Friday 23 December 2016

ပျော်ရွှင်မှုဆီသို့ လျှို့ဝှက်တံခါး

 http://static.wixstatic.com/media/b491e3_6e1b16576dca42ae9d7d5000f87dca8f~mv2.jpg
တစ်နေ့မှာ ဈေးသည်ကြီးတစ်ယောက်ဟာ သူ့ရဲ့သားကို ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးဆီကို စေလွှတ်ခဲ့တယ်။

ဘာအတွက်လဲ ဆိုတော့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို သင်ယူဖို့တဲ့လေ။ အဖေရဲ့ စကားကို နားထောင်တဲ့ ကောင်လေးဟာ သဲကန္တာရကြီးကို ဖြတ်ပြီး ရက်ပေါင်း ၄ဝ ကြာတဲ့ထိ ခရီးသွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ မြင့်မားတဲ့ တောင်ထိပ်ပေါ်က ရဲတိုက်ကြီး တစ်ခုဆီကို ရောက်သွားပါတော့တယ်။

အဲ့ဒီ အရမ်းလှပတဲ့ ရဲတိုက်ကြီးက သူရှာနေတဲ့ သူဌေးကြီးရဲ့ အိမ်ပေါ့….။ ကောင်လေး ရဲတိုက်ကြီးထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတာတွေကတော့ အမျိုးကိုစုံလို့ပါပဲ။ ကုန်သည်တွေက ဝင်လိုက်ထွက်လိုက်နဲ့။ တစ်ချို့ကလည်း အခန်းထောင့်တွေမှာရပ်ပြီး စကားတွေ ရေပတ်မဝင်အောင် ပြောနေကြတယ်။ သံစုံတီးဝိုင်းလေးကလည်း ငြိမ့်ညောင်းလို့။ ပြီးတော့ စားပွဲကြီးပေါ်မှာ ခင်းကျင်းထားတာတွေကလည်း ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာတွေချည်း ဆိုပါလား။ ဟော… တွေ့ပါပြီ…… သူဌေးကြီးကတော့ သူ့မိတ်ဆွေတွေကို ဧည့်ခံစကားပြောနေတယ်။ အဲ့ဒီတော့ ကောင်လေးက အလိုက်တသိ စောင့်နေရတော့တာပေါ့။ ဘယ်လောက်ထိ စောင့်လိုက်ရလည်းဆိုရင် သူ့အလှည့်ရောက်ဖို့ နှစ်နာရီလောက်တောင် ကြာသွားပါတယ်။ သူဌေးကြီးက ကောင်လေး သူ့ဆီ ရောက်လာရတဲ့ အကြောင်းအရင်းကို ဂရုတစိုက် နားထောင်ပေးတယ်။ ဒါပေမယ့် ကောင်လေးသိချင်တာကို ပြောပြဖို့ သူမအားသေးဘူးလို့ ပြောပါတယ်။

သူဌေးကြီးက သူမအားသေးခင် အချိန်နှစ်နာရီလောက် သူ့ရဲ့ နန်းတော်ကြီးကို လှည့်ပတ်ကြည့်ပြီး ပြန်လာခဲ့ဖို့ အကြံပေးတယ်။ “မင်းအဲ့ဒီလို လျှောက်ကြည့်နေတဲ့ အချိန်မှာ ငါမင်းကို တစ်ခုခုတော့ ခိုင်းချင်တယ်” လို့သူဌေးကြီးကပြောတယ်။ ဆီတွေပါတဲ့ ဇွန်းကို ကောင်လေးဆီ လှမ်းပေးရင်း ထပ်ပြောတာက “မင်းလျှောက်ကြည့်နေတဲ့အချိန်မှာ ဒီဇွန်းကိုယူသွား၊ ပြီးရင် ဆီတွေ ဖိတ်မကျစေဘဲ ပြန်ယူလာခဲ့ ” တဲ့။ ကောင်လေးက နန်းတော်ကြီးရဲ့ များပြားလှတဲ့ လှေခါးကြီးတွေကို တက်လိုက်ဆင်းလိုက်နဲ့ လျှောက်ကြည့်ဖို့ ထွက်သွားတယ်။

ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဇွန်းဆီမှာပဲရောက်နေတယ်။ နှစ်နာရီကျော်သွားတဲ့အခါ သူဌေးကြီးရှိတဲ့ နေရာကို သူပြန်ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ “ကောင်းပြီ” ဆိုပြီး သူဌေးကြီးက မေးခွန်းတွေ ဆက်တိုက် မေးလိုက်တယ်။ “ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းထိုး ပန်းချီကားကြီးတွေကို မင်းတွေ့ခဲ့ရဲ့လား”။ “ကျွမ်းကျင် ဥယျာဉ်မှူးကိုယ်တိုင် ဆယ်နှစ်လောက် အချိန်ယူပြီး ဖန်တီးထားတဲ့ ပန်းခြံကြီးကိုရော မြင်ခဲ့လား”။ “ငါ့စာကြည့်တိုက်ထဲမှာရှိတဲ့ အရမ်းကို လှပတဲ့ ပုရပိုက်ကြီးတွေကိုရော မင်းသတိထားမိသေးလား”။ ကောင်လေးက ရှက်သွားပြီး သူဘာမှ သတိမထားခဲ့မိတာကို ဝန်ခံလိုက်တယ်။ သူ့ရဲ့အာရုံက သူဌေးကြီးခိုင်းတဲ့အတိုင်း ဆီတွေ ဖိတ်မကျဖို့ပဲ ရှိနေခဲ့တာတဲ့လေ။ “ဒါဆိုလည်း ပြန်သွားပြီး ငါ့ကမ္ဘာကြီးရဲ့ ဆန်းကြယ်မှုတွေကို ခံစားလိုက်ပါဦး လူလေးရာ၊ လူတစ်ယောက်ကို သူ့အိမ်အကြောင်းမသိဘဲနဲ့တော့ မင်းယုံကြည်လို့မရဘူးလေကွာ” ဆိုပြီး သူဌေးကြီးက ပြန်ပြောလိုက်တယ်။

 ကောင်လေးက ဇွန်းကိုကောက်ကိုင်ပြီး နန်းတော်ကြီးကို စူးစမ်းလေ့လာဖို့ ပြန်ထွက်သွားခဲ့တယ်။ အခုမှပဲ နံရံတွေ မျက်နှာကျက်တွေမှာ ရှိတဲ့ အလှတရားတွေကို သေချာ မြင်လိုက်ရတယ်။ လှပတဲ့ ဥယျာဉ်ကြီးတွေ၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ တောင်တန်းကြီးတွေ၊ ပန်းတွေရဲ့ အလှတရားတွေကိုခံစားလိုက်ရတယ်။ ပြီးတော့ အရာအားလုံးကို သေချာ စနစ်တကျ လုပ်ထားတယ်ဆိုတာအရမ်းသိသာပါတယ်။ သူဌေးကြီးဆီ ပြန်ရောက်သွားတဲ့ အခါမှာတော့၊ သူမြင်ခဲ့တာအားလုံးကို အသေးစိတ် ပြန်ပြောပြခဲ့တယ်။ သူဌေးကြီးက “ဒါပေမယ့် ငါခိုင်းတဲ့အတိုင်းဆီတွေရော ပြန်ပါလာရဲ့လား”ဆိုပြီး မေးပြန်တယ်။ 
  ကောင်လေးက သူ့လက်ထဲကဇွန်းကို ကြည့်လည်းကြည့်လိုက်ရော ဆီတွေ လုံးဝမရှိတော့ပါဘူး။

 အဲ့ဒီမှာပဲ သူဌေးကြီးက ပြောလိုက်တယ်။ “ကောင်းပြီ ငါမင်းကို ပေးနိုင်တဲ့ အကြံကတော့ တစ်ခုပဲ ရှိတယ်ကွ၊ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာပဲလုပ်လုပ် မျှမျှတတလုပ်နိုင်ဖို့ပဲ။ အခုဆို မင်း တစ်ခုကို အာရုံစိုက်နေတုန်းတစ်ခုကို ခံစားဖို့မေ့သွားတယ်။ ဇွန်းထဲက ဆီတွေ ဖိတ်မကျဘဲ ကမ္ဘာလောကကြီးရဲ့ အံ့သြဖွယ်ရာ အလှအပတွေကို ကောင်းကောင်းကြီး ခံစားနိုင်မယ်ဆို ပျော်ရွှင်ရပြီပေါ့။ … ဒါပဲပေါ့ကွာ၊ အဲ့ဒီတော့ ၊ အလုပ်တွေ ကြိုးစားရင်းလည်း ပျော်ရွှင်မှုကို ရှာဖို့မမေ့နဲ့၊ အပျော်လွန်ပြီးလည်း အလုပ်မပျက်စေနဲ့ ပေါ့ကွာ” တဲ့။

Credit : (Paul Coelho)

နှလုံးတိုက်ခိုက်မခံရခင် တစ်လအလိုမှာ ပြတတ်တဲ့လက္ခဏာတွေ


ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း (Heart Attack)ကြောင့် သေဆုံးမှုတွေများလာတဲ့နောက် အမေရိကန် နှလုံးအဖွဲ့အစည်းက ပြုလုပ်ထား စစ်တမ်းအရ နှလုံး တိုက်ခိုက်မခံရရင် တစ်လ လောက်အလိုမှာ ပြတတ်တဲ့ရော ဂါလက္ခဏာတွေ ကြိုတင်သိထား နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။

ပင်ပန်းနွမ်းနယ်ခြင်း
- ပင်ပန်း တယ်ဆိုတာမျိုးက ပုံမှန်လိုဖြစ် လေ့ရှိပေမယ့် နေ့စဉ်ပြုလုပ်နေ ကျကိစ္စတွေ လုပ်ရင်း သိသိသာ သာ ထူးထူးခြားခြားကြီးကို တစ် ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နုံးချည့်နွမ်းနယ်နေရင် သတိထား ဖို့ လိုလာပါပြီ။

အသက်ရှူကျပ်ခြင်း - နှလုံးတိုက် ခိုက်မခံရခင်မှာ လူတိုင်းလိုလိုကြုံ ရတာက အသက်ရှူကျပ်လာတာ ပါ။ အဆုတ်က လိုအပ်တဲ့သွေး မရတဲ့အတွက် သွေးကြောတွေ ပိတ်လာကာ အသက်ရှူကျပ်လာ တာမို့ ဒီလိုထူးခြားတဲ့ ခံစားမှုရ တာနဲ့ ဆရာဝန်ဆီကို အမြန်ဆုံး သွားပါ။

ရင်ဘတ်တစ်ခုလုံးတင်းကျပ်၊ နာကျင်ခြင်း - နောက်ထပ်သိသာ တဲ့ လက္ခဏာတစ်ခုက ရင်ဘတ် တစ်ခုလုံး တင်းကျပ်နာကျင်လာ ပြီး တစ်ခါတစ်ရံမှာ လက်မောင်း တွေ၊ လည်ချောင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျောနဲ့ အစာအိမ် တွေတင်းပြီး နာကျင်တာမျိုးတွေ အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ် လေ့ရှိပါတယ်။

မောပန်းခြင်း - ကြွက်သားတွေဆီ သွေးအလုံအလောက်မရတဲ့အခါ မှာ အားနည်းပြီး မောပန်းတဲ့ခံစား မှုမျိုးကိုလည်း သတိထားပါ။

မူးဝေပြီး ချွေးစေးများပြန်ခြင်း - ဦးနှောက်ဆီကို သွေးကောင်းစွာ မရောက်တဲ့အတွက် မူးဝေတဲ့ခံ စားမှုဖြစ်စေသလို ချွေးစေးတွေ ပြန်တာဟာ နှလုံးတိုက်ခိုက်ခံရ ခြင်းရဲ့ အကြိုလက္ခဏာတစ်ခုပါ ပဲ။

အအေးမိ၊ တုပ်ကွေးဖြစ်ခြင်း - ချောင်းတွေအရမ်းဆိုး အအေးမိ လိုက်၊ ဖျားနာလိုက်ဖြစ်တာဟာ ချက်ချင်းဒုက္ခပေးနိုင်တဲ့ လက္ခ ဏာရပ်မဟုတ်ပေမယ့် ပေါ့ပေါ့ ဆဆမလုပ်ဘဲ သတိထားပြီး ကုသဖို့လိုပါတယ်။

အထက်ပါအချက်တွေကို နှလုံးတိုက်ခိုက်မခံရခင်မှာ ပြ တတ်တဲ့လက္ခဏာတွေမို့ အမြဲ သတိထားနေဖို့ လိုအပ်သလို လူ တစ်ဦးနဲ့တစ်ဦး ဖြစ်ပွားတဲ့ပုံစံမတူ တဲ့အတွက် အသက်ရှည်ကျန်းမာ စွာနေရအောင်လို့ မှတ်ထားဖို့လို ပါတယ်။

Credit : 7day daily

Saturday 10 December 2016

ဝိတ်ချဖို့ အစားလျှော့နည်း

http://weightlossmiss.com/wp-content/uploads/2015/02/how-many-calories-you-would-need-to-eat.gif

ဝိတ်ချမယ့် သူတယောက်ဟာ ကယ်လိုရီကို စနစ်တကျ တွက်ချက်ပြီးမှ ဝိတ်ချသင့်တယ်။
ကိုယ်စားတဲ့ အစားသောက်တခုဟာ ကယ်လိုရီဘယ်လောက်ပါလဲ သိမှ ဝိတ်ချရတာ လွယ်ကူမှာ ဖြစ်ပါတယ်။
ကယ်လိုရီဆိုတာ စွမ်းအင်အရင်းအမြစ်တခုဖြစ်ပါတယ်။ ကစီဓာတ်၊ အဆီဓာတ်နဲ့ ပရိုတင်းဓာတ် အစားအသောက်တွေကနေ အဓိက ရရှိတယ်။ ကယ်လိုရီတွက်တာ ကျွမ်းကျင်ပညာရှင် မဟုတ်ရင် တွက်ရခက်တယ်။ မလွယ်ကူဘူး။ သို့သော် ဝိတ်ချရာမှာတော့ လိုအပ်တဲ့ ကယ်လိုရီကို အကြမ်းဖျင်း တွက်ပြီးမှ လျှော့ စားသင့်တယ်။

✔ဘယ်လောက်လျှော့စားမလဲ??
ကယ်လိုရီတွက်ဖို့ အလွယ်ဆုံးနည်းတခုရှိတယ်။
အဲဒါကတော့ စားသမျှကို စာအုပ်ထဲ ချရေးတဲ့နည်း ဖြစ်ပါတယ်။
ဥပမာ နေ့လည်စာကို ကြက်ဥတလုံးနဲ့ ထမင်းဆီဆမ်း စားတယ်ဆိုပါစို့။ကြက်ဥ၊ထမင်းနဲ့ ဆီ သုံးမျိုးပါတယ်လို့ မှတ်ရမယ်။
အရင်ဆုံး ချရေးပါ။ ပြီးရင် စာအုပ်နောက်မှာ ရေးထားတဲ့ ကယ်လိုရီပမာဏနဲ့ နှိုင်းယှဉ်ပြီး ဘယ်လောက်စားလဲ တွက်ချက်ပါ။
🍳ကြက်ဥတလုံး - ၈၀ကယ်လိုရီ၊ 🍚ထမင်းတပန်းကန် - ၁၅၀ ကယ်လိုရီ၊ 🍯ဆီ လက်ဖက်ရည်တဇွန်း - ၄၀ ကယ်လိုရီ ။
စုစုပေါင်း ကယ်လိုရီ(၂၇၀)ဝင်သွားပြီ ဖြစ်ပါတယ်။ အဲလိုစားသမျှကို တခုမကျန် ချရေးခြင်းအားဖြင့် တွက်ချက်နိုင်ပါတယ်။

✔နေ့စဉ် ကယ်လိုရီ ဘယ်လောက် လိုသလဲ???
ကယ်လိုရီတွက်နည်း အမျုးမျိုးရှိတယ်။
ဒီနေ့ခေတ်မှာ အခြေခံဇီဝဖြစ်ပျက်မှု(basal metabolic rate)ကို တိုင်းတာဖို့
Mifflin-St Jeor formula နည်းကိုသာ အသုံးပြုတယ်။
အသက်ရှု၊နှလုံးခုန် စတဲ့ အခြေခံဇီဝဖြစ်ပျက်မှုအတွက် သုံးစွဲရတဲ့ စွမ်းအင်ပမာဏကို BMR လို့ ခေါ်ပါတယ်။ တကယ့်အခြေခံအကျဆုံး လုပ်ဆောင်မှုအတွက် သုံးစွဲရတဲ့ စွမ်းအင်ဖြစ်ပါတယ်။ နေ့စဉ်လိုအပ်ချက်ကို စနစ်တကျ တွက်ပြီးမှ လျှော့စားသင့်တယ်။
တွက်နည်း
Men(အမျိုးသား) 👷
10 x weight (kg) + 6.25 x height (cm) - 5 x age (y) + 5
Women(အမျိုးသမီး)💁
10 x weight (kg) + 6.25 x height (cm) - 5 x age (y) - 161
ဥပမာ - ကျတော်ဆိုရင် 61 kg ရှိတယ်။ အရပ်အမြင့်က (၅)ပေ (၈)လက်မဖြစ်လို့ 180 cm ရှိတယ်။
တွက်ကြည့်ရင် ကယ်လိုရီ (၁၅၆၀)နေ့စဉ် လိုအပ်နေတယ်။ ဒီကယ်လိုရီအတိုင်း နေ့စဉ်စားနေရင် ဝိတ်တက်မှာ မဟုတ်သလို ဝိတ်လည်း မကျပါ။ သို့သော် ဝိတ်ကျချင်တယ်ဆိုရင် နေ့စဉ်လိုအပ်တာထက် (၂၀)ရာခိုင်နှုန်းလျှော့စားရမယ်။

✔ဒါ့ကြောင့် နေ့စဉ် ကယ်လိုရီ_၃၀၀လျှော့စားမှ_ဝိတ်ကျလိမ့်မယ်
အဲတိုင်းစားရင် တပတ်နေတဲ့အခါ ကိုယ်အလေးချိန် တပေါင်ကျဆင်းတဲ့ ကျတော့်ကို မြင်ရပါလိမ့်မယ်။
ဝိတ်ကျချင်သူတိုင်း ဒီနည်းနဲ့ တွက်ချက်ပြီးမှ လျှော့စားသင့်တယ်။
ဒေါက်တာ အေးမင်းထူး ရေးထားတဲ့ ကျန်းမာရေးမှတ်စုတိုကို
ကျွန်တော့်မှာရှိတဲ့ အစားအသောက်တွေမှာပါတဲ့ ကယ်လိုရီ ပုံမှတ်စုလေးတွေ နဲ့ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်။ 

Calorie Calculator


https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/15338808_1208197782610384_958275256760556336_n.jpg?oh=6e6c64746c755c78137d9f771e1021f2&oe=58FB8089https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/15439967_1208197755943720_593672767088708289_n.jpg?oh=9e77a4a8645c03f1de1be8fe4a2b82e7&oe=58B0D4EC
https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/15350517_1208197822610380_8164537409092436980_n.jpg?oh=9b006654bfd0d12b934d6ca64da18fb1&oe=58E99942https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/15400916_1208197855943710_5798259653425892355_n.jpg?oh=10c4402133d2cc17508e2e277d532231&oe=58B4AFB0

Credit : Zan Htet Ko and ဒေါက်တာ အေးမင်းထူး

Saturday 3 December 2016

Final Exam

http://s3.amazonaws.com/libapps/accounts/10102/images/final_20exam.jpg
(၁)
ဘဝမှာ ကိုယ့်လောက် စာမေးပွဲ ဖြေဖူးသူ ရှိခဲ့လျှင်တောင် တော်တော်တော့ ရှားမည်ဟု ဒေါက်တာအောင်ကျော် တွေးမိသည်။ ကျခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ အောင်ခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ သည်လောက် စာမေးပွဲပါး ဝနေတာတောင် စာမေးပွဲတစ်ခု ဖြေဖို့ စောစောစီးစီး ကတည်းက လုံလောက်စွာ စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့သည်ဟု တစ်ခါမှ မရှိခဲ့စဖူး။ တကယ် ဖြေရတော့မည် ဆိုမှပဲ နေ့မီး ၊ ညမီးနှင့် ဝုန်းဒိုင်း ကျဲရတာချည်းသာ။

ဘဝမှာ အသက်လေးဆယ် ကျော်သည်အထိ စာမေးပွဲတွေ ဖြေမဆုံးနိုင် ဖြစ်ခဲ့ရတာက လောကကြီး တော်တော် မတရားဟု သူ ထင်သည်။ ဘွဲ့တွေ အများကြီးရသော ခွဲစိတ်ဆရာဝန်ကြီး တစ်ဦး ဘဝကို လူတကာက အားကျနေချိန်တွင် ဒေါက်တာအောင်ကျော်က ထိုဘွဲ့တွေ အများကြီးရဖို့အတွက် သူမပျော်ပဲ ဖြေလိုက်ရသည့် စာမေးပွဲတွေကိုသာ သတိရနေမိသည်။ လူ့ဘဝဆိုတာ ဒီထက်တော့ ပျော်ပျော်ကလေး နေလိုက်ရပြီး ကုန်သွားခဲ့ဖို့ ကောင်းတာပေါ့။

စာမေးပွဲ တစ်ခါဖြေပြီးတိုင်း ဖြေပြီးတိုင်းလည်း တော်ပြီ နောက်ဆို ငါ ဘာစာမေးပွဲမှ မဖြေတော့ဘူး။ ရာထူး မတက်ချင် နေပါစေတော့ဟု အကြိမ်ကြိမ် ဆုံးဖြတ် ခဲ့မိသည်ချည်းသာ ဖြစ်သည်။ ပြီးတော့လည်း အချိန်တန်တော့ မဖြေမဖြစ် စာမေးပွဲတစ်ခုက ပေါ်လာခဲ့သည်ချည်းသာ။
အသက် လေးဆယ့်ငါးနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ရပြီးချိန်တွင်တော့ တကယ့်ကို ဘာစာမေးပွဲမှ ဖြေစရာမရှိတော့ဟု စိတ်ကို ဒုံးဒုံးချလိုက်သည့်နောက်ပိုင်း ဆယ်နှစ်လုံးလုံး ဘဝက အေးချမ်းလို့။

အသက် ငါးဆယ့်ငါးနှစ် ကျတော့မှ နောက်ဆုံး စာမေးပွဲတစ်ခု ရှိနေတာကို ဗြုန်းစားကြီး သတိထားမိတော့သည်။ငုံ့၍ခွဲနေလျှင် ခါးက ခဏခဏ ကိုက်နေသည်ကို သတိထားမိသည်မှာ တော်တော်ကြာပြီ။ အထူးသဖြင့် ခြေနှင့်ဆိုင်သော ခွဲစိတ်မှုလိုမျိုး ကြာကြာခွဲရသည့် အခါမျိုးတွင် မခံမရပ်နိုင်အောင် ကိုက်လေ့ရှိသည်။"ကျီးပေါင်းတက်တာ နေမှာပေါ့ ဆရာကျော်ရယ်"
မေ့ဆေးဆရာဝန်ကြီးက ထင်မြင်ချက်ပေးသည်။"ရက်စက်ပါ့ ဆရာရယ် ကျွန်တော်က ကိုယ့်ကိုယ်ကို ငယ်ငယ်ကလေးပဲ ထင်နေတာ"ရယ်ရွှန်းပတ်ရွှန်းနှင့် ပြန်ချေပမိသည်။ တကယ်တော့ အရိုး ကျီးပေါင်းတက်သည် ဆိုသည်မှာ တော်တော်ကြီးမှ ဖြစ်နိုင်သည်ဟု သူ ခံယူထားသည်။
"ခွဲစိတ်ဆရာဝန် ဆိုတာ လူသာ ငယ်လျှင် ငယ်မည်။ ခါးက အိုတာ မြန်နိုင်တယ်ဗျ။ တစ်ချိန်လုံး ကုန်းခွဲနေရတာ။ ခင်ဗျား ဓာတ်မှန်တော့ ရိုက်ကြည့်သင့်တယ်"

( ၂ )
ကင်ဆာတဲ့။
အစာလမ်းကြောင်း တစ်နေရာရာက လာသတဲ့။
အခု အရိုးကို ပျံ့နေတာတဲ့။
ဘုရားရေ။
ငါ မကြာခင် သေရတော့မှာ တဲ့လား။
ဆရာဝန် ဆရာဝန်ချင်း လူနာ ပြန်လုပ်ရသောအခါ သူငယ်ချင်း ဆရာဝန်များက သူ့ကို အဖြေမှန် ပြောမပြပဲ ကြာကြာ မဖုံးကွယ်နိုင်ခဲ့။ သိရသော အခါတွင်လည်း သူ အရူးမီးဝိုင်း ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။ ပိုဆိုးသည်က ဇနီးနှင့် သားသမီးများကလည်း သူ့ကို ဖေးမနှစ်သိမ့်နိုင်ဖို့ နေနေသာသာ သူတို့ကိုယ်တိုင်ပင် အရူးမီးဝိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြသည်။
"နိုင်ငံခြား သွားကုရမလား"
"သူငယ်ချင်းသဘောပဲ။ ကြိုးစားတာကတော့ အရှုံး မရှိပါဘူး"
ဘုရား။
သည်အဖြေက သိပ်ပြီး အားတက်သရော မရှိ။ ကုသပေးနေသည့် ဆရာဝန် ကိုယ်တိုင်က သူ့အပေါ်မှာ မျှော်လင့်ချက် သိပ်ထားနိုင်ပုံ မပေါ်။ ဒါ စာမေးပွဲ ကျတာပါပဲ။ ရက်ပိုင်း အလွန်ဆုံးလပိုင်းလောက် ကုသမှု ခံလိုက်ရလျှင် ကောင်းသွားမည်ဟု ယူဆထားခဲ့မိသော ခါးနာ ဝေဒနာ။ ယခုတော့ ကုသ၍ မပျောက်သည့်အပြင် အသက်ကိုပါ မလွဲမသွေ သိမ်းပိုက်တော့မည်တဲ့။
ရှုံးပြီ။

နေပါဦး။
ငါ အခါတိုင်းလည်း စာမေးပွဲ အကြိမ်ကြိမ် ကျခဲ့ ရှုံးခဲ့တာပဲ။ ခါတိုင်း စာမေးပွဲ ကျရင် ငါ ဘယ်လောက်ကြာကြာ ကြေကွဲခဲ့လို့လဲ။ လူးလဲထပြီး နောက်တစ်ခါ ပြန်ဖြေဖို့ ပြင်ဆင်တာပဲ မဟုတ်လား။ သည်တစ်ခါရော အဲသည်အတိုင်း လုပ်ရင် မရနိုင်ဘူးလား။ သေရမည့် ရောဂါတစ်ခု မိမိကိုယ်ထဲ ရောက်နေသည် အဲသည်ရောဂါကို အမြစ်ပြတ် မောင်းထုတ်ချင်သည်။
နည်းလမ်းတွေ စဉ်းစားလိုက်တော့ သိပ်မရေရာ။ သည့်ထက် သေချာ ရေရာပြီး အကျိုးအမြတ် ရှိမည့် ကိစ္စကို ဘာကိုမှ မလုပ်လိုက်ရပဲ ရှိစုမဲ့စု ကျန်နေသည့်အချိန်ကလေး ကုန်ဆုံးသွားဖို့ရှိသည်။

တော်ပြီ။
အဲဒီ စာမေးပွဲ ငါ မဖြေကြည့်တော့ဘူး။
ငါသေသွားတဲ့အချိန်မှာ ရှင်ကျန်နေခဲ့တဲ့သူတွေလည်း အချိန်တန်ရင် အားလုံး သေကြရဦးမှာပဲ။ ငါလည်း အခုတစ်ခေါက် ရှင်ရင် နောက်တစ်ခေါက်မှာ နောက်ရောဂါ တစ်ခုနဲ့ သေဦးမှာပဲ။ သေမင်းနဲ့ ယှဉ်ပြိုင်ပြီး နိုင်အောင် စာမေးပွဲဖြေဖို့ ဆိုရင်တော့ ရူးရာ ကျတာ့မယ်။ အဆင်သင့် အနေထားနဲ့ သေနိုင်ဖို့ စာမေးပွဲ လိုတာပေါ့။လုံလောက်သော ပြင်ဆင်မှုများနဲ့ စာမေးပွဲခန်းကို ဝင်ခဲ့လို့ လုံလောက်သော ပြင်ဆင်မှုများနှင့် သေခြင်းတရားကို ရင်ဆိုင်ဖို့။ ဒါက နည်းနည်း နီးစပ်မည်။ ယုတ္တိတန်မည်။ လုပ်စရာ ရှိသည့် အလုပ်တွေကို ဇယားတွက်ချက် ကြည့်သောအခါကျတော့ အခါတိုင်း စာမေးပွဲတွေ ဖြေခဲ့သလိုပင်။ လုံလောက်သော ကြိုတင်ပြင်ဆင်ချိန် သူ့မှာ မရှိတော့ကြောင်း အလန့်တကြား တွေ့ရလေသည်။

သားနှင့် သမီးက ကျောင်းမပြီးသေး။ အိမ်ထောင်မကျသေး။ ထားလိုက်တော့။ ထားလိုက်တော့။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ တက်နေတာပဲ။ ကျောင်းပြီးသည်အထိ ဆက်ထားနိုင်ဖို့ အတွက်တော့ သူ့ဇနီးမှာ လုံလောက်သော အင်အား၊ စိတ်ဓာတ်နှင့် ဥာဏ်ရည် ရှိသည်။ အဲသည် ဥာဏ်ရည်ကို သတိပြုမိ၍သာ ဇနီးသည်ကို ငယ်စဉ်က သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒါအတွက် ပူစရာမလို။ လိုတော့ရော ဘာတတ်နိုင်မှာတဲ့လဲ။ သားနှင့်သမီး ကျောင်းပြီးသည်အထိ သူ့အသက်ကို ဆွဲဆန့်၍မှ မရတာ။ ထားလိုက်။ ထားသာ ထားလိုက်တော့။

ကိုယ့်ကိုယ်ကို အတွက်ရော။ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့ ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလဲ။ သင်ခန်းစာတွေ ကျေလို့လား။ ခေါင်းကိုသာ ယမ်းမိသည်။ တော်ပါသေးရဲ့။ မိရိုးဖလာထက် ပို၍ သဒ္ဒါတရား ထက်သန်သော ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်နေခဲ့လို့။
သည်စာမေးပွဲအတွက် စာမကျက်ရသေးပေမဲ့ အဲသည်စာတွေက ဘယ်က ရှာကျက်ရမည် ဆိုတာတော့ သူ သိလေသည်။ ဇနီးသည်က သူ့ကို သွေးရူးသွေးတန်း ဖြစ်နေသည်ဟု ထင်သည်။ သူငယ်ချင်း ဆရာဝန်ကြီးများကို တိုင်ပင်သည်။
ကောင်ဆယ်လင်း ( Counselling ) နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းအတွက် ဘယ်ဆရာဝန်ကို အားကိုးရမလဲဟု။ သူငယ်ချင်း ဆရာဝန်များက ခေါင်းကုတ်သည်။ သူတို့အမြင်တွင် အောင်ကျော်သည် ရောဂါကို ရင်ဆိုင်ရာတွင် သူကိုယ်တိုင် လူနာ ဖြစ်နေလင့်ကစား ဆရာဝန်များထက်ပင် သွေးအေးနေသည်။ ရက်ချိန်း မှန်မှန်လာသည်။ ကုသမှု မှန်မှန်ခံယူသည်။ လာပြီးလျှင်တော့ ချက်ချင်း ထပြန်သည်။ တတ်နိုင်သမျှတော့ ခဏခဏ မလာပဲ နေချင်ကြောင်း ဗြောင်ပြောသည်။
လမ်းမှန်မှန် လျှောက်နေသေးသည်။ အစားအသောက် မပျက်။ ဟိုစမ်းကြည့်ရအောင်။ ဒီဟာစမ်းကြည့်ရအောင် ဆိုလျှင်တော့ နိုးပဲ။ ပိစပ်၊ ဆူလာနဖာ၊ ယတြာ၊ အကြားအမြင် အကုန် ငြင်းသည်။
ခိုင်မာစွာ သက်သေမပြနိုင်သော မျှော်လင့်ချက်များအတွက် သူ့မှာ အချိန်မရှိ။ အားသည်နှင့် ကက်ဆက်အနား သွားထိုင်သည်။ မီးမလာလျှင် ဓာတ်ခဲနှင့် ဖွင့်သည်။ အရှင်ဥာဏိဿရ၊ အရှင်ဇဝန၊ အရှင်ဆေကိန္န၊ အရှင်ဆန္ဒာဓိက၊ အရှင်ပညိဿရ။ ထွက်ထွက်သမျှသော တရားခွေတွေကို ဝါးစားပစ်သလို နားထောင်သည်။ တရားစာအုပ်တွေ ဖတ်သည်။ သည်အထဲက ငြိမ်းချမ်းစွာ သေနိုင်ဖို့ နည်းလမ်းကောင်းတွေကို တွေ့ရမည်ဟု သူ ယုံကြည်ထားသည်။

တစ်နေ့ တစ်နာရီခန့် တရားမှတ်သည်။ မထိုင်နိုင်ပါ။ လှဲ၍ မှတ်သည်။ တရားမှတ်သည် ဆိုသည်ထက် သေနည်းလေ့ကျင့် နေသည်ဆိုလျှင် ပို၍မှန်မည် ထင်သည်။ ဖြစ်ပျက်ကို မြင်အောင်ရှု၍ မရ။ ဝေဒနာကိုပဲ စိတ်စွဲနေသည်။ မျက်လုံးတွေ မို့ယောင်နေအောင် အမြဲငိုနေကြသည့် ဇနီးနှင့် သမီးမျက်နှာကို အာရုံထဲက ထုတ်၍ မရ။ ကိုင်း မတတ်နိုင်ပါဘူး။ သေနည်းသာ လေ့ကျင့်။ မေတ္တာကို စူးစူးစိုက်စိုက် ပွားကြည့်သည်။ ပြီးတော့ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အာရုံတွေ လွင့်သွားသည်။ ကိုင်း မမြဲတတ်တာမှတ်။

( ၃ )
ရောဂါက ရင့်လာတော့ လမ်းမလျှောက်နိုင်တော့။ အိပ်ယာထဲက ထတာတောင် လူတွဲထရသည်။ ဒါက ရုပ်။ ရုပ်ယိုယွင်းနေတာ။ အဲသည် ယိုယွင်းနေသည့် ရုပ်တွေထဲမှာ မကြာခင် ဦးနှောက်နှင့် အသိတရား ပါသွားပေတော့မည်။ဘုရားရေ သင်ခန်းစာတွေ မကျေညက်သေးပါလား။ ထားလိုက်။ ထားလိုက်။ အရင်စာမေးပွဲတွေ ဖြေခဲ့တုန်းကရော သင်ခန်းစာတွေ အားလုံး ကိုယ့်စိတ်ကြိုက် ကြေညက်ပြီးမှ ဖြေခဲ့ရသည့် စာမေးပွဲ ဘယ်နှစ်ခါများ ရှိခဲ့ဖူးလို့လဲ။ အဲသည် စာမေးပွဲ ဖြေသူ အားလုံးထဲက သင်ခန်းစာ အပြီးဆုံး အပေါ်ဆုံး သုံးပုံတစ်ပုံလောက်ထဲမှာ ပါရင်ကို အောင်လာခဲ့တာ မဟုတ်လား။ သည်တစ်ခါလည်း သည်လိုပဲပေါ့။ ပြီးမှာ မဟုတ်ဘူးဆိုပြီး စိတ်လျှော့လိုက်မှ စာမေးပွဲက ကျတော့မည်။ သည်တစ်ခါကျလျှင် ခါတိုင်းနှင့် မတူတာက နောက်တစ်ခါလည်း ပြန်ဖြေခွင့် ရတော့မှာမဟုတ်။ ရသလောက်နှင့်ဖြေ။ ဒါပဲ။ ယခုတော့ အချိန်နည်းနည်း ရသေးသည်။ ဆက်လုပ်။ ဆက်လုပ်။

"သူငယ်ချင်း ... ဆေးရုံမှာ ခဏ လာနားပါလား"
"တော်တော်... မင်းပြောတဲ့ ခဏ ငါ သိတယ်။ ငါ့မှာက အဲဒီ ခဏပဲ ရတော့တာ။ ကိုယ် နေသာပါတယ်ကွာ။ သူငယ်ချင်းလည်း ခဏခဏ မလာနဲ့။ မင်းလက်ထောက်တွေ ဘာတွေ တခါတလေ လွှတ်ကြည့်ခိုင်း"
သူငယ်ချင်း ဆရာဝန်:မျက်နှာပျက်သွားသည်။
"ဟ ... ငါ လာနိုင်ပါတယ်ကွာ ။ အဲဒါကြောင့် ပြောတာ မဟုတ်ဘူး"
"သိပါတယ် သူငယ်ချင်းရ။ မင်း ဘယ်လောက် အလုပ်များများ ကြိုးစားပြီး လာကြည့်ပေးမယ် ဆိုတာ။ ခက်တာက ငါကလည်း မင်းလာတော့ စကားက ပြောချင်တယ်။ မင်းတပည့်လေးတွေ လာတော့ ခဏနဲ့ပြန်။ ငါလည်း အမှတ်ကလေးနဲ့ ပြန်နေ။ တို့ငယ်ငယ်တုန်းက စာမေးပွဲဖြေခါနီး စာကျက်ရင် စကားမပြောမိအောင် တစ်ခန်းစီနေပြီး သွားကျက်ကြတာလေ။ အချင်းချင်း စာမေးချင်တဲ့ အခါနဲ့ စားတဲ့သောက်တဲ့ အခါပဲ ပြန်ပေါင်းကြတာ သတိမရဘူးလား"
သူငယ်ချင်း မျက်မှောင်ကုတ် ကြည့်သည်။
"အခု မင်းက ဘာစာမေးပွဲ ဖြေနေလို့လဲ"
ဒေါက်တာအောင်ကျော် သိမ်မွေ့စွာ ပြုံးသည်။
"ဘဝကူး စာမေးပွဲလေကွာ။ ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကူးချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ကူးတဲ့နည်း ရှိတယ်။ လေ့ကျင့်လို့ ရတယ်လို့လည်း ငါ ယုံကြည်တယ်။ အဲဒါ ငါ လေ့ကျင့်နေတာ။ အောင်မြင်ရင် ငါ စာမေးပွဲ အောင်တာပဲ"
သူငယ်ချင်း ဆရာဝန် ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။

(၄)
ခက်သည်က ဇနီးနှင့် သမီး။
သွားရတော့မည်ဆိုတာ သိလာလေလေ သူတို့က အနားက မခွါတော့လေ။ မိမိ ကျန်နေသေးသည့် သင်ခန်းစာတို့ မကျေညက်လေ။ချစ်သည်လေ။ တစ်သက်လုံး ချစ်ခဲ့တာပဲ။ ခွဲရခါနီးမှာ ပိုချစ်တော့တာပေါ့။ ဇနီးက ထားဦး။ တော်တော်ကြာ ချစ်ခဲ့ရပြီး၍ ကျေနပ်သည်ပဲထား။ သမီးက ၁၈ နှစ်။ ချစ်၍ မဝတတ်သေး။ သည်ကြားထဲမှာ သမီးက ကြီးလာလေလေ ဒေါက်တာအောင်ကျော်နှင့် တူလာလေလေ။ ကိုယ့်မျက်နှာကို ပြန်မြင်နေသလို ရှိသော ကိုယ့်သွေး ကိုယ့်သား တစ်ဝက်တိတိ ပါသော သည်ရုပ်နာမ် အတွဲကလေးကို ဘယ်လို မချစ်ပဲ နေနိုင်ပါမည်လဲ။ ခက်တာက သူတို့ကို ချစ်နေလို့ သင်ခန်းစာတွေ မပြီးလဲ စာမေးပွဲက နောက်ဆုတ်ပေးမှာ မဟုတ်။ သူတို့ အဲသလို လွမ်းပြ ပူဆွေးပြနေလျှင် သင်ခန်းစာတွေ လေ့ကျင့်ခန်းတွေက တကယ်ကို ထိခိုက်တော့မည်။ ငယ်ငယ်တုန်းက စာမေးပွဲဖြေခါနီး သူတို့နားမှာ စာကျက်၍ မရသဖြင့် တမင် ဆေးရုံမှာ သွားသွား စာကျက်ရသလို ကျက်လို့ရလျှင် အကောင်းသား။ဒါကလည်း မဖြစ်နိုင်။ ကိုယ်က သူတို့ထူမှ ထနိုင်သည့် ဘဝ။ သံယောဇဉ်ကို ဖြတ်နိုင်မှ အစွဲအလမ်း ကင်းကင်းနဲ့ ငြိမ်းချမ်းစွာ သေနိုင်မှာ။ သူတို့က ပိုစွဲလမ်းအောင် လုပ်နေကြသည်။

သား မင်းမှန်တယ်။ မင်းလည်း ဖေဖေ့ကိုချစ်တာ ဖေဖေ သိတယ်။ မင်းအလုပ်ကို မင်း ပုံမှန်မပျက်မကွက် ဆက်လုပ်နေတာ။ အဲဒါ မင်းအတွက်ရော ဖေဖေ့အတွက်ပါ ကောင်းတယ် သိလား။
မကြာခဏ သတိမေ့မျော တတ်လာသည်။ နိုးလာတိုင်း ငိုနေသည့် ဇနီးနှင့် သမီးမျက်နှာကို တွေ့ရသည်။ သူကတော့ သူ့ကိုယ်သူ ခဏ အိပ်ပျော်သွားသည်ဟုသာ ထင်သည်။ သူတို့တွေကတော့ သူ့ကို မျောနေသည်ဟု ထင်ဟန်ရှိသည်။ မျက်လုံး ဖွင့်ကြည့်သည်နှင့်ကို ဖေဖေဟု အတင်း ခေါ်ကြသည်။ သားကြီးက ခေါင်းရင်းကနေ ဘုရားစာ ရွတ်ဖတ်နေရင်းက ရပ်၍
"မလုပ်ကြနဲ့လေ။ ဖေဖေ့ကို စိတ်မဖြောင့်အောင် မလုပ်ကြနဲ့" ဟု တားသည်။
သူ သိပ်နားမလည်။ သူ့အတွက်တော့ ပုံမှန်အိပ်ပျော် နေသလိုပါပဲ။ တခါတလေ အိပ်မက်ပင် မက်လိုက်သေးသည်။ သူက နောက်ဆုံးနှစ် အပိုင်း (က) စာမေးပွဲ ဖြေမလို့တဲ့။ အိတ်ကပ်ထဲမှာ ဘောပင်နှစ်ချောင်း၊ ခဲတံတစ်ချောင်း၊ ပေတံတိုတစ်ချောင်း ထည့်၍ ကျောင်းကို သွားသည်။ ယခု သူ့ကို ဆေးကုနေသည့်သူငယ်ချင်းက တအံ့တဩ မေးသည်။
"အောင်ကျော် စာအုပ်လည်း တစ်အုပ်မှ မပါပါလား"
"တော်ပြီကွာ။ ဝင်ခါနီးမှ ကပ်ဖတ်ရင် ရင်ပူတယ်။ ခြောက်ခြားတယ်။ ညက ညာဥ့်နက်အောင် ဖတ်တယ်။ မိုးလင်းရင် မကိုင်တော့ဘူး"သူငယ်ချင်းက ခေါင်းတဆတ်ဆတ် ညိတ်သည်။
"မင်းကတော့ စာတွေ ပြီးနေတာကိုးကွာ"သူ ရယ်သည်။
"စာပြီးအောင် ဖတ်ပြီးမှ ဖြေဖြစ်တဲ့ စာမေးပွဲရယ်လို့တော့ ဘယ်ရှိပါ့မလဲကွာ။ ရသလောက် အချိန်ထဲမှာ နိုင်သလောက်တော့ လုပ်ထားပေါ့။ ဟိုဟာက မလုပ်ရသေးဘူး။ ဒီဟာက မဖတ်ရသေးဘူး။ ဒီအချိန် လိုက်တွေးနေရင် ဒီစာမေးပွဲက ဘယ်လိုမှ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ ငါလုပ်သင့်သလောက် နိုင်သလောက် လုပ်ထားပြီးပြီ။ ထပ်လုပ်ချင်ရင်လည်း လုပ်ဖို့ အချိန်မရှိတော့ဘူး။ စိတ်အေးအေးပဲ ထားဖြေတော့မယ်။ ဒီလိုပဲ သဘောထားရတာပေါ့"
ခေါင်းတဆတ်ဆတ် ညိတ်နေသော သူငယ်ချင်းမျက်နှာ ရုတ်တရက် ဆိုသလို နှစ်ပေါင်း သုံးဆယ်လောက် အိုစာသွားသည်။ ပြီးတော့ သိသိသာသာ မျက်နှာပျက်နေသည်။

"ပရက်ရှာ ဇီးရိုး"
လေသံတိုးတိုးနှင့် ပြောသည်။
ဇနီးနှင့် သမီးတို့၏ ရှိုက်သံများ ထွက်လာသည်။
"သားလာ ။ ဖေဖေ့ကို ကန်တော့ကြရအောင်"
"ပြီးမှ ကန်တော့ မေမေ။ ဖေဖေ့ကို တရားစာ ဆိုပေးရအောင်။ ညီမလေးလည်း ငိုမနေနဲ့။ လာ ကိုကိုနဲ့အတူ ဘုရားစာ လာဆိုချေ"
သားအသံ ခေါင်းရင်းက ထွက်လာသည်။ သူ ကျေနပ်စွာ ပြုံးမိသည်။ ငါ့သား ငယ်ငယ်ရွယ်ရွယ်နဲ့ စာမေးပွဲ ဖြေတတ်နေပါရောလား။
သားအမိ သုံးယောက်စလုံး၏ တရားစာဆိုသံက တိုးတိုးကလေး။ မသဲမကွဲ။
သူ့ရှေ့က သူငယ်ချင်းက နှစ်သုံးဆယ်စာ ပြန်နုပျိုသွားသည်။
"ဘဲလ်တီးနေပြီ ဟေ့ကောင်။ ထ"
"ရတယ်လေ။ အချိန်ကျတော့လည်း ဖြေရုံပေါ့"
သူ ထပ်အိပ်ပျော်သွားသည်။
--------------------
လင်္ကာရည်ကျော်
family မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၉။

Sunday 27 November 2016

စေတနာပါမှ ဒါနဖြစ်တယ်

https://scontent-sit4-1.xx.fbcdn.net/v/t1.0-0/p235x350/14724421_547370722135359_1142394464005332240_n.jpg?oh=d75eed7abf7a8d51da608b1efd6f88fa&oe=58CCBF04

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။
ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ
သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။

ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပဲ
သူငယ်ချင်းသူဋ္ဌေးထံရောင်းချ တော့မယ်လို့ စိတ်ကူးနဲ့ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကိုထွက်လာခဲ့တယ်။အဲဒီလိုခရီးထွက်လာရင်းလမ်းခုလတ်မှာ အမောအပန်းဖြေကာပါလာတဲ့ ထမင်းထုပ်ကိုစားမယ် ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်းငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲကရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခုတို့စားနေတဲ့ ထမင်းထုပ်ကို ခွေးကလေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။
ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့်ထမင်းထုပ်ကို ခွေးပိန်ကလေး ၀အောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံးချကျွေးပါတယ်။  သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအ၀ခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။

 ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲသွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့တာပဲ။သဘောတူဝယ်မယ်ဆိုရင် တစ်ဘ၀လုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။အဲဒီအခါ သူငယ်ချင်းသူဋ္ဌေးကလည်း ၀မ်းသာအားရနဲ့ ရောင်းသမျှကုသိုလ်ကောင်းမှုကို ၀ယ်ယူပါ့မယ်ဗျာလို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ်ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲအလေးသာနေတယ်။ဒီလိုနဲ့တစ်ဘ၀လုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာထည့်ထားတဲ့ ငွေသားကလည်းမဖြစ်စလောက် (၁)ပိဿာပဲရှိသတဲ့။ဒါတောင် ကုသိုလ်ကမနိုင်ဘူးဖြစ်နေတယ်။အဲဒီအခါမှာကုသိုလ်ဝယ်မယ့်သူဋ္ဌေးကလည်း ဟင် သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါဦးလို့ ပြောပြတယ်။ ဆင်းရဲသွားတဲ့သူဋ္ဌေးလည်း ခေါင်းကုတ်ပြီးစဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ
 ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်ကပေါ်လာတယ်။

အဲဒါနဲ့သူဋ္ဌေးဆင်းရဲလည်း ဟာ သူငယ်ချင်း။ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါလို့ ၀မ်းသာအားရပြောပြတယ်။အဲဒီအခါ ငတ်သေလုဆဲဆဲခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရအပြည့်အ၀ပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲ အလေးသာနေတယ်။ နောက်ဆုံးသူပိုင်သမျှဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေး
သာနေလေတော့ ကုသိုလ်ဝယ်တဲ့သူဋ္ဌေးက ကဲ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ။ ငါ့အတွက် ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်းတစ်ဝက်ကိုသာ ယူသွားပေ
တော့လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်ဝက်ဖိုး ဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေးလိုက်ပါတယ်။

ပြီးတော့ သူငယ်ချင်း နောက်ဆိုရင် သဘောပေါက် စေတနာရှိမှ လှူပါကွာ။ ဂုဏ်ပကာသနကို မမက်ပါနဲ့။ ပျော်ရုံသက်သက် ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသတဲ့။

ဒီပုံပြင်ကလေးဟာ နည်းနည်းဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘ၀က လူသားတွေကိုတော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှုပြုတဲ့အခါ စေတနာ ဒါန၊ ၀တ္ထုဒါန နှစ်မျိုးမှာ စေတနာဒါနကပိုပြီးတော့ ပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံညောင်စေ့ကလေးလောက်လှူပြီးတော့ ညောင်ပင်ကြီးလောက် အကျိုးတွေရတာရှိသလို ညောင်ပင်ကြီးလောက်လှူဒါန်းပြီး ညောင်စေ့ကလေးလောက်ပဲ     အကျိုးတွေရတာလဲ ရှိတတ်ပါတယ်။ ကံအကျိုး ပေးနေရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်။စေတနာကောင်းရင် ကံအကျိုးပေးလည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ
ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။သဒ္ဓါတရားဆိုတာ ကံ ကံရဲ့အကျိုးပေးနဲ့ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေကို သိမြင်ယုံကြည် လက်ခံနိုင်တဲ့သဘောပါ။ သူကရှေးကကောင်းလို့ အခုကောင်းတယ်။ အခုကောင်း နောင်ကောင်းပါလိမ့်မယ်ဆိုတဲ့အကြောင်း အကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန်ပြပေးပါလိမ့်မယ်။

မေတ္တာတရားဆိုတာကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှားဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့စိတ်အားပြည့်စေပါလိမ့်မယ်။

ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓါတ်ကို အလင်းရစေခြင်းပါပဲ။ သူကဒါနကုသိုလ်ရဲ့ဆန့်ကျင်ဘက် အညစ်အကြေးတွေဖြစ်တဲ့အရာရာမှာတက်မက်တွယ်တာလိုမှုလောဘနဲ့ကပ်စေးနှဲနှမျောတွန့်တိုမှု
မစ္ဆရိယတရားတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။

ဒါကြောင့်အလှူဒါနတစ်ခုပြုတဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ ပညာပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘ၀သံသရာမှာ ကျင်လည်နေကြရပြီဆိုရင်
လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ မေတ္တာ၊ ပညာတရားတွေပြည့်ဝတဲ့ သဘာဝအလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၂ခုနှစ် ဇွန်လ။

Saturday 26 November 2016

Real and Virtual Worlds

 https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/14264153_860366874099505_1945676864522972474_n.jpg?oh=299850b71e01ba2884c3200347239f62&oe=58C8C1DC
ကမ္ဘာနှစ်ခု ဖြစ်သွားပြီဆိုတာ သင်သိပါသလား။
တကယ့်အပြင် ကမ္ဘာနှင့် Facebook စိတ်ကူးယဉ် ကမ္ဘာပါ။

အပြင်ကမ္ဘာတွင် သင်သည် ဘာတစ်ခုမှ အသုံးမကျသော၊ အဆင်မပြေသောသူ တစ်ဦးဖြစ်ချင်ဖြစ်ပေလိမ့်မည်။ သို့သော် စိတ်ကူးယဉ်ကမ္ဘာမှာတော့ သင်သည် လူကြိုက်များသော ထင်ရှားသော သူလဲ ဖြစ်နေနိုင်ပါသည်။


အပြင်ကမ္ဘာတွင် သင်သည် လူတိုင်း၏ ခိုင်းဖတ်၊ အမြဲတမ်း အဆဲခံ အဆိုခံနေရသော်လည်း Facebook ကမ္ဘာတွင် သင်လူတိုင်းကို လိုက်ဆဲနေသော ဆရာ့တကာ ဆရာကြီးလဲ ဖြစ်နေပေလိမ့်မည်။


အပြင်ကမ္ဘာတွင် သင်သည် ဘာစကားပြောပြော အများအတွက် နားမခံသာဖြစ်နေသော်လည်း Facebook ကမ္ဘာတွင်တော့ သင်သည် ၀ါရင့်သဘာရင့် နိုင်ငံရေးသမားယောင်ယောင်လည်း ဖြစ်နိုင်ပါသည်။


မနက်မိုးလင်းတာနှင့် ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် နိုးထ၊ အများတကာ ပတ်ဆဲပြီး စိတ်ကူးယဉ် ကမ္ဘာထဲတွင်တော့ ပန်း၊ ဆီမီး ရေချမ်းများ ကပ်လှူနေပုံနှင့် သင်သည် မျိုးချစ်ဘာသာရေးသမားလဲ ဖြစ်နိုင်ပါ သေးသည်။


တကယ့်အပြင်မှာတော့ ပိန်ချောင်၊ ၀တုတ်၊ ဒူးနှစ်ချောင်းဂလယ် ဂလယ် ရိုက်နေသော်လည်း မိမိ၏အလှဆုံး နေရာမှ ဓါတ်ပုံရိုက်ပြီး သင်သည် စိတ်ကူးယဉ်ကမ္ဘာမှာတော့ မင်းသား မင်းသမီးလဲ ဖြစ်နေနိုင်ပါသည်။


အပြင်မှာတော့ ဘယ်သွားသွား၊ ဘယ်လိုနေနေ၊ ဘယ်လိုပြောပြော၊ အများ၏ ရိုက်ကွင်းရိုက်ကွက် တစ်ခုမှ မလွတ်၍ တွေ့ကရာလူ ကွေ့ရှောင်နေရသော်လည်း Facebook တွင်တော့ သိပ်ချစ်စရာကောင်းလွန်းသူ တစ်ဦးလဲ ဖြစ်နေနိုင်ပါသေးသည်။


ထို့အပြင် ပါလေရာလိုက်ဟောင်၊ နေရာတကာဝင်စပ်စု၊ တွေ့ကရာလူဘုတော၊ မိုးပြောဂျိုးပြောနှင့် ငပေါကြီးလဲ လုပ်လို့ရပါသေးသည်။


အမှန်အမှားဆိုတာ ဘာမှန်းမသိ၊ ငါ့စကားနွားရ၊ ငါပြောသမျှအမှန်ဟု တယူသန် ဖင်ပိတ်ငြင်းလဲ သင့်အား အဆဲသရဲများက အသိအမှတ်ပြုကာ သင် အူကြောင်ကျားနှင့် လူသိများပေလိမ့်မည်။
နိုင်သည့်ဘက်ကို မြှောက်၊ ရှုံးနိမ့်သူဖက်ကို နှိမ် နှစ်ပင်လိမ်ထားပါက သင် နိုင်ငံရေးသမားအဖြစ် လူသိလဲများ နိုင်သည်။


အမျိုးကို မထိနဲ့ မီးပွင့်သွားမယ်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ တွေ့ကရာကို လိုရာဆွဲတွေး မျိုးစုံဆဲပေးရင်းနှင့် လဲ မျိုးချစ်လူမျိုးသမားလဲ ဖြစ်လာနိုင်သည်။


အပြင်မှာတော့ အလေးနတော ကင်မရာကို အဖက်(ရှ်) ပေါင်းစုံနှင့်ရိုက်ပြီး ဓါတ်ပုံတင်နေပါက သင့်ကို လူချောလဲဖြစ်နိုင်သည်။


တကယ့်လက်တွေ့ ဘ၀မှာတော့ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပဲ ဆင်းရဲမွဲတေ ငတ်ပြတ်နေသော်လည်း တယ်လီဖုန်းဘေလ် တစ်ထောင်လောက် ထည့်ယုံမျှနှင့် Facebook ကမ္ဘာမှာ ရွှေမင်းသားလေး ၊ ရွှေမင်းသမီး လေးလဲ ဖြစ်လို့ရပါသေးသည်။


အမေနေ့၊ အဖေနေ့၊ အာဇာနည်နေ့၊ တပ်မတော်နေ့၊ လပြည့်နေ့၊ လကွယ်နေ့၊ ဘာနေ့ ညာနေ့ စသည်ဖြင့် မှတ်သား၊ အူကြောင်ကျားတွေရေးနေလဲ သင်ဟာ ကဗျာဆရာလေးတော့ ဖြစ်လာနိုင်ပါသေးသည်။


မျက်နှာပြောင်ပြောင်ကို ရှက်ချင်ယောင်ဆောင်၊ တကယ်လဲမရှက်ပဲ ထင်ရာမြင်ရာကို ကိုယ့်ရုပ်ကြီးနဲ့ရိုက်၊ လိုင်းပေါ်တင်လိုက်တိုင်း သင်ဟာ Facebook ဆယ်လီတစ်ယောက်တော့ ဖြစ်လာပါလိမ့်မည်။


တကယ့်မှာတော့ အပြောအဆိုပက်စက်၊ မျက်နှာမြင် ရိုက်ချင်ပါစေဆိုသည့် ဥပဒိ နှင့် အမုန်းတရားလက်ကိုင် ထားလဲ စိတ်ကူးယဉ်ကမ္ဘာမှာတော့ ချိုသာစွာ ပြောတက်သူအဖြစ် လူသိများပေလိမ့်မည်။


မိဘကပင် ကြည့်မရ၍ အိမ်ကနှင်ချခံထားရသူ ဖြစ်လင့်ကစား သင်သည် Facebook တွင်တော့ လူချစ်လူခင်များပြီး သူငယ်ချင်းချည်း သိန်းချီသောင်းချီလည်း ရှိနေနိုင်ပါသည်။


သင်၏အတွေးအခေါ်များ အပြင်ကမ္ဘာမှာ သုံးစားမရသော်လည်း Facebook ပေါ်တွင်တော့ သင်လဲ ဒဿန ဆရာဖြစ်လာနိုင်သည်။


မိတ်ဆွေ …
ကမ္ဘာနှစ်ထပ် ဖြစ်နေတာ သင် သတိထားမိရဲ့လား။
စိတ်ကူးယဉ်ကမ္ဘာနှင့် တကယ့်လက်တွေ့ကမ္ဘာ။
တချို့ကတော့ သူတို့၏ ဘ၀များကို အိပ်ထောင်ထဲရှိ တယ်လီဖုန်းထဲ ထည့်ထားကြပါသည်။
အပြင်လောကကို တကယ့်လက်တွေ့ဘ၀လို ဆန်းစစ်ပါ။
သင်တို့သည်
အိပ်ထောင်ထဲက စိတ်ကူးယဉ် ကမ္ဘာက မင်းသား၊ မင်းသမီးသာ ဖြစ်နေကြာင်း သတိရပေးပါ။

အကြည်တော် ဧ။် ကမ္ဘာနှစ်ထပ်

Wednesday 23 November 2016

နေ၊ ကမ္ဘာ နှင့် လ

https://scontent-sit4-1.xx.fbcdn.net/t31.0-8/14115530_546835258841190_6085219269209538568_o.jpg
 နေ
 နေ ဟာ စကြဝဠာကြီးထဲမှာရှိတဲ့ အဝါရောင်ကြယ်တစ်လုံးပါ။ ကျနော်တို့ နေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၆ ဘီလီယံ ရှိပါပြီ။
စပြီးဖြစ်ပေါ်လာတာကတော့ စကြာဝဠာထဲမှာ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ပါတဲ့ အမှုန်များ စတင်စုဝေး လည်ပတ်ရာက စတင်ခဲ့ပါတယ်။ စုဝေးရတဲ့အကြောင်းရင်ကတော့ စကြာဝဠာထဲမှာ gravitational attaction လို့ခေါ်တဲ့ ဆွဲငင်အား သက်ရောက်မှုတစ်ခုကြောင့် လို့ ဆိုနိုင်ပါတယ်။ နှစ်သန်းပေါင်းများစွာအတွင်းမှာ
ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့ ပေါင်းမှုဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာတော့G-Type ကြယ် (နေ) စတင်ပေါ်ပေါက်လာပါတယ်။
နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဟိုက်ဒရိုဂျင်သိပ်သည်းမှုများနှင့်အတူ ဗဟိုချက်မှာ နေဖြစ်လာမယ့် proto-star ဆိုတာ စတင်ဖြစ်ပေါ်လာပါတယ်။ နောက်ထပ် နှစ်သန်းပေါင်းများစွာ ကြာမြင့်သောအခါမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့ ပေါင်းမှုဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ ကျနော်တို့ရဲ့ G-Type ကြယ် (နေ) စတင်ပေါ်ပေါက်လာပါတယ်။
ကြယ်ဖြစ်ပေါ်ချိန်မှ လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်များဟာ စုဝေးလာပြီး ကျောက်သားများဖြစ်လာပါတယ်။ ကျောက်သားငယ်များ စုပေါင်းပြီး ကျောက်စိုင်များအသွင် ပြောင်းလာပါတယ်။ အဲဒီ့ကနေ တဖြည်းဖြည်း planetoids လို့ခေါ်တဲ့ ဂြိုဟ်တစ်ခုဖြစ်မယ့်အသွင် ပြောင်းလဲလာပါတယ်။ အဲ့ဒီ့ကနေပြီး ဂြိုဟ်တွေ စဖြစ်လာပါတော့တယ်။
ဆွဲငင်အားဗဟိုနဲ့နီးတဲ့ ဂြိုဟ်တွေမှာ ကျောက်သားပါဝင်မှု ပိုများပါတယ်။ အနည်းငယ်ဝေးတဲ့ ဂြိုဟ်တွေမှာတော့ ဓါတ်ငွေ့များပိုမို ပါဝင်ကြပါတယ်။


 ကမ္ဘာ
https://scontent-sit4-1.xx.fbcdn.net/t31.0-8/14086247_546835675507815_522134116389699297_o.jpg
ကမ္ဘာဟာ အတွင်းပိုင်းနေအဖွဲ့အစည်း (Inner Solar System) ထဲမှာ ပါဝင်ပါတယ်။ နေကနေတွက်ရင် တတိယမြောက်ဂြိုဟ်ပေါ့။ နေကို မိုင်ပေါင်း ၉၃ သန်းအကွာကနေ လှည့်ပတ်နေပါတယ်။ မိမိဝင်ရိုးပေါ်မှာ ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေတယ်။ ဝင်ရိုးပေါ်မှာ ၂၄ နာရီကို တစ်ပါတ်နှုန်းနဲ့ လည်ပတ်နေပါတယ်။ နေ ရှိတဲ့အခြမ်းမှာ နေ့ဖြစ်ပြီး ကျန်တဲ့တဖက်ခြမ်းမှာတော့ ည ဖြစ်ပါတယ်။ တိမ်းစောင့်လှည့်ပတ်နေတာကြောင့် နေတာ၊ ညတာ (ရာသီအလိုက်၊ နေရာဒေသအလိုက်) ကွာခြားမှုတွေရှိပါတယ်။


 
ကမ္ဘာမှာ ကိုယ်ပွားလေးတစ်ခုရှိတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံကျော်က သီယာဆိုတဲ့ အင်္ဂါဂြိုဟ်အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်သိမ်တစ်ခု ဝင်တိုက်ခဲ့တယ်။ အဲ့ဒီ့အရှိန်ကြောင့် ကမ္ဘာပေါ်က အစိတ်အပိုင်းအချို့ဟာ အာကာသအတွင်းလွင့်စင်သွားပြီး.. ပြန်လည်စုပေါင်းရာက "လ" ဆိုတဲ့ အရံဂြိုဟ်လေး ဖြစ်လာခဲ့ပါတယ်။ လ ဟာ ကမ္ဘာကို ၅ ဒီဂရီ တိမ်းစောင်းပြီး ၂၇.၃ ရက်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပါတ်နေတယ်။ တချိန်တည်းမှာပဲ သူ့ဝင်ရိုးပေါ်မှာ ၂၇ ရက်လျှင် တစ်ပါတ်နှုန်းနဲ့ လည်နေပြန်တယ်။ အဲ့ဒီ့အချိန် ၂ ခု ထပ်တူညီနေတဲ့အတွက်.. ကျနော်တို့ လမင်းကြီးကို ဘယ်အချိန်ကြည့်ကြည့် မျက်နှာပြင်တစ်ဘက်တည်းကို မြင်နေရခြင်းဖြစ်ပါတယ်။

 သန့်ဦး (အာကာသနှင့် စကြဝဠာ)

နဂါးငွေ့တန်း ဂလက်ဆီ


ကျနော်တို့ ကမ္ဘာဂြိုဟ်ဟာ နေအဖွဲ့အစည်းထဲမှာ တည်ရှိပြီး.. နေအဖွဲ့အစည်းထဲက နေ လို့အမည်ပေးထားတဲ့ အဝါရောင်ကြယ်ကြီးကတော့.. ဂလက်ဆီကြီးတစ်ခုထဲက သေးငယ်လှတဲ့ ကြယ်လေးတစ်ပွင့်သာဖြစ်ပါတယ်။ အဲ့ဒီ့ ဂလက်ဆီကြီးကို နဂါးငွေ့တန်း ဂလက်ဆီ (Milky Way) လို့ အမည်ပေးထားပါတယ်။
ကျနော်တို့ နေထိုင်ရာ နဂါးငွေ့တန်းဂလက်ဆီဟာ ကြယ်ပေါင်း ကုဋေတစ်သန်းလောက်နဲ့ ဖွဲ့စည်းထားတဲ့ ဂလက်ဆီကြီးတစ်ခုဖြစ်ပါတယ်။ ကြယ်များအပြင် ဓါတ်ငွေ့များ၊ ဖုန်မှုန့်များလည်း ပြည့်နှက်လျှက်ရှိပါတယ်
နဂါးငွေ့တန်းဂလက်ဆီကြီးဟာ ၀ဲကတော့ပုံစံ လည်ပတ်လျှက်ရှိပါတယ်။ တစ်ပတ်ပြည့်ဖို့ နှစ်ပေါင်း သန်းနှစ်ရာကြာပါတယ်။ ဂလက်ဆီကြီး ဘယ်လောက်တောင်ကြီးသလဲဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ သွားနိုင်တဲ့ အလင်းဟာ နဂါးငွေ့တန်းကိုအစမှ အဆုံးဖြတ်ဖို့ နှစ်ပေါင်း တစ်သိန်းကြာပါတယ်။ ဆိုလိုတာကတော့ နဂါးငွေ့တန်းရဲ့ အချင်းဟာ အလင်းနှစ် တစ်သိန်းရှိတာပါ။
ဂလက်ဆီရဲ့ အလယ်ဗဟိုကတော့ ဓါတ်ငွေ့တိမ်ဆိုင်များနဲ့ ထူထပ်လွန်းလှတဲ့အပြင် ဖုန်မှုန့်များလည်း သိပ်သည်းစွာ ပိတ်နေခြင်းကြောင့် သေချာစွာမြင်ရရန် ခက်ခဲပါတယ်။ သိပ္ပံပညာရှင်များကတော့ ထိုနေရာမှာ ကြီးမားသော တွင်းနက်ကြီးတစ်ခု ရှိမယ်လို့ ယူဆထားပြီး လေ့လာမှုတွေ ပြုလုပ်လျှက်ရှိပါတယ်။
ကျနော်တို့နေအဖွဲ့အစည်းမှ နေမင်းကြီးကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ အလယ်မကျတကျ နေရာလေးမှာ ရောက်ရှိနေပြီး ဗဟိုချက်နဲ့ အလင်းနှစ် ၂၈၀၀၀ အကွာမှာ တည်ရှိပါတယ်။ နှစ်ပေါင်း ၄.၅၇ ဘီလီယံ သက်တမ်းရှိနေပြီဖြစ်တဲ့ ကျနော်တို့ နေမင်းကြီးဟာ နဂါးငွေ့တန်း ဂလက်ဆီကြီးရဲ့ အလယ်ကို ဗဟိုပြုပြီး လည်ပတ်နေခဲ့တာဆိုရင် အပတ်ပေါင်း ၂၀ ရှိနေခဲ့ပြီဖြစ်ပါတယ်။

သန့်ဦး (အာကာသ နှင့် စကြာဝဠာ)

စကြ၀ဠာရဲ့ သက်တမ်း



သိပ္ပံပညာရှင်များဟာ စကြ၀ဠာရဲ့ သက်တမ်းကို နှစ်ပေါင်း ၁၂ ဘီလီယံ မှ ၁၄ ဘီလီယံ လောက်ထိ ရှိပြီလို့ တွက် ချက်ထားပါတယ်။ အတိအကျအားဖြင့် ၁၃.၈ ဘီလီယံ နှစ်လို့ ဆိုပါတယ်။ ထို့အတူဘဲ နေအဖွဲ့အစည်း (နေ) ရဲ့ သက်တမ်းကိုလည်း ၄.၅ ဘီလီယံ နှစ်လို့ ဆိုပြန်ပါတယ်။ ဘယ်လိုသိပါသလဲ……
သိပ္ပံပညာရှင်များဟာ စကြ၀ဠာရဲ့ သက်တမ်းကို ပုံစံနှစ်မျိုးနဲ့ တိုင်းတာပါတယ်။ ပထမတစ်မျိုးက သက်တမ်းအရင့်ဆုံး ကြယ်ကို လေ့လာပြီး သုံးသပ်ပါတယ်။ လူတွေရဲ့ အရိုးကိုကြည့်ပြီး အသက်ကို တိုင်းတာသလိုပေါ့။ ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ လူတွေရဲ့ သက်တမ်းကို တိုင်းတာနိုင်သလို ကြယ်တွေရဲ့ သက်တမ်းကို ကြည့်ပြီး စကြ၀ဠာရဲ့ သက်တမ်းကို လေ့လာနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ စကြ၀ဠာရဲ့ ပြန့်ကားမှုနှုန်းကနေ လေ့လာပါတယ်။ စကြ၀ဠာရဲ့ အစ ဟာ မဟာပေါက်ကွဲမှုကြီး (Big Bang) က စခဲ့တယ်၊မဟာပေါက်ကွဲမှုကြီးကနေ ကြယ်တစ်ခုဖြစ်ဖို့ ဆိုတာလည်း နှစ် ပေါင်းသန်းနဲ့ချီ ကြာပါသေးတယ်။ ပေါက်ကွဲမှုကြီးရဲ့ အရှိန်ကြောင့် စကြ၀ဠာကြီးက ပြန့်ကားနေတယ် ဆိုလျှင် ပြန့်ကားနေမှု နှုန်း (အရှိန်) ကို လေ့လာပြီး ဘယ်အချိန်က ပေါက်ကွဲခဲ့သလဲဆိုတာ ကို ပြန်လည်တွက်ချက်နိုင်ပါတယ်။
အဲ့ဒီ့လို ပုံစံနှစ်မျိုးနဲ့ တွက်ချက်ကြည့်လိုက်တော့ ကျနော်တို့ မြင်နေရတဲ့ စကြ၀ဠာရဲ့ သက်တမ်းဟာ ၁၃.၈ ဘီလီယံနှစ် ရှိနေပါပြီ လို့ ဆိုနိုင်ပါတယ်။
နေရဲ့သက်တမ်းကိုတော့ သူ့မှာရှိတဲ့ လောင်စာ၊ အရွယ်အစား၊ အရောင် နဲ့ သူနဲ့တူတဲ့ အခြားသော ကြယ်များရဲ့ သက်တမ်းကြာမြင့်မှုကို နှိုင်းယှဉ်တွက်ချက်ပါတယ်။ နေရဲ့သက်တမ်းဟာလည်း စဖြစ်ပေါ်ချိန်ကတွက်လျှင် သက်တမ်း ၄.၅ ဘီလီယံ ရှိနေပါပြီ။

သန့်ဦး (အာကာသနှင့် စကြဝဠာ)

Black Holes

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/14666056_572282102963172_5348804120325916176_n.jpg?oh=6fdc83df792f1cda0eab2dffdcf55158&oe=58CD4FDC
အာကာသဟာ အမြဲလိုလို မှောင်မိုက်နေသော နေရာတစ်ခုပါ။ အမှောင်တကာ့ အမှောင်ဆုံးကတော့ တွင်းနက်လို့ခေါ်တဲ့ ဆွဲအားပြင်းထန်တဲ့ (အပြင်းထန်ဆုံး) နေရာတွေပါပဲ..။ ဘယ်လောက်တောင်ဆွဲအားပြင်းသလဲ ဆိုလျှင်..တစ်စက္ကန့်ကို မိုင် ၁၈၆၀၀၀ ကျော်သွားနိုင်တဲ့ အလင်းတောင်မှ သူ့အနီးကိုရောက်ရင်.. ပြေးလို့မလွတ်နိုင်တော့ပါဘူး။
တွင်းနက်များကို စတင်ဖော်ထုတ်နိုင်ခဲ့တဲ့ သူကတော့ ရူပဗေဒ ပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ပါဘဲ..။ ၁၉၁၆ ခုနှစ်လောက်တုန်းကပေါ့..။ ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက သူရဲ့ သီအိုရီအရ စကြ၀ဠာအတွင်းမှာ တွင်းတွေရှိနိုင်တယ်လို့ဘဲ တွက်ပြခဲ့တာပါ။ တွင်းနက် (Black Hole) ဆိုတဲ့ နာမည်ကိုတော့ အမေရိကန် အာကာသပညာရှင် ဂျွန်ဝှီလာ (John Wheeler) က အမည်ပေးခဲ့တာဖြစ်ပြီး အာကာသအတွင်းမှာ ၁၉၇၁ ခုနှစ်ကမှ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
တွင်းနက်များဟာ ကြယ်များ သေဆုံးခြင်း (သက်တမ်းကုန်ဆုံးခြင်း) မှ စတင်ဖြစ်ပေါ်ပါတယ်။ ကျနော်တို့ရဲ့ နေလိုမျိုး ကြယ်သေးလေးတွေမဟုတ်ပါဘူး..။ နေထက် အဆသန်းပေါင်းများစွာ အင်အား ကြီးမားတဲ့ ကြယ်တွေသေဆုံးတဲ့အခါ ဖြစ်ပါတယ်..။ သူတို့ရဲ့ ကြီးမားတဲ့ ဒြပ်ထုကြီးတွေကိုအလွန် သေးငယ်တဲ့ အရွယ်အစားထဲတစ်ခုထဲ ကျုံ့ဝင်သွားစေတဲ့အခါ (တနည်း ) ဧကဝုစ်ပြုလိုက်တဲ့အခါ မှာ သေးငယ်ပေမယ့် စွမ်းအားကြီးသော အရာတစ်ခု ဖြစ်ပေါ်လာပါတယ်။
ပုံမှာ ကျနော်တို့ မြင်နေရတဲ့ စက်ဝိုင်းမည်းကြီးဟာ အပြင်စက်ဝန်း တစ်ခုသာဖြစ်ပါတယ်။ အဲ့ဒီ့စက်ဝန်းကို Event Horizon လို့ ခေါ်ပါတယ်။ အဲ့ဒီ့စက်ဝိုင်းအမည်းကြီးထဲ (တနည်း) အလယ်ဗဟိုချက်မှာ ဧကဝုစ်ပြုထားတဲ့ဆွဲအား အလွန်ပြင်းသော အရာတစ်ခု ရှိနေပါတယ်။ ဆွဲအားပြင်းထန်လွန်းတဲ့အတွက် အလင်းအပါအဝင် အရာအားလုံးကို စုပ်ယူသိမ်းပိုက်ပါတော့တယ်။ အလင်းမထွက်နိုင်တဲ့အတွက် မည်းမှောင်လို့ နေပါတယ်။ ထိုအရာကို အမှောင်တွင်း (သို့) တွင်းနက် လို့ ခေါ်ခြင်းဖြစ်ပါတယ်..။
တွင်းနက်အနားကို မည်သူမျှ မရောက်ဖူး၊ မသွားဖူးပါ။ ဒါပေမယ့် သီအိုရီအရတော့ တွင်းနက်အနား ရောက်သွားလျှင် စပါကတီ (ဂျုံခေါက်ဆွဲ) လို ဆွဲဆန့်လိုက်သလို ဖြစ်ပြီး တွင်းနက်ထဲကို ကျရောက်သွားမှာပဲ ဖြစ်ပါတော့တယ်..။

တွင်းနက်များကို အခြေခံအားဖြင့် (၃) မျိုးခွဲခြားထားပါတယ်။ ၄င်းတို့ကတော့..
၁။ stellar black holes (ကြယ်မှဖြစ်သော တွင်းနက်များ)
၂။ supermassive black holes (ဧရာမ တွင်းနက်ကြီးများ)
၃။ intermediate black holes (အလယ်အလတ်ကျသော တွင်းနက်များ)


၁။ ကြယ်မှဖြစ်သော တွင်းနက်များ (stellar black holes)
https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/11096642_387518424772875_542148698583532768_n.jpg?oh=864ec81fc6701941df5fd6ef30d086e8&oe=58B8FD18
သေးငယ်ပေမယ့် အစွမ်းထက်တဲ့ တွင်းနက်တွေပါ..။
ကြယ်တွေလောင်စာကုန်ခန်းလို့ တောက်လောင်စရာမရှိတော့တဲ့အခါမှာ ယိုယွင်းပျက်စီးလာကြပါတယ်။ သေးငယ်တဲ့ကြယ်များ (ဥပမာ။ နေ (သို့) နေထက် ထုထည် သုံးဆလောက်သာကြီးမားတဲ့ ကြယ်များ) ကတော့ နယူထရွန်ကြယ် (သို့) အဖြူရောင်ကြယ်ပု (white dwarf) အဖြစ် အဆုံးသတ်ကြပါတယ်။ (ပုံ)
ဒါပေမယ့် နေထက် အဆပေါင်းများစွာ ထုထည်ကြီးမားတဲ့ ကြယ်များ လောင်စာကုန်လို့ ယိုယွင်းပျက်စီးပြီဆိုလျှင်တော့.. တွင်းနက် တွေအဖြစ်ကို ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကို ကြယ်မှဖြစ်သော တွင်းနက် (stellar black holes) လို့ခေါ်ပါတယ်။
ကြယ်တစ်လုံးမှ ဖြစ်သော တွင်းနက်များဟာ အများအားဖြင့် သေးငယ်လှပါတယ်။ ဘယ်လောက်တောင် သေးသလဲဆိုရင် ကမ္ဘာပေါ်က မြိုကြီးတစ်မြို့စာလောက်ကို သေးသွားတာပါ။ ဒါပေမယ့် သိပ်သည်းဆတော့ သိပ်များတယ်။ နေထက် သုံးဆ မက ကြီးတဲ့ ကြယ်တစ်လုံးကနေ မြို့တစ်မြို့စာလောက်ဖြစ်သွားတဲ့ သိပ်သည်းဆဟာ ဘယ်လောက်ကြီးမားပြီး ဘယ်လောက်ဆွဲအားများမလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ ကြောက်စရာကောင်းနေပါပြီ..။
သူ့အနားကို ရောက်လာတဲ့ ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေကို စုပ်ယူ စားသုံးပါတော့တယ်..။ ပြီးတော့မှ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာကြတာဖြစ်ပါတယ်။
သေးငယ်ပေမယ့် သေလောက်အောင် အစွမ်းထက်တဲ့ တွင်းနက် တစ်မျိုးပါဘဲ..။

၂။ ဧရာမ တွင်းနက်ကြီးများ (Supermassive Black Holes)
https://upload.wikimedia.org/wikipedia/commons/4/46/Black_hole_consuming_star.jpg
ဧရာမ ဆိုတာကတော့ မြန်မာလို ကြီးမားခြင်း၊ ကျယ်ပြန့်ခြင်းလို အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်စာလုံး "Giant" နဲ့ အဓိပ္ပါယ် ဆင်တူပါတယ်။ Supermassive giant black holes ကျတော့ ထုထည်ကြီးမားလွန်းတဲ့ ဧရာမတွင်းနက်ကြီးတွေလို့ ဘဲ ဆိုရမှာပေါ့..။
ဧရာမ တွင်းနက်ကြီးတွေဟာ ဒြပ်ထု (mass) ဘယ်လောက်တောင်ကြီးသလဲဆိုရင်.. ကျနော်တို့နေထက် ဒြပ်ထု (mass) အဆပေါင်း သန်းဂဏန်းမှ ကုဋေဂဏန်းထိအောင်ကို ကြီးမားပါတယ်။ အရွယ်အစားအားဖြင့်ကျတော့ ကြယ်လေးတစ်လုံးစာလောက်ပဲ ရှိနေပြန်ပါတယ်။ အဲဒီတော့ သူရဲ့သိပ်သည်းဆဟာ အလွန့်အလွန်ကို ကြီးမားလွန်းလှပါတယ်။
နောက်ပြီး ဒီ ဧရာမ တွင်းနက်ကြီးတွေဟာ ဂလက်ဆီအားလုံးရဲ့ အလယ်မှာ ရှိနေပါတယ်။ ကျနော်တို့ နေအဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်မှာလည်း ရှိပါတယ်။ ဂလက်ဆီတွေရဲ့ အလယ်မှာနေပြီး..သူ့အနီးနားမှာရှိတဲ့ ဖုန်မှုန့်များ၊ ဓါတ်ငွေ့များနဲ့ ကြယ်၊ ဂြိုဟ်များစွာကို ဖမ်းယူစားသုံးကာ ထုထည် အရွယ်အစားကို ကြီးထွားစေပါတယ်။ (တချို့သီအိုရီများကတော့ ကြယ်များ၊ ဂြိုဟ်များဟာ တွင်းနက်ကြီးထဲကို ခုန်ဆင်းသွားကြတာလို့ ဆိုပြန်ပါတယ်။)
သိပ္ပံပညာရှင်များအတွက် ဒီလို ကြီးမားတဲ့ တွင်းနက်ကြီးတွေ ဘယ်လိုပေါက်ဖွားလာကြတယ်ဆိုတာကတော့ ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲပါ။
တချို့သိပ္ပံပညာရှင်များကတော့ ဧရာမ တွင်းနက်ကြီးတွေဟာ သေးငယ်တဲ့ တွင်းနက်တွေစုပေါင်းပြီး ဖြစ်လာတယ်လို့ ယူဆထားကြပါတယ်။ နောက်ပြီး ကြီးမားတဲ့ ဓါတ်ငွေ့တိမ်တိုက်တွေဟာလည်း သူတို့ဖြစ်ပေါ်မှုကို အကူအညီ အထောက်အပံ့ ဖြစ်စေတယ်လို့လဲ ယူဆထားပါတယ်။ နောက်တစ်ချက်ကတော့ ကြီးမားတဲ့ ကြယ်များ စုပေါင်းပြီး အတူတကွ ပျက်ဆီးရာက ဖြစ်လာတယ်လို့လဲ ယူဆထားကြပါတယ်။
မည်သို့ပင်ဆိုစေ..ကျနော်တို့ ကမ္ဘာပါဝင်တဲ့ နေအဖွဲ့အစည်းကတော့ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်က ဧရာမ တွင်းနက်ကြီးကို ဗဟိုပြုပြီး အလင်းနှစ် ၂၆၀၀၀ အကွာမှ လှည့်ပတ်လျက် ရှိနေပါတော့တယ်..။

၃။ အလယ်အလတ်ကျသော တွင်းနက်များ (intermediate black holes)
http://ru.fishki.net/picsw/092012/17/post/andromeda/tn.jpg
ယခင်တုန်းက အာကာသ သိပ္ပံပညာရှင်များဟာ တွင်းနက်တွေကို ဆိုဒ်ကြီး (Supermassive Black Hole) နဲ့ ဆိုဒ်သေး (Stellar Black Hole) တွေဘဲ ရှိတယ်လို့ ထင်ထားကြတာပါ။
ဒါပေမယ့် မသေးလွန်း မကြီးလွန်းသော အလယ်အလတ် တွင်းနက်များလည်း ရှိကြောင်းကို အာကာသ သုတေသန ပညာရှင်များ နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဘယ်လိုနေရာတွေမှာ တွေ့ရှိခဲ့သလဲဆိုတော့ ကြယ်ဖြစ်ထွန်းမှု သိပ်ကိုများတဲ့ ကြယ်အစုအဝေး တွေမှာပါ။
အဲ့ဒီ့ ကြယ်အစုဝေးများထဲမှ ကြယ်များဟာ အချင်းချင်း တိုက်မိ ခိုက်မိရာမှ တဖြည်းဖြည်းချင်း၊ တဆင့်ပြီးတဆင့် တွင်းနက်အဖြစ်ကို ပြောင်းလဲလာကြတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
အချို့သော အလယ်အလတ် တွင်းနက်များဟာ နောက်ပိုင်းမှာ (အချို့နေရာတွေမှာ) ဂလက်ဆီရဲ့ အလယ်ကို စုဝေးရောက်ရှိပြီး ကြီးမားတဲ့ တွင်းနက်များအဖြစ် ပြောင်းလဲရောက်ရှိသွားတတ်ကြတာ ဖြစ်ပါတော့တယ်..။

သန့်ဦး (အာကာသနှင့် စကြဝဠာ)

Saturday 19 November 2016

ကန်-မြန်မာ ပူးပေါင်းကူးသန်းရောင်းဝယ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

 
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာန နဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ 17-11-2016 မှာ လက်မှတ်ရေးထိုးပါတယ်။ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အခုလိုလက်မှတ်ရေးထိုးတာဖြစ်ပြီး မြန်မာလူထုအပါအ၀င် လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ ပိုကောင်းလာမယ်လို့ UMFCCI တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

အမေရိကန်ကူးသန်းရောင်းရေးဌာန ဒုတိယ လက်ထောက်ဝန်ကြီး Diane Farrell နဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းတို့ဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ရန်ကုန်မြို့မှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန် အစိုးရ၀န်ကြီးဌာနတခုနဲ့ ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့တာမှာ ပါဝင်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ UMFCCI ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက အခုလိုပြောပါတယ်။

“ ပါဝါတို့၊ Energy တို့ ၊ Aviation တို့ကို ဆက်လက်ပြီးတော့ ပူးပြောင်းဆောင်ရွက်ပြီးတော့ ကုန်သွယ်ရေးဌာနနဲ့ UMFCCI တို့နဲ့အတူတူ လက်တွဲပြီးတော့ ရှေ့ဆက်လုပ်ဖို့ပေါ့နော်။ ဒါကိုStatement of Intent (SOI) ထိုးတာပါ။”

မကြာသေးခင်လပိုင်းတွေအတွင်းကပဲ အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးခဲ့ပြီးနောက် ကုန်သွယ်ရေးဆိုင်ရာအထူးကင်းလွတ်ခွင့် (GSP) လည်း ရရှိခဲ့ပါတယ်။ ဒီလိုအခြေအနေအောက်မှာ အခုလိုလက်မှတ်ရေးထိုးနိုင်တာဟာ ၂ နိုင်ငံကြား ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ရလဒ် ဖြစ်ကြောင်း ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Farrell က ပြောပါတယ်။ ခုလို သဘောတူစာချုပ်တွေ ချုပ်ဆိုပြီးတဲ့နော်မှာ ပွင့်လင်းမြင်သာမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ ၀င်ရောက်လာမှာဖြစ်သလို အရည်သွေးကောင်းတဲ့ ပြည်ပပို့ကုန်တွေ ထုတ်လုပ်သွားနိုင်အောင် ကြိုးစားသွားမယ်လို့ ဒေါက်တာ မောင်မောင်လေးကပြောပါတယ်။

“Infrastructure ပေါ့ အခြေခံအဆောက်အအုံတွေမှာ အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ပစ္စည်းတွေ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ၊ တာဝန်သိမှုရယ်၊ တာဝန်ယူမှုလုပ်ငန်းတွေပေါ့နော် Responsible နဲ့ Ethical ပစ္စည်းတွေ မြန်မာနိုင်ငံကို ၀င်လာဖို့ ရည်ရွယ်ပါတယ်။ သူ့တို့ကမှ တဆင့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ကိုရမယ်၊ ရပြီးရင် မြန်မာနိုင်ငံက ပူးပေါင်းထုတ်လုပ်ဖို့ တွေဖြစ်လာမယ်။ နောက်ပိုင်းကျရင်လည်း poverty alleviation ဆိုတာ ဆင်းရဲမှုကို လျော့နည်းအောင်လို့ တဖြေးဖြေး ဖန်တီးသွားမယ်လို့ ယူဆပါတယ်။”

ဒါပေမယ့်လည်း ၁၀ စုနှစ်အတော်ကြာ နိုင်ငံတကာအသိုင်းအ၀န်းနဲ့ အဆက်အဆံပြတ်တောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုလို အလားအလာကောင်းတွေ ရှိလာပေမယ့်လည်း အခြေခံအဆောက်အအုံပိုင်းနဲ့ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေမှုအပိုင်းမှာတော့ အတော်အားနည်းနေသေးတယ်လို့ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေက ထောက်ပြကြပါတယ်။ အရောင်းအ၀ယ်လုပ်ရာမှာ အဓိကကျတဲ့ ငွေပေးချေမှုစနစ်နဲ့ ပါတ်သတ်လို့ လိုအပ်ချက်တွေရှိနေသေးကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာကျော်ထင်က အခုလိုထောက်ပြပါတယ်။

“အဓိကတော့ ကျနော်တို့ ဒီလိုမျိုး ကုန်သွယ်မှုလုပ်တဲ့နေရာမှာ ကျနော်တို့ ဘဏ်စနစ်တွေပေါ့၊ ဘဏ်စနစ်က အခုအချိန်အထိ ကျနော်တို့ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်လွဲနိုင်ဖို့ အခွင့်အရေးမရသေးဘူးပေါ့နော်။ အဓိက အဲဒါမျိုး မြန်မာနိုင်ငံကနေပြီးတော့ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်လွဲနိုင်ဖို့ Banking system တွေ ဘဏ် နဲ့ ပတ်သက်တဲ့ အချင်းချင်း ချိတ်ဆက်မှုတွေရှိဖို့လိုတယ်ပေါ့နော်။ ဒါမှ ကျနော်တို့က ကုန်ကျတာ ပိုသက်သာလာနိုင်တယ်၊ ကျနော်တို့ ၂ ဆင့်လောက်။ တခြားနိုင်ငံတခုက ဥပမာဆို၇င် စင်္ကာပူ နေကျနော်တို့ လွှဲရတယ် ၊ နောက်တခုက ပြည်တွင်းဘဏ်နဲ့ အချိတ်အဆက်ဖြစ်ဖို့က နောက်တခုလုပ်ရတယ်ဆိုတော့ ကျနော်တို့က အဲဒီလိုမျိုး လုပ်နေရတာတွေဖြစ်နေရတယ်ပေါ့လေ။ အဆင့်တွေရှိနေတယ်ပေါ့နော် ၊ တကယ်လို့ တိုက်ရိုက်လုပ်လို့ရမယ်ဆိုရင် အဲဒီအဆင့်တွေ ပျောက်သွားတာပေါ့နော်။”

ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Farrell နဲ့အဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိနေစဉ်မှာပဲ အမေရိကန်အာဆီယံ စီးပွါးရေးကောင်စီ ဥက္ကဌ Alexander Feldman နဲ့ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ဆုံပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)

Friday 18 November 2016

ကလေးတစ်ဦးရဲ့ အောင်မြင်မှုမှာ အရေးကြီးဆုံး အ၇ာ

https://static01.nyt.com/images/2008/07/29/us/30law_600,0.jpg


ဘားရက်အိုဘားမားသည်ငယ်စဉ်တောင်ကျေးကလေးဘဝကအခြားကလေးများကဲ့သို့ ပျော်ပျော်ရွှင်ရွှင်
 နေခဲ့ရသည်။ သူ ၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ ကင်ဆက်ပြည်နယ် မွေးမိခင် စတင်လီ အန်းဒန်ဟမ် Stanley Ann Dunham နှင့် အာဖရိကတိုက် ကင်ညာနိုင်ငံဖွား ဖခင် ဘားရက်အိုဘားမားစီနီယာ Barack Obama Sr. တို့သည် ကွာရှင်းပြတ်စဲ ခဲ့ကြသည်။ ဘားရက် အသက် ၆ နှစ် အရွယ်တွင် သူ၏ မိခင်သည် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးနှင့် လက်ထပ်ခဲ့ပြန်သည်။ ဘားရက်တို့ မိသားစုသည် အမေရိကန်မှ အင်ဒိုနီးရှားသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြသည်။ မိခင်သည် ဂျာကာတာမြို့ရှိ အမေရိကန်သံရုံးတွင် အင်္ဂလိပ်ဘာသာ သင်ကြားပေးခဲ့သည်။ မိခင်သည် သူမ၏ သားကလေး ဘားရက်ကို အာဖရိကတိုက်သား ဖခင်၏ အစဉ်အလာ ရိုးရာကို ဂုဏ်ယူရန်နှင့် ပထွေး၏ အင်ဒိုနီးရှား ယဉ်ကျေးမှုကိုပါ လေးစား ထိန်းသိမ်းရန် သင်ပေးခဲ့ သည်။ ထို့ပြင် ဟာဝိုင်ရီတွင် နေထိုင်ကြသော မိခင်ဘက်မှ အဘိုးအဘွားတို့၏ ဇာတိနယ်မြေ ကင်ဆက် ပြည်နယ်ကိုလည်း အစဉ် သတိရရန် မှာကြားခဲ့သည်။ မွေးရပ်မြေ အမေရိကန်နှင့် အစဉ်အမြဲ အဆက်အသွယ် ရှိစေရန် ဘာရက်ကို သူ၏ မိခင်သည် နေ့စဉ်နံနက် ၄ နာရီတွင် ထစေပြီး အဝေးသင် သင်တန်းများမှ အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။

ဘားရက်သည် စတုတ္ထတန်းတွင် အစိုးရကျောင်းသို့ ပြောင်းရွှေ့ တက်ရောက်ခဲ့သည်။ သူ အသက် ၉ နှစ် အရွယ် သို့ ရောက်ရှိသောအခါ အသားအရောင် ခွဲခြားရေး မဂ္ဂဇင်းတစ်ခုမှ အဖြစ်အပျက် ပုံပြင်ကို ဖတ်ရှုမိရာ စိတ်ထိခိုက်ခြင်းကို ခံစားရသလို သူ၏ စိတ်တွင် ရှုပ်ထွေးမှု ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဘားရက်သည် ယခုကဲ့သို့ ရေးသားခဲ့သည်။ “ယင်းဆောင်းပါးကို ဖတ်ရှုအပြီး ကျွန်တော်သည် ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရသလို စိတ်ဓာတ် ကြမ်းတမ်း ခဲ့ရသည်။” ထိုအချိန်က သူသည် နှုတ်မှ ဘာမှမပြောခဲ့သော်လည်း ယင်းဆောင်းပါးနှင့် တကွ နောက်ဆက်တွဲ စဉ်းစားမိသောမေးခွန်း တို့သည် သူ့အတွက် ဘယ်တော့မှ မေ့မရ နိုင်တော့ပေ။

ဘားရက် ပဉ္စမတန်း ရောက်ရှိသောအခါ သူ၏ မိခင်၏ ဒုတိယ အိမ်ထောင်သည် ပြိုကွဲပြန်သည်။ သူမ၏ ဒုတိယ အိမ်ထောင်နှင့် ပါရဂူဘွဲ့တို့ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးဆုံးချိန်တွင် ဘားရက်ကို ဟာဝိုင်ရီရှိ အဘိုး အဘွားများထံသို့ ပို့ခဲ့ရသည်။ အဘိုးအဘွားများသည် ဘားရက်ကို အကောင်းဆုံး ပုဂ္ဂလိကကျောင်းတွင် ထားပေးခဲ့သည်။ အတန်းသူ အတန်းသားများသည် မူကြိုတန်း မှစပြီး အတူကျောင်းနေဘက်၊ ချမ်းသာ သော မိဘများ၏ သားသမီးများ ဖြစ်ကြသည်။ ဘားရက်သည် နောက်ထပ် ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုတွင် သူ့ကိုယ်သူ အံဝင်အောင် ကြိုးပမ်းရပြန်သည်။ သူသည် ပျော်သလိုလို ခံစားရသော်လည်း သတ္တမတန်း အရောက်တွင် “ကလေးဆိုးကလေး” ဖြစ်လာခဲ့ရာ ဆရာ၊ ဆရာမ များကသူ့ကို ဘာလုပ်ရမှန်း မသိလောက် အောင် ဖြစ်လာခဲ့သည်။ အတန်းတူ ကျောင်းသားထဲမှ သူ့ကို အသားရောင် ခွဲခြား ပြောဆိုပါက သူ၏ လက်သီး ဒဏ် ခံကြရသည်။

အထက်တန်းကျောင်းတွင် ဘားရက်သည် ကျောင်းသားတိုင်းနှင့် သင့်မြတ်ခဲ့သည်။ နောက်ပိုင်း သူရေးသားခဲ့ သည်မှာ “ကျွန်တော်သည် လူဖြူနှင့် လူမည်း ကမ္ဘာနှစ်ခုတွင် ကူးချည်သန်းချည် ရေလိုက်ငါးလိုက် နေခဲ့ရင်း တစ်ခုစီတွင် ကိုယ်ပိုင် အပြောအဆို၊ အကျင့်စရိုက်နှင့် ခံယူသော အဓိပ္ပါယ်များ ရှိသည်ကို နားလည်ခဲ့ပြီး ကမ္ဘာနှစ်ခုသည် ကျွန်တော့်အတွက် တဖြည်းဖြည်း စုစည်းပေါင်းဆုံ လာတော့သည်။” သူသည် လူမည်း သူငယ်ချင်း များကို ရှာဖွေခဲ့သည်။ လူမည်း စာပေများ ဖတ်ရှုခဲ့သည်။ သူ၏ အဖြူအမည်း ကပြား အခြေအနေနှင့် ကိုက်ညီလာစေရန် မျှော်လင့်ခဲ့သည်။ သူသည် အဖြူအမည်း သူငယ်ချင်းများနှင့် ဘတ်စကတ်ဘော ကစားခြင်းဖြင့် စိတ်တွင် ပျော်ရွှင်မြူးတူးခဲ့သည်။

တဖြည်းဖြည်း ဘားရက်သည် သူ၏ အတွင်းစိတ်ရှုပ်ထွေးမှုနှင့် မကျေနပ်မှုတို့ တုံ့ပြန်သောအားဖြင့် ဆေးလိပ် သောက်ခြင်း၊ အရက်သေစာ သောက်စားခြင်းအပြင် မူးယစ်ဆေးပါ သုံးစွဲလာတတ်တော့သည်။ အထက်တန်း ကျောင်း နောက်ဆုံး ၂ နှစ်တွင် စာမေးပွဲများတွင် အမှတ်များ ထိုးကျလာခဲ့သည်။ နောက်ပိုင်း သူက ယခုလို ရေးသားခဲ့သည်။ “ကျွန်တော့်ကြောင့် မဟုတ်ဘဲ ခံစားမိသော မိမိကိုယ်မိမိ မကျေနပ်မှုများကို ဖြေဖျောက်ရန် ကျွန်တော်သည် မူးယစ်ဆေးဝါးဘက်သို့ ဦးတည်လာခဲ့မိသည်။” သူ၏ မိခင်သည် အင်ဒိုနီးရှားမှ သူ့ကို မကြာခဏ လာရောက် တွေ့ဆုံခဲ့သည်။ အထက်တန်းကျောင်း နောက်ဆုံးနှစ်တွင် သူ၏မိခင်သည် သူ့အရင်းနှီး ဆုံး သူငယ်ချင်းထဲမှတစ်ယောက် မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရသည်ကို အကြောင်းပြုပြီး သားငယ်ကို အကြီး အကျယ် ဆုံးမစကား ပြောဆိုတော့သည်။

ဘားရက်သည် သူ့အမေကို ခံမပြော။ ကာလီဖိုးနီးယားတွင် ရှိသော ကောလိပ်သို့ သွားရောက် ပညာသင်ကြား ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပညာကို ကောင်းစွာမကြိုးစား။ ကျောင်းတွင် လူထုအစည်းအဝေး တစ်ခုကို တက်မိရာက သူ့ကို တောင်အာဖရိက၏ အသားရောင် ခွဲခြားရေး မူဝါဒအကြောင်း ပြောကြားရန် တောင်းဆို သဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။ ထိုအခါမှစပြီး သူသည် ဘဝသစ်ကို အစပျိုးရန် သန္နိဋ္ဌာန် ချခဲ့သည်။ ဘားရက် သည် အမေရိကန်နိုင်ငံ အနောက်ဘက်မှ အရှေ့ဘက်သို့ ရောက်ရှိလာခဲ့ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ် တွင် ကျောင်းနေရန် စာရင်းသွင်းခဲ့သည်။ ဘားရက် အိုဘားမားသည် သူ၏ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့တော့သည်။

၁၉၈၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး စီးပွားရေး လုပ်ငန်းတစ်ခုတွင် လစာမြင့်မားသော အလုပ်ကို ရရှိခဲ့သော်လည်း သူသည် စိတ်ချမ်းမြေ့မှုနှင့် ကျေနပ်မှု မရှိသည်ကို ခံစားမိသည်။ အိုဘားမားသည် သူ့ဘဝတွင် ကွက်လပ် ဖြစ်နေသည့် ဟာကွက် ကို ဖြည့်ဆည်းပေးနိုင်မည့် အလုပ်အကိုင် မျိုးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ သူသည် အလုပ်အကိုင်ပေါင်း မြောက်များစွာ ထဲမှ သူနှင့် အံဝင်မည့် အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအလုပ် မှာ ချီကာဂို မြို့တွင် တစ်နှစ်လျှင် ဒေါ်လာ ၁ဝဝဝဝ ရရှိသည့် လူထုစည်းရုံးရေး အလုပ် Community Organizer ပင် ဖြစ်တော့ သည်။ ဘားရက်သည် သူ့မိခင်နှင့် အဘိုးအဘွားများ၏ ဇာတိနယ်မြေ ဖြစ်သော အမေရိကန်နိုင်ငံ အနောက် အလယ်ပိုင်း သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ဤဒေသတွင် အိုးအိမ်အသစ် ထူထောင်ပြီး သူ့ ဘဝကို အာရုံစူးစိုက်ခဲ့တော့သည်။

မြို့၏ အဆင်းရဲဆုံးသော ရပ်ကွက်များတွင်သုံးနှစ်ကြာ အလုပ်လုပ်ကိုင်စဉ် အဆင်းရဲဆုံး အတန်းအစား၏ မကျေနပ်မှုများ စိန်ခေါ်မှုများနှင့် ဥပဒေပိုင်းဆိုင်ရာ မတရားမှုများကို သိရှိနားလည် လာခဲ့သည်။ သူသည် တက္ကသိုလ်သို့ ပြန်လည် သွားရောက်ပြီး ဥပဒေဘွဲ့ယူကာ ချီကာဂိုမြို့သို့ ရှေ့နေတစ်ဦးအဖြစ် ပြန်လည် လာခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ အိုဘားမားသည် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်း Harvard University’s Law School သို့ ပညာသင်ရန် လျှောက်ထားရာ တက္ကသိုလ် ဝင်ခွင့် ရရှိတော့သည်။ ဥပဒေဘွဲ့ ရရှိပြီး ရှေ့နေအဖြစ် ချီကာဂိုသို့ ပြန်လည် ရောက်လာသောအခါ ဒေသခံ အမျိုးသမီး ကလေး မီရှယ် ရော်ဘင်ဆင်နှင့် တွေ့ဆုံ နှစ်ခြိုက် ခဲ့ပြီး လက်ထပ်ခဲ့သည်။ မီရှယ် ရော်ဘင်ဆင် သည်လည်း ဟားဗတ် ဥပဒေဘွဲ့ ရရှိသူတစ်ဦးပင်။

လက်ထပ်အပြီး ဘားရက်အိုဘားမားသည် နိုင်ငံရေးနှင့် စာပေ သင်ကြားရေး နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ချီကာဂို တက္ကသိုလ် ဥပဒေကျောင်း University of Chicago Law School တွင် ၁၂နှစ်ကြာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ Constitutional Law ကို သင်ကြားပေးခဲ့သည်။ သူသည် စာပေသင်ကြားခြင်းကို ကြိုက်နှစ်သက် သလို စာသင်ကောင်းသော ဆရာလည်း ဖြစ်ပေသည်။ အိုဘားမားသည် သူ၏ အတွေ့အကြုံနှင့် ပတ်သက်၍ ယခုလို ပြောကြား ခဲ့သည်။ “စာပေ သင်ကြားပေးခြင်းသည် လူကို ဖျတ်လတ်စေသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ သင်ကြားပေးခြင်း၏ ကောင်းသော အချက်တစ်ခုမှာ ခက်ခဲသော မေးခွန်းမှန်သမျှ အမေးခံရ သည်။ ဥပမာ၊ ကိုယ်ဝန်ဖျက်ချမှု၊ လိင်တူ ဆက်ဆံသူများ၏ အခွင့်အရေး အစရှိသော မေးခွန်းများတွင် သင်သည် အပြုသဘောဘက်မှရော ဆန့်ကျင်ဘက်မှရော ပြောဆိုနိုင်ရန် လိုအပ်ပေသည်။”
အိုဘားမားသည် ပြည်နယ် ဆီးနိတ်သို့ ရွေးချယ်ခြင်း ခံရသောအခါ သူစာပေ သင်ကြားပေးသော အတန်းများ ကို တနင်္လာနေ့ နံနက်များနှင့် သောကြာနေ့ ညနေများသို့ မလွှဲမရှောင်သာဘဲ   ပြောင်းရွှေ့သင်ကြားပေးရတော့ သည်။ ယင်းကဲ့သို့သော နေ့နှင့်အချိန်များသည် မည်သည့် ဆရာ၊ ဆရာမကမှ ဖြည့်စွက်ယူ ပေးလိုသောနေ့နှင့် အချိန်များ မဟုတ်ပေ။ သို့ရာတွင် ပါမောက္ခ အိုဘားမား၏ အတန်းများသည် ကျောင်းသူ ကျောင်းသားများဖြင့် ပြည့်လျှံနေတတ် သည်။ ကျောင်းသားတစ်ဦးက ယခုကဲ့သို့ သတိတရပြောကြားခဲ့သည်။ “နံနက် မိုးလင်းတာနဲ့ အတန်းဟာ ကျောင်းသား အပြည့် ပါပဲ။” နောက်ထပ် ကျောင်းသား တစ်ဦးကလည်း ဤကဲ့သို့ ပြောပြသည်။ “သူဟာ တကယ် ထူးချွန်တဲ့ဆရာ တစ်ယောက်ပါ။ အလွန်သိမ်မွေ့တဲ့ ခေါင်းစဉ်တွေကို တစ်ဦးတည်း ပိုင်ပိုင် နိုင်နိုင် သင်ကြားပြသ နိုင်တယ်။”
တတိယတစ်ဦးက အိုဘားမား၏ အတန်းများနှင့် ပတ်သက်ပြီး အောက်ပါအတိုင်းသုံးသပ်ခဲ့သည်။

“သူဟာအတန်းထဲက ကျောင်းသားတိုင်းရဲ့ အသံကို ကြားချင်တတ်တယ်။ အကယ်၍ အထင်အမြင် တစ်ခုခု အပေါ်မှာ ဆွေးနွေး ပြောဆိုကြမှု သိပ်မရှိခဲ့ရင် သူကိုယ်တိုင် ဦးဆောင်ပြီး သူဘက်ကိုယ့်ဘက် အမြင်အမျိုးမျိုးနဲ့ အခြေအတင် ဆွေးနွေးပြတတ်တယ်။ သူဟာ အခြေအတင် ပြောခြင်း၊ စကားနပန်းထိုးခြင်းတို့ကို အားပေးတယ် ။ မိမိရဲ့ ယုံကြည်မှုကို လက်တွေ့ အကောင်အထည် ဖော်ရန် လိုအပ်တယ်။ ဒါမှ မိမိ လိုချင်တဲ့ အပြောင်းအလဲ ဆိုတာ ဖြစ်လာမယ်လို့ ပါမောက္ခ အိုဘားမားက ကျွန်တော့်တို့ကို သတိပေးဖူးပါတယ်။”ကျောင်းသားများ၏  အတော်ဆုံး ဆရာများစာရင်းတွင် ပါမောက္ခ အိုဘားမားသည် အမြဲတမ်း ပါဝင်လေသည်။ တက္ကသိုလ်များ၏ ဓလေ့ တစ်ခုမှာ အကယ်၍ ဆရာသည် ၁၅ မိနစ်ထက် နောက်ကျလျှင် ကျောင်းသူ ကျောင်းသား များ အတန်းမှ ထွက်သွားခွင့် ရှိသည်။ တစ်ခါတွင် ပါမောက္ခ အိုဘားမားသည် ၄၅ မိနစ် နောက် ကျသည်။ သို့သော် တစ်တန်းလုံးရှိ ကျောင်းသား အားလုံး သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြသည်။ ဤကဲ့သို့ ဆရာအပေါ်တွင် ယုံကြည်မှု ပြသခံရသော ပါမောက္ခများဟာ အနည်းငယ်သာ ရှိပေသည်။

သမ္မတဖြစ်ရန် မဲဆွယ်ဟောပြောပွဲတစ်ခုတွင် အိုဘားမားသည် အောက်ပါအတိုင်း ပြောခဲ့သည်။
ကလေးတစ်ဦးရဲ့ အောင်မြင်မှုတွင် မိဘ သို့မဟုတ် ဆရာက အဲဒီကလေးကို တစ်ချိန်ချိန်တွင် မင်းအောင် မြင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်အောင် ပြောကြားပေးမှုဟာ အလွန် အရေးကြီးပါတယ်။ ကလေးတွေ စာသင်ခန်းထဲ ဝင်လာတဲ့ အခါမှာ သူတို့ရဲ့ ဘဝမှာ အောင်မြင်မှု ကို ဘာက အဆုံးအဖြတ်ပေးသလဲ ဆိုရင် သူတို့ရဲ့ အသားအရောင်၊ သူတို့လာခဲ့ တဲ့ဒေသ၊ သူတို့ရဲ့ မိဘနဲ့ သူတို့ရဲ့ ချမ်းသားဆင်းရဲမှုတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆရာဟာ ဘယ်သူလဲ ဆိုတာက အဓိက အဆုံးအဖြတ်ပဲ။ ဆရာဆိုတာဟာ လခနည်းနေပါစေ၊ အလွန်ခက်ခဲတဲ့ ကျောင်းဖြစ်ပါစေ၊ ကျောင်း သားတွေဟာ ဘယ်လိုဗီဇမျိုးပဲ ဖြစ်ပါစေ တောက်ပတဲ့ ကြယ်ပွင့် ကလေးတွေ ဖြစ်လာအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေး တတ်ကြတယ်”။

မောင်ပြည်အောင်(ဟားဗတ်တက္ကသိုလ်)၏ (အိုဘားမား၏ ပညာရေးခရီးလမ်း)
Source: Myanmar Independent

Saturday 12 November 2016

တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား?

 https://en.dailypakistan.com.pk/wp-content/uploads/2016/02/ff16-1.jpg
၁၉၅၅ ခုနှစ် ရဲ့နေ့တနေ့မှာ အသက်၂၅နှစ် အရွယ်အမေရိကန်လူငယ်လေး Jim_Rohn (ဂျင်မ်)ကို
သူအလုပ်ပိုင်ရှင် အမေရိကန် မီလီယံနာသူဋ္ဌေးကြီး John_Earl_Shoaff_(ဂျွန်အားလ်ရှော့) က မေးခွန်းတခုမေးလိုက်ပါတယ်။

"ဂျင်မ် မင်းငါ့ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၆နှစ်ရှိသွားပြီ။ မင်းပိုက်ဆံ ဘယ်လောက်စုမိပြီလဲ" တဲ့။
ဂျင်မ်ကလဲ "သူဋ္ဌေးကြီးခင်ဗျား ကျနော်တပြားမှမစုမိပါဘူး။ ရတဲ့လခကလဲ ကျနော့်အသုံးစရိတ်ကာမိရုံပဲ ရှိပါတယ်။ လစာလေးနဲနဲတိုးလိုက် ကုန်ဈေးနူန်းတက်လိုက်မို့ ဘာမှမကျန်လို့ မစုနိုင်တာပါ"လို့ရိုးရိုးသားသားလေးပဲဖြေလိုက်ပါတယ်။

လူငယ်လေးဂျင်မ်ဟာ အလုပ်ကိုအရမ်းကြိုးစားလုပ်ကိုင်တတ်သူတယောက်မို့ သူဋ္ဌေးကြီးက အလွန်သဘောကျတယ်။ သူဋ္ဌေးကြီးက ဆက်ပြောတယ်။ "မင်း ကြီးပွားချမ်းသာချင်သလား" တဲ့။
ဂျင်မ်ကလဲ "ဗျာ ချမ်းသာချင်တာပေါ့။ ချမ်းသာအောင် ဘယ်လိုလုပ်ရမှန်းမသိလို့ပါ"။
သူဋ္ဌေးကြီးက"မင်းအလုပ်လုပ်နေတာ၆နှစ်ရှိသွားလို့ ဘာမှလဲမစုမိဘူးမဟုတ်လား။ မင်း ဒီအတိုင်းဆက်လုပ်နေရင် နောက်၆နှစ်လဲ ဒီအတိုင်းဖြစ်နေမှာပဲ။ အဲဒီတော့ တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား"တဲ့။

ဂျင်မ်က သူဋ္ဌေးကြီးကို ဘယ်လိုမျိုးပြောင်းလဲရမှာလဲလိုပြန့်မေးတော့ သူဋ္ဌေးကြီးက "မင်း အလုပ်မှာ ကြိုးစားတာထက် မင်းကိုယ်တိုင်အတွက်ပိုပြီး ကြိုးစားပါ"တဲ့။ သူဋ္ဌေးကြီးရဲ့အကြံပေးချက်ဟာ တိုတိုလေးပါ။ ဒါပေမယ့် အဲဒီစကားတိုတိုလေးဟာ ဂျင်မ်ရဲ့အသိအမြင်ကိုပွင့်သွားစေခဲ့ပါတယ်။ သူဋ္ဌေးကြီးပြောတဲ့အတိုင်း သူအတွက်ကြိုးစားလိုက်တာ ဂျင်မ်ဟာ အသက်၃၁နှစ်အရွယ်မှာ မီလီယံနာသူဋ္ဌေးတယောက်ဖြစ်သွားခဲ့ပါတယ်။ အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ မီလီယံနာသူဋ္ဌေးဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင် အလွန်ကိုနည်းပါတယ်။

ဒီစာကိုဖတ်နေသူတွေအနေနဲ့ ဂျင်မ်ဟာ သူ့အတွက်ဘာတွေကြိုးစားခဲ့လို့ ၆နှစ် အတွင်းပိုက်ဆံတပြားမှမစုနိုင်တဲ့လူငယ်လေးကနေ မီလီယံနာသူဋ္ဌေးကြီးဖြစ်သွားရတာလဲလို့ သိချင်နေမှာပါ။

သူဋ္ဌေးကြီးရဲ့အကြံပေးစကားမကြားခင် ဂျင်မ်တယောက် ၆နှစ် တာကာလကို ဘယ်လိုကုန်ဆုံးခဲ့သလဲကြည့်ကြရအောင်။ ဂျင်မ်ဟာ အလုပ်ထဲမှာ အရမ်းကြိုးစားလုပ်တယ်။ အလုပ်မှာပင်ပန်းတယ်လို့သူ့ကိုယ်သူအကြောင်းပြပြီး အလုပ်ကပြန် အိမ်ရောက်ညစာစားပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်ပြီး ထွေရာလေးပါးစကားတွေလျှောက်ပြောကြတယ်။ ညမိုးကြီးချုပ်မှပြန်လာတယ်။ ပြန်ရောက်တာနဲ့အိပ်ယာထဲဝင်တယ်။ တခါတလေအပြင်မထွက်ဖြစ်ရင် အိမ်မှာဘီယာလေးနဲ့ငြိမ့်နေလေ့ရှိတယ်။ တခါတလေ တီဗွီထိုင်ကြည့်နေတယ်။ ညနက်ရောက်တော့ အိပ်ယာဝင်လိုက်တယ်။ သူ့မှာ ကြီးပွားချမ်းသာချင်စိတ်တော့ရှိတယ်။ တနေ့တော့ ကံကောင်းရင် ချမ်းသာလာမယ်လို့မျှော်လင့်နေတယ်။ သူမျော်လင့်နေတဲ့ကံကောင်းတဲ့နေ့ဆိုတာ ၆နှစ် သာကြာသွားတယ် ရောက်မလာပါဘူး။ သူ့ဘဝဟာ ဒုံရင်းပါပဲ။

သူဋ္ဌေးကြီးအကြံပေးချက်ကိုကြားပြီး နောက်တရက်ကစပြီး သူ့ကိုယ်သူပြောင်းလဲပစ်လိုက်တယ်။ ဘာတွေပြောင်းလဲလိုက်တာလဲ။ အလုပ်ကပြန်တာနဲ့ထမင်းစာပြီး သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်သွားမထိုင်တော့ဘူး။ အိမ်ကခပ်လှမ်းလှမ်းမှာရှိတဲ့ စာကြည့်တိုက်ကိုသွားတယ်။ စာကြည့်တိုက်ပိတ်တဲ့ ည၁၁နာရီထိ စာအုပ်တွေဖတ်တယ်။ ပရိသတ်ကိုစကားပြောနည်း ဖေါက်သည်တယောက်ကို ဈေးဝယ်ချင်အောင် ဆွဲဆောင်နည်း ဈေးကွက်ရှာဖွေခြင်း ငွေစာရင်းတွက်ချက်နည်း အစုရှယ်ယာအကြောင်းစတာတွေ အသဲအသန်ဖတ်ပြီးလေ့လာတော့တယ်။ သူဟာ ကောလိပ်တပိုင်းတစနဲ့ကျောင်းထွက်အလုပ်လုပ်လို့ ဘွဲ့တခုတောင်မရခဲ့ပါဘူး။

တနှစ်လောက် ရုံးဖွင့်ရက်ညတိုင်းနဲ့ ရုံးပိတ်ရက်ဆို တနေကုန်စာတွေဖတ်လိုက်တာ ကုမ္ပဏီကသူ့အရည်အချင်းတွေတက်လာတာကိုသဘောကျပြီး ရာထူးတိုးပေးတယ်။ နောက်ထပ်တနှစ်ကြာပြန်တော့ အရည်အချင်းတွေပိုတိုးတက်လာတာနဲ့အမျှ ရာထူးတိုးခံရ လစာအတိုးခံခဲ့ရပြန်တယ်။ နောက်နှစ်အနဲငယ်ကြာတော့ သူ အရည်အချင်းကိုသူယုံကြည်လို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်တယ်။ လုပ်ငန်းအောင်မြင်လာလို့ ၆နှစ် အကြာ အသက်၃၁နှစ်နဲ့ငယ်ငယ်ရွယ်ရွယ်မှာပဲ မီလီယံနာသူဋ္ဌေးတယောက်ဖြစ်သွားတယ်။
ဂျင်မ်ဟာ မီလီယံနာသူဋ္ဌေးဖြစ်ပြီးနောက်ပိုင်းမှာ စီးပွားရေးမလုပ်တော့ပါဘူး။ ကြီးပွားချမ်းသာအောင်လုပ်နည်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေမှာလိုက်ဟောပြောတယ်။ လူပေါင်းများစွာဈေးကြီးပေးပြီး သူ့ဟောပြောပွဲကိုတက်ရောက်နားထောင်ကြတယ်။ ဟောပြောခဝင်ငွေတွေအများကြီးရသလို အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ အောင်မြင်ကြီးပွားရေးဟောပြောသူတွေထဲမှာ ထင်ရှားအကျော်ကြားဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်။

ဂျင်မ် ဘာလို့ ကြီးပွားချမ်းသာသွားတာလဲ။ အဖြေက...
၁။ သူ့မှာကြီးပွားချမ်းသာချင်တဲ့ပြင်းပြတဲ့စိတ်ဆန္ဒ(Burning_Desire)ရှိတယ်။
၂။ သူ့အနေအထိုင် အကျင့်စရိုက်တွေကို လုံးဝပြုပြင်ပြောင်းလဲလိုက်တယ်။
၃။ စာအုပ်တွေဖတ်တယ် လေ့လာတယ် ဖတ်ထားတာတွေကို အသုံးချတယ်။
၎။ အကြံကောင်းပေးတတ်တဲ့Earl_Shoaffနဲ့ဆုံတွေ့ခွင့်ရလိုက်တယ်။ ဒါကိုတော့ ကံကောင်းတယ်လို့ပြောရမလားပဲ။

ရေးသားသူ - Bamaw Thein Pe

Friday 4 November 2016

တိမ်တွေပေါ် အလည်သွားမယ်

 တီးတိန်ကလေးလမ်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈,၀၀၀ ကျော်မှာ တည်ရှိတဲ့ တီးတိန်မြို့လေးက ချင်းပြည်နယ်ရဲ့
ကောင်းကင်မြို့တော်လို့ တင်စားခေါ်ရ မလိုပါဘဲ။

တီးတိန်မြို့ကို ကလေးမြို့ကတစ်ဆင့် သွားရောက်လည်ပတ်နိုင်ပါတယ်။ကလေး - တီးတိန် ပြေးဆွဲနေတဲ့ ခရီးသည် ၁၂ ယောက် ဆံ့ မှန်လုံကားငယ်လေးတွေက တနင်္ဂနွေတစ်ရက်ကလွဲပြီး တစ်ပတ် ခြောက်ရက် အတက်အဆင်း ရှိပါတယ်။တစ်ဦးကို ကျပ် ၈,၀၀၀ သာပေးရတဲ့ မှန်လုံကားငယ်လေးတွေ ကို ဒေသခံတွေနဲ့ အတူစီးရင်း ကလေး - တီးတိန် တောင်တက်လမ်း အတွေ့အကြုံကို မျှဝေခံစားနိုင်ပါတယ်။
အများနဲ့ မသွားချင်ဘဲ တောင်တက်လမ်းတစ်လျှောက် ဓာတ်ပုံရိုက်ရင်း အေးအေးဆေးဆေး
သွားချင်တယ်ဆိုရင် စင်းလုံးငှား ကားတွေလည်း ရှိပါတယ်။ကိုယ်သွားလိုတဲ့ ခရီးအကွာအဝေး၊ ကြာမယ့်ရက်ပေါ် မူတည်ပြီး အနည်းဆုံး ကျပ်တစ်သိန်းခွဲကနေငါးသိန်း ကျော်အထိ ရှိပါတယ်။

တီးတိန် အသွားလမ်းကတော့ ကလေးမြို့ အထွက် လမ်းမပေါ်ရောက်တာနဲ့ နေရာတိုင်းက
စိတ်ဝင်စားဖို့ကောင်းပြီး မြင်မြင်သမျှ အရာအားလုံးက လှပနေပါတယ်။
တဖြည်းဖြည်း တောင်ပေါ်ရောက်လာတာနဲ့ ကလေးမြို့လေးက အနောက်မှာ ကျန်ခဲ့ပြီး ပတ်ဝန်းကျင်မှာ
လှပတဲ့ တိမ်တွေ၊ တောင်နံရံတွေက နေရာယူလာပါတယ်။
လမ်းတစ်လျှောက်လုံး တောင်အကွေ့အ၀ိုက်တွေနဲ့ ချောက်ချားစရာ ချောက်ကမ်းပါးတွေကိုလည်း
မကြာခဏ ဆိုသလို ဖြတ်ကျော်ရပါတယ်။

ရာသီဥတုသာယာပြီး မြေပြိုတာမျိုး၊ ကားလမ်းပိတ်တာမျိုးမရှိရင် တီးတိန်ကို အချိန် လေးနာရီအတွင်း
ရောက်နိုင်ပါတယ်။ရာသီဥတုနဲ့ ကားလမ်းအခြေအနေက အရမ်းဆိုးတယ်ဆိုရင် လမ်းပြန်ရှင်းတဲ့အထိ စောင့်ရဖို့ တစ်ရက်၊ နှစ်ရက်လည်း ကြာတတ်ပါတယ်။

ဒါကြောင့် တီးတိန်တောင်တက်လမ်းက ရာသီဥတုနဲ့ အဓိက သက်ဆိုင်ပါတယ်။

တောင်တက်ကား စီးနေရင်း ရှေ့မှာ ကြိုမမြင်နိုင်တဲ့ လမ်းခရီးအခြေအနေကြောင့် ဘာဖြစ်နိုင်မလဲ
တွေးနေရလို့ တောင်တက်ခရီးကရင်ခုန်လှုပ်ရှားဖို့ ကောင်းပါတယ်။တိမ်တွေကိုငေးလိုက်၊  ချောက်ကမ်းပါးနားရောက်ရင် ရင်ခုန်လိုက်နဲ့ တကယ့်ကို စွန့်စားခန်းရောက်နေသလိုပါပဲ။ 

စွန့်စွန့်စားစားခရီးသွားရတာ ၀ါသနာပါတဲ့သူဆိုရင် တီးတိန်က ခရီးထွက်ဖို့ အကောင်းဆုံးနေရာ တစ်ခုပါပဲ။

သွားနေတဲ့ ကားလေးက တောင်ပေါ်အမြင့် ရောက်လေ ရာသီဥတုကလည်း တဖြည်းဖြည်း
ပိုလေးလာပြီး တိမ်တွေကလည်း ပိုလှလာပါတယ်။တီးတိန်ရောက်ခါနီး တစ်နာရီခွဲအလို အားလွီရွာလို့ခေါ်တဲ့ တောင်ပေါ်ရွာလေးမှာ ရေမရောတဲ့ သဘာဝ နွားနို့စစ်စစ်ရပါတယ်။
နွားနောက်နဲ့ ရိုးရိုးနွားစပ်ပြီး သားဖောက်ထားတဲ့ နွားကရရှိတဲ့ နွားနို့ကို မီးဖိုပေါ်ကနေ ပူပူနွေးနွေးနဲ့
ထည့်ပေးတာမို့ အေးချမ်းတဲ့ ရာသီဥတုနဲ့ ကိုက်ညီလှပါတယ်။

တီးတိန်တောင်ပေါ်မြို့လေးက တခြား နယ်မြို့လေးတွေလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးပေမဲ့
တကယ့်ကို အေးချမ်းတဲ့ မြို့လေးဖြစ်ပါတယ်။တီးတိန်ရောက်ပြီဆိုတာနဲ့ ရာသီဥတုကလည်း ကလေးနဲ့ တခြားဆီဖြစ်သွားပြီး အနွေးထည် မထူမပါးဝတ်ထားရပါပြီ။


သဘာဝအလှတရားတွေ၊ လေ့လာစရာရိုးရာယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ တီးတိန်မြို့လေးကို
ရောက်ဖို့ဆိုရင် ကြမ်းတမ်းခက်ခဲတဲ့ တောင်တက်လမ်းကို အရင်ဖြတ်ကျော်ရပါတယ်။
တောင်ပေါ် ရောက်ပြီဆိုတာနဲ့ ပင်ပန်းခဲ့သမျှ အရာအားလုံး မေ့ပြီး ပြန်တွေးမိတိုင်း ဘယ်တော့မှ
နောင်တမရတဲ့ ခရီးစဉ်အဖြစ်နဲ့ ဘ၀တစ်လျှောက်လုံး အမှတ်ရနေမှာဖြစ်ပါတယ်။

Myanmar Times

Thursday 3 November 2016

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် …...


http://www.lovethispic.com/uploaded_images/blogs/36-1426131258-3-5.jpg

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင်…… မိဘ ဆို တာ မရှိ တော့ မှ ပူ ဆွေး ငို ကြွေး အလှူ အ တန်း လုပ် ပေး နေ တာ ထက် အသက် ရှိ စဉ် စိတ် ချမ်း သာ အောင် ထား ဖို့ ပို အ ရေး ကြီး ကြောင်း ကို လည်း သိ လောက် ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် …… အေး မြ တဲ့ မေတ္တာ တရား ဆို တာ မိသားစု တွင်း မှာ ရှိ တဲ့ ရိုး သား ခြင်း ၊ သည်း ခံ ခွင့် လွတ် ခြင်း ၊ နွေး ထွေး ခြင်း စတာတွေ ပေါင်း စည်း ထား တာ ကို ဆို လို တယ် ဆို တာ လည်း သိ လောက် ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ပျော် ရွှင် ခြင်း ဆို တာ ကိုယ့် ရင် ဘတ် ထဲ က သာ လာ နိုင် တယ် ။ ရွှေ ပန်း ကန် နဲ့ တည် ခင်း ဧည့် ခံ တဲ့ စား ကောင်း သောက် ဖွယ် ကို ဟန် လုပ် ပြီး စား ရ တာ ထက် ကိုယ့် အိမ် လို သ ဘော ထား ပြီး လွတ် လပ် စွာ စား ရ တဲ့ ဖြစ် သလို ထမင်း ပွဲ ကို ပို သာ ယာ တတ် နေ ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော်ပြီဆိုရင်……သူငယ်ချင်းဆိုတာ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီတတ်သူ ကိုဆိုလိုတာဖြစ်တယ်။ အကျိုးကို မျှော်ပြီး ပေါင်းသင်းနေသူ ကိုခေါ် တာ မဟုတ်မှန်း လက် တွေ့  သိ လောက် ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……အချစ် မှာ ဘယ် သူ က ဘယ် သူ့  ကို ပို ချစ် သလဲ ဆို တာ မရှိ ဘူး ။ ဘယ် သူ က ဘယ် သူ့  ကို ပို တန် ဖိုး ထား လဲ ဆို တာ ပဲ ရှိ တယ်ဆို တာ သိ လောက် ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ဘယ်အရာမှ အဓမ္မ လို ချင် လို့  မ ရ ဘူး ။ အရာရာဟာ ဖြစ်ချိန်တန်မှဖြစ် တယ် ၊ပျက်ချိန်တန် တော့ ပျက်ကြ ရ တယ် ဆို တာ ကြုံ ပြီး ရော ပေါ့ ။

 အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ပန်းတိုင် ကို အလျင် စ လို ရောက် ချင် လို့ မရ ဘူး ။ခြေ လှမ်းတိုင်း ကိုဖြေး ဖြေး မှန် မှန် သွား မှ အတိမ်း စောင်း မရှိ ရောက် နိုင် မယ် ဆို တာ ကို လည်း သိ လောက် ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင်…… စီး ပွါး တိုး တက် ကြီး ပွား ခြင်း ဟာ ကျန်း မာ စွာ အသက် ရှည် ခြင်း လောက် မက် မော စရာ မ ကောင်း ဘူး ချမ်း သာ လာ ရင် ကျန်း မာ ရေး ပို ဂရု စိုက် ရ မယ် ဆို တာ လည်း သိ လောက် ရော ပေါ့ ။

အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင်……ဘဝ မှာ သာမန် ဟာ အ ကောင်း ဆုံး ပါ ပဲ လို့  ပြော နေ တတ် ရော ပေါ့ ။

Ref: wechat
Credit: Lay Lay Yu

Saturday 29 October 2016

မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင်မှ ......

 https://upload.wikimedia.org/wikipedia/commons/b/b9/Steve_Jobs_Headshot_2010-CROP.jpg

(၂၀၁၀) ခုနှစ်လောက်မှာ အမေရိကန်သမတ အိုဘားမားက ညစာစားပွဲတခုမှာ. Appleကုမ္ပဏီရဲ. CEOဖြစ်တဲ့ Steve_Jobs (စတစ်ဗ်) ကိုမေးပါတယ်။ Appleရဲ့Products တွေဖြစ်တဲ့. iPhone တို့. iPadတို့ကို. တရုပ်ပြည်မှာ သွားထုတ်လုပ်နေ တာကို (အမေရိကန် လူမျိုးတွေ အလုပ်ရအောင်). အမေရိကန် ကိုပြောင်းလာရင်ဖြစ် မလားလို့မေးတယ်။. စတစ်ဗ်က.မဖြစ်နိုင် ဘူးလို့ပြောလိုက်ပါတယ်။

.နောက်ပိုင်းမှာ. သူ့ရဲ့လက်အောက် က Apple ကုမ္ပဏီ အရာရှိတဦးက. စတစ်ဗ်ဘာကြောင့် အဲဒီ လိုပြောခဲ့ ရသလဲဆိုတာမီဒီယာကို အခုလိုရှင်းပြခဲ့ပါတယ်။

အချိန်က(၂၀၀၇)ခုနှစ်။ ပထမဆုံးပေါ်တဲ့ iPhone. ကမ္ဘာကိုဖြန့်ဖို့ (၂)လလောက်ပဲ လိုတော့တဲ့ တနေ့မှာ. စိတ် ဆိုးနေပုံရတဲ့ စတစ်ဗ်က. သူ့လက်ထောက်တွေ အားလုံးကိုသူ့ရုံးခန်းထဲ လာဖို့ခေါ်လိုက် ပါတယ်။ အား လုံးရောက် လာတာနဲ့.စတစ်ဗ်က. သူစမ်းသုံးကြည့်ဖို့ ယူထားတဲ့ iPhone. နမူနာတလုံးကို. သူ့ဘောင်းဘီဘေးအိပ် ထဲကနေ.ဆွဲထုတ် ယူလိုက်ပြီး. အားလုံးမြင် သာအောင်ထောင်ပြရင်း. အခုလိုပြောလိုက်ပါတယ်။. "ဒီဖုံးရဲ့ မှန် သားပြင် (screen)ကို ကြည့်စမ်းပါ။ .ခြစ်ရာတွေပေါ်နေတယ်။ လူတွေဟာ.လက်ကိုင်ဖုံးကို .ဘောင်းဘီအိပ်ထဲ ထဲ့တတ်ကြတယ်။ .ဘောင်းဘီအိပ်ထဲမှာ .သော့တွဲ့. ပိုက်ဆံ အကြွေစေ့တွေလဲ. ထဲ့တတ်ကြတယ်။ဒါတွေနဲ့ ထိလို့ခြစ်ရာပေါ်နေတဲ့ ဖုန်းးမျိုး. ငါကမ္ဘာကို မဖြန့်ချင်ဘူး။ ဒီPlastic_screen ကို.ခြစ်ရာ မထင်နိုင်တဲ့ မှန်သား Glass_scree nနဲ့လဲပစ်ရမယ်။အခုထုတ်ပြီးသား ဖုန်းတွေ အားလုံးကို (၆)ပတ် အတွင်းပြီးအောင် လဲလိုက်ကြ။ ကဲ.သွားကြတော့" လို့ပြောလိုက်တယ်။
သူ့လက်ထောက်တွေ အားလုံး. အရမ်းခေါင်းခြောက် သွားကြတယ်။

စတစ်ဗ်အကြောင်း. သူတို့ကောင်းကောင်း သိတယ်။.စတစ်ဗ်ဟာ. သူပြောပြီးတဲ့ စကားကို. ဘယ်တော့မှ အလျှော့မပေး တတ်ဘူး။. သူလိုချင်တာဖြစ်အောင်. လုပ်ကြရတော့မယ်။. ခက်တာက.iPhone စတင်ရောင်းမဲ့ ရက်ကိုကမ္ဘာသိကြေငြာပြီးပြီ။ ၂လပဲ ကျန်တော့ တယ်။. ကမ္ဘာကို မဖြန့်ခင်.ဖုန်းတွေကို Glass_Screenနဲ့ အစားထိုးလဲဖို့ အချိန်(၆)ပတ် ပဲပေးတယ်။ လုပ်ပြီးသား. ဖုန်းအလုံး သိန်းချီပြီးကို (၆)ပတ်အတွင်း screen လဲတပ်ဖို့ဆိုတာ. မဖြစ်နိုင်ဘူး။. အရင် Screen လုပ်ပေးနေကျ. အမေရိကန် ကုမ္ပဏီ Corning ကိုမေးကြည့်တော့. အချိန်(၆)လ ကြာမယ်တဲ့။ သူတို့အထဲကလက်ထောက်တယောက်က. စဉ်းစားတယ်။. ဒီလောက်အချိန်တိုတိုနဲ့. စတစ်ဗ်ဖြစ်ချင်တာရဖို့. အမေရိကန်နိုင်ငံမှာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်. သူဟာ(၃)ရက် အကြာမှာ. တရုပ်ပြည်က မှန်ဖြတ်စက်ရုံ အများအပြားရှိတဲ့. Shenzhenပြည်နယ်ကို .လေယဉ်နဲ့ ထွက်ခွာသွားတယ်။

.Shenzhenပြည်နယ်က စက်ရုံမှူးတွေ နဲ့တွေ့ပြီး. သူလိုချင်တဲ့ Glass_screen ကို iPhoneတွေမှာ. သတ်မှတ်ရက် အတွင်းပြီးအောင် လုပ်ပေးနိုင်ရင်အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ်။နောက်ဆုံး. တရုပ်ကုမ္ပဏီ Foxconnနဲ့. သဘောတူညီမှု ရတယ်။ သဘောတူ စာချုပ်တောင် မချုပ်ရသေးဘူး. Foxcoon က.iPhone အတွက် screen လဲ တပ်ဖို့ စက်ရုံအသစ်တခုကို အားချင်းဆောက်လိုက်တယ်။ စတိုကြီး ထဲမှာလဲ. စမ်းသတ်ဖို့ မှန်ချပ်တွေဝယ်ပြီး. အမျိုးအစားအလိုက် ခွဲခြားသိုလှောင် ထားလိုက်တယ်။ စက်ရုံမှူးက. သူ့အင်ဂျင်နီယာတွေကို. စက်ရုံဝင်းထဲက. ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ်။. အရေးကြီးရင်. အချိန် မရွေး.ခေါ်လို့ ရအောင်ပေါ့။မှန်တွေကို. ပိုက်ဆံမယူပဲ .ကြိုက်သလောက် စမ်းကြည့်နိုင်တယ် လို့ပြောပါတယ်။ စတစ်ဗ်လက်ထောက်ဟာ. အဲဒီစက်ရုံမှာ. တလကြာအောင်နေပြီး. တရုပ် အင်ဂျင်နီယာတွေနဲ့. မှန်မျိုးစုံ ကိုဖြတ် ကြည့်တယ်။ iPhone_Screenဖြစ်လာအောင် လုပ်ကြတယ်။.ခြစ်ရာပေါ်မပေါ် စမ်းကြည့်တယ်။ .နောက်ဆုံး .screen လုပ်နိုင်မဲ့ စိတ်ကြိုက်မှန်တွေ့ပြီ ဆိုတော့.Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ် လိုက်တယ်။ အမေရိ ကန်. ကာလီဖိုးနီးယားမှာ ရှိတဲ့ Apple ကုမ္ပဏီကို. screenလဲတပ်ဖို့. iPhone ပထမတသုတ်ကို. Foxconn စက်ရုံ ကို ပို့လိုက်ဖို့ အကြေင်းကြား လိုက်တယ်။

တပတ်ကြာတော့. မှာထားတဲ့ iPhoneတွေထဲ့ ထားတဲ့ ကုန်သေ တ္တာတွေ. စက်ရုံကိုရောက်လာတယ်။ .ရောက်တဲ့ အချိန်ကမိုးအတော်ချုပ်နေပြီ။iPhone.သေတ္တာတွေကို. စက်ရုံထဲ ချအပြီးမှာ. စက်ရုံမှူးဟာ .ဝီစီကို တတွီတွီနဲ့ မှုတ်လိုက်တယ်။. စက်ရုံဝင်းထဲက .ဘားတိုက်တွေမှာ. အနားယူနေကြ တဲ့ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေအလုပ်သမားတွေဘားတိုက်ပေါ်က .ပြေးဆင်းလာကြပြီးစက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။ စက်ရုံမှူးက. အခုအချိန်ကစပြီး. မှန် ချပ်တွေကိုဖြတ်ပြီး.iPhone_Screenတွေ လုပ်ဖို့ တညလုံး အလုပ်ဆင်းကြရမယ် လို့ပြောလိုက်တယ်။ စကားပြောပြီးတာနဲ့. အားလုံးကို. စားပွဲတွေပေါ်က. လက်ဖက်ရည် တခွက်နဲ့ပေါင်မုန့်တချပ်စီကို တန်းစီယူစား ခိုင်း လိုက်တယ်။အားလုံး. ကမန်းကတန်း ယူစားကြပြီး.စက်ရုံထဲ ဝင်သွားကြတယ်။ စက်ရုံတခုလုံး.ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ. ချက်ချင်းပဲ. အလုပ်စတင် လုပ်ကြတယ်။.နေ့ဆိုင်း. ညဆိုင်းတွေနဲ့ လုပ်လိုက်ကြတာ.၃ရက်အတွင်းမှာ. iPhone အလုံး တစ်သောင်းရဲ့ plastic_screenတွေကိုglass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။ နောက် ၃လ အကြာမှာ .Appleကုမ္ပဏီဟာ. iPhone အလုံးပေါင်း တစ်သန်းရောင်းချ ခဲ့ပါတယ်။ .နောက်ပိုင်းမှာ. iPhoneကိုအမေရိကန်.ကာလီဖိုးနီးယားမှာ. ဒီဇိုင်းပဲဆွဲပြီး. ကုန်ကြမ်းကနေ. iPhoneဖြစ်တဲ့အထိ. တရုပ်ပြည်မှာ ပဲ.လုပ်ပါတော့တယ်။

၎နစ်ကြာတော့. Appleဟာ .iPhone အလုံးပေါင်း သန်း(၂၀၀)ရောင်း ချနိုင်ခဲ့ပါတယ်။
မီဒီယာကိုပြောပြနေတဲ့ Apple ကုမ္ပဏီ အရာရှိက. ဆက်ပြောပြပါသေးတယ်။ ကုန်ကြမ်းကနေ .iPhoneတွေဖြစ် လာတဲ့အထိ. ထုတ်လုပ်ဖို့. အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့ အလုပ်သမားပေါင်း ၂သိန်း လိုအပ်ပါတယ်။. အင်ဂျ င်နီယာ (၈,၇၀၀)ရအောင် စုဖို့ အမေရိကန်မှာ .-၉လကြာမြင့် မှာဖြစ်ပြီး. တရုပ်ပြည်မှာ (၁၅)ရက်ပဲကြာ ပါလိမ့် မယ်။ အမေရိကန်မှာ. iPhone လုပ်ရင်. လုပ်ခဈေးကြီးတာရယ်. လူမရလို့ အချိပိုကြာအောင် လုပ်ရ မှာတွေကြောင့်. iPhone ကို. အခုတရုပ်ပြည်မှာ ထုတ်ပြီးရောင်းတာထက်. အများကြီးဈေးကြီးနေမှာ မို့.ဘယ်သူမှ ဝယ်ကြမှာ. မဟုတ်ပါဘူး တဲ့။

ဒီလောက်ဆိုရင် .iPhoneကို.China.မှာ ဘာကြောင့် ထုတ်လုပ်နေတယ် ဆိုတာ. သိနိုင်ပါပြီ။

လုပ်ခဈေးနူန်း သက်သာတယ်။.မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။.မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင် တာတွေကြောင့်. တရုပ်ပြည်ဟာ. ယနေ့ကမ္ဘာမှာ. စီးပွားရေး ထိပ်တန်းနိုင်ငံ တခုဖြစ်နေပါပြီ။

မှတ်ချက် ၁။.အမေရိကန်နိုင်ငံထုတ် "The_New_York_Times" သတင်းစာမှာ ပါတဲ့ သတင်းတပုဒ်ကို မှီငြမ်းရေး ထားတာ ပါ။
၂။.Steve_Jobs ဟာ (၂၀၁၁)ခုနှစ်.အောက်တိုဘာလ (၅)ရက်နေ့မှာ. ကင်ဆာရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါ တယ်။

Gold Fish

Tuesday 18 October 2016

မြန်မာအထင်ကရ တစ္ဆေကြီး ခြောက်မျိုး

မှောင်မိုက်လွန်းတဲ့ ညတစ်ညမှာ အသံဆိုးတစ်ခုခုကြောင့် ရုတ်တရက် လန့်နိုးသွားတယ်ဆိုပါစို့။
အဲဒီအသံက ပြတင်းပေါက်အပြင်က လေတိုက်လို့ သစ်ကိုင်းတွေ လှုပ်တဲ့ အသံလား၊
ကြောင်တစ်ကောင်များ အိမ်နောက်ဖေးမီးဖိုချောင်မှာ ညဥ့်နက်စာ လာခိုးစားတဲ့ အသံလား၊
သူခိုးတစ်ယောက်ကများ အိပ်ရာအောက်မှာ ၀ှက်ထားတဲ့ ပိုက်ဆံအုပ်လိုက်တွေကိုများ
လာခိုးတာများလား.. စသဖြင့် အတွေးတွေ ပေါ်မိကောင်းပေါ်မိကြမှာပါ။
ဒါမှမဟုတ် သက်ရှိလောကကမဟုတ်တဲ့ ပရလောကသားတွေများလား၊ ဒါဆိုရင်ကော
ဘယ်လိုလုပ်မလဲ ...။
စာဖတ်သူဟာ သရဲ၊ တစ္ဆေရှိတယ်ဆိုတာက ယုံကြည်လက်ခံသူတစ်ယောက်လား၊ ကိုယ်တိုင်ရော
မျက်မြင်ကြုံတွေ့ဖူးသလား၊ ကြုံတွေ့ခဲ့စဉ်က ဘယ်လိုမျိုးရင်ဆိုင်ခဲ့ရသလဲ၊ ဒါမှမဟုတ်
ဆန့်ကျင်ဘက်အနေနဲ့ သရဲ၊ တစ္ဆေ ရှိတယ်ဆိုတာကို မယုံကြည်တဲ့သူလား၊ မကြောက်တတ်တဲ့
သူလား။
ကြောက်တတ်သူပဲဖြစ်ဖြစ်၊ မကြောက်တတ်သူပဲဖြစ်ဖြစ်၊ ယုံကြည်သူပဲဖြစ်ဖြစ်၊ မယုံကြည်သူပဲဖြစ်ဖြစ်
လူကြီးသူမတွေရဲ့ပြောစကားတွေအရ၊ အိပ်ရာဝင်ပုံပြင်တွေအရတော့ မြန်မာပြည်မှာလည်း
သရဲ၊ တစ္ဆေတွေ ရှိပါသတဲ့။
သူတို့တွေက ဘယ်သူတွေဖြစ်ကြမလဲ၊ အောက်မှာဖော်ပြပေးထားတာမို့ နာမည်တွေနဲ့
သူတို့ရဲ့အကြောင်းကို ဖတ်လိုက်ရတဲ့အခါ စာဖတ်သူသိထားပြီးတဲ့ သရဲလား၊ မသိသေးဘူးပဲဖြစ်ဖြစ်၊
သိပြီးသားဆိုလည်း စာဖတ်သူသိထားပြီးတဲ့အကြောင်းအရာနဲ့ ခုဖော်ပြပေးတာ တူညီမှုရှိသလား၊
ဘယ်နေရာမှာ ကွဲလွဲနေသလဲဆိုတာ သိနိုင်မှာပါ။
ကဲ ..မြန်မာပြည်က နာမည်ကျော် သရဲ၊ တစ္ဆေတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ
ကြည့်ကြရအောင် ...။

(၁) ခြေကလိမ်မ
တကယ်လို့ စာဖတ်သူက အိမ်မှာနေတာမဟုတ်ဘဲ အဆောင်မှာနေတဲ့ သူဆိုရင်တော့
ညဥ့်နက်သန်းခေါင်မှ အိမ်သာသွားချင်တဲ့ အခက်အခဲ တစ်ခုကို မလွဲမသွေကြုံရပါလိမ့်မယ်။
အဲဒီအချိန်မှာ အဆောင်သရဲတွေထဲကမှ မိန်းကလေးအဆောင်တွေ၊ အိမ်သာတွေထဲမှာ
ခြောက်လှန့်တတ်တဲ့ သရဲတစ်ကောင်နဲ့ ပက်ပင်းမတိုးဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။
ဒီသရဲက မိန်းမသရဲလို့ ပြောကြပါတယ်။ ဒါပေမဲ့ သူ့လက်တွေ၊ ခြေထောက်တွေက
ကောက်ကွေးကြီးတွေဆိုတော့ ဘယ်လိုမှ ကြည့်လို့ လှမှာ မဟုတ်ပါဘူး။ အဲ.. သူနဲ့တွေ့ပြီ၊
သူက ကိုယ့်နောက်လိုက်လာပြီ ဆိုတာနဲ့ အဓိက လုပ်ရမှာက အဖြောင့်အတိုင်း ထွက်မပြေးဖို့ပဲ။
တည့်တည့်ကြီးသာ ပြေးလို့ကတော့ ချက်ချင်းဆိုသလို နောက်ကျောကို ရောက်လာလိမ့်မယ်။
အဲဒီတော့ လွတ်အောင် ပြေးဖို့ဆိုရင်တော့ မြွေလိမ်မြွေကောက် လမ်းကြောင်းအတိုင်း ဝေ့၀ိုက်ပြီးသာ
ပြေးပေတော့လို့ အကြံပေးလိုက်တယ်နော်။

(၂) ဘုန်းကြီးသရဲ
ခရစ်ယာန်ဘာသာအယူအရတော့ သမ္မာကျမ်းစာတွေ၊ လက်ဝါးကပ်တိုင်တွေက သရဲ၊ တစ္ဆေတွေကို
နှိမ်နင်းနိုင်တယ်ဆိုပြီး များသောအားဖြင့် လက်ခံထားကြပါတယ်။ ပုံစံတူ ယုံကြည်မှုအရ
ဗုဒ္ဓဘာသာမှာလည်း ပါဠိဘာသာနဲ့ရွတ်ဆိုရတဲ့ ဘုရားစာတွေကိုရွတ်ဆိုတယ်ဆိုရင် သရဲ၊ တစ္ဆေတွေနဲ့
မကျွတ်မလွတ်သူတွေကို မောင်းထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မြန်မာနိုင်ငံက သရဲတွေ
အားလုံးအတွက်တော့ မဟုတ်ပါဘူး။ ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဘုန်းကြီး
သရဲတွေဟာ ဘုရားစာတွေ ရွတ်ဆိုရာမှာ သာမန်လူတွေထက် အဆပေါင်းများစွာ ကျွမ်းကျင်လို့ပါပဲ။
တကယ်လို့များ စာဖတ်သူက ဘုန်းကြီးသရဲနဲ့ ပက်ပင်းတိုးတယ်ဆိုပါတော့။ စာဖတ်သူရဲ့
ဘုရားစာရွတ်တဲ့ စွမ်းရည်က ဘုန်းကြီးသရဲနဲ့ ယှဉ်နိုင်မယ်လို့များ ယုံကြည်ချက်ရှိသလား၊
မရှိဘူးဆိုရင်တော့ အကြောက်လွန်ပြီး နောက်ဘ၀ မြန်မြန်မရောက်ဖို့ တည့်တည့်ပဲဖြစ်ဖြစ်၊
မြွေလိမ်မြွေကောက်ပဲဖြစ်ဖြစ် လှစ်လှစ်ထနေအောင်သာ ပြေးပေရော့။

(၃) မဖဲဝါ
သရဲတွေထဲကမှ လူသိများတာမို့ နာမည်ကျော်သရဲမလို့တောင် ညွှန်းဆိုရပါလိမ့်မယ်။ သူက သင်္ချိုင်းကို
အိမ်လုပ်နေသူဖြစ်ပြီး ညဥ့်နက် သန်းခေါင်ရောက်တော့မှ ဆံပင်အရှည်ကြီး ဖားလျားချ၊ အခေါင်းကြီး
တစ်လုံးကို ခေါင်းပေါ်ရွက်ပြီး ကမ္ဘာကျော် shuffle အကလို ဖင်လိမ် လျှောက်ပြီး လမ်းသလား
တတ်ပါတယ်။ သူရွေးချယ်ထားတဲ့ မင်္ဂလာအိမ်တော်ရှေ့ ရောက်ပြီဆိုတာနဲ့ တိခနဲရပ်၊ အိမ်ရဲ့
လှေကားရင်းမှာ ရွက်လာတဲ့ အခေါင်းကို ၀ုန်းခနဲပစ်ချပြီး ထွက်သွားတတ်ပါတယ်။ အခေါင်းချခံ
လိုက်ရတဲ့အိမ်က မိသားစုဝင် တစ်ဦးဦးဟာ (များသောအားဖြင့် ကလေးတွေ) မကြာမီမှာ ဖျားနာပြီး
သေဆုံးတတ်ကြပါတယ်။ ၁၉၉၀ ပြည့်နှစ် ၀န်းကျင်လောက်က ကရင်ပြည်နယ်က နာမည်ကျော်
ဘုန်းတော်ကြီး တစ်ပါးဟာ မဖဲဝါက လတ်ဆတ်တဲ့ ကလေးအသားတွေ စားချင်နေကြောင်း
အိပ်မက်မက်တယ်လို့ သတင်းစကားတွေ ထွက်ခဲ့ဖူးပါတယ်။ ဆရာတော်က ကလေးအသားကို
စားမယ့်အစား ခွေးသားကိုပဲ စားရမယ်လို့မိန့်ခဲ့ပြီး နောက်ပိုင်းမှာ နယ်က အိမ်ပေါက်ဝတွေမှာ
'ကလေးအသား ခါးတယ်၊ ခွေးအသား ချိုတယ်'ဆိုတဲ့ စာရေးအမှတ်အသားပြုပြီး မဖဲဝါရဲ့ ရန်ကို
ကာကွယ်လိုက်ကြတာမျိုးတွေလည်း ရှိပါတယ်။

(၄) ချေးစားစုန်း
ရှားရှားပါးပါး လူတချို့ဟာ လူသားတွေ ပြုမူနေထိုင်လုပ်ဆောင်ကြတာတွေကို စိတ်မ၀င်စားကြပါဘူး။
သူတို့စိတ်ဝင်စားတာက မှော်ပညာအပါအ၀င် လူတွေကို ပြုစားဖန်တီးနိုင်တဲ့ စွမ်းရည်တွေကိုပါပဲ။
သူတို့တွေဟာ မှော်ပညာတွေကို ခက်ခက်ခဲခဲနဲ့ သင်ယူကြပြီး စုန်းအတတ်သင်စာမေးပွဲကို
ကျော်ဖြတ်ကြရပါတယ်။ ကျော်ဖြတ်နိုင်တဲ့သူတွေဟာ အစွမ်းထက်တဲ့ စုန်းတွေဖြစ်လာကြပြီး
စာမေးပွဲမအောင်မြင်ဘဲ ကျရှုံးခဲ့ရင်တော့ မစင်တွေ၊ အလောင်းတွေကိုသာ စားရတဲ့ ချေးစားစုန်းဘ၀ကို
ရောက်ရှိသွားပါတော့တယ်။ ချေးစားစုန်းတွေဟာ နေ့လယ်ပိုင်းမှာ လူသားတွေလို နေထိုင်ကြပြီး
နေ၀င်သွားတာနဲ့ ခန္ဓာကိုယ်ကြီးကို စွန့်ခွာပြီး ဦးခေါင်းတစ်လုံးတည်းနဲ့ ညစာဘူဖေးအတွက်
အစာရှာထွက်ကြပါတယ်။ အဲဒီအချိန်မှာ မကောင်းဆိုးဝါးနှိမ်နင်းသူတွေက ခေါင်းမရှိတဲ့
ခန္ဓာကိုယ်ကြီးကို တရော် ခပ်ချွဲချွဲတွေနဲ့ ပွတ်ထားကြပါတယ်။ ညအချိန်ကုန်ဆုံးလို့ ပြန်လာတဲ့စုန်းက
သူ့ခေါင်းနဲ့ ကိုယ်ကို ပြန်ဆက်ဖို့ ကြိုးစားပေမဲ့ ချောနေတဲ့အတွက် မဆက်နိုင်တော့ပဲ နေထွက်လာခဲ့အခါ
အလင်းရောင်ထိပြီး ကိစ္စချောသွားပါတော့တယ်။

(၅) ဖုတ်
ဒီသရဲကတော့ ဆရာကျတဲ့ သရဲအမျိုးအစားဖြစ်ပြီး များသောအားဖြင့် သေခါနီးရောဂါကြီးကြီးမားမား
ခံစားနေရတဲ့ လူနာတွေ၊ ပြီးတော့ လူနာအနားမှာ နာ့စ်လို ဂရုစိုက်ကြသူတွေကို အဓိက
ပစ်မှတ်ထားပါတယ်။ မကျန်းမမာဖြစ်နေတဲ့ လူနာရဲ့ အသက်ဝိညာဉ် ထွက်သွားတာနဲ့တစ်ပြိုင်နက်
ဝိညာဉ်ကင်းလွတ်သွားတဲ့ ခန္ဓာကိုယ်မှာ အသာလေး နေရာဝင်ယူလိုက်ကြပါတယ်။ ဒါကို မသိတဲ့
လူနာရှင်တွေကတော့ လူနာကို အသက်ဆက်ရှင်နေတုန်းပဲလို့ ထင်ကြပြီး ဆက်ပြုစုကြပါတယ်။
တကယ်ကို အန္တရာယ်များပြီး လိမ္မာပါးနပ်တဲ့ ဖုတ်သရဲကတော့ သေသူရဲ့ ခန္ဓာကိုယ်ကို အပိုင်ယူ
နန်းစံပြီး စားချင်တဲ့ အသား၊ ငါးတွေကို တောင်းဆိုပါတော့တယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူ့ကို
အနီးကပ်ပြုစုနေရတဲ့ ကူညီသူတွေရဲ့ သွေးကို အသားချင်းထိပြီး စုပ်ယူတော့တာပါပဲ။

(၆) ဖျာလိပ်နတ်
အမျိုးသမီးတွေချည်း စုပြီးနေကြတဲ့အခါ၊ ဒါမှမဟုတ် မိဘတွေနာရီပိုင်းလောက်
အပြင်ထွက်သွားပြီဆိုတာနဲ့ အိမ်မှာကျန်ခဲ့တဲ့ ဆယ်ကျော်သက်သမီးတွေ ဘာတွေလုပ်ကြမယ်လို့
စာဖတ်သူတို့ ထင်ပါသလဲ။ အိမ်မှာရှိတဲ့ ဖျာကိုလိပ်၊ ပြီးတော့ ဖျာလိပ်ကြီးကို အင်္ကျီ၊ ထဘီဝတ်၊
သနပ်ခါးတွေသွေးလိမ်း၊ ပ၀ါတွေခြုံပေးပြီး ဖျာလိပ်နတ်ကို ဖိတ်ခေါ်ကြတော့တာပါပဲ။ ဖျာလိပ်ကြီး
အနည်းငယ်ပဲဖြစ်ဖြစ် လှုပ်လာတဲ့အခါ အသက်ဝင်လာတယ်လို့ယူဆကြပြီး ဖူးစာရှင်ဘယ်သူဖြစ်မလဲ၊
ဘယ်တော့အိမ်ထောင်ကျမလဲစတဲ့ ချစ်မှုရေးရာကိစ္စတွေကို ဖျာလိပ်နတ်ကို ၀ိုင်းမေးကြတော့တာပါပဲ။
ဒီလိုကစားနည်းမျိုးက ဖျာလိပ်၊ အကြွေစေ့၊ သစ်သားပြား စတဲ့သုံးတဲ့ ပစ္စည်းတွေသာ ကွာသွားပေမဲ့
နိုင်ငံတော်တော်များများမှာတော့ ဆင်တူပုံစံ တွေရှိနေပါတယ်။ ဒီဖျာလိပ်နတ်ကို ပြန်သွားဖို့ပြောပြီးချိန်မှာ
တကယ်ပြန် မသွားဘဲ အိမ်နားဝန်းကျင် မလှမ်းမကမ်းက ကိုယ့်ကို စောင့်ကြည့်နေမလားဆိုတာတော့
ဘယ်သူက သိနိုင်မှာလဲနော်။ ပြီးတော့ အဲဒီဖျာလိပ်ကြီးကို ခင်းပြီးအိပ်လေ့ရှိသူဆိုရင်တော့ အဲဒီညမှာ
ဘာတွေကြုံရမလဲ ဆိုတာကိုတော့ ...။

(အောက်တိုဘာ ၃၁ ရက်ဟာ Halloween ပွဲတော် ကျင်းပတဲ့နေ့ဖြစ်ပြီး အဲဒီနေ့မှာ
ကွယ်လွန်သူတို့ရဲ့ ၀ိညာဉ်တွေဟာ သူတို့ရဲ့ သင်္ချိုင်းဂူတွေထဲကနေ နိုးထလာကြတယ်လို့
အယူရှိကြတာမို့ ဟောလိုးဝင်းညဟာ ၀ိညာဉ်တွေ မြူးတဲ့ညလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
မြန်မာပြည်မှာလည်း ဟောလိုးဝင်းယဉ်ကျေးမှုက ကူးစက်ရေပန်းစားလာတာမို့ ဟောလိုးဝင်းညမှာ
မြန်မာသရဲ၊ ၀ိညာဉ်တွေလည်း မမြူးကြဘူးလို့ ဘယ်သူပြောနိုင်မလဲနော်။)

Saturday 15 October 2016

ဆင်းရဲခြင်းကို ကြွားသူများ

http://www.deluxebattery.com/wp-content/uploads/2013/11/bill-gates.jpg

အမေရိကန်သမ္မတအိုဘားမားက သူ၏ဘ၀အ ကြောင်း စာအုပ်ထဲ မှာ ငယ်စဉ်ကမိဘမပြည့်မစုံဖြင့် ဆင်းရဲစွာ ရုန်ကန်ကြီးပြင်းခဲ့ရ သည်ကို ရေးသားခဲ့သည်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ အကြိတ် အနယ်ယှဉ်ပြိုင်နေရသူ ဒီမိုကရက် တစ်ပါတီက သမ္မတလောင်းဟီ လာရီကလင်တန်ကလည်း သူ၏ မိခင်ကသူများအိမ်က အိမ်အကူ အမျိုးသမီးဖြစ်ခဲ့ကြောင်း သူ့စာ အုပ်ထဲမှာ အသေးစိတ်တင်ပြခဲ့ သည်။

သူ၏ခင်ပွန်းသမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း ဖခင် မဲ့ဖြင့် ကြီးပြင်းလာရသော ငယ်စဉ် ဘ၀မှာစက်ရုံစောင့်လုပ်သည့် အဘိုးနှင့်မည်သို့ ဆင်းရဲစွာကြီးပြင်း ခဲ့သည်ကို စာဖွဲ့ခဲ့သည်။ သူအ ကြောင်းအတ္ထုပ္ပတ္တိဖြစ်သည့် ကျွန် တော့်ဘ၀ (My Life) စာအုပ်တွင် ကျေးဇူးတော်နေ့မှာ သမ္မတ ဟောင်းကလင်တန်က သူတို့မိသားစု၌ အ၀တ်အစားအသစ်ပင် မ၀ယ်နိုင်အောင် ဆင်းရဲခဲ့ကြောင်း တခုတ်တရ ရေးခဲ့၏။

ကမ္ဘာကျော်ခေါင်းဆောင် များဖြစ်သည့် သူတို့သည် ငယ် ငယ်ကဆင်းရဲခဲ့သည်၊ ဘ၀နာခဲ့ သည်ကို အသေအချာစာဖွဲ့ရေးခဲ့ ကြသည်။ တကူးတကထုတ်ဖော် ပြောခဲ့ကြသည်။ သည်အရာက သူတို့ဘ၀သမိုင်းကို ရိုးရိုးပြောပြ ခြင်းသက်သက်တော့ မဟုတ်ပေ။

မိဘကချမ်းသာသည့်အ တွက် ရေကန်အသင့်၊ ကြာအသင့်ဖြစ်လာ၍ သည်ဘ၀ကိုရောက် လာခြင်းမဟုတ်။ ဆင်းဆင်းရဲရဲ အခြေအ နေမပေးသည့် ဘ၀ကနေ ပင်ကိုယ်အရည်အချင်း ထူးချွန် ထက်မြက်မှုကြောင့် ရောက်လာ ခြင်း ဖြစ်သည်။ သူတို့သည် အစွမ်းအစရှိသူများ ဖြစ်သည်ဟု သွယ် ၀ိုက်ဂုဏ်တင်လိုက်ခြင်း ဖြစ်သည်။ အမည်းကိုပြလျှင် အဖြူကပိုထင် ရှားသကဲ့သို့ ဘ၀နာသည်ကို ပြမှတော်ကြောင်း၊ အရည်အချင်းရှိကြောင်းက ပိုပေါ်လွင်လာသည်။ ဆင်းရဲခဲ့သည်မှာ ရှက်စရာမဟုတ်၊ ကြွားစရာလိုပင် ဖြစ်လာသည်။

‘‘ကျွန်တော်က ကိုယ့်စီးပွား ရေးကို ကိုယ်တည်ထောင်ခဲ့တာ ဟာ ကျွန်တော့်အဖေဆီက သန်း တစ်ရာတန် ချက်လက်မှတ်နဲ့ စခဲ့ တာမဟုတ်ဘူး။ ကျွန်တော်ရခဲ့တဲ့ အောင်မြင်မှုတွေ၊ မမေ့နိုင်ခဲ့တဲ့ အောင်မြင်မှုတွေအတွက် အရမ်း ကြိုးစားခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ် ဆောက်တည်ခဲ့တဲ့ လူမျိုး’’

သည်စကားကို ကမ္ဘာကျော် Bloomberg စီးပွားရေးလုပ်ငန်းစု ကြီး၏ အကြီးအကဲ၊ ကမ္ဘာမှာအ ချမ်းသာဆုံး ပုဂ္ဂိုလ် ၁၇ ဦးမှာပါ ၀င်သူ နယူးယောက်မြို့တော်ဝန် သုံးကြိမ်ဆက်တိုက်ဖြစ်ခဲ့သည့် မိုက်ကယ်လ်ဘလွန်းဘက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒီမိုက ရက်တစ်ပါတီညီလာခံမှာ ဖခင်၏ အမွေဖြင့် ချမ်းသာလာသော ရီ ပက်ဘလေကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို မိုက်ကယ်လ် က ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ် သည်။

သည်စကားက သန်းကြွယ် သူဌေးသားကနေ လုပ်ငန်းရှင်ဖြစ် လာသူ ဒေါ်နယ်ထရန့်ကို အရှိုက် ထိသွားသည်က အမှန်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းတောင်မှ ကိုယ်စွမ်းကိုယ်စနှင့် ချမ်းသာလာသူနှင့် မိဘအမွေအနှစ် ကြောင့် ချမ်းသာလာသူမှာ ဂုဏ်ယူစရာချင်း ကွာခြားသည်။ မိဘ ကြောင့် ချမ်းသာသူကို လူအများ က သာမန်အသိအမှတ်ပြုပြီး ကိုယ်စွမ်းကိုယ်စနှင့် ချမ်းသာလာသူကိုတော့ အထင်ကြီးကြသည်။ လူ တော်ဟုလည်း မြင်ကြသည်။

အမေရိကန်သမ္မတများမှာ ပင် ယှဉ်ကြည့်ပါကလည်း သည်အချက်ကပို၍ပြောစရာ ဖြစ်သည်။ချမ်းသာသော သူဌေးသားများက နေ သမ္မတဖြစ်လာသည့် သမ္မတကနေဒီ၊ သမ္မတဂျော့ဘုရှ်တို့မှာ သမ္မတအိုဘားမား၊ ဘီလ်ကလင်တန်တို့ထက်စာလျှင် ငယ်ဘ၀ကိုကိုယ်ရည်မသွေးနိုင်၊ သမ္မတလောင်းများတွင်လည်း ဒီမိုကရက်တစ်မှ ဟီလာရီက သူ့အမေအိမ်အကူအမျိုးသမီးက သူ့ကိုယခုလို ဖြစ်လာအောင်မည်သို့ ပြုစုပျိုးထောင်ခဲ့သည်ကို မဲဆွယ်ပွဲ၌ ဂုဏ်ယူစွာပြောနေသည့်အချိန်တွင် ဒေါ်နယ်ထရန့်က သူ့ငယ်စဉ်ဘ၀ ကို လူတွေ စကားမစလာအောင် ကြိုးစားနေရသည်။ သူငယ်ငယ်သူဌေးသားဘ၀၌ မက်ဟန်တန်မှာ မော် ဒယ်များနှင့် အချိန်ကုန်ခဲ့သည့် နောက်ကြောင်းပဲ သူ့မှာရှိခဲ့သည့် အတွက် ဖြစ်၏။

အသက် (၄၀)ကျော်အရွယ် ဒေါ်ပပသည် စီးပွားရေးလုပ်ငန်း အများစုကိုလုပ်ကိုင်နေသည့် အောင်မြင်သော လုပ်ငန်းရှင်တစ် ဦးဖြစ်၏။ မြန်မာပြည်တစ်ဝန်းမှာ သူ့စီးပွားရေးလုပ်ငန်းများ ရှိသည်။ သို့သော် သူကမုန့်ဟင်းခါးစားလျှင် ကောင်းကောင်းမွန်မွန် ဈေးကြီး ကြီး ပြင်ဆင်ရောင်းသော မုန့်ပွဲ များကို မစားတတ်။ မုန့်ဟင်းခါးကို ထမင်းကြမ်းနှင့်ရောကာ အကြော် မပါ ငရုတ်သီးမှုန့်နှင့် ဟင်းရည် နည်းနည်းဖြင့် ရောဖတ်စားရတာကိုသာ တမက်တမောစား၏။

‘‘အဲဒီမုန့်ဟင်းခါးကိုပဲ ကျွန်မ ဘာလို့ ကြိုက်သလဲသိလား။ ကျွန် မတို့ငယ်ငယ်က အဖေက၀န်ထမ်း ဆိုတော့ မုန့်ဟင်းခါးဝယ်ရင် အိမ် က လူကုန်တစ်ယောက်တစ်ပွဲ မ၀ယ်နိုင်ဘူး။ နှစ်ပွဲလောက်ဝယ် ပြီး မုန့်ဖတ်အလွတ်နဲ့ ရောစား။ ထမင်းနဲ့ ရောစားရတယ်။ အဲဒီအ ရသာက ကျွန်မမှာစွဲလမ်းနေတုန်း ပဲ။ ဒါကြောင့် အခုအခြေအနေဖြစ် တာတောင် ကျွန်မက အဲဒီမုန့်ဟင်း ခါးပဲ စားတတ်တော့တာ’’ဟု ဒေါ် ပပက သူတို့ဆင်းရဲခဲ့သည့်အခြေ အနေကို မိတ်ဆွေများအား အမြဲ ပြောပြလေ့ရှိသည်။ သူကဆင်းရဲ ခဲ့သည်ကို ရှက်စရာဟုမထင်။ ဆင်းရဲခြင်းကနေ သည်လိုအခြေ အနေဖြစ်လာသည့်အတွက် သူပို ဂုဏ်ယူသည်ဟုဆိုသည်။

‘‘ကျွန်မ၀န်းကျင်က ကလေး တွေက ဆင်းရဲတာကို ရှက်စရာ လို့ထင်ကြတယ်။ အခုခေတ်မှာ သူများအိုင်ဖုန်းဆိုလို့ ဖုန်းမကိုင်နိုင် တာကို ရှက်တယ်။ ကိုယ်ဆင်းရဲ မှန်းကို မသိအောင်လို့ အဲဒီစ္စည်း တွေ အငတ်ခံဝယ်တယ်။ ဆင်းရဲ တာက ဘ၀ပေးပဲ၊ ရှက်စရာမဟုတ် ပါဘူး။ ရိုးသားဖို့ပဲ လိုတယ်။ ဒါပေ မဲ့ တစ်သက်လုံးဆင်းရဲတဲ့ ဘ၀မှာ မနေရအောင်လို့တော့ ကြိုးစားရ မပေါ့’’

အမေရိကန်သမိုင်းမှာ ထင် ရှားသူ၊ အမေရိကန်နိုင်ငံကို တည်ထောင်သူထဲမှာပါဝင်သည့် ဘင်ဂျမင်ဖရန်ကလင်ကလည်း ဆင်းရဲတာက ရှက်စရာမဟုတ်။ ဆင်းရဲတာကို ရှက်စရာထင်နေတာမှရှက်စရာဟု သမိုင်းဝင်ပြောကြား ဖူးသည်။

လောကကြီးမှာ ဆင်းရဲသည် က ရှက်စရာမဟုတ်လျှင် ဘယ်အ ရာက ရှက်စရာကောင်းပါသလဲ။ ဒေါ်ပပက ယခုကဲ့သို့ မြင်၏။

‘‘ကိုယ့်ရဲ့အစွမ်းအစ မဟုတ် ဘဲ မိဘအရှိန်အ၀ါယူပြီး ကြွားဝါ တာ။ လူတွေကိုအနိုင်ကျင့်တာ တွေပေါ့။ ငါ့အဖေက ဘယ်သူ၊ ငါ့ ဦးလေးကဘာ၊ ငါတိုအမျိုးက ဘယ်သူတွေလို့ ပြောတာတွေပေါ့။ ငါ က ဘယ်သူနဲ့ဘယ်လိုတော်တာ။ ငါ့အဘိုးက ဘယ်သူ၊ ဒါမျိုးတွေကို ဂုဏ်တင်ပြောနေရင်တော့ သေ ချာတယ်။ အဲဒီပြောနေတဲ့ သူက ဘာမှမဟုတ်တော့ဘူး၊ ဘာအစွမ်းအစမှလည်း မရှိသူပဲ’’

ဆင်းရဲသည်ဆိုသည်မှာ လူ တိုင်းနှစ်လိုသည့် အရာမဟုတ်။ ခက်ခဲပင်ပန်းသောအရာတစ်ခု ဖြစ်သော်လည်း ကောင်းသောအ ချက်များလည်း ရှိသည်ဟု အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမားက ပြောခဲ့ဖူးသည်။ ထိုအရာက အောက်သက်ကျေခြင်း၊ လူ့ လောကကို အတွင်းကျကျ သိမြင် ခြင်းပင်ဖြစ်၏။ မီရှဲလ်ငယ်စဉ်က သူတို့မိသားစုမှာ အခန်းတစ်ခုသာ ရှိသည့်အတွက် အပျိုဖော်ဝင်စ ရောက်သော်လည်း အခန်းသတ် သတ် မရှိခဲ့ဟုဆိုသည်။

ကျောင်းတက်ချိန်မှာလည်း စာအုပ်ဆိုင်တစ်ဆိုင်မှာ လုပ်ခဲ့ရ သည်။ ဆင်းဆင်းရဲရဲ အခြေခံလူ တန်းစားဘ၀မှာ ကြီးပြင်းခဲ့သည့် အတွက် ကလေးသူငယ်များ၊ မိန်း ကလေးများအကြောင်းကို သူက အတွင်းကျကျ သိထားသည်။ ထို့ ကြောင့် သည်နှစ်နွေရာသီကျောင်း ပိတ်ရက်က အိုဘားမားတို့ ဇနီးမောင်နှံယားသည် သမီးငယ်ဆာရှာအိုဘားမားကို စားသောက်ဆိုင် တွင် ငွေသိမ်းစားပွဲထိုးအဖြစ် ၀င် ရောက်လုပ်ခိုင်းခဲ့သည်။

သည်လိုခိုင်းရခြင်းမှာ သူတို့ သမီးကို သာမန်လိုကြီးပြင်းလာပြီး အောက်သက်ကျေစေချင်သည်ဟု ဆိုသည်။ ဆာရှာသည်စားသောက် ဆိုင်ဝတ်စုံကို ၀တ်ကာငွေကိုင်လုပ် ရ၏။ လာစားသူများကို စားပွဲထိုး ရ၏။ စားပွဲကိုလည်း သန့်ရှင်းရေး လုပ်ရသည်။ ထို့ကြောင့် ဆာရှာအ နေဖြင့် သူ့မိဘနှစ်ပါးဖြစ်သည့် အို ဘားမားနှင့် မီရှဲလ်ငယ်စဉ်ကလို မဆင်းရဲခဲ့သော်လည်း ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည့်အတွေ့အ ကြုံတော့ ရရှိသွားသည်။ တစ်ချိန်ချိန်မှာ ဆာရှာအိုဘားမားအောင်မြင်လာသည့်အခါ သည်အတွေ့အကြုံကလည်း သူ့အတွက် ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာနိုင်သည်။ ။

7da daily

အသစ်နဲ့ အဟောင်း

 
မင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…
အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး…

အခမ်းအနားမှူးက ထပ်ပြောတယ်… ကျနော်တကယ်ပြောတာပါ… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…

နောက်ဆုံးတော့ လူတစ်ယောက်က စပြီး လက်ညိုးထောင်လာတယ်… နောက်ပိုင်း လူတွေတော်တော်များများ လက်ညိုးလိုက်ထောင်လာကြတယ်…
အခမ်းအနားမှူးက လူအားလုံးကို ကြည့်ပြီးတော့ ဟောင်းနွမ်းနေတဲ့ ၁၀၀၀တန်နဲ့ လဲလိုက်တယ်…
လက်ညိုးထောင်ထားတဲ့ အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့လိုက်ရတယ်…

အခမ်းအနားမှူးက ရယ်ပြီး နောက်ထပ် ပိုပြီး ဟောင်းနွမ်းတွန့်ကြေနေပြီး နည်းနည်းစုတ်နေတဲ့ ၁၀၀၀တန်ကို ထုတ်လာတော့ လက်ညိုးထောင်ထားတဲ့လူက သိပ်မရှိတော့သလောက်ဘဲ…
အခမ်းအနားမှူးက လက်ညိုးထောင်ထားတဲ့ထဲက ကောင်လေးတစ်ယောက်ကို စင်ပေါ်ခေါ်ပြီး ၁၀၀၀ တန်ကို သူ့လက်ထဲ ထည့်လိုက်ပြီး… သူက တောက်လျှောက် လက်ညိုးထောင်နေလို့ပါ ဆိုပြီးပြောလိုက်တယ်…

အောက်က ပရိသတ်တွေရဲ့ ရယ်မောသံကို ကြားလိုက်ရတယ်…
ကောင်လေးရဲ့မျက်နှာကလဲ နီမြန်းလာတယ်…
အခမ်းအနားမှူးက လက်ပြပြီး အားလုံးငြိမ်သက်ပေးဖို့ ပြောတယ်…
တစ်ထောင်တန် အသစ်လေးကို ထုတ်ပြီး ကောင်လေးကိုပြောတယ်…
ငါ့ရဲ့ ဒီ အသစ်လေးနဲ့ မင်းရဲ့ အဟောင်းကို လဲ လိုက်မယ်လေ… ရလား?

ကောင်လေးက ပြန်ပြောတယ်…
ရပါတယ် ဦး… ကျေးဇူးပါ…
အသစ်နဲ့ အဟောင်းက အတူတူပါဘဲ…

အခမ်းအနားမှူးက ခေါင်းငြိမ့်ပြီး ကောင်လေးကို ပိုက်ဆံယူပြီး အောက်ကို ဆင်းသွားစေတယ်…
အခမ်းအနားမှူးက သတို့သားနဲ့ သတို့သမီးတို့ကို လက်တွဲပြီး စင်ပေါ်တက်လာခိုင်းပြီးပြောတယ်…
ဘယ်လောက်ထိ လှပနေတဲ့ အလှဘဲ ဖြစ်ပါစေ… ဆုံးပါးသွားတဲ့တစ်နေ့တော့ရှိမှာဘဲ…
ဘယ်လောက်ထိ ရိုမန်းတစ်ဆန်နေတဲ့ အချစ်ဘဲ ဖြစ်ပါစေ… ဘ၀ရဲ့ပြောင်းလဲ မှုကို လိုက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်…
ခုဏက ကျနော့လက်ထဲ က ပိုက်ဆံလိုပါဘဲ…
အချိန်ကုန်ဆုံးမှုတွေနဲ့လိုက်ပြီး ဟောင်းသွားတယ်… နွမ်းသွားတယ်…
ဒါပေမဲ့ ဟို ကောင်လေးလေး ပြောသလိုပါဘဲ… အဟောင်းရော် အသစ်ရော် တစ်ထောင်တန်ဟာ တစ်ထောင်တန်ပါဘဲ…
သူ့ရဲ့တန်ဖိုးဟာ တွန့်ကြေနေလို့ ပြောင်းလဲ မသွားနိုင်ဘူး မဟုတ်လား…
အချစ်ရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မင်္ဂလာမောင်နှံတို့ နားလည်ပေးစေချင်ပါတယ်…
အိုမင်းသွားတဲ့တစ်ချိန်… စိတ်လှုပ်ရှားမှုတွေ ငြိမ်းအေးသွားတဲ့အချိန်မှာ တစ်ချိန်က ပြောခဲ့တဲ့… “တစ်သက်လုံးလက်တွဲသွားမယ်…” ဆိုတဲ့ ကတိစကားကို မမေ့ပစ်လိုက်ပါနဲ့… တစ်ဖက်လူကို တန်ဖိုးထားကြပါ…

မင်္ဂလာမောင်နှံတို့ကလဲ အကြည့်ချင်းစေ့စေ့ကြည့်ပြီးခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်…
စင်အောက်ကနေ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံဟာ မိုးချုန်းသံလို ဆူညံသွားခဲ့ပါတယ်…
လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်…

ပျော်ရွှင်ခြင်းဟာ…
လေလိုပါဘဲ…
တစ်ခဏ အတွင်းပါဘဲ…
လာတာမြန်သလို… သွားတာလဲ မြန်တယ်…

နာကျင်ခံစားမှုဆိုတာ…
သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ…
ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ…

နှလုံးသားအစစ်ဆိုတာ…
တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပါ…
တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်လာတဲ့အမူအရာပါ…

ချိုမြိန်မှုဆိုတာ…
နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ…
တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ…
ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ …
တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်…
တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်…
ကျေနပ်ပါပြီ…

လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့…
တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး…
ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆိုတာမျိုးမဖြစ်ပါစေနဲ့…
အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ…။


Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGmGJp-iX3LjKHeQx5dYLy-SwDECWHdoUYHrD7KN0O_ZQzXl_sHxBpXF0PvaBOAuT7fDMGllmgm_PIjhHrqK8vjwaiiGjOfzPn76MP2bKHgK1DB3Fh8zemzGJ_21WaeZqQ2XPrNqa55FA/s400/wisdom-green-sign.jpeg
ပညာရှိဆိုတာ စကားပြောဆိုရာမှာဖြစ်ဖြစ်၊ စာရေးသားရာမှာဖြစ်ဖြစ် စကားလုံးတိုင်းဟာ လေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပညာရှိနားဆည်းကပ်နေထိုင်ရရင် ပညာရှိတွေရဲ့ပြောဆိုပုံ၊ တွေးခေါ်ပုံတွေ ဟာ အတုယူလေးစားလောက်ဖွယ် ကောင်းလှပါတယ်။

သဘာဝကျကျ တွေးခေါ်တတ်တာတွေ၊ လောကကြီးကို ရှုမြင်ပုံတွေဟာ ကျွန်ုပ်တို့အတွက် အတုယူစ ရာတွေ အတော်များလှပါတယ်။

ပညာရှိဟာ ဥစ္စာချို့တဲ့ချင် ချို့တဲ့မယ် ဒါပေမဲ့ သူ့ရဲ့တွေးခေါ်မြော်မြင်နိုင်မှုဟာ လေးစားတန်ဖိုးထား ဖွယ်ကောင်းလှပါတယ်။ အပြင်ပန်းအနေနဲ့ကြည့်ရင် အထင်ကြီးစရာမရှိ ဖြစ်ချင်ဖြစ်မယ်။ တကယ်ပြော ဆိုဆက်ဆံကြည့်မှ ပညာရှိတို့ရဲ့ သဘောထားတွေကို သိကြရတာမဟုတ်ပါလား။

လူအတော်များများကတော့ ပညာရှိတာထက် ဥစ္စာရှိတာကို ပိုပြီးနှစ်သက်ကြတာ၊ ဥစ္စာရှိတာကိုပဲ လူရာသွင်းချင်ကြတာ၊ နေရာပေးချင်ကြတာ၊ ဥစ္စာရှိသူနဲ့ အပေါင်းအဖော်ပြုရတာကို ဂုဏ်ယူနေကြ တာ၊ ဆင်းရဲသားပညာရှိကိုတော့ ချောင်ထိုးချင်ကြတာ၊ နေရာပေးရကောင်းမှန်းမသိ၊ အဲဒီလို ချောင် ထိုးခံရတဲ့ ပညာရှိဟာ ပညာမာနအမှန်တကယ် မြဲမြံစွာလက်ကိုင်ပြုထားရင် မာနကိုဘယ်တော့မှ ချကြ တာမဟုတ်။

ပညာရှိစစ်စစ်သာဖြစ်ခဲ့ရင် မိမိကမှားနေရင် ဝန်ခံတတ်ကြတယ်။ မှန်ကန်ခဲ့ရင်လည်း ဘာကြောင့်မှန် ရတယ်ဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းရှိကြပါတယ်။ ဘာအကြောင်းပြပြ အဲဒီအကြောင်းပြ ချက်ကို စဉ်းစားတွေးခေါ်နိုင်တဲ့အဆင့်မရှိသူနဲ့ဆိုရင် အကြောင်းပြချက်တွေက အလဟဿဖြစ်သွား တော့တာပါပဲ။ ဒါဟာ ပညာရှိနဲ့ ပညာမဲ့တို့ရဲ့ ရင်ဆိုင်မဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်သွားရော။

ပညာရှိဆိုတာ မပြောခင် ကြိုတင်စဉ်းစားတယ်။ ကိုယ့်ကို ပြန်ချေပမယ့်အရာတွေကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးဖြစ်တယ်။ ပြီးရင်တင်ပြပြောဆိုတယ်။ ကိုယ်တင်ပြပြောဆိုခဲ့တာတွေကိုလည်း အပြန်ပြန်ထပ်စဉ်း စားကြတယ်။ မှားရင်သိက္ခာရှိရှိ ဆင်ခြင်သုံးသပ်ပြီး အမှန်ကိုတင်ပြရဲတာ ပညာရှိပင်ဖြစ်သည်။

ပညာရှိကိုမှီဝဲဆည်းကပ်ရာဆိုတဲ့ စကားတောင်ရှိပါတယ်။ ပညာရှိ၊ ပညာတတ်တွေ ပြောဆိုပြုမူနေ ထိုင်တာတွေကို အနီးကပ်မြင်တွေ့ဖူးမှ သြော် . . . . ဒါကြောင့်သူတို့တစ်တွေကို ပညာရှိလို့ခေါ်ကြတာ ဆိုတာ သိကြမှာ။

လက်လွတ်စပယ် မပြောတတ်ခြင်း၊ ဆိုခဲစေမြဲစေဆိုတဲ့အတိုင်း ပြောဆိုဆက်ဆံပြုမူတတ်ခြင်း၊ အ ကြောင်းအရာ ဆက်စပ်တွေးခေါ်တတ်ခြင်း၊ ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်ခြင်း၊ ကတိတည်ကြည်ခြင်း၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ ရပ်တည်နေနိုင်ခြင်းစတဲ့ အကြောင်းတရားတွေနဲ့ ပြည့်စုံကြပါတယ်။

ပညာရှိဆိုတာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့ သိနိုင်တယ်။ ပြေးကြည့်တာပဲဖြစ်ဖြစ်၊ စမ်းသပ်လုပ် ကြည့်ဦးမယ်ဆိုတာတွေဟာ အချိန်ကာလတစ်ခုကို ယူရပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန်ကာလကို နောက်ပြန်ယူလို့ မရသလို၊ ပြင်ရဖို့ခက်ခဲမယ်။ အချိန်လွန်သွားတာတွေ ဖြစ်တတ်လေတော့ စေ့စေ့ တွေးပြီးပြောတတ်၊ လုပ်တတ်တာဟာ ပညာရှိတို့ရဲ့သဘောသဘာဝပင်။

ကျွန်ုပ်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှတွေဟာ သိပ္ပံပညာရပ်နဲ့ ဆက်စပ်လျက်ရှိပါတယ်။ သိပ္ပံ အယူအဆတွေများစွာပါနေတဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာမှာ ပညာရှိတွေများများမွေးထုတ်နိုင်လေ အကျိုးရှိ လေလေပါပဲ။ ပညာရှိစစ်စစ်ဖြစ်ပြီးတော့ ဟုတ်တာပြော၊ မှန်တာလုပ်၊ မှားရင်ဝန်ခံ၊ အမှန်ရောက် အောင် ပြုပြင်နိုင်တဲ့စိတ်ဓာတ်ဟာ ပညာရှိတဲ့စိတ်ဓာတ်အမှန်ဖြစ်ပါတယ်။

ပညာမဲ့များကဲ့သို့ ပြောဆိုဆက်ဆံခြင်း၊ နေ့တစ်မျိုး၊ ညတစ်သွယ်ပြောတတ်ခြင်း၊ အကြောင်းအရာတစ် ခုကို အမှားလုပ်မိပြီးနောက် ရယ်စရာဟာသနှောပြီး ဆင်ခြေပေးခြင်း၊ ရူးသလိုလို လုပ်သွားခြင်း၊ မရှိကို အရှိလုပ်တတ်ခြင်း၊ မမှန်တာကို မှန်တယ်လုပ်တတ်ခြင်း၊ စဉ်းစားဆင်ခြင်ဉာဏ်ပညာမရှိဘဲ ထင်ရာမြင် ရာကို တစ်ဇွတ်ထိုးပြောဆိုဆက်ဆံခြင်းစတဲ့ အမူအကျင့်တွေ့ကို တွေ့ရတတ်ပါတယ်။

ပညာရှိနဲ့ပညာမဲ့တွေဟာ အတူနေလို့မဖြစ်နိုင်ပါဘူး။ အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားလိုပါပဲ။

ပညာရှိက ပညာရှိလိုတွေးခေါ်ပြီး လုပ်ချင်တယ်။ ပညာမဲ့တို့က ဆန့်ကျင်ဘက်ပြုကြတယ်။ ပညာရှိက အကြောင်းအကျိုးဆီလျော်စွာ လုပ်မယ်။ ပညာမဲ့က အကြောင်းအကျိုးထက် မိမိအတ္တတစ်ခုအတွက်ပဲ ဦးစားပေးလုပ်ကြမယ်။ ပညာရှိက ဟုတ်တိုင်းမှန်ရာ အမှန်ပြောမယ်။ ပညာမဲ့က ဖုံးကွယ်ထားမယ်။ သို့ မဟုတ် လမ်းကြောင်းလွှဲပစ်လိုက်တယ်။ ပညာရှိက နက်နက်နဲနဲတွေးမယ်။ ပညာမဲ့က ပေါ့ပေါ့တန်တန် တွေးကြတယ်။ အဲဒီလိုစရိုက်သဘာဝချင်းမတူကြတဲ့အတွက် ဘယ်လိုမှ အစေးမကပ်နိုင်၊ အဖြူနဲ့ အမည်းလို ဆန့်ကျင်ဘက်သဘော သက်ရောက်နေတဲ့အတွက် ညှိလို့မရ၊ ဆက်ဆံပြောဆိုလို့ မရ။

စရိုက်သဘာဝချင်းဟာလည်း မတူ၊ အယူအဆက ကွဲပြားနေတတ်လေတော့ တစ်ဖက်ကပညာမဲ့သူကို အသိအလိမ္မာ ဉာဏ်ပညာတက်အောင်လုပ် သို့မဟုတ် ပညာရှိကလည်း ပညာမဲ့စရိုက်နဲ့တူအောင်၊ နိမ့် ပါးအောင်နေထိုင်။ အဲဒီလိုဆိုရင် မတူကွဲပြားမှုက မသိမသာဖြစ်သွားပြီး ပညာရှိနဲ့ပညာမဲ့တွေ ပေါင်း ဖက်လို့ရကောင်းရဲ့။

အဝေဖန်ခံနိုင်မှ မိမိရဲ့မှားနေတဲ့ လုပ်ရပ်တွေကိုပြုပြင်ဖို့ လမ်းစဖြစ်နိုင်ပါတယ်။ ကိုယ်ကအဝေဖန် မခံနိုင်ဘူးဆိုရင် မှားနေတဲ့လမ်းကြောင်းမှာ ဆက်လျှောက်နေပြီး မှားနေမြဲ မှားနေကြမှာပင်။ ပညာရှိ တို့ရဲ့သဘောက ဆင်ခြင်တုံတရားရှိခြင်း၊ ရှေ့ကိုကြိုတင်တွေးဆနိုင်ခြင်းရှိကြတဲ့အတွက် အမှားကိုပြင် ရဲကြခြင်း ဖြစ်ပေတယ်။

လောကမှာ မမှားဖူးတဲ့သူဆိုတာ မရှိနိုင်၊ တစ်ကြိမ်ကြိမ်မှာ အမှားကိုကျူးလွန်ဖူးဖြစ်ကြမှာပါ။ အဲဒီလို မှားတာကို မှားတယ်လို့ပြင်တတ်ပါမှ အမှန်တရားဆိုတာ ရရှိကြမှာဖြစ်ပေတယ်။ ပညာဂုဏ်ဖြင့် တိုင်း ကျိုးပြည်ကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေ-

စံတော်ချိန်သတင်းစာ

ဧပြီလ (၁၈) ရက်၊ ၂၀၁၅ ခုနှစ်