Tuesday 29 December 2015

ကျောက်ဖြူ အထူးစီးပွားရေးဇုန် နယ်နမိတ် လွှတ်တော်အတည်ပြု

 ကျောက်ဖြူ , ရခိုင် , အထူးစီးပွားရေးဇုန် , နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု , ပြည်ထောင်စုလွှတ်တော်
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ရန် ရှိနေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နမိတ်ဧရိယာ သတ်မှတ်ခြင်း ကို ဒီဇင်ဘာ ၂၉ရက်နေ့တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများ သောကြောင့် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ်သတ်မှတ်ခြင်းကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ယင်းဧရိယာသတ်မှတ်ခြင်းကို အတည်ပြုပေးနိုင်ရန် စက်ခလုတ်သုံး၍ မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူပေါင်း ၅၁၁ ဦး အနက် ထောက်ခံမဲ ၄၂၄ မဲ၊ ကန့်ကွက်မဲ ၂၃ မဲ၊ ကြားနေမဲ ၂ မဲ ရရှိခဲ့သောကြောင့် ယင်းသို့ အတည်ပြုလိုက်ခြင်းဖြစ်ပြီး ကျောက် ဖြူ အထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများ တည်ထောင်နိုင်ရေးအတွက် လိုအပ်သည့်မြေ ၄၂၈၉ ဒသမ ၃၂ ဧကနေရာဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းတည်ဆောက်မည့် တင်ဒါလုပ်ထုံးလုပ်နည်း၌ ရှယ်ယာ အကျိုးအမြတ် ခွဲဝေမှု တွင် မြန်မာက ၁၅ ရာခိုင်နှုန်း၊ နိုင်ငံခြားကုမ္ပဏီက ၈၅ ရာခိုင်နှုန်းသတ် မှတ်ထားမှုအပေါ် လွှတ်တော်ကိုယ်စား လှယ် တချို့ က ထောက်ပြကြကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ် တော် အနေဖြင့် ဇုန်အဖြစ်သတ်မှတ်ပေးရန်သာဖြစ်ပြီး နောက် ဆက်လက် အကောင်အထည်ဖော်မည့်ကိစ္စများကိုမူ ယခု အစိုးရ လက်ထက်မဟုတ်ဘဲ နောက်တက်လာမည့် အစိုးရသစ် လက်ထက် တွင် စနစ်တကျ အကောင်အထည်ဖော်ပေးရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီနေ့ ကျနော်တို့ဆီကို နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပြီးတောင်းတာ တခုပဲရှိပါတယ်။ ဒါဘာလဲဆိုရင် ဒီ ကျောက် ဖြူ စီးပွားရေးဇုန် သတ်မှတ်ပေးဖို့။ ဒါကြောင့်မို့ ကျနော်တို့လွှတ်တော်က ဒီမှာ ကျောက်ဖြူစီးပွားရေးဇုန် သတ် မှတ်ဖို့ သဘောတူမတူ ဆုံးဖြတ်ပေးဖို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ စီးပွားရေး model ကတော့ နောင်တက်လာမယ့်အစိုးရ တက်လာ မယ့်အဖွဲ့အစည်းများက ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် ရေနက်ဆိပ် ကမ်းတည်ဆောက်ခြင်း၊ စက်မှုဇုန်အကောင်အထည် ဖော်ခြင်း တင်ဒါကို သမ္မတဦးသိန်းစိန်အစိုးရက  ဒီဇင်ဘာ ၃၀ ရက်၌ ကြေညာရန် လျာထားသဖြင့် ယခုကဲ့သို့ ဒီဇင်ဘာ နောက်ဆုံးပတ် လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ပေးရခြင်းဖြစ်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း နယ်နမိတ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးတင်ပြခဲ့ကြရာ အများစုက ဆွေးနွေးရာတွင် ယင်းစီမံကိန်းကို ကြိုဆိုသော်လည်း အကောင်အထည် ဖော်ရာ တွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ဒေသခံများ၏အသံကို နားထောင်ရန်၊ စီမံကိန်းသည် နိုင်ငံတော်အတွက် အရေး ပါသည့် အတွက် နယ်နိမိတ်သတ်မှတ်ခြင်းကို အလျင်စလိုလွှတ်တော်က ဆုံးဖြတ်ပေးခြင်းမပြုရန် စသည်တို့ကို အဓိက ထား ဆွေးနွေးကြသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် နိုင်ငံအတွက် မဟာဗျူဟာမြောက်နေရာတွင် ရှိနေသည့်အတွက် မြန်မာနိုင်ငံ ဘက်မှ အနည်းဆုံး ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သင့်ကြောင်း၊ စီမံကိန်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်သူ လူထုနှင့် လူမှု အဖွဲ့ အစည်းများကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ထောက်ခံသဘောတူညီမှုကို ယူသင့်ကြောင်းကိုလည်း ရခိုင်အမျိုး သား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြခဲ့သည်။
“ယခုကဲ့သို့ ပထ၀ီနိုင်ငံရေးအရ အရေးပါသော မဟာဗျူဟာမြောက်ဆိပ်ကမ်းကို နိုင်ငံတော်နဲ့နိုင်ငံသားများကသာ ရှယ် ယာအများစုကို ပိုင်ဆိုင်သင့်ပါတယ်။ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများကို လေ့လာကြည့်ရင်လည်း နိုင်ငံတိုင်းလိုလို၏ ရေနက်ဆိပ်ကမ်းများကို နိုင်ငံသားအများစု ပိုင်ဆိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုလိုအပ်ခဲ့ရင် လည်း အတိုးနှုန်းသက်သာတဲ့ ချေးငွေများနဲ့ ဆက်လက်ဆောင်ရွက်အကောင်အထည်ဖော်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထမအဆင့်ဖြစ်သည့် စိတ်ကူးစီမံချက်ရေးဆွဲခြင်းနှင့် ဒုတိယအဆင့်ဖြစ်သည့် အကြံ ပေးကုမ္ပဏီကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်၍ တတိယ အဆင့် ဖြစ်သည့် ရင်းနှီးတည်ဆောက်သူများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်၏ နောက်ဆုံး အဆင့်ဖြစ်သည့် တင်ဒါရလဒ်အား ကြေညာရမည့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ် ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက လွှတ်တော်တွင် ပြောဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံအများစုက စိုးရိမ်နေကြပြီး အထူးသဖြင့် ရှယ်ယာခွဲဝေမှုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူက ရှယ်အများဆုံးပေးထားခြင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေသိမ်းမှု ပြဿ နာများ ကြုံတွေ့နေရခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း မသေချာခြင်းတို့ကြောင့် အပါအ၀င် အခြေအနေများ ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

မှီခိုလွန်းတဲ့စိတ်ကို ဖြတ်တောက်ပြစ်ပါ

 

တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ အာရေဗျ သိမ်းငှက်နှစ်ကောင်ကို လက်ဆောင်ရခဲ့ပါသတဲ့။ အဲဒီသိမ်းငှက်တွေလို လှပတဲ့ငှက်မျိုးကို ဘုရင်ကြီးက တစ်ခါမှမတွေ့ဖူးသေးပါဘူး။ သူ့ရဲ့အဖိုးတန် သိမ်းငှက်နှစ်ကောင်ကို စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ပေးဖို့ကို နန်းတွင်းသိမ်းငှက်လေ့ကျင့်ရေးမှူးကိုတာဝန်ပေးထားလိုက်ပါတယ်။

လအနည်းငယ်အကြာမှတော့ လေ့ကျင့်ရေးမှူးကြီးက သိမ်းငှက်နှစ်ကောင်အနက် တစ်ကောင်ကတော့ ကောင်းကင်ပေါ်မှာ ခန့်ခန့်ညားညားတစ်ဟုန်ထိုး လေဟုန်စီးပြီး ပျံတက်ပျံဆင်းနဲ့ ပျံသန်းနေပြီဖြစ်ပေမယ့် အခြားတစ်ကောင်ကတော့ ပျံသန်းရမယ့်အစားရောက်လာတဲ့နေ့ကစပြီး သူ့ရဲ့သစ်ကိုင်းမှာပဲ နားနေပါတယ်လို့ ဘုရင်ကြီးကိုလာရောက်လျောက်ထားပါတယ်။

အဲဒါကြောင့် တိုင်းပြည်တလွှားကို ကြေငြာမောင်းခတ်ပြီး သိမ်းငှက်ကို ပျံအောင် ဆောင်ရွက်နိုင်မယ့် ဆေးဆရာတွေ၊ မှော်ဆရာတွေကို ဆင့်ခေါ်ပြီး ကုသခိုင်းပေးမယ့်မရပါဘူး။ အဲဒါနဲ့ဘုရင်ကြီးက စိတ်မလျော့ပဲ ပညာရှိတွေနဲ့ မှူးကြီးမတ်ရာတွေကို တာဝန်ပေးပြီး ကြိုးစားလုပ်ဆောင်ခိုင်းတော့လဲ မအောင်မြင်ပြန်ပါဘူး။ နည်းပေါင်းစုံသုံးပေးမယ့်လည်း မအောင်မြင်တာကြောင့် ဘုရင်ကြီးက ပြန်သုံးသပ်တော့ “ကျေးလက်တောရွာထဲက ငှက်တွေရဲ့သဘာဝကိုနားလည်မယ့် သူတစ်ဦးကိုရှာဖွေပြီး တာဝန်ပေးလျှင်ရနိုင်လောက်တယ်” လို့အကြံရသွားပါတယ်။ အဲဒါနဲ့ ရဲမက်တွေကို ကျေးလက်တောရွာထဲမှလေ့ကျင့်ပေးနိုင်မည့်သူအား ရှာဖွေဖို့လွှတ်လိုက်ပါတယ်။

နောက်တစ်နေ့မနက်ခင်းမှာ ဘုရင်ကြီးဟာ ဥယျာဉ်တော်ပေါ်မှာ ပျံသန်းနေတဲ့ သိမ်းငှက်ကိုတွေလိုက်ရတော့ အံ့အားသင့်ပြီး ရဲမက်များအား “သိမ်းငှက်အားပျံသန်းအောင် ဆောင်ရွက်နိုင်သူကို ရှေ့တော်မှောက်သွင်းစေ” လို့အမိန့်တော်ချလိုက်ပါတယ်။ အဲဒါနဲ့ ကျေးတောသားတစ်ဦးကို ရဲမက်များကခေါ်လာရာမှာ ဘုရင်ကြီးက “မောင်မင်း သိမ်းငှက်ကို ပျံသန်းအောင် မည်သို့ပြုလုပ်သနည်း” လို့မေးတော့ ကျေးတောသားမှ အရိုအသေပေးရင်း “အလွန်တရာမှ လွယ်ကူပါတယ်အရှင်မင်းကြီး၊ သိမ်းငှက်နားနေသည့် သစ်ကိုင်းအားခုတ်ဖြတ်လိုက်ခြင်းသာဖြစ်ပါတယ်” လို့လျောက်တင်လိုက်ပါတယ်။

ကျွန်တော်တို့အားလုံးကို ပျံသန်းနိုင်ဖို့အတွက်ဖန်ဆင်းထားခြင်းဖြစ်ပါတယ် – ကျွန်တော်တို့ဟာ လူသားတစ်ယောက်ဖြစ်ပြီး မိမိတို့ရဲ့ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်စွမ်းကို သဘောပေါက်သိရှိပြီး အပတ်တကုတ်ကြိုးစားအားထုတ်နေကြရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာကျွန်တော်တို့ဟာ ကြိုးစားအားထုတ်ရမယ့်အစား မိမိတို့ရဲ့ရင်းနှီးကျွမ်းဝင်ရာ အရာများကိုဖက်တွယ်ထားမိတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ တိုးတက်ကြီးပွားနိုင်ချေဟာ အတိုင်းအဆမရှိပေမယ့် အများစုကတော့ မိမိရဲ့တိုးတက်နိုင်စွမ်းကို မသိရှိကြပါဘူး။ ကျွန်တော်တို့ဟာ ရင်းနှီးကျွမ်းဝင်ပြီးသားအရာများ၊ သက်တောင့်သက်သာဖြစ်မှုများနဲ့ သာမန်ဘ၀အားပိုမိုနှစ်ခြိုက်လေ့ရှိကြပါတယ်။ အဲဒါကြောင့် အသက်တာကို သာမန်အမှုမဲ့အမှတ်မဲ့ဖြတ်သန်းနေခြင်းမဟုတ်ပဲ ကြိုးစားအားထုတ်ရင်း ကျွန်တော်တို့ရဲ့ မသိရှိရသေးတဲ့ ကိုယ်ပိုင်အစွမ်းအစများအားဖေါ်ထုတ်ကြပါစို့။

စောဒေးဗစ် (လှည်းကူး အေဒီပီ)

Sunday 27 December 2015

နော်ဝေဟာ ကမ္ဘာပေါ်မှာ နိုင်ငံ အကောင်းဆုံး

 https://familysearch.org/learn/wiki/en/images/6/6c/Norway_2x2.jpg
  နော်ဝေဟာ ကမ္ဘာပေါ်မှာ နေလို့ အကောင်းဆုံးနိုင်ငံဟု ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းက ဖော်ပြလိုက်သည်။ သြစတြေးလျနှင့် ဆွစ်ဇာလန်တို့က အစဉ်လိုက် ရပ်တည်သည်။ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်းက ကမ္ဘာ့နိုင်ငံများကို အဆင့် သတ်မှတ် ထားခြင်းဖြစ်သည်။ ညွှန်းကိန်းသည် ကမ္ဘာ့နိုင်ငံ (၁၈၈) နိုင်ငံ၏ ဘ၀သက်တမ်း၊ ပညာရေးနှင့် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေတို့ အပေါ် အဓိက အခြေခံ တွက်ချက်ပြီး နိုင်ငံများကို အဆင့် သတ်မှတ် ထားခြင်း ဖြစ်သည်။ နော်ဝေသည် ယခု စာရင်းတွင် (၁၂) နှစ် တိုင်တိုင် ထိပ်ဆုံးမှာ ရပ်တည် ခဲ့ခြင်း ဖြစ်သည်။ နော်ဝေ နိုင်ငံသားများသည် တစ်ဦးချင်း တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ (၆၅၀၀၀) ရှိကြောင်းလည်း သိရသည်။ နေလို့အကောင်းဆုံး ထိပ်ဆုံး ဆယ်နိုင်ငံသည် အနောက်နိုင်ငံများချည်း ဖြစ်နေကြောင်းလည်း တွေ့ရသည်။ နိုင်ငံသားများ သက်တမ်း ပိုရှည်သည်၊ ပညာရည်မြင့်မားသည်၊ ၀င်ငွေ ကောင်းကြသည်။  အမေရိကန်က အဆင့်ရှစ်၊ ဗြိတိန်က ဆွီဒင်နှင့် ပူးတွဲ အဆင့် (၁၄) ၌ ရပ်တည်သည်။ ဟောင်ကောင်သည် အဆင့် (၁၂) တွင် ရပ်တည်ပြီး တရုတ်ပြည်မကြီးမူကား ဖီဂျီ၊ မွန်ဂိုလီးယားတို့နှင့် ပူးတွဲ အဆင့် (၉၀) ၌ ရပ်တည်သည်။ ကာတာ နိုင်ငံသားများသည်သည် တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေ တစ်နှစ် ဒေါ်လာ (၁၂၃၁၂၄) ဖြင့် အချမ်းသာဆုံး ဖြစ်ကြောင်း တွေ့ရသည်။

             ဗဟိုအာဖရိက နိုင်ငံသားများသည် တစ်နှစ် ပျမ်းမျှဝင်ငွေ (၅၈၁) ဒေါ်လာဖြင့် အဆင်းရဲဆုံး လူများ အဖြစ် သတ်မှတ်ခံရသည်။ ကိုယ့်လက်ထဲ ကိုင်ထားနိုင်သော ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးဖြင့် ၀ယ်ယူလို့ ရသော ကုန်ပစ္စည်းပမာဏ  ပေါ် မူတည်ပြီး ပျမ်းမျှ တစ်နှစ်ဝင် ငွေကို တွက်ချက်ခြင်း ဖြစ်သည်။ ဘာကီနာဖာဆို နိုင်ငံသားများကား ပညာရည် အနိမ့်ဆုံး ဖြစ်သည်။ နိုင်ငံသား တစ်ဦးလျှင် ပျမ်းမျှ ကျောင်းနေချိန် (၁ ဒသမ ၄) နှစ်သာ ရှိ သည်။ နှိုင်းယှဉ်ရလျှင် ဂျာမနီနိုင်ငံသား တစ်ဦးသည် ကျောင်းနေချိန် (၁၃ ဒသမ ၁) နှစ်ထိ ရှိသည်။
          အသက်ရှည်ရှည် နေချင်လျှင်တော့ ဟောင်ကောင်မှာ နေတာ ကောင်းလိမ့်မည်။ ဟောင်ကောင်သားများသည် ပျမ်းမျှ သက်တမ်း (၈၄) နှစ်ထိ ရှိကြသည်။ နှိုင်းယှဉ်ရလျှင် အာဖရိကတိုက်က ဆွာဇီလန် နိုင်ငံသားများကား ပျမ်းမျှသက်တမ်း (၄၉) နှစ်သာ ရှိကြသည်။   မြောက်ကိုရီးယား၊ မာရှဲ ကျွန်းစုများ၊ မိုနာကို အပါအ၀င် နိုင်ငံနှင့် ဒေသ ခုနှစ်ခုကိုမူ အချက်အလက်များ လုံလောက်အောင် မရသဖြင့် ချန်လှပ် ထားခဲ့ရကြောင်း သိရသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု  ညွှန်းကိန်း ထိပ်ဆုံး နိုင်ငံ (၂၀)

၁။ နော်ဝေ
၂။ ၾသစေၾတးလ်
၃။ ဆွစ်ဇာလန်
၎။ ဒိန်းမတ်
၅။ နယ်သာလန်
၆။ ဂျာမနီ

၇။ အိုင်ယာလန်
၈။ အမေရိကန်
၉။ ကနေဒါ
၁၀။ နယူးဇီလန်

၁၁။ စင်ကာပူ
၁၂။ ဟောင်ကောင်
၁၃။ လီချက်စတိုင်း
၁၄။ ဆွီဒင်
၁၄။ ဗြိတိန်
၁၆။ အိုက်စလန်
၁၇။ တောင်ကိုရီးယား
၁၈။ အစ်္စရေး
၁၉။ လူဇင်ဘတ်
၂၀။ ဂျပန်

၂၀၁၁-၂၀၁၅ လွှတ်တော်ထဲက ထွက်လာတဲ့ ထူးထူးခြားခြားဥပဒေများ

http://travelnaypyitaw.org/images/parliament/parliament-building-01.jpg

 ၁ - ဆက်သွယ်ရေးဥပဒေ
ဆက်သွယ်ရေးဥပဒေကို ၂ဝ၁၃၊ အောက်တိုဘာ ၈ ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း တည်ထောင်ခွင့်ပေးတဲ့ ဥပဒေဖြစ်သလို ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီးတော့ ပစ္စည်းတစ်ခုခုကို ခိုးယူတာ၊လိမ်လည်အလွဲသုံးစားလုပ်တာ၊ အကျိုးဖျက်ဆီးတာ၊ ခြောက်လှန့် အနိုင်အထက်ပြုတာ၊ အသရေဖျက်တာ၊ ခြိမ်းခြောက်တာတွေကိုဥပဒေအရ အရေးယူမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေအရ နိုင်ငံခြားကုမ္ပဏီနှစ်ခုကို တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်တဲ့အတွက် ခေတ်အဆက်ဆက် ကမ္ဘာမှာ ဘယ်နေရာမှာမှမကြားဖူးအောင် သိန်းဂဏန်းအထိ ဈေးမြင့်ခဲ့တဲ့ မိုဘိုင်းဖုန်းကတ်တွေဟာ ကျပ် ၁,၅ဝဝ အထိ ဖြစ်သွားခဲ့ပြီး ဒေသတချို့မှာရှိတဲ့ ကျေးလက်နေ ပြည်သူအများအပြားလက်ကိုင်ဖုန်းသုံးစွဲလာနိုင်ခဲ့ပါတယ်။ လောလောဆယ် ဆက်သွယ်ရေးဥပဒေအရ တရားစွဲခံထားရတဲ့အမှုတွေရှိနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကို အင်တာနက် လူမှုကွန်ရက်မှာ အပုပ်ချပြောဆိုရေး သားတယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုတွေပါ။

၂ - အမျိုးသား ပညာရေး ဥပဒေ
၂ဝ၁၄ စက်တင်ဘာ ၃ဝ ရက်နေ့က ပြဋ္ဌာန်းတဲ့ ဒီဥပဒေဟာ တက္ကသိုလ်၊ ကောလိပ်တွေကို လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိလာဖို့၊ အခြေခံပညာရေးမှာလည်း အခမဲ့ပညာရေးစနစ်၊ ကျောင်းသားအသင်းအဖွဲ့များဖွဲ့စည်းခွင့်တို့အပေါ်အခြေခံတဲ့ ဥပဒေဖြစ်ပါတယ်။
ဒီဥပဒေမှာ ပါတဲ့အချက်တွေဟာ ပညာရေးလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်နေတယ်လို့ ဝေဖန်နေတဲ့ကြားက ဒီဥပဒေကို လွှတ်တော်မှာဆွေးနွေး၊ အတည်ပြုလိုက်တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးပြီး တရားစွဲဆိုရာမှာ အမှုတွေက ကနေ့အထိ မပြီးပြတ်သေးပါဘူး။ ၂ဝ၁၅ ဇွန် ၁၈မှာတော့ ပြည်ထောင်စုလွှတ်တော်က အဲဒီ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ချက်တွေနဲ့ ထပ်မံအတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

၃- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ
ဒီဥပဒေကို ၂ဝ၁၂ ခုနှစ် မတ်လ ၃ဝ ရက်နေ့ မှာပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေနဲ့အတူ ပြဋ္ဌာန်းတဲ့ လယ်ယာမြေဥပဒေအရ မူလ လက်ငုတ်လုပ်ကိုင်တဲ့ တောင်သူတွေဟာ ကိုယ့်လယ်ယာကို မှတ်ပုံတင်ပြီးရင် ပေါင်နှံရောင်းချခွင့်၊ ငှားရမ်း လဲလှယ်ပိုင်ခွင့်၊ အမွေပေးပိုင်ခွင့်၊
ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းပိုင်ခွင့်၊ နိုင်ငံခြားပါဝင်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခွင့်တွေရှိပါတယ်။

ဒီဥပဒေတွေနဲ့အတူ ပေါ်ထွက်လာတဲ့အတွက် မူလလက်ငုတ်လုပ်ကိုင်နေကြတဲ့ တောင်သူ လယ်သမားတွေ အဆင်ပြေပေမယ့် ယခင်တပ်မတော်အစိုးရလက်ထက်နည်းမျိုးစုံနဲ့ လယ်သိမ်းခံထားကြရတဲ့သူတွေအတွက်တော့ တစ်စုံတစ်ရာ အကျိုးမဖြစ်ထွန်းပါဘူး။ ဒီဥပဒေတွေနဲ့ အတူတကွပေါ်ထွက်လာတာကတော့ နေရာအနှံ့လယ်သိမ်းဆည်းခံ ထားရတဲ့ တောင်သူလယ်သမားတွေရဲ့ ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေပါပဲ။ တိုင်းနဲ့ ပြည်နယ်အနှံ့ အိုးပိုင်အိမ်ပိုင်မရှိကြတဲ့ ပြည်သူအများအပြား စီမံကိန်းမတည်ဆောက်ရသေးတဲ့နေရာတွေမှာ ကျူးကျော်နေထိုင်ကြတဲ့ ပြဿနာတွေလည်း ပေါ်ပေါက်လာပါတယ်။

၎- အလုပ်သမားအဖွဲ့အစည်းဥပဒေ
အခြေခံအလုပ်သမားအဖွဲ့အစည်းကိုလုပ်ငန်း  ဒါမှမဟုတ် အလုပ်လုပ်နေတဲ့ အမျိုးအစားအလိုက်အနည်းဆုံး အလုပ်သမားဦးရေ ၃ဝရှိတာနဲ့ ဖွဲ့စည်းခွင့်ရှိတယ်လို့ ၂ဝ၁၁ အောက်တိုဘာ ၁၁ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ဒီဥပဒေက ဆိုပါတယ်။
လက်ရှိအချိန်အထိ အလုပ်သမားဥပဒေတွေနဲ့ ပတ်သက်ပြီး အနည်းဆုံး လုပ်ခဆိုင်ရာဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အလုပ်သမားလူမှုဖူလုံရေး ဥပဒေတွေသာ ပြဋ္ဌာန်းနိုင်ခဲ့သေးပြီး အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ မပြီးဆုံးနိုင်သေးပါဘူး။
စက်ရုံအလုပ်ရုံ အလုပ်သမားတွေအတွက် ဥပဒေအရ အကာအကွယ်မရှိတဲ့ အခြေအနေကို ကျော်လွန်လာပြီလို့ ပြောနိုင်ပေမယ့်လည်း ဥပဒေချိုးဖောက်တဲ့ အလုပ်ရှင်ကို ဒဏ်ငွေလောက်သာအပြစ်ပေးနိုင်တာကြောင့် အလုပ်သမားတွေကို ထိထိရောက်ရောက်အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ခုတော့ မဟုတ်သေးဘူးလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ဝေဖန်ပါတယ်။

၅- အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

၂ဝ၁၃ သြဂုတ် ၇ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေအရဆိုရင် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်တဲ့ဝန်ထမ်း၊ အရာရှိဟာ ထောင် ၁၅ နှစ်အထိ ကျခံရနိုင်သလို အရပ်သားထဲက လာဘ်ပေးလာဘ်ယူမှုကျူးလွန်သူဟာလည်း ထောင် ၁ဝ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
တိုင်ကြားတဲ့သူဟာလည်း သက်သေအထောက်အထား အတိအကျရှိရမှာ ဖြစ်သလို လိမ်လည်တိုင်ကြားခဲ့မယ်ဆိုရင်လည်း ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၂ဝဝ ကျော်ရှိလာပြီလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြောပါတယ်။ သို့သော်လည်း အောက်ခြေအဆင့် ဝန်ထမ်းတွေကိုသာအရေးယူနိုင်ပြီး အဂတိလိုက်စားထားတဲ့ အရာရှိကြီးတွေကို မကိုင်တွယ်နိုင်သေးဘူးလို့ ပြည်တွင်း၊ပြည်ပအဖွဲ့တွေက ဝေဖန်နေကြပါတယ်။

၆- ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ
၂ဝ၁၁ ဒီဇင်ဘာ ၂ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေအရ မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနမှာ ခွင့်ပြုချက်သွားရောက်လျှောက်ထားရပါမယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်တဲ့အခါ ဒီဥပဒေအရ ထောင်ဒဏ်အပြစ်ပေးအရေးယူခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေအရ တပ်မတော်အစိုးရလက်ထက်ဆန္ဒပြပွဲတွေကို အပြင်းအထန် နှိမ်နင်းခဲ့တဲ့အခြေအနေကနေ ပြည်သူလူထုဟာ မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်တစ်စုံတစ်ရာရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေနဲ့ ၂ဝဝ၈အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော် ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့က ကိုက်ညီမှုလုံးဝမရှိဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်ကြသူတွေ ဝေဖန်ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား အများအပြားဆန္ဒပြရာမှာ ဒီဥပဒေနဲ့အညီ ခွင့်ပြုချက်မယူလို့ဆိုပြီး အရေးယူခံရပါတယ်။

၇- တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေ
ဒီဥပဒေကို ၂ဝ၁၃ ဇူလိုင် ၂၉ ရက်က ပြင်ဆင်အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ တရားရုံးက ဆုံးဖြတ်ချက်မချမှတ်သေးမီ ကြိုတင်ဝေဖန်ပြောဆိုတာ၊ ရေးသားဖော်ပြတာ၊ ပုံနှိပ်ဖြန့်ချိတာတွေကြောင့် တရားရုံးအပေါ် ပြည်သူတွေယုံကြည်မှုလျော့နည်းစေရင်၊ တရားစီရင်မှုကို နှောင့်ယှက်ရင် ဒီဥပဒေအရ အပြစ်ပေးအရေးယူမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေပြင်ဆင်ချက် ထွက်ပေါ်လာတာကြောင့် ယခင်အစိုးရအဆက်ဆက်က ပြည်သူတွေသာမက ရှေ့နေတွေကိုပါ မထင်ရင် မထင်သလို တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ အရေးယူခံနေတဲ့ အခြေအနေကနေ လွတ်လပ်ခွင့်တွေ ရလာခဲ့တယ် လို့ ဥပဒေသမားအများအပြားက ယူဆပြီး ကောင်းမွန်တဲ့ဥပဒေတစ်ခုအဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်။ တရားခွင်တွေမှာလည်း လွတ်လပ်ခွင့်တွေ ပိုမိုရရှိလာခဲ့ပါတယ်။

၈- ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ
၂ဝ၁၂ မတ် ၃ဝ ရက်နေ့က ပေါ်ပေါက်လာတဲ့ ဒီဥပဒေမှာ သစ်တော၊ ဓာတ်သတ္တုအပါအဝင် မြေသယံဇာတ၊ မြေအောက်ရေအပါအဝင် ရေသယံဇာတ၊ စိုက်ပျိုးရေးနဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ဂေဟစနစ်တွေ၊ သဘာဝနယ်မြေ၊ သားရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံ၊ သဘာဝအပင်၊ အခြားသယံဇာတတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ရတဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ ကြီးကြပ်ဖို့ ဖြစ်ပေမယ့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စတဲ့ ပြည်သူလက်မခံတဲ့ စီမံကိန်းမျိုးတွေကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့  တချို့သော တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။

၉- တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ

 မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ။ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ။လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေ
မျိုးစောင့်ဥပဒေတွေလို့ လူသိများတဲ့ ဒီဥပဒေတွေကို ၂ဝ၁၅ သြဂုတ်လကုန်မှာ ပြဋ္ဌာန်းခဲ့ပြီး ပြည်တွင်းပြည်ပက တုံ့ပြန်သံအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တစ်လင်တစ်မယားဥပဒေကို အမျိုးသမီး အများအပြား ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပေမယ့် ကျန်တဲ့ဥပဒေသုံးခုကတော့ လူ့အခွင့်အရေးစံတွေနဲ့မညီဘူးလို့ ဝေဖန်ခံရပါတယ်။

၁ဝ- အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ

၂ဝ၁၄ ဇူလိုင် ၁၈ ရက်နေ့က ပေါ်ပေါက်လာတဲ့ ဒီဥပဒေအရ ပြည်တွင်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အ စည်းများကို တရားဝင်မှတ်ပုံတင်ခွင့်ပြုပါတယ်။ ကင်းလွတ်ခွင့်ရရှိတဲ့အသင်းအဖွဲ့များမှာ ဘာသာရေး၊ သာသနာရေးနဲ့ စီးပွားရေး သက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ မှတ်ပုံတင်ထားသော နိုင်ငံရေးအဖွဲ့အစည်းများ၊ တည်ဆဲဥပဒေအရဖွဲ့စည်းထားသော အသင်းအဖွဲ့များဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေအရ ဖွဲ့စည်း ခွင့်ရတဲ့ အသင်းအဖွဲ့တွေဟာ ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု၊ နိုင်ငံတော်က ပေးအပ်တဲ့ အထောက်အပံ့များ၊ နိုင်ငံတကာရဲ့ အထောက်အပံ့များနဲ့ အသင်းအဖွဲ့ရဲ့ အမှတ်တံဆိပ်များမူပိုင်ခွင့်တို့ ရရှိမယ်လို့ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အသင်းအဖွဲ့တွေအားလုံးဟာ တရားဝင်ရပ်တည်ခွင့်ရခဲ့ပါတယ်။ ယခင်တပ်မတော်အစိုးရလက်ထက်က အသင်းအဖွဲ့တွေ တရားဝင်ရပ်တည်ခွင့်ရဖို့ အင်မတန်ခက်ခဲခဲ့ပါတယ်။ တရားဝင်မှတ်ပုံတင်နိုင်ဖို့   ဌာနအဆင့်ဆင့်ကို အချိန်များစွာပေးပြီး ဖြတ်ကျော်ရပါတယ်။ အစိုးရနဲ့နီးစပ်တဲ့ အသင်းအဖွဲ့တွေကျတော့ လွယ်လင့်တကူရပ်တည်ခွင့်ရကြပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားသူတွေ၊ လှုပ်ရှားမှုတွေ ပါဝင်တဲ့အသင်းအဖွဲ့မျိုးဆိုရင်တော့ နှိပ်ကွပ်ခံခဲ့ရပါတယ်။ ။


Credit : 7Day Daily

ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းတွေ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စတင်ရှောင်ရှားသင့်တဲ့ အရာများ

 http://www.pregnancypillowset.com/wp-content/uploads/2015/06/Foods-to-Avoid-During-Pregnancy1.jpg
သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ချက်ချထားသူဖြစ်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျိုးဥဖွံ့ဖြိုးခြင်းကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် သတိထားရှောင်ရှားသင့်ပါတယ်။


အဆီထုတ်ထားခြင်းမရှိတဲ့အစားအစာ
အဆီမထုတ်ထားတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်နဲ့ သင့်တော်တဲ့အစားအစာမဟုတ်တာတော့ အားလုံးသိထားပြီးသားလို့ ထင်ပါတယ်။ ထမင်းကြော်၊ အသင့်စားသုံးနိုင်တဲ့ အစားအစာတွေ၊ ထောပတ်အစရှိတဲ့ အစားအစာတွေထဲမှာ အဆီတွေ မြောက်များစွာ ပါဝင်တာကို တွေ့ရပါတယ်။ အဲလိုအစားအသောက်တွေကို တွယ်တာမယ့်အစား သံလွင်ဆီ၊ ထောပတ်သီး၊ မြေပဲ၊ နှင့် ဘဲသားတွေကို အစားထိုး စားသုံးသင့်ပါတယ်။

ကာဗွန်ဟိုင်ဒရိုက်ပါတဲ့အစားအစာ
သင့်သွေးကြောထဲ သကြားဓါတ်မြောက်များစွာစီးဝင်စေတဲ့အတွက် ဟိုမုန်းထုတ်နှုန်းမြန်စေပြီး သင့်မျိုးရိုးဗီဇသာမက အထွေထွေကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကာဗွန်ဟိုင်ဒရိုက်ပါတဲ့ အစားအစာတွေကတော့ ဂျုံမုန့်၊ အာလူး၊ ကာဗွန်ဟိုင်ဒရိုက်အများကြီးပါတဲ့ ဆန် စတဲ့အစားအစာတွေကို စားသုံးတော့မယ်ဆိုရင်တော့ သေချာရွေးချယ်ပြီး စားသုံးသင့်ပါတယ်။

ယမကာနဲ့ ကာဖိန်းဓါတ်ပါတဲ့အအေးများ
သင့်ခန္ဓာကိုယ်အား အက်ဆစ်၊ alcohol နဲ့ ကဖိန်းဓါတ်ပါတဲ့ အအေး စတဲ့ အစားအသောက်တွေနဲ့ ဖွံ့ဖြိုးစေတဲ့အတွက် သင့်ခန္ဓာကိုယ်ကို သိသိသာသာ အက်ဆစ်ဓါတ်ပိုများလာစေနိုင်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေရုံတင်မကဘူး။ မျိုးပွားခြင်းအတွက်လည်း အထူးသဖြင့်ထိခိုက်စေပါတယ်။ ထို့ကြောင့် မိခင်လောင်းတွေအနေနဲ့ အက်ဆစ်ဓါတ်အများကြီးပါတဲ့ အစားအစာ၊ အအေးတွေကို ရှောင်ပြီးတော့ အသီးအနှံတွေကို ပိုပြီးစားသုံးသင့်ပါတယ်။

အရွယ်အစားကြီးတဲ့ငါးများ
နှုတ်ခမ်းဓါးရှည်ကဲ့သို့ရှိနေတဲ့ငါး၊ တူနာ သို့မဟုတ် ငါးမန်းအစရှိတဲ့ အရွယ်အစားကြီးမားတဲ့ငါးတွေကို တစ်ပတ်တစ်ခါထက်ပိုပြီး စားသုံးခြင်းကနေ သင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ဟိုမုန်းထုတ်မှု၊ ကိုလတ်ထရွှိုင်အဆင့်၊ သွေးအတွင်းသကြားဓါတ်ပါဝင်နှုန်း၊ နဲ့ အစာခြေခြင်းတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ခုနဖော်ပြထားတဲ့ ငါးတွေထက် ပိုသေးငယ်တဲ့ ငါးတွေကိုရွေးပြီး စားသုံးဖို့လိုအပ်ပါတယ် ဒါမှမဟုတ်ရင်တော့ စားသုံးတဲ့နှုန်းကို ကန့်သတ်ထားဖို့ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

Saturday 26 December 2015

မဟာဘုတ်တွက်နည်း


အရင်ဆုံးမိတ်ဆွေက မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားကြည့်လိုက်ပါ။ ဘယ်လောက်ကြွင်း လဲဆိုပြီး အောက်မှာ ကြည့်လိုက်ပါ။ မဟာဘုတ် (၁)ကြွင်းကနေ (၇) ကြွင်းအထိ ရေးပြထားပါတယ်။ အောက်မှာ ကြည်ကြည့်လိုက်ပါ။



ကိုယ့်မဟာဘုတ် ဘာကြွင်းလဲဆိုတာကို သိပြီဆိုရင် ဆက်လက် လေ့လာကြည့်ရအောင်နော်။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်တွေမှာ ဘယ်ဂြိုဟ်တွေက အားကောင်းသလဲပေါ့။

ပုတိ ။........။
အရှုပ်အရှင်းအမျိုးမျိုးကို အမြဲတစေ ဖြေရှင်းနေရမယ်။ လုပ်သမျှအပေါ် အားမလိုအားမရ ဖြစ်မယ်။ ကိုယ့်စိတ်ကို ကိုမပိုင် ဆုပ်ကိုင်လို့ မရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မယ်။ အနာရောဂါများမယ်။ တိတိကျကျ ပြောထားလုပ်ထားတဲ့ ကိစ္စတွေအားလုံး လုပ်လက်စနဲ့ ကျက်စီးကုန်မယ်။ရည်မှန်းထားတာတို့ ဖြစ်မလာတတ်ပါ။ ကပ်စေးနဲ့မယ်။ ဘယ်နေရာမှ မမြဲတတ်ပါ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမယ်။ စိတ်အားငယ်စရာ ကိစ္စများ မကြာခဏ ကြုံတွေ့နေရမယ်။ လုပ်ရကိုင်ရတဲ့ အလုပ်တွေမှာ သတ္တိရှိမယောင်နဲ့ ကြောက်နေမယ်။ အတွက်အချက်တွေ မှားမယ်။ ရည်ရွယ်ချက် ကင်းမဲ့နေမယ်။ စိတ်သောက် ရောက်ပြီးမှ ကိစ္စတစ်ခု အောင်မြင်မယ်။
 
ဘင်္ဂ။......။
စိတ်နှလုံး ပူပန်ရတတ်တယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စီးပွားဥစ္စာ တဖြည်းဖြည်း ပျက်လာတတ်တယ်။ ဥစ္စာဓန မခိုင်မြဲတတ်ပါ။ ထိတ်လန့် စိုးရိမ်နေတတ်တယ်။ ရင်ထဲမှာ မရှင်းမလင်း ဖြစ်နေမယ်။ ခပ်လွယ်လွယ် ကိစ္စလေး တွေအားလုံး ခက်ခဲနေမယ်။ ခပ်လွယ်လွယ် ကိစ္စတွေအားလုံး ခက်ခဲနေမယ်။ စိတ်ထဲ ညိုးမှိုင်းပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ်။ စိတ်နှလုံးကို အစိုးမရ ဖြစ်နေမယ်။ မခိုင်မြဲတဲ့ လုပ်ငန်းတွေကို လုပ်မိမယ်။ ပြီးပြီးသား ပြဿနာတွေ ပြန်ပြီး အစပေါ်နေမယ်။ စိတ်ကို ဆောက်တည်ရာမရ ဖြစ်မယ်။ ခြိမ်းခြောက်ခံရမယ်။ ရန်ပြုခံရမယ်။ ရန်မူတတ်တယ်။

မရဏ။.......။
ဘယ်ဟာကို လုပ်လုပ် အများရဲ့ အဖျက်ခံရမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ ချူချာနေမယ်။ ဘေးဥပ္ပါဒ် တစ်စုံတစ်ရာနဲ့ အမြဲတမ်းကြုံတွေ့မယ်။ ထိခိုက်မှု့များမယ်။ ထိခိုက်မှု့များမယ်။ မမျှော်လင့်ထားတဲ့ ထိတ်လန့် ချောက်ချားဖွယ်ရာ အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့ရမယ်။ ကိုယ်နဲ့ ပါတ်သက်တဲ့ လူတွေအတွက် စိတ်ညစ်နေရမယ်။ ဘယ်ကိစ္စမဆို အမှားအယွင်းတွေ ရှိပြီး ကိုယ့်ရဲ့ တာဝန်မကင်း ဖြစ်နေမယ်။ ပျက်စီးလွယ်မယ်။ ဖြစ်လိုက်ရင် နလန်မထူနိုင်အောင် ဖြစ်မယ်။ အပူအပင်တစ်ခုက အမြဲတမ်း ကိုယ့်ဘ၀မှာ ၀င်တိုးနေလေ့မယ်။

အထွန်း။.......။
ရန်သူတွေအပေါ် အနိုင်ယူရမယ်။ သြဇာအာဏာရှိမယ်။ ထက်မြက်မယ်။ ထင်ပေါ်ကျော်ကြားမယ်။ ဘယ်ကိစ္စမဆို ထွန်းထွန်းကားကား ဖြစ်အောင် လုပ်နိုင်မယ်။ ဦးဆောင်မှု့ပေးနိုင်မယ်။ တက်ကြွမယ်။ လုပ်ချင်တဲ့ကိစ္စကို မအောင်မြင်မချင်း ဇွဲနဲ့ လုပ်နိုင်စွမ်းရှိတယ်။ အောင်မြင်မှု့ အနှစ်သာရကို ခံစားရမယ်။ ညာဏ်ပညာ ကြီးတယ်။ ရဲစွမ်းသတ္တိရှိတယ်။ ရတဲ့အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုတတ်မယ်။ သတ္တိရှိတယ်။ စွန့်စားဝံ့တယ်။ ဘေးဥပ္ပါဒ် အန္တရာယ်ကင်းတယ်။ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ ရှိတယ်။ ကတိတည်တယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တယ်။ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိမယ်။ အပေါင်းအသင်း ဆံ့တယ်။ မိတ်ဆွေပေါတယ်။

သိုက်။.......။
လုပ်ငန်းကြီးတွေ လုပ်တတ်တယ်။ အကြံကြီး ကြံတတ်တယ်။ ပိုင်မှ လုပ်တတ်မယ်။ တိကျခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှမယ်။ အများတကာရဲ့ ကြည်ညိုမှု့ ရိုသေမှု့ ကိုးစားခံရမှု့ အမြော်အမြင်ကြီးမယ်။ အများချီးမြောက်ခံရမယ်။ ဘယ်ကိစ္စမဆို တလေးတစား လုပ်တတ်မယ်။ တည်ကြည်မယ်။ တက်ကြွမယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ခေါင်းဆောင်ကောင်း ပီသတယ်။ ချမ်းသာလွယ်တယ်။ အခွင့်အရေး ရလွယ်တယ်။ ကိစ္စတစ်ခု မြန်မြန်ဆန်ဆန် ပြီးတတ်မယ်။ ပြိုင်ဘက်တွေကို ပရိယာယ်ကြွယ်ဝစွာ အနိုင်ယူတတ်တယ်။ စိတ်မှတ်ကြီးတယ်။ စိတ်နှလုံးကောင်းတယ်။ အထင်ကြီးအောင် နေတတ်တယ်။ စကားပြောကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေနိုင်အောင် ကြိုးစားမယ်။

ရာဇ။........။
အခွင့်အရေး ရလွယ်မယ်။ လူကြီးသူမရဲ့ လေးစားခြင်း အားကိုးခြင်းခံရမယ်။ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးတတ်တယ်။ ကတိတည်တယ်။ တက်ကြွတယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ဟန်ပန်မရှိတတ်ပါ။ ပီပြင်တဲ့ လုပ်ရပ်တွေကိုပဲ လုပအ်တတ်မယ်။ ဘယ်ကိစ္စမဆို စိတ်ရောကိုယ်ပါ လုပ်တတ်လို့ အောင်မြင်လွယ်တယ်။ ယုံကြည်ချက်ပျင်းထန်တယ်။ ရာထူးတက်လွယ်တယ်။ နေရာပေးခြင်း ခံရမယ်။ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ညာနဲ့ ကောင်းစွာ ထွန်းကားမယ်။ မင်းရဲ့ ချီးမြောက်ခြင်း ခံရမယ်။ တပည့်တပန်းများမယ်။ လက်လွယ်မယ်။ မိတ်ဆွေကောင်း ပေါများမယ်။ ချစ်ခင်သူပေါ့မယ်။။ လုပ်တဲ့ လုပ်ငန်းပေးမှာ စေတနာထားမယ်။

အဓိပတိ။.......။
ပရိသတ်ရဲ့ အးပေးချီးမြောက်ခြင်း ခံရမယ်။ ကျော်ကြားလွယ်တယ်။ အနုပညာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ စကားပြောခြင်း အတတ်ပညာနဲ့ ကောင်းစားမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်။ စကားပြောကောင်းမယ်။ ဆွဲဆောင်မှု့ ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းမယ်။ ဆုံးဖြတ်ချက် မှန်ကန်တယ်။ ပရိသတ်ရှိတယ်။ သီချင်းဆိုခြင်း ၊ ရုပ်ရှင်ရိုက်ခြင်း၊ အနုပညာလုပ်ခြင်းမှာ ထွန်းကားတယ်။ စိတ်ကူးယဉ်တယ်။။ လုပ်ရဲတယ်။ ၇ထားတဲ့နေရာမှာ အပိုင်လုပ်တတ်တယ်။ ကောင်းစားမယ်။ အောင်မြင်မယ်။အပူအပင်နည်းမယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ သူများကို အားနာတတ်မယ်။ လုပ်ချင်တဲ့အလုပ်ကို ဇွတ်လုပ်နေမယ်။ ကိစ္စတစ်ခု မပြီးခင် နောက်တစ်ခု လုပ်လေ့ရှိမယ်။


မဟာဘုတ် (၁)ကြွင်းကနေ (၇) ကြွင်း
မဟာဘုတ် (၁)ကြွင်းကနေ (၇) ကြွင်းအထိ ရေးပြထားပါတယ်။ အောက်မှာ ကြည်ကြည့်လိုက်ပါ။
 


(တစ်)  ကြွင်းဖွားတွေ ရဲ့ အကြောင်း
ကြွင်းတဲ့အကြွင်းက .. (တစ်) ဖြစ်ခဲ့မယ်ဆိုရင် …အောက်ပါ ကံဇာတာအခြေအနေများနဲ့ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ ဖွဲ့စည်းမှုများ ရရှိ လာနိုင်မှာ ဖြစ်ပါတယ်။ 

မူလသဘာဝ …
ဒီမဟာဘုတ် အကြွင်းဖွားတွေဟာ ………. ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည် တစ်ခုခုနဲ့ ပြည့်စုံနေကြသူများ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရား နဲ့ ပိုင်းခြားဝေဖန်နိုင်မှု စွမ်းရည်ကို အသုံးပြုတတ်ကြသူများလို့လည်း တင်စားခေါ်ဆိုနိုင်ပါတယ်။ ပညာရပ် အသီးသီးကို စူးစမ်း ရှာဖွေ နေတတ်ကြပြီး …၊ ဆရာကောင်း ဆိုသူများကိုလည်း အလွန်တပ်မက်လေ့ ရှိတတ်ကြပါတယ်။ 
သတိအမြဲဆောင်ပြီး …ခြေလှမ်းတိုင်းကို စဉ်းစားအကွက်ချ နေတတ်ကြသူတွေဟာ တစ်ခုကြွင်းဖွား တွေပါပဲ။ တစ်ခုကြွင်းဖွား တွေဟာ …ဘယ်လောက် အရည်ထူပြီး မာကျောတယ် ထင်ရပေမယ့် …၊ ဘယ်လောက်ကြမ်းတမ်းပြီး ..ခက်ထန်ပြ နေကြပေမယ့် ..သူတို့ရဲ့ အမှန်တစ်ကယ် ခံစားမှုကတော့..ထိလွယ်ရှလွယ် ၊ ကြေမွလွယ်တဲ့ ဖန်ပန်းအိုးလှလှလေး တစ်လုံး  လိုပါပဲ။ 
ကလေးကလား ဆန်တဲ့ ခံစားမှုမျိုးကို ပိုင်ဆိုင်ထားကြပြီး ….ကမ္ဘာမှာ အလှဆုံး ၊ အနုညံ့ဆုံး ခံစားမှုမျိုး ၊ လောကရဲ့ အနုညံ့ဆုံး ၊ အဖြူစင်ဆုံး …ကြည်နူးဖွယ်ရာ အကောင်းဆုံး ခံစားမှုမျိုးတွေကို သိုဝှက်သိမ်းဆည်းထားနိုင်ကြသူများလည်း ဖြစ်ပါတယ်။ အနဲငယ် ၀မ်းနဲဖို့ ကောင်းတာကတော့…အဲဒီ့လို နုညံ့တဲ့စိတ်ခံစားမှုတွေကို တစ်ဖက်သတ် အနိုင်ကျင့်ခြေမွ ခံရတတ်တဲ့ ..ကံတရားမျိုးကလည်း သူတို့မှာ ကြုံနိုင်ကြတာကြောင့်ပါပဲ။ 
ဒါကြောင့်လဲ … သူတှို့ဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို (ခြေမွခံရမှာစိုးစိတ်နဲ့) တိုးတိတ်စွာ သိုဝှက်ထားလေ့ ရှိတတ်ကြပါတယ်။ ကံမကောင်း အကြောင်းမလှမှု တစ် ခုကို ပြပါ ဆိုရင်တော့….အသိမှတ်ပြု မခံရခြင်း ကံ ပဲ ဖြစ်ပါတယ်။ တစ်ခုကြွင်းဖွားတိုင်းမှာ …. စိတ်နာကျည်း ရလောက်တဲ့ …. အသိမှတ်ပြု မခံရမှု တစ်မျိုးမျိုး …ပိုင်ဆိုင်နေတတ်ကြပါတယ်။
ပမာအားဖြင့် ….. မိသားစု အပေါ် ကောင်းအောင်နေပြီး …ကောင်းတယ်လို့ အသိမှတ်ပြု မခံရဘဲ ဖြစ်ချင်ဖြစ်မယ်။ လူတစ်ယောက် အပေါ် အနွံတာဘယ်လောက်ခံခံ …၊ ဘယ်လောက်ပဲ ဖြည့်ဆည်းပေးပေး …ကျေးဇူးတင် အသိမှတ်ပြု ခံရမှု မရှိဘဲလည်း ဖြစ်ချင်ဖြစ်နေမယ်…စသည်ဖြင့် ….အသိမှတ်ပြုခံရမှု မရှိတတ်သော ကံတရား မျိုးကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ဘ၀ရဲ့ ..အောင်မြင်မှုတွေကို အခြားသောအကြွင်းဖွားတွေထက် ခက်ခက်ခဲခဲ တိုက်ခိုက် ယူရသူတွေဟာ တစ်ခုကြွင်းဖွားတွေပဲလို့ ဆိုရမှာပါ။ 
အောင်မြင်မှု ရခါနီးတိုင်း ရခါနီးတိုင်း ….. အကြီးအကဲတစ်ဦးဦး နဲ့ ဆန့်ကျင်တိုက်ခိုက်ရမယ့် ကံဇာတာမျိုး  …. ကိုလည်း ..သူတို့မှာ အခါအားလျော်စွာ တွေ့ရှိကြရပါတယ်။ အဲဒီ့လိုပါပဲ တစ်ခု ကြွင်းဖွား တွေဟာ …အလုပ်အကိုင်အသက်မွေးမှု အပြောင်းအလဲ ဖြစ်ပွားမှု နှုန်း  အများဆုံး အကြွင်းဖွားတွေလို့ ဆိုနိုင်ပါတယ်။ .. လုံးဝ လုပ်ငန်းပြောင်းမသွားသည့်တိုင်အောင် ..လုပ်ရိုးလုပ်စဉ် ..စည်းမျဉ်း စည်းကမ်းနဲ့ ထုံးတမ်းစဉ်လာ အပြောင်းအလဲများစွာကို ကြုံတွေ့ရင်ဆိုင် ကြရလေ့ ရှိပါတယ်။
သူတို့က အများအားဖြင့် အတိတ်ကံ နဲ့ ပတ်သက်ပြီး ကံကောင်းမှု လေးတွေ ကြုံကြရ တတ်သူတွေပါ။ မြောက်များလှစွာသော ထီကံ ရှိသူတွေဟာ တစ်ခုကြွင်းဖွားဇာတာရှင်တွေ ပါပဲ။ ငွေအစုလိုက် ရခြင်း၊ အမွေရခြင်း ၊ ထီပေါက်ခြင်း စသည်ဖြင့် မိမိ အထူးတစ်လယ် ကြိုးစားအားထုတ်ခြင်းကြောင့် မဟုတ်ဘဲ ..အတိတ်ကံ ဒါနမျိုးစေ့ အလျောက် ..ပေါ်ပေါက်လာသော ကံထောက်မမှုမျိုးတွေကို ကြုံကြိုက်လေ့ရှိတတ် ကြပါတယ်။

 ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား …. 
တစ်ခုကြွင်းဖွား အားလုံးအဖို့ ဗုဒ္ဓဟူး/ရာဟု ဂြိုဟ်အိပ်များကို ဖြတ်သန်းချိန် နဲ့ စနေဂြိုဟ်အိပ် ကာလကို ဖြတ်သန်းချိန်များမှာ ….ဘ၀ကံဇာတာ ပြင်းထန် ကြမ်းတမ်းလေ့ ရှိတတ်ကြပါတယ်။ နေ့နံသားသမီး ကွဲပြားမှု အရ ကံဇာတာ ကွာခြားကြသည့်တိုင်အောင် ……အဆိုပါဂြိုဟ်အိပ်များ အတွင်း ….ပြင်းထန်တဲ့ ဘ၀အချိုးအကွေ့ နဲ့ …လောကဓံရိုက်ခတ်မှု အသီးသီးကို အထူနဲ့အပါးဆိုသလို ကြုံတွေ့ကြရတတ်စမြဲ ဖြစ်ပါတယ်။ 
မြောက်များလှစွာသော တစ်ခုကြွင်းဖွား အားလုံးကို ကံကောင်းစေသောဂြိုဟ် ကတော့ သောကြာဂြိုဟ်ပဲ ဖြစ်ပြီး…..၊အဆိုပါ သောကြာဂြိုဟ်ရဲ့  ကောင်းကျိုးကတော့ အရေးပါသော စီမံခန့်ခွဲခွင့်များ ရရှိခြင်း၊ အရေးအကြီးဆုံး ကဏ္ဍများကို ထိမ်းသိမ်းစောင့်ရှောက် ခွင့် ရရှိခြင်း၊   အကောင်းဆုံးဟု ဆိုအပ်သော လောကီစည်းစိမ်တို့ကို ခံစားခွင့် ရရှိစေတတ်ခြင်း  …များကို အခါအားလျော်စွာ ကြုံကြိုက်ရစေတတ်ပါတယ်။ 
အထူးသဖြင့် …တနင်္လာဂြိုဟ်အိပ် ကို ဖြတ်သန်းရချိန်များမှာ ….အဆိုပါသောကြာဂြိုဟ်မှ ဖော်ပြသော အကျိုးကျေးဇူးတို့ကို ခံစားရခြင်း ပိုမိုများပြားစေနိုင်ပါတယ်။ တစ်ခုကြွင်းဖွား အမျိုးသားများအဖို့  အဆိုပါ တနင်္လာဂြိုဟ်အိပ် ကာလကို ဖြတ်သန်းချိန်မှာ ..စွဲစွဲလမ်းလမ်း မြတ်နိုးရလောက်တဲ့ ချစ်သူမိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ရတတ်စမြဲ ဖြစ်သလို..၊ အထူးသဖြင့် တနင်္ဂနွေနေ့ဖွား အမျိုးသား … တစ်ခုကြွင်းဖွား ဇာတာရှင် ဖြစ်ခဲ့မယ်ဆိုရင် …အဆိုပါသောကြာဂြိုဟ်ဟာ ပိုမို အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှောင်တွယ်မှုကို ပေးစွမ်းပါလိမ့်မယ်။ အချစ်သည်သာ အခရာ ….ဖြစ်လောက်တဲ့ …စွဲလမ်းစရာ အခြေအနေတစ်ရပ်နဲ့ ဆုံဆည်းချိန် လို့လည်း ဆိုနိုင်ပါတယ်။ 
အင်္ဂါဂြိုဟ်အိပ်ကာလ ကို ဖြတ်သန်းချိန်များမှာတော့…….တစ်ခုကြွင်းဖွားများအဖို့ ….လောကကို ဘယ်လိုသီးခံ ဖြတ်သန်းရမယ် ..ဆိုတာ ..သင်ယူခွင့်ကြုံလာကြပါတယ်။ ခံစားချက်နောက်ကို မလိုက်ဘဲ….အကျဉ်းအကျပ်ထဲမှာ လူးလွန့်ရုန်းကန်ရင်း …ဇွဲဆုရရှိဖို့ ..ကြိုးစားကြရပြန်ပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ဒီအကြွင်းဖွားတွေဟာ ….ဘ၀ရဲ့ အဦးအစပျိုးကာလတွေမှာ အခက်အခဲ မကင်း ရတတ်သူတွေ ဖြစ်ပါတယ်။ ဒီကံတရားဟာ ..သူတို့ရဲ့ …ချစ်မှုရေးရာ နယ်ပယ်မှာလည်း လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ရည်းစားဦး ၊ အချစ်ဦး၊ အိမ်ထောင်ဦး …..များမှာ ….အခြားသူတွေထက် ပိုမိုအခက်အခဲ များပြီး .. ၊ စစချင်း ….ယဉ်သကို ဆိုသလို…၊ တာထွက်မှာကတည်းက ..ရုန်းကန် ရင်ဆိုင်ရမှုတွေ …ပဋိပက္ခလေးတွေ မကင်း ဘဲ ဖြစ်ကြရတတ်တာကို တွေ့ရပါတယ်။ 
ကမ္ဘာပေါ်မှာ …အကြီးအကဲတွေနဲ့ ..ပဋိပက္ခ အဖြစ်ရတတ်ဆုံး အကြွင်းဖွားကို ပြပါဆိုရင် ..ထိပ်ဆုံးက နေရာယူထားတာကတော့ ဟောဒီ့တစ်ခုကြွင်းဖွားတွေပါပဲ။ ဒါကြောင့်လည်း …သူတို့ရဲ့ ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေးရာ ကဏ္ဍတွေမှာ …အကြီးအကဲတွေနဲ့ မသင့်မတင့် ဖြစ်ရမှုဟာလည်း ….အကြောင်းအားလျော်စွာ ဆက်စပ် ပတ်သက်လာတတ်စမြဲ ဖြစ်ပါတယ်။ 
သ၀န်တိုတယ် မကလို့….ဘာပဲပြောပြော …..တစ်ခုကြွင်းဖွားတွေက …သူတို့ချစ်တဲ့သူတွေနဲ့ ပတ်သက် ရင်တော့  လုံးဝ ရှင်းသန့်ပြီး clear ဖြစ်နေတဲ့ အခြေအနေကို သာ လိုလားကြသူတွေပါ။ နို့မဟုတ်လို့ ကတော့ ..ရင်ထဲမှာ တနုံ့နုံ့ နဲ့ … ကြေကွဲထိခိုက် နှမြော တ.သ နေတတ်ကြပါတယ်။ 
ကိုယ်ကိုယ်တိုင်က နေချင်သလိုနေပြီး….လုပ်ချင်ရာလုပ်နေတဲ့သူမျိုးတောင်မှ…….ကိုယ်ချစ်တဲ့ သူနဲ့ ပတ်သက်ရင်တော့ …ပုလဲလေးကို ကြာဖူးထဲထည့်ပြီး..ဂွမ်းပုံလေးနဲ့ ကာထားလိုက်ချင် တာမျိုး …ချစ်တတ်ကြသူတွေပါ။ 
ရှင်းရှင်းပြောရရင်တော့ တစ်ခုကြွင်းဖွားတွေ အချစ်ခံရပြီဆိုရင် ….အချစ်ခံရသူ(သူတို့ရဲ့ချစ်သူ) အနေနဲ့… အနေအထိုင် တော်တော်ဆင်ခြင်ရပါလိမ့်မယ်။ မကြာခဏ သ၀န်ကြောင် ၊ ရန်ဖြစ် ၊ ခနဲ့ ၊ စကားနာထိုး ၊ ကြေကွဲထိခိုက် နေတတ်တဲ့ ….တစ်ခုကြွင်းဖွား တစ်ယောက်ယောက် ကို ချစ်ခဲ့မိမယ်ဆိုရင်တော့……………….. သင်ဟာ ကံအကောင်းဆုံး နဲ့  ကံအဆိုးဆုံး ကြားမှာ ကားယားခွ ထိုင်မိလိုက်ပြီ ဆိုတာပါပဲ။ 
အကြောင်းကတော့ တစ်ခုကြွင်းဖွား တစ်ယောက်က ….တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ပြီဆိုရင် တစ်ခြား ဘယ်အကြွင်းဖွားတွေမှ ….လိုက်လို့မမီအောင် …ဖြူစင်သန့်ရှင်းမှု ဂုဏ် မြောက်စေလို့ပဲ ဖြစ်ပါတယ်။ တိုက်တွေ ကားတွေ၊ ရာထူးတွေ..၊ ဒေါ်လာတွေ …၊ ဘွဲ့ဒီဂရီတွေ၊ ကာကူလေတာရိုက်သံ တွေ ဘာတစ်ခုမှ မပါဘဲ………အချစ် သတ်သတ်လွတ် … ….ချစ်ပြနိုင်တဲ့ အကြွင်းဖွား မို့ပဲ ဖြစ်ပါတယ်။


ကျန်းမာရေး နှင့် အသက်ဇီဝ .. 
တစ်ခုကြွင်းဖွား အများစုဟာ …. အရေပြား ထိခိုက်ပျက်ဆီးရန် လွယ်ကူကြပါတယ်။ အရေပြားပေါ်မှာ ဖြစ်ပွားတဲ့ အနာရောဂါ အမျိုးမျိုးကို ဂရုစိုက်အပ်သော အကြွင်းဖွား များ လို့ ဆိုရမှာပါ။ အချို့သော တစ်ခုကြွင်းဖွား များအဖို့ ဗဟိုနဗ်ကြောစနစ်ပိုင်းဆိုင်ရာ အားနဲချက်များ ရှိနေတတ်ကြပြီး၊ စကားဆွံ့အခြင်း၊ မှတ်ဥာဏ်ကင်းမဲ့ခြင်းများ …. ဖြစ်ပွားရန် လွယ်ကူတတ်ကြပါတယ်။ လေဖြတ်ခြင်း ဝေဒနာကို ဂရုအစိုက်အပ် ဆုံး အကြွင်းဖွားများ ထဲမှာ တစ်ခုကြွင်းဖွား ဇာတာရှင်တွေဟာ ထိပ်ဆုံးက နေရာယူထားပါတယ်။ ဒါလေးကို သတိချပ်အပ် ပါတယ်။

အခြားသော အချင်းအရာများ ……..
သတ္တ၀ါတွေဟာ ….အစွယ်ရှိသူက အစွယ် ၊ အဆိပ်ရှိသူက အဆိပ်၊ ဦးချိုရှိသူက ဦးချို….စသည်ဖြင့် …သဘာဝပေး လက်နက်စွမ်းအင် အသီးသီး ကို ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီ့လိုပါပဲ…..မဟာဘုတ်အကြွင်းဖွား တွေမှာလည်း …. အသီးသီး ..မူလစွမ်းရည် လက်နက်တစ်မျိုးဆီ ပိုင်ဆိုင်ထားကြတာကို တွေ့ရှိရပါတယ်။ …….ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် …………
တစ်ခုကြွင်းဖွားတွေရဲ့ လက်နက်ကတော့ …  ပညာ  ပဲ ဖြစ်ပါတယ်။
အတန်းပညာ မပြည့်စုံတဲ့ တစ်ခုကြွင်းဖွားတွေမှာတောင် …..အများနဲ့မတူ ..ထူးချွန်လိမ်မာ ကျွမ်းကျင်စွာ တတ်မြောက်တဲ့ အတတ်ပညာ တစ်ခုခုတော့ ရှိနေတတ်ကြစမြဲဖြစ်ပါတယ်။ အဲဒီ့ ပညာ ဆိုတာကို သာ မသုံးမိရင် ၊ သို့မဟုတ် …အသုံးချရကောင်းမှန်းမသိရင် …အဲဒီ့တစ်ခုကြွင်းဖွားဟာ ….လက်နက်မဲ့နေတဲ့ အကာကွယ်မဲ့ ပုဂ္ဂိုလ်ပါပဲ။ တစ်ခုကြွင်းဖွားတွေဟာ …. ကတိတစ်ခုခု ပေးမိရင် …လိုက်နာဖို့ခက်ခဲကြသူတွေလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ တည်အောင် ကြိုးစားသည်ဖြစ်စေ ၊ ပေးထားတဲ့ကတိ နဲ့ ဆန့်ကျင်စေသော အခြေအနေများ ကြုံကြိုက်ရတတ်သည့် ကံဇာတာပိုင်ရှင်များ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ကို ….လူ့ပတ်ဝန်းကျင် အသိုက်အ၀န်းမှာ အပြောသမား ၊ ကတိမတည်သူ ၊ လက်တွေ့အကောင်အထည် ဖော်ရန်ပျက်ကွက်သူ များ အဖြစ်  … တစ်ခါတစ်ရံ မှာ သတ်မှတ်ခြင်း ခံကြရတတ်တာပါ။ 
ဒါကြောင့် …အကျိုးရှိမယ့် အကြံဥာဏ်ပြုရမယ် ဆိုရင် … တစ်ခုကြွင်းဖွား တစ်ဦး ဖြစ်နေမယ် ဆိုရင် …ကတိကို လွယ်လွယ်မပေးမိအောင် ဂရုပြုပါ။ အဲဒီ့လိုပါပဲ တစ်ခုကြွင်းဖွား တစ်ယောက်ယောက် နဲ့ အနီးကပ် ပေါင်းသင်းရမယ်ဆိုရင်လည်း …သူတို့ဆီက ကတိကို အရမ်းကာရော မတောင်းဆိုအပ်ပါ။ ဘယ်လောက်ပဲ ကတိက၀တ်ပြုပြု ၊ အပြောင်းအလဲ တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုသိထားဖို့ လိုအပ်ပါလိမ့်မယ်။

ကဲ…အနှစ်ချုပ်ကြပါစို့။ 

တစ်ကယ်လို့သင်ဟာ ……

(၁) သင်ကိုယ်တိုင် တစ်ခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်……
လောက၀ိဒူ ဂုဏ်တော်ကြီးကို နေ့စဉ် ရွတ်ဖတ်ပူဇော် ပွားများပါ။ ခံစားချက်ထက် ..လုပ်သင့်တာကို ပိုမိုပြီး ဦးစားပေးပါ။ 
(၂) သင့်ချစ်သူက  တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……….
  သူ့စိတ်ကို ဒဏ်ရာအနာတရ မဖြစ်အောင် သတိထားပါ။ အနာတရ ဖြစ်သွားတာနဲ့ ….မကြာခဏ ဆိုသလို …အတိတ်ဒဏ်ရာကို အကြောင်းပြုပြီး နောက်ဆက်တွဲ အဆင်မပြေမှုတွေ ဆက်လက်တိုးဝင်လာတတ်ပါတယ်။ အချစ်ရဲ့ နောက်ဆက်တွဲ …သ၀န်တိုမှု လေးတွေကိုလည်း သီးခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

(၃) သင့် အလုပ်ရှင်က တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….
 သင့်အလုပ်ရှင်ရဲ့ စိတ်ခံစားမှုကို အကဲခတ်သိမြင်ထားနိုင်အောင် ကြိုးစားထားပါ။ သူနှစ်သက်တာ နဲ့ သူမနှစ်သက်တာ …နှစ်ချက်ကို ..အနဲနဲ့အများ သင်သိထားပြီဆိုရင် … အဆင်ပြေအောင် ကြိုးစားလို့ ပိုမိုရရှိနိုင်ပါပြီ။

(၄) သင့် အလုပ်သမားက တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ….
သတ်မှတ်ကာလ နဲ့ အမီ ပြီးမြောက်အောင် လုပ်ရမယ့် အလုပ်မျိုးတွေ ဆိုရင် သူတို့ကို မခိုင်းမိပါစေနဲ့။ ဒါပေသိ ..တောင်ပုံရာပုံ ပုံနေပြီး  … တော်ရုံလူ ပြန်မရှင်းနိုင်တဲ့ အလုပ်မျိုးတွေမှာတော့ သူတို့ကို အသုံးပြုကြည့်ပါ။ အချိန်ယူပြီး လုပ်ရမယ့် အလုပ်မျိုးတွေမှာ သူတို့က ပိုမိုအလုပ်ဖြစ်တတ်ကြပါတယ်။

(၅) သင့် အိမ်ထောင်ဖက် က တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. တစ်ခုကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….
အဖက်ဖက်က ဖြည့်ဆည်းပေးမယ့် ဇနီးမယားမျိုး ရရှိလိုက်တာလို့တောင် ဆိုနိုင်ပါတယ်။ ကိုယ့်ဆရာတို့ကို ရေပူရေချမ်း ကမ်းပေးမယ့် ဇနီးမျိုးလို့ ဆိုနိုင်ပါတယ်။ ခက်တာက ..ရုတ်ရုတ် ရုတ်ရုတ် တော့ မလုပ်မိပါစေနဲ့။ မပြီးနိုင်မစီးနိုင် အောင် ပူညံပူညံ လုပ်တဲ့ဒဏ်ကို ကြောက်တယ်ဆိုရင်ပေါ့လေ။

အမျိုးသမီး အတွက်  တစ်ခုကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
ပရော်ဖက်ဆာ ကြီး တစ်ယောက်ကို လင်တော်ထားရသလို အနေအထားပါပဲ။ မာနကြီးသလို … ငယ်ကျိုးငယ်နာဖော်ပြီး သ၀န်တိုတတ်တဲ့ …ကလေးဆန်တဲ့ အမျိုးသားမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. တစ်ခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့
 အခြေခံကျကျ နားလည်အောင် သင်ကြားပေးပါ။ ဘာအရာကိုပဲဖြစ်ဖြစ် အောက်ခြေကနေ စပြီး စနစ်တစ်ကျ သင်ကြားမှု ပြုပေးလိုက်ခြင်းအားဖြင့် သူတို့တွေရဲ့ ဘ၀အနာဂတ်ကို ပိုမိုလှပ အောင် ရေးခြယ်ပေးနိုင်ပါလိမ့်မယ်။ လျော်ရာမှာထက် ပျော်ရာမှာ ပိုနေချင်တတ်တဲ့ သူတို့လေးတွေရဲ့ အခြေခံ စိတ်သဘာဝကိုလည်း မိဘအုပ်ထိမ်းသူများမှ တင်ကြို နားလည် နေဖို့ လိုအပ်ပါတယ် ..ဆိုတဲ့အကြောင်း……………..။

 (နှစ်) ကြွင်းဖွားတွေ ရဲ့ အကြောင်း
မိမိရဲ့ မြန်မာမွေးခုနှစ် သက္ကရာဇ်ကိုတည် …ခုနှစ်ဖြင့်စား ..။ ကြွင်းတဲ့အကြွင်းက ... ၂ … ဖြစ်ခဲ့မယ် ဆိုရင် …သင့်ကို နှစ်ခုကြွင်းဖွားလို့ ဆိုနိုင်ပါတယ်။ သည်ဆောင်းပါးက နှစ်ခုကြွင်းဖွားတွေ ရဲ့ အကြောင်း ဖြစ်ပါတယ်။

မူလသဘာဝ …
ဒီမဟာဘုတ် အကြွင်းဖွားတွေဟာ ………. ဘယ်လောက်ပဲ မြင့်မားတဲ့ ဘ၀ အခြေအနေမှာ ပေါက်ဖွားခဲ့ရသည်ဖြစ်ပါစေ…၊ ဘယ်လောက် မြင့်မားတဲ့ ဘ၀ကို ရောက်ရှိနေပြီ ဖြစ်ပါစေ…အောက်ခြေလူတန်းစား တွေနဲ့ ..ပတ်သက် ဆက်နွယ်ပြီး နေထိုင်လိုတတ်ကြသူတွေ လို့ ဆိုနိုင်ပါတယ်။
အများစုဟာ အတိတ်ကံရဲ့အကျိုးပေးကို ယုံကြည်သက်ဝင်မှု ရှိတတ်ကြသူတွေဖြစ်ပြီး..၊ သဘာဝ အတိုင်းမဟုတ်သော …နည်းလမ်းများ ကို ဘ၀ဖြတ်သန်း ရာမှာ ပြုလုပ်လေ့ ရှိကြသူများလည်းဖြစ်ပါတယ်။ သဘာဝအတိုင်း မဟုတ်သော …အစဉ်အလာအတိုင်း မဟုတ်သော ….နည်းလမ်းများ ….ဆိုတာကြောင့် စာဖတ်သူများ နားရှုပ်ထွေးကောင်း ရှုပ်ထွေးသွားနိုင်ပါတယ်။ ..ဆိုလိုတာကတော့ …..ဒီနေရာမှာ ဒီလိုလုပ်ရမယ် ဆိုတဲ့ အစဉ်အလာသဘောတွေကို လွန်ဆန် လိုပြီး…ချိုးဖောက်လုပ်ကိုင် ကြည့်လိုစိတ် ရှိတတ်ကြခြင်းကို ဆိုလိုပါတယ်။ မသွားရဘူးဟေ့ လို့ တားထားရင် သွားကြည့်ချင်လာတယ်။ မလုပ်ရဘူးဟေ့ ဆိုပြီး အမိန့်ပေးထားရင် …မသိအောင်ဖြစ်စေ လုပ်ကြည့်ဖို့ စိတ်အားထက်သန်လာတတ်ကြသူတွေဟာ ….နှစ်ခုကြွင်းဖွားတွေပါပဲ။နှစ်ခုကြွင်းဖွားတွေ ဟာ …. မသိအောင် လျှို့ဝှက်ပြီး လုပ်ဆောင်တဲ့နေရာမှာတော့ အင်မတန် ထူးချွန်ပြောင်မြောက်ကြသူတွေ ဖြစ်ပါတယ်။
မြောက်များစွာသော သူလျှို ၊ စပိုင် အလုပ်မျိုးဖြင့် အသက်မွေးသူတွေ၊ ရန်သူ့ခံတပ်တွင်းကို …ကျုးကျော်ပြီး ..လျှပ်တစ်ပျက် စီးနင်း တိုက်ခိုက်နိုင်သူတွေ၊ ပြောက်ကျားစစ်သည်တော်တွေ ၊ လုံခြုံရေး စည်း အထပ်ထပ်ကို ဖြတ်ကျော်ပြီး ထွင်းဖောက်ဝင်ရောက်နိုင်သူတွေ၊ နာမည်ကျော် စောရတွေ၊ သော့ဝိဇ္ဇာတွေ၊ ကမ္ဘာပေါ်မှာ လက်ရှိ ခေတ်စားနေတဲ့ ကျွမ်းကျင် ဟက်ကာတွေ အများစု ဟာ နှစ်ခုကြွင်းဖွားတွေပါပဲ ..။
ဝှက်ထားရင် ပိုတွေ့တတ်တဲ့ ကံ နဲ့ ယှဉ်တွဲမွေးဖွားလာသူများ မို့……သူတို့မမြင်အောင် မတွေ့အောင် တစ်ခုခုကို ၀ှက်ဖို့ ထိမ်ချန်ဖို့က …အင်မတန် မလွယ်ကူတဲ့ ကိစ္စပါပဲ။ အဲဒီ့လိုပါပဲ..အတွင်းစည်းထဲကို ချိုးဖောက် ၀င်ရောက်နိုင်သော သူတို့ရဲ့ ပင်ကိုယ်သဘာဝ ကြောင့် ….ဒီသဘာဝကို အသုံးမပြု တတ်ခဲ့ရင် ..အကျိုးမဲ့တဲ့နေရာမျိုးမှာ သုံးခဲ့မိမယ်ဆိုရင် ..သူတို့ဟာ အချင်းချင်း စိတ်ဝမ်း ကွဲအောင် ပြုလုပ်တတ်သူတွေ ဖြစ်လာပါတယ်။ 
ငယ်ရွယ်စဉ် ကလေးဘ၀ တွေမှာတောင် …အချင်းချင်းကြားမှာ ခလောက်ဝင်ဆန်နိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်လာကြပြီး … သူတစ်ပါးမသိစေချင်တာတွေကို ရှာရှာဖွေဖွေ သိမြင် နိုင်စွမ်းလည်း ရှိလာ တာကြောင့် သူတစ်ပါးတို့ရဲ့ အတွင်းရေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဖောက်သည်ချ ပေးနိုင်သူတွေဟာ နှစ်ခုကြွင်းဖွားတွေ ပဲ ဖြစ်လာ ကြပါတယ်။ 
နှစ်ခုကြွင်းဖွားတွေဟာ …. ဆရာကောင်း သမားကောင်း နဲ့ ဆုံနိုင်ဖို့လည်း ခက်ခဲတတ်ကြပါတယ်။ ဂုရုဂြိုဟ်လို့ ခေါ်ဆိုရမယ့် အတိသောမဂြိုဟ် ကြာသာပတေးဟာ မရဏဌာနမှာ မဟာဘုတ်နိစ်မူပြီး ရပ်တည်နေတာကြောင့် ….ဆရာကောင်းနဲ့ကြုံသည့်တိုင်အောင် …ရေရှည်နီးစပ်စွာ မနေနိုင်ကြ ရတတ်ပါ။ အဲ..အတုအယောင် ဆရာသမားမျိုးတွေနဲ့တော့ အလွယ်တစ်ကူ နီးစပ်လွယ်တဲ့ကံ ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း ရွှေမြန်မာနိုင်ငံကြီးမှာ ဘိုးတော်တု၊ နတ်ကတော် စတဲ့ ..မအပ်စပ် ရာသော ….ပုဂ္ဂိုလ်တွေနဲ့  လုံးထွေးပတ်သက် နေတတ်ကြသူတွေ အများစုဟာ နှစ်ခုကြွင်း ဖွားတွေပဲ ဖြစ်လာကြပါတယ်။ 
အခြားသူများကို … သိမ်းသွင်းဆွဲဆောင်မှု ပြုတဲ့နေရာမှာ … အင်မတန် အစွမ်းထက်မြက်ကြသူများ ဟာလည်း နှစ်ခုကြွင်းဖွား များပဲ ဖြစ်ပါတယ် ။ 
သံလိုက်မှုန် တွေ ကပ်နေတဲ့ သူတို့ရဲ့ ဆွဲဆောင်မှု နဲ့ ညှို့အားဒဏ်ကို တော်ရုံတန်ရုံလူတွေ အဖို့ တောင့်ခံနိုင်စွမ်း မရှိကြပါဘူး။ 

 ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား …. 
နှစ်ခုကြွင်းဖွား အားလုံးအဖို့ ကြာသာပတေးဂြိုဟ်အိပ်ကို ဖြတ်သန်းချိန်နဲ့ … တနင်္လာဂြိုဟ်အိပ်ကာလ ကို ဖြတ်သန်းရချိန်များဟာ …. ဘ၀ခရီး ခက်ခဲကြမ်းတမ်းမှုအချို့  ကြုံတွေ့ရဖို့ လွယ်ကူ ချိန်များ ဖြစ်ပါတယ် ။  သောကြာဂြိုဟ်အိပ်ကာလကို ဖြတ်သန်းရချိန်များကတော့ ….စိတ်ဝင်စားစရာ အကောင်းဆုံး ကာလများ ဖြစ်ပြီး ၊ လျှို့ဝှက်သဲဖို စွန့်စားရမှု တွေနဲ့   ပြည့်နှက်နေတတ်သော ကာလများလို့လည်း ဆိုနိုင်ပါတယ်။ 
မြောက်များလှစွာသော နှစ်ခုကြွင်းဖွား အားလုံးကို ကံကောင်းစေသောဂြိုဟ် ကတော့ စနေဂြိုဟ်ပဲ ဖြစ်ပြီး ..၊ ယင်းစနေဂြိုဟ်ဟာ ..ဆိုင်ရာ မွေးနံအနေအထား နဲ့ ဆက်နွယ်မှုအပေါ်မူတည်ပြီး …နှစ်ခုကြွင်းဖွား အားလုံးကို ..အယုတ် ၊ အလတ် ၊ အမြတ် ဖြစ်သော အင်အား ကွဲပြားသည့် ကောင်းကျိုးများကို အသီးသီး ခံစားစေရမှာ ဖြစ်ပါတယ်။
ကြာသာပတေးဂြိုဟ် အင်အားနဲပါးပြီး …အဆိုပါကြာသာပတေးဂြိုဟ် ဟာ …နှစ်ခုကြွင်းဖွား အားလုံးကို …မမက်မောသင့်သော ငွေကြေးဓန လောဘမျိုး ဖြစ်ထွန်းစေဖို့ တွန်းအားပေးတတ်သည့် ဂြိုဟ်လည်း ဖြစ်ပါတယ်။ အခြားသော ရှုထောင့်တစ်ခုကတော့ …ငွေကြေးဓန အားနဲစေသော ကံကို ..အဆိုပါကြာသာပတေးဂြိုဟ် ကပဲ ဆောင်ကျဉ်းလာတတ် ပြန်ပါတယ်။ အဲဒီ့လိုပါပဲ …တစ်ခါတစ်ရံမှာတော့ အဆိုပါကြာသာပတေးဂြိုဟ် ရဲ့ အနေအထားကြောင့် နှစ်ခုကြွင်းဖွားတွေဟာ ငွေတုများ ၊ ငွေမည်းများ နဲ့ ဆိုင်သော ပြဿနာရပ်တွေကို ဘ၀မှာ မထင်မှတ်ဘဲ ရင်ဆိုင်ကြရတတ် တာကို တွေ့ရှိရပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ဒီအကြွင်းဖွားတွေဟာ ….ဘ၀မှာ  မသိအောင် လုပ်တတ်သော အကျင့်စရိုက်အချို့ကြောင့် ..အိမ်ထောင်ဖက် ဖြစ်သူနဲ့  အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလို ..စိတ်ကူးယဉ်တတ်မှု တွေကလည်း မေတ္တာရေးမှာ ထင်ရာစိုင်းမိစေဖို့ တွန်းအားပေးသော အချင်းအရာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ 
ချစ်သူရည်းစား ဘ၀မှာ …..ငွေမက်တယ် ၊ စိတ်ထင်ရာလုပ်တယ် ၊ ကွယ်ရာမှာ ထင်ရာလုပ်တယ်။  ကတိ ချိုးဖောက်တယ် …စသဖြင့် စွပ်စွဲချက်တွေ နဲ့ ကင်ပွန်းတပ်ခံရတတ်သူများဟာလည်း နှစ်ခုကြွင်း ဖွားတွေပါပဲ။ တစ်ကယ့်တစ်ကယ် ကတော့ နှစ်ခုကြွင်းဖွား အားလုံးရဲ့ အဓိက စိတ်သဘာဝဖြစ်တဲ့ ..  လျှို့ဝှက်စွာ စွန့်စားကြည့်လိုမှု  သဘာဝ ကသာလျှင် …ချစ်မှုရေးရာကဏ္ဍတွေမှာလည်း လွှမ်းမိုး ထားပါလိမ့်မယ်။
အိမ်ထောင်ရေးရာ ကဏ္ဍပိုင်းမှာတော့ ဒီအကြွင်းဖွား တွေဟာ စိတ်အပြောင်းအလဲ မြန်ဆန်တဲ့အတွက် …တစ်ခါတစ်ရံမှာ ကသိကအောက် နိုင်စရာ အခြေအနေလေးတွေ ကြုံတွေ့ကြရတတ်ပါတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုးလို့ အခြားသူများက အသိမှတ်ပြုရလောက်အောင် လည်းဘဲ ..နှစ်ခုကြွင်းဖွားတွေ ရဲ့ စိတ်သဘာဝက အပြောင်းအလဲ မြန်ဆန်တတ်ပါတယ်။ 
ရှင့်ကို တစ်သက်လုံး အပြတ်ပဲ ဆိုပြီး…. တော်နေကြာတော့ .မောင်ရေ…သဲရေ…ပူတူးရေ…ဖြစ်တတ် သလို ..၊ ဘယ်တော့မှ မခွဲဘူးနော် ဆိုပြီး …တာ့တာပြခဲ့မိတာမျိုးလည်း ….စိတ်က ပြောင်းလဲ နေတတ်တဲ့ သဘာဝ အခြေခံရှိသူတွေပါ။ 

ကျန်းမာရေး နှင့် အသက်ဇီဝ .. 
နှစ်ခုကြွင်းဖွား အများစုကို အဓိက ဒုက္ခပေးနိုင်တာကတော့ .. အဆီအဆိမ့် နဲ့ အချိုအအီ ကဲလွန်းသော အစားအစာများပဲ ဖြစ်ပါလိမ့်မယ်။  မူလ နာမည်မှာပါ ..အသက်ဇီဝဂြိုဟ်များ  သို့မဟုတ် အာယုဂြိုဟ် ၊ တနင်္ဂနွေ နဲ့ တနင်္လာ ဂြိုဟ် တို့ဟာ အားနဲစေမယ့် လက္ခဏာ ရှိခဲ့မယ်ဆိုရင် …ထိုနာမည်ရှင် နှစ်ခုကြွင်းဖွားတွေဟာ ကင်ဆာရောဂါ နဲ့ ကင်ဆာရောဂါကဲ့သို့ ပွားများလာစေသော အခြားသော ရောဂါမျိုးတို့ကို ဖြစ်ပေါ်ခံစားကြရလေ့ရှိပါတယ်။ 
နှစ်ခုကြွင်းဖွား အားလုံးကို အသက်ဇီဝ ပိုင်းဆိုင်ရာ အားနဲချက် ပြုစေမယ့် ဂြိုဟ်ကတော့ အင်္ဂါဂြိုဟ်ပဲ ဖြစ်ပြီး …၊ အင်္ဂါဂြိုဟ်ဟာ …အသားစိမ်းငါးစိမ်းများ နဲ့ နီရဲနေသော အစားအစာများ ကို အဓိက လွှမ်းမိုးပါတယ်။ အဆိုပါ အင်္ဂါဂြိုဟ်ဟာ …ပုတိဌာနမှာရပ်တည်ပြီး အသက်ဓါတ် ပင်မဂြိုဟ်ဖြစ်သော တနင်္ဂနွေကို ရန်ပက္ခပြုထားတဲ့အတွက် … အစိမ်းစားခြင်း နဲ့ မကျက်တစ်ကျက် များ စားသုံးခြင်းဟာ နှစ်ခုကြွင်းဖွားတွေကို အဓိက အသက်တိုစေ ၊ ဘေးသင့်စေမယ့် အချင်းအရာ တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ 
အင်္ဂါဟာ ပုတိမှာ ရပ်တည်ထားတဲ့အတွက် ရေလုံပြုတ်များ ၊ ပွက်ပွက်ဆူတဲ့ ရေထဲမှာ နှစ်ပြီး ခူးခပ်စားရတဲ့  အသားစိမ်းများ …စားသုံးခြင်းမျိုးဟာ ပိုမိုပြီး အနာရောဂါ ကျရောက် လွယ်ကူစေပါလိမ့်မယ်။ 

အခြားသော အချင်းအရာများ …….. 
နှစ်ခုကြွင်းဖွား အားလုံးမှာ …မွေးရာပါ မူလစွမ်းရည်တစ်မျိုး ရှိပါတယ်။ အလွန် အင်မတန် ဟန်ဆောင်ကောင်းတတ်ခြင်း နဲ့ …မျက်နှာအမူအယာ အပြောင်းအလဲ ကျွမ်းကျင်ခြင်း ပဲ ဖြစ်ပါတယ်။ ဒီမွေးရာပါ စွမ်းရည်ကြောင့်ပဲ အချို့သော နှစ်ခုကြွင်းဖွားတွေဟာ အနုပညာနယ်ပယ် နဲ့ ရုပ်ရှင် ဖလင်လောက မှာ အောင်မြင်မှုတွေ ရရှိလာကြပါတယ်။ 
နှစ်ခုကြွင်းဖွား အားလုံးကို သတိပေးလိုတာကတော့ ….ယဉ်ရထားများ စီးနင်းခြင်း၊ ရေတွင် ပျော်ပါးခြင်း ပြုရာမှာ သတိထားအပ်ကြောင်းပါပဲ။ မြောက်များစွာသော  ..လမ်းကူး ၊ ရေကစား ၊ အမြင့်တက် ရာမှ အန္တရယ်ဖြစ်ရသူတွေ ဟာ နှစ်ခုကြွင်းဖွား ဇာတာရှင် များပဲ ဖြစ်နေတတ်ကြတာကို …ဇာတာပေါင်းများစွာ ..များစွာ မှာ တွေ့ရှိခဲ့ရပါတယ်။ 
ရင်သွေးမိဘများအနေနဲ့ မိမိရင်သွေးဟာ နှစ်ခုကြွင်းဖွား တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ….ရေနဲ့နီးစပ်ရာ၊ လမ်းမကြီးနဲ့အနီးမှာ ၊ အမြင့်ကိုတက်မှာ တွေကို ….တင်ကြိုသတိချပ်ပြီး ..စောင့်ရှောက်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။ အားလုံးသော နှစ်ခုကြွင်းဖွားတွေမှာ ဒီကံသည် သက်ရောက်နေ နိုင်တာဖြစ်သလို…အထူးသဖြင့် နာမည်အဖျားစာလုံးတွေကို အင်္ဂါနံ တနင်္ဂနွေနံ များဖြင့် မှည့်ခေါ် ထားသော နှစ်ခုကြွင်းဖွားတွေ ဟာ  ပိုမိုရင်ဆိုင်ကြရစမြဲ ဖြစ်ပါတယ်။ 
ဘာပဲဖြစ်ဖြစ် …နှစ်ခုကြွင်းဖွားတွေဟာ ….အခြေခံမှစပြီး တစ်ဆင့်ခြင်း ဖြေးဖြေးမှန်မှန် အောင်မြင်ကံကောင်းခြင်း ရရှိတတ်သော ကံဇာတာ ပိုင်ရှင်များ ဖြစ်ပါတယ်။ လူမျိုးကွဲများ ၊ဘာသာကွဲများ နဲ့ ဆိုင်သော အကျိုး စီးပွားမျိုး ဖြစ်ထွန်းလွယ်ကူပြီး ၊ နိုင်ငံရပ်ခြား တိုင်းပြည်များ နဲ့လည်း …ကံအကျိုးပေးမှု ရှိသော သူများ လို့ ယျေဘုယျအားဖြင့် ဆိုနိုင်ကြသူတွေပဲ ဖြစ်ပါတယ်။ 
စနေ ဂြိုဟ် နဲ့ တနင်္ဂနွေဂြိုဟ် များ  အားကောင်းသော …သူများလည်း ဖြစ်တာမို့ …ရုံးပိတ်ရက်တွေဟာ သူတို့တွေကို ပိုမိုကံကောင်းစေတယ်လို့ ပြောရမလိုပါပဲ။ အသေချာဆုံးအချက်ကတော့ …………….သူတို့တွေရဲ့ ဘ၀မှာ …ဘယ်လောက်ပဲ ကံခေ တယ်ပြောပြော……….နောက်ဆုံး အနှစ်ချုပ်မှာ ..ကံအားသာချက်ရရှိတတ်ကြပြီး …စိတ်ရှည် သီးခံနိုင်မှုကလည်း သူတို့တွေရဲ့ ဘ၀မှာ မဖြစ်မနေ လိုအပ်တဲ့ အရည်အချင်းတစ်ရပ် ပဲ ဖြစ်ပါလိမ်မယ်။ တတိယအရွယ်ဟာ ကံအားသာချက် အရရှိနိုင်ဆုံး အရွယ် ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ 
ဘ၀မှာ ဆုရမယ်ဆိုရင် တောင် ..သူတို့ရမယ့် ဆု က ဇွဲဆု ပဲ ဖြစ်ပါလိမ့်မယ် ။ တနည်းအားဖြင့် ဇွဲဆု ရထိုက်သော ကံဇာတာပိုင်ရှင်များလို့ပဲ ဆိုကြပါစို့..။ 

ကောင်းပြီ …ဆောင်းပါးလဲ နဲနဲ တော့ ရှည်သွားလောက်ပြီမို့ အနှစ်ချုပ်ကြပါစို့။ 

တစ်ကယ်လို့သင်ဟာ …… 
(၁) သင်ကိုယ်တိုင် နှစ်ခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်………
စိတ်ရှည်သီးခံနိုင်စွမ်းကို …..တိုးမြှင့်ထားပါ။ ဖြတ်လမ်းမလိုက်ပါနဲ့။ ဖြေးဖြေးမှန်မှန် နဲ့ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ပါ။ 

(၂) သင့်ချစ်သူက  နှစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……….
  ဟန်ပန်မူယာကောင်းတာလေးကြောင့် ကြိုက်ခဲ့မိသလို
….ဟန်ဆောင်တတ်တာလေးကိုလည်း ခွင့်လွှတ်နိုင်ဖို့လိုပါလိမ့်မယ်။

(၃) သင့် အလုပ်ရှင်က နှစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….
 သင့်အလုပ်ရှင်ရဲ့ စိတ်အပြောင်းအလဲ မြန်ဆန်မှု ကို သတိပြုပါ။ ဟိုလိုလုပ်ခိုင်းထားပြီး ..ဒီလိုမလုပ် ရကောင်းလား လို့ အပြစ်တင်လာရင်လည်း …နားလည်ခွင့်လွှတ်ပေးနိုင်ပါစေ။ တာဝန်ယူတတ်မှု ကို ပြနိုင်ရင်တော့  ..သူ့ဆီက အသိမှတ်ပြုမှုကို ပိုမိုရရှိနိုင်ပါလိမ့်မယ်။

(၄) သင့် အလုပ်သမားက နှစ်ခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် …
လူအများစု နဲ့ ဆက်ဆံရမယ့် နေရာမျိုးတွေ၊ အခြားသူတွေကို သိမ်းသွင်း ဆွဲဆောင် ရမယ့် နေရာမျိုးတွေမှာ သူတို့ကို အသုံးပြုသင့်ပါတယ်။ သူတို့တင်ပြလာတွေကိုတော့ အရမ်းကာရော မယုံကြည်လိုက်ပါနဲ့။ 

(၅) သင့် အိမ်ထောင်ဖက် က နှစ်ခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် ..နှစ်ခုကြွင်းဖွား  ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….
ချစ်ဇနီးပြောသမျှကို  … တစ်စမကျန်တော့ မယုံလိုက်ပါနဲ့။  ကိုယ့်အိမ်သူက  တစ်ကယ်ပြောနေ တာလား …ဟန်ဆောင် ပြောနေတာလား ဆိုတာကိုလည်း ခွဲခြားနိုင်အောင် ကြိုးစားပါ။ အဆီအဆိမ့်တွေ လျော့စားဖို့ သူ့ကို သတိပေးရမှာ ဖြစ်သလို..၊ ၀သည်ထက် ၀လာတတ်တဲ့  အခြေအနေတွေကိုလည်း …အချစ်မြင်နဲ့ ..ချမ်းမြေ့ပီတိ ပွားနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

အမျိုးသမီး အတွက်  နှစ်ခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
ခြေလှမ်းတွေ ကွက်ကျော်ပြေးတတ်တဲ့ … ဒါလင်ကို..အလွန်အကျွံ မဖြစ်စေဖို့ သတိပေး ထိမ်းကွပ် ပေးဖို့ လိုပါလိမ့်မယ်။ ခပ်တည်တည်ဖိန့်တတ်တဲ့ အမျိုးသား နဲ့ ချစ်ခဲ့မိပြီမို့..ကိုယ်ကလည်း ..မသိမသာ စူးစမ်း အကဲဖြတ်တတ်ပါစေ။

(၆)  သင့်ရင်သွေး တစ်ဦးဦးက ..နှစ်ခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့
ဆော့တာတော့ ဆော့ပါစေ။ သို့ပေမယ့် … ယာဉ်အသွားအလာများတဲ့နေရာတွေ ၊ ရေအနက်ပိုင်းနဲ့ နီးစပ်ရာနေရာတွေ၊ ပြုတ်ကျရင် ထိခိုက်နိုင်မယ့် အမြင့်နေရာတွေ  မှာတော့ လိုက်ပါစောင့်ရှောက်ပေးနိုင်မှ ဖြစ်ပါလိမ့်မယ်။ 
ငယ်စဉ်ကတည်းက …..အခြေခံပိုင်းတွေကို ကြေညက်အောင် သင်ကြားပေးသင့်တဲ့ ကလေးတွေဖြစ်ပါတယ်။ အောက်ခြေပိုင်နိုင်သလောက် အမြင့်ကို ရောက်နိုင်တဲ့ ကံ နဲ့ ယှဉ်တွဲမွေးဖွားလာသူ ကလေးငယ်များ ဖြစ်လို့ပါပဲ။

(သုံး) ကြွင်းဖွားတွေ ရဲ့ အကြောင်း
သုံးကြွင်းဖွားတို့အကြောင်း လေ့လာကြည့်ကြပါစို့။ 
မူလသဘာဝ …
ဒီမဟာဘုတ် အကြွင်းဖွားတွေဟာ ………. ဘ၀ခရီးတစ်လျှောက်လုံးမှာ …. ယုံကြည်မှု ကို လက်ကိုင်ပြု လျှောက်လှမ်းကြသူတွေဖြစ်ပါတယ်။ သူတို့ယုံကြည်ရာကိုသာ စွဲမြဲစွာ ယုံကြည်ပြီး …အခြား အရာတွေကို လျစ်လျူရှုပစ်လိုက်ကြသူတွေ ပါပဲ။ အဖြူရောင်ကို အထင်ကြီးမိ ရင် အဖြူရောင်ကိုပဲ ကိုးကွယ်တယ်။ အနက်ရောင်ကို လေးစားမိရင် အနက်ရောင်ကိုပဲ ကြည်ညိုတယ်။ ကျန်တာတွေ လာမပြောနဲ့ ..ဟင့်အင်းပါပဲ။ 
ထိုကဲ့သို့သော (မှ..တစ်ပါး ..အခြားမရှိ..) သည့် စိတ်အခြေအနေမျိုးဖြင့် ဘ၀ခရီးကို ဖြတ်သန်းလေ့ ရှိကြသူများ ဖြစ်သလို …၊ သူတို့ဟာ ဘယ်တော့ပဲ ဖြစ်ဖြစ် အတော်ဆုံး ၊ အကောင်းဆုံး ၊ အမြတ်ဆုံး အရာတွေကို သာ သဘောကျတတ်သူတွေ ဖြစ်တယ်။ သူတို့အထင်ကြီးမိ .. လေးစားအားကျမိပြီဆိုရင် ၊ ဒါမှမဟုတ် ..အကောင်းမြင်မိသွားပြီ ဆိုရင် ..ဒါမှဒါ ပဲ ဆိုသလိုမျိုး သဲသဲမဲမဲ နှစ်သက်မိတတ်သလို ….၊ သူတို့ အထင်သေးမိ .. နှာခေါင်းရှုံ့မိသွားပြီ ဆိုမှဖြင့် …ဘာပြောပြော ၊ ဘာကြုံကြုံ ..အဲဒီ့ အကြောင်းအရာကို ဘယ်သောအခါမှ အကောင်းမြင်ကြည့်လို့ မရတော့ပါဘူး။ 
သူတို့က အသိဥာဏ်ဆိုတာကို အလေးထားမြတ်နိုးတတ်သလို ၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နံပါတ်တစ် ဖြစ်နေတာတွေကိုလည်း သဘောကျတတ်သူများ ဖြစ်ပါတယ်။ သုံးတွေ ၊ လေးတွေ၊ ငါးတွေ ဘယ်လောက်တွေ့တွေ့ အာရုံမညွတ်မိပေမယ့် ..တစ်ကို တွေ့လိုက်ရင်တော့ ..စိတ်နှလုံး သဘောခွေ့ ..ပီတိမွေ့စိတ်က ငယ်ထိပ်တက်လာ တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ …သူတို့ဟာ ..၊ မူလပင်ကိုယ်စွမ်းရည် တောက်ပနေသော မည်သူ့ကို မဆို သဘောကျတတ်သော စိတ် ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့အားကျတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ …တီထွင်ဖန်တီးနိုင်သူတွေ၊ ပင်ကိုယ်စွမ်းရည်ထက်မြက်သူတွေ၊ သူမတူအောင် ပင်ကိုယ်ထင်မြက်နေသူတွေ ဖြစ်နေတတ်ပါတယ်။
အလားတူပါပဲ….ဆုတံဆိပ်တွေ၊ ရာထူးတွေ၊ ဂုဏ်ထူးဆောင် အမှတ်တံဆိပ်တွေကို နှစ်သက်မြတ်နိုးတတ်သော စိတ်သဘာဝ ရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ..သူတို့ကိုယ်တိုင်ကလည်း အထင်ကြီးမိရာကို အလွန်အသိမှတ်ပြုတတ်သလို  ၊ သူတို့ကို အသိမှတ်ပြုခံရခြင်းကိုလည်း အလွန် အင်မတန် သဘောခွေ့တတ်ကြသူတွေပါ။  ချီးကျူးစကားတွေကိုသာ ကြားခွင့်ရမယ် ..ဆိုရင် ..မြှောက်ပြောနေမှန်း သိနေရင်တောင် ..ချိုမြိန်သာယာ ညွတ်နူးပစ်လိုက်ဖို့ အဆင်သင့် အမြဲ ရှိနေတတ်သူတွေပါ။ ဒီစိတ်အခြေခံသဘာဝတွေ ကြောင့်ပဲ …အိမ်တစ်အိမ်မှာ ..ဆုတံဆိပ်တွေကို မှန်ဘောင်ထဲ ထည့် ပြီး တင်ထား ၊ ချိတ်ထားပြီး ၊ အမြဲ ဖုန်သုတ်အရောင်လက်နေစေတတ်တဲ့ သူတွေဟာ သုံးကြွင်းဖွားတွေပဲ ဖြစ်လာပါတယ်။
အချို့သော သုံးကြွင်းဖွားတွေဟာ ကျန်းမာရေးဆိုင်ရာ အလေးပေးလွန်းစိတ်လွန်ကဲ ပြီး ၊ ဘာလုံးဝမစားဘူး၊ ဘယ်အရာ လုံးဝရှောင်မယ် ၊ ဘယ်လို လုံးဝမလုပ်ဘူး ..စသည်ဖြင့် …သံမဏိစည်းကမ်းတွေ ကိုယ်တိုင်ချမှတ် ထားကြတာကို တွေ့ရပါတယ်။ အချို့သော သုံးကြွင်းဖွားတွေကလည်း …စည်းကမ်း သည်သာ နံပါတ်တစ် ဆိုတဲ့ မူဝါဒနဲ့ …တစ်ဘ၀လုံးကို ကိုယ်ပိုင်စည်းကမ်းတွေ သတ်မှတ်ပြီး .. ဘယ်သူပြောပြော အလျှော့အတင်းမရှိတဲ့ စိတ်နဲ့ နေထိုင်သွားတတ်ကြပြန်ပါတယ်။

ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….
သုံးကြွင်းဖွားတွေဟာ ….အင်္ဂါဂြိုဟ်အိပ်ကို ဖြတ်သန်းချိန်များမှာ အလွန်အတိုက်အခံ ရန်များ တတ်ပါတယ်။ ပြင်းပြင်းထန်ထန် ခါးခါးသီးသီး မုန်းရတဲ့ ရန်သူမျိုးတွေနဲ့  ကြုံတွေ့ရတတ် သော မူလကံဟာ အဆိုပါ အင်္ဂါဂြိုဟ်အိပ်ထဲမှာ ပိုမိုတောက်ပလာပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်အိပ်များကတော့   သူတို့ဘ၀ရဲ့ ရသင့်ရထိုက်သော အကောင်းဆုံး ဆုလာဘ်တွေကို မွေးဖွားပေးရာ ကာလများပဲ ဖြစ်ပါတယ်။ သုံးကြွင်းဖွားတွေအဖို့ …သောကြာဂြိုဟ်အိပ်ချိန်ဟာလည်း ….ပြိုင်ဘက် ရန်သူများ ပေါများ တတ်ချိန် ဖြစ်ပါတယ်။ အချို့သော သုံးကြွင်းဖွားများ အဖို့ …မွေးချင်း ညီအစ်ကိုမောင်နှမ များနဲ့ …ဆက်နွယ်သော ရန်ပွဲများ နဲ့ အားပြိုင်ရမှုများစွာကို . အဆိုပါ သောကြာဂြိုဟ်အိပ်ကာလများအတွင်း ကြုံတွေ့ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ 

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ဒီအကြွင်းဖွားတွေဟာ …. ချစ်မှုရေးရာ နယ်ပယ်မှာ လည်း  … အထင်ကြီးလေးစား စိတ် ကို အခြေခံ တတ်ကြလေ့ ရှိပါတယ်။ ကိုယ်မြတ်နိုးတဲ့သူ ရဲ့ အထင်ကြီးစရာ ၊ လေးစားစရာ အချက်တစ်ချက်ချက်ကို မူတည်ပြီး… တစ်စိမ့်စိမ့်မြတ်နိုးတွယ်တာ တတ်သူတွေလည်း ဖြစ်ပါတယ်။ အမှန်ပြောရရင်တော့ သူတို့ရဲ့ မေတ္တာရေး / ချစ်မှုရေးရာကဏ္ဍ တွေနဲ့ အိမ်ထောင်ရေး ကဏ္ဍတွေကို အဓိက ထောက်တည်ထားတဲ့ ဒေါက်တိုင်တွေကလည်း ..ယုံကြည်မှု နဲ့ လေးစားမြတ်နိုးစိတ် များပဲ ဖြစ်ပါ လိမ့်မယ်။ အဆိုပါ ဒေါက်တိုင်များ ယိုင်နဲ့သွားပြီ ဆိုတာနဲ့ ..သူတို့ရဲ့ ချစ်မှုရေးရာ ..အိမ်ထောင်ရေးရာ ကဏ္ဍတွေဟာလည်း ..ယိုင်နဲ့အက်ကြောင်းထလာတော့တာပါပဲ။
ဒီအကြွင်းဖွားတွေဟာ …မေတ္တာရေး ၊ အိမ်ထောင်ရေး စတာတွေမှာလည်း …ပထမ ဖြစ်ရခြင်း ကို မြတ်နိုး တန်ဖိုးထားတတ်ကြသူတွေ ဖြစ်ပါတယ်။ အချစ်ဦးဖြစ်ခွင့်ရတာ ၊ အဦးဆုံး နမ်းရှိုက်ခွင့်ရတာ ၊ စသည်ဖြင့် …….. တန်ဖိုး အလွန်ထားတတ်ကြသူများပဲ ဖြစ်ပါတယ်။ တွယ်တာစရာ တစ်ခုခုကိုတွေ့ပြီ ဆိုတာနဲ့ …အခွင့်သာ သမျှ ကိုယ့်ရဲ့မူပိုင်လို သတ်မှတ်ပြီး ..တန်ဖိုးထားတတ်ကြသူများလည်း ဖြစ်ပါတယ်။
သုံးခုကြွင်း အမျိုးသမီးများ အဖို့ …၊ ထက်မြက်သော ခင်ပွန်းမျိုး ၊ အောင်မြင်သော အိမ်ထောင်ဖက်မျိုး နဲ့ ဆုံးဆည်းကံ ပါလာတယ်လို့ ယျေဘုယျအဆင့် ဟောဆိုနိုင်ပါတယ်။ အထူးသဖြင့် …ထိုကံတရားဟာ . သုံးခုကြွင်းဖွား ဖြစ်ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး  နေ့ဖွား အမျိုးသမီး ဇာတာရှင်များ အတွက် ပိုမိုသေချာ ခိုင်မာစွာ ရရှိနိုင်ပါလိမ့်မယ်။ အမည်မှည့်ခေါ်ပုံ မှန်ကန်ညီညွတ်မှု ရှိသော သုံးခုကြွင်း မိန်းကလေး ဇာတာရှင်များ ကို မင်းကတော် စိုးကတော် ဖြစ်ထိုက်သော ကံရှိသူများ လို့ ဆိုနိုင်ပါတယ်။  

ကျန်းမာရေး နှင့် အသက်ဇီဝ .
သုံးခုကြွင်းဖွား များဟာ ကျန်းမာရေးဆိုင်ရာ မှာလည်း …အလွန်တိကျသော ကိုယ်ပိုင်ယူဆချက်များ ရှိနေ တတ်ကြပါတယ်။  ဘယ်အရာကို မစားဘူးလို့ ယူဆထားရင် လုံးဝ မစားပဲ နေတတ်ပြီး ၊ ဘယ်အရာကို စားလို့ အကျိုးရှိမယ်လို့ သတ်မှတ်ထားရင်လည်း ထိုယူဆချက်ကိုပဲ ဆုပ်ကိုင်မြဲမြံထားတတ်လေ့ ရှိကြပါတယ်။ 
ထိုနည်းတူစွာပဲ မိမိ ကောင်း၏ တော်၏ ဟု သတ်မှတ်အထင်ကြီးထားသော …ဆရာဝန် သို့မဟုတ် ဆေးဝါး တို့ကို သာ သုံးစွဲလေ့ရှိကြသူများ ပါပဲ။

 သုံးခုကြွင်းဖွားတွေ ရဲ့ အသက်အန္တရာယ်ကို အဓိက ပြုတတ်သော အချက်နှစ်ချက် ရှိပါတယ်။ တစ်ခုက … လမ်းခရီးသွားလာစဉ် အန္တရာယ် ဖြစ်တတ်ခြင်း ပါပဲ။ အခြားတစ်ချက်ကတော့ …အဆီအဆိမ့် အချိုများ စားသုံးခြင်း ဖြစ်ပါတယ်။ ငွေထည် ပစ္စည်းများ နဲ့ နီးကပ်စွာ နေထိုင်ခြင်း၊ ၀တ်ဆင်အသုံးပြုခြင်းများ က …သုံးခုကြွင်းဖွားတွေရဲ့ သက်တမ်း နဲ့ ရှင်သန်မှုကို အနှောက်အယှက် ပြုနိုင်တာကိုလည်း တွေ့ရှိရပါတယ်။ တနည်းအားဖြင့် ငွေသတ္ထု ဟာ သုံးခုကြွင်းဖွားတွေကို … သက်တမ်းဆုတ်ယုတ်အားနဲ စေနိုင်ပါတယ် 
ကျန်းမာရေး ကဏ္ဍတွေမှာ ခက်တာတစ်ခုက ..သုံးခုကြွင်းဖွားများဟာ ဆရာဝန်ညွှန်သမျှ ဆေး အကုန်အပြည့်အစုံ သောက်သုံးလေ့မရှိပဲ ..၊ မိမိကောင်းမယ် သင့်မယ် ထင်သော ဆေးကိုသာ သောက်သုံးတတ်ခြင်းပဲ ဖြစ်ပါတယ်။ 
သုံးခုကြွင်းဖွားများကို ကျန်းမာရေး တိုးတက်ကောင်းမွန်စေသော … အဓိက အချင်းအရာ ကတော့ နေရောင်ခြည်ပဲ ဖြစ်ပြီး ၊ မိမိတို့နေထိုင်ရာ အခန်း ၊အိမ် စသည်တို့ကို နေရောင်ခြည် ၇၀% ခန့် အလင်းရောင် သက်ရောက်မှု ရှိနေသင့်ပါတယ်။ 

အခြားသော အချင်းအရာများ ……
သုံးခုကြွင်းဖွားများ ရဲ့ မူလစွမ်းရည်တစ်မျိုး ကတော့ …အလွန်သီးခံနိုင်သော အစွမ်းပါပဲ။  အမြဲတမ်း ရန်လိုနေတတ်သောသုံးခုကြွင်း ဇာတာရှင်အချို့မှာတောင် ..သူတို့ စိတ်ရှည် သီးခံနိုင်သော နေရာမျိုးတွေမှာတော့ …သူမတူအောင် သီးခံစိတ်ရှည်နိုင်ကြတာကို တွေ့ရှိရပါတယ်။ အကြွင်းဖွား အားလုံးထဲမှာ ဇွဲအကောင်းဆုံး အကြွင်းဖွား ဟာ ….သုံးခုကြွင်းဖွားတွေ ပါပဲ။ 
မလျော့တမ်းစိတ်နဲ့ ဘယ်လောက်ကြာကြာ အနိုင်တိုက်မယ် ဆိုတဲ့ စိတ်သဘာဝ အခြေခံမျိုးရှိကြပြီး ၊ သူတို့ရဲ့ ကံပေးလက်နက်ကလည်း ဇွဲသတ္တိပဲ ဖြစ်ပါတယ်။ ထိုဇွဲသတ္တိကိုမှ ထုတ်သုံးရကောင်းမှန်း မသိခဲ့သော သုံးခုကြွင်းဖွားဟာ …ဘ၀ကို လက်နက်မပါပဲ တိုက်ပွဲဆင်နေတာနဲ့ အတူတူပါပဲ။ 
သုံးခုကြွင်းဖွားတွေဟာ …မိမိတို့ကို ပြစ်တင်ကဲ့ရဲ့လာခြင်းကို ..တစ်ခြားသူများထက် ပိုမို ရွံမုန်းလေ့ရှိတတ်ကြပါတယ်။ သုံးကြွင်းဖွားတွေဟာ … အသိမှတ်ပြုခံလိုစိတ်လည်း အပြည့်အ၀ ရှိကြတာမို့ ..သူတို့ကို  မသိကျိုးကျွံ ပြုတာ ခံရတာလောက် …အနေရဆိုးတာ မရှိပါဘူး။ ဒီအသိမှတ်ပြု ခံလိုစိတ်ကြောင့်ပဲ ….တစ်ခါတစ်လေမှာ …သူတို့ကို ထုတ်ကြွားတတ်သူ..၊ ကိုယ့်ကိုယ်ဖော်ညွှန်းလိုမှု များသူ ၊ ကိုယ့်ဂုဏ်ကိုယ်ဖော်သူ အဖြစ် …တစ်ခြားသူတွေက အမြင်ကပ်ခြင်းကို ခံရလေ့ရှိကြပါတယ်။ 
နေလ နှစ်ပါး တောက်ပ သော သုံးခုကြွင်းဖွားတွေဟာ ….. အလင်းရောင်ဇာတာရှင်များ လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ အမိအဖတို့ကို လုပ်ကိုင်ကျွေးမွေး ကျေးဇူးဆပ်ခွင့်ကိုလည်း အခြားအကြွင်းဖွားများထက် ပိုမိုရရှိတတ်သူများ ပါပဲ။ အကြီးအကဲ ကံ ကောင်းခြင်း၊ မိကြီးဖကြီး ဆရာသမား တို့မှ စောင့်ရှောက်မှုကို ခံယူရတတ်ခြင်း စသဖြင့် သော ကံအကျိုးပေး ကောင်း ရှိကြသည့် သူများ ဖြစ်ပါတယ်။ 

တစ်ကယ်လို့သင်ဟာ …… 

(၁) သင်ကိုယ်တိုင် သုံးခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်……
ဇွဲသတ္တိ နဲ့ စိတ်ရှည်သီးခံနိုင်ခြင်းကို အစဉ်ထာဝရ ဆောင်ထားပါ။ အရေးကြီးသော ဆုံးဖြတ်ချက်တိုင်းကို နံနက်နေထွက်ချိန်များမှာ ဆုံးဖြတ်ပါ။ 

(၂) သင့်ချစ်သူက  သုံးခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……
  ကိုယ့်ကို ..  အထင်မသေးမိအောင် ဂရုစိုက်ပါ။ သူ့ဆီက ကိုယ့်အပေါ် ယုံကြည်မှုကို .. တိုးသည်ထက် တိုးလာအောင်သာ ကြိုးစားပါ။ အစစ အစဉ်ပြေပါလိမ့်မယ်။

(၃) သင့် အလုပ်ရှင်က သုံးခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….
 သင့်အလုပ်ရှင်ရဲ့ ယုံကြည်စိတ်ချမှု ကို ရယူနိင်အောင် ကြိုးစားပါ။ ဆရာ ..ဒီနေ့ ..၀တ်လာတာ အတော် အချိုးကျပါလား ၊ ဆရာ လုပ်တာ တော်တော်လမ်းကျတယ် ..စသည်ဖြင့် အမှန်တစ်ကယ် ဖြစ်နေသော အကြောင်းအရာတို့ကို ပေါ်လွင်အောင် ထုတ်ဖော်ပြောဆို ပေးပါ။ ဖားရာ မရောက်ပါစေနဲ့။ အမှန်အတိုင်းထုတ်ဖော်ပြောဆို အသိမှတ်ပြုပေးခြင်း မျိုး မကြာမကြာ ပြုပေးသင့်ပါတယ်။

(၄) သင့် အလုပ်သမားက သုံးကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ….
ဒီနေရာတော့ မင်းလုပ်တာ အတော်ကောင်းသဟေ့ ။ ဒီအဖွဲ့ထဲမှာ ဘယ်အရာကိုဖြင့် မင်းသာလျှင် အကောင်းဆုံးလုပ်နိုင်တာပဲ ၊ ..စသဖြင့် ထုတ်ဖော်ချီးကျူးပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်အလုပ်သမား သုံးကြွင်းဖွားက ကိုယ်ပေးတဲ့တာဝန်ကို (ဓါးတောင်ကျော်၊ မီးပင်လယ်ဖြတ်ရပါစေ ..) ထမ်းပါလိမ့်မယ်။  

(၅) သင့် အိမ်ထောင်ဖက် က သုံးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. သုံးခုကြွင်းဖွား  ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….

စမော ထားဖို့ စိတ်မကူးပါနဲ့။  ကိုယ့်ဇနီးရဲ့ …ကောင်းကွက်ကလေးတွေကို ထုတ်ဖော်ပြောဆိုပေးပါ။ သူစကားပြောလာရင်လည်း ..ကိုယ်က စိတ်မ၀င်စားတောင် ..အသိမှတ်လေးတော့ ပြုပေးပါ။ ဖုတ်လေသည့် ငါးပိ ရှိတယ်လို့မထင်တာမျိုး များများ လုပ်မိရင် ..အခြေအနေ ဆိုးသွားနိုင်ပါတယ်။ ဘာမှ မဟုတ်တာလေးတွေကို …တွက်ကပ် ၊ စိစစ်၊ ပေသီးရိုက် နေတာကြောင့်လည်း …စိတ်မပျက်လိုက်ပါနဲ့။ ကိုယ်က သုံးခုကြွင်းဖွား ဇနီးမယားလေး ယူထားမိတယ်လေ လို့သာ တွေးလိုက်ပါ။

အမျိုးသမီး အတွက်  သုံးခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
စမောဘယ်လောက်ထားတဲ့ ယောကျာ်းမျိုးဖြစ်ပါစေ…မိမိကိုတော့ ..ဘယ်သောအခါမှ မပစ်ပယ်နိုင်ဘူး ဆိုတာ သိထားရပါမယ်။ အမျိုးသားက … ဘာဆိုဘာပဲ ၊ ဒါဆို ဒါပဲ သမားမျိုး ဖြစ်တာကြောင့် … သူ့အယူအဆတွေကို ကိုယ်က ပြောင်းပေးနိုင်စွမ်း ရှိမှာမဟုတ်ပါ။ ဒီအချက်ကို ကြိုတင် သဘောပိုက်ထားသင့်ပါတယ်။  

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. သုံးခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့
သူတို့ အဟုတ်ထင်တဲ့သူ ပြောတာမှ နားထောင်မယ့် ကလေးမျိုးတွေ ပါပဲ။ ဒါကြောင့် …စံပြ နမူနာကောင်း ဖြစ်မယ့် ၊ သူတို့လေးစားလောက်မယ့် အချင်းအရာမျိုးတွေနဲ့သာ သူတို့ကို အုပ်ချုပ်လို့ ရပါမယ်။ အလွန်ဇွဲကောင်းတဲ့ ရွတ်တွတ်တွတ် ကလေးလေးတွေပါ။ ဆိုးတာပဲ ဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် …အရောင်စွဲမိသွားရင် ချွတ်ရမလွယ်တော့တဲ့ ကလေး သူငယ်မျိုးတွေ ဖြစ်တာမို့………… စကတည်းက အရောင်ဆိုးတွေ မစွဲမိအောင် ထိမ်းသိမ်း ပေးနိုင်မယ် ဆိုရင် အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။  

ကဲ….သုံးခုကြွင်းဖွား   ….ဇာတာရှင်များအတွက် …ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြပါစို့။ 

 (လေး) ကြွင်းဖွားတွေ ရဲ့ အကြောင်း

လေးခုကြွင်းဖွား တို့ အကြောင်း လေ့လာကြည့်ကြပါစို့……။

မူလသဘာဝ …
ဘ၀မှာ ..     …. လွတ်လပ်မှုကို တန်ဖိုးထား အမြတ်နိုးဆုံး အကြွင်းဖွား တွေကိုပြပါဆိုရင် .လေးခုကြွင်းဖွားတွေကို ပြရမှာပဲ ဖြစ်ပါတယ်။ အလှအပ နဲ့  စိတ်ကြည်လင်ချမ်းမြေ့စရာတွေ နောက် ..ကောက်ကောက် ပါအောင် လိုက်ပါလိုသော စိတ်သဘာဝ ရှိကြသူများ ဟာလည်း လေးခုကြွင်းဖွားတွေပဲ ဖြစ်ပါတယ်။ ချုပ်ခြယ်မှုခံရမှာ ၊ စိတ်ဖိစီးမှုခံရမှာတွေကို တစ်ခြား အကြွင်းဖွားတွေထက် ပိုမိုကြောက်ရွံ့တတ်ပြီး ..မျက်နှာလွှဲ ကျောခိုင်းထားလေ့ရှိ တတ်ကြ သူမျးလည်း ဖြစ်ပါတယ်။ 
လေးခုကြွင်းဖွားတွေဟာ …ဘ၀မှာ …မိခင် ၊ အစ်မ ၊ အဖွား ၊ အဒေါ် စတဲ့ အမျိုးသမီးအကြီးအကဲတွေ အပေါ် ပိုမိုတွယ်တာ တတ်လေ့ရှိကြပြီး ၊ မိသားစု နဲ့ သူတို့ချစ်ခင်တွယ်တာမိသူတွေအပေါ်မှာလည်း အလေးထား မြတ်နိုးတတ်သူတွေပါ။ 
အားနဲချက်တစ်ခုကတော့… စိတ်မပြတ်သားမှု နဲ့ ..အစဉ်အမြဲ ဒွိဟများနေရတတ်မှုတို့ပဲ ဖြစ်ပါတယ်။ အကြောင်းအရာ ကဏ္ဍများစွာမှာ  မြွေမသေတုတ်မကျိုး လုပ်ကိုင်ထားတတ်သူများ ဟာလည်း လေးခုကြွင်းဖွားတွေပါပဲ။ 
လေးခုကြွင်းဖွားတွေဟာ ဆရာသမားတွေ၊ ပညာရပ်တွေနဲ့ ပတ်သက်လာရင် နှမြောတွန့်တို တတ်ကြ သူများလည်း ဖြစ်ပါတယ်။ ကြွယ်ဝချမ်းသာ လာရင်လည်း …တစ်ကယ်ချမ်းသာသလောက်ကို သူများ အသိမခံချင်ကြပါဘူး။ ဖုံးထားကွယ်ထား တတ်လေ့ ရှိကြပါတယ်။ သူတို့က  ပညာရပ်အမျိုးမျိုးကို စုဆောင်း သိုမှီးထားရတာကို ၀ါသနာထုံတတ်ကြသလို …သူတို့တွေအတတ်ပညာ သင်ကြားရာ မှာလည်း တစ်စ တစ်စ ပွားယူတဲ့နည်းနဲ့ သင်ယူဆည်းပူးလေ့ ရှိတတ်ကြပါတယ်။ 
လေးခုကြွင်းဖွားများဟာ …ရေမှာပျော်ရွှင်ရခြင်း၊ ရေနှင့်နီးစပ်သော နေရာဌာနများမှာ နေထိုင်ရခြင်း … ပျော်ပါးရခြင်း ၊ ယာဉ်ကားများကို မြတ်နိုးတတ်ခြင်း၊ ခရီးသွားလာလှုပ်ရှားနေရခြင်းကို သာယာပျော်မွေ့နေတတ်ခြင်း ၊ အနုပညာကဏ္ဍများ နဲ့ ဓါတ်ပုံရိုက်ကူးခြင်း၊ ရုပ်သံ ဗွီဒီယို ရိုက်ကူးခြင်း များကို နှစ်လိုနေတတ်ခြင်း …ရှိကြသူများလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် .. ဓါတ်ပုံရိုက်မယ်ဟေ့ ဆိုရင် ရှေ့ဆုံးက ထွက်လာတတ်တာ လေးခုကြွင်းဖွားတွေပါပဲ။

ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား …
လေးခုကြွင်းဖွားများအတွက် … အင်္ဂါဂြိုဟ်အိပ်ချိန်များနဲ့ စနေဂြိုဟ်အိပ်ချိန်ကာလများဟာ …စိတ် အပင်ပန်းဆုံးပဲ ဖြစ်ကြပါလိမ့်မယ်။ ဘ၀မှာ သူတို့တွေ အမြတ်တနိုးတန်ဖိုးထားတဲ့ လွတ်လပ်ပျော်ရွှင် ရမှုများ ..ပျောက်ဆုံးကုန်နိုင်သော ဆယ်နှစ်တာ စနေဂြိုဟ်အိပ်ကာလဟာ သူတို့တစ်တွေကို ပင်ပန်းစွာ ဖြတ်သန်းရစေပါတယ်။ အဲဒီ့လိုပါပဲ အင်္ဂါဂြိုဟ်အိပ်ကာလ ဟာလည်း …ဘ၀မှာ အပြင်းထန်ဆုံး လောကဓံအချို့ရဲ့ ရိုက်ခံမှုကို ခံစားရလေ့ ရှိတတ်ကြတာကို တွေ့ရှိရပါတယ်။  ဆန့်ကျင်ဘက်အနေနဲ့ ကြာသာပတေးဂြိုဟ်အိပ် ကာလများကတော့ ….သူတို့တွေကို ..စိတ်ချမ်းသာပျော်ရွှင်ရမှုများ ၊ ခရီးယာယီများစွာ သွားလာရခြင်းများ နဲ့ …မိသားစုချစ်ခြင်းကမ္ဘာထဲမှာ သာယာပျော်မွေ့စွာ နေထိုင်ရခြင်းများ ပေးစွမ်းတတ်လေ့ရှိပါတယ်။ လေးခုကြွင်းဖွားတွေဟာ ..အလေးအနက်ထားနိုင်စွမ်းနဲပါးကြသလို ..ဘာကို ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့သာ ရင်ဆိုင်ဖြေရှင်းလိုတဲ့အတွက် ..အခြားသူများက သူတို့ကို ..တာဝန် မကြေသူ၊ အလေးအနက်မထားသူ ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား စသည်ဖြင့် အမျိုးမျိုး အထင်လွဲ တတ်ကြပါတယ်။ တစ်ကယ်တော့ …လေးခုကြွင်းဖွားတွေရဲ့ စိတ်ကကို …လွတ်လပ်ပေါ့ပါးပြီး အေးချမ်းမှု ကို ရှေးရှုနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချုပ်နှောင်မှု တွေ ..၊ တားဆီး ပိတ်ပင်ခံရခြင်းတွေ၊ ဒုက္ခတွေ၊ အနိဌာရုံတွေဟာ သူတို့တွေအတွက် … တော့ ရှောင်ခွာ ထွက်ပြေးရမယ့် ကဏ္ဍတွေဖြစ်လာကြပါတယ်။ 
ဘ၀ကို ပျော်ပျော်နေပြီး ပျော်ပျော်ပဲ သေလို တဲ့ စိတ်အခြေခံရှိကြတာမို့ ….ဂိမ်းတွေ၊ ကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကလည်း သူတို့အတွက် အရေးပါတဲ့ အခန်း ကဏ္ဍတွေ ဖြစ်လာကြပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ လေးခုကြွင်းဖွားတိုင်းဟာ စုဆောင်း သိုမှီးလိုသော စိတ်သဘာဝအခြေခံလည်း ရှိနေကြပါတယ်။ တစ်ခုမဟုတ် တစ်ခု …စုဆောင်းသိုမှီးဖို့ ၊ သင်ယူလေ့လာဖို့ အမြဲ ကြိုးစားနေတတ်ကြသူများ ပါပဲ။ 
ဒါကြောင့်လည်း  … အသက်မွေးမှု လုပ်ငန်းများလုပ်ကိုင်ရာမှာ ကုန်သိုလှောင်မှု ဆိုင်ရာ လုပ်ငန်း နယ်ပယ်များ နဲ့ ပတ်သက်လာလေ့ရှိကြပါတယ်။ အချို့သော ..လေးခုကြွင်းဖွားများကတော့ ..ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ ၊ ယာဉ်ကားများနှင့် သက်ဆိုင်သော လုပ်ငန်းများ ၊ ကွန်ပြူတာ နယ်ပယ်။ သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ၊ ကလေးသုံးပစ္စည်း ဆိုင်ရာလုပ်ငန်းများ ၊ အလှအပ နှင့် ဆိုင်သော လုပ်ငန်းများ ၊ မိတ္တူကူးဆိုင်၊ ရုပ်ရှင် နှင့် အနုပညာနယ်ပယ် ဆိုင်ရာလုပ်ငန်းများ ၊ ဓါတ်ပုံရိုက်ကူးရေး ..စသဖြင့် နယ်ပယ်အသီးသီးမှာ ကျင်လည်ကျက်စား လာကြပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ဒီအကြွင်းဖွားတွေဟာ …. ချစ်မှုရေးရာ နယ်ပယ်မှာ လှေနံနှစ်ဖက် သို့တည်းမဟုတ် နှစ်ဖက်မက နင်းရလောက်အောင် ဗျာများစရာတွေ ကြုံရတတ်သလို ၊ စိတ်ဒွိဟဖြစ်စရာ အခြေအနေတွေကလည်း … ပါဝင်လာတတ်စမြဲဖြစ်ပါတယ်။ ပျော်ရွှင်သာယာ ကြည်နူးစရာတွေ နောက်ကို ကောက်ကောက် ပါအောင် လိုက်ပါလိုတဲ့ စိတ်သဏ္ဍန် ရှိတာကြောင့် ချစ်မေတ္တာရေးမှာလည်း စိတ်ဆင်းရဲစရာ ၊ စိတ်နှလုံး မသာယာစရာတွေ အရမ်းများလာခဲ့ပြီဆိုရင် .. .. ခိုင်မြဲမှုကလည်း ယိုယွင်း လာတတ်ကြပါတယ်။ သစ္စာရှိလို့ မရှိလို့ ဆိုတာထက် …စိတ်ညစ်ညူးမှုဒဏ်ကို တစ်ခြား အကြွင်းဖွားတွေလောက် ခံနိုင်ရည်စွမ်း မရှိတာကြောင့် …စိတ်မချမ်းမြေ့မယ့် ရပ်ဝန်းဒေသကနေ အဝေးဆုံးကို ထွက်ပြေး မိကြခြင်းမျိုး ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် လေးခုကြွင်းဖွားများကို ချစ်သူအနေနဲ့ပဲ ဖြစ်ဖြစ် ၊ ဘ၀ လက်တွဲဖော် အနေအထားနဲ့ပဲ ဖြစ်ဖြစ်၊  လက်တွဲဖို့ စဉ်းစားထားပြီဆိုရင် ….သူတို့ကို ဘယ် အတိုင်းအတာ ထိ စိတ်ချမ်းသာအောင် ထားနိုင်မလဲ ဆိုတာ ကိုသာ ရှေ့တန်းတင် တွေးထား သင့်ပါတယ်။ စိတ်ချမ်းသာအောင် မထားနိုင်ခဲ့ရင်တော့ စလယ်ဝင် ဖင်မမဲခင် ခွာပြဲဖို့ပြင် ထားပေတော့လို့ ဆိုရမလောက်ပါပဲ။ 

ကျန်းမာရေး နှင့် အသက်ဇီဝ .. 
လေးခုကြွင်းဖွားတွေရဲ့ အသက်ဇီဝ နဲ့ သက်တမ်းကို အဓိက ဖျက်ဆီးနိုင်တာကတော့ စနေဂြိုဟ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် …မိမိနေထိုင်ရာ အရပ်ဒေသမှ အနောက်တောင် အရပ်ကို ရွှေ့ပြောင်းမိရာမှ ကျန်းမာရေးဆုတ်ယုတ်လာခြင်းမျိုး ကြုံရတတ်သလို …၊ အနက်ရောင်များ ၊ စိတ်ဖိစီးမှုများ ၊ ရှောင်တိမ်းမရသော လေးလံတာဝန်များ၊ အတင်းအကျပ် ပြုမူခံရခြင်းများ ဟာလည်း ကျန်းမာရေးကို ဖဲ့ခြွေ ချေမှုန်းမယ့် အဓိကအကြောင်းအရာတွေ ဖြစ်လာကြပါတယ်။ 
စိတ်ထောင်းလို့ကိုယ်ကြေ  ဆိုသလို ..စိတ်ဖိစီးမှုဒဏ်ဟာ လေးခုကြွင်းဖွားတွေရဲ့ ကျန်းမာရေးကို အဓိက ဖဲ့ခြွေတိုက်စားနိုင်သော အချင်းအရာတစ်ရပ် ပဲ ဖြစ်ပါတယ်။ အခြားအားဖြင့်ကတော့ … သည်းခြေအားနဲမှု ကြောင့် ဖြစ်ပွားသော ရောဂါဥပါဒ်များ ၊ အချိန်ကာလ ကြာမြင့်စွာ ကုစားရသော ဝေဒနာများ ၊ လေးဘက်နာ နဲ့ အတိတ် ကာလက ဖြစ်ပွားခဲ့ဖူးသော ရောဂါဟောင်းများ ကြောင့် အသက်ရှင်သန်ရေးကို ထိခိုက်စေနိုင်တာကို တွေ့ရှိရပါတယ်။ အချို့သော …လေးခုကြွင်းဖွားများမှာ သွား ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ကျရောက်တတ်တာ ကိုလည်း တွေ့ရှိရပါတယ်။ မြို့ပြယဉ်ကျေးမှုစနစ်မှာ …အောက်ခြေမြေညီ ထပ်တွေ၊ အောက်ဆုံး ထပ်တွေမှာ နေထိုင်ခြင်း ထက် ..၊ အပေါ်ဆုံးထပ် သို့မဟုတ် ..အမြင့်ပိုင်းတွေမှာ နေထိုင်ခြင်းများဟာ လေးခုကြွင်းဖွားတွေရဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိနိုင်ပါ လိမ့်မယ်။ ထို့နည်းတူပဲ ..မြေပြန့်ဒေသ နဲ့မြေနိမ့်လွင်ပြင်ဒေသတွေမှာ နေထိုင်ခြင်းထက် ..တောင်တန်းဒေသ နဲ့ အမြင့်ပိုင်းအရပ်ဒေသ တွေဟာ လေးခုကြွင်းဖွားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါလိမ့်မယ်။

အခြားသော အချင်းအရာများ … 
လေးခုကြွင်းဖွားများဟာ ရန်သူကို အနိုင်တိုက်ခိုက်ရာမှာ လက်ဦးအောင် စတင် ရန်စ စစ်ထိုးတဲ့ နည်းကို သုံးလေ့ရှိတတ်ကြပါတယ်။ အချုပ်အခြယ် ခံရခြင်းကို မုန်းတီးကြသလောက် ..လွတ်လပ်စွာနေထိုင်ရခြင်းကိုလည်း မြတ်နိုးတန်ဖိုးထားတတ်ကြသူတွေ ဖြစ်ပါတယ်။ လေးခုကြွင်းဖွားများ  အဖို့ …ဥယျာဉ်ခြံလုပ်ငန်းများ ၊ ဘဏ်လုပ်ငန်းများ၊ ဇိမ်ခံပစ္စည်းထုတ်လုပ်ရောင်းချခြင်း ဆိုင်ရာ လုပ်ငန်းများ ..ဟာ  အကျိုးစီးပွားဖြစ်လွယ်တယ်လို့ ယျေဘုယျ ဆိုနိုင်ပါလိမ့်မယ်။ စက်မှု လုပ်ငန်းများ နဲ့ …မီးကို အသုံးပြုရသော လုပ်ငန်းနယ်ပယ်များ မှာ အောင်မြင်မှုရရှိနိုင်သလို …အလုပ် သမားများ နဲ့ အောက်လက်ငယ်သား ကံမှာတော့ အားနဲတတ်ကြပါတယ်။ လေးခုကြွင်းဖွား များဟာ သားသမီးကံ အားနဲကြပါတယ်။ သားသမီး နဲ့ပတ်သက်လို့ စိတ်တိုင်းကျရမှု နဲပါးတတ်ကြပြီး၊ ဘ၀မှာ သားသမီးမြေးမြစ်ဆိုင်ရာ သောက ပူပန်မှု ရှိတတ်ကြသူများပါပဲ။ 
လေးခုကြွင်းဖွားတွေရဲ့ အကောင်းဆုံး စွမ်းရည်တွေကတော့ …. ၊ အကောင်းဆုံး အုပ်ချုပ်နိုင်ခြင်း ၊ ခေါင်းဆောင်နေရာမှ အရည်အသွေးပြည့် လှုပ်ရှားလုပ်ဆောင်နိုင်ခြင်း ၊ ပထမဆုံး စူးစမ်းရှာဖွေ နိုင်ခြင်း  ၊ တီထွင်ဆန်းသစ် လမ်းစ အစအပျိုးနိုင်ခြင်းများ ပဲ ဖြစ်ပါတယ်။ ခက်တာက သည် စွမ်းရည်တွေကို ထိထိမိမိ အသုံးချနိုင်စွမ်း ရှိဖို့လိုအပ်တာပါပဲ။ တစ်ချို့ဆို မိမိမှာ သည်စွမ်းရည်မျိုး ရှိလို့ ရှိမှန်းတောင် မသိကြပဲ ဇဝေဇ၀ါနဲ့ပဲ ရပ်တည်နေတတ်ကြပါတယ်။ အကျဉ်း အကျပ်ကြုံ ချိန်မျိုးလောက် မှသာ …စွမ်းရည်က အလိုလို ပေါ်ပေါက်လာတာမျိုးသာ အများဆုံးတွေ့ရှိရပါတယ်။ ….

တစ်ကယ်လို့သင်ဟာ ……

(၁) သင်ကိုယ်တိုင် လေးခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်……
ရေနဲ့ နီးစပ်သော နေရာဒေသများမှာ အခြေချနေထိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ချောင်ပိတ်မိစေမယ့် ကဏ္ဍမှန်သမျှကို တင်ကြိုရှောင်ရှားနိုင်ဖို့ လိုပါတယ်။ တနင်္လာနေ့တွေဟာ …..အများအားဖြင့် ကံကောင်းမှုတွေကို သယ်ဆောင်လာမယ့် နေ့တွေဖြစ်ပါတယ်။

(၂) သင့်ချစ်သူက  လေးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ………
ပျော်သလိုနေပါကွယ် …ဆိုတဲ့ သီချင်းလေးသာ အမြဲသီဆိုပြီး ..ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားပေတော့ ။  အခါအားလျော်စွာ …ပျော်ပွဲရွှင်ပွဲတွေ ၊ ဘာပွဲ ညာပွဲတွေ တက်ရောက် နိုင်အောင် ပြင်ထားပါ။  ..ကင်မရာကောင်းကောင်းတစ်လုံး ၀ယ်ပြီး ချစ်သူကို ခရီးများများ လိုက်ပို့ပေး နိုင်မယ် ဆိုရင်တော့ …..အမှတ်တစ်ရာ ရပြီ ကိုယ့်ဆရာတို့ရေ..။

(၃) သင့် အလုပ်ရှင်က လေးခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် …
သင့်အလုပ်ရှင်ရဲ့ တော်ကြာတစ်မျိုး ၊ ခုတစ်မျိုး  သဘာဝကို ကြိုတင်သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။ သင့်အလုပ်ရှင်ဆီက အခွင့်အလမ်း တစ်စုံတစ်ရာ တောင်းဆိုမယ်ဆိုရင် သူပျော်အောင် ရယ်မောနေအောင် တစ်ခုခုအရင် ကြိုးစားလိုက်ပါ။ ပြီးရင် ချက်ချင်းတောင်းဆိုပါ။ ပေးမယ် လို့ပြောပြီး စိတ်မပြောင်းသွားသေးခင်မှာ အကောင်အထည်ဖော်ပါ။ 

(၄) သင့် အလုပ်သမားက လေးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ….
အလုပ်တွေ တာဝန်တွေ အများကြီးမပေးပါနဲ့။ ဖြစ်နိုင်သမျှ သွားလာလှုပ်ရှားမှု ရှိနေမယ့် နေရာတွေမှာပဲ သူတို့ကို အသုံးပြုခြင်း အလုပ်ပေးခြင်း ဖြစ်စေသင့်ပါတယ်။ အလွန်အကြူး မဆူပါနဲ့။ ချောင်ပိတ်ပြီး ငေါက်ငမ်းပြစ်တင် လိုက်မယ်ဆိုရင် အလုပ်က သေချာပေါက်နှုတ်ထွက်ခြင်း ၊ ထွက်ပြေးခြင်း ပြုသွားပါလိမ့်မယ်။

(၅) သင့် အိမ်ထောင်ဖက် က လေးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. လေးခုကြွင်းဖွား  ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….
စိတ်တိုစရာတွေ့တောင် …. ပြုံးပြုံးလေးနဲ့ ဆုံးမပြုပြင်ပါ။ ဇနီးသည်ကို မကြာခဏ သွားလေရာခေါ် သွားပါ။ ဖြစ်နိုင်ရင် ခရီးထွက်ပေးပါ။ ပျားရည်ဆမ်းတွေ၊ ဘာရတု ညာရတုတွေလည်း အခါ အားလျော်စွာ လုပ်ပေးပါ။ ဘာမှလုပ်စရာမရှိရင်တောင်… အိမ်ဆေးသုတ် မင်္ဂလာတို့ ..၊ ချစ်သက်တမ်း ရက်တစ်ထောင်ပြည့်တို့ စသည်ဖြင့် ကြံကြံဖန်ဖန် လုပ်ပြီး …အိမ်ထောင်ရေး ကို မျက်နှာသစ်ပေးပါ။ ပွင့်ပွင့်လင်းလင်း မပြောလို့ ဆိုပြီး အပြစ်မတင်လိုက်ပါနဲ့ ။ လေးခုကြွင်းဖွား ဇနီးမျိုးဟာ အခြား မိန်းကလေးတွေထက် ပိုမိုမျိုသိပ်နိုင်စွမ်းရှိတယ် ဆိုတာ မမေ့အပ်ပါကြောင်း။

အမျိုးသမီး အတွက်  လေးခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …မြွေမသေ တုတ်မကျိုး သမား ကို ယူထားမိပြီဆိုတာ သဘောပေါက်ပါစေ။ ရှင့်အမေ ရှင့်အစ်မ တွေကို ကျွန်မထက် ပိုအလေးထားရသလား ဆိုပြီးလည်း မပေါက်ကွဲမိပါစေနဲ့။ အပျော်ကြိုက်တဲ့ ယောကျာ်းကို ယူထားမိပြီဆိုမှဖြင့် အိမ်မြဲခိုင်းဖို့ ခက်တယ်ဆိုတာ သဘောပေါက်ရပါမယ်။ ဖြစ်နိုင်သမျှ အိမ်မြဲအောင် အိမ်မှာပျော်အောင် ..ကိုယ့်ဘက်ကလည်း အိမ်ပျော်ဆေးလေးတွေ ရှိနေမှ ဖြစ်ပါမယ်။ ဖြစ်နိုင်သမျှ ….မိမိရုပ်ရေကို ကျော့ကျော့မော့မော့ ပြင်ဆင်ပါ။ ပုံတုံးတွေ၊ တစ်ခါလာလည်း သည်ဒီဇိုင်း ဆိုတာမျိုးတွေ လုပ်မိတာများလာရင်တော့ ..ခင်ပွန်းဖြစ်သူ မုန့်စားရင်းလှည်းစီး  သွားနိုင်ပါတယ်။ လှတာလေးမှ လိုချင်တတ်တဲ့ အမျိုးသားမျိုးကို ယူထားမိပြီမို့ …ကိုယ့်ကိုယ်ကိုလည်း အမြဲလှနေနိုင်သမျှ လှနေအောင် ၊ အမြဲသစ်လွင်နေအောင် ကြံဖန်ပြီးလုပ်တတ်ဖို့ လိုသလို..၊ ယောကျာ်းက ကိုယ့်ကိုနဘေးထားပြီး အလှလေးတွေကို မကြာမကြာ ငမ်းမိနေရင်လည်း .. သြော် ..ငါ့ယောကျာ်းက အလှကြိုက်သမားလေးမို့ပါ လို့သာ နှလုံးသွင်းပါ။ အမြဲဗြစ်စိဗြစ်စိ လုပ်မိနေမယ်ဆိုရင်တော့ လင်တော်မောင် အိမ်မကပ် ဆေး ကို ဖော်နေမိပြီသာ အောက်မေ့ပါတော့ ..။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. လေးခုကြွင်းဖွား  တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…
ကျောင်းပျော်မယ့် ကလေးတွေပါ။ ဟဲ့ …ကျောင်းသွားဦးလို့ ငေါက်ပြောစရာ မလိုအောင် …ကောက်ကနဲ ကျောင်းထသွားမယ့် ကလေးငယ်မျိုးတွေ ဖြစ်ပါတယ်။ သင်ရလွယ်ပြီး သင်လိုစိတ်ရှိတဲ့ ကလေး သူငယ်တွေမို့ …၊ ကောင်းတာတွေသာ များများသင်ပြပေးနိုင်ဖို့ ကြိုးစားကြပါ ဆိုရင်းဖြင့်…………………………..။  

ကဲ….လေးခုကြွင်းဖွား   ….ဇာတာရှင်များအတွက် …ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြပါစို့။

(ငါး) ကြွင်းဖွားတွေ ရဲ့ အကြောင်း
ငါးခုကြွင်းဖွား တို့အကြောင်း လေ့လာကြည့်ကြပါစို့……။
မူလသဘာဝ …
ဒီကမ္ဘာပေါ်မှာ နည်းပေးလမ်းပြ လုပ်ရသော လုပ်ငန်းမျိုးတွေ မှာ အအောင်မြင်နိုင်ဆုံး အကြွင်းဖွားကိုပြပါ ဆိုရင် ငါးခုကြွင်းဖွားတွေကိုပဲ လက်ညှိးညွှန်ရပါလိမ့်မယ်။ ဂိုက်လုပ်ငန်း ၊ လမ်းပြ ၊ နည်းပြ ၊ ဧည့်ကြို ..စသည်ဖြင့် …သော သူတစ်ပါးတို့ကို လမ်းညွှန်လမ်းပြ နည်းပေးလမ်းညွှန် လုပ်ကိုင်ရမယ့် လုပ်ငန်းမျိုးတွေမှာ အောင်မြင်မှု အရနိုင်ဆုံး သူတွေပါပဲ။                                     
သူတို့တွေဟာ ငယ်စဉ်ကတည်းက မြေပုံတွေ၊ တည်နေရာတွေ၊ ဘယ်ကို ဘယ်လိုသွားရမယ် ၊ ဘယ် အရာကို ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ….တစ်ခြားအကြွင်းဖွား ခြောက်မျိုးလုံးထက် ပိုမို သိမြင်နိုင်စွမ်း ရှိကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြားသူများထက် စောစောကြိုပြီး ပိုမိုအောင်မြင်နိုင်ကြတာကို တွေ့ရပါတယ်။ ငါးကြွင်းဖွားတွေဟာ စွန့်ဦးတည်ထွင်သူများ ၊ ပထမဆုံး စွန့်စားလုပ်ဆောင်သူများ နေရာမှာ အမြဲနေရာယူထားကြပါတယ်။
သူတို့တွေဟာ အစွန်းရောက်နေတဲ့အတ္တကိုသာ နိုင်အောင် ချုပ်ကိုင်နိုင်မယ်ဆိုရင် …ဒီကမ္ဘာပေါ်မှာ မြတ်နိုးစရာ အကောင်းဆုံး လူသားတွေလို့တောင် ဆိုနိုင်လာမှာပါ။ သို့သော်…အကြောင်း အားလျော်စွာပဲ တစ်ခါတစ်ရံမှာ နိုးထလာတတ်တဲ့ သူတို့ရဲ့ အစွန်းရောက် အတ္တတွေကြောင့် …လူတွေက သူတို့ကို ရွံရှာသွားစေတဲ့အထိ ..အမုန်းပွားမှုကို ခံယူကြရပြန်ပါတယ်။ 
ငါးကြွင်းဖွားတွေဟာ မယုံကြည်ရင် လုံးဝ မယုံကြည်တတ်သလို ..၊ ယုံကြည်မိရင်လည်း အစွန်းရောက်တဲ့ အထိ ယုံကြည်စွဲလမ်းမိ တတ်ကြပါသေးတယ်။ ဒါကြောင့်လည်း …ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှု အစွန်းရောက်သော သူများ ၊ ဘာသာရေးအစွန်းရောက်များ ၊ လူမျိုးရေး အစွန်းရောက်များ ဟာ ငါးကြွင်းဖွား အများစု ဖြစ်လာကြပါတယ်။ အချို့သော ငါးခုကြွင်းဖွားတွေကတော့ ……မိမိကိုယ်မိမိက လွဲပြီး ဘာတစ်ခုမှကို ယုံကြည်မှု မရှိတတ်ကြပါဘူး။ တနည်းအားဖြင့် အချို့သော ငါးကြွင်းဖွားတို့ကို ဘာသာကင်းမဲ့ဝါဒီ တွေအဖြစ်လည်း တွေ့မြင်ရနိုင်ပါတယ်။ တစ်ကယ်တော့ …ငါးကြွင်းဖွားတွေအနေနဲ့ …တစ်ခုခုကို အလွယ်တစ်ကူ ယုံကြည်ဖို့ ခက်ခဲခြင်းပဲ ဖြစ်ပါတယ်။ အဲ…ယုံကြည်မိပြီ ဆိုရင်လည်း …ဒါမှဒါ ၊ ဘာမှလာမပြောနဲ့ ဆိုတာမျိုး ..ယုံကြည်အစွန်းရောက် တတ်ကြပြန်ပါတယ်။ 
အဆိုပါအချင်းအရာများ ကြောင့်ပါပဲ ..ငါးခုကြွင်းဖွားတွေဟာ ဘ၀မှာ …ယုံကြည်လေးစားမိသူ၊ အားထား ကိုးကွယ်မိသူ အလွန်ရှားပါးပါတယ်။ တော်တန်ရုံနဲ့  ယုံကြည်မှု မထားနိုင်တဲ့ အခြေခံစိတ်သဘာဝ ရှိတာကြောင့်လည်း …..တော်တန်ရုံ ဘယ်သူ့ကိုမှ အားကိုးယုံကြည်မှု ၊ ကိုးကွယ်ဆည်းကပ်မှု မထား နိုင်ကြပါဘူး။ အဆိုပါအနေအထားများကို ငါးခုကြွင်းမဟာဘုတ်ဇာတာခွင် ရဲ့ မရဏဌာန မှာ ရပ်တည်နေတဲ့ …တနင်္ဂနွေဂြိုဟ် က ဖော်ဆောင်အာနိသင်ပြုနေတာပဲ ဖြစ်ပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ …. အဆိုပါ တနင်္ဂနွေဟာ မရဏဌာနမှာ ရပ်တည်နေခြင်းကြောင့် ….သူတို့ အားထားယုံကြည်သော ….ကိုးကွယ် ဆည်းကပ်သော ပုဂ္ဂိုလ်များဟာ ….. မရဏဌာနရဲ့ သဘာဝအရ … ၊ ဝေးမြေရပ်ခြားက ပုဂ္ဂိုလ်များ ၊ လူမျိုးဘာသာကွဲ ဆရာသမားများ၊ တမလွန်မှ သို့မဟုတ် ပရလောကမှ ပုဂ္ဂိုလ်များ ၊ လောကုတ္တရာ နယ်ပယ်မှ ဆရာသမားများ ၊ ဗေဒင်ပညာ …စိတ်ပညာ နှင့် နာမ်ပိုင်းဆိုင်ရာ နယ်ပယ် များမှ ဆရာသမားများ ၊ အတိဒုက္ခ ကြုံကြိုက်နေရသော ဆရာ သမားများ ဖြစ်နေတတ်တာကို တွေ့ရှိရနိုင်ပါတယ်။ 
ငါးခုကြွင်းဖွားတွေဟာ ….. အင်္ဂါဂြိုဟ် ရပ်တည်မှု အားကောင်းကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ စပ်တူနဲ့ အစုရှယ်ယာ ကဏ္ဍများမှာ အစဉ်သဖြင့် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လိုမှု ရှိနေကြပြီး ၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် …အနာဂတ်ရည်မှန်းချက်များလည်း ရှိနေတတ်ကြပါတယ်။ .. တစ်ယောက်ထဲ လုပ်နိုင်ဦးတော့ …မလုပ်ချင်ကြသူများ ဖြစ်ပြီး …ဖြစ်နိုင်သမျှ …လုပ်ကြရအောင် ၊ သွားကြရအောင် ၊ စားကြရအောင် ၊ …စသဖြင့် … ရည်ရွယ်ချက်တူ လူအများနဲ့ ပူးပေါင်းဆောင်ရွက် လိုမှု စိတ်အား ပြင်းထန်နေတတ်ကြပါတယ်။ 
အင်္ဂါဂြိုဟ်ဟာ ရာဇဌာနမှာ ရပ်တည်ထားပြီး …ရာဇဌာနဟာ မဟာဘုတ်ခွင် ဌာန ခုနှစ်ပါးမှာ အရေး အပါဆုံး ဌာနဖြစ်တာကြောင့် … ငါးခုကြွင်းဖွား အားလုံးဟာ အင်္ဂါဂြိုဟ်လွှမ်းမိုးသူများ လို့တောင် ခေါ်ဆိုထိုက်သူတွေ ပါ။ ဒါကြောင့်လည်း ….သူတို့ဟာ အမြဲနိုးကြားထက်သန် နေတတ်ပြီး ၊ သူတစ်ပါးတို့ကိုလည်း တိုက်တွန်းနှိုးဆော် လိုစိတ် အမြဲရှိနေတတ်ကြပါတယ်။ 
အင်္ဂါဂြိုဟ်ဟာ စွန့်စားလုပ်ဆောင် မှု ကို အားပေးသော ဂြိုဟ် ဖြစ်သလို ၊ အင်္ဂါဂြိုဟ်လွှမ်းမိုးနေတဲ့ ငါးခုကြွင်းဖွားတွေဟာ လည်း စွန့်စားလုပ်ဆောင်ရမှု ကို အလွန်နှစ်ခြိုက်မြတ်နိုးတတ်သော သူများ ဖြစ်လာကြပါတယ်။ 
အင်္ဂါဂြိုဟ်ဟာ စူးစမ်းရှာဖွေ မှု တွေကို အားပေးသလို ..ငါးခုကြွင်းဖွားတွေဟာလည်း …ဘယ်အရာကိုပဲ ဖြစ်ဖြစ် စမ်းကြည့်လိုစိတ် ..၊ စူးစမ်းကြည့်လိုစိတ် အမြဲ ရှိနေတတ်ကြပါတယ်။ အင်္ဂါဂြိုဟ်ဟာ ညီတူမျှတူ ဖြစ်မှု နဲ့ အချိုးအစားတူ ဖြစ်မှုကို လွှမ်းမိုးထားတာကြောင့် …ငါးခုကြွင်းဖွားတွေ ဟာလည်း …… အညီအမျှ ဖြစ်မှု မဖြစ်မှု ဆိုတာကို အာရုံအမြဲကျက်စား မိနေတတ်ကြပြီး … အမြဲ ပေတံတစ်ချောင်းနဲ့ တိုင်းထွာနေတတ်တဲ့ စိတ်သဘာဝကို ရရှိလာကြပြန်ပါတယ်။
အင်္ဂါဂြိုဟ်ဟာ … ရှေ့သို့ အစဉ်ဆက်တိုက် တွန်းထိုးမောင်းနှင်တတ်သော ဂြိုဟ် ဖြစ်တာကြောင့်လည်း ငါးခုကြွင်းဖွားတွေဟာ ငယ်စဉ်ကတည်းက တိုးတက်ရေး ၊ ရှေ့ရောက်ရေး …အတွက် စိတ်အားပြင်းပြလာကြပြီး၊ ဘ၀မှာ ငယ်စဉ်ကတည်း က ရည်မှန်းချက် ထားကြသူများ အဖြစ် ဖြစ်တည် လာကြပါတယ်။ ထားပါတော့ ရေးရမယ်ဆိုရင် မကုန်နိုင်ပါဘူး ။   ဌာနတစ်ခုမှာ ရပ်တည်နေတဲ့ ဂြိုဟ်သဘာဝ တစ်ခုနဲ့တင် ဆောင်းပါးတစ်ပုဒ်စာ မက ဖြစ်သွားနိုင်ပါတယ်။ 
ထိုနည်းတူပါပဲ …အခြားသော ဌာနအသီးသီး မှာ ရပ်တည်နေတဲ့ ဂြိုဟ်သဘာဝ အနေအထားအရပ်ရပ် အရ သက်ရောက်မှု သဘာဝတွေ ရှိကြပါတယ်။ အရေးအပါဆုံးဖြစ်တဲ့ ရာဇဌာန မှာ ရပ်တည်သော ဂြိုဟ်..ဖြစ်သည့် အင်္ဂါဂြိုဟ်ရပ်တည်မှုအရ …ဆက်လက်ဖော်ပြရရင်တော့ ……စွန့်ဦးရှာဖွေ နိုင်စွမ်း ရှိသော အင်္ဂါဂြိုဟ် လွှမ်းမိုးနေတဲ့ ငါးခုကြွင်းဖွားတွေဟာ ….ဆွေမျိုးစု၊ လူမျိုးနွယ်စု အတွင်းမှာလည်း …ပထမဆုံး ရှေ့ထွက်ရှာဖွေ စွန့်စားနိုင်သူများ အဖြစ် …ရပ်တည်ခွင့် ရရှိလာတတ်ကြပါတယ်။ တနည်းအားဖြင့် ငါးခုကြွင်းဖွားတွေဟာ တစ်မိပေါက် တစ်ယောက်ထွန်း လို့ ဆိုရမယ့် …ထူးခြားသူတွေပါပဲ။

တစ်ကယ်လို့များ ငါးခုကြွင်းဖွား တစ်ယောက်ယောက်ကို အဆိုပါ အင်္ဂါဂြိုဟ်ပိုင် အမည်မျိုး မှည့်ခေါ် မိခဲ့မယ် ဆိုရင် …(အထူးသဖြင့် နာမည်အဖျားစာလုံး) ..၊ ယင်း အင်္ဂါဂြိုဟ်ရဲ့ ဂုဏ်သတ္တိ ကို ပိုမို ရရှိပိုင်ဆိုင်လာနိုင်ပြီး ….ငယ်ရွယ်စဉ်မှာပင် စွန့်စားအောင်မြင်လာနိုင်သော အကျိုးအာနိသင်ကို ကျိန်းသေ ရရှိလာမှာ ဖြစ်ပါတယ်။ (မှတ်ချက် ။ မွေးနံ အသီးသီး အရ ..အကျိုးအပြစ် ကွာခြားမှု ရှိပါသည်။)

ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….
ငါးခုကြွင်းဖွားတွေအတွက်  ဗုဒ္ဓဟူး / ရာဟု ဂြိုဟ်အိပ်များ ဟာ …ပြင်းထန် သော ..စိတ်ခံစားမှုများ နဲ့ ..အရေးပါသော ဘ၀ဖြစ်စဉ်များ ဖြစ်ထွန်းပေါက်ပေါက်လာလေ့ ရှိတတ်ကြပါတယ်။ မင်းအစိုးရများ နှင့် အပြင်းအထန် တင်းမာမှုများ ကြုံကြိုက်ရတတ်ခြင်း၊ အထက်အရာရှိများ ၊ ဖခင်၊ အဖိုး၊ ဦးလေးဦးမင်း၊ အစ်ကိုကြီး စသော သူများနှင့် သက်ဆိုင်သော အင်အားပြင်းထန်သည့် အခြေအနေနှင့် စိတ်ခံစားမှုများ ဖြစ်ပေါ်လာတတ်ကြပါတယ်။  
စနေဂြိုဟ်အိပ်ချိန်မှာတော့ …. ငါးခုကြွင်းဖွားတွေဟာ အသိမှန် အမြင်မှန်တွေ ရှင်သန်နိုးထခွင့် ကြုံကြိုက် လာကြပြီး ၊ အဆက်အသွယ်ကောင်းများ ရှာဖွေ ရရှိချိန် ကြုံကြိုက်လာကြပါတယ်။ ကြာသပတေး ဂြိုဟ်အိပ်ကာလ ကို ဖြတ်သန်းချိန်မျိုးမှာတော့ …သူတို့တစ်တွေဟာ ဘယ်အသက်အရွယ် ဘယ်အပိုင်းခြားမျိုးမှာပဲ ဖြတ်သန်းရသည်ဖြစ်ပါစေ… .အဆိုပါကာလများမှာ … အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းများ၊ လူအများဖြင့် ဆောင်ရွက်လုပ်ကိုင် ရသော အခန်းကဏ္ဍများ၊ သင်ယူ သင်ကြားရခြင်းများ ၊ သင်တန်းများ ၊ကျောင်းများ ဖြင့် လုံးထွေး နေရသော အချိန် ဖြစ်လာကြပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုဟာ ကြာသာပတေးဂြိုဟ်အိပ် ထဲမှာ အမြင့်မားဆုံး ဖြစ်လာကြပြီး ၊ အသင်းအဖွဲ့ပေါင်းများစွာနဲ့လည်း ပတ်သက်ဆက်နွယ်လာတတ်ချိန် ပါပဲ။ 
သောကြာဂြိုဟ်အိပ် ကြုံချိန် ဖြတ်သန်းချိန်များကတော့ …သူတို့တစ်တွေအတွက် ..ဆုလာဘ် ရရှိချိန် လို့တောင် ဆိုနိုင်ပါတယ်။ ရည်ရွယ်ထားသမျှတွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ် လာချိန်ပါပဲ။ သောကြာဂြိဟ်အိပ်ကို ကြောက်ရွံတတ်တဲ့ … တနင်္ဂနွေ ၊ ကြာသာပတေး၊ တနင်္လာ စသော နေ့နံများ တောင် ငါးခုကြွင်းဖွား သောကြာဂြိုဟ်အိပ်ကြုံချိန်မှာ အကျိုးကျေးဇူးကို ခံစားရမှာ ဖြစ်ပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ငါးခုကြွင်းဖွားတွေရဲ့ အချစ်ရေးကဏ္ဍမှာတော့ သူတို့တွေဟာ အတည်မဟုတ်သေးဘဲ ..အကဲစမ်းပြီး တွဲကြည့်လိုတဲ့ စိတ်သဘာဝ မျိုး ရှိကြတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် အစမ်းခန့် အချစ် နဲ့ ပထမဆုံး စ ပါတယ်။ နောက်တစ်ချက်ကတော့ … သူတို့ချစ်တဲ့သူကို ..သူတို့သတ်မှတ်ထားတဲ့ စံပေတံ နဲ့ တိုင်းထွာ တွက်ချက် ပြီး …စကေးကိုက် မကိုက် ညှိကြည့်တတ်ကြပါတယ်။ ပြီးရင် နှစ်ဦးသား ညှိနှိုင်းဆွေးနွေးကြည့်ခြင်း ၊ စိတ်တူကိုယ်တူ ဖြစ်မဖြစ် …ချင့်ချိန်ခြင်းတွေ ထပ်ပြီး ပေါင်းထည့် ပါတယ်။ ပြောရရင်တော့ ကာကူလေတာ ပေါ်က အချစ်မျိုး လို့တောင် ဆိုရမှာပါ။ အချစ်ရေးမှာလည်း အတွက်အချက် တွေနဲ့ တိုးတက်ရေးတွေ ရောထွေး နေတတ်ကြသူတွေပါ။ 
သူတို့တွေဟာ ခေတ်မီပြီး ရဲတင်းဖျတ်လတ်တာကိုလည်း သဘောခွေ့တတ်ကြပါတယ်။ သူတို့ချစ်တဲ့သူတွေ ကိုလည်း သူတို့က ..တစ်ခုမဟုတ် တစ်ခု နှိုးဆော်တိုက်တွန်းပေး ရတာမျိုးကို သဘောကျတတ်ကြပါတယ်။
အိမ်ထောင်ရေး ကဏ္ဍမှာတော့ ….ငါးခုကြွင်းဖွားတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ကို ..သူတို့နဲ့ စိတ်တူ သဘောတူ ဖြစ်ဖို့ ၊ သူတို့ ဆွဲခေါ်ရာကို အတူတစ်ကွ လိုက်ပါလာပြီး တက်တက်ကြွကြွ  လုပ်ဆောင်ဖို့ … လိုလားတတ်ကြသူတွေပါ။ သူတို့နဲ့ တစ်သဘောတည်း မဖြစ်ဘဲ ….အတူတစ်ကွ ဆောင်ရွက်လိုမှု မရှိဘူး ဆိုရင် ..စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြသူတွေပါ။ ငါးခုကြွင်းဖွား အမျိုးသားအများစု ဟာ … အတည်မဟုတ်သည့်တိုင်အောင် လက်တဲ့စမ်းလိုတဲ့ သဘာဝ များတာကြောင့် …အိမ်ထောင်ရှိပါလျက်နဲ့ … အီစီကလီ လေးတွေ၊ အကဲစမ်းအချစ်သစ်လေးတွေ ကြုံတွေ့ကြရတတ်ပါတယ်။ အမျိုးသမီးများမှာတော့ အနဲစုမှာ  အဆိုပါအခြေအနေ မျိုး ရှိတာကို တွေ့ရပါတယ်။

ကျန်းမာရေး နှင့် အသက်ဇီဝ ..
ငါးခုကြွင်းဖွားတွေ ရဲ့ အသက်ဇီဝ နဲ့ ကျန်းမာရေးကို  ထိခိုက်စေနိုင်သော အဓိက ပင်မဂြိုဟ်က တော့ တနင်္လာဂြိုဟ်ပဲ ဖြစ်ပါတယ်။ တနင်္လာဂြိုဟ်ဟာ ဖျော်ရည် ၊ အရည် နဲ့ ပင်လယ်ထွက် စားသောက် ကုန်များကို လွှမ်းမိုးပါတယ်။ ဒါကြောင့် …အရက်သေစာများ၊ အရည်တစ်မျိုးမျိုးကို အလွန် အကျွံ သောက်သုံးခြင်းမျိုး နဲ့ ပင်လယ်စာများကို မကြာခဏ စားသုံးခြင်းများက သက်တမ်းဆုတ်ယုတ်စေ နိုင်တယ် လို့ …..ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ 
ငါးခုကြွင်းဖွားတွေဟာ သွေးထဲမှာ အဆိပ်သင့်ခြင်း၊  သွေးသွင်းမိရာမှ ကူးစက်ရောဂါ  ခံစားရခြင်း၊ ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့် ..သက်တမ်းဆုတ်ယုတ်နိုင်ခြင်း ကံ ရှိကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့် …ငါးကြွင်းဖွားတွေ အနေနဲ့ …ကူးစက်နိုင်သော ရောဂါ ရှိသူများ နဲ့ ဆက်ဆံနေထိုင်ရာမှာ …သတိပြုအပ်လှပါတယ်။ 
ငါးခုကြွင်းဖွား တွေ အတွက် ကျန်းမာရေး တိုးတက်စေနိုင်သော အခြေအနေ ကတော့ …လူသူကင်း ဆိတ်ရာ ..အေးချမ်းရာမှာ တစ်ဦးတည်း နေထိုင်ပြီး …ကျန်းမာရေးတည်ဆောက်ခြင်း မျိုး ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေး ချို့တဲ့နေသူများအဖို့ ..မိမိလက်ရှိနေထိုင်ရာ အရပ်ကနေ ..အရှေ့စူးစူး အရပ်မျက်နှာ ကျရောက်ရာ နေရာဒေသများကို မပြောင်းရွှေ့အပ်ပါဘူး။ အကြောင်းကတော့…အသက်ဇီဝ ကို ယုတ်လျော့အားနဲစေသော အရပ် ဖြစ်လို့ပါပဲ။ 


အခြားသော အချင်းအရာများ ……
ငါးခုကြွင်းဖွားတွေ     တန်ဖိုးအထားဆုံး အမြတ်နိုး ရတနာကို ဖော်ပြပါ ဆိုရင် …. အချိန် ..ပဲ ဖြစ်ပါ လိမ့်မယ်။ စက္ကန့် တိုင်း ရှေ့ကိုရောက်ဖို့လိုတယ် …နောက်ကျလို့ မဖြစ်ဘူး ဆိုတဲ့ အတွေးတွေ အမြဲ လွှမ်းမိုးနေတတ်ကြသော ငါးခုကြွင်းဖွားတွေအဖို့ …အချိန် ဆိုတာ ဘယ်လိုမှ ဆုံးရှုံးလို့ မဖြစ်တဲ့ ရတနာ တစ်ပါးပါပဲ။ ဒါကြောင့်လည်း သူတို့တွေဟာ…နာရီကောင်းကောင်း လေးတွေ ကြိုက်တတ်ပြီး ၊ အများစုကတော့ နာရီကို နဲနဲကြိုစောပြီး (တစ်ကယ့်အချိန်ထက် ပိုစောပြီး) တိုက်ထားတတ်ကြပါတယ်။ ဒါမှလည်း ..နောက်အကျသက်သာမယ်လို့ …မသိစိတ်ကနေ..ထင်မြင်နေတတ်ကြသူတွေပါ။ 
ငါးခုကြွင်းဖွားတွေရဲ့ မွေးရာပါ ..စွမ်းရည်တစ်မျိုးကို ပြပါ ဆိုရင် …မေတ္တာစွမ်းရည်  လို့ပဲ ဖော်ပြရ ပါလိမ့်မယ်။ အဓိပတိဌာနမှာ ရပ်တည်ထားသော တနင်္လာဂြိုဟ်ရဲ့ ဂုဏ်သတ္တိ ဟာ ငါးခုကြွင်း ဖွားတွေကို ငြိမ်းချမ်းရေး စွမ်းရည် ၊ မေတ္တာစွမ်းရည် မျိုး ရရှိပိုင်ဆိုင် လာစေပါတယ်။ ဒီအချက်ကို မသိသေးသမျှ ….ငါးခုကြွင်းဖွားတွေအဖို့ မေတ္တာကို မိမိပိုင်လက်နက်လို  မသုံးနိုင်ကြသေးပါဘူး။ 
တစ်ကယ်တော့ ငါးခုကြွင်းဖွားတွေရဲ့ သဘာဝပေး လက်နက်ကို ပြပါဆိုရင် မေတ္တာ စွမ်းရည် ၊ ငြိမ်းချမ်းရေး စွမ်းရည် ပါပဲ ။ အမြဲဆူပူ ငြူစူနေတတ်သော ၊ မျက်နှာကြောအမြဲတင်းနေသော ၊ ဒေါသကြီးသော ၊ ပေါက်ကွဲလွယ်သော ငါးခုကြွင်းဖွားများဟာ ….တစ်ကယ်တော့ လက်နက်မဲ့ အကာကွယ်မဲ့ …ကျရှုံးနေသူများပဲ ဖြစ်ပါလိမ့်မယ်။ အမြဲပြုံးရွှင်နေတတ်သော ၊ သူတစ်ပါးတို့အပေါ် အမှန် တစ်ကယ် မေတ္တာစိတ်ထားတတ်သော ၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တတ်သော ..ငါးခုကြွင်းဖွားမျိုးတွေ ကတော့ … လက်နက်အပြည့်အစုံ တပ်ဆင်ထားနိုင်သည့်  အောင်မြင်မှုရရှိနေသော သူမျိုးတွေ လို့ ဆိုနိုင်ပါတယ်။ 
တနင်္လာဟာ ….အရည်၊ ပျော်ရည်များ ၊ ရေ နှင့် ရေထွက်ကုန်များ ၊ သင်ယူသင်ကြားရေးကဏ္ဍများ၊ အသင်းအဖွဲ့နှင့် လုပ်ဆောင်ရသော ကဏ္ဍများ ၊ လွတ်လပ်မှု နှင့် ငြိမ်းချမ်းရေး သဘာဝများ ၊ သိုလှောင် သိုမှီးခြင်း ဆိုင်ရာ ကဏ္ဍများ ၊ ခရီးသွားလာခြင်း နှင့် ..ကူးပြောင်းခြင်း သဘာဝများ ကို လွှမ်းမိုးထားပါတယ်။ ဒီတနင်္လာ ဂြိုဟ်ကပဲ ..ငါးခုကြွင်းဖွားတွေအတွက် စွမ်းရည် အဖြစ် ဖြစ်တည်လာတာကြောင့်…….
ငါးခုကြွင်းဖွားတွေဟာ … အဏ္ဏ၀ါဗေဒ ဆိုင်ရာ စွမ်းရည် ၊ သင်ကြားရေးဆိုင်ရာ စွမ်းရည် ၊ အသင်းအဖွဲ့များ တွင် ကောင်းစွာ ၀င်ဆံ့နိုင်သော စွမ်းရည် ၊ စုဆောင်းခြင်း သိုလှောင်ခြင်း ဆိုင်ရာ စွမ်းရည် ၊ ခရီးသွားလာမှု ဆိုင်ရာ စွမ်းရည် ၊ အရည် ပျော်ရည် များ နှင့် သက်ဆိုင်သော စွမ်းရည် …စသည်ဖြင့် ..သော မူလစွမ်းရည်မျိုးတွေ ပိုင်ဆိုင်နေတတ်ကြပါတယ်။ 
သည်နေရာမှာ …ငါးခုကြွင်းဖွားများကို ပိုမိုမြင်လွယ်စေရန် အတွက် ..တစ်ခု တင်ပြရရင်..၊ ကျေးဇူးတော်ရှင် တောင်းတန်းသာသနာပြုဆရာတော်ဘုရားကြီး ဟာ ငါးခုကြွင်းဖွားပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး ပရိတ်ရွတ်တဲ့အခါ…ပရိတ်ရေများ ဆူပွက်ကျတာကို စာဖတ် ပရိသတ် အများစုအနေနဲ့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဆရာတော်ကြီးဟာ တနင်္လာအဓိပတိရဲ့ စွမ်းရည် သတ္တိကြောင့် …မေတ္တာပွားများနိုင်မှု မှာ အထူးထင်ရှားခဲ့ပြီး ၊ ကျားရိုင်းတွေ ၊တောကောင်ရိုင်းတွေတောင် ယဉ်ပါးသွားစေတဲ့အထိ မေတ္တာစွမ်းရည် ကို အသုံးပြုနိုင်ခဲ့ပါတယ်။ ထို့နည်းတူပဲ...တနင်္လာရဲ့ သဘာဝဖြစ်တဲ့ ရေများဟာ ဆရာတော်ကြီး မေတ္တာစိတ်အပြည့်နဲ့ ပရိတ်ရွတ်ဖတ်လိုက်တာနဲ့ ..ဆူပွက်ကျလာရပါတယ်။ အင်မတန်ထူးခြား ကြည်ညိုစရာကောင်းလှပါတယ်။ 
ဒါကြောင့် ..ငါးခုကြွင်းဖွားတွေအားလုံးကို စာရေးသူ အနေနဲ့ အကောင်းဆုံး အကြံပေးလိုတာကတော့ … မည်သည့် အခက်အခဲမျိုးကိုမဆို ..မေတ္တာတရားကို လက်ကိုင်ပြုပြီး ..ကျော်ဖြတ်ပါ။ မည်သူ့ အပေါ်ပဲ ဖြစ်ဖြစ် မေတ္တာစိတ် အမှန်တစ်ကယ်ထားပြီး ပြုံးရွှင်ကြည်သာ ဆက်ဆံပါ။ တစ်ကယ်တော့ ငါးခုကြွင်းဖွားတွေ အတွက် အပြုံးဆိုတာလည်း လက်နက်တစ်ပါးပါပဲ။ 
ငါးခုကြွင်းဖွားတွေဟာ ..အထက်တန်းလွှာ လူတန်းစားတွေ၊ အမြင့်မားဆုံး အောင်မြင်နေသူတွေနဲ့ ရင်းနှီးပတ်သက် ရ လွယ်ကူသော ကံလည်း ရှိပါတယ်။ တနည်းအားဖြင့် အထက်လွှာလူတန်းစားတွေနဲ့ နီးစပ်  ပတ်သက် ရတတ်သော ကံရှိပါတယ်။ ဒီကံကို အသုံးပြုတတ်ရင်လည်း ဘ၀တိုးတက်ရေးမှာ အကျိုးပြုပါလိမ့်မယ်။

တစ်ကယ်လို့သင်ဟာ ……
(၁) သင်ကိုယ်တိုင် ငါးခုကြွင်းဖွား  တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်…
ကြည်လင်သော စိတ်နဲ့ သန့်ရှင်းသော ကိုယ်  ဖြစ်ဖို့ ကြိုးစားပါ။ ဒါဆိုရင် သင့်မှာ စွမ်းအားအပြည့်ရှိနေပါပြီ ။ စွမ်းအင်ပြည့်ဝနေသူ သွားသမျှ နေရာတိုင်းဟာ လမ်း ဖြစ်စေပါတယ်။  

(၂) သင့်ချစ်သူက  ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ………
အကဲစမ်းတာတွေ၊ စူးစမ်းတာတွေ ခံနိုင်ဖို့ပြင်ထားပါ။ ဖြစ်နိုင်သမျှ ..သဘူတောပါတယ် လို့ ပြန်ဖြေတာ အကောင်းဆုံးပါပဲ။ လိုအပ်ရင် ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ လုပ်မယ့်ချစ်သူမျိုးမို့ ..ကိုယ့်ဘက် ကလည်း သူဘာပဲ ဆွေးနွေးညှိနှိုင်းလာလာ အဆင်ပြေချောမွေ့အောင် တင်ကြိုပြင်ဆင်ထားသင့်ပါတယ်။

(၃) သင့် အလုပ်ရှင်က ငါးခုကြွင်းဖွား  ဖြစ်ခဲ့မယ် ဆိုရင် ….
အလုပ်ရှင် စိတ်မကောက်အောင် သတိထားပါ။ အမြန်အကောင်အထည်ဖော် ပေးမှ သဘောကျမယ့် အလုပ်ရှင်မျိုး ဖြစ်တယ်ဆိုတာလည်း သိထားရပါမယ်။ ဖြစ်နိုင်သမျှ သူဘာလုပ်လုပ် ကိုယ်လည်း ၀င်လုပ်ပေးလို့ ကူပေးလို့ရရင် ကူပေးလိုက်ပါ။ အတူတစ်ကွ ဆိုတဲ့ စိတ်သဘာဝကို ပြနိုင်ရင် အလုပ်ရှင်ရဲ့ အမှတ်ပေးမှုကို သေချာပေါက်ပြန်ရပါလိမ့်မယ်။

(၄) သင့် အလုပ်သမားက ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ….
အလုပ်စ ခန့်ခန့်ချင်းမှာ …. အဆီအငေါ်မတည့် တာတွေ ဖြစ်သလောက် အရှိန် ရသွားတာနဲ့ ..အလျှင်အမြန်အကောင်အထည် ဖော် ပေးနိုင်တဲ့ ..ငယ်သားကောင်း တစ်ယောက် ရလိုက်သလိုပါပဲ ။ ဖြစ်နိုင်သမျှ သူတို့ကို ရှာဖွေစူးစမ်းရမယ့် လုပ်ငန်းနေရာတွေမှာ ထည့်သုံးပါ။

(၅) သင့် အိမ်ထောင်ဖက် က ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် …
အမျိုးသား အတွက် .. ငါးခုကြွင်းဖွား   ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….
အပြိုင်အဆိုင် စိတ် ရှိတဲ့ ဇနီးသည်ကို သူများနည်းတူ တန်းတူ ထားနိုင်အောင် ကြိုးစားပါ။ ကိုယ်က အခွင့်အရေးတစ်ခု ယူရင် ….သူ့ကိုလည်း အခွင့်အရေးတစ်ခု ပေးဖို့ မမေ့ပါနဲ့။ ကြေးနန်းထိုးရန်ကော လို့လည်း အပြစ်မမြင်လိုက်ပါနဲ့ ၊ ငါးခုကြွင်းဇနီးမယား ဆိုတာ ..တစ်ခြားမိန်းကလေးတွေထက် အညီအမျှ ဖြစ်မှ ပိုကြိုက်တတ်တာကြောင့်ပါ။ ကိုယ့်ဆရာတို့ရေ ….မဟုတ်တာ တစ်ခုခုများ လုပ်ထားမိရင်တော့ သေချာပိပိရိရိ ဖုံးဗျားးးးး ။  အစုံအစမ်း အမေးအမြန်း တော်တဲ့ ဇနီးမျိုး ယူထားမိတယ် ဆိုတာကို သတိရပါ။

အမျိုးသမီး အတွက်  ငါးခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
တစ်ခါတစ်လေ အတ္တကြီးပြီး ထင်ရာလုပ်တတ်တဲ့ လင်ယောကျာ်းကို စိတ်မကုန်လိုက်ပါနဲ့။ ဟိုဆွ သည်ဆွ …သူဆွသမျှကိုလည်း သီးခံနိုင်အောင်ကြိုးစားပါ။  ကိုယ့်စိတ်ကို မကြာခဏ အကဲစမ်းမှာကိုလည်း သဘောပေါက်ထားသင့်ပါတယ်။ သိပ်ပြီး ရိုးရိုးတုံးတုံး မနေပါနဲ့။ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ပြီး လင်တော်မောင်ကို အငြီးပြေအောင် ထားတတ်ပါမှ ဗျာတို့..။ တစ်ခါလာလည်း ဒါ…တစ်ခါလာလည်း ဒါ….ဆိုတာမျိုးတွေကို စိတ်ကုန်တတ်တဲ့ လင်ယောကျာ်းကို ယူထားမိပြီမို့….တစ်ခါလာလည်း ..ဒါ မဖြစ်ရအောင် …၊ တစ်ခါတစ်လေ ဆန်းဆန်းလေးတွေ ဖန်တီးပေးပါ။ ဥပမာ ..ခေါင်းအုံးစွပ်က အစပေါ့ …တစ်ပတ်တစ်ခါ အရောင်ပြောင်း ပေးတာတို့ ၊ ခန်းဆီးလိုက်ကာ ပြောင်းပေးတာတို့..၊ စသည်ဖြင့် ပေါ့။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. ငါးခုကြွင်းဖွား  တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…
ဘ၀မှာ ကျောင်းကောင်းတာတွေ၊ သင်တန်းကောင်းတာတွေ၊ ဒိပ်ဒိပ်ကျဲ ..ကျောင်းတွေ တက်ခွင့်ရနိုင်တဲ့ ရင်သွေးငယ်မျိုး မွေးထားမိတယ်ဆိုတာ သဘောပေါက်ပါ။ ကလေးငယ်ဟာ ..စစချင်းတွေ မှာ ခက်ခဲရတတ်သော ကံ ကြောင့် ၊ ကျောင်းစထားကါစ ၊ သို့မဟုတ် … အလုပ်တစ်ခုခုကို စလုပ် ခိုင်းကာစမှာ ..အခက်အခဲတွေ့ရပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးကို ကူညီဖြေရှင်းပေးနိုင်အောင် ကြိုးစားပါ။ အခြေခံတွေမှာ ညံ့တတ်တဲ့ ကလေးတွေမို့ ..အဖြစ်နိုင်ဆုံး အခြေခံတွေကို ဖြေးဖြေးမှန်မှန် နဲ့ ကလေးနားလည်အောင် ၀ိုင်းဝန်း ကူညီသင်ကြားပေးတတ်ပါစေ။ နေကြတ်တာမျိုးတွေ များ ကြုံရင် ..ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ဗျာ..ကလေးကို ထွက်မကြည့်ပါစေနဲ့။ ကဲ……………ဒီလောက်ဆို ….စာဖတ်သူများအားလုံး အဆင်ပြေလောက်ပါပြီ။


(ခြောက) ကြွင်းဖွားတွေ ရဲ့ အကြောင်း
ခြောက်ခုကြွင်းဖွား တို့အကြောင်း လေ့လာကြည့်ကြပါစို့……။
မူလသဘာဝ …
လောက မှာ တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး … စူးစမ်းရှာဖွေနိုင်သော အရည်အသွေး အမြင့်မားဆုံး အကြွင်းဖွား ကို ပြပါ ဆိုရင် ခြောက်ကြွင်းဖွားတွေကို ပဲ ဖော်ပြရမှာ အမှန်ပါပဲ။ ပုစ္ဆာ တစ်ပုဒ် ကို မှန်ကန်စွာ အဖြေထုတ်နိုင်ဖို့ အတွက် … အလုံအလောက် ဖြစ်သော အရည်အသွေးမျိုး  သူတို့မှာ အပြည့်အ၀ ပိုင်ဆိုင်ထားကြပါတယ်။ 
ဒါကြောင့်လည်း ခြောက်ကြွင်းဖွား အားလုံးဟာ သချာင်္စွမ်းရည် မှာ တစ်ခြားအကြွင်းဖွားတွေ ထက် ပိုမို အားကောင်းကြပြီး ၊ ပညာ မြင့်မြင့်မားမား မတတ်သော အောက်ခြေလူတန်းစား ခြောက်ကြွင်းဖွားတွေ မှာတောင်  အတွက်မြန်ဆန်သော စွမ်းရည်မျိုး ပိုင်ဆိုင်နေတတ်ကြပါတယ်။ နာမည် မွေးနံ စတာတွေအရ အားသာချက် ရှိတဲ့ ခြောက်ကြွင်းဖွားတွေ မှာတော့  သချာင်္ ပညာ မှာ အလွန်ထူးချွန်သော ပုဂ္ဂိုလ်များ အဖြစ်  ရပ်တည်နိုင်လာ တာကို တွေ့ရပါတယ်။ 
ထို့နည်းတူစွာပဲ …အဓိပတိဌာနမှာ ရပ်တည်နေသော ..အင်္ဂါဂြိုဟ်ရဲ့ ဂုဏ်သတ္တိကြောင့် ..ခြောက်ခုကြွင်းဖွားတွေထဲက အချို့တွေဟာ ….၊ သုတေသန သမားများ ၊ သင်္ချာပညာရှင်များ ၊ ဗိသုကာ ပညာရှင်များ၊ အင်ဂျင်နီယာများ ၊ စက်မှု ပညာရပ် တွင် ထူးချွန်ထက်မြက်သူများ ၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် စွမ်းစွမ်းတစ်မံ ထမ်းဆောင်နိုင်သူများ ၊ မီးကို အသုံးပြုရသော လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူများ၊ ထက်မြက်သော ရှေ့နေများ အဖြစ် ရပ်တည်နိုင်စွမ်း ရရှိလာကြပါတယ်။ 
အင်္ဂါဂြိုဟ်နည်းတူ …မဟာဘုတ် ကသစ်မူနေသော ကြာသာပတေးဂြိုဟ်ဟာ လည်း …ခြောက်ခုကြွင်းဖွား တွေ အပေါ် ငွေကြေးဓန အရ ဖြစ်စေ ၊ ပညာအရ ဖြစ်စေ ….ဖူလုံ ပြည့်ဝစေဖို့ ကောင်းကျိုး ပေးစွမ်းနိုင်သော ဂြိုဟ် အဖြစ်ရပ်တည်နေတာကို တွေ့ရပါတယ်။ အဓိက အားဖြင့် နာမည် မှာ  နာမည်အဖျားစာလုံးကို ... ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ် ထားမိသော ခြောက်ခုကြွင်းဖွားတွေဟာ …ပညာအရ ဖြစ်စေ၊ ဓနအရ ဖြစ်စေ ..၊ နှစ်ပါးစလုံး ဖြစ်စေ …ပြည့်စုံကြွယ်ဝခြင်း အကျိုးကို ခံစားကြရပါတယ်။ ခြောက်ခုကြွင်းဖွား တွေရဲ့  မူလမဟာဘုတ် ဇာတာခွင်မှာ …. ဗုဒ္ဓဟူးဂြိုဟ် ..ရာဇမှာ ရပ်တည်နေခြင်းဟာ ….အခြားအကြွင်းဖွား အားလုံးထက် အားသာတဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ ရာဇမှာ ရပ်တည်နေတဲ့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ….ခြောက်ခု ကြွင်းဖွားတွေကို မြင့်မားသော …အတွေးအခေါ် စွမ်းရည်ကို ဖြစ်တည်စေပါတယ်။ ထို ဗုဒ္ဓဟူးဂြိုဟ် နဲ့ ဆက်နွယ်မှု အားကောင်းလေလေ …အတွေးအခေါ်ပိုင်းဆိုင်ရာ အင်အားကို ရရှိနိုင်လေလေပါပဲ။ 
ခြောက်ခုကြွင်းဖွားတွေ ရဲ့ မူလဇာတာခွင်မှာ  …မေတ္တာကာရကဂြိုဟ် တနင်္လာကတော့ အနေအထား အလွန်အားနဲလှပါတယ်။ ရွံ့ထဲမှာ ပေါက်ရတဲ့ ကြာပွင့်နဲ့ နှိုင်းယှဉ်တင်စားရမယ့် အနေအထားဖြစ်ပြီး ….ယင်းအနေအထားအားဖြင့် ခြောက်ခုကြွင်းဖွားများဟာ ..ဘ၀မှာ

မေတ္တာရေးရာတွင် ကံခေတတ်ခြင်း …
အပေးသက်သက် စွန့်လွှတ်အနစ်နာခံရသော ဘ၀မျိုး ရောက်ရှိသွားတတ်ခြင်း …
ဆွေမျိုးညာတိများနှင့် စိတ်ပိုင်းအရသော်လည်းကောင်း ၊ ရုပ်ပိုင်းအရသော်လည်းကောင်း ခွဲခွာကင်းကွာ ရတတ်ခြင်း….
သူစိမ်းသူရံစာများနှင့်မူ ရင်းနှီးချစ်ကြည်ရန် လွယ်ကူခြင်း….
သွေးသားရင်းများနှင့် စိမ်းသက်ဝေးကွာ ရပြီး …၊ သူစိမ်းများနှင့် ရင်းနှီးနွေးထွေးစွာ နေထိုင်ရတတ်ခြင်း …..
ဝေးလံသော အရပ်ဒေသများတွင် သင်ယူသင်ကြားရတတ်ခြင်း ….
မွေးစားမိခင် ၊ မိခင်အရင်းမဟုတ်သော …အမျိုးသမီးအကြီးအကဲ အချို့ ..ဘ၀တွင် ကြုံကြိုက်ရတတ်ခြင်း …….
စသည်ဖြင့် သော ကံအကျိုးပေးတို့ကို  ကြုံကြိုက်ကြရတတ်သူများ ဖြစ်လာကြပါတယ်။
                                    
ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….  
ခြောက်ခုကြွင်းဖွားတွေအတွက် …တနင်္ဂနွေဂြိုဟ်အိပ်ချိန်ကာလများဟာ ….အများအားဖြင့် ကံကောင်းထောက်မလေ့ ရှိတတ်ကြပြီး ..၊ တနင်္လာဂြိုဟ်အိပ်ကာလများ ကတော့….မတည်မြဲမှု ..မတည်ငြိမ်မှု များစွာ ကို ကြုံကြိုက်ရတတ်ချိန် များပဲ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်အိပ်ကာလများ မှာ ….စိတ်နှလုံး ထိခိုက်ဖွယ်အနေအထားများ ကြုံကြိုက်ရတတ်သလို … ၊ ယင်းအင်္ဂါဂြိုဟ်အိပ်ကာလများမှာ အင်အားအကြီးမားဆုံး …ဖြစ်လာတတ်တာကတော့ ..သံသယ စိတ်ပါပဲ။ ခြောက်ခုကြွင်းဖွားတိုင်းဟာ အင်္ဂါဂြိုဟ်အိပ် ဖြတ်သန်းချိန်မှာ …အတွင်းကျိတ် နာကျင်ဆင်းရဲရမှုများ ၊ သံသယ နှင့် ဒွိဟဖြစ်ဖွယ်ရာ အခြေအနေများ ၊ စိတ္တဇ ဆန်ဆန် ..ခံစားရခြင်းများ …ကို ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ 
အထူးခြားဆုံးကတော့ စနေဂြိုဟ်အိပ်ကာလပါပဲ။ စနေဂြိုဟ်အိပ်ကာလ မှာ …ခြောက်ခုကြွင်းဖွားတွေ အတွက် ဘ၀ဒဿန ၊ အတွေးအမြင် ၊ အမှားမှ အမှန်ကို သိမြင်လာမှု ၊ ပြန်လည်ပြုပြင်နိုင်စွမ်း …စသည်ဖြင့်တို့ကို ထင်ထင်ရှားရှား ရရှိလာတတ်ချိန်ပါပဲ။ ရှေးက ကိုယ်ဘာတွေ မှားနေလဲ ..၊ ဘာတွေကိုပြုပြင်ဖို့ လိုသလဲ ဆိုတာကို ပြတ်သားစွာ မြင်တွေ့လာရ တတ်သော ကာလများ လည်း ဖြစ်ပါတယ်။ အခြားထူးခြားချက်တစ်ခုကတော့ …ခြောက်ခုကြွင်းဖွားတိုင်းဟာ စနေဂြိုဟ်အိပ်ကာလ ကြုံကြိုက်ချိန်မှာ အရေးပါသော ..၊ ကံကောင်းထောက်မစေတတ်သော အဆက်အသွယ်ကောင်း အချို့ ပေါ်ပေါက်ကြုံတွေ့ ရတတ်တာပါပဲ။ 
ကြာသာပတေးဂြိုဟ်အိပ်ကာလမှာတော့ ……ခြောက်ခုကြွင်းဖွားတွေရဲ့ …စိတ်ခံစားမှုဟာ အမြင့်ဆုံးအနေ အထားကို ရောက်ရှိလာပါတယ်။ အလွန်အမင်းစိတ်လှုပ်ရှားဖွယ် ၊ စိတ်ထိခိုက်ဖွယ် အနေအထားအချို့ကိုလည်း ..အဆိုပါ ဂြိုဟ်အိပ်ကာလအတွင်းမှာ ကြုံကြိုက် ကြရလေ့ရှိပါတယ်။ …လူငယ် နဲ့ လူလတ်ပိုင်းအရွယ် …တွေမှာ ကြာသာပတေးဂြိုဟ်အိပ်ကို ဖြတ်သန်းခွင့်ကြုံကြိုက်ခဲ့မယ်ဆိုရင် …. ဝေးမြေရပ်ခြားမှာ ပညာရပ်တစ်ခုခုကို သွားရောက်သင်ကြားခွင့် သင်ယူခွင့်  ရရှိတတ်ကြပြီး ..၊ လူကြီးပိုင်းကာလမှာ ဖြတ်သန်းခွင့် ကြုံကြိုက်ခဲ့မယ်ဆိုရင်တော့….ဘာသာရေးအဖွဲ့အစည်းများ ၊ ဗော်လန်တီယာလုပ်ငန်းများ ၊ အများအကျိုးဆောင် အသင်းအဖွဲ့များမှာ ပါဝင်ဆောင်ရွက်ခွင့် ရဖို့ ….ဧကန်မုချ အင်အား သက်ရောက်လာပါတယ်။ ထူးခြားချက်တစ်ခုကတော့ ကြာသာပတေးဂြိုဟ်အိပ် ကာလအတွင်းမှာ …. သမရိုးကျမဟုတ်သော ..၊ မေတ္တာနှောင်ဖွဲ့ရမှု တစ်စုံတစ်ရာ ပေါ်ပေါက် လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။
သောကြာဂြိုဟ်အိပ်ကာလ   ဖြတ်သန်းချိန် ……။  ဒီအချိန်ကာလဟာ ခြောက်ခုကြွင်းဖွား အားလုံးအတွက် မူလစွမ်းရည် အတောက်ပဆုံး ၊ အပေါ်လွင်ဆုံး ကာလ ဖြစ်ပါတယ်။ သူတို့ရဲ့ မူလစွမ်းရည်ဟာ …အမြင့်ဆုံးအနေအထားကို ရောက်ရှိလာပြီး….မြောက်များလှစွာသော အားပြိုင်မှုတွေ၊ ရန်သူတွေလည်း ပေါ်ပေါက်လာတတ်ချိန် လို့ ဆိုနိုင်ပါတယ်။ ခြောက်ခုကြွင်းဖွား  သောကြာသားသမီးတစ်ဦးအတွက်ကတော့ ….ဒီအချိန်ဟာ …မွေးကင်းစမှ…အသက် ၂၁နှစ်ကြားကာလကို လွှမ်းမိုးပါလိမ့်မယ်။
 … ဆိုတော့.. ခြောက်ခုကြွင်းဖွား သောကြာသားသမီးတစ်ဦးအတွက် ….မွေးစကနေ ..အသက် ၂၁ နှစ်ထိဟာ သူရဲ့ စွမ်းရည်အမြင့်မားဆုံး အတောက်ပဆုံးကာလပါပဲ။ သချာင်္ဥာဏ်စွမ်းရည် မြင့်မားချိန်ဖြစ်ပြီး ….ဒေါင်းတောက်အောင် ဆော့ကစား ၊ မြင်မြင်သမျှ လက်တဲ့စမ်း ၊ တွေ့ကရာစပ်စု ..၊ စတန့်မျိုးစုံထွင် ၊ စသည်ဖြင့် တစ်စက်ကလေးမှ … အနားမရအောင် မီးမွှေးတတ်တဲ့ ကလေးမျိုးအဖြစ် သူရဲ့ လူငယ်ဘ၀ကို ဖြတ်သန်းပါလိမ့်မယ်။
 … အားလုံးသော ခြောက်ခုကြွင်းဖွားများအတွက် သောကြာဂြိုဟ်အိပ်ချိန်မှာ ….သတိပြုမိဖို့ကတော့… .မိမိလက်ထဲမှာ ….စွမ်းအင်တန်ခိုးတစ်စုံတစ်ရာ ပိုင်ဆိုင်ရောက်ရှိနေပြီ ဆိုတာပါပဲ။ ဒီစွမ်းအင် ကို ထိထိမိမိ ဘယ်လိုအသုံးချမလဲ ဆိုတာပဲ …အဓိကအားဖြင့် ဆုံးဖြတ်ရပါလိမ့်မယ်။ အကြမ်းသဘော အနှစ်ချုပ် အကြံပြုပေးရရင်တော့ ….အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မယ့် အနေအထားများနဲ့ ….စည်းလုံးညီညွတ်စွာ အတူတစ်ကွ …ဆောင်ရွက်နိုင်မယ့် ..အကျိုးပွားစည်းစေမယ့် ကဏ္ဍတွေကို ဖန်တီးနိုင်ဖို့ လိုပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
အကြွင်းဖွား အားလုံးထဲမှာ …ခြောက်ခုကြွင်းဖွားတွေရဲ့ …မေတ္တာရေးဟာ အထူးဆန်းဆုံးပါပဲ ။  အရွယ်လွန်မှ ….ချစ်သူရတာမျိုးဖြစ်စေ ၊ အိမ်ထောင်ပြုရတာမျိုးဖြစ်စေ …….
တရားမ၀င်အချစ်ဇာတ်လမ်းလေးတွေ ကြုံရတာမျိုးဖြစ်စေ…..
အနောက်ဖက် ကမ္ဘာတစ်ခြမ်းက ကောင်မလေး နဲ့ အရှေ့ဘက် ကမ္ဘာတစ်ခြမ်းက ကောင်ကလေး …တစ်ယောက် …မထင်မှတ်ပဲ ဆုံတွေ့ချစ်ကြိုက်မိသွားတာမျိုးဖြစ်စေ…….
လိင်တူချင်း မေတ္တာနှောင်ဖွဲ့မိတာ ….
အသက်အရွယ်အရမ်းကွာဟ သူနဲ့ ချစ်ကျွမ်းဝင်မိတာ….
တစ်ခုလပ် မုဆိုးဖို …စတာမျိုးနဲ့ လူပျိုအပျိုနုနုထွတ်ထွတ်တို့ …ခိုးရာလိုက်ပြေးကြတာ …. 
စသည်ဖြင့် တော်တော်များများသော ..ထူးထူးဆန်းဆန်း အနေအထားတွေဟာ ခြောက်ခုကြွင်းဖွားတွေမှာ ကြုံကြိုက်ရလေ့ရှိတတ်ကြပါတယ်။ ဘာမှမထူးခြားတဲ့ …ပုံမှန် မေတ္တာရေး ၊ အိမ်ထောင်ရေး အခြေအနေမျိုး ကို ပိုင်ဆိုင်ထားကြတဲ့ ခြောက်ခုကြွင်းဖွားတွေမှာတောင်…… ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်လာရင် စိတ္တဇ ဆန်ဆန် အခြေအနေလေးတွေ ၊  အိပ်မက်ထဲမှာ ကိုယ်နဲ့အရမ်းချစ်ခင်စုံမက်ရသူတစ်ဦးနဲ့ မကြာခဏ ဆုံမိနေတာမျိုး ဖြစ်စေ ….စသည်ဖြင့် …ထူးဆန်းတဲ့အနေအထား တစ်ချို့ကို …ပေါ်ပေါက်ကြုံတွေ့ရလေ့ရှိပါတယ်။ 
အကြီးအငယ် ပြဿနာတွေ ၊ တိတ်တိတ်ပုန်း အခြေအနေတွေ ၊ စတာတွေဟာလည်း ….နာမည်အင်အား ၊ မူလဇာတာအနေအထား အားနဲတဲ့ ခြောက်ခုကြွင်းဖွား အချို့မှာ ရှောင်မရ လွှဲမရ ကြုံကြိုက်ကြရတတ်တာကို တွေ့ရှိရပါတယ်။ 
အခြားသော မေတ္တာကံ အနေအထားတစ်ရပ်ကတော့…ခြောက်ခုကြွင်းဖွား တွေမှာ …အမှန်တစ်ကယ် ရင်းနှီးနွေးထွေးနီးကပ်စွာ နေရမယ့် ..သွေးသားတွေ၊  မိသားစုတွေ၊ မျိုးနွယ်စု တွေနဲ့ ….စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းအရ ဝေးကွာ ၊ ခွဲခွာ နေရတတ်ပြီး သူစိမ်းဆန်ဆန် ဖြစ်နေရတတ်သလို…၊  ..ကိုယ်နဲ့ ဘာမှ သွေးမတော် သားမစပ်တဲ့…အချို့သော ..သူစိမ်းသူရံစာ လူတွေနဲ့တော့….သွေးသားရင်းခြာလို ရင်းနှီးပတ်သက်ခွင့် ရရှိနေတတ်ကြခြင်းပဲ ဖြစ်ပါတယ်။ 
ကပြောင်းကပြန်ဖြစ်နေတဲ့ အဆိုပါ မေတ္တာကံ ဟာ ခြောက်ခုကြွင်းဖွားတွေရဲ့ မူလကံပါပဲ။


ကျန်းမာရေး နှင့် အသက်ဇီဝ .. 
ခြောက်ခုကြွင်းဖွားတွေရဲ့ ….မူလကံဇာတာအရ ….ရာဟုဂြိုဟ်ဟာ …အသက်ဇီဝကို အဓိက အားနဲစေမှု ပြုမယ့် ဂြိုဟ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် …တံဆိပ် ၊အိပ် ၊ မှတ်ပုံတင်မထားသော အစားအစာများ ၊ လက်တည်ချဉ်များ ၊ မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်းဟာ ကျန်းမာရေးကို ထိခိုက်ကျဆင်းစေပါလိမ့်မယ်။ 
ထို့အတူ … ရွံ့ရောင် ..ရေညှိစိမ်းရောင်များ များပြားသော ..နေရာဒေသ ၊ ဆယ့်နှစ်ပွဲဈေးသည်များ နေထိုင်ရာ ၊ အိမ်ခြေရာခြေမဲ့များ နေထိုင်ရာ ဒေသများ နဲ့ နီးကပ်စွာ နေထိုင်ခြင်း တို့ဟာလည်း ခြောက်ခုကြွင်းဖွားတွေကို သက်တမ်းဆုတ်ယုတ်စေနိုင်တယ်လို့ ယူဆရပါတယ်။
အခြားအားဖြင့်ကတော့ …သွေးနဲ့ သွေးကြောင့် ဖြစ်ပွားရတတ်သောရောဂါ ဝေဒနာများ ၊ သည်းခြေကျောက်တည်ခြင်း ၊ ရင်ကျပ်ချောင်းဆိုးဝေဒနာများ ၊ ကျောက်ကပ်ဝေဒနာများ ကျရောက်ရန် လွယ်ကူသော အကြွင်းဖွားမျိုးလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ 

အခြားသော အချင်းအရာများ …….
ခြောက်ခုကြွင်းဖွား တွေရဲ့ မူလမဟာဘုတ်ဇာတာ မှာ အထူးခြားဆုံးအချက်ကတော့ ….စနေနဲ့ တနင်္လာ တို့ …ပရိဝတ္တန သမ္ဗန္ဓ ပြုထားခြင်း (၀ါ) အိမ်ချင်းဖလှယ်ရပ်တည်မှု ပြုနေခြင်း ပါပဲ။ စနေဂြိုဟ် ပိုင်ဆိုင်သော မရဏဌာနမှာ တနင်္လာဂြိုဟ်ဟာ ရပ်တည်ထားပြီး ၊ တနင်္လာဂြိုဟ်ပိုင်ဆိုင်သော …ပုတိဌာန မှာတော့ ….စနေဂြိုဟ် ရပ်တည်ထားခြင်းအားဖြင့် …အဆိုပါ ဆက်နွယ်မှု ဖြစ်တည် လာပြီး…….ထူးဆန်းသော ဂြဟကာရက ရောယှက်ပေါင်းစပ်မှု ကို ဖြစ်ပွားလာစေ ပါတယ်။ 
စိတ္တဇဆန်လွန်းသော အဆိုပါပေါင်းစပ်မှု ရဲ့ အကျိုးဆက်ကလည်း ……ထူးဆန်းတာအမှန်ပါ။
ဖြူစင်နုညံ့ခြင်း ..၊ သိမ်မွေ့ညင်သာခြင်း၊ နုနယ်ပျိုမြစ်ခြင်း၊ ပေါ့ပါးလွတ်လပ်ခြင်း  ..စသည်ဖြင့်တို့ကို ကာရကပြုသော တနင်္လာဂြိုဟ် နဲ့ ….ခက်ထန်မာကျောခြင်း ၊ တင်းမာချုပ်နှောင်ခြင်း ၊ အိုမင်းဟောင်းနွမ်းခြင်း ၊ လေးနက် ပြင်းထန်ခြင်း …စသည်ဖြင့်တို့ကို ကာရကပြုထားသော စနေဂြိုဟ်တို့ ရဲ့ …အပြန်အလှန် ဆက်နွယ်နေမှု ဟာ….ထူးဆန်းသော ဖြစ်စဉ်ဖြစ်ရပ်တွေကို ဖြစ်ပွားစေဖို့ တွန်းအားတစ်ရပ်ပဲ ဖြစ်လာစေပါတယ်။
ဒီသမ္ဗန္ဓ အတွင်း မှာ ပါဝင်နေတဲ့ ဂြိုဟ်တွေဖြစ်တဲ့ တနင်္လာ နဲ့ စနေဟာ ….မေတ္တာရေးကို အထူးကာရက ပြုလာစေမယ့် …. ခြောက်ခုကြွင်းဖွား …တနင်္လာနေ့ဖွားများ နဲ့ ခြောက်ခုကြွင်းဖွား ဗုဒ္ဓဟူး / ရာဟု သားသမီးများ အတွက် …တော့ ….၊ ထူးဆန်းသော မေတ္တာရေး အနေအထားများကို ပိုမိုဖြစ်တည်စေဖို့ …တွန်းအားအပြည့်အ၀ ပေးပါတော့တယ်။ 
ဒါကြောင့်လည်း ခြောက်ခုကြွင်းဖွား များဟာ …..ပုံမှန်မဟုတ်သော မေတ္တာရေး အနေအထားတွေ ကြုံတွေ့ရဖို့ အခြေအနေဖြစ်တည်လာပါတယ်။ သူတို့တွေဟာ …ဘ၀မှာ အများပတ်ဝန်းကျင် အသိုက်အ၀န်းက လက်ခံနိုင်ဖို့ ခက်ခဲသော မေတ္တာရေး အခြေအနေမျိုး တွေနဲ့ ပိုမိုရင်ဆိုင်ရလေ့ ရှိတတ်ကြသော သူများပဲ ဖြစ်ပါတယ်။ 
တနည်းအားဖြင့် အဆိုပါ သမ္ဗန္ဓဟာ  ခြောက်ကြွင်း တနင်္လာ နဲ့ ဗုဒ္ဓဟူး/ရာဟု တို့အတွက်တော့ …မေတ္တာရေးရာမှာ ပုံမှန်မဟုတ်သော အခြေအနေတွေ ကြုံတွေ့ရစေဖို့ ပိုမိုလှုပ်နှိုးပေးနိုင်တဲ့ သမ္ဗန္ဓပါပဲ။
ကြာသာပတေးနေ့တွင်မွေးဖွားသော ခြောက်ခုကြွင်းဖွား ကြာသာပတေး အထွန်းဖွားတွေအတွက် အဆိုပါ သမ္ဗန္ဓဟာ …၊ အိပ်မက်မှ ကြိုတင်သိမြင်ရခြင်း၊ နာမ်လောကများ နှင့် ဆိုင်သော ထူးဆန်းသော အတွေ့အကြုံများ ရင်ဆိုင်ရတတ်ခြင်းနဲ့ …ဝေးလံခေါင်သီသော အရပ်ဒေများမှာ ပညာသင်ကြားရခြင်း ၊ ဘ၀နှောင်းပိုင်းတွင် ..ဘာသာရေး အသင်းအဖွဲ့များ ၊ ပရိဟိတ အဖွဲ့အစည်းများ တွင် အကြီးအမှုးဖြစ်ရခြင်း ကံအခြေအနေမျိုးကို ဖြစ်တည်လာစေပါတယ်။ ဆိုးကျိုးအနေနဲ့ ကတော့….အဆိုပါသမ္ဗန္ဓဟာ .. ကြာသာပတေး အထွန်းဖွားတွေအတွက် မျိုသိပ်ထားရသော … ၊ ကျိတ်ပြီးနောင်တရ နေရသော …အဖြစ်အပျက်မျိုး တို့ကို ကြုံကြိုက်ခံစားရတတ်ခြင်း နဲ့… ၊ တစ်စုံတစ်ရာကို ဆောင်ရွက်လုပ်ကိုင်ပြီးနောက်….ပြန်လည်တွေးတော သံသယစိတ်များ ဖိစီးလာတတ်ခြင်း၊ မပြတ်မသား ချီတုံချတုံ နောင်တများ …ရသကဲ့သို့ ခံစားရတတ်ခြင်း ပဲ ဖြစ်ပါတယ်။ 
အတိတ်က ပြုခဲ့ဖူးသော အကုသိုလ်ကံဟာ ကြာသာပတေးအထွန်းဖွားများကို အဆိုပါ ကဲ့သို့သော…စနိုးစနောင့် နောင်တမကင်း..သက်ပြင်းကျိတ်ချနေရမယ့် ဖြစ်ရပ်မျိုးတွေနဲ့ ..တည့်တည့်တိုးမိစေတတ်ပါတယ်။ 
ခြောက်ခုကြွင်းဖွား အင်္ဂါ အဓိပတိဖွားတွေအတွက် တော့ အဆိုပါ သမ္ဗန္ဓဟာ ….တနုံ့နုံ့ ယူကြုံးမရ ဖြစ်နေစေတဲ့ အတိတ်ကာလမှ စိတ်ဒဏ်ရာများကို သန္ဓေတည်စေသော သမ္ဗန္ဓ ဖြစ်ပါတယ်။
ခြောက်ခုကြွင်းဖွား …တနင်္ဂနွေ သိုက်ဖွားတွေ အတွက်တော့ …သည်သမ္ဗန္ဓဟာ …ဘ၀မှာ ..ရပ်ဝေးမြေခြားမှာ အကျိုးစီးပွားရှာဖွေရခြင်း နဲ့ ….မိမိအသိုက်အ၀န်း မိမိနယ်မြေဒေသတွင်းမှာ …ပြန်လည် ရင်းနှီးမြုပ်နှံရခြင်း ကို ဖော်ပြပါတယ်။ 
ခြောက်ခုကြွင်းဖွား သောကြာ ဘင်္ဂဖွားတွေအတွက် ကတော့ သည်သမ္ဗန္ဓဟာ ….တရားမ၀င် စီးပွားရေး လုပ်ငန်းများ ၊ လျှို့ဝှက်သော အဖွဲ့အစည်းများ နဲ့ ပတ်သက်ဆက်နွယ်ရတတ်ခြင်း ကံကို ဖြစ်တည်လာစေ ပါတယ်။ 
ခြောက်ခုကြွင်းဖွားတိုင်းဟာ ဘ၀မှာ နောင်တရစရာ အဖြစ်အပျက်မျိုး ကြီးကြီးမားမား မုချကြုံကြိုက်ဖူး တတ်ကြပါတယ်။ အမှားသိမြင် အမှန်ပြင် ဖို့အတွက် ပြန်လည်ပေးဆပ်ရခြင်း၊ ၀ဋ်ကြွေးပေးဆပ်ရသကဲ့သို့ ..အခြေအနေများ ကြုံကြိုက်ရခြင်း၊ လျော်ကြေးပေးရခြင်း၊ သူတစ်ပါးအတွက် စိုက်လျော်ပေးရခြင်း၊ အလဟဿ အချည်းနှီးဆုံးရှုံးရခြင်းများ ကြုံကြိုက်ကြရလေ့ ရှိတတ်ကြပါတယ်။ 
ထို့နည်းတူစွာပဲ ဘ၀မှာ စိတ်ပိုင်းအရဖြစ်စေ ၊ ရုပ်ပိုင်းအရဖြစ်စေ …၊ စိတ်ရောရုပ်ပါ ဖြစ်စေ…. လွတ်လပ်မှု ကင်းမဲ့သွားသော အခြေအနေမျိုးတွေ ကြုံကြိုက်လေ့ရှိတတ်ကြသူတွေပါ။ … အထူးသတိပေးလို တာကတော့………………..ကိုယ်ကအတိတ်အတိတ် တွေက …အဘယ်သို့သော …ချုပ်နှောင်ကန့်သတ် မိသော အကုသိုလ်မျိုးတွေ ကျူးလွန်ခဲ့ဖူးသလဲ ဆိုတာကို ပြန်လည်ဆင်ခြင်ပါ။ ထိုကံသည်..ယခုမျက်မှောက်၌ ..အခါအခွင့် သင့်တိုင်း မိမိတို့ကို ပြန်လည် နှိပ်စက်ရန် အလို့ငှာ ..အဆင်သင့်ရှိနေသည် ဆိုတာကိုလည်း သတိပြုပါ။
ဒီအတိတ်ကံတို့ကို တွန်းလှန်နိုင်ရန် အလို့ငှာ …..မျက်မှောက်တူရှုမှာ ပြုသည့်ကံတို့ကိုလည်း စင်ကြယ်အောင် တတ်အားသမျှ ပြုမိဖို့လိုပါတယ်။  လမ်းသွားရင်း တံတားလေး ပျက်နေတယ်…၊ ပြင်နိုင်စွမ်းရင် စွမ်းသလောက်ပြင်ပေးလိုက်ပါ။ သံတစ်ချောင်း အမှုမဲ့ လမ်းပေါ်မှာ ကျနေတယ်။ မရှက်ပါနဲ့ ။ကောက်လိုက်ပါ။ ပြီးရင် အများသူငါ ဘေးကင်းစေမဲ့နေရာမျိုးမှာ စွန့်ပေးလိုက်ပါ။ သတ္တ၀ါတို့ကိုလည်း ရှင်သန်ရာ ရှင်သန်စေကြောင်း ….၊ လွတ်လပ်ရာ လွတ်လပ်စေကြောင်း ….ဇီဝိတဒါန ကြုံကြိုက်သမျှပြုပေးပါ။ အတိတ်ကံဆိုတာကို တွန်းလှန်နိုင်ဖို့ အတွက် ….မျက်မှောက်ကံ မျက်မှောက်အလုပ်က ….မှားနေလို့ မရပါ။ 
ဗုဒ္ဓဘာသာဝင်များဖြစ်သော …ခြောက်ခုကြွင်းဖွားများကို ….အထူးဂုဏ်ယူစွာ ပြောလိုတာလေး တစ်ချက်ကတော့…………….နိဗ္ဗာန်နှင့် အနီးစပ်ဆုံးသော ပါရမီဥာဏ် ..ရင့်သန်မှု အရှိဆုံး အကြွင်းဖွားဆိုတာ ခြောက်ခုကြွင်းဖွား ဆိုတာပါပဲ။ ဘုရား ရဟန္တာ အရှင်သူမြတ်တို့ဟာ…နောက်ဆုံး ဘ၀ဘ၀ တွေမှာ …အတိတ်က ၀ဋ်ကြွေး ဟူသမျှကို ပြန်လည်ပေးဆပ် အပ်နှင်းကြသည့်ပမာပြု ပြီး ဆိုရမယ် ဆိုရင် …ခြောက်ခုကြွင်းဖွားတွေရဲ့ သည်ဘ၀ မှာ ကြုံကြိုက်နေတဲအချို့သော ကံခေမှုတွေဟာ …၀ဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရခြင်း သာလျှင် ဖြစ်တယ်ဆိုတာကို သဘောပိုက်မိကြစေလိုပါတယ်။ 
နန်းမတော်ကြီး တောင်သမန်မှာ ရေချဖျောက်ဖျက်ခံနီးချိန်မှာ …ဆရာတော်ဦးဗုဓ် ကို ၀င်ဖူးပါတယ်။ ဆရာတော်ကို …နောက်ဆုံးအနေနဲ့ တရားချီးမျှင့်ပေးတော်မူပါဘုရား လို့ ….တောင်းပန်တဲ့အခါ …ဆရာတော်က ….တရားစာစစ်နေရာကနေ …
ဟဲ့ ..မယ်နုရဲ့ ..သူ့ကြွေးရှိရင် ဆပ်ရမှာပေါ့ …လို့ ..တရားခြွေတော်မူပါတယ်။ 
နန်းမတော်မယ်နုလည်း…ကျေကျေနပ်နပ် နဲ့ ….တောင်သမန် ရေထဲကို သေပွဲဝင်ရန် အလို့ငှာ ရဲ့ဝံ့သွားတဲ့အထိ ….တရားပိုက်မိသွားစေပါတယ်။ 
ခြောက်ခုကြွင်းဖွားတွေ အနေနဲ့ ….အရှောင်ရှားအပ်ဆုံးကတော့ …လက်တုံ့ပြန်ခြင်း၊ လက်စားချေ ကလှည့်စားချေခြင်းမျိုး တွေ မပြုမိဖို့ပါပဲ။ သည်ဘ၀ သည်ခန္ဓာဟာ ….တရားထူးဖြင့် အထူးနီးစပ်သော ခန္ဓာ ဖြစ်၏ ဆိုတာလေးကို လည်း မမေ့မလျော့ သတိချပ်မိကြစေဖို့ အထူးတိုက်တွန်းလိုက်ရပါတယ်။

တစ်ကယ်လို့သင်ဟာ ……  
(၁) သင်ကိုယ်တိုင် ခြောက်ခုကြွင်းဖွား  တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်………
သဘောထားပြည့်ဝမှုနဲ့ …တိကျစွာ တွက်ချက် ပြီး ပန်းတိုင်အတိအကျ ထား လျှောက်လှမ်းနိုင်မှုကို …အားပြုပါ။ ပရဟိတလုပ်ငန်းများ နဲ့ …လူသားအကျိုးပြုလုပ်ငန်းများ မှာ…တတ်အားသမျှ ပါဝင်နိုင်အောင်လည်း ကြိုးစားပါ။ အရာရာကို အခကြေးငွေ ရမှ ဆောင်ရွက်ပေးတာမျိုးထက် ..တစ်ခါတစ်လေ …ဘာမှမရပဲနဲ့လည်း ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားပါ။ ဘာမှမရတဲ့အခါ…အရာအားလုံးကို ရလိုက်သလိုပဲ ဆိုတာလည်း ….နှလုံးသွင်းတတ်ဖို့..လိုအပ်ပါတယ်။

(၂) သင့်ချစ်သူက  ခြောက်ခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ………
အင်မတန် အစုံစမ်းတော် ၊ အကဲဖြတ်စူးစမ်းတာ ထက်မြက်တဲ့ …ချစ်သူမျိုးကို ညာတော့မယ်ဆိုရင်တော့…အင်မတန်ပိရိအောင် ကြိုးစားပါ။ ပြုပြင်ကြည့်လိုတဲ့သူတို့ရဲ့ စိတ်သဘာဝကိုလည်း နားလည်ပါ။ ကိုယ့်အပေါ် …ဘယ်အချက်တွေ ပြင်သင့်တယ်လို့ သူတို့က အကြံပြုလာရင်လည်း ….တတ်အားသမျှ လက်ခံဆွေးနွေး ၊ ပြင်သင့်ရင်ပြင်ပေးနိုင်ဖို့လိုပါလိမ့်မယ်။

(၃) သင့် အလုပ်ရှင်က ခြောက်ခုကြွင်းဖွား  ဖြစ်ခဲ့မယ် ဆိုရင်
အလုပ်ရှင် ရဲ့  အချို့သော နေရာများမှာ တွန့်တိုလွန်းမှု ၊ အချို့သော နေရာများမှာ ရက်ရောလွန်းမှု နှစ်ရပ်စလုံးကို နားလည်နိုင်အောင် ကြိုးစားပါ။ ပိုကောင်းသည်ထက် ပိုကောင်းအောင် ….အခါခါ ပြင်ဆင်ခိုင်းတဲ့အခါမှာလည်း မငြီးမငြူ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။

(၄) သင့် အလုပ်သမားက ခြောက်ခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် …
စကေးရှိတဲ့ အလုပ်သမားမျိုးပါ။ အထူးသဖြင့် သူတို့တွေဟာ ….မြန်မြန်ဆန်ဆန် တိတိကျကျ လက်တွေ့အကောင်အထည်ဖော်ရမယ့် နေရာမျိုးတွေမှာ ..ထူးချွန်ထက်မြက်သူတွေ ဖြစ်နေတတ်ကြပါတယ်။ အရေးကြီးတဲ့ ငွေကြေးကဏ္ဍတွေမှာတော့ ..သိပ်မခိုင်းစေသင့်ပါ။ သူတို့က ရိုးသားရင်တောင်….အလဟဿ လေလွင့်ဆုံးရှုံးရတတ်သော ကံ ရှိသူများ ဖြစ်လို့ပါပဲ။

(၅) သင့် အိမ်ထောင်ဖက် က ခြောက်ခုကြွင်းဖွား    ဖြစ်ခဲ့မယ်ဆိုရင် ……
မျိုးသား အတွက် .. ခြောက်ခုကြွင်းဖွား   ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….
ကော်လံပေါ်က နှုတ်ခမ်းနီကို …ဖျက်ခဲ့တာတောင်….အပွေးမြင် အပင်သိတတ်တဲ့ ချစ်ဇနီးမျိုး ရထားတယ်ဆိုတာ မမေ့ပါနဲ့။ ပျက်နေရင် ပြင်မှ ကြိုက်တတ်တဲ့ ဇနီးမျိုးမို့….အိမ်မှာ ရှိတဲ့ မီးကျိုးမောင်းပျက်ကလေးတွေကိုလည်း ..အလုပ်အားရက် လေးတွေမှာ ဟိုကလိ..သည်ထု..လုပ်ပြလိုက်ပါ။ ပြန်ကောင်းတာ မကောင်းတာ အပထား… ပြင်ကြည့်တယ်ဆိုရင် …သူတို့က ကျေနပ်ပါတယ်။ သာမန်နဲ့တော့ ….ဒီလိုဇနီးမျိုးက သူတို့ခံစားချက်ကို မဖွင့်ပြတတ်ပါ။ တစ်ခါတစ်ခါ အေးတိအေးစက်နိုင်လွန်းတယ်လို့ ထင်မြင်မိရင်တောင် …သူတို့သဘာဝပဲလေ လို့ နားလည်တတ်ရပါမယ်။

အမျိုးသမီး အတွက်  ခြောက်ခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
ကိုသဘောကောင်းကြီးက …မဲမဲမြင်ရာ အကုန်ကောင်းပြ နေပြီး အိမ်ကျမှ ကိုယ့်အပေါ်လာဆိုးတော့ …တစ်ခါတစ်ခါတော့လည်း ဒေါသထွက်စရာပါပဲ။ ဖုန်းလေးတဂွမ်ဂွမ်နဲ့ …တစ်ခါတစ်ခါ …နဘေးကမိန်းမ ..ကို အားနေတဲ့ လက်ကလေးက ဖက်ထားရမှန်းတောင် မသိတော့ရင်လည်း …..တစ်ခါထဲ ..ဗိုက်ကြောသာလိမ်ဆွဲလိုက်ပါ။ တိတိကျကျ လုပ်လွန်းလို့ …. စာရင်းစစ်လွန်းလို့ …အမြင်ကပ်စရာကောင်း တဲ့ လင်တော်မောင်ကို …အငန်တွေ လျော့စားဖို့တော့ သတိပေးမိဖို့ လိုပါလိမ့်မယ်။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. ခြောက်ခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…
ဘ၀မှာ ကျောင်းကိစ္စ ၊သင်တန်းကိစ္စ တွေ အတွက် ၊ သင်ယူသင်ကြားရေး ဆိုင်ရာ ကဏ္ဍတွေ အတွက် ..သာမန်ကလေးငယ်တွေထက် ….ပိုမိုပင်ပန်းရတတ်တဲ့ ကလေးငယ်တွေပါပဲ။ သူတို့ရဲ့ ငယ်စဉ်ဘ၀ ..စတင်သင်ယူချိန်ဟာ လည်း အခြားကလေးများနဲ့မတူ ..နှေးကွေးမှု ၊ ခက်ခဲမှု ရှိတတ်တာကြောင့် ..ပိုမိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နေတဲ့နေရာကနေ …အဝေးမှာ ရှိတဲ့ ကျောင်းမျိုးမှာ သွားအပ်ရမယ့်အနေအထားပေါ်လာရင်လည်း ..မငြီးငြူနေပါနဲ့။ အဲဒါ သူတို့လေးတွေရဲ့ ကံဇာတာပါပဲ။ 

(၀)ကြွင်း မဟာဘုတ်ဖွားများအကြောင်း