Tuesday 3 November 2015

Gentleman တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ

 http://static.guim.co.uk/sys-images/Guardian/Pix/pictures/2013/12/11/1386774595794/The-Perfect-Gentleman-008.jpg
လူကြီးလူကောင်း(Gentleman) တစ်ယောက် ဆိုတဲ့ စကားလုံး ရဲ့  အသင့်တော်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုမှုကတော့ “ မတော်တဆ အားဖြင့် တိုက်ခိုက်မှုတွေ ဘယ်တော့မှ မလုပ်တတ်တဲ့ အမျိုးသား တစ်ယောက်” ဆိုတာပဲ ဖြစ်ပါတယ်။ထို အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့အတူ Gentleman တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက်အချို့ ကိုလည်း ၁၉၀၅ ခုနှစ်တုန်းက လန်ဒန်မြို့  မှာ စစ်တမ်းကောက်ယူ လေ့လာခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမယ့် လည်း အခုထိ မှန်ကန်နေဆဲ ဖြစ်နေတဲ့အတွက် ထိုစစ်တမ်းကောက်ယူမှု ရဲ့  ရလဒ်တွေကို ကိုးကားပြီး Gentlaman တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမျိုးသမီးဝါဒီလက်ခံသူဖြစ်ပါစေ
 အမျိုးသမီးတွေရဲ့  လေးစားမှုကို ခံယူချင်ရင်တော့ အမျိုးသမီးတွေရဲ့တန်းတူညီမျှရေးကိုလည်း လေးစားတတ်ရပါမယ်။

၂။ အရာရာကို ရင်ဆိုင်နိုင်သူဖြစ်ပါစေ
ပြဿနာ တစ်စုံတစ်ရာ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ အရှုံးမပေးလိုက်ပါနဲ့။ လူကြီးလူကောင်းဆန်စွာ ရင်ဆိုင်လိုက်ပါ။

၃။ လူတစ်ဖက်သား ရဲ့  ထင်မြင်ချက်ကို လေးစားပါ
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အကြောင်းအရာ တစ်ခုအပေါ်မှာ ထင်မြင်ပုံခြင်းမတူနိုင်ပါဘူး။ မတူညီတဲ့ ရှုထောင့် အမျိုးမျိုးက သုံးသပ်ကြည့်ပြီးတဲ့အခါမှာ ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ဒါကို တစ်ဖက်လူ ထင်မြင်ချက်က မှားယွင်းပြီး မိမိထင်မြင်ချက်သာ မှန်ကန်တယ်လို့ ခံယူလိုက်ရင်တော့ တစ်ဖက်လူ နဲ့ စကားဆက်ပြောဖို့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။

၎။ ကိုယ့်အင်္ကျီကို မီးပူတိုက်တတ်ပါစေ

လူကြီးလူကောင်းတစ်ယောက်ဟာ တန်ဖိုးကြီး အ၀တ်အစားတွေ ၀တ်ဆင်နိုင်ဖို့မလိုပေမယ့်လည်း ရှိတာနဲ့ ပဲ သပ်သပ်ရပ်ရပ် ဖြစ်အောင် ၀တ်တတ်ဖို့တော့ လိုပါလိမ့်မယ်။ အ၀တ်လျှော်မီးပူတိုက် ၀န်ဆောင်မှု လုပ်ငန်းတွေ မရှိတဲ့နေရာမျိုးမှာ ၊ အိမ်သူသက်ထား နဲ့ အတူမရှိတဲ့အခါမျိုးမှာ မိမိကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်နေအောင် လုပ်ဆောင်နိုင်စွမ်းရှိရပါမယ်။

၅။ သူငယ်ချင်းတွေအတွက် ရပ်တည်နိုင်ပါစေ
Gentleman တစ်ယောက်ဟာ ကိုယ့်သူငယ်ချင်းနဲ့ ပတ်သက်ရင် ရင်းရဲ ရပါမယ်။ အဲဒါမှာသာ သူငယ်ချင်းတွေကလည်း ကိုယ့်အတွက် လေးစားမှုတွေနဲ့အတူ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ သူငယ်ချင်းကောင်းတွေအဖြစ် ရပ်တည်ပေးလာမှာပါ။ လူကြီးလူကောင်းတွေမှာ သူငယ်ချင်းကောင်းတွေ ရှိလေ့ ရှိပါတယ်။

၆။ ဝေဖန်မှုတွေကို မတုန်လှုပ်ပါနဲ့

Gentleman တစ်ယောက်ဟာ မိမိရဲ့  အတွေးအခေါ် ၊ ဆုံးဖြတ်ချက် ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံလာရတဲ့အခါမျိုးမှာ မတုန်လှုပ်သွားတတ်ပါဘူး။ တည်ငြိမ်စွာ လက်ခံပြီး ထို ဝေဖန်မှုတွေကနေ သင်ယူတတ်ရပါမယ်။

No comments:

Post a Comment