Saturday 9 January 2016

A-6 တွင် အလားအလာကောင်းသော သဘာဝဓာတ်ငွေ့သိုက်သစ်တစ်ခုကို တွေ့ရှိထားသည်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် သဘာဝဓာတ်ငွေ့သိုက်အသစ်တွေ့ရှိခဲ့သည့် A-6 လုပ်ကွက်နေရာကို တွေ့ရစဉ်။ MOGE
မြန်မာ့ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက်တစ်ခု ဖြစ်သော A-6 တွင် အလားအလာကောင်းသော သဘာဝဓာတ်ငွေ့သိုက်သစ်တစ်ခုကို တွေ့ရှိထားသည်ဟု အဆိုပါလုပ်ကွက်တွင် ရေနံရှာဖွေရေး
လုပ်ကိုင်လျက်ရှိသည့် MPRL နှင့် ဩစတြေးလျအခြေစိုက် Woodside ကုမ္ပဏီများက
ကြေညာထားသည်။

ရခိုင်ကမ်းလွန် လုပ်ကွက်တစ်ခုဖြစ် သော A-6  တွင် တူးဖော်ခဲ့သည့် ရေနံရှာဖွေ ရေးတွင်း
ရွှေရည်ထွန်း (၁) ၌ သဘာဝဓာတ် ငွေ့ကော်လံ ၄၂၃ ပေခန့်ရှိသည့် သဘာဝ ဓာတ်ငွေ့ခိုအောင်း
သဲကြောကို ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါသဘာဝဓာတ်ငွေ့ ကော်လံတွင် သဘာဝဓာတ်ငွေ
့ခိုအောင်းနေ သည့် Net Gas Pay ဧရိယာမှာ အနည်းဆုံး ပေ ၅၀ ခန့်ရှိသည်ဟု အဆိုပါကုမ္ပဏီ
များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  ဘင်္ဂလားပင်လယ်အော်ရှိA-6 လုပ်ကွက် မှာ ၉,၈၃၀ ကီလိုမီတာအကျယ်အ၀န်းနှင့် ရေအနက် မီတာ ၅၀ မှ ၂,၅၀၀မီတာကြားရှိပြီး၊ A-6 လုပ်ကွက်အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေရေးစာချုပ်ကို မြန်မာ့ရေနံနှင့်
သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် MPRL ကုမ္ပဏီတို့ ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း
ဖြစ်သည်။

ယခုရှာဖွေတွေ့ရှိမှုသည် မြန်မာ့ကမ်းလွန် ရေနက်ပိုင်းရေနံရှာဖွေရေးသမိုင်းတစ်လျှောက်တွင်
ပထမဆုံးသော ကြီးမားသည့် သဘာဝ ဓာတ်ငွေ့သိုက်ရှာဖွေတွေ့ရှိမှုဖြစ်ပြီး၊ ကနဦး ရှာဖွေတွေ
့ရှိမှုများကို ဆက်လက်အကဲဖြတ် သုံးသပ်နေဆဲဖြစ်သည်ဟုလည်း MPRL က ဆိုထားသည်။
"စီးပွားဖြစ်ထုတ်လုပ်နိုင်မယ့် အနေ အထားအတွက် မသေချာသေးပေမယ့် အလားအလာကောင်းတဲ့
သဘာဝဓာတ်ငွေ့ သိုက်သစ် တွေ့ရှိမှုဖြစ်ပါတယ်။ သဘာဝ ဓာတ်ငွေ့ခိုအောင်းပမာဏကို
သိရှိနိုင်ဖို့ အနည်းဆုံး အကဲဖြတ်တွင်း နှစ်တွင်းလောက် ထပ်တိုးရပါလိမ့်မယ်" ဟု မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အကြံပေးပညာရှင်ဖြစ်သူ ဦးသန်းထွန်းက ပြောသည်

 မြန်မာ့ကမ်းလွန်ပိုင်းတွင် လက်ရှိထုတ်လုပ်နေဆဲဖြစ်
သည့် ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့သိုက်များအပြင် ရွှေနှင့် ဇောတိကသဘာဝဓာတ်ငွေ့
သိုက်အသစ်များကိုလည်း ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့ တွင် စီးပွားဖြစ်စတင် ထုတ်လုပ်ခဲ့
သည်။

၂၀၁၃ ခုနှစ် M-3 လုပ်ကွက်တွင် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက သဘာဝဓာတ်ငွေ့သိုက်
သစ်တွေ့ရှိပြီးနောက် ယခု A-6 လုပ်ကွက်တွင် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ကမ်းလွန်
ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ထပ်မံတွေ့ရှိနိုင် သည့် အလားအလာများ
ရှိနေသောကြောင့် နိုင်ငံတကာရေနံကုမ္ပဏီများ စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း
လက်ရှိတွင် နိုင်ငံ တကာ ရေနံစိမ်းဈေးကျဆင်းနေမှုကြောင့် ထိုင်းနှင့် တရုတ်နိုင်ငံများသို့
တင်ပို့ရောင်းချ လျက်ရှိသည့် မြန်မာ့သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းမှာလည်း ဆက်တိုက်ကျ
ဆင်းလာ နေသည်။ "သဘာဝဓာတ်ငွေ့ဈေးက ဆက်ကျနေ တယ်။ ၂၀၁၅ ခုနှစ် တတိယ
သုံးလပတ်ကာလ မှာ Per MMBTU ကို ၈ ဒသမ ၆ ဒေါ်လာ ရှိတယ်။ အဲဒီနောက်ပိုင်း
ရှစ်ဒေါ်လာကနေ ဒီနှစ်မှာ ခုနစ်ဒေါ်လာလောက်အထိ ကျသွားမယ်လို့ ခန့်မှန်းထားတယ်" ဟု
ဦးသန်းထွန်းက ပြောသည်။

လက်ရှိ မြန်မာ့ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ နေ့စဉ်သဘာဝ ဓာတ်ငွေ့ကုဗပေသန်း
၂,၀၀၀ ကျော် ထုတ်လုပ်လျက်ရှိပြီး၊ ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်သော သဘာဝဓာတ်ငွေ့ကို
ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိသည်။

No comments:

Post a Comment