန္တရာယ်အားလုံးကို ဆန့်ကျင်၍ ကာကွယ် မှုအားကောင်းတယ်။
 Yin-Yang (ယင်-ယန် သင်္ကေတ)
 စကြဝဠာနဲ့ဆိုင်တဲ့ တရုတ်သင်္ကေတ တစ်ခုဖြစ် တယ်။ လောကကြီးမှာ ဖြစ်ပျက်နေတဲ့ အသစ်အသစ်များနဲ့ အတူ ယင်-ယန်သင်္ကေတက လူသိများလာတယ်။ အခြေခံသဘောတရား များအရ ယင်က အမနှင့်ဆိုင်၍ ယန်ကအဖိုနဲ့ဆိုင်ခြင်းဖြင့် ဆန့်ကျင်ဘက်နှစ်ခုလုံးကို တစ်ခုထဲ ရုပ်လုံးဖော်ထားတယ်။ အဲ့ဒီသင်္ကေတကို အဆောင်တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင် အကာအကွယ်အတွက်ကောင်းသလို စကြဝဠာစွမ်းအင်ကို စုစည်းချိန်ညှိပေးနိုင်တဲ့ အဆောင်ကောင်းတစ်ခုအဖြစ်နဲ့ အသုံးပြုနိုင် တယ်။ 
Dogon Rose Green
KCB Center
အသက်​ရှည်​​အောင်​ကျင­့်​နည်း
author
  အသက်​ရှူခြင်းဟာလူတစ­်​​ယောက်​ရဲ့ အသက်​ရှည်​ခြင်း တြို­ခင်းနဲ့ ပတ်​သတ်​​နေပ­ါတယ်​။ လူတစ်​​ယောက်​အသက်ရှူ­ခြင်းက ဒီ​နေ့​နေထွက်­​ချိန်​က​နေ​နောက်ေ­န့ ​နေဝင်​ချိန်​အထိ (၂၁၆၀၁)ကြိမ်​ရှိပါတယ­်​။အသက်​ကိုမြန်​မြန်­​ရှူတာ၊ အသံထွ​က်​​အော­င်​ ရှူတာ၊သက်​ပြင်းခ­ျတာ​တွေပါလာခဲ့ရင်​ အ​ပေါ် မှာ​ပြောခဲ့တဲ့ အသက်​ရှူခြင်းအကြိမ်­​​အတိုင်းမဖြစ်​​တော­့ပါဘူး​။ဒါ​ကြောင့်​အ­သက်​ တိုခြင်းကိုဖြစ်­​​စေတာပါ။ အသက်​ကို
ဖြေး​ဖြေးနဲ့ပြင်းပြင်းရှူတာဟာ­ အသက်​ရှည်​​စေပါတယ်​။­အသက်​ရှူတိုင်းခွန်​­အားရ​စေတာဖြစ်​လို့ အသက်​ကို အဆုတ်​ထဲအထိ​လေကို ရှူ­သွင်းခြင်းကအသက်​ရှ­ည်​​စေနိုင်​ပါတယ်​။
   တိရစ္ဆာန်​ ​တွေဟာတစ်​​ကောင်​နဲ့­တစ်​​ကောင်​ အသက်​ရှူတာမတူကြပါဘူး­။မြွေ​တွေက​ခွေး​ထက်­​ အသက်​ရှူတာ​နှေးလို့​­ခွေးထက်​​မြွေကအသက်​ရ­ှည်​ကြတယ်​။ဒါကို​လေ့​လာကြည့်​ရင­်​​ အသက်​ရှူ​နှေးတဲ့သတ္တဝ­ါဟာ အသက်​ရှူမြန်​တဲ့သတ္တဝ­ါထက်​ ပိုပြီးအသက်​ရှည်​တာကိုသိနိုင်​တယ်​။  
  ဟိမန္တာ​တောင်​​တွေဂူ​­တွေမှာ​နေတဲ့ သစ်​သီးစားလင်းနို့​­တွေဟာ တစ်​ခါအိပ်​ရင်​တစ်​လ­နှစ်​လ အိပ်​​နေတက်​တယ်​ ။အဲလိုအိပ်​​နေတဲ့ကာလ­အတွင်းမှာသူတို့ကအသက­်​မရှူကြပါဘူး။နှင်​­း​တောင်​ မှာ​နေတဲ့ ဝက်­​ဝံ​တွေလည်းအိပ်​​နေ­တဲ့အခါ အသက်​မရှူကြပါဘူး။အသက­်​မရှူပဲ​နေခြင်းက ​သေခြင်းနဲ့မသက်​ဆို­င်​ပါဘူးဆိုတာ ကို လက်​​တွေ့ပြ​ပေးတဲ့ သတ္တ၀ါ ​လေး​တွေပါ။သူတို့​တေ­ွတင်​မဟုတ်​ပါဘူး။ လူသား​တွေ အသက်​မရှူပဲနဲ့ အသက်​ရှင်​နိုင်​ကြပါ­တယ်​။ ‌အိန္ဒိယ​တောင်​တန်း​­တွေမှရှိတဲ့ ​ယောဂီ​ကြီး​တွေဟာြေ­ခ​ထောက်​တစ်​​ချောင်းတည်းရပ်​ပြီးလ​ပေါင်းများစွာ​နေကြပါတယ်­​။ထိုင်​ပြီး​ကျင်​တဲ­့​ယောဂီ​တွေလည်းရှိပ­ါတယ်​။သူတို့ရဲ့ခန္ဓာက­ိုယ်​​ပေါ်မှာသစ်​ပင်​­၊ ဝါးပင်​​တွေ ပုရွက်​​တွေရှိပါတယ်​­။ပုရွက်​ဆိတ်​​တွေ ခြ​တွေဟာသူတို့ရဲ့ မျက်​စိ​တွေ​နား​တွေထ­ဲဝင်​တာ​တောင်​ မလှုပ်​ပဲ​နေကြပါတယ်​။­ဒါဟာလူသား​တွေ အသက်​မရှူပဲ ​နေနိုင်​တယ်​ဆိုတာ သက်​​သေပြတဲ့တစ်​ချက်­​ပါပဲ။
Zenus
KCB Center
ကွန်ဒိုဥပဒေလွှတ်တော်အတည်ပြု၍ ကွန်ဒိုခန်းများ ဈေးတက်မည်ဟုခန့်မှန်း
 http://www.tccc.or.th/wp-content/uploads/2013/06/01-Star-City_resize.png
 ပြည်တွင်းရှိကွန်ဒို မီနီယံ(စုပေါင်းပိုင်အဆောက်အအုံ)များတွင် ၄၀ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအား ရောင်းချခွင့်ရှိသည်ဆိုသောအချက်ပါဝင်သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာတွင်ဥပဒေကြမ်းကို ဇန်န၀ါရီ၂၂ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုလိုက်သည်။နိုင်ငံခြားသားအား အိမ်ခန်း များကို ရောင်းသင့်၊ မရောင်းသင့် အချက်အပါအ၀င် စုပေါင်းပိုင်အ ဆောက်အအုံသတ်မှတ်ချက်များ ကို လွှတ်တော်တွင် သုံးနှစ်ကြာ အချိန်ယူဆွေးနွေးပြီးနောက် စု ပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ)ဥပဒေကြမ်းကို ပြည် ထောင်စုလွှတ်တော်ကအတည်
 ပြုလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသားများကို ကွန်ဒို မီနီယံတိုက်ခန်းဝယ်ယူခွင့် ၄၀ရာ ခိုင်နှုန်းရှိသည်ဆိုသောကြောင့်အ ခန်းဆယ်ခန်းပါသည့်တိုက်တစ် လုံးတွင် နိုင်ငံခြားသားသည် အ ခန်းလေးခန်းအထိ ၀ယ်ယူခွင့်ရှိ မည်ဖြစ်သည်။ကွန်ဒိုမီနီယံတွင် နိုင်ငံခြားသားများကို အိမ်ခန်းများရောင်းချခွင့်ပေးထားသော်လည်း  ဥပဒေကြမ်းအရ   မြေပိုင်ဆိုင်မှုမရရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က
 ပြောသည်။
" ဆောက်လုပ်ရေး လုပ်ငန်း တွေ တစ်ကျော့ပြန်ပြီး ရှင်သန်ဖို့ အခွင့်အရေးပဲပေါ့ဗျာ’’ဟု မြန်မာ နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းအတွင်းရေးမှူးဦးရန် ၀င်းကပြောသည်။‘‘ဒီဥပဒေက အပြင်မှာစောင့် နေတဲ့သူတွေများတယ်။ ဥပဒေမ ထွက်သေးလို့ အဆောက်အအုံ တွေရပ်ထားတာရှိပါတယ်။ ခု တော့လုပ်ငန်းတွေပြန်အသက် ၀င်လာလိမ့်မယ်’’ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ် သည့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဇေကမ္ဘာဦးခင်ရွှေက ပြောသည်။နိုင်ငံခြားသားများကို အိမ် ခန်းများရောင်းချခွင့်ပြုခြင်းသည် လုပ်ငန်းရှင်များအတွက် အဆင် ပြေရုံသာမက ဆောက်လုပ်ရေး လုပ်ငန်းများပြန်လည်အသက်ဝင် လာပါက အလုပ်အကိုင်အခွင့်အ လမ်းများလည်း ပွင့်လင်းလာမည် ဖြစ်ကာ နိုင်ငံတော်အတွက်လည်း
 နိုင်ငံခြားဝင်ငွေရရှိလာမည်ဟု ဇေကမ္ဘာဦးခင်ရွှေကပြောသည်။
အတည်ပြုလိုက်သော ဥပ ဒေကြမ်းတွင် စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာ ယင်းဥပဒေအရမှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ်
 ဆောက်လုပ်ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကို
ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။အဆိုပါဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် သမ္မတထံပြည်ထောင်စုလွှတ်တော်က ပေးပို့မည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံခြားသားများကို အိမ်ခြံမြေများဝယ်ယူခွင့်ပေးမထားသော်လည်း
 မြန်မာနိုင်ငံသားတစ်ဦးကို အမည်ခံကာ နိုင်ငံခြားသားများက အိမ်ခြံမြေများဝယ်ယူမှုအချို့ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြသည်။မြန်မာနိုင်ငံတွင်
 မြေယာ၊အ ဆောက်အအုံများအား နိုင်ငံခြား သားများ ပိုင်ဆိုင်ခွင့်ကို ယခုအစိုး ရလက်ထက်မှစတင်၍ မူဝါဒများ အပြောင်းအလဲပြုလုပ်လာသည်။ ၂၀၁၂ တွင် ထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၌ မြေငှားရမ်းခွင့်ကာလကို စီးပွားရေးလုပ်ငန်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီး ကနဦး နှစ် ၅၀၊နောက်ပိုင်းတွင် ၁၀နှစ် နှစ်ကြိမ်ခွင့်ပြုပေးထားသည်။
ငှားရမ်းခွင့်ပြုသည့်မြေအ မျိုးအစားနှင့်ပတ်သက်၍လည်း ပုဂ္ဂလိကပိုင်မြေ၊ အစိုးရပိုင်မြေ များကို လွတ်လပ်စွာငှားရမ်းခွင့် ပြုထားကြောင်းမြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က တရားဝင် ကြေညာထားသည်။ယခင်စစ်အ စိုးရလက်ထက်တွင် နိုင်ငံခြားသား မြေငှားရမ်းခွင့်ကို အစိုးရမြေတစ် ခုကိုသာ ခွင့်ပြုပေးထားသည်။ထို့ ကြောင့်အမည်ခံမြေငှားရမ်းမှုများရှိခဲ့သည်။
ထို့အတူ နိုင်ငံခြားသား များတိုက်ခန်းပိုင်ဆိုင်ခွင့်ကို ယခင်ကခွင့်မပြုသဖြင့် အမည်ခံဝယ်ယူမှုများရှိခဲ့သည်။ လက်ရှိဥပဒေထွက်ပေါ်လာပါက အမည်ခံတိုက်ခန်းဝယ်ယူမှုများမရှိနိုင်တော့ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်ဦးသန်းဦးကပြောသည်။ ထို့အပြင် တရားဝင်ဝယ်ယူခွင့်ပြုသောကြောင့် နိုင်ငံတော်မှ   အခွန်ငွေပိုမိုရရှိလာမည်ဖြစ်သည်။
Credit: 7 Day Daily
Friday 22 January 2016
The beauty of Mandalay
MANDALAY HILL — Located to the northeast of Mandalay’s moat, this eponymous hill is a famous viewpoint for tourists and photographers hoping to capture daybreak over Burma’s last royal capital.
The Irrawaddy’s photographer Zaw Zaw got to the top of Mandalay Hill early on Tuesday morning to await the rising sun. At a cool 12° Celsius, weather and location were perfect to capture the moment as the sun’s rays broke through Mandalay’s morning mist.
But sightseers be warned: You’ll have to get to the top before 6:00 am if you want to take in the full breadth of these misty memories.
Credit : Irrawaddy
မြန်မာ့သနပ်ခါး
သနပ်ခါး, အညာဒေသ, မြန်မာ့ဓလေ့
 ရှေးတုန်းကတော့ မွန်ဘုရင် ရာဇဓိရာဇ်၊ ရှင်မဟာရဋ္ဌသာရတို့က သနပ်ခါးကိုရည်ညွှန်းတဲ့ ကဗျာလင်္ကာတွေ ရေးစပ်ခဲ့ဖူးကြပါတယ်။ စာဆိုတော် နတ်ရှင်နောင်ရဲ့ မိဖုရား ရာဇဓာတုကလျာ လိမ်းခြယ်ခဲ့ဖူးတယ်လို့ ယူဆနိုင်မယ့် ရွှေချထားတဲ့ သနပ်ခါး ကျောက်ပျဉ်ကို ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးမှာ လှူဒါန်းထားတာကို တွေ့ရတဲ့ အခါမှာတော့ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက သနပ်ခါးဆိုတာ နန်းတွင်းသုံး အလှအပပစ္စည်းတခုအဖြစ် ရှိခဲ့တယ်လို့ ယူဆလို့ရမှာပါ။
 “ရွှေနံ့သာခေါက်ကိုလ ကျောက်ပျဉ်မှာ အသာ တင် ခန်းခွင်မှာသွေး လိမ်းမယ်လို့ကြံမှန်ယူခဲ့ ဆံတို လေးရယ် ပိန်းရိုက်စို့လေး”ဆိုတဲ့ ကျေးလက်ကောက် စိုက်တေး၊
“ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လို အသားမည်းမည်း ဝါဝါညက်ညက်ဖြူ” ဆိုတဲ့ နန်းတော်ရှေ့ ဆရာတင်ရဲ့ မြန်မာ့သနပ်ခါးဂုဏ်ကို ဖော်ကျူး ရေးစပ်တဲ့ သီချင်းတွေ ရှိခဲ့ပါတယ်။
 ဒီဘက်ခေတ်တွေမှာလည်း “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာ ကောင်းလိုက်တာကွာ” လို့ဆိုတဲ့ Black Hole အဖွဲ့က အစိုင်းရဲ့ သီချင်းဟာ လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပါ။
 နံ့သာ ၁၀ ပါးထဲမှာ အခေါက်နံ့သာအဖြစ် ပါဝင်တဲ့ သနပ်ခါးကောင်းတပင် ဖြစ်လာဖို့ကလည်း မလွယ်ကူ လှပါဘူး။အပွေး၊ အသား၊ အနှစ်ကောင်းရဖို့အတွက် သနပ်ခါးပင်တပင် စတင်စိုက်ပျိုးတဲ့ အချိန်ကနေ ဖြတ်ယူမယ့် အချိန်ထိ တယုတယ စိုက်ပျိုးရသလို၊ မြေကောင်းမြေသန့် ဖြစ်ဖို့ကိုလည်း ဂရုစိုက်ရတယ်လို့ မုံရွာမြို့အနီး ခတက်ကံတောင်ရွာက သနပ်ခါးစိုက် တောင်သူ ဒေါ်မြကျင်က ရှင်းပြပါတယ်။ဝါဆိုလနဲ့ ဝါခေါင်လဆန်းလောက်မှာ သီးပွင့်လာတဲ့ သနပ်ခါးသီးတွေကို လက်နဲ့ညှစ်၊ ရေအနည်း ငယ်စွတ်ယူပြီး မြေကြီးထည့် ထားတဲ့ အိတ်ငယ်တခုနဲ့ စိုက်ပျိုးရတာပါ။ အပင် ၃ လ သား ကနေ ၁ နှစ် သား အရွယ်ရောက်မှ သတ်မှတ်မြေ နေရာကို ပြောင်းပြီး စိုက်ပျိုးရတယ်လို့ သိရပါတယ်။ မိုးရေများများရတဲ့ ဝါခေါင်လနဲ့ တော်သလင်း လတွေမှာ သနပ်ခါးပင်ကို စိုက်ပျိုးမှ သနပ်ခါးအသားစွဲသလို အပင်လုံး ပတ်ကြီးထွားပြီး အပွေးအသားကောင်း အောင် စနစ်တကျ စိုက်ပျိုးနည်းအဖြစ် မြေပေါင်တတန်းနဲ့ တတန်း အကြားမှာ လက် ၆ တောင်လောက်ခြားပြီး အပင်တပင်နဲ့ တပင်ကြား လက် ၃ တောင် လောက် ခြားလို့ စိုက်ပျိုးရကြောင်း သနပ်ခါးစိုက် တောင်သူတွေ ထံက သိရပါတယ်။ပုံမှန်အားဖြင့် အပွေး၊ အသားကောင်းတဲ့ သနပ်ခါး တပင်ရဖို့ နှစ် ၂၀၊ ၃၀ ကျော်လောက် စိုက်ပျိုး ထားရတယ်လို့လည်း သနပ်ခါးစိုက် တောင်သူတွေက ဆိုပါတယ်။
သနပ်ခါးပင်တွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသတချို့မှာ စိုက်ပျိုးကြပါတယ်။ဒါ့အပြင် အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်၊ အာသံ၊ ဩရိဿ ပြည်နယ်တို့နဲ့ ဒက္ခိဏ ကုန်းပြင်မြင့်က ခြောက်သွေ့ ဒေသ တွေမှာလည်း ပေါက်ရောက်တယ်လို့ တချို့ မှတ်တမ်းတွေက ဆိုပါတယ်။
သနပ်ခါးပင် ဆိုတာ အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်တဲ့ ဆူးရှိအသားမာကျောပင် တမျိုးဖြစ်ပြီး ရုက္ခဗေဒ အခေါ်အရ လင်မိုနီးယား အက်ဆစ်ဒီစီမား (Limonia acidissima) လို့ခေါ်ကြောင်း Xanthoto xin ၊ Phenylacetox Yocun Arin Umbelliferone ၊ Limonin ၊ Iuvangetin ဒြပ်ပေါင်းတွေ ပါဝင်နေတယ်လို့ လေ့လာသိရှိပါတယ်။ ရှေးလူကြီးသူမ တွေကတော့ သနပ်ခါးဟာ
 ဆေးဖက်ဝင်တယ်လို့ ယုံကြည်ကြပါတယ်။ပင်စည်ကို သနပ်ခါးတုံးတွေအဖြစ် ဖြတ်တောက် ရောင်းချပြီး အမြစ်ကို သွေးလိမ်းမယ်ဆိုရင်တော့ ကိုယ် အရေပြား ရောဂါတချို့ ပျောက်ကင်းနိုင်သလို၊ အသားအရေကိုလည်း ချောမွေ့စေတယ်လို့ သိရပါတယ်။ သနပ်ခါးရွက်ကိုပြုတ်ပြီး ဖန်ရေအဖြစ်သုံးမယ်ဆိုရင်တော့ အနာမန်းနိုင်တယ်လို့ သနပ်ခါးခြံ စိုက်ပျိုးသူတွေက ဆိုပါတယ်။ သနပ်ခါးဟာ ပူလောင်တဲ့ နွေရာသီမှာလိမ်းထားရင် အေးနေသလို၊ အေးချမ်းတဲ့ ဆောင်းကာလမှာ လိမ်းတဲ့အခါ နွေးတယ်လို့လည်း ယူဆ ထားကြပါတယ်။ လသားအရွယ် ကလေးငယ်ကို ရေချိုးအပြီးမှာ သွေးထားတဲ့ သနပ်ခါးစစ်စစ် လိမ်းပေးရင်း ပါးစပ်ထဲကိုပါ ခွံ့ပေးတာလည်း မြန်မာ့ဓလေ့ တခုလို ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ မြန်မာ့သနပ်ခါးကို ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူစတဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ စီးပွားရေးသမားတွေက မျက်စိကျနေကြပြီး သနပ်ခါးအလှကုန်တွေနဲ့ ကမ္ဘာတဝန်းကို ဈေးကွက် ထိုးဖောက်နိုင်ဖို့အရေး အပြိုင်အဆိုင် ကြိုးပမ်းလာကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့နာမည်ကြီး အွန်လိုင်း ဈေးဝယ်စင်တာဖြစ်တဲ့ Amazon မှာတောင် မြန်မာ့သနပ်ခါးက နေရာတနေရာ ယူနိုင်နေပါပြီ။မြန်မာ့သနပ်ခါးကို ထိုင်းအခြေစိုက် Everyday Happy ကုမ္ပဏီက Deleaf ဆိုတဲ့ နာမည်နဲ့ သနပ်ခါး ပေါင်ဒါအဖြစ် ပြည်တွင်းပြည်ပမှာ ရောင်းချနေသလို ဖိလစ်ပိုင်နိုင်ငံက ကုမ္ပဏီတခုကလည်း Organic Thanakha ဆိုတဲ့ နာမည်နဲ့ ၂၀ဝ၈ ခုနှစ် ကတည်းက နိုင်ငံတကာကို ဖြန့်ဖြူး ရောင်းချနေပါတယ်။
ပြည်တွင်းမှာ ဒေါ်သီ၊ ရွှေပြည်နန်း၊ ရွှေဘိုမင်း သမီး၊ တောင်ကြီးမောက်မယ်နဲ့ လှ စတဲ့ သနပ်ခါးလုပ် ငန်းတွေရှိပေမယ့် နည်းပညာအရ သနပ်ခါးထွက်ကုန် တွေဟာ ကမ္ဘာ့စံချိန်မီဖို့ လိုအပ်နေဆဲပါ။
 မြန်မာ့ သနပ်ခါးဟာ ထီးသုံးနန်းသုံးလည်းဖြစ်၊ ရှေးစာဆိုတော်တွေကတောင် ဖွဲ့နွဲ့ရေးသားခဲ့ကြတဲ့ အလှကုန်တခု ဖြစ်ခဲ့ပေမယ့် မြန်မာမလေးတွေက ပါးမှာလိမ်းခြယ်ဖို့ စိတ်ဝင်စားမှု နည်းလာတာ ဘာ ကြောင့်လဲဆိုတာ တွေးစရာပါ။ရန်ကုန်မြို့သူ တချို့ကတော့ အပွေး၊ အသားကောင်းတဲ့ သနပ်ခါးတုံး စစ်စစ်တွေက ဈေးကြီးလွန်းတာရယ်၊ သနပ်ခါးတုံး အတုတွေလည်း ဈေးကွက်ထဲ ဝင်နေတာရယ်၊ ရုံးချိန်မီဖို့အရေး သနပ်ခါးသွေးဖို့ အချိန်မပေးနိုင် တာရယ်၊ တချို့ကုမ္ပဏီနဲ့ စက်ရုံ အလုပ်ရုံတွေမှာ သနပ်ခါးမလိမ်းရဆိုတဲ့ စည်းကမ်းချက်တွေ ထုတ်ထားတာရယ် စတာတွေကြောင့် သနပ်ခါး မလိမ်းဖြစ်တော့တာလို့ ဆိုပါတယ်။ရန်ကုန်မြို့တွင်း အလုပ်သွား၊ ရုံးတက်၊ကျောင်းတက်၊ ရှော့ပင်ထွက် လုပ်နေတဲ့ မိန်းကလေးတွေရဲ့ ပါးပြင်မှာ သနပ်ခါးပါးကွက်ကျားလေးတွေ တွေ့ရခဲသွားပေမယ့်
 နှုတ်ခမ်းနီလေးတွေရဲ့ အသည်းစွဲ အဆိုတော်တဦး ဖြစ်သူ သားသားရဲ့ “သနပ်ခါးကို ဘယ်ညာလိမ်း … ဆံထုံးလေးပါထုံး” ဆိုတဲ့ တေးသွားတစကတော့ ရန်ကုန်မြို့ထဲ လမ်းမတွေမှာ ပျံ့လွင့်ဆဲပဲ ဖြစ်ပါတယ်။
 https://i.ytimg.com/vi/JL7Ozr3tgeQ/hqdefault.jpg
Credit : Irrawaddy
အကြံကြီးတဲ့ ဆော်ဒီနိုင်ငံရဲ့ ရေနံနည်းဗျုဟာ
" ယနေ့ ကမ္ဘာ့ရေနံဈေး ကျနေရခြင်းရဲ့ တကယ့်အခြေခံ အကြောင်းရင်း (သို့မဟုတ်) အကြံကြီးတဲ့ ဆော်ဒီနိုင်ငံရဲ့ ရေနံနည်းဗျုဟာ "
  http://thecanadianpress-a.akamaihd.net/graphics/2015/static/cp-10yr-crude-oil-price-dec-14-2015.png
  ရေနံထုတ်တဲ့ အာရပ်နိုင်ငံ ၁၂ နိုင်ငံပါဝင်တဲ့ OPEC အဖွဲ့ကြီးရဲ့ ရေနံလျှော့ချဖို့ တိုက်တွန်းချက်ကို မနာခံပဲ၊ အဖွဲ့အတွင်း သြဇာအရှိဆုံး အဖွဲ့ဝင်တနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ၊ ရေနံတွေတိုးထုတ်နေလို့ ၊ကမ္ဘာ့ဈေးကွက်မှာ၊ ရေနံတွေ အလျှံပယ်များလာပြီး၊ ရေနံဈေးဟာ ၆ လအတွင်း ရေနံစိမ်း အမေရိကန်ဒေါ်လာ ၁၀၀ လောက်ကနေ ဒေါ်လာ ၅၀နီးပါးအထိ တဝက်နီးပါး ထိုးကျလာတယ်ဆိုတာ ရေးပြခဲ့ပြီးပါပြီ။တကယ်တော့အဖွဲ့ဝင်၁၂ နိုင်ငံထဲမှာ၊
 ရေနံအများဆုံးထုတ်ပြီး သြဇာအရှိဆုံးဟာ ဆော်ဒီနိုင်ငံပါ။ အရင်က၊ ရေနံဈေးတက်လာအောင်အဖွဲ့ဝင်နိုင်ငံအားလုံးက၊ ရေနံကို အချိုးကျ လျှော့ချထုတ်ကြဖို့ OPEC အဖွဲ့ကြီးက တိုက်တွန်းတိုင်း ဆော်ဒီနိုင်ငံပဲ အမြဲတမ်းလိုက်နာခဲ့ပြီး ရေနံလျှော့ထုတ်နေကျပါ။ ကျန်၁၁နိုင်ငံဟာ အဖွဲ့ကြီရဲ့ ရေနံလျှော့ထုတ်ဖို့ ၊တိုက်တွန်းချက်ကို ဘယ်တုံးကမှမလိုက်နာခဲ့ လျှော့မထုတ်ခဲ့ကြပါဘူး။
အခု ရေနံဈေးတွေ ထိုးကျတဲ့အချိန်မှာ ဆော်ဒီနိုင်ငံဟာ ရေနံကို လျှော့မထုတ်တဲ့အပြင် ဘာကြောင့်တိုးပြီး ထုတ်နေရတာလဲဆိုတာ သိချင်လို့ လေ့လာကြည့်လိုက်တော့ အောက်ဖေါ်ပြပါ စိတ်ဝင်စားစရာအကြောင်းတွေ တွေ့မိပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စက်မှုထိပ်တန်းနိုင်ငံတခုမို့ သူ့စက်ရုံတွေ လည်ပတ်ဖို့ ရေနံတွေ အများကြီးအမြဲတမ်း လိုအပ်နေပါတယ်။ သူ့နိုင်ငံမှာ ရေနံတွေ အများကြီးထွက်ပေမဲ့ ပြည်တွင်း လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်လို့ နိုင်ငံခြားကရေနံတွေ အများကြီး တင်သွင်းရပါတယ်။ အဓိက သွင်းရတဲ့နိုင်ငံတွေကတော့ OPEC အဖွဲ့ဝင် အာရပ်နိုင်ငံတွေကပါပဲ။ တနည်းအားဖြင့် အာရပ်နိုင်ငံတွေကို ရေနံနဲ့ပတ်သက်ပြီး မှီခိုနေရတာပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အမေရိကန်နိုင်ငံဟာ ရှေးလ်ရေနံ (shale_oil) ဆိုတာ စတင်တွေ့ရှိ ထုတ်လုပ်လာပါတယ်။ ရှေးလ်ရေနံဆိုတာ ရေနံတွင်းတွေမှာတွေ့ရတဲ့ သဘာဝအလျောက် မြေအောက်မှာ အောင်းနေတဲ့ ရေနံစိမ်းမျိုးမဟုတ်ပါဘူး မြေအောက်က
 ကျောက်တုံး ကျောက်ခဲတွေထဲမှာ စိမ့်ဝင်နေတဲ့ ရေနံအမျိုးအစားဖြစ်ပါတယ်။
အဲဒီရေနံကို ထုတ်ယူပုံကတော့ မြေအောက်ထဲက ရေနံရှိတဲ့ ကျောက်စိုင်ကျောက်ခဲတွေကို အပူချိန် အရမ်းမြင့်တဲ့မီးနဲ့ လျောင်မြိုက်စေပြီး စိမ့်ထွက်လာတဲ့ရေနံတွေကို မြေကြီးထဲက စုပ်ယူရရှိတဲ့ ရေနံဖြစ်ပါတယ်။ တွင်းထဲက တိုက်ရိုက်စုပ်ယူလို့ရတဲ့ ရေနံစိမ်းနဲ့အာနိသင်ချင်း အတူတူပါပဲ။ အဲဒီရှေးလ်ရေနံဟာ ထုတ်ယူရတဲ့ ကုန်ကျစရိတ်ကြီးလို့ တွင်းထဲက တိုက်ရိုက်စုပ်ယူရရှိတဲ့ရေနံစိမ်း (crude_oil) ထက် ဈေးအများကြီး မြင့်ပါတယ်။ှ
အဲဒီရှေးလ်ရေနံတွေကို ဈေးကြီးလို့ အများကြီးမထုတ်နိင်ခဲ့ကြပါဘူး။ ထုတ်လို့ရတဲ့အဲဒီရှေးလ်ရေနံတွေကိုလဲ အမေရိကန်ပြည်တွင်းမှာပဲ ရေနံချက်ပြီး သုံးပါတယ်။ လိုအပ်တဲ့ရေနံတွေကို OPEC အဖွဲ့ဝင် အာရပ်နိုင်ငံတွေကပဲ ဝယ်နေရပါတယ် တနည်းအားဖြင့် အမေရိကန်နိုင်ငံဟာ ရေနံအတွက် အာရပ်နိုင်ငံတွေကို နှစ်ပေါင်းများစွာ မှီခိုခဲ့ရပါတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ရှေးလ်ရေနံထုတ်လုပ်တဲ့ နည်းပညာတွေ တိုးတက်လာတဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်စပြီး ရှေးလ်ရေနံရဲ့ဈေးနူံးဟာ အာရပ်နိုင်ငံရဲ့ ရေနံဈေးနီးပါး ကျဆင်းလာပါတယ်။ တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံမှာ ရှေးလ်ရှိတဲ့ရေနံကွက်တွေ အမြောက်အများ တွေ့လာကြတယ်။ အမေရိကန်ဟာ သူ့နိုင်ငံမှာသုံးလို့ ပိုလာတဲ့အဲဒီရေနံတွေကို နိုင်ငံခြားကို တင်ပို့ရောင်းချပါတော့တယ်။
သူ့ရေနံတွေကို ဘယ်သူတွေဝယ်ကြသလဲ။ တသက်လုံး အာရပ်နိုင်ငံတွေရဲ့ ရေနံဈေးနူံး ချယ်လှယ်သမျှခံခဲ့ရတဲ့ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်စတဲ့ ရေနံမထွက်တဲ့ အီးယူနိုင်ငံတွေပေါ့။ ဈေးနူံးချင်းတူမှတော့ သူတို့ရဲ့ မဟာမိတ်နိင်ငံ အမေရိကန်ကိုပဲ အားပေးကြတာပေါ့။ တဖြေးဖြေးနဲ့ အမေရိကန်ဟာ အာရပ်နိုင်ငံတွေရဲ့ ဈေးကွက်တွေကို ဝင်ယူလိုက်သလို OPEC အဖွဲ့ကြီးရဲ့ အဓိက ရေနံစီးပွားရေးပြိုင်ဖက်ကြီး ဖြစ်လာပါတယ်။
အဲဒီမှာ OPEC အဖွဲ့ကြီးစိုးရိမ်မှုနဲ့ စတင်တုန်လှုပ်လာတယ်။ သူတို့ဆီက တသက်လုံး ရေနံဝယ်နေတဲ့ အနောက်နိုင်ငံတွေဟာ ခုတော့အမေရိကန်ဆီမှာ ဝယ်ကုန်ကြလို့ သူတို့ရဲ့ဈေးကွက် ပျောက်မှာ ကြောက်လာပြီ။ ဒီတော့ OPEC အဖွဲ့ကြီးရဲ့ ရေနံအများဆုံးထုတ်တဲ့ ဆော်ဒီနိုင်ငံဟာ အရင်ထုတ်နေကျ ရေနံပမာဏထက်ပိုပြီး နေ့စဉ်ထုတ်ပါတော့တယ်။ ရေနံတွေ မတရားထုတ်လိုက်ရင် ရေနံဈေးတွေ မတရားကျဆင်းလာအောင်လို့ပါ။
ရည်ရွယ်ချက်ကတော့ ရေနံဈေးတွေ မတရားကျလာရင် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားတဲ့ အမေရိကန်ရဲ့ ရှေးလ်ရေနံတွေ ဈေးမလျှော့ချနိုင်တော့လို့ အနောက်နိုင်ငံတွေက အမေရိကန်နိင်ငံက ရေနံတွေမဝယ်ကြတော့ပဲ သူတို့ဆီက ပြန်ဝယ်အောင် လုပ်လိုက်တာပါ။ တနည်းအားဖြင့် ပြောရရင် လက်လွှတ်ဆုံးရှုံးသွားတဲ့ ဈေးကွက်ကို ပြန်ယူဖို့ကြိုးပမ်းလိုက်ခြင်းပါပဲ။
တနေ့ကပဲ အမေရိကန်က တချို့ရေနံကုမ္ပဏီ အသေးလေးတွေဟာ တွက်ချေမကိုက်တော့လို့ ရှေးလ်ရေနံ ဆက်မထုတ်တော့ဘူးလို့ သတင်းစာမှာဖတ်ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာ ဒီလောက်နဲ့မပြီးသေးပါဘူး။ ဆော်ဒီနိုင်ငံဟာ ရေနံတွေ အရင်နေ့စဉ် ထုတ်နေတာထက် ပိုမိုထုတ်ပြီး ရေနံဈေးတွေ ထိုးကျအောငက် လုပ်လိုက်တာဟာ ခဲတလုံးနဲ့ ငှက် ၃ ကောင်ကို ပစ်လိုက်တာပါ။ ဘာဆိုလိုသလဲဆိုတာ ရှင်းပြပါ့မယ်။
ပစ်လိုက်တဲ့ ပထမငှက်တကောင်ကတော့ စောစောကရေးပြခဲ့သလို အမေရိကန်ရဲ့ တဖြေးဖြေးကြီးထွားလာတဲ့ ရှေးလ်ရေနံဈေးကွက်ကို သူတို့ဆီ ပြန်ရောက်လာအောင်ရယ် အမေရိကန်ရဲ့ ရေနံထုတ်လုပ် တင်ပို့နေတာတွေကို ရပ်ဆိုင်းသွားပြီး နာလန် မထူနိုင်အောင် လုပ်လိုက်တာပါ။
ဒုတိယငှက် ၂ ကောင်အကြောင်းမပြောခင် နဲနဲရှင်းပြချင်တာရှိပါတယ်။ OPEC အဖွဲ့ဝင်နိုင်ငံထဲ မပါဝင်ပေမဲ့ ကမ္ဘာမှာ ရေနံအများဆုံး ထုတ်နေတဲ့နိုင်ငံတွေလဲ ရှိကြပါတယ်။ ရုရှား၊ အမေရိကန်၊ တရုပ်၊ ကနေဒါနဲ့ အီရန်နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဆော်ဒီနိုင်ငံဟာ ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့ အီရန်နိုင်ငံတွေနဲ့ အဆင်မပြေပါဘူး။ အဲဒီတော့ ဆော်ဒီဟာ အဲဒီ ၂ နိင်ငံကို စီးပွားရေးနဲ့ အလဲထိုးအနိုင်ယူဖို့ ကြံစည်ပါတော့တယ်။
အဲဒီ ၂ နိုင်ငံစလုံးဟာ နိင်ငံရဲ့ အဓိကဝင်ငွေ ၅၀ ရာခိုင်နူံးနီးပါးကို ရေနံရောင်းချလို့ရတဲ ငွေတွေကနေ ရနေတာပါ။ သူတို့ရဲ့ နိုင်ငံ့ဝင်ငွေ တဝက်လောက်ဟာ ရေနံ ထုတ်လုပ်ရောင်းချရတဲ့အပေါ်လုံးဝမှီခိုနေကြရပါတယ်။ အီရန်ဟာ အနုမြူလက်နက်ထုတ်တဲ့ စက်ရုံတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ခံနေရလို့ ရေနံဝယ်မဲ့နိုင်ငံ အတော်ရှားနေပါပြီ။
ထိုနည်းအတူ ရုရှားဟာလဲ အိမ်နီးချင်း ယူကရိမ်းနိုင်ငံကို ကျူးကျော်ဝင်ရောက်လို့ အမေရိကန်နဲ့အီးယူနိုင်ငံတွေရဲ့ စီးပွားပိတ်ဆို့ ဒဏ်ခတ်မှုကို အကြီးအကျယ်ခံစားနေရပါတယ်။ စီးပွားရေးပိတ်ဆို့ခံနေရလို့ ၂ နိုင်ငံစလုံးရဲ့ စီးပွားရေး အတော့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားနေရပါပြီ။ ဒီထဲက ရေနံဈေးကျလို့ သူတို့ရေနံတွေကို ဝယ်သူအနဲငယ်ကိုပဲ ဈေးနိမ့်နိမ့်နဲ့ ရောင်းချရပြန်တော့ သူတို့နိင်ငံတွေရဲ့ ဝင်ငွေဟာ အတော်ကျဆင်းသွားပါတယ်။
အကျိုးဆက်ကတော့ နိုင်ငံစုဆောင်းငွေ (national_reserve_money) တွေအရမ်းနဲပါးသွားပြီ။ နိုင်ငံတော်ဘတ်ဂျက်မှာ လိုငွေတွေပြနေပြီ။ နိုင်ငံခြားချေးငွေတွေကို အချိန်မှီပေးဆပ်ဖို့ အခက်အခဲကြုံနေရပြီ။ သူတို့ရဲ့ ငွေကြေးတန်ဖိုးဟာလဲ အတော်ကျဆင်းသွားပြီ။ ကုန်ဈေးနူံးတွေ တက်လာတယ်။ ဒီထက် အခြေအနေဆိုးလာရင် ပြည်တွင်းအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။ အစိုးရပြုတ်ကျသွားနိုင်တယ်။ အဲဒီလို ဒုက္ခပေါင်းစုံ ကြုံနေရတဲ့ ၂ နိုင်ငံကို သူတို့ရဲ့ ရေနံဝင်ငွေတွေ လျော့နဲသွားအောင် ဆော်ဒီနိုင်ငံက ရေနံဈေးထိုးကျအောင် ဖန်တီးလိုက်တာပါ။
အချုပ်ပြောရင်တော့ ဆော်ဒီနိုင်ငံဟာ ရေနံဈေးနူံးဆိုတဲ့ ခဲတလုံးနဲ့ အမေရိကန်၊ အီရန်၊ ရုရှား ငှက် ၃ ကောင်ကို ပစ်ထဲ့လိုက်တာပါ။
  by : Voice of James Mint 
Wednesday 20 January 2016
အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် .. အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် … စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ … သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ … တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..
သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် . စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။ သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..
ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..
“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”
သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …
“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး … ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”
+++++++++++++++++++++++++++++++++++++++
ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ …
Credit: Heart Canteen
ဆယ်မိနစ်အတွင်း သင့်စိတ်တွေကြည်လင်ပြီး အားအင်ပြည့်ဝသွားသလို ခံစားရစေဖို့
နေ့တစ်နေ့ကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ဆိုရင် အားအင်တွေရှိနေဖို့ လိုတာပေါ့။ နေရတာ ပေါ့ပေါ့ပါးပါးနဲ့ ၁၀မိနစ်အတွင်းမှာ ပျောက်ဆုံးနေတဲ့ အားအင်တွေ ပြန်လည်ရရှိစေဖို့ဆိုရင် ဒီနည်းလေးတွေက သင့်ကို အထောက်အကူ ပြုပါလိမ့်မယ်။
၁။ အသက်ကို ၀အောင် ရှုပါ။
 အစာအိမ်ထဲထိပါ လေတွေရောက်သွားသလိုမျိုးဖြစ်အောင် လေကို ရှုပေးပါ။ ပြီးရင် ပြန်ထုတ်ပါ။ ပြီးရင် ပြန်ရှုပါ။
၂။သီချင်းနားထောင်ပါ။
ဒီတစ်ခါတော့ အဆွေးသီချင်း အလွမ်းသီချင်းတွေထက် beat မြန်မြန်လေးနဲ့ စိတ်ကိုတက်ကြွစေမယ့် သီချင်းမျိုးလေးတွေ ရွေးနားထောင်ပါ။
၃။လမ်းလျှောက်ပေးပါ။
လေ့လာတွေ့ရှိချက်တွေအရ ၁၀မိနစ်လောက်ကြာအောင် လမ်းလျှောက်ပေးခြင်းဟာ နာရီပေါင်းများစွာ အားပြန်ဖြည့်ပေးသလို တက်ကြွသွားတယ်လို့ သိရပါတယ်။
၎။အပြင်ထွက်ပါ။ အိမ်ထဲမှာချည်း အောင်းမနေပါနဲ့။
အိမ်ထဲက အိမ်ပြင်ထွက်ပြီး ခုံတန်းလေးပေါ် ထိုင်လိုက်ရုံနဲ့တင် သင့်စိတ်အားအင်တွေ ပြန်ပြည့်သွားစေနိုင်ပါတယ်တဲ့။
၅။ရေသောက်ပါ။
နေ့စဉ်ဘ၀အတွက် အရေးအကြီးဆုံးအရာကတော့ ရေသောက်ပေးဖို့ပါပဲ။ ဒါဟာ သင့်စိတ်ကိုလန်းဆန်းသွားစေရုံသာမက အားအင်လည်း ဖြစ်စေပါတယ်။
၆။နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
လူတစ်ယောက်ဟာ နေရောင်ခြည်နဲ့ ထိတွေ့ပေးမှသာ ကိုယ်ခံအားအတွက်သာမက စွမ်းအင်ဖြည့်တင်းရာမှာပါ အဆင်ပြေတာပါ။ နေ့စဉ်နေ့တိုင်း အိမ်ထဲမှာပဲ ကုတ်ကပ်ခွေနေလို့တော့ မရပါဘူး။ ဒါ့ကြောင့် တောက်ပတဲ့ နေရောင်ခြည်နဲ့ တွေ့ထိပေးဖို့တော့ လိုပါတယ်။
၇။သင့်ချစ်သူအကြောင်းတွေးပါ။
သင်နဲ့သင့်ချစ်သူကြား ပျော်ရွှင်စရာ အမှတ်တရလေးတွေ၊ ရယ်စရာအဖြစ်အပျက်လေးတွေ ရှိတယ်ဟုတ်။ ဒီအကြောင်းအရာလေးတွေကို ပြန်တွေးခြင်းကနေ သင့်စိတ်အားအင်တွေ ပြန်လည်ဖြည့်တင်းနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
TrendMyanmar
ငွေရှာနည်း လျှို့ဝှက်ချက်များ
https://lh4.googleusercontent.com/fNSbm1QHm-9ZrIYvDwdgY08judn2UsCWJDBVzFzqElHrYnyFoRHXJvfGKBDOZ1TwkUXyyyjtj6qonazgfKspZSAjSQDgIg2iDt_I8EBt2PX8WS5q-Eb9xznJNdr3IGqecQ
 လောကကြီးမှာ တချို့သူတွေက ငွေလွယ်လွယ်နဲ့ ရှာနိုင်ကြပြီး တချို့တွေကျ လုံးလည်ချာလည် လိုက်နေကြတယ်လို့ တွေးမိဖူးပါသလား။ မှန်ပါတယ်။ တချို့သူတွေက ငွေရှာပိုကောင်းတတ်ကြပါတယ်။ သတင်းကောင်းတစ်ခုပေးပါမယ်။ ငွေရှာတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်အောင် လေ့ကျင့်ယူနိုင်ပါတယ်။ ပိုပြီးကောင်းတဲ့ သတင်းတစ်ခုရှိပါသေးတယ်။
 ငွေ လွယ်လွယ်နဲ့ ရှာနိုင်မယ့် နည်းလမ်းငါးခု အောက်မှာ ရှိပါတယ်။
၁. အဆင်မပြေဖြစ်တာကို အသားကျအောင် လေ့ကျင့်ယူပါ
လူတိုင်း သက်တောင့်သက်သာ နေချင်ကြတာချည်းပါပဲ။ သက်တောင့်သက်သာနေရဖို့ဆိုတာ အလယ်အလတ်တန်းစားလူတွေရဲ့ အဓိကရည်ရွယ်ချက်ဖြစ်နေတတ်ပါတယ်။ ပြောစရာရှိတာက သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့ မလွယ်ကူပါဘူး။ သက်တောင့်သက်သာနေရအောင် ကြိုးစားနေရင် သူဋ္ဌေးဖြစ်ဖို့ အနှောင့်အယှက် ဖြစ်ပါတယ်။ ငွေများများရှာချင်ရင် သက်တောင့်သက်သာမရှိတဲ့ဘဝထဲမှာ အဆင်ပြေပြေနေတတ်ရပါမယ်။ ချမ်းသာချင်ရင် တစ်ခုခုပေးဆပ်ရမှာပါ။ ခဏလေးပေးဆပ်ပြီးရင်တော့ တစ်သက်လုံး သက်တောင့်သက်သာ နေသွားနိုင်ပါပြီ။ သက်တောင့်သက်သာမရှိပေမယ့် ငွေဝင်ဖို့ အထောက်အကူပြုတဲ့ အလုပ်ငါးခုကို ဒီနေ့ပဲ စလုပ်လိုက်ပါ။
၂. ချမ်းသာဖို့အကြောင်းပဲ စဉ်းစားပါ
သာမန်လူတွေကတော့ လွှမ်းမိုးခံရတာကို မကောင်းဘူးပဲ ထင်ကြမှာပါ။ အမှန်ကတော့ ချမ်းသာတဲ့သူတွေဟာ အောင်မြင်မှုရဲ့ လွှမ်းမိုးမှုကို ခံနေရတာ ချည်းပါ။ ချမ်းသာတဲ့သူတွေဟာ ဘဝနဲ့ စီးပွားရေးကို ဂိမ်းတစ်ခုလို့ မြင်ပါတယ်။ သူတို့ နိုင်ရမယ့်ဂိမ်းပါ။ သန်းနဲ့ချီပြီး ချမ်းသာတဲ့သူတွေ ဘာကြောင့်ဆက်ပြီး ငွေရှာနေလဲဆိုတာ အကြောင်းရှိပါတယ်။ သူတို့ဘဝမှာ ငွေဟာ အရေးမဟုတ်တော့ပါဘူး။ အောင်မြင်မှုနဲ့ အလုပ်ပြီးမြောက်မှုကိုသာ အလေးထားကြတာပါ။
ချမ်းသာချင်စိတ်ရဲ့ လွှမ်းမိုးမှုခံရတာဟာ မမှားပါဘူး။ ဘဝမှာ အောင်မြင်ဖူးတဲ့သူတွေဟာ ပိုအောင်မြင်တတ်ကြပါတယ်။ အောင်မြင်မှုရဲ့ ခံစားချက်က ဘယ်တော့မှ အိုဟောင်းမသွားပါဘူး။ ငွေများများရှာချင်တယ်ဆိုရင် ကိုယ် ဖြစ်ချင်တာကို စဉ်းစားပြီးတော့ အဲဒါကိုရဖို့ ဘာတွေကို စတေးနိုင်လဲ ဆိုတာ ဆုံးဖြတ်ပါ။ သင့်ရဲ့ ကိုယ်ပိုင် စည်းကမ်းနဲ့ ဆုံးဖြတ်ချက်ဟာ ရည်မှန်းချက်နဲ့ ထပ်တူညီနေရပါမယ်။
၃. ငွေကို မိတ်ဆွေလို့ သဘောထားပါ
လူတော်တော်များများက ငွေကို ရှားပါးထူးဆန်းတဲ့၊ ရဖို့ခက်ခဲပြီး ထိန်းသိမ်းဖို့က ပိုတောင်ခက်ခဲတဲ့ အရာအဖြစ် မြင်တတ်ကြပါတယ်။ ငွေများများလာအောင် ဆွဲဆောင်ချင်ရင်တော့ ငွေကို သင့်ရဲ့ အကောင်းဆုံးမိတ်ဆွေလို့ မှတ်ယူထားလိုက်ပါ။ အခက်အခဲအားလုံးကို အဆုံးသတ်ပေးမယ့်၊ သင့်ဘဝကို ကယ်တင်ပေးမယ့် မိတ်ဆွေကောင်းကြီး အနေနဲ့ပေါ့။ လူချမ်းသာတွေဟာ ငွေကို သူတို့ကို အကောင်းဆုံးကူညီပေးနိုင်တဲ့ မိတ်ဆွေကြီးအဖြစ် မြင်တတ်ကြပါတယ်။ အဲဒိအမြင်က သူတို့နဲ့ ငွေကြား ဆက်ဆံရေးကို ပိုပိုပြီး ကောင်းလာစေပါတယ်။ ငွေကို ကိုယ့်မိတ်ဆွေအဖြစ် အသိအမှတ်ပြုပါ။ သင့်စိတ်က ငွေပိုရအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။
၎.ငွေရဲ့ လျှို့ဝှက်ချက်တွေကို ရှင်းဖို့ မကြိုးစားပါနဲ့
လူအများစုဟာ ငွေရှာတာက ထူးဆန်းလျှို့ဝှက်တယ်လို့ မြင်ထားကြပါတယ်။ အမှန်ကတော့ ငွေဆိုတာ စိတ်ကူးစိတ်သန်း အကြံဉာဏ်တွေကနေ ထွက်ပေါ်လာတာပါ။ စိတ်ကူးစိတ်သန်းများများရှိလေ ချမ်းသာလေလေပါပဲ။ ဈေးကွက်စီးပွားရေးဆိုတာ ငွေကို အကြံဉာဏ်တွေနဲ့ လဲတာပါ။ အကြံကြီးလေ ကောင်းလေ ငွေရလေပါပဲ။
ချမ်းသာသူတွေက ပိုတော်ကြတာ မဟုတ်ပါဘူး။ ကံပိုကောင်းလို့ ပညာပိုတတ်လို့လဲ မဟုတ်ပါဘူး။ လျှို့ဝှက်ချက်တွေ မရှိပါဘူး။ ငွေအကြောင်း ဘာမှမသိသေးတဲ့ ကလေးလေးတစ်ယောက်လို၊ အကုန်လုံး လိုချင်တာရတဲ့သူတစ်ယောက်လို ချဉ်းကပ်ပါ။ ငွေရှာတာ မလွယ်ပါဘူး။ ဒါပေမယ့် ရိုးရိုးလေးပါ။
၅. ပျော်ပျော်နေပါ
လူတွေမချမ်းသာရတဲ့ အကြောင်းတစ်ခုကတော့ သူဋ္ဌေးဆိုတာ အချိန်တိုင်း အလုပ်လုပ်နေရတာဆိုပြီး အထင်မှားတတ်ကြလို့ပါ။ လူတော်တော်များများအတွက်ကတော့ ငွေဆိုတာ အချိန်နဲ့ ပေးဝယ်ရတာပါ။ ကြာကြာလုပ်မှ များများရတာပါ။ သူဋ္ဌေးတွေကတော့ အဲလို မဟုတ်ပါဘူး။
ကိုယ့်ဘာသာကြိုးစားလာတဲ့ သူဋ္ဌေးအများစုမှာ ပျော်စရာဘဝတွေ ရှိကြပါတယ်။ သူတို့ လုပ်ချင်တာ လုပ်နေရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေ တစ်နေ့လုံး ဝင်နေတာပါ။ သူတို့မှာ အပျော်ခရီးထွက်ဖို့ အချိန်တွေ ရှိပါတယ်။ဝါသနာပါတာတွေလုပ်နိုင်ပါတယ်။သူတို့မိသားစုတွေနဲ့လဲ အေးအေးဆေးဆေးနေနိုင်ပါသေးတယ်။ ချမ်းသာသူတွေရဲ့ဘဝဟာ တခြားလူအားလုံးထက် ပျော်စရာကောင်းပါတယ်။ သူတို့ လုပ်ချင်တာအားလုံး လုပ်လို့ရနေပါတယ်။ လူတိုင်း ပျော်စရာဘဝရှိပြီး လက်ဖျားငွေသီးနေတဲ့သူ ဖြစ်ချင်ကြမှာပါ။ ချမ်းသာအောင် အခုပဲ အချိန်ယူ ကြိုးစားလိုက်ပါတော့။
Gentleman Magazine
Tuesday 19 January 2016
ကုန်းရောရေပါမောင်းနှင်နိုင်တဲ့ ဆိုင်ကယ်
 http://www.gibbssports.com/media/cache/4b/85/4b85d6609cd41b71324b7b5c2df43aa7.jpg
ဂျိမ်းစ်ဘွန်းဇာတ်ကားထဲကလို ကုန်းရောရေပါ မောင်းနှင်နိုင်တဲ့ ဘီးတပ်ယာဉ်ကို အပြင်မှာ တကယ်ထွင်နိုင်လိုက်ပါပြီ။ အင်ဂျင်နီယာတွေဟာ မြေပြင်မှာသွားနေတဲ့ ရိုးရိုးမော်တော်ဆိုင်ကယ်ကို ရေပေါ်ကို မောင်းနှင်လိုက်တာနဲ့ မော်တော်ဘုတ်
တစ်စင်းလိုမျိုးပြောင်းလဲသွားနိုင်တာကို လက်တွေ့ပြသခဲ့ကြပါတယ်။
 Amphibians ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တာဖြစ်ပြီး ငါးစက္ကန့်အတွင်း မော်တော်ဆိုင်ကယ်ကနေ ရေပေါ်လျှပ်ပြေးမော်တော်ဘုတ်တစ်ခုအဖြစ်ကို
 ပြောင်းလဲပေးသွားမှာပါ။ အခုလောလောဆယ်ထုတ်လုပ်ထားတဲ့ Biski လို့အမည်ရတဲ့ ဒီဆိုင်ကယ်ဟာ တစ်ယောက်စီးအနေအထားနဲ့သာ ရရှိအုံးမှာဖြစ်ပြီး လွတ်လွတ်လပ်လပ် စီးချင်တဲ့သူတွေအတွက်တော့ အထူးသင့်တော်စေမှာဖြစ်ပါတယ်။
တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ ဒီဆိုင်ကယ်ကို မြေပြင်ပေါ်ကနေ တဖြည်းဖြည်း မောင်းနှင်လာခဲ့ပြီး မြစ်စပ်အရောက်ရေထဲကို ဆင်းလိုက်တဲ့အချိန်မှာတော့ ရေပေါ်လျှပ်ပြေးယာဉ်တစ်ခုလို စီးနင်းပြသွားခဲ့တာပါ။ ရေထဲကို ရောက်ရှိသွားချိန်မှာတော့ ရှေ့ဘီးရော နောက်ဘီးပါ ရေမျက်နှာပြင် အထက်ကို မြှောက်တက်သွားမှာဖြစ်ပြီး ဒီရဲ့ လုပ်ဆောင်ချက်ကိုတော့ စီးနင်းသူက ခလုပ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မော်တော်ဘုတ်တစ်ခုလို ရေထဲမှာ သွားလာနိုင်မှာဖြစ်ပါတယ်။
ဒီဆိုင်ကယ်ဟာ မြေပြင်ပေါ်မှာ တစ်နာရီကို ၈၇မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ရေပြင်ကို ရောက်ရှိနေချိန်မှာလည်း ဒီထက်မနှေးတဲ့အမြန်နှုန်းနဲ့ စီးနင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြင်းကောင်ရော ၅၅ ကောင်အားရှိတဲ့ ဓာတ်ဆီသုံး အင်ဂျင်နှစ်လုံးကို  ဒီဆိုင်ကယ်မှာ ထည့်သွင်းထားပေးတာကြောင့် အခုလို အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တာပါ။
အခုထုတ်လုပ်လိုက်တဲ့ Biski ဟာ Amphibians ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်ပြီး သူ့ရဲ့အရှေ့မှာ Amphibians ကုမ္ပဏီက လေးဘီးဆိုင်ကယ် ၊ ကားနဲ့ ထရပ်ကားတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒီရဲ့ ဆိုင်ကယ်ကိုတော့ မကြာခင်မှာ ဈေးကွက်အတွင်းဖြန့်ချိသွားတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Biski Website
( Paing A K )
Sunday 17 January 2016
လီကွမ်ယု နဲ့ Singapore
 http://www.challenge.gov.sg/images/default-source/feature-stories/remembering-lee-kuan-yew/challenge-tribute-lee_kuan_yew-3.jpg?sfvrsn=2
https://timedotcom.files.wordpress.com/2015/03/150318-lee-kuan-yew-03.jpg?quality=65&strip=color&w=838 http://www.straitstimes.com/sites/straitstimes.com/files/imagecache/2014_revamp_615x346/20150324/ST_20150324_LKY_7PIXLKY3AMD_382396e.jpg
 http://www.citynews.sg/wp-content/uploads/img-The-Day-I-Met-Mr-Lee-Kuan-Yew-1.jpg
 http://www.theonlinecitizen.com/wp-content/uploads/2015/06/pm-lee-kuan-yew-plant-a-raintree-sapling-at-east-coast-park.jpg
၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။ လူတွေဟာ လယ်တောအိမ်မှာ ၀က်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာဝသယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံ အဆောက်အဦ ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊ ပညာရေး စနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်း မရှိ။ ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။
၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။
၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။ အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့အခါ စင်ကာပူက နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်အားကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ၀န်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။
ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီဝနည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့  တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက ဒီနေ့ ၆၅၀၀၀ ဖြစ်လို့ အဆပေါင်း ၁၀၀ ကျော် တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါဝင်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။ စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။ စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှ ထိပ်တန်း တွေးခေါ်ပညာရှင် ပါမောက္ခ Kishore Mahbubani က စင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ (၁) ဈေးကွက်စီးပွားရေး (၂) သိပ္ပံနှင့် နည်းပညာ၊ (၃) လူတော်လူကောင်းကို နေရာပေးခြင်း (၄) လက်တွေ့ကျခြင်း (၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ (၆) တရားဥပဒေ စိုးမိုးမှု (၇) ပညာရေး တို့ ဖြစ်ပါတယ်။
တကယ်က လီကွမ်ယုဟာ သူ ၀န်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။ တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။ “တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လို ရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။
တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ (၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊ (၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ (၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊ ဒီအချက် သုံးချက်ပါပဲ။ 
လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။
သမ္မတ နိုင်ငံတော် ကျမ်းမှာ ပလေတိုက “ဖီလော်ဆိုဖာက တိုင်းပြည်ကို အုပ်ချုပ်၊ သတ္တိ ဗျတ္တိနဲ့ တိုက်ချင်ခိုက်ချင်စိတ် ရှိသူက စစ်တပ်ထဲကိုသွား၊ စည်းစိမ်ဥစ္စာနဲ့ လောဘ ကာမဂုဏ်မှာ ခုံမင်သူကတော့ ကုန်သည် လယ်လုပ် အလုပ်တွေနဲ့ စီးပွားရှာ”သင့်တယ်လို့ လမ်းညွန်ထားပါတယ်။
 ညီစောလွင်
Friday 15 January 2016
EVENTS IN YANGON TILL END OF FEB 2016
EVENTS IN YANGON TILL END OF FEB 2016
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ နှစ် ၁၁၀ ပြည့်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်
From 23-Jan-2016 To 25-Jan-2016
Yangon Zoo Gerden
6th Myanmar Oil and Gas Submit 2016 
From 28-Jan-2016 To 29-Jan-2016
Sedona Hotel, Kabar Aye Pagoda Road, Yangon
အဆိုတော် ခိုင်ထူးနှင့် ဂျေမောင်မောင်တို့၏ "60-64 Show"
From 30-Jan-2016 To 30-Jan-2016
People Park, Yangon
Leopalace 21 Myanmar Open ဂေါက်သီးရိုက်ပြိုင်ပွဲ
From 04-Feb-2016 To 07-Feb-2016
မင်္ဂလာဒုံ ဂေါက်ကွင်း၊ ရန်ကုန်မြို့
မြန်မာ့ရှေးဟောင်းမော်တော်ယာဉ်များ ပြပွဲ
From 13-Feb-2016 To 14-Feb-2016
People's Park and People's Square
လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ဗုဒ္မပူဒနိယ ပွဲတော်
From 13-Feb-2016 To 27-Feb-2016
မင်းဓမ္မကုန်းတော်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
ကျိုက်ခေါက်ဘုရားပွဲတော်
From 16-Feb-2016 To 24-Feb-2016
ကျိုက်ခေါက်စေတီတော်၊ သန်လျင်မြို့