Wednesday 4 November 2015

လက်ထပ်ရန်မသင့်တဲ့ အကြောင်းပြချက်များ

 http://datedaily.mate1.com/wp-content/uploads/2010/02/36-dating-advice-case-women-not-marry.jpg
အာဖရိကတိုက် ဂါနာ နိုင်ငံက နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဂျွန် ဒူမယ်လို က သူ့ရဲ့ တွစ်တာကနေ သူ့ပရိတ်သတ်တွေကို လက်ထပ်ခြင်းအတွက် ဒီလို အကြံပေးခဲ့ပါတယ် ။

Sex အတွက်သက်သက် ၊ လက်မထပ်ပါနဲ့
လက်ထပ်ရမဲ့ အရွယ်ရောက်ပြီဆိုပြီးတော့လည်း လက်မထပ်ပါနဲ့
အသက်ကြီးပြီ လက်ထပ်မှ ဖြစ်မယ် ဆိုပြီးတော့လည်း လက်မထပ်ပါနဲ့
ငွေကြေးအခက်အခဲအတွက် ထောက်ပံ့မဲ့သူကိုလည်း လက်မထပ်ပါနဲ့
မှားယွင်းပြီး ကိုယ်ဝန်ရလို့ ဆိုပြီးတော့ လက်ထပ်တာမျိုးလည်း မဖြစ်ပါစေနဲ့
လူတယောက်ကို အဆုံးရှုံးမခံနိုင်လို့ ဆိုပြီးတော့လည်း လက်မထပ်ပါနဲ့
မိသားစုက အတင်းပေးစားလို့လည်း လက်မထပ်ပါနဲ့
တခြားသူတွေ လက်ထပ်ကြတာ မြင်ပြီး အားကျလို့လည်း လက်မထပ်ပါနဲ့
သူငယ်ချင်းတွေ အကုန်လုံးစွံကုန်ပြီ ငါလည်းလက်ထပ်မှပါဆိုပြီးတော့လည်း လက်မထပ်ပါနဲ့တဲ့ ……..

ဒါပေမဲ့ သူက ဘာအတွက် လက်ထပ်သင့်တယ် ဆိုတာ ဆက်ပြောပါတယ် ။
  • သင်တကယ် ချစ်နှစ်သက်တယ် ဆိုတာ သေချာရင် လက်ထပ်ပါ
  • သူ့ထက်ပိုချစ်ရမဲ့သူမရှိလို့ ၊ သူဟာ ကိုယ့်အတွက် အကောင်းဆုံး အဖော်မွန် ဆိုးတူကောင်းဘက် ဆိုရင် လက်ထပ်ပါ
  • သင့်ကို ပျော်ရွှင်အောင် အမြဲထားနိုင်သူဆိုရင် လက်ထပ်ပါ
ဒါကတော့ John Dumelo ရဲ့ ထင်မြင်ယူဆချက်ပါ ။
သင်ဆိုရင်ကော ဒီအချက်တွေကို လက်ခံနိုင်ပါ့မလား ။
ဒီထက်ကောင်းတဲ့ အမြင်တွေရှိရင်လည်း ပြန်မျှဝေကြပါအုန်း ။

Credit: ရဲသူရိန်မင်း ဘာသာပြန်ဆိုသည် ။

No comments:

Post a Comment