Saturday 14 November 2015

အလုပ်မှာတော်တဲ့ သူတွေ

http://www.denniscummins.com/wp-content/uploads/2012/06/Better-Leader-325x211.jpg

၁. ရန်သူကိုတတ်နိုင်သလောက်နည်းအောင်ဆောင်ရွက် ကိုယ်ကအောင်မြင်ဖို့အတွက်ရန်သူကိုတတ်နိုင်သလောက်နည်းအောင်ဆောင်ရွက်ဖို့လိုပါတယ်။ထို့အတွက်ကြောင့်သူတပါးကို ချီးကျုးတတ်ဖို့လိုပါတယ်။ထိုမှာသာလျှင် ရန်သူနည်းနည်းနဲ့ ကိုယ်ကတကယ်လို့ဒုက္ခရောက်ရင်လည်းကူညီမဲ့သူ ပေါပါလိမ့်မယ်။

၂.့ဝန်ထမ်းကို သင်ပေး
 ကိုယ်ရဲ့ဝန်ထမ်းကို သင်ပေးဖို့လည်း ဝင်မလေးပါ။ကိုယ်ရဲ့အချိန်ကိုဘယ်လိုအသုံးချရမလဲဆိုတာကို အမြဲတမ်းစဉ်းစားထားပြီးဖြစ်တဲ့အတွက် ဘယ်သူကိုဘယ်လောက်အချိန်ပေးမလဲဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။

၃. လေးလေးစားစားနဲ့ ကျေးဇူးသိတတ်

ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့ Customer၊ ကိုယ်ရဲ့ကျေးဇူးရှင်ကို လေးလေးစားစားနဲ့ ကျေးဇူးသိတတ်ဖို့လိုပါတယ်။ကျေးဇူးတင်စကားကို လိုအပ်ရင်လိုအပ်သလို ပြောဖြစ်အောင်ပြောပါ။ဒါမှသာလျှင် တယောက်နှင့်တယောက် ဆက်ဆံရေးကပိုပြီး တိုးတက်လာပြီး ယုံကြည်မူလည်း ပိုပြီးရလာမှာပါ။

၎.စကားကို ပြတ်ပြတ်သားသားပြော
ဒီကိစ္စကဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကိုထင်ပါတယ်လုပ်ကြည့်မှသိမှာပါနည်းနည်းစဉ်းစားပါရစေ၊ စသည်ဖြင့် မပြတ်မသားပြောလေ့မရှိပါ။ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးကို ပြတ်ပြတ်သားသားပြောနိုင်တဲ့ သတ္တိရှိဖို့လိုအပ်ပါတယ်။

၅.ဖြစ်ကိုဖြစ်အောင်လုပ်မယ်

တော်တဲ့သူဟာဖြစ်ကိုဖြစ်အောင်လုပ်မယ်လို့ဖြတ်ထားလျှင်ဘာကိုမှအဆုံးမဆိုတော့ ပြီးမြောက်အောင်လုပ်ဖို့ပဲအားစိုက်ပါတော့တယ်။ဘယ်သူကိုမှလည်း အပြစ်မတင်၊ ပန်းတိုင်ကိုသာ ကြည့်ပြီး လုပ်သင့်တာကိုတဆင့်ပြီးတဆင့်လုပ်သွားတာပါပဲ။

Chelmo Team

No comments:

Post a Comment