Saturday 28 November 2015

ချစ်တာလား၊ နှစ်မှာလား

 http://i2.wp.com/monnews.org/wp-content/uploads/2013/06/myanmar-student.jpg?resize=300%2C182
ဒီခေတ်မှာ ၁၀ တန်းကျောင်းသားလောက်ကိုလည်း မိဘတွေက ကျောင်းလိုက်ပို့တာ ထုံးစံလိုဖြစ်နေပြီ။ ကျောင်းလိုက်ပို့ရတာနဲ့၊ ထမင်းလိုက်ခွံ့ကျွေးရတာနဲ့ပေါ့။ သားသမီးတွေ ၉ တန်း၊ ၁၀ တန်းရောက်တဲ့အထိ မိဘ တွေက သည်းသည်းလှုပ်ဖြစ်နေတာကတော့ သားသမီးအပေါ် ချစ်ရာမရောက်ဘဲ၊ အစွမ်းအစနည်းသူတွေဖြစ် အောင် လိုက်လုပ်ပေးနေသလိုပဲ။

ရာဇ၀င်မှာ မင်းရဲကျော်စွာဆိုတဲ့ မင်းတစ်ပါးအကြောင်း ကြားဖူးမှာပေါ့။ သက္ကရာဇ် ၇၆၅ ခုနှစ်က မင်းရဲကျော်စွာ ၁၃ နှစ်သားပဲရှိသေးတယ်။ ရခိုင်ဘုရင် ထောရကြီးက မြန်မာ့နယ်တွေကို ၀င်ရောက်ကျူးကျော်တာနဲ့ မင်းခေါင် နဲ့ အမတ်ကြီး မင်းရာဇာတို့ စစ်ရေးအတွက် တိုင်ပင်ကြတယ်။ မင်းခေါင်က မင်းရဲကျော်စွာရဲ့ ဖခင်။

အဲဒီအချိန် သူတို့အနားမှာ ကစားနေတဲ့ မင်းရဲကျော်စွာက “စစ်” ဆိုတဲ့ အသံကြားလိုက်လို့ ခေါင်းထောင် ထတယ်။ ပြီးတော့ ရခိုင်ကိုစစ်ချီရာမှာ ကိုယ်တိုင်ပါဝင်ခွင့်ပေးဖို့ တောင်းဆိုလိုက်တယ်။ ၁၃ နှစ်သားအရွယ် သားတော်ရဲ့ လျှောက်တင်ချက်ကို မင်းရာဇာအမတ်ကြီးက ထောက်ခံတယ်။ အမတ်ကြီး မင်းရာဇာရဲ့ ထောက်ခံ ဆွေးနွေးချက်ဟာ အလွန်မှတ်သားထိုက်တဲ့စကားပါ။

“သားသမီးကို ချစ်ခင်လေးမြတ်သော မိဘတို့သည် ကောင်းရာကောင်းကြောင်းလမ်းကို မြင်ပါလျှင် ရက်ရက်စက်စက် မညှာမတာ စေခိုင်းသင့်ပါသည်။ ရက်စက်ကြေကွဲ၊ ရဲမှ မင်းဖြစ်ဆိုသောစကားကို ဤနေရာ၌ အသုံးချရန်လည်း အထူးသင့်ပါသည်။

သားသမီးတို့အား ကောင်းရာကောင်းကြောင်းလမ်းတွင် မိဘတို့က ရက်ရက်စက်စက် ခိုင်းစေမှ ကြေကွဲဝမ်းနည်းရသော လမ်းကြောင်းကို တွေ့လာရပေမည်။ သို့ ကြေကွဲဖွယ် အကျဉ်းအကျပ်နှင့် တွေ့လာမှလည်း ကျိုးနွံလာပြီးလျှင် ကိုယ့်ဒူးကိုယ်ချွန်ရန်အတွက် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြံဆောင်လာပါမည်။

သို့စွန့်စားမှလည်း အထွတ်အထိပ် မြင့်မြတ်သောဘ၀သို့ ရောက်ရပါမည်။သားသမီးကို ချစ်သဖြင့် ဤသို့ရက်စက်စွာ မခိုင်းလျှင် နောက်ကို ကျိုးနွံခြင်း၊ စွန့်စားခြင်း၊ ကြံရည်ဥာဏ်ရည် မရှိသဖြင့် အသက်ပင်ရှင်လျက် ရှိသော်လည်း လူသေကဲ့သို့ အစွမ်းအစတုံးပြီး လူဘ၀၌ ဆုံးရှုံးရပါမည်။ သို့အတွက် ယခုအရေးမှာ သားတော်ကို အုပ်ချုပ်စီမံစေရန် သင့်ပါကြောင်း” လို့ မင်းခေါင်ကိုလျှောက်တယ်။

၁၃ နှစ်သားကို ဘုရင်က ဗိုလ်မှူးကြီးရာထူးပေးပြီး တိုက်ပွဲကိုလွှတ်တာ။ တပ်စခန်းချရာတိုင်းမှာ အားရင်သူငယ် အဖော်တွေနဲ့ ဂျင်၊ ကျည်းသားကစားတယ်။ ဗိုလ်မင်းတွေက အထင်သေးကြသပေါ့။ တကယ့်တိုက်ပွဲကျတော့ ဆင်တစ်ကောင်ပြီးတစ်ကောင်ကျသည်အထိ ကြမ်းတမ်းစွာတိုက်ပွဲဝင်တယ်။ ဆင်ငါးစီးပြောင်းပြီးထောရကြီးကို လိုက်တိုက်တယ်။ တစ်နေကုန်တိုက်ပွဲဆင်တာ ညမိုးချုပ်မှမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်။

ဒီနေရာမှာ အမတ်ကြီးမင်းရာဇာရဲ့စကားကို ဆင်ခြင်စေချင်ပါတယ်။ ကိုယ့်သားသမီးတွေကို အသက်ရှင်နေ ပေမယ့် လူသေတွေလိုဖြစ်အောင်၊ အစွမ်းအစတုံးအောင်မလုပ်သင့်ပါဘူး။ သူတို့ကို လွှတ်ပေးကြည့်ပါ။ ကိုယ့်ဘာသာရပ်နိုင်အောင်၊ လျှောက်နိုင်အောင်လုပ်ပေးလိုက်ပါ။ အရာရာကိုလိုက်ထိန်းချုပ်နေတာ ချစ်နေတာ လား၊ နှစ်နေတာလားခွဲခြားကြည့်ပါ။

Credit to Tin Nyunt

Saturday 14 November 2015

ဆင်းရဲ ခြင်းအမျိုးအစား ၄ မျိုး

 http://thumbs.dreamstime.com/z/poor-rich-13916894.jpg
၁. ငွေကြေးဆင်းရဲတာ
သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကိုမကျွေးမွေးနိုင်ခြင်း

၂.အချိန်ဆင်းရဲတာ
ဘဝကိုအသုံးချဖို့အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ
တစ်ချို့လည်းပိုက်ဆံရှိပေမဲ့အချိန်မရှိဘူး
တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး

၃.အခွင့်အရေးဆင်းရဲတာ
အခွင့်အရေးကောင်းကောင်းတွေဘဝထဲကိုဝင်မလာဘူး
တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစားတယ်
အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့်ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလည်း
ကျွန်တော်တို့အယင်ဆုံးနားလည်ထားကြရမှာက
လူချမ်းသာအားလုံးအသီးသီးကြိုးစားခဲ့ကြရတယ်
ဒါပေမဲ့ ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး.
ဘာကြောင့်လဲဆိုတော့နေရာမှားပြီးကြိုးစားနေယင်
၁၀ နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး
ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုယင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေချမ်းသာကုန်ရောပေါ့
အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး ချမ်းသာလာဖို့အခွင့်အလမ်းနည်းပါးတယ် လို့သာဆိုလိုတာပါ
ဒါကြောင့်ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူး
work smart လည်းလုပ်ရပါမယ်
အခွင့်အလမ်းကောင်းတွေရှာဖွေပြီး ကြုံလာတဲ့အခါ
ဖမ်းဆုပ်ယူထားဖို့ ချီတုံချတုံမဖြစ်နေပါစေနဲ့

 
 ၄.အတွေးအခေါ်ဆင်းရဲတာ
ကိုယ့်ရဲ့ အတွေးထဲဘက်ပေါင်းစုံကနေ တွေးတယ်ဒါပေမဲ့ကိုယ့်ရဲ့အစွမ်းအစ ကို ကိုယ်တော့အထင်သေးတယ်
အနုတ်သဘောပဲတွေးတယ်မအောင်မြင်မှာကိုပဲတွေးနေတယ်
မလုပ်နိုင်မှာကိုပဲတွေးနေတယ်ပြီးတော့အခွင့်အလမ်းတွေ လက်လွတ်သွားတာကိုပဲ
ထိုင်ကြည့်နေယင်း.ပိုက်ဆံ မွဲအချိန်မွဲ တယ် အခွင့်အလမ်းကောင်းကောင်းတွေကြုံတွေ့ရတယ်
ဒါပေမဲ့ အတွေးအခေါ်မွဲနေသေးယင်တော့ အာမခံတာ ဘဝကဘယ်လိုမှပြောင်းလဲနိုင်အုန်းမှာမဟုတ်ဘူး

 ဒီကနေ့ ကိုယ့်ကိုအထင်သေးတဲ့သူရှိယင် ကိုယ်ကြိုက်ပါ့မလား¿မကြိုက်ပါဘူး လို့ဖြေ၇င်
ဘာကြောင့်ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်အထင်သေးရမှာလည်း
လူတစ်ရာက မလုပ်နိုင်ပါဘူးလို့ ဘယ်လိုပဲလာပြောနေကြပါစေ ကိုယ့်ကိုယ်ကိုသာ ငါလုပ်နိုင်တယ်ရယ်လို့ ပြောနေ၇င် လုပ်ကိုလုပ်နိုင်ပါတယ်

http://www.myindiapictures.com/pictures/up1/2012/07/poor-and-rich-cartoon-jokes.jpg
Credit: Mingalar Par ThahtayMinGyi

ကလေးတွေကို အိပ်ရာဝင်ပုံပြင်ဖတ်ပြခြင်းရဲ့ အကျိုး ၇ ချက်

 http://i1.mirror.co.uk/incoming/article5146458.ece/ALTERNATES/s615/Bedtime-story.jpg
ကျွန်မငယ်ငယ်က ပုံပြင်တွေကို သိပ်ကြိုက်ပါတယ်။ အိပ်ရာဝင်ခါနီး ရေသောက်၊ အပေါ့အပါးသွားပြီးရင် အဘွားဘေးနားကို ဝင်ခွေတော့တာပါပဲ။ ငယ်ငယ်ကတည်းက ဖေဖေ၊မေမေတို့နဲ့ မအိပ်ဘဲ ဘွားဘွားနဲ့ပဲ ကျွန်မက အိပ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ဘွားဘွားပြောတဲ့ပုံပြင်တွေကို နားထောင်ချင်လို့ပါ။ “ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွား”..တို့၊ “ဒဲ့ဒေါက် ဒဲ့ဒေါက် ငါဟဲ့သစ်ခြေထောက်”တို့၊ “မမကံ့ကော် မောင်လေးခေါ် ရေပေါ်တက်ခဲ့ပါလားကွယ်၊ မောင်လေးသင်းထုံ ချစ်မကုန်၊ ကျောက်ဆုံပိလို့ သေလိမ့်မယ်” တို့ စတဲ့စတဲ့ ပုံပြင်လေးတွေဟာ ကလေးဘဝမှတ်ဥာဏ်ထဲမှာ အမြဲလင်းလက်နေကြပါတယ်။ ပုံပြင်တွေကို ကြိုက်တဲ့ ကျွန်မတစ်ယောက် ဘွားဘွားပုံပြင်တွေကအစပြုပြီး စာအုပ်တွေကို ဖတ်ချင်လာတယ်။ သမိုင်းကြောင်းတွေကို စိတ်ဝင်စားလာတယ်။ လောကရဲ့ သဘောသဘာဝတွေကို ရိပ်စားမိလာတယ်။ ပုံပြင်တွေကို နားထောင်ပြီး ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်အနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမယ်ဆိုတာ Amerikanki ဝက်ဘ်ဆိုက်က ရေးသားထားတာကို မျှဝေလိုက်ပါတယ်။

၁. ပုံပြင်တွေက ကလေးရဲ့စိတ်ကူးဥာဏ်ကို ရင့်သန်စေပါတယ်တဲ့
အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးရဲ့စိတ်ကူးဥာဏ်ကို ရင့်သန်စေပါတယ်။ ကလေးတစ်ယောက်အဖို့ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးရှိမှသာ ဘယ်ပြဿနာကိုဖြစ်ဖြစ် အဆင်ပြေပြေဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်လောကမှာ တကယ်မရှိတဲ့ နတ်သားနတ်သမီးလို ဇာတ်ကောင်တွေ၊ နေရာတွေ၊ အခြေအနေတွေကို နားထောင်ပြီး ကလေးတွေရဲ့စိတ်ကူးလေးတွေ အရောင်အသွေးစိုပြေပြီး နှစ်ခြိုက်စရာကောင်းနေပါလိမ့်မယ်။

၂. အဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်ကို ရစေတယ်တဲ့
အိပ်ရာဝင်ပုံပြင်တွေဟာ မမေ့နိုင်တဲ့အချိန်တွေကို ဖန်တီးပေးပါတယ်။ ကျွန်မအတွက် ဘွားဘွားဆီက ရတဲ့ သနပ်ခါးနံ့၊ ဆေးနံ့တွေနဲ့အတူ ကျွန်မ ကြားဖူးနေကျ အိပ်ရာဝင်ပုံပြင်လေးတွေဟာ အကောင်းဆုံးအိပ်ဆေးဖြစ်သလို အရွယ်ရောက်ချိန်အထိ မကြာခဏ ပြန်အမှတ်ရတဲ့အချိန်တွေပါပဲ။ မိဘတွေအဖို့ သားသမီးနဲ့ အနွေးထွေးဆုံးအခိုက်အတန့်ကို ပုံပြင်ဖတ်ပြရင်း ရှာဖွေနိုင်ပါတယ်။

၃. ဘာသာစကားကို မြှင့်တင်ပေးတယ်တဲ့
အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို မြင့်တက်စေပါတယ်တဲ့။ ပုံပြင်ဖတ်ပြတာပဲဖြစ်ဖြစ်၊ ပြောတာပဲဖြစ်ဖြစ် စကားလုံးတွေဟာ သူတို့နားထဲကို စွဲမြဲဝင်သွားတယ်။ ဒီလိုနဲ့ စကားကြွယ်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်။

၎. ကလေးတွေရဲ့စိတ်ထဲမှာ စာဖတ်ချင်စိတ်ကို ပျိုးထောင်ရာရောက်တယ်တဲ့
ကလေးတွေကို ညအိပ်ရာဝင်တိုင်း ပုံပြင်ပြောပြ၊ ဖတ်ပြခြင်းဖြင့် စာအုပ်တွေကို စိတ်ဝင်စားစေပါတယ်။ ကျွန်မရဲ့ တူ၊ တူမလေးတွေကို ပုံပြင်မကြာခဏပြောပြရင်း အဲဒီအကြောင်းဟာ စာအုပ်ထဲကဖတ်ထားတာလို့ ပြောပြလေ့ရှိပါတယ်။ ဒီအကြောင်းကို စိတ်ဝင်စားသွားတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ စာအုပ်ကို ရှာဖွေဖတ်လာကြတာကို တွေ့ရပါတယ်။

၅. ကလေးရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်တဲ့
ပုံပြင်တစ်ပုဒ်ကို နားထောင်ရင်း မသိတဲ့စကားလုံးတစ်ခုခုပါလာတဲ့အခါ ကလေးက အဲဒါဘာလဲ၊ဘာကိုပြောတာလဲလို့ မေးလေ့ရှိပါတယ်။ ဒီလိုသိချင်စိတ်ရှိနေတဲ့ကလေးကို ပြောပြရတာလည်း အင်မတန်လွယ်ပါတယ်။ သူ့စိတ်ထဲမှာလည်း စွဲမြဲပါတယ်။ ဒီလို မေးခွန်းတွေ မေးရင်းမေးရင်း ကလေးရဲ့ သိချင်စိတ် ကြီးထွားလာသလို အသိဥာဏ်လည်း မြင့်တက်လာနိုင်ပါတယ်။

၆. ပုံပြင်ဖတ်ပြတာဟာ အကောင်းဆုံး သားချော့တေးပါတဲ့
မိဘတစ်ယောက်အနေနဲ့ ကလေးကို သီချင်းဆိုမပြတတ်ဘူး၊ ဆိုမပြချင်ဘူးဆိုရင် ပုံပြင်သာ ဖတ်ပြလိုက်ပါတဲ့။ ကလေး မြန်မြန်ဆန်ဆန် အိပ်ပျော်သွားပါလိမ့်မယ်တဲ့။ ကျွန်မငယ်ငယ်က အဖေပြောဖူးတဲ့ ရသေ့ရှစ်သောင်းပုံပြင်ထဲက ရသေ့တွေကို ရေတွက်ရင်း ရေတွက်ရင်းနဲ့ ဘယ်အချိန်အိပ်မှန်းမသိဘဲ အိပ်ပျော်သွားသလိုပေါ့။

၇. ပုံပြင်တွေက ကလေးတွေကို ဥာဏ်ပိုထက်စေပါတယ်တဲ့
ကလေးတွေအနေနဲ့ ပုံပြင်တွေကို ကြားရတဲ့အခါ သဒ္ဒါစွမ်းရည်၊ စကားလုံးသိရှိမှုစွမ်းရည် မြင့်တက်လာတယ်။ ပုံပြင်ထဲက အကြောင်းအရာတော်တော်များများကို သိနေတော့ ကျောင်းတက်တဲ့အခါလည်း ရွယ်တူတွေကြားထဲမှာ ဥာဏ်ထက်တယ်။ ဒါ့အပြင် ပုံပြင်ထဲကနေ အဆိုး၊ အကောင်းကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရလာတယ်။ ပုံပြင်တွေကြောင့် လူ့အကြောင်း၊ မှန်ကန်တဲ့စိတ်နေသဘောထားနဲ့ အပြုအမူတွေအကြောင်းကို သိရှိလာကြပါတယ်။

ဒါတွေကတော့ ညအိပ်ရာဝင်ခါနီးတိုင်း ကလေးတွေကို ပုံပြင်ဖတ်ပြခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ကျွန်မသဘောပြောရရင် အနောက်တိုင်းပုံပြင်တွေ၊ ရွှေယုန်နဲ့ ရွှေကျားလို အစဉ်အဆက်ပြောခဲ့ကြတဲ့ ပုံပြင်တွေ၊ ၅၅၀ ဇာတ်နိပါတ်တွေ၊ မြန်မာ့သမိုင်းထဲက သူရဲကောင်းနဲ့ အဖြစ်အပျက်တွေ အားလုံးကို ပုံပြင်အဖြစ် ပြောပြနိုင်ရင် အကောင်းဆုံးပါပဲ။ ၅၅၀ ဇာတ်နိပါတ်တော်နဲ့ ဆရာမင်းသုဝဏ်ရေးတဲ့ ကလေးပုံပြင်များ စာအုပ်ကို ebook အဖြစ် comment မှာ တောင်းယူလို့ ရပါတယ်ရှင်။

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

စုပြည့်စုံ

ရှိရင်းစွဲ အသက်ထက် ပိုရင့်သွားစေတဲ့ အစားအစာ ( ၇ ) မျိုး

 http://acelebrationofwomen.org/wp-content/uploads/2011/03/aging-women.jpg

တစ်ခါတစ်လေ အသက် ၂၀ကို ၃၀၀န်းကျင်ထင်လို့ အစ်ကို၊ အစ်မတွေ တပ်ခေါ်လိုက်ရင် အခေါ်ခံလိုက်ရတဲ့သူတွေက မျက်နှာကြီးတည်ပြီး ဒေါသထွက်သွားတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဘာ့ကြောင့်များ တစ်ချို့လူတွေဟာ ရှိရင်းစွဲ အသက်ထက် ပိုမိုရင့်ရော်နေကြတာလဲ၊ ဒါဟာ သူတို့ရဲ့အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကြောင့်ပါလို့ ပြောရပါလိမ့်မယ်။ လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သော အစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ဒါ့ကြောင့် လူကို အိုမင်းရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ အဲ့ဒီအရာတွေကတော့

၁။ဆား
ဟင်းချက်တဲ့အခါ ဆားတွေအများကြီး ထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ ရုပ်ရင့်ရော်တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ အထူးသဖြင့် သင့်မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့ အသားရေတွေကို ပိုမိုတွန့်စေပါသတဲ့။

၂။သကြား
အသားအရေပိုမိုကြည်လင်စေဖို့နဲ့ လှပတဲ့ အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို လျှော့ဖို့လိုပါတယ်။

၃။ကော်ဖီ
ကော်ဖီဟာ အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့ အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။

၎။အရက်
အရက်သောက်လေ့သောက်ထ ရှိသူ အများစုဟာ ရေဓာတ် ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

၅။ကြွက်သားအမျှင်ပါတဲ့အသား
ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။

၆။ပူစပ်စေတဲ့ အစားအသောက်များ

ငြုတ်သီးတွေ အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသားအရေအတွက် အများကြီး ထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။

၇။ဆိုဒါ

သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ် များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။

trend myanmar

ဆီးချို သွေးချိုသမားများ အတွက် အကောင်းဆုံး နှင့် ရှောင်ရန် အစားအစာများ

 http://diabetestreatmenttrinidad.com/wp-content/uploads/2015/03/beat_diabetes_header.png

ဆီးချိုသွေးချို ရှိတဲ့သူတွေအဖို့ အစားအသောက် ရွေးချယ်မှုက လွန်စွာမှ အရေးပါလှပါတယ်။ အောက်ပါ ဖော်ပြထားတာတွေက စားသင့်တဲ့ အစာအုပ်စုနဲ့ ရှောင်သင့်တဲ့ အစာအုပ်စုတွေ ဖြစ်ကြပါတယ်။

၁။ ပေါင်မုန့် ၊ ကောက်နှံနှင့် အခြားသော ကစီဓာတ်ပါ အစာများ
အကောင်းဆုံး ရွေးချယ်မှု – ဂျုံကြမ်းပေါင်မုန့် ၊ ဆန်လုံးညို၊ သကြား အနည်းငယ်သာ ထည့်ထားပြီး ကောက်နှံအများဆုံး ပါဝင်သည့် ကောက်နှံစာ (Cereals) များ၊ ကန်စွန်းဥဖုတ်၊ ပြောင်းဖူး၊ ပြောင်းဖူး ပေါက်ပေါက်နှင့် ပြောင်းဖူးမှ လုပ်သော အခြားသော အစားအစာများ။
ရှောင်ရန် – ဂျူံချော၊ ပေါင်မုန့်အဖြူ ၊ ထမင်းဖြူ ၊ အာလူးချောင်းကြော်။

၂။ ဟင်းသီး ဟင်းရွက်များ
အကောင်းဆုံး ရွေးချယ်မှု – အစိမ်းလိုက် (သို့) ပေါင်း (သို့) ကင်ထားသော လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်၊ ဆားမပါသော စည်သွတ် ဟင်းသီး ဟင်းရွက်များ၊ ဆလတ်ရွက်၊ အစိမ်းရောင် အရွက်များ၊ ကိုက်လန်၊ ဟင်းနုနွယ်။
ရှောင်ရန် – ဆားပါသော စည်သွတ် ဟင်းသီးဟင်းရွက်၊ ထောပတ်၊ ဒိန်ခဲနှင့် အချဉ်ရည်များ အများအပြား ထည့်ချက်ထားသော ဟင်းသီး ဟင်းရွက်များ၊ ဆားရည်စိမ်ထားသော အသီးအနှံ ဟင်းသီး ဟင်းရွက်များ။

၃။ သစ်သီးများ
အကောင်းဆုံး ရွေးချယ်မှု – သကြားမပါသော စည်သွတ် သစ်သီးများ၊ သကြားမပါသော သစ်သီးယို၊ ၁၀၀ ရာခိုင်နှုန်း သစ်သီးဖျော်ရည်။
ရှောင်ရန် – သကြားများသော စည်သွပ် သစ်သီးဖျော်ရည်၊ သာမန် သစ်သီးယိုများ၊ သစ်သီးဖျော်ရည်များ။

၎။ အသားများနှင့် အခြားသောပရို တင်းဓာတ်များ
အကောင်းဆုံး ရွေးချယ်မှု – ကင်၊ ပြုတ်၊ ကျပ်တင်ထားသော အသား ငါးများ၊ အဆီမရှိသောအသားများ၊ စွပ်ပြုတ်ထဲတွင် ထည့်ချက်ထားသော တို့ဖူး၊ ပဲမျိုးစုံ၊ ကြက်ဥ၊ ခွံမာသီး၊ အရေခွံခွာထားသော ကြက်ရင်ပုံသား။
ရှောင်ရန် – ကြော်ထားသော အသားငါးများ၊ အဆီများသော အသားများ၊ ၀က်ပေါင်ခြောက်၊ အရေခွံ မခွာထားသော ကြက်သား၊ တို့ဖူးကြော်၊ ၀က်ဆီ။

၅။ နို့ထွက်ပစ္စည်းများ
အကောင်းဆုံး ရွေးချယ်မှု – အဆီထုတ်ထားသော (low fat or non-fat) ရေခဲမုန့် ၊ ဒိန်ချဉ်၊ နွားနို့ ၊ ဒိန်ခဲ။
ရှောင်ရန် – ရိုးရိုးရေခဲမုန့် ၊ ဒိန်ချဉ်၊ နွားနို့ ၊ ဒိန်ခဲ။

၆။ သောက်သုံးဖွယ်ရာများ
အကောင်းဆုံး ရွေးချယ်မှု – ရေ၊ ဘီယာပျော့၊ ၀ိုင်အနည်းငယ်၊ သစ်သီး မရောထားသောဝိုင်၊ သကြားမပါသော လက်ဖက်ရည် ၊ (ရှောက်သီး ထည့်သောက်ပါ)၊ ကော်ဖီကြမ်း။
ရှောင်ရန် – ဆိုဒါဖျော်ရည်များ၊ သာမန်ဘီယာ၊ လက်ဖက်ရည်ချို ၊ ကော်ဖီချို ၊ အားဖြည့်အချိုရည်။

Messenger

သိထားသင့်တဲ့ အိမ်တွင်းအန္တရာယ်တွေ

 
အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေအပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထားတတ်ကြပါတယ်။ အန္တရာယ်ကင်းတယ်လို့ယုံကြည်ထားတဲ့အိမ်ထဲမှာ လူတိုင်းလိုလို သတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့ အတွက် မျှဝေပေးချင်ပါတယ်။

မှို - နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊ မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂအဟောင်းတွေရဲ့ ခြေထောက်တွေနဲ့ ပြတင်းပေါက်၊ တံခါးပေါက်၊ ရေထုတ်ပိုက်၊ရေချိုးခန်းတို့မှာ မှိုတွေရှိနေတတ်ပါတယ်။ မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာကစလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။

ခဲ - ခဲပါတဲ့အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ ကလေးကစားစရာတွေပေါ် ကျကုန်ရင် လက်ကနေတစ်ဆင့် ခဲမှုန်တွေ ပါးစပ်ထဲဝင်နိုင်ပါတယ်။ ခဲဆိပ် သင့်ရင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအ တွက် အခက်အခဲဖြစ်စေခြင်း၊ ကလေးများကြီးထွားမှုနှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

သန့်ရှင်းရေးပစ္စည်းများ - ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ ကြွေကြေးချွတ်ဆေးစတဲ့ သန့်ရှင်းရေးပစ္စည်းတွေမှာ အဆိပ်အတောက်တွေပါပြီး အဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာဆေး ကြောသန့်စင်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအဆိပ်အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည်ခေါင်းကိုက်ခြင်း၊ ဦးနှောက်၊ အသည်းနဲ့ကျောက်ကပ်ကိုပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေဖြစ်နိုင်လို့ပါ။

ကော်ဇော - ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေးမလုပ် ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံကပ်ငြိနေတာကြောင့် အရေ ပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက် ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။

လေသန့်ဖြန်းဆေး - အဆိပ်အတောက်ဖြစ်စေတဲ့ပါဝင်ပစ္စည်း အချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ်တွင်အနာဖြစ်ခြင်း၊ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်းတို့အပြင် ကင်ဆာအထိပါဖြစ်နိုင်တာ ကြောင့် စနစ်တကျသုံးစွဲဖို့လိုအပ်ပါတယ်။

ကလေးနို့ဘူး - ရောဂါပိုးအများဆုံးကပ်ငြိနိုင်တာက ကလေးနို့ ဘူးတွေဖြစ်ပြီး နို့ဘူးတွေဆေးကြောတဲ့အခါ အရမ်းအပူပေးပြီး ခဏခဏ ဆေးတဲ့အခါမျိုးမှာ ပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကိုရောသွားတတ်တာကြောင့် သတိချပ်သင့်ပါတယ်။

ပရုတ်လုံး - အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊ အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေမလာအောင်ထားတတ်ကြပါတယ်။ ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အ တောက်တွေ အရေပြားတို့၊ မျက်လုံးထဲတို့ဝင်တဲ့အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါဖြစ်နိုင်ပါတယ်။

အလှကုန်များ - ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊အလှကုန်တွေကို ဆက်မသုံးသင့်ပါဘူး။ ယားယံတာ၊ ဓာတ်မတည့် တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။

အပူခံမကပ်ဒယ်အိုး - အပူခံပြီး မကပ်တဲ့ ပလတ်စတစ် တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့လူသုံးများမီးဖိုချောင်သုံး ပစ္စည်းတွေကို ထာဝရမသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလိုချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေပေး နိုင်လို့ပါ။
7day daily

လေဖြတ်နိုင်ခြေ ရှေ့ပြေး လက္ခဏာ (၆) ချက်

 http://www.vereencenter.com/wp-content/uploads/2014/11/75676176.jpg
လေဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု ဒုတိယမြောက် အများဆုံးရောဂါ ဖြစ်သည်။ သို့ဖြစ်ရာ လေဖြတ်မည့် ရှေ့ပြေး အလားအလာများကို သိထားခြင်းဖြင့် ကြိုတင် ကာကွယ်စရာ ရှိတာ ကာကွယ်နိုင်ကာ လေဖြတ်ခြင်းရန်မှ ကင်းဝေးကြမည်။

လေဖြတ်မှု ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ဦးနှောက် သွေးကြောထဲတွင် သွေးခဲများ စုပိတ်ကာ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ ရပ်ဆိုင်းကာ လေဖြတ်ရတတ်သည်။ နောက်ပုံစံတစ်မျိုးမှာ ဦးနှောက်သွေးကြော ပေါက်ကာ ဦးနှောက်အခြား အစိတ်အပိုင်းများသို့ သွေးမရောက်တော့ဘဲ ခန္ဓာလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
အထက်ပါ နောက်ဆုံးအဆင့် နှစ်ခုသို့ မရောက်ခင် ပြလာတတ် သည့် ရှေ့ပြေး လက္ခဏာများကို သိထားခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်နိုင်မည်။

၁။ မြင်ကွင်း နှစ်ထပ်ဖြစ်လာရင်။

မျက်လုံး တစ်ဖက်က ကောင်းပြီး နောက်တစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ေ၀၀ါးနေပြီဆိုလျှင် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ ဆိုတာ သတိထားပါ။
”အလုပ်ပင်ပန်းရုံ၊ စာတွေ တအားဖတ်ရုံနဲ့ မျက်လုံးက မြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှစ်ထပ် ဖြစ်လာပြီ ဆိုရင်တော့ လေဖြတ်နိုင်ခြေ လက္ခဏာပါ ပဲ” ဟု နယူးယောက်မြို့ရှိ မောင့်ဆိုင်းနိုင်း ရုစဗဲ့ဆေးရုံမှ လေဖြတ်ခြင်းဆိုင်ရာ ပါရဂူကာရိုလင်းဘရွတ် ကင်တန်က ပြောသည်။
ဦးနှောက် သွေးကြောထဲတွင် သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှု နည်းနေပြီဆိုလျှင် မျက်လုံးသွေးကြောများသို့ အောက်စီဂျင်လည်း အရောက်နည်းသဖြင့် အမြင်တွေ နှစ်ထပ်ဖြစ်ကာေ၀၀ါးခြင်း ဖြစ်သည်။

၂။ လက်တွေ ပုံမှန်ထက် ပိုကြာကြာ ထုံနေရင်။
အိပ်နေတုန်း ဖိထားမိသဖြင့် လက်တွေ၊ ခြေတွေထုံနေပြီး လှုပ်မရတာမျိုး ၊ ထိတွေ့ အာရုံမသိတာမျိုး ကြုံရတတ်သည်။ သို့သော် ခဏနေလျှင် ပုံမှန်ပြန်ဖြစ်သွားသည်။ ပုံမှန် ပြန်မဖြစ်ဘဲ တော်တော်ကြာအောင် ထုံနေပြီ ဆိုလျှင်တော့ လေဖြတ်မည့် ရှေ့ပြေး လက္ခဏာဆိုတာ သတိထားပါ။
ဦးနှောက် အနောက်ဘက်ခြမ်းကနေ စီးဝင်သော သွေးကြောများတွင် သွေးခဲများစု ပိတ်ခြင်းမျိုး၊ သွေးယိုခြင်းမျိုး ဖြစ်ပွားလာလျှင် လက်နှင့်ခြေများကို ထိန်းချုပ်သော ဦး နှောက်အပိုင်းများသို့ သွေးအရောက်နည်းကာ ထိတွေ့မှု အာရုံခံနိုင်စွမ်း ကျဆင်းကာ လူသည် ထုံနေတတ်သည်။

၃။ ပြောမည့် စကား ပါးစပ်ဖျားကျမှ မေ့သွားရင်။
ပြောမည့်စကား ပါးစပ်ဖျားကျခါမှ မေ့သွားတာမျိုး မကြာမကြာ ကြုံရပြီဆိုလျှင် ဦးနှောက် အတွင်း သွေးအရောက် နည်းနေပြီ ဆိုတာ သတိရပါ။ သွေးကြောပိတ်ကာ သွေးစီးဆင်းမှု လျော့နည်းလာခြင်းကြောင့် မှတ်ဉာဏ်ကို အထောက်အကူ ပေးသောဦးနှောက်အပိုင်းများသို့ သွေးအရောက်နည်းကာ ပြောမည်ကြံလိုက် မေ့သွားလိုက် ဆိုတာမျိုး ပိုဖြစ်ပွားရသည်။ သို့ဖြစ်ရာ ထိုပြဿနာကြုံပြီဆိုလျှင် ကျွမ်းကျင် ဆရာဝန်နှင့် ပြသကာ လေမဖြတ်အောင် နေထိုင်မှုပုံစံများ ပြုပြင်ရမည်။

၎။ ယိုင်တိယိုင်တိုင် ခဏ ခဏ ဖြစ်ရင်။

လမ်းလျှောက်ရင်း မူးခနဲလိုလို ဖြစ်သွားကာ လူကယိုင်တိယိုင်တိုင် ဖြစ်သွားတာမျိုး ကြုံရပြီဆိုလျှင် လေဖြတ်အန္တရာယ် သတိထားပါ။ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသော ဦးနှောက်အပိုင်းများသို့ သွေးအရောက် နည်းနေခြင်းကြောင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်းနည်းကာ ထိုသို့ ယိုင်တိုင်တိုင်တွေ ဖြစ်လာခြင်း ဖြစ်သည်။
သွေးအရောက် နည်းရခြင်းသည် ဦးနှောက် သွေးကြောများ အတွင်း သွေးခဲများ စုပိတ်လာခြင်းကြောင့် ဖြစ်နိုင်ရာ နောက်ဆုံးအဆင့်ထိ ပိတ်သွားကာ ဦးနှောက် သွေးရရှိမှု ရပ်သွားတာမျိုး မဖြစ်ခင် ကျွမ်းကျင် ဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူရမည်။

၅။ စကားပြောရင် လျှာလိပ်ပြီး ဗလုံးဗထွေးတွေ ထွက်လာရင်။
အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပြီးရင် ဘေးထွက်ဆိုးကျိုး အဖြစ် လျှာလိပ်ပြီးစကား ဗလုံးဗထွေး ဖြစ်တတ်သည်။ ဘာဆေးမှ မသောက်ပါဘဲ ဗလုံးဗထွေးတွေ ဖြစ်လာပြီ ဆိုရင်တော့ လေဖြတ်မည့် အန္တရာယ်ရှိသည်။ သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးယိုခြင်းကြောင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှု နည်းလာကာ စကားပြောဆိုမှု ထိန်းချုပ်သည့် ဦးနှောက်အပိုင်း စွမ်းရည်ကျလာခြင်း ဖြစ်နိုင်သည်။

၆။ ခေါင်းတွေ မကြာမကြာ ကိုက်နေရင်။
ဦးနှောက်ထဲမှာ မာဂျရင်းတွေ များနေလျှင် ခေါင်းကိုက်တာ ထုံးစံ ဖြစ်သည်။ မာဂျရင်းမများဘဲ ကိုက်နေတာ ဆိုလျှင်တော့ လေဖြတ်နိုင်ခြေ သတိထားပါ။ မာဂျရင်းများလို့ ခေါင်းကိုက်ခြင်းနှင့် ဦးနှောက်ထဲ သွေးမလောက်လို့ ခေါင်းကိုက်လာ ခြင်းသည် ပုံစံအားဖြင့် ဆင်တူတတ်သည်။ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်နှင့် ပြသ စစ်ဆေးခံမှသာ အဖြေကို တွေ့ရတတ်သည်။
ဦးနှောက် သွေးကြောများထဲ သွေးခဲများ၊ အနည်အနှစ်များ စုပုံလာခြင်းကြောင့် သွေးကြောပိတ်ကာ ဦးနှောက်သည် သွေးလည်ပတ် မှုနှေးသွားခြင်း၊ ယာယီရပ်ဆိုင်းခြင်းမျိုး ဖြစ်ခြင်းကို လေဖြတ်ခြင်းဟု ခေါ်သည်။ ဦးနှောက်သွေးကြော ပေါက်လျှင်လည်း ဦးနှောက်သည် သွေးမရတော့ဘဲ လေဖြတ်နိုင်သည်။
သို့ဖြစ်ရာ အဓိကမှာ သွေးကြောကို ပိတ်ဆို့စေသည့် သွေးခဲနှင့် အနည်အနှစ်များ သွေးထဲ နည်းနိုင်သမျှ နည်းအောင် နေထိုင်ဖို့ ဖြစ်သည်။ ကိုလက်စထရောများ စေသော အစားအစာများ ရှောင်ကြဉ်ခြင်း၊ သွေးလှည့်ပတ်မှု ကောင်းအောင် တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်းဖြင့် သွေးတွင်းမှာ အမှိုက်ကင်းကာ သွေးအားကောင်းပြီး လေဖြတ်ခြင်းဘေးမှ အဝေးဆုံး ဖြစ်ကြမည်။

Ref: 6 Signs of Stroke You Might be Ignoring By Alyssa Jung (rdasia.com)

Messenger

အလုပ်မှာတော်တဲ့ သူတွေ

http://www.denniscummins.com/wp-content/uploads/2012/06/Better-Leader-325x211.jpg

၁. ရန်သူကိုတတ်နိုင်သလောက်နည်းအောင်ဆောင်ရွက် ကိုယ်ကအောင်မြင်ဖို့အတွက်ရန်သူကိုတတ်နိုင်သလောက်နည်းအောင်ဆောင်ရွက်ဖို့လိုပါတယ်။ထို့အတွက်ကြောင့်သူတပါးကို ချီးကျုးတတ်ဖို့လိုပါတယ်။ထိုမှာသာလျှင် ရန်သူနည်းနည်းနဲ့ ကိုယ်ကတကယ်လို့ဒုက္ခရောက်ရင်လည်းကူညီမဲ့သူ ပေါပါလိမ့်မယ်။

၂.့ဝန်ထမ်းကို သင်ပေး
 ကိုယ်ရဲ့ဝန်ထမ်းကို သင်ပေးဖို့လည်း ဝင်မလေးပါ။ကိုယ်ရဲ့အချိန်ကိုဘယ်လိုအသုံးချရမလဲဆိုတာကို အမြဲတမ်းစဉ်းစားထားပြီးဖြစ်တဲ့အတွက် ဘယ်သူကိုဘယ်လောက်အချိန်ပေးမလဲဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။

၃. လေးလေးစားစားနဲ့ ကျေးဇူးသိတတ်

ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့ Customer၊ ကိုယ်ရဲ့ကျေးဇူးရှင်ကို လေးလေးစားစားနဲ့ ကျေးဇူးသိတတ်ဖို့လိုပါတယ်။ကျေးဇူးတင်စကားကို လိုအပ်ရင်လိုအပ်သလို ပြောဖြစ်အောင်ပြောပါ။ဒါမှသာလျှင် တယောက်နှင့်တယောက် ဆက်ဆံရေးကပိုပြီး တိုးတက်လာပြီး ယုံကြည်မူလည်း ပိုပြီးရလာမှာပါ။

၎.စကားကို ပြတ်ပြတ်သားသားပြော
ဒီကိစ္စကဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကိုထင်ပါတယ်လုပ်ကြည့်မှသိမှာပါနည်းနည်းစဉ်းစားပါရစေ၊ စသည်ဖြင့် မပြတ်မသားပြောလေ့မရှိပါ။ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးကို ပြတ်ပြတ်သားသားပြောနိုင်တဲ့ သတ္တိရှိဖို့လိုအပ်ပါတယ်။

၅.ဖြစ်ကိုဖြစ်အောင်လုပ်မယ်

တော်တဲ့သူဟာဖြစ်ကိုဖြစ်အောင်လုပ်မယ်လို့ဖြတ်ထားလျှင်ဘာကိုမှအဆုံးမဆိုတော့ ပြီးမြောက်အောင်လုပ်ဖို့ပဲအားစိုက်ပါတော့တယ်။ဘယ်သူကိုမှလည်း အပြစ်မတင်၊ ပန်းတိုင်ကိုသာ ကြည့်ပြီး လုပ်သင့်တာကိုတဆင့်ပြီးတဆင့်လုပ်သွားတာပါပဲ။

Chelmo Team

မဲခေါင် အရှေ့-အနောက် စင်္ကြံလမ်း


မဲခေါင်, ကရင်ပြည်နယ်
မဟာ မဲခေါင်ဒေသခွဲ (GMS) အရှေ့-အနောက် စင်္ကြံလမ်းတွင် ပါဝင်သော ကရင်ပြည်နယ် ကော့ကရိတ်နှင့် အိန္ဒုမြို့ကြားရှိ ၆၆ ဒသမ ၄ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းကို အဆင့်မြှင့်ပြုပြင်ရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ပေးရေး အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သဘောတူလိုက်ပြီဟု သိရသည်။
“ကရင်ပြည်နယ်မှာ ပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့အတွက် အခြေခံ အဆောက်အဦးတွေ အားနည်းခဲ့ ရသလို ဆင်းရဲနွမ်းပါးမှုလည်း မြင့်မားခဲ့ရပါတယ်။ ဒါပေမယ့် ကုန်းလမ်းကနေ ကုန်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်း ဖြတ်သန်းသွား လာနေတဲ့ ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ပေးထားတဲ့ လမ်းမကြီးတခုလည်း ရှိနေပါတယ်။ ဒီလမ်းကို အဆင့်မြှင့်တင် ပြင်ဆင် လိုက်ခြင်းက မဟာ မဲခေါင်ဒေသခွဲ (GMS) အရှေ့-အနောက် စင်္ကြံလမ်းရဲ့ မြန်မာနိုင်ငံ ဘက်ပိုင်းတွေကို ပြည့်စုံ ကောင်းမွန်သွားစေပါလိမ့်မယ်။ ဒီလမ်းက ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်ပေးမှာ ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှရေးရာ ဌာနမှ ကုန်းလမ်းပို့ဆောင်ရေး ကျွမ်းကျင်သူတဦး ဖြစ်သော ဂျိမ်းစ် လယ်သာ (James Leather) ကပြောသည်။
စီမံကိန်းက လက်ရှိ ၂ လမ်းသွားလမ်းကို GMS ၏ လမ်းကွန်ရက် စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြှင့်တင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စက်ဘီးများ၊ ဆိုင်ကယ်များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ယာဉ်များ သွားလာနိုင်မည့် လမ်းပုခုံးလည်းပါ ၀င်မည် ဖြစ်သည်။
အချို့လမ်းပိုင်းများကို ယာဉ်ကြောသွားလာရေး ချောမွေ့စေရန်နှင့် ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်လာစေရန် အတွက် ပြန်လည် ချိန်ညှိခြင်းများ ပြုလုပ်မည်ဖြစ်သည်။ ရေလွှမ်းမိုးနိုင်သည့် နေရာများတွင် ထပ်ပိုးမြှင့်တင်ခြင်း နှင့် ရေနှုတ်မြောင်းစနစ်ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းများ အပါအ၀င် ရာသီဥတုဒဏ်ကို ကာကွယ်ပေးနိုင်မည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကွန်ရက် ကောင်းမွန်လာစေရန် ကျုံဒိုး ဆိပ်ကမ်းသို့ ဆက်သွယ်သည့်လမ်းကိုလည်း ပြန်လည် ဖောက်လုပ်သွားမည် ဖြစ်သည်။
အရှေ့-အနောက် စင်္ကြံ၏ မြန်မာနိုင်ငံဘက်ပိုင်းများ ပြီးဆုံးသွားပါက ဗီယက်နမ်နိုင်ငံမှ ဒါနန် (Da Nang) မြို့ နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နှင့် မော်လမြိုင်မြို့များကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။ ADB ၏ အထောက်အပံ့ဖြင့် ပြုလုပ်သည့် စီမံကိန်းနှင့်အတူ ထိုင်းနိုင်ငံကလည်း ၎င်း၏ နယ်စပ်တွင်ရှိသော ကော့ကရိတ်နှင့် မြ၀တီ ဆက်သွယ်ထားသည့် လမ်းကို အဆင့်မြှင့်ရေးအတွက် သီးခြားထောက်ပံ့သွားမည်ဟု သိရသည်။ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းနှင့် အိန္ဒုကြားရှိ လမ်းပိုင်းကို အစိုးရက မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတခုကို BOT ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး ပြင်ဆင်မှုများပြုလုပ်နေသည်။
ADB က ချေးငွေကို ၎င်း၏ အာရှဖွံ့ဖြိုးရေး ရန်ပုံငွေ (Asian Development Fund) မှ ထုတ်ပေးခြင်း ဖြစ်သည်။ အာဆီယံ အခြေခံ အဆောက်အဦးရန်ပုံငွေ (Asean Infrastructure Fund) က အမေရိကန် ဒေါ်လာ သန်း ၂၀ ပါဝင် ထောက်ပံ့ ပေးပြီး မြန်မာအစိုးရ၏ ထောက်ပံ့မှုက အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်းပါဝင်သည်။ စီမံကိန်းကာလမှာ ၃ နှစ်ကျော် ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။

Wednesday 4 November 2015

လက်ထပ်ရန်မသင့်တဲ့ အကြောင်းပြချက်များ

 http://datedaily.mate1.com/wp-content/uploads/2010/02/36-dating-advice-case-women-not-marry.jpg
အာဖရိကတိုက် ဂါနာ နိုင်ငံက နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဂျွန် ဒူမယ်လို က သူ့ရဲ့ တွစ်တာကနေ သူ့ပရိတ်သတ်တွေကို လက်ထပ်ခြင်းအတွက် ဒီလို အကြံပေးခဲ့ပါတယ် ။

Sex အတွက်သက်သက် ၊ လက်မထပ်ပါနဲ့
လက်ထပ်ရမဲ့ အရွယ်ရောက်ပြီဆိုပြီးတော့လည်း လက်မထပ်ပါနဲ့
အသက်ကြီးပြီ လက်ထပ်မှ ဖြစ်မယ် ဆိုပြီးတော့လည်း လက်မထပ်ပါနဲ့
ငွေကြေးအခက်အခဲအတွက် ထောက်ပံ့မဲ့သူကိုလည်း လက်မထပ်ပါနဲ့
မှားယွင်းပြီး ကိုယ်ဝန်ရလို့ ဆိုပြီးတော့ လက်ထပ်တာမျိုးလည်း မဖြစ်ပါစေနဲ့
လူတယောက်ကို အဆုံးရှုံးမခံနိုင်လို့ ဆိုပြီးတော့လည်း လက်မထပ်ပါနဲ့
မိသားစုက အတင်းပေးစားလို့လည်း လက်မထပ်ပါနဲ့
တခြားသူတွေ လက်ထပ်ကြတာ မြင်ပြီး အားကျလို့လည်း လက်မထပ်ပါနဲ့
သူငယ်ချင်းတွေ အကုန်လုံးစွံကုန်ပြီ ငါလည်းလက်ထပ်မှပါဆိုပြီးတော့လည်း လက်မထပ်ပါနဲ့တဲ့ ……..

ဒါပေမဲ့ သူက ဘာအတွက် လက်ထပ်သင့်တယ် ဆိုတာ ဆက်ပြောပါတယ် ။
  • သင်တကယ် ချစ်နှစ်သက်တယ် ဆိုတာ သေချာရင် လက်ထပ်ပါ
  • သူ့ထက်ပိုချစ်ရမဲ့သူမရှိလို့ ၊ သူဟာ ကိုယ့်အတွက် အကောင်းဆုံး အဖော်မွန် ဆိုးတူကောင်းဘက် ဆိုရင် လက်ထပ်ပါ
  • သင့်ကို ပျော်ရွှင်အောင် အမြဲထားနိုင်သူဆိုရင် လက်ထပ်ပါ
ဒါကတော့ John Dumelo ရဲ့ ထင်မြင်ယူဆချက်ပါ ။
သင်ဆိုရင်ကော ဒီအချက်တွေကို လက်ခံနိုင်ပါ့မလား ။
ဒီထက်ကောင်းတဲ့ အမြင်တွေရှိရင်လည်း ပြန်မျှဝေကြပါအုန်း ။

Credit: ရဲသူရိန်မင်း ဘာသာပြန်ဆိုသည် ။

Tuesday 3 November 2015

ဝက်ခြံဖြစ်စေတဲ့ အစားအသောက်များ

 http://www.cuthivac.eu/images/non-organic-apple-cider-vinegar-for-acne-salicylic-acid-pimples-causing-nkq.jpg
အလှအပကို မက်မောကြပေမယ့် အစားအသောက် မဆင်ခြင်ရင်တော့ ဝက်ခြံနဲ့ ရင်ဆိုင်နေရမှာပါပဲ။ ဝက်ခြံပျောက်ဖို့ မျက်နှာသစ်ဆပ်ပြာအမျိုးမျိုးပြောင်းသုံးရတာနဲ့  မျက်နှာလိမ်းခရင်မ်တွေ အမျိုးမျိုးလိမ်းနေရုံနဲ့ ဝက်ခြံထွက်တာ လုံးဝသက်သာသွားနိုင်မှာ မဟုတ်ပါဘူး။ အစားအသောက် ဆင်ခြင်ပြီး တစ်ကိုယ်ရည် သန့် ရှင်းရေးပိုင်းကိုပါ ဂရုစိုက်နိုင်ရင်တော့ ဝက်ခြံအန္တရာယ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူးပေါ့၊ ဒီတော့ ဘယ်လိုအစားအသောက်မျိုး ကိုရှောင်ကြဉ်သင့်လဲဆိုတာကို ကြည့်ကြရအောင်။

ပုစွန်
ပုဇွန်ဟာ ဝက်ခြံဖြစ်စေတယ်တဲ့။ အစားအစာထဲမှာ ပုစွန်ပါမယ်ဆိုတာ ထင်ထားမိကြမှာ မဟုတ်ပါဘူး။ သိထား သလောက်ကတော့ ခွဲစိတ်ကုသမှုတွေ လုပ်ထားရင်တော့ ပုစွန်စားရင် ခွဲစိတ်ထားတဲ့ အရေပြား မျက်နှာက ယားယံနေတတ်ပါတယ်။

မုတ်ကောင်၊ကမာကောင်
မုတ်ကောင်၊ကမာကောင်တွေကိုစားရတာ ကြိုက်တဲ့သူတွေအတွက်တော့ မုတ်ကောင်တွေကို မစားဖို့ ၊ရှောင်ဖို့ က ခက်ခဲပါတယ်။ ဒီကမာကောင်တွေက မျက်နှာအရေပြားမှာအဖုအပိန့် တွေပေါက်လာအောင်လုပ်တဲ့ အဓိကတရားခံတွေပါပဲ။

ဒေါက်ခွရွက်
အသီးအရွက်တွေက အသားအရေလှပစေပါတယ်။ ဒေါက်ခွရွက်က အားအင်ဖြစ်စေတဲ့ အရွက်တစ်မျိုးပါ။ ဒါပေမယ့် ဒီအရွက်မှာ အိုင်အိုဒင်းဓာတ်တွေ ပါဝင်နေတာကြောင့် အရေးပြားကိုထိခိုက်စေနိုင်ပါတယ်။

ဘေကွန်
ဝက်သားကို ဆားနဲ့ နယ်ပြီး အခြောက်လှန်းထားတဲ့ ဘေကွန်ကို စားသုံးရင် အသားအရေခြောက်သွေ့ စေနိုင်ပါတယ်။

ချိစ်
ဘယ်က ထုတ်တဲ့ ချိစ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင် ချိစ်မျိုးပဲဖြစ်ဖြစ် အဆီဓာတ် အရမ်းပါလို့  အလွန်အကျွံစားသုံးမိရင်လည်း ဝက်ခြံထွက်စေနိုင်ပါတယ်။

ကဖိန်းဓာတ်ပါသော အချိုရည်
အချိုရည် အေးအေးလေးသောက်လိုက်ရရင် အမောပြေပြီး စိတ်ကို လန်းစေတယ်လို့ ကြော်ငြာတွေမှာ မြင်တွေ့ နေရပါတယ်။ ဒါတွေက ကဖိန်းဓာတ်တွေကြောင့် လူကိုလန်းဆန်းသွားစေတာပါ။ ကဖိန်းဓာတ်က အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်လို့  ကပ်ဖ်ဖိန်းဓာတ်ပါတဲ့ အချိုရည်များများ သောက်မိရင်လည်း ဝက်ခြံထွက်နိုင်ပါတယ်။

အသင့်စားသုံးနိုင်သော အစားအစာများ
စည်သွပ်ဘူးတွေထဲက အစားအစာတွေ ဒါမှမဟုတ် အသင့်စားသုံးလို့ ရတဲ့ ရေခဲရိုက်ထားတဲ့ အစားအစာတွေက စားသုံးရလွယ်ကူပေမယ့် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ အရေပြားအတွက်လည်းမကောင်းပါဘူး။

ပေါက်ပေါက်ဆုပ်
အဆီအစိမ့်ဖြစ်တဲ့ ထောပတ်နဲ့  ပြောင်းစေ့တို့ ကိုမီးဖုတ်ထားတဲ့ ပေါက်ပေါက်ဆုပ်ကအပျင်းပြေစားဖို့ အတွက် အရသာလည်းရှိအနံကလည်းမွှေးတော့ လူတွေကို တော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသားအရေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

အာလူးကြော်

ကြွပ်ကြွပ်ရွရွနဲ့ အစာပြေစားလို့ ကောင်းတဲ့ အာလူးကြော်က ဆီပူပူထဲ နှစ်ကြော်ထားလို့  ဝက်ခြံထွက်ဖို့ ကိုတွန်းအားပေးနေသလိုပါပဲ။
TrendMyanmar

သင် ရှုံးနိမ့်တဲ့အခါ

http://cdn-media-2.lifehack.org/wp-content/files/2014/09/You-only-fail-when-you-stop-trying..jpg

၁။ သင့် နာကျင်ခံစားမှုကို သူ့အတိုင်းသာ ရှိပါစေ။
သင် ရှုံးနိမ့်တဲ့အခါ အများအားဖြင့် သင် နာကျင်ခံစားရလိမ့်မယ်။ တစ်ခါတစ်ရံမှာ အဲဒါထက်ပိုတယ်၊ တစ်ခါတစ်ရံမှာ အများကြီး ပိုနာကျင်ရတယ်။ ဒါပေမယ့် အဲဒါက အဆင်ပြေပါတယ်။ အဲဒီ နာကျင်ခံစားမှုကို အပြုံးတစ်ခုနဲ့ ဆေးခြယ်ပစ်ဖို့ မကြိုးစားပါနဲ့။ ကိုယ်ခံစားနေရတာကို သူ့အတိုင်းလေးပဲ ထားလိုက်တာဟာ ပိုပြီးအလုပ်ဖြစ်တယ်ဆိုတာ အနည်းဆုံးတော့ ကျနော့် ကိုယ်တွေ့ တွေ့ကြုံဖူးပါတယ်။ နာကျင်ခံစားမှုကို ငြင်းပယ်ဖို့၊ လွှင့်ပစ်ဖို့ ကြိုးစားမယ့်အစား လက်ခံလိုက်ပါ၊ ခဏလောက် ၀င်လာခွင့် ပေးလိုက်ပါ၊ ခဏလောက် နာကျင်စေခွင့် ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ အဲဒီ ခံစားချက်ကို ၀င်လာခွင့်ပေးပြီး လက်ခံလိုက်တဲ့အခါ သူဟာ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်သွားပါလိမ့်မယ်။ ရေရှည်မှာ နာကျင်ခံစားမှုကို ပိုပြီး လျော့နည်းစေပါတယ်။ သင့်ရဲ့ အမှန်တကယ် ခံစားမှုကို ငြင်းပယ်လိုက်တဲ့အခါ၊ ဒီစိတ်ခံစားမှုတွေဟာ မမျှော်လင့်တဲ့အချိန်တွေမှာ ပေါ်လာပြီး သင့်ကို ပိုပြီး နာကျင်ခံစားရစေနိုင်လို့ပါ။ ဒါကြောင့် သင်ရှုံးနိမ့်တဲ့အခါ အဲဒီအရှုံးကြောင့်ရတဲ့ နာကျင်ခံစားမှုတွေကို လက်ခံလိုက်ပါ။ သင့်ကိုယ်သင်အတွက် နှစ်ပတ်လောက်၊ ဒါမှမဟုတ်ရင်လည်း တစ်လလောက် ၀မ်းနည်းလိုက်ပါ။ ဒါဟာ ရှေ့ကို ဆက်သွားနိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ။

၂။ အရှုံးဟာ ခဏတာပဲဖြစ်တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
သင် ရှုံးနိမ့်တဲ့အခါ သင်ဟာ အဲဒီအလုပ်မှာ အမြဲတမ်း ရှုံးနိမ့်နေဦးမှာပဲလို့ တွေးမိလာဖို့ သိပ်ကို လွယ်ကူပါတယ်။ သင်ကိုယ်တိုင်က အရှုံးတစ်ခုဖြစ်နေတယ်လို့ စ တွေးမိလာဖို့လည်း လွယ်ကူပါတယ်။
ဒီလို အပျက်သဘောဆောင်တဲ့ နည်းလမ်းမျိုးနဲ့ မရှုံးနိမ့်ပါနဲ့။
အဲဒီအစား သင့်ကိုယ်သင် သတိပေးပါ။ ဒီနေ့ ဒါမှမဟုတ် မနေ့က ရှုံးနိမ့်ခဲ့ခြင်းဟာ နောက်တစ်ကြိမ်မှာလည်း ထပ်ရှုံးနိမ့်ဦးမှာပဲလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးပါ။ သင် ရှင်သန် လုပ်ကိုင်နေသေးသရွေ့ အဲဒီရှုံးနိမ့်မှုဟာ သင့်ဘ၀တစ်လျှောက်လုံးမှာ ကြာရှည်မခံနိုင်ပါဘူး။ ဒါဟာ အမှန်တရားပါ။

၃။ သင်ဟာ အရာရာကို အမြဲတမ်း 100% Perfect ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
ခြောက်ပစ်ကင်း သဲလဲစင်သမား (Perfectionist) တွေကို သင့်ရဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် မသတ်မှတ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခါမှာ သင်ဟာ သင်ကိုယ်သင် သူတို့လောက် ကောင်းအောင် မလုပ်နိုင်ဘူးလို့ ခံစားနေရမှာ မို့လို့ပါပဲ။ အဲဒီအစား၊ တိုးတက်မှုမှာပဲ အာရုံစိုက်ပါ။
ဒါဟာ သင့်ကိုယ်သင် ပိုပြီး ယုံကြည်မှု ရှိလာစေတယ်။ ပြီးတော့ ဒါဟာ ဘ၀ကို ပိုပြီး ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှုံးဆိုတာ ဘ၀ရဲ့ သဘာဝအစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။

၎။ ရှေ့မှာ ပိုကောင်းတဲ့ လမ်းကို ရှာပါ။
ပြီးခဲ့နည်းလမ်းတွေဟာ အရှုံးကြောင့် ဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေဖို့ ကျနော့်ကို ကူညီပေးခဲ့တယ်။ ကျနော့်ရဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ပြန်လည်ရရှိလာစေခဲ့တယ်။ ဒီနောက်ဆုံး နည်းလမ်းကတော့ ရှေ့ကို နောက်တစ်ကြိမ် ဆက်လှမ်းနိုင်ဖို့ အားဖြည့်ပေးမယ့် လောင်စာပါပဲ။
အဲဒီအတွက် ကျနော့်ကိုယ်ကျနော် မေးတဲ့ မေးခွန်းတွေကတော့ -
အခု ဖြစ်ခဲ့တဲ့ အရာကနေ ငါ ဘာကို သိလိုက်သလဲ?
နောက်တစ်ကြိမ်မှာ ငါ ဘယ်လိုမျိုး မတူအောင် လုပ်မလဲ?
ဒီကနေ့ ရှေ့ဆက်လှမ်းနိုင်ဖို့ ငါလုပ်နိုင်တဲ့ ပထမခြေလှမ်းက ဘာလဲ?

ရှုံးနိမ့်မှုကနေ သင် သိရှိနိုင်တဲ့အရာတွေ၊ ပြီးတော့ ရှေ့ဆက်လှမ်းနိုင်ဖို့ သင် လုပ်နိုင်တဲ့အရာတွေဟာ တစ်ခုမကဘူးဆိုတာကို သင် တွေ့ရပါလိမ့်မယ်။

Ref: What to Do When You Fail: 4 Simple Steps by Henrik Edberg-Your Life Success

MyanmarLatestNews

ယူသင့်သောမိန်းမ (၁၀) မျိုး


 http://www.wallcoo.net/paint/book_cover_girl_06/images/%5Bwallcoo%5D_Watercolor_Paintings_cover_girls_bi49994470.jpg

၁. အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ
၂. မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ
၃. ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မ၀င်စားတတ်.. ကိုယ်နဲ့တွေ့မှ
အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ
၎. အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ
ထိုအသိဥာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီးများအား
သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ
၅. ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့
အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာ
နေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းမည့် မိန်းမ
၆. မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ
၇. အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု
သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအား
ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ
၈. ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ
၉. အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည်အပတ်များခြင်း
အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေ
ထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက်ပိုရု စိတ်ပါဝင်စားမှု မရှိသော မိန်းမ
၁၀. ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ

Credit: ဆရာကြယ်

မိဘအများစု မှားမှန်းမသိ မှားတတ်သောအမှားများ

 https://sphilpott.files.wordpress.com/2010/10/rel_survival_fittest.jpg
မိမိကလေးများကို တိုးတက်စေချင်တဲ့ စေတနာ စိတ်ထားကို မိဘတိုင်း မှာရှိကြပါတယ်။ သားသမီးသာထူးချွန်ပါစေ၊ ဘာပဲ လုပ်ပေးရ လုပ်ပေးရ ဆိုတဲ့မိဘမျိုး ဒုနဲ့ဒေး ရှိပါ။
သားသမီးများ လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့ သွန်သင်ဆုံးမကြတဲ့ နေရာမှာ ခဏခဏ လမ်းလွှဲနေတဲ့ အမှား အချို့ရှိပါတယ်။ အဲဒါတွေကတော့….

၁။ အတန်းထဲမှာ ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း
မိဘအချို့ဟာ ကလေးအတန်းထဲမှာ ရတဲ့အဆင့်နဲ့ ကလေးကို တော်တယ် ညံ့တယ်ဆိုပြီး သပ်မှတ်တတ်ကြပါတယ်။ မိဘများသိထားဖို့က အတန်းတစ်တန်းလုံးမှာ မှ ပထမဆိုတာ တစ်ယောက်တည်းပဲ ရှိတတ်ပါတယ်။ ပထမ မရနိုင်တဲ့ ကလေးတစ်ယောက်ကို ပထမရဖို့ ခဏခဏတိုက်တွန်းခြင်း၊ မရလို့ အပြစ်တင်ခြင်း အပြုအမူ မျိုးဟာ မိမိကလေးရဲ့ သိမ်ငယ်တတ်တဲ့ စိတ်ကို ပေါ်ပေါက်စေပြီး အဆိုးမြင်စိတ်ဓါတ်ကို မွေးမြူပေးလိုက်သလို ဖြစ်တတ်ပါတယ်။ ဒီလိုတွန်းအားပေးလေ ကလေးစိတ်ဓါတ်ကျလေ ကလေးရဲ့ အဆင့်ကျလေလေ ဖြစ်တတ်ပါတယ်။ သိမ်ငယ်စိတ်ဆိုတာ ကလေးရဲ့ ပညာရေးတင်မကပဲ ကလေးရဲ့ ဘ၀တစ်သက်တာလုံးအတွက် လုံးဝထိခိုက်သွားနိုင်တယ်ဆိုတာ မိဘများ သတိထားသင့်ပါတယ်။

၂။ ကလေးရဲ့ ဆုံးရူံးမူ ကို အပြစ်တင်ခြင်း

ကလေးနှစ်ယောက် မြန်မာစာဖြေတာ ကျတယ်ဆိုပါစို့
ပထမကလေးရဲ့မိဘက သူ့ကလေးကို ဒီလိုပြောတယ်။ “ ဖေဖေမေမေက သားရဲ့ မြန်မာစာအမှတ်ကို အရမ်းအလေးထားတာ၊ သားရသင့်တဲ့အမှတ်က ဒီထက်အများကြီးမြင့်ရမှာ၊ ဖေဖေမေမေလုံးဝ ယုံကြည်တယ်။ ဆက်ကြိုးစား နော်သား”
ဒုတိယကလေးရဲ့မိဘက ကလေးကိုဒီလိုဆုံးမပြန်တယ်။ “ မင်းဘာလို့ အဲလောက် အ ရတာလဲ၊ ဒီလိုလွယ်လွယ်လေး မြန်မာစာ မေးခွန်းလေးတောင်မှ မင်းအဆင်ပြေအောင် မဖြေနိုင်ဘူးလား၊ ဒီအခြေအနေမျိုးနဲ့ နောက်မင်းဘယ်လို တက္ကသိုလ်ရောက်နိုင်မှာလဲ ”
ဆန်းစစ်ကြည့်ရအောင် ပထမ မိဘဟာ မေတ္တာနဲ့ ဂရုစိုက်မူကို ဖေါ်ပြတယ်။ အပြုသဘောနဲ့ အားပေးတယ်။ထပ်ကြိုးစားအောင်တိုက်တွန်းလိုက်တယ်။ ဒုတိယမိဘဟာ စိုးရိမ်မူနဲ့ အမူန်းပွားမူကို ဖြစ်ပေါ်စေတယ်။ ကလေးရဲ့ယုံကြည်စိတ်ကို ဖျက်စီးလိုက်တယ်။ ကလေးအနာဂတ်ကိုထိခိုက်မဲ့ နိမိတ်ပါ ဟောပေးလိုက်တယ်။

၃။ ကလေး ကစားနေတာကို ရပ်ခိုင်းပြီး စာကြည့်စားပွဲ ပြန်သွားရန် အမိန့်ပေးခြင်း
ဆော့ကစားခြင်းဟာ ကလေးရဲ့သဘာဝဖြစ်ပါတယ်။ ကလေးတိုင်း အဆော့မက်ပါတယ်။ ဆော့ရရင်ပျော်တယ်။ ဆော့ရရင် အစားလည်းကောင်းတယ်။ အအိပ်လည်းကောင်းတယ်။ ပျော်လည်းပျော်တယ်။ ဆော့ကစားနေတာကို ခဏခဏ အတင်းရပ်ခိုင်းပြီး စာပြန်ကျက်မှတ်ခိုင်းတယ်။ ပြီးရင်တစ်ခုပြီးတစ်ခု တစ်ဘာသာပြီးတစ်ဘာသာ မရပ်နားတော့ဘူး။ကလေးစိတ်ထဲမှာ အာခံစိတ် တွန်းလှန်စိတ် ဖြစ်ပေါ်လာတာ သဘာဝပါ။
အောင်မြင်တဲ့ ပညာသင့်ကြားရေးဆိုတာ “ငါ့ကိုသင်ခိုင်းခြင်း” မှ “ငါကိုယ်တိုင်သင်ယူချင်ခြင်း” ဖြစ်အောင် ပြောင်းလဲစေဖို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြင်ပတွန်းအား ပေးခြင်းထက် ကလေး ရင်တွင်းမှ ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဘယ်လိုအားပေးအားမြောက်ပြုရမလဲဆိုတာကို အလေးထားသင့်ပါတယ်။

၎။ ကလေး မိမိကိုယ်မိမိ အားကိုးရပ်တည်ခွင့် မပေးခြင်း
ကလေးများရဲ့ ပညာသင်ကြားတဲ့ ကာလတစ်လျှောက်မှာ မိဘများဟာ အတူစာကျက်ဖို့၊ အစားထိုးစာကျက်ဖို့ တာဝန်လုံးဝမရှိပါဘူး။ မိဘများရဲ့တာဝန်ဟာ မိမိကလေးများ ကိုယ်တိုင်လေ့လာ သင်ယူ တတ်တဲ့ အကျင့်ကောင်းတစ်ခုကို ရအောင်ပျိုးထောင်ပေးဖို့ပါ။ ကိုယ်တိုင်လေ့လာသင်ယူတတ်တဲ့ အကျင့်ကောင်းဟာ ကျောင်းစာအပါအ၀င် ဘ၀နေထိုင်မူပါ အလွန်အရေးကြီးပါတယ်။ ဘာမဆိုမိဘက စိတ်ပူပေးမယ်။ ဘာမဆိုမိဘကလုပ်ဆောင်ပေးမယ်ဆိုရင် မိဘလည်း လူမောစိတ်မော ဖြစ်သလို သားသမီးလည်း အသုံးမကျ ဖြစ်သွားနိုင်ပါတယ်။

၅။ တစ်ခါတစ်လေ လက်ပါတတ်ခြင်း

တစ်ခါတစ်လေ စိတ်မထိန်းနိုင်လို့ ရိုက်မိသွားတာပါ။ ပြီးရင် ကိုယ်ကိုကို စိတ်ထိခိုက်ပြီး နောင်တရနေပြန်တယ်။ နောက်တစ်ခါ စိတ်မထိန်းနိုင်ပြန်ရင် ရိုက်မိပြန်ရော၊ ဒီလိုနဲ့ သံတရာကြီးလည်သွားတတ်ပါတယ်။ ရိုက်တယ်ဆိုတာ ကြောက်အောင်ချောက်တဲ့ နည်းလမ်းပါ။ အိုးထိန်းသည် အိုးကိုနာနာရိုက်ခြင်းဟာ အိုးကိုကွဲစေချင်လို့ မဟုတ်ပါ။ အိုးကိုပိုမို ခိုင်မာစေချင်လို့ ဖြစ်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ ဒါပေမဲ့ အိုးထိန်းသည် ရိုက်လိုက်လို့ ကွဲသွားတဲ့ အိုးတွေ အများကြီးရှိတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။ အသုံးဝင်နိုင်ကြပါစေ။

Credit: Sayar Aung Ko latt

Gentleman တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ

 http://static.guim.co.uk/sys-images/Guardian/Pix/pictures/2013/12/11/1386774595794/The-Perfect-Gentleman-008.jpg
လူကြီးလူကောင်း(Gentleman) တစ်ယောက် ဆိုတဲ့ စကားလုံး ရဲ့  အသင့်တော်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုမှုကတော့ “ မတော်တဆ အားဖြင့် တိုက်ခိုက်မှုတွေ ဘယ်တော့မှ မလုပ်တတ်တဲ့ အမျိုးသား တစ်ယောက်” ဆိုတာပဲ ဖြစ်ပါတယ်။ထို အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့အတူ Gentleman တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက်အချို့ ကိုလည်း ၁၉၀၅ ခုနှစ်တုန်းက လန်ဒန်မြို့  မှာ စစ်တမ်းကောက်ယူ လေ့လာခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမယ့် လည်း အခုထိ မှန်ကန်နေဆဲ ဖြစ်နေတဲ့အတွက် ထိုစစ်တမ်းကောက်ယူမှု ရဲ့  ရလဒ်တွေကို ကိုးကားပြီး Gentlaman တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမျိုးသမီးဝါဒီလက်ခံသူဖြစ်ပါစေ
 အမျိုးသမီးတွေရဲ့  လေးစားမှုကို ခံယူချင်ရင်တော့ အမျိုးသမီးတွေရဲ့တန်းတူညီမျှရေးကိုလည်း လေးစားတတ်ရပါမယ်။

၂။ အရာရာကို ရင်ဆိုင်နိုင်သူဖြစ်ပါစေ
ပြဿနာ တစ်စုံတစ်ရာ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ အရှုံးမပေးလိုက်ပါနဲ့။ လူကြီးလူကောင်းဆန်စွာ ရင်ဆိုင်လိုက်ပါ။

၃။ လူတစ်ဖက်သား ရဲ့  ထင်မြင်ချက်ကို လေးစားပါ
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အကြောင်းအရာ တစ်ခုအပေါ်မှာ ထင်မြင်ပုံခြင်းမတူနိုင်ပါဘူး။ မတူညီတဲ့ ရှုထောင့် အမျိုးမျိုးက သုံးသပ်ကြည့်ပြီးတဲ့အခါမှာ ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ဒါကို တစ်ဖက်လူ ထင်မြင်ချက်က မှားယွင်းပြီး မိမိထင်မြင်ချက်သာ မှန်ကန်တယ်လို့ ခံယူလိုက်ရင်တော့ တစ်ဖက်လူ နဲ့ စကားဆက်ပြောဖို့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။

၎။ ကိုယ့်အင်္ကျီကို မီးပူတိုက်တတ်ပါစေ

လူကြီးလူကောင်းတစ်ယောက်ဟာ တန်ဖိုးကြီး အ၀တ်အစားတွေ ၀တ်ဆင်နိုင်ဖို့မလိုပေမယ့်လည်း ရှိတာနဲ့ ပဲ သပ်သပ်ရပ်ရပ် ဖြစ်အောင် ၀တ်တတ်ဖို့တော့ လိုပါလိမ့်မယ်။ အ၀တ်လျှော်မီးပူတိုက် ၀န်ဆောင်မှု လုပ်ငန်းတွေ မရှိတဲ့နေရာမျိုးမှာ ၊ အိမ်သူသက်ထား နဲ့ အတူမရှိတဲ့အခါမျိုးမှာ မိမိကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်နေအောင် လုပ်ဆောင်နိုင်စွမ်းရှိရပါမယ်။

၅။ သူငယ်ချင်းတွေအတွက် ရပ်တည်နိုင်ပါစေ
Gentleman တစ်ယောက်ဟာ ကိုယ့်သူငယ်ချင်းနဲ့ ပတ်သက်ရင် ရင်းရဲ ရပါမယ်။ အဲဒါမှာသာ သူငယ်ချင်းတွေကလည်း ကိုယ့်အတွက် လေးစားမှုတွေနဲ့အတူ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ သူငယ်ချင်းကောင်းတွေအဖြစ် ရပ်တည်ပေးလာမှာပါ။ လူကြီးလူကောင်းတွေမှာ သူငယ်ချင်းကောင်းတွေ ရှိလေ့ ရှိပါတယ်။

၆။ ဝေဖန်မှုတွေကို မတုန်လှုပ်ပါနဲ့

Gentleman တစ်ယောက်ဟာ မိမိရဲ့  အတွေးအခေါ် ၊ ဆုံးဖြတ်ချက် ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံလာရတဲ့အခါမျိုးမှာ မတုန်လှုပ်သွားတတ်ပါဘူး။ တည်ငြိမ်စွာ လက်ခံပြီး ထို ဝေဖန်မှုတွေကနေ သင်ယူတတ်ရပါမယ်။

Monday 2 November 2015

မေတ္တာသည်သာ

 http://www.chinabusinessleadership.com/wp-content/uploads/2013/12/Sui_Yangdi_Tang.-China-Talent-War-jpg.jpg
တစ်ခါက တရုတ်ပြည်မှာ ရင် ဆိုတဲ့ အမျိုးသမီးတစ်ဦးနေထိုင်တယ်။ တစ်နေ့တော့ ထိုအမျိုးသမီးရဲ့ အိမ်ရှေ့မှာ အဖိုးကြီးသုံးရောက် ရပ်နေကြတယ်။ ရင် ကလဲသနားတတ်တဲ့သြူုဖစ်တော့ ဒီအဖိုးကြီးသုံးရောက်ကို အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်သတဲ့ ။ အဖိုးကြီးသုံးယောက်က ရင် ကိုနင့် ယောက်ျား အိမ်ထဲမှာရှိလားလို့ မေးတာပေါ့။ ရင် ကတော့ မရှိသေးဘူး အပြင်ခဏသွားတယ်လို့ပြန်ဖြေတော့ အဖိုးကြီးတွေက ” ယောက်ျားမရှိတဲ့အိမ်ကို ငါတို့ဝင်ဖို့ မသင့်တော် နင့်ယောက်ျားလာမှဝင်မည် ” ဟုဆိုကာ ရပ်နေသတဲ့

မကြာမီ သူ့ယောက်ျားပြန်လာတော့ ရင် က အဖိုးကြီးတွေကို လာခေါ်သတဲ့။ အဖိုးကြီးတွေက ရုတ်တရက် ပုံစံပြောင်းသွားပြီးတော့ နတ်မင်းတွေ ဖြစ်သွားကြသတဲ့။ပြီးတော့ ” ချစ်သမီး ရင် ငါတို့မှာ ကောင်းကင်မှနတ်မင်းများဖြစ်ကြသည် ငါ့သမီးကောင်းမှုတွေ လုပ်ခဲ့တဲ့အတွက် ငါ့သမီးကို ကယ်တင်ဖို့ဖြစ်သည် ငါ့သမီး ငါတို့သုံးယောက်ထဲက တစ်ယောက်သည အိမ်ထဲဝင်မည်ဖြစ်သည် တစ်ယောက်ကတော့ ချစ်ခြင်းမေတ္တာနှင့်စည်းလုံးခြင်းကို ကိုယ်စားပြုတဲ့နတ်မင်း “ဖူ” ပေတည်း နောက်တစ်ယောက်ကတော့ ချမ်းသာကြွယ်ဝမှုကိုပေးတဲ့ နတ်မင်း ” လူ” ဖြစ်သည် ကျွန်ုပ်ကတော့ အောင်မြင်ကျော်ကြားမှုကို ပေးမယ့် “ရှိုး” ဖြစသည်။ ငါ့သမီးအိမ်ထဲဝင်ပြီးတော့ နင့်ယောက်ျားနဲ့တိုင်ပင်လိုက်ပါ။ ဘယ်တစ်ယောက်ကို ရွေးမလဲလို့”

ရင် လဲအိမ်ထဲဝင်သွားပြီးတော့ သူ့ယောက်ျားနဲ့တိုင်ပင်တယ်။ ရင်ကတော့ “ချမ်းသာချင်တယ် အဲဒါကြောင့် လူ ကိုရွေးမယ်” သူ့ယောာက်ျားကတော့ ” မင်းကွာ မင်းဘာလို့ ကျော်ကြားမှုကို မရွေးတာလဲ” သူတို့နှစ်ယောက်ရန်ဖြစ်ကြတာ အချိန်တော်တော်ကြာတယ်။
နောက်တော့ လင်မယားခြင်းရန်ဖြစ်ရင်းနဲ့ ပန်းကန်တွေခွဲကြ၊ တစ်ယောက်နဲ့တစ်ယောက် ရိုက်မယ်နှက်မယ်ပေါ့ နောက်ဆုံးသူတို့လင်မယားရန်ဖြစ်နေကြတာကို အိမ်မှာရှိတဲ့ သမိးက ကြားသွားပြီးတော့ ” အဖေနဲ့အမေ ရန်ဖြစ်နေတာကို မြင်ရတော့မှ ချစ်ခြင်းမေတ္တာကို ရွေးချယ်ရမှန်းသိလာတယ် ဖူ ကိုမရွေးဘူးလား” လို့မေးသတဲ့။

အဲတော့မှ ဟိုလင်မယားလဲ သံဝေဂရပြီးတော့ ဖူကို ထွက်ခေါ်သတဲ့။ ဖူ ကထိုင်နေရာကနေ ထလာတယ် အခြားနတ်မင်းနှစ်ပါးလဲ လိုက်လာတယ်။ ရင် က ” ကျွန်မ ဖူကိုပဲခေါ်တာ ဘာလို့အကုန်လိုက်လာတာလဲ ” လို့ မေးလိုက်တယ်။

ဖူကတော့ ” အိမ်တစ်အိမ်မှာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခြင်းတွေရှိနေမှတော့ ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်ကျော်ကြားမှုဆိုတာ သိပ်မကြာခင် ရောက်လာမှာပဲလေ ”

Credit : မောင်စိုင်း