Saturday 29 October 2016

မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင်မှ ......

 https://upload.wikimedia.org/wikipedia/commons/b/b9/Steve_Jobs_Headshot_2010-CROP.jpg

(၂၀၁၀) ခုနှစ်လောက်မှာ အမေရိကန်သမတ အိုဘားမားက ညစာစားပွဲတခုမှာ. Appleကုမ္ပဏီရဲ. CEOဖြစ်တဲ့ Steve_Jobs (စတစ်ဗ်) ကိုမေးပါတယ်။ Appleရဲ့Products တွေဖြစ်တဲ့. iPhone တို့. iPadတို့ကို. တရုပ်ပြည်မှာ သွားထုတ်လုပ်နေ တာကို (အမေရိကန် လူမျိုးတွေ အလုပ်ရအောင်). အမေရိကန် ကိုပြောင်းလာရင်ဖြစ် မလားလို့မေးတယ်။. စတစ်ဗ်က.မဖြစ်နိုင် ဘူးလို့ပြောလိုက်ပါတယ်။

.နောက်ပိုင်းမှာ. သူ့ရဲ့လက်အောက် က Apple ကုမ္ပဏီ အရာရှိတဦးက. စတစ်ဗ်ဘာကြောင့် အဲဒီ လိုပြောခဲ့ ရသလဲဆိုတာမီဒီယာကို အခုလိုရှင်းပြခဲ့ပါတယ်။

အချိန်က(၂၀၀၇)ခုနှစ်။ ပထမဆုံးပေါ်တဲ့ iPhone. ကမ္ဘာကိုဖြန့်ဖို့ (၂)လလောက်ပဲ လိုတော့တဲ့ တနေ့မှာ. စိတ် ဆိုးနေပုံရတဲ့ စတစ်ဗ်က. သူ့လက်ထောက်တွေ အားလုံးကိုသူ့ရုံးခန်းထဲ လာဖို့ခေါ်လိုက် ပါတယ်။ အား လုံးရောက် လာတာနဲ့.စတစ်ဗ်က. သူစမ်းသုံးကြည့်ဖို့ ယူထားတဲ့ iPhone. နမူနာတလုံးကို. သူ့ဘောင်းဘီဘေးအိပ် ထဲကနေ.ဆွဲထုတ် ယူလိုက်ပြီး. အားလုံးမြင် သာအောင်ထောင်ပြရင်း. အခုလိုပြောလိုက်ပါတယ်။. "ဒီဖုံးရဲ့ မှန် သားပြင် (screen)ကို ကြည့်စမ်းပါ။ .ခြစ်ရာတွေပေါ်နေတယ်။ လူတွေဟာ.လက်ကိုင်ဖုံးကို .ဘောင်းဘီအိပ်ထဲ ထဲ့တတ်ကြတယ်။ .ဘောင်းဘီအိပ်ထဲမှာ .သော့တွဲ့. ပိုက်ဆံ အကြွေစေ့တွေလဲ. ထဲ့တတ်ကြတယ်။ဒါတွေနဲ့ ထိလို့ခြစ်ရာပေါ်နေတဲ့ ဖုန်းးမျိုး. ငါကမ္ဘာကို မဖြန့်ချင်ဘူး။ ဒီPlastic_screen ကို.ခြစ်ရာ မထင်နိုင်တဲ့ မှန်သား Glass_scree nနဲ့လဲပစ်ရမယ်။အခုထုတ်ပြီးသား ဖုန်းတွေ အားလုံးကို (၆)ပတ် အတွင်းပြီးအောင် လဲလိုက်ကြ။ ကဲ.သွားကြတော့" လို့ပြောလိုက်တယ်။
သူ့လက်ထောက်တွေ အားလုံး. အရမ်းခေါင်းခြောက် သွားကြတယ်။

စတစ်ဗ်အကြောင်း. သူတို့ကောင်းကောင်း သိတယ်။.စတစ်ဗ်ဟာ. သူပြောပြီးတဲ့ စကားကို. ဘယ်တော့မှ အလျှော့မပေး တတ်ဘူး။. သူလိုချင်တာဖြစ်အောင်. လုပ်ကြရတော့မယ်။. ခက်တာက.iPhone စတင်ရောင်းမဲ့ ရက်ကိုကမ္ဘာသိကြေငြာပြီးပြီ။ ၂လပဲ ကျန်တော့ တယ်။. ကမ္ဘာကို မဖြန့်ခင်.ဖုန်းတွေကို Glass_Screenနဲ့ အစားထိုးလဲဖို့ အချိန်(၆)ပတ် ပဲပေးတယ်။ လုပ်ပြီးသား. ဖုန်းအလုံး သိန်းချီပြီးကို (၆)ပတ်အတွင်း screen လဲတပ်ဖို့ဆိုတာ. မဖြစ်နိုင်ဘူး။. အရင် Screen လုပ်ပေးနေကျ. အမေရိကန် ကုမ္ပဏီ Corning ကိုမေးကြည့်တော့. အချိန်(၆)လ ကြာမယ်တဲ့။ သူတို့အထဲကလက်ထောက်တယောက်က. စဉ်းစားတယ်။. ဒီလောက်အချိန်တိုတိုနဲ့. စတစ်ဗ်ဖြစ်ချင်တာရဖို့. အမေရိကန်နိုင်ငံမှာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်. သူဟာ(၃)ရက် အကြာမှာ. တရုပ်ပြည်က မှန်ဖြတ်စက်ရုံ အများအပြားရှိတဲ့. Shenzhenပြည်နယ်ကို .လေယဉ်နဲ့ ထွက်ခွာသွားတယ်။

.Shenzhenပြည်နယ်က စက်ရုံမှူးတွေ နဲ့တွေ့ပြီး. သူလိုချင်တဲ့ Glass_screen ကို iPhoneတွေမှာ. သတ်မှတ်ရက် အတွင်းပြီးအောင် လုပ်ပေးနိုင်ရင်အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ်။နောက်ဆုံး. တရုပ်ကုမ္ပဏီ Foxconnနဲ့. သဘောတူညီမှု ရတယ်။ သဘောတူ စာချုပ်တောင် မချုပ်ရသေးဘူး. Foxcoon က.iPhone အတွက် screen လဲ တပ်ဖို့ စက်ရုံအသစ်တခုကို အားချင်းဆောက်လိုက်တယ်။ စတိုကြီး ထဲမှာလဲ. စမ်းသတ်ဖို့ မှန်ချပ်တွေဝယ်ပြီး. အမျိုးအစားအလိုက် ခွဲခြားသိုလှောင် ထားလိုက်တယ်။ စက်ရုံမှူးက. သူ့အင်ဂျင်နီယာတွေကို. စက်ရုံဝင်းထဲက. ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ်။. အရေးကြီးရင်. အချိန် မရွေး.ခေါ်လို့ ရအောင်ပေါ့။မှန်တွေကို. ပိုက်ဆံမယူပဲ .ကြိုက်သလောက် စမ်းကြည့်နိုင်တယ် လို့ပြောပါတယ်။ စတစ်ဗ်လက်ထောက်ဟာ. အဲဒီစက်ရုံမှာ. တလကြာအောင်နေပြီး. တရုပ် အင်ဂျင်နီယာတွေနဲ့. မှန်မျိုးစုံ ကိုဖြတ် ကြည့်တယ်။ iPhone_Screenဖြစ်လာအောင် လုပ်ကြတယ်။.ခြစ်ရာပေါ်မပေါ် စမ်းကြည့်တယ်။ .နောက်ဆုံး .screen လုပ်နိုင်မဲ့ စိတ်ကြိုက်မှန်တွေ့ပြီ ဆိုတော့.Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ် လိုက်တယ်။ အမေရိ ကန်. ကာလီဖိုးနီးယားမှာ ရှိတဲ့ Apple ကုမ္ပဏီကို. screenလဲတပ်ဖို့. iPhone ပထမတသုတ်ကို. Foxconn စက်ရုံ ကို ပို့လိုက်ဖို့ အကြေင်းကြား လိုက်တယ်။

တပတ်ကြာတော့. မှာထားတဲ့ iPhoneတွေထဲ့ ထားတဲ့ ကုန်သေ တ္တာတွေ. စက်ရုံကိုရောက်လာတယ်။ .ရောက်တဲ့ အချိန်ကမိုးအတော်ချုပ်နေပြီ။iPhone.သေတ္တာတွေကို. စက်ရုံထဲ ချအပြီးမှာ. စက်ရုံမှူးဟာ .ဝီစီကို တတွီတွီနဲ့ မှုတ်လိုက်တယ်။. စက်ရုံဝင်းထဲက .ဘားတိုက်တွေမှာ. အနားယူနေကြ တဲ့ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေအလုပ်သမားတွေဘားတိုက်ပေါ်က .ပြေးဆင်းလာကြပြီးစက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။ စက်ရုံမှူးက. အခုအချိန်ကစပြီး. မှန် ချပ်တွေကိုဖြတ်ပြီး.iPhone_Screenတွေ လုပ်ဖို့ တညလုံး အလုပ်ဆင်းကြရမယ် လို့ပြောလိုက်တယ်။ စကားပြောပြီးတာနဲ့. အားလုံးကို. စားပွဲတွေပေါ်က. လက်ဖက်ရည် တခွက်နဲ့ပေါင်မုန့်တချပ်စီကို တန်းစီယူစား ခိုင်း လိုက်တယ်။အားလုံး. ကမန်းကတန်း ယူစားကြပြီး.စက်ရုံထဲ ဝင်သွားကြတယ်။ စက်ရုံတခုလုံး.ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ. ချက်ချင်းပဲ. အလုပ်စတင် လုပ်ကြတယ်။.နေ့ဆိုင်း. ညဆိုင်းတွေနဲ့ လုပ်လိုက်ကြတာ.၃ရက်အတွင်းမှာ. iPhone အလုံး တစ်သောင်းရဲ့ plastic_screenတွေကိုglass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။ နောက် ၃လ အကြာမှာ .Appleကုမ္ပဏီဟာ. iPhone အလုံးပေါင်း တစ်သန်းရောင်းချ ခဲ့ပါတယ်။ .နောက်ပိုင်းမှာ. iPhoneကိုအမေရိကန်.ကာလီဖိုးနီးယားမှာ. ဒီဇိုင်းပဲဆွဲပြီး. ကုန်ကြမ်းကနေ. iPhoneဖြစ်တဲ့အထိ. တရုပ်ပြည်မှာ ပဲ.လုပ်ပါတော့တယ်။

၎နစ်ကြာတော့. Appleဟာ .iPhone အလုံးပေါင်း သန်း(၂၀၀)ရောင်း ချနိုင်ခဲ့ပါတယ်။
မီဒီယာကိုပြောပြနေတဲ့ Apple ကုမ္ပဏီ အရာရှိက. ဆက်ပြောပြပါသေးတယ်။ ကုန်ကြမ်းကနေ .iPhoneတွေဖြစ် လာတဲ့အထိ. ထုတ်လုပ်ဖို့. အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့ အလုပ်သမားပေါင်း ၂သိန်း လိုအပ်ပါတယ်။. အင်ဂျ င်နီယာ (၈,၇၀၀)ရအောင် စုဖို့ အမေရိကန်မှာ .-၉လကြာမြင့် မှာဖြစ်ပြီး. တရုပ်ပြည်မှာ (၁၅)ရက်ပဲကြာ ပါလိမ့် မယ်။ အမေရိကန်မှာ. iPhone လုပ်ရင်. လုပ်ခဈေးကြီးတာရယ်. လူမရလို့ အချိပိုကြာအောင် လုပ်ရ မှာတွေကြောင့်. iPhone ကို. အခုတရုပ်ပြည်မှာ ထုတ်ပြီးရောင်းတာထက်. အများကြီးဈေးကြီးနေမှာ မို့.ဘယ်သူမှ ဝယ်ကြမှာ. မဟုတ်ပါဘူး တဲ့။

ဒီလောက်ဆိုရင် .iPhoneကို.China.မှာ ဘာကြောင့် ထုတ်လုပ်နေတယ် ဆိုတာ. သိနိုင်ပါပြီ။

လုပ်ခဈေးနူန်း သက်သာတယ်။.မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။.မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင် တာတွေကြောင့်. တရုပ်ပြည်ဟာ. ယနေ့ကမ္ဘာမှာ. စီးပွားရေး ထိပ်တန်းနိုင်ငံ တခုဖြစ်နေပါပြီ။

မှတ်ချက် ၁။.အမေရိကန်နိုင်ငံထုတ် "The_New_York_Times" သတင်းစာမှာ ပါတဲ့ သတင်းတပုဒ်ကို မှီငြမ်းရေး ထားတာ ပါ။
၂။.Steve_Jobs ဟာ (၂၀၁၁)ခုနှစ်.အောက်တိုဘာလ (၅)ရက်နေ့မှာ. ကင်ဆာရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါ တယ်။

Gold Fish

Tuesday 18 October 2016

မြန်မာအထင်ကရ တစ္ဆေကြီး ခြောက်မျိုး

မှောင်မိုက်လွန်းတဲ့ ညတစ်ညမှာ အသံဆိုးတစ်ခုခုကြောင့် ရုတ်တရက် လန့်နိုးသွားတယ်ဆိုပါစို့။
အဲဒီအသံက ပြတင်းပေါက်အပြင်က လေတိုက်လို့ သစ်ကိုင်းတွေ လှုပ်တဲ့ အသံလား၊
ကြောင်တစ်ကောင်များ အိမ်နောက်ဖေးမီးဖိုချောင်မှာ ညဥ့်နက်စာ လာခိုးစားတဲ့ အသံလား၊
သူခိုးတစ်ယောက်ကများ အိပ်ရာအောက်မှာ ၀ှက်ထားတဲ့ ပိုက်ဆံအုပ်လိုက်တွေကိုများ
လာခိုးတာများလား.. စသဖြင့် အတွေးတွေ ပေါ်မိကောင်းပေါ်မိကြမှာပါ။
ဒါမှမဟုတ် သက်ရှိလောကကမဟုတ်တဲ့ ပရလောကသားတွေများလား၊ ဒါဆိုရင်ကော
ဘယ်လိုလုပ်မလဲ ...။
စာဖတ်သူဟာ သရဲ၊ တစ္ဆေရှိတယ်ဆိုတာက ယုံကြည်လက်ခံသူတစ်ယောက်လား၊ ကိုယ်တိုင်ရော
မျက်မြင်ကြုံတွေ့ဖူးသလား၊ ကြုံတွေ့ခဲ့စဉ်က ဘယ်လိုမျိုးရင်ဆိုင်ခဲ့ရသလဲ၊ ဒါမှမဟုတ်
ဆန့်ကျင်ဘက်အနေနဲ့ သရဲ၊ တစ္ဆေ ရှိတယ်ဆိုတာကို မယုံကြည်တဲ့သူလား၊ မကြောက်တတ်တဲ့
သူလား။
ကြောက်တတ်သူပဲဖြစ်ဖြစ်၊ မကြောက်တတ်သူပဲဖြစ်ဖြစ်၊ ယုံကြည်သူပဲဖြစ်ဖြစ်၊ မယုံကြည်သူပဲဖြစ်ဖြစ်
လူကြီးသူမတွေရဲ့ပြောစကားတွေအရ၊ အိပ်ရာဝင်ပုံပြင်တွေအရတော့ မြန်မာပြည်မှာလည်း
သရဲ၊ တစ္ဆေတွေ ရှိပါသတဲ့။
သူတို့တွေက ဘယ်သူတွေဖြစ်ကြမလဲ၊ အောက်မှာဖော်ပြပေးထားတာမို့ နာမည်တွေနဲ့
သူတို့ရဲ့အကြောင်းကို ဖတ်လိုက်ရတဲ့အခါ စာဖတ်သူသိထားပြီးတဲ့ သရဲလား၊ မသိသေးဘူးပဲဖြစ်ဖြစ်၊
သိပြီးသားဆိုလည်း စာဖတ်သူသိထားပြီးတဲ့အကြောင်းအရာနဲ့ ခုဖော်ပြပေးတာ တူညီမှုရှိသလား၊
ဘယ်နေရာမှာ ကွဲလွဲနေသလဲဆိုတာ သိနိုင်မှာပါ။
ကဲ ..မြန်မာပြည်က နာမည်ကျော် သရဲ၊ တစ္ဆေတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ
ကြည့်ကြရအောင် ...။

(၁) ခြေကလိမ်မ
တကယ်လို့ စာဖတ်သူက အိမ်မှာနေတာမဟုတ်ဘဲ အဆောင်မှာနေတဲ့ သူဆိုရင်တော့
ညဥ့်နက်သန်းခေါင်မှ အိမ်သာသွားချင်တဲ့ အခက်အခဲ တစ်ခုကို မလွဲမသွေကြုံရပါလိမ့်မယ်။
အဲဒီအချိန်မှာ အဆောင်သရဲတွေထဲကမှ မိန်းကလေးအဆောင်တွေ၊ အိမ်သာတွေထဲမှာ
ခြောက်လှန့်တတ်တဲ့ သရဲတစ်ကောင်နဲ့ ပက်ပင်းမတိုးဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။
ဒီသရဲက မိန်းမသရဲလို့ ပြောကြပါတယ်။ ဒါပေမဲ့ သူ့လက်တွေ၊ ခြေထောက်တွေက
ကောက်ကွေးကြီးတွေဆိုတော့ ဘယ်လိုမှ ကြည့်လို့ လှမှာ မဟုတ်ပါဘူး။ အဲ.. သူနဲ့တွေ့ပြီ၊
သူက ကိုယ့်နောက်လိုက်လာပြီ ဆိုတာနဲ့ အဓိက လုပ်ရမှာက အဖြောင့်အတိုင်း ထွက်မပြေးဖို့ပဲ။
တည့်တည့်ကြီးသာ ပြေးလို့ကတော့ ချက်ချင်းဆိုသလို နောက်ကျောကို ရောက်လာလိမ့်မယ်။
အဲဒီတော့ လွတ်အောင် ပြေးဖို့ဆိုရင်တော့ မြွေလိမ်မြွေကောက် လမ်းကြောင်းအတိုင်း ဝေ့၀ိုက်ပြီးသာ
ပြေးပေတော့လို့ အကြံပေးလိုက်တယ်နော်။

(၂) ဘုန်းကြီးသရဲ
ခရစ်ယာန်ဘာသာအယူအရတော့ သမ္မာကျမ်းစာတွေ၊ လက်ဝါးကပ်တိုင်တွေက သရဲ၊ တစ္ဆေတွေကို
နှိမ်နင်းနိုင်တယ်ဆိုပြီး များသောအားဖြင့် လက်ခံထားကြပါတယ်။ ပုံစံတူ ယုံကြည်မှုအရ
ဗုဒ္ဓဘာသာမှာလည်း ပါဠိဘာသာနဲ့ရွတ်ဆိုရတဲ့ ဘုရားစာတွေကိုရွတ်ဆိုတယ်ဆိုရင် သရဲ၊ တစ္ဆေတွေနဲ့
မကျွတ်မလွတ်သူတွေကို မောင်းထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မြန်မာနိုင်ငံက သရဲတွေ
အားလုံးအတွက်တော့ မဟုတ်ပါဘူး။ ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဘုန်းကြီး
သရဲတွေဟာ ဘုရားစာတွေ ရွတ်ဆိုရာမှာ သာမန်လူတွေထက် အဆပေါင်းများစွာ ကျွမ်းကျင်လို့ပါပဲ။
တကယ်လို့များ စာဖတ်သူက ဘုန်းကြီးသရဲနဲ့ ပက်ပင်းတိုးတယ်ဆိုပါတော့။ စာဖတ်သူရဲ့
ဘုရားစာရွတ်တဲ့ စွမ်းရည်က ဘုန်းကြီးသရဲနဲ့ ယှဉ်နိုင်မယ်လို့များ ယုံကြည်ချက်ရှိသလား၊
မရှိဘူးဆိုရင်တော့ အကြောက်လွန်ပြီး နောက်ဘ၀ မြန်မြန်မရောက်ဖို့ တည့်တည့်ပဲဖြစ်ဖြစ်၊
မြွေလိမ်မြွေကောက်ပဲဖြစ်ဖြစ် လှစ်လှစ်ထနေအောင်သာ ပြေးပေရော့။

(၃) မဖဲဝါ
သရဲတွေထဲကမှ လူသိများတာမို့ နာမည်ကျော်သရဲမလို့တောင် ညွှန်းဆိုရပါလိမ့်မယ်။ သူက သင်္ချိုင်းကို
အိမ်လုပ်နေသူဖြစ်ပြီး ညဥ့်နက် သန်းခေါင်ရောက်တော့မှ ဆံပင်အရှည်ကြီး ဖားလျားချ၊ အခေါင်းကြီး
တစ်လုံးကို ခေါင်းပေါ်ရွက်ပြီး ကမ္ဘာကျော် shuffle အကလို ဖင်လိမ် လျှောက်ပြီး လမ်းသလား
တတ်ပါတယ်။ သူရွေးချယ်ထားတဲ့ မင်္ဂလာအိမ်တော်ရှေ့ ရောက်ပြီဆိုတာနဲ့ တိခနဲရပ်၊ အိမ်ရဲ့
လှေကားရင်းမှာ ရွက်လာတဲ့ အခေါင်းကို ၀ုန်းခနဲပစ်ချပြီး ထွက်သွားတတ်ပါတယ်။ အခေါင်းချခံ
လိုက်ရတဲ့အိမ်က မိသားစုဝင် တစ်ဦးဦးဟာ (များသောအားဖြင့် ကလေးတွေ) မကြာမီမှာ ဖျားနာပြီး
သေဆုံးတတ်ကြပါတယ်။ ၁၉၉၀ ပြည့်နှစ် ၀န်းကျင်လောက်က ကရင်ပြည်နယ်က နာမည်ကျော်
ဘုန်းတော်ကြီး တစ်ပါးဟာ မဖဲဝါက လတ်ဆတ်တဲ့ ကလေးအသားတွေ စားချင်နေကြောင်း
အိပ်မက်မက်တယ်လို့ သတင်းစကားတွေ ထွက်ခဲ့ဖူးပါတယ်။ ဆရာတော်က ကလေးအသားကို
စားမယ့်အစား ခွေးသားကိုပဲ စားရမယ်လို့မိန့်ခဲ့ပြီး နောက်ပိုင်းမှာ နယ်က အိမ်ပေါက်ဝတွေမှာ
'ကလေးအသား ခါးတယ်၊ ခွေးအသား ချိုတယ်'ဆိုတဲ့ စာရေးအမှတ်အသားပြုပြီး မဖဲဝါရဲ့ ရန်ကို
ကာကွယ်လိုက်ကြတာမျိုးတွေလည်း ရှိပါတယ်။

(၄) ချေးစားစုန်း
ရှားရှားပါးပါး လူတချို့ဟာ လူသားတွေ ပြုမူနေထိုင်လုပ်ဆောင်ကြတာတွေကို စိတ်မ၀င်စားကြပါဘူး။
သူတို့စိတ်ဝင်စားတာက မှော်ပညာအပါအ၀င် လူတွေကို ပြုစားဖန်တီးနိုင်တဲ့ စွမ်းရည်တွေကိုပါပဲ။
သူတို့တွေဟာ မှော်ပညာတွေကို ခက်ခက်ခဲခဲနဲ့ သင်ယူကြပြီး စုန်းအတတ်သင်စာမေးပွဲကို
ကျော်ဖြတ်ကြရပါတယ်။ ကျော်ဖြတ်နိုင်တဲ့သူတွေဟာ အစွမ်းထက်တဲ့ စုန်းတွေဖြစ်လာကြပြီး
စာမေးပွဲမအောင်မြင်ဘဲ ကျရှုံးခဲ့ရင်တော့ မစင်တွေ၊ အလောင်းတွေကိုသာ စားရတဲ့ ချေးစားစုန်းဘ၀ကို
ရောက်ရှိသွားပါတော့တယ်။ ချေးစားစုန်းတွေဟာ နေ့လယ်ပိုင်းမှာ လူသားတွေလို နေထိုင်ကြပြီး
နေ၀င်သွားတာနဲ့ ခန္ဓာကိုယ်ကြီးကို စွန့်ခွာပြီး ဦးခေါင်းတစ်လုံးတည်းနဲ့ ညစာဘူဖေးအတွက်
အစာရှာထွက်ကြပါတယ်။ အဲဒီအချိန်မှာ မကောင်းဆိုးဝါးနှိမ်နင်းသူတွေက ခေါင်းမရှိတဲ့
ခန္ဓာကိုယ်ကြီးကို တရော် ခပ်ချွဲချွဲတွေနဲ့ ပွတ်ထားကြပါတယ်။ ညအချိန်ကုန်ဆုံးလို့ ပြန်လာတဲ့စုန်းက
သူ့ခေါင်းနဲ့ ကိုယ်ကို ပြန်ဆက်ဖို့ ကြိုးစားပေမဲ့ ချောနေတဲ့အတွက် မဆက်နိုင်တော့ပဲ နေထွက်လာခဲ့အခါ
အလင်းရောင်ထိပြီး ကိစ္စချောသွားပါတော့တယ်။

(၅) ဖုတ်
ဒီသရဲကတော့ ဆရာကျတဲ့ သရဲအမျိုးအစားဖြစ်ပြီး များသောအားဖြင့် သေခါနီးရောဂါကြီးကြီးမားမား
ခံစားနေရတဲ့ လူနာတွေ၊ ပြီးတော့ လူနာအနားမှာ နာ့စ်လို ဂရုစိုက်ကြသူတွေကို အဓိက
ပစ်မှတ်ထားပါတယ်။ မကျန်းမမာဖြစ်နေတဲ့ လူနာရဲ့ အသက်ဝိညာဉ် ထွက်သွားတာနဲ့တစ်ပြိုင်နက်
ဝိညာဉ်ကင်းလွတ်သွားတဲ့ ခန္ဓာကိုယ်မှာ အသာလေး နေရာဝင်ယူလိုက်ကြပါတယ်။ ဒါကို မသိတဲ့
လူနာရှင်တွေကတော့ လူနာကို အသက်ဆက်ရှင်နေတုန်းပဲလို့ ထင်ကြပြီး ဆက်ပြုစုကြပါတယ်။
တကယ်ကို အန္တရာယ်များပြီး လိမ္မာပါးနပ်တဲ့ ဖုတ်သရဲကတော့ သေသူရဲ့ ခန္ဓာကိုယ်ကို အပိုင်ယူ
နန်းစံပြီး စားချင်တဲ့ အသား၊ ငါးတွေကို တောင်းဆိုပါတော့တယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူ့ကို
အနီးကပ်ပြုစုနေရတဲ့ ကူညီသူတွေရဲ့ သွေးကို အသားချင်းထိပြီး စုပ်ယူတော့တာပါပဲ။

(၆) ဖျာလိပ်နတ်
အမျိုးသမီးတွေချည်း စုပြီးနေကြတဲ့အခါ၊ ဒါမှမဟုတ် မိဘတွေနာရီပိုင်းလောက်
အပြင်ထွက်သွားပြီဆိုတာနဲ့ အိမ်မှာကျန်ခဲ့တဲ့ ဆယ်ကျော်သက်သမီးတွေ ဘာတွေလုပ်ကြမယ်လို့
စာဖတ်သူတို့ ထင်ပါသလဲ။ အိမ်မှာရှိတဲ့ ဖျာကိုလိပ်၊ ပြီးတော့ ဖျာလိပ်ကြီးကို အင်္ကျီ၊ ထဘီဝတ်၊
သနပ်ခါးတွေသွေးလိမ်း၊ ပ၀ါတွေခြုံပေးပြီး ဖျာလိပ်နတ်ကို ဖိတ်ခေါ်ကြတော့တာပါပဲ။ ဖျာလိပ်ကြီး
အနည်းငယ်ပဲဖြစ်ဖြစ် လှုပ်လာတဲ့အခါ အသက်ဝင်လာတယ်လို့ယူဆကြပြီး ဖူးစာရှင်ဘယ်သူဖြစ်မလဲ၊
ဘယ်တော့အိမ်ထောင်ကျမလဲစတဲ့ ချစ်မှုရေးရာကိစ္စတွေကို ဖျာလိပ်နတ်ကို ၀ိုင်းမေးကြတော့တာပါပဲ။
ဒီလိုကစားနည်းမျိုးက ဖျာလိပ်၊ အကြွေစေ့၊ သစ်သားပြား စတဲ့သုံးတဲ့ ပစ္စည်းတွေသာ ကွာသွားပေမဲ့
နိုင်ငံတော်တော်များများမှာတော့ ဆင်တူပုံစံ တွေရှိနေပါတယ်။ ဒီဖျာလိပ်နတ်ကို ပြန်သွားဖို့ပြောပြီးချိန်မှာ
တကယ်ပြန် မသွားဘဲ အိမ်နားဝန်းကျင် မလှမ်းမကမ်းက ကိုယ့်ကို စောင့်ကြည့်နေမလားဆိုတာတော့
ဘယ်သူက သိနိုင်မှာလဲနော်။ ပြီးတော့ အဲဒီဖျာလိပ်ကြီးကို ခင်းပြီးအိပ်လေ့ရှိသူဆိုရင်တော့ အဲဒီညမှာ
ဘာတွေကြုံရမလဲ ဆိုတာကိုတော့ ...။

(အောက်တိုဘာ ၃၁ ရက်ဟာ Halloween ပွဲတော် ကျင်းပတဲ့နေ့ဖြစ်ပြီး အဲဒီနေ့မှာ
ကွယ်လွန်သူတို့ရဲ့ ၀ိညာဉ်တွေဟာ သူတို့ရဲ့ သင်္ချိုင်းဂူတွေထဲကနေ နိုးထလာကြတယ်လို့
အယူရှိကြတာမို့ ဟောလိုးဝင်းညဟာ ၀ိညာဉ်တွေ မြူးတဲ့ညလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
မြန်မာပြည်မှာလည်း ဟောလိုးဝင်းယဉ်ကျေးမှုက ကူးစက်ရေပန်းစားလာတာမို့ ဟောလိုးဝင်းညမှာ
မြန်မာသရဲ၊ ၀ိညာဉ်တွေလည်း မမြူးကြဘူးလို့ ဘယ်သူပြောနိုင်မလဲနော်။)

Saturday 15 October 2016

ဆင်းရဲခြင်းကို ကြွားသူများ

http://www.deluxebattery.com/wp-content/uploads/2013/11/bill-gates.jpg

အမေရိကန်သမ္မတအိုဘားမားက သူ၏ဘ၀အ ကြောင်း စာအုပ်ထဲ မှာ ငယ်စဉ်ကမိဘမပြည့်မစုံဖြင့် ဆင်းရဲစွာ ရုန်ကန်ကြီးပြင်းခဲ့ရ သည်ကို ရေးသားခဲ့သည်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ အကြိတ် အနယ်ယှဉ်ပြိုင်နေရသူ ဒီမိုကရက် တစ်ပါတီက သမ္မတလောင်းဟီ လာရီကလင်တန်ကလည်း သူ၏ မိခင်ကသူများအိမ်က အိမ်အကူ အမျိုးသမီးဖြစ်ခဲ့ကြောင်း သူ့စာ အုပ်ထဲမှာ အသေးစိတ်တင်ပြခဲ့ သည်။

သူ၏ခင်ပွန်းသမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း ဖခင် မဲ့ဖြင့် ကြီးပြင်းလာရသော ငယ်စဉ် ဘ၀မှာစက်ရုံစောင့်လုပ်သည့် အဘိုးနှင့်မည်သို့ ဆင်းရဲစွာကြီးပြင်း ခဲ့သည်ကို စာဖွဲ့ခဲ့သည်။ သူအ ကြောင်းအတ္ထုပ္ပတ္တိဖြစ်သည့် ကျွန် တော့်ဘ၀ (My Life) စာအုပ်တွင် ကျေးဇူးတော်နေ့မှာ သမ္မတ ဟောင်းကလင်တန်က သူတို့မိသားစု၌ အ၀တ်အစားအသစ်ပင် မ၀ယ်နိုင်အောင် ဆင်းရဲခဲ့ကြောင်း တခုတ်တရ ရေးခဲ့၏။

ကမ္ဘာကျော်ခေါင်းဆောင် များဖြစ်သည့် သူတို့သည် ငယ် ငယ်ကဆင်းရဲခဲ့သည်၊ ဘ၀နာခဲ့ သည်ကို အသေအချာစာဖွဲ့ရေးခဲ့ ကြသည်။ တကူးတကထုတ်ဖော် ပြောခဲ့ကြသည်။ သည်အရာက သူတို့ဘ၀သမိုင်းကို ရိုးရိုးပြောပြ ခြင်းသက်သက်တော့ မဟုတ်ပေ။

မိဘကချမ်းသာသည့်အ တွက် ရေကန်အသင့်၊ ကြာအသင့်ဖြစ်လာ၍ သည်ဘ၀ကိုရောက် လာခြင်းမဟုတ်။ ဆင်းဆင်းရဲရဲ အခြေအ နေမပေးသည့် ဘ၀ကနေ ပင်ကိုယ်အရည်အချင်း ထူးချွန် ထက်မြက်မှုကြောင့် ရောက်လာ ခြင်း ဖြစ်သည်။ သူတို့သည် အစွမ်းအစရှိသူများ ဖြစ်သည်ဟု သွယ် ၀ိုက်ဂုဏ်တင်လိုက်ခြင်း ဖြစ်သည်။ အမည်းကိုပြလျှင် အဖြူကပိုထင် ရှားသကဲ့သို့ ဘ၀နာသည်ကို ပြမှတော်ကြောင်း၊ အရည်အချင်းရှိကြောင်းက ပိုပေါ်လွင်လာသည်။ ဆင်းရဲခဲ့သည်မှာ ရှက်စရာမဟုတ်၊ ကြွားစရာလိုပင် ဖြစ်လာသည်။

‘‘ကျွန်တော်က ကိုယ့်စီးပွား ရေးကို ကိုယ်တည်ထောင်ခဲ့တာ ဟာ ကျွန်တော့်အဖေဆီက သန်း တစ်ရာတန် ချက်လက်မှတ်နဲ့ စခဲ့ တာမဟုတ်ဘူး။ ကျွန်တော်ရခဲ့တဲ့ အောင်မြင်မှုတွေ၊ မမေ့နိုင်ခဲ့တဲ့ အောင်မြင်မှုတွေအတွက် အရမ်း ကြိုးစားခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ် ဆောက်တည်ခဲ့တဲ့ လူမျိုး’’

သည်စကားကို ကမ္ဘာကျော် Bloomberg စီးပွားရေးလုပ်ငန်းစု ကြီး၏ အကြီးအကဲ၊ ကမ္ဘာမှာအ ချမ်းသာဆုံး ပုဂ္ဂိုလ် ၁၇ ဦးမှာပါ ၀င်သူ နယူးယောက်မြို့တော်ဝန် သုံးကြိမ်ဆက်တိုက်ဖြစ်ခဲ့သည့် မိုက်ကယ်လ်ဘလွန်းဘက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒီမိုက ရက်တစ်ပါတီညီလာခံမှာ ဖခင်၏ အမွေဖြင့် ချမ်းသာလာသော ရီ ပက်ဘလေကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို မိုက်ကယ်လ် က ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ် သည်။

သည်စကားက သန်းကြွယ် သူဌေးသားကနေ လုပ်ငန်းရှင်ဖြစ် လာသူ ဒေါ်နယ်ထရန့်ကို အရှိုက် ထိသွားသည်က အမှန်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းတောင်မှ ကိုယ်စွမ်းကိုယ်စနှင့် ချမ်းသာလာသူနှင့် မိဘအမွေအနှစ် ကြောင့် ချမ်းသာလာသူမှာ ဂုဏ်ယူစရာချင်း ကွာခြားသည်။ မိဘ ကြောင့် ချမ်းသာသူကို လူအများ က သာမန်အသိအမှတ်ပြုပြီး ကိုယ်စွမ်းကိုယ်စနှင့် ချမ်းသာလာသူကိုတော့ အထင်ကြီးကြသည်။ လူ တော်ဟုလည်း မြင်ကြသည်။

အမေရိကန်သမ္မတများမှာ ပင် ယှဉ်ကြည့်ပါကလည်း သည်အချက်ကပို၍ပြောစရာ ဖြစ်သည်။ချမ်းသာသော သူဌေးသားများက နေ သမ္မတဖြစ်လာသည့် သမ္မတကနေဒီ၊ သမ္မတဂျော့ဘုရှ်တို့မှာ သမ္မတအိုဘားမား၊ ဘီလ်ကလင်တန်တို့ထက်စာလျှင် ငယ်ဘ၀ကိုကိုယ်ရည်မသွေးနိုင်၊ သမ္မတလောင်းများတွင်လည်း ဒီမိုကရက်တစ်မှ ဟီလာရီက သူ့အမေအိမ်အကူအမျိုးသမီးက သူ့ကိုယခုလို ဖြစ်လာအောင်မည်သို့ ပြုစုပျိုးထောင်ခဲ့သည်ကို မဲဆွယ်ပွဲ၌ ဂုဏ်ယူစွာပြောနေသည့်အချိန်တွင် ဒေါ်နယ်ထရန့်က သူ့ငယ်စဉ်ဘ၀ ကို လူတွေ စကားမစလာအောင် ကြိုးစားနေရသည်။ သူငယ်ငယ်သူဌေးသားဘ၀၌ မက်ဟန်တန်မှာ မော် ဒယ်များနှင့် အချိန်ကုန်ခဲ့သည့် နောက်ကြောင်းပဲ သူ့မှာရှိခဲ့သည့် အတွက် ဖြစ်၏။

အသက် (၄၀)ကျော်အရွယ် ဒေါ်ပပသည် စီးပွားရေးလုပ်ငန်း အများစုကိုလုပ်ကိုင်နေသည့် အောင်မြင်သော လုပ်ငန်းရှင်တစ် ဦးဖြစ်၏။ မြန်မာပြည်တစ်ဝန်းမှာ သူ့စီးပွားရေးလုပ်ငန်းများ ရှိသည်။ သို့သော် သူကမုန့်ဟင်းခါးစားလျှင် ကောင်းကောင်းမွန်မွန် ဈေးကြီး ကြီး ပြင်ဆင်ရောင်းသော မုန့်ပွဲ များကို မစားတတ်။ မုန့်ဟင်းခါးကို ထမင်းကြမ်းနှင့်ရောကာ အကြော် မပါ ငရုတ်သီးမှုန့်နှင့် ဟင်းရည် နည်းနည်းဖြင့် ရောဖတ်စားရတာကိုသာ တမက်တမောစား၏။

‘‘အဲဒီမုန့်ဟင်းခါးကိုပဲ ကျွန်မ ဘာလို့ ကြိုက်သလဲသိလား။ ကျွန် မတို့ငယ်ငယ်က အဖေက၀န်ထမ်း ဆိုတော့ မုန့်ဟင်းခါးဝယ်ရင် အိမ် က လူကုန်တစ်ယောက်တစ်ပွဲ မ၀ယ်နိုင်ဘူး။ နှစ်ပွဲလောက်ဝယ် ပြီး မုန့်ဖတ်အလွတ်နဲ့ ရောစား။ ထမင်းနဲ့ ရောစားရတယ်။ အဲဒီအ ရသာက ကျွန်မမှာစွဲလမ်းနေတုန်း ပဲ။ ဒါကြောင့် အခုအခြေအနေဖြစ် တာတောင် ကျွန်မက အဲဒီမုန့်ဟင်း ခါးပဲ စားတတ်တော့တာ’’ဟု ဒေါ် ပပက သူတို့ဆင်းရဲခဲ့သည့်အခြေ အနေကို မိတ်ဆွေများအား အမြဲ ပြောပြလေ့ရှိသည်။ သူကဆင်းရဲ ခဲ့သည်ကို ရှက်စရာဟုမထင်။ ဆင်းရဲခြင်းကနေ သည်လိုအခြေ အနေဖြစ်လာသည့်အတွက် သူပို ဂုဏ်ယူသည်ဟုဆိုသည်။

‘‘ကျွန်မ၀န်းကျင်က ကလေး တွေက ဆင်းရဲတာကို ရှက်စရာ လို့ထင်ကြတယ်။ အခုခေတ်မှာ သူများအိုင်ဖုန်းဆိုလို့ ဖုန်းမကိုင်နိုင် တာကို ရှက်တယ်။ ကိုယ်ဆင်းရဲ မှန်းကို မသိအောင်လို့ အဲဒီစ္စည်း တွေ အငတ်ခံဝယ်တယ်။ ဆင်းရဲ တာက ဘ၀ပေးပဲ၊ ရှက်စရာမဟုတ် ပါဘူး။ ရိုးသားဖို့ပဲ လိုတယ်။ ဒါပေ မဲ့ တစ်သက်လုံးဆင်းရဲတဲ့ ဘ၀မှာ မနေရအောင်လို့တော့ ကြိုးစားရ မပေါ့’’

အမေရိကန်သမိုင်းမှာ ထင် ရှားသူ၊ အမေရိကန်နိုင်ငံကို တည်ထောင်သူထဲမှာပါဝင်သည့် ဘင်ဂျမင်ဖရန်ကလင်ကလည်း ဆင်းရဲတာက ရှက်စရာမဟုတ်။ ဆင်းရဲတာကို ရှက်စရာထင်နေတာမှရှက်စရာဟု သမိုင်းဝင်ပြောကြား ဖူးသည်။

လောကကြီးမှာ ဆင်းရဲသည် က ရှက်စရာမဟုတ်လျှင် ဘယ်အ ရာက ရှက်စရာကောင်းပါသလဲ။ ဒေါ်ပပက ယခုကဲ့သို့ မြင်၏။

‘‘ကိုယ့်ရဲ့အစွမ်းအစ မဟုတ် ဘဲ မိဘအရှိန်အ၀ါယူပြီး ကြွားဝါ တာ။ လူတွေကိုအနိုင်ကျင့်တာ တွေပေါ့။ ငါ့အဖေက ဘယ်သူ၊ ငါ့ ဦးလေးကဘာ၊ ငါတိုအမျိုးက ဘယ်သူတွေလို့ ပြောတာတွေပေါ့။ ငါ က ဘယ်သူနဲ့ဘယ်လိုတော်တာ။ ငါ့အဘိုးက ဘယ်သူ၊ ဒါမျိုးတွေကို ဂုဏ်တင်ပြောနေရင်တော့ သေ ချာတယ်။ အဲဒီပြောနေတဲ့ သူက ဘာမှမဟုတ်တော့ဘူး၊ ဘာအစွမ်းအစမှလည်း မရှိသူပဲ’’

ဆင်းရဲသည်ဆိုသည်မှာ လူ တိုင်းနှစ်လိုသည့် အရာမဟုတ်။ ခက်ခဲပင်ပန်းသောအရာတစ်ခု ဖြစ်သော်လည်း ကောင်းသောအ ချက်များလည်း ရှိသည်ဟု အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမားက ပြောခဲ့ဖူးသည်။ ထိုအရာက အောက်သက်ကျေခြင်း၊ လူ့ လောကကို အတွင်းကျကျ သိမြင် ခြင်းပင်ဖြစ်၏။ မီရှဲလ်ငယ်စဉ်က သူတို့မိသားစုမှာ အခန်းတစ်ခုသာ ရှိသည့်အတွက် အပျိုဖော်ဝင်စ ရောက်သော်လည်း အခန်းသတ် သတ် မရှိခဲ့ဟုဆိုသည်။

ကျောင်းတက်ချိန်မှာလည်း စာအုပ်ဆိုင်တစ်ဆိုင်မှာ လုပ်ခဲ့ရ သည်။ ဆင်းဆင်းရဲရဲ အခြေခံလူ တန်းစားဘ၀မှာ ကြီးပြင်းခဲ့သည့် အတွက် ကလေးသူငယ်များ၊ မိန်း ကလေးများအကြောင်းကို သူက အတွင်းကျကျ သိထားသည်။ ထို့ ကြောင့် သည်နှစ်နွေရာသီကျောင်း ပိတ်ရက်က အိုဘားမားတို့ ဇနီးမောင်နှံယားသည် သမီးငယ်ဆာရှာအိုဘားမားကို စားသောက်ဆိုင် တွင် ငွေသိမ်းစားပွဲထိုးအဖြစ် ၀င် ရောက်လုပ်ခိုင်းခဲ့သည်။

သည်လိုခိုင်းရခြင်းမှာ သူတို့ သမီးကို သာမန်လိုကြီးပြင်းလာပြီး အောက်သက်ကျေစေချင်သည်ဟု ဆိုသည်။ ဆာရှာသည်စားသောက် ဆိုင်ဝတ်စုံကို ၀တ်ကာငွေကိုင်လုပ် ရ၏။ လာစားသူများကို စားပွဲထိုး ရ၏။ စားပွဲကိုလည်း သန့်ရှင်းရေး လုပ်ရသည်။ ထို့ကြောင့် ဆာရှာအ နေဖြင့် သူ့မိဘနှစ်ပါးဖြစ်သည့် အို ဘားမားနှင့် မီရှဲလ်ငယ်စဉ်ကလို မဆင်းရဲခဲ့သော်လည်း ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည့်အတွေ့အ ကြုံတော့ ရရှိသွားသည်။ တစ်ချိန်ချိန်မှာ ဆာရှာအိုဘားမားအောင်မြင်လာသည့်အခါ သည်အတွေ့အကြုံကလည်း သူ့အတွက် ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာနိုင်သည်။ ။

7da daily

အသစ်နဲ့ အဟောင်း

 
မင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…
အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး…

အခမ်းအနားမှူးက ထပ်ပြောတယ်… ကျနော်တကယ်ပြောတာပါ… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…

နောက်ဆုံးတော့ လူတစ်ယောက်က စပြီး လက်ညိုးထောင်လာတယ်… နောက်ပိုင်း လူတွေတော်တော်များများ လက်ညိုးလိုက်ထောင်လာကြတယ်…
အခမ်းအနားမှူးက လူအားလုံးကို ကြည့်ပြီးတော့ ဟောင်းနွမ်းနေတဲ့ ၁၀၀၀တန်နဲ့ လဲလိုက်တယ်…
လက်ညိုးထောင်ထားတဲ့ အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့လိုက်ရတယ်…

အခမ်းအနားမှူးက ရယ်ပြီး နောက်ထပ် ပိုပြီး ဟောင်းနွမ်းတွန့်ကြေနေပြီး နည်းနည်းစုတ်နေတဲ့ ၁၀၀၀တန်ကို ထုတ်လာတော့ လက်ညိုးထောင်ထားတဲ့လူက သိပ်မရှိတော့သလောက်ဘဲ…
အခမ်းအနားမှူးက လက်ညိုးထောင်ထားတဲ့ထဲက ကောင်လေးတစ်ယောက်ကို စင်ပေါ်ခေါ်ပြီး ၁၀၀၀ တန်ကို သူ့လက်ထဲ ထည့်လိုက်ပြီး… သူက တောက်လျှောက် လက်ညိုးထောင်နေလို့ပါ ဆိုပြီးပြောလိုက်တယ်…

အောက်က ပရိသတ်တွေရဲ့ ရယ်မောသံကို ကြားလိုက်ရတယ်…
ကောင်လေးရဲ့မျက်နှာကလဲ နီမြန်းလာတယ်…
အခမ်းအနားမှူးက လက်ပြပြီး အားလုံးငြိမ်သက်ပေးဖို့ ပြောတယ်…
တစ်ထောင်တန် အသစ်လေးကို ထုတ်ပြီး ကောင်လေးကိုပြောတယ်…
ငါ့ရဲ့ ဒီ အသစ်လေးနဲ့ မင်းရဲ့ အဟောင်းကို လဲ လိုက်မယ်လေ… ရလား?

ကောင်လေးက ပြန်ပြောတယ်…
ရပါတယ် ဦး… ကျေးဇူးပါ…
အသစ်နဲ့ အဟောင်းက အတူတူပါဘဲ…

အခမ်းအနားမှူးက ခေါင်းငြိမ့်ပြီး ကောင်လေးကို ပိုက်ဆံယူပြီး အောက်ကို ဆင်းသွားစေတယ်…
အခမ်းအနားမှူးက သတို့သားနဲ့ သတို့သမီးတို့ကို လက်တွဲပြီး စင်ပေါ်တက်လာခိုင်းပြီးပြောတယ်…
ဘယ်လောက်ထိ လှပနေတဲ့ အလှဘဲ ဖြစ်ပါစေ… ဆုံးပါးသွားတဲ့တစ်နေ့တော့ရှိမှာဘဲ…
ဘယ်လောက်ထိ ရိုမန်းတစ်ဆန်နေတဲ့ အချစ်ဘဲ ဖြစ်ပါစေ… ဘ၀ရဲ့ပြောင်းလဲ မှုကို လိုက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်…
ခုဏက ကျနော့လက်ထဲ က ပိုက်ဆံလိုပါဘဲ…
အချိန်ကုန်ဆုံးမှုတွေနဲ့လိုက်ပြီး ဟောင်းသွားတယ်… နွမ်းသွားတယ်…
ဒါပေမဲ့ ဟို ကောင်လေးလေး ပြောသလိုပါဘဲ… အဟောင်းရော် အသစ်ရော် တစ်ထောင်တန်ဟာ တစ်ထောင်တန်ပါဘဲ…
သူ့ရဲ့တန်ဖိုးဟာ တွန့်ကြေနေလို့ ပြောင်းလဲ မသွားနိုင်ဘူး မဟုတ်လား…
အချစ်ရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မင်္ဂလာမောင်နှံတို့ နားလည်ပေးစေချင်ပါတယ်…
အိုမင်းသွားတဲ့တစ်ချိန်… စိတ်လှုပ်ရှားမှုတွေ ငြိမ်းအေးသွားတဲ့အချိန်မှာ တစ်ချိန်က ပြောခဲ့တဲ့… “တစ်သက်လုံးလက်တွဲသွားမယ်…” ဆိုတဲ့ ကတိစကားကို မမေ့ပစ်လိုက်ပါနဲ့… တစ်ဖက်လူကို တန်ဖိုးထားကြပါ…

မင်္ဂလာမောင်နှံတို့ကလဲ အကြည့်ချင်းစေ့စေ့ကြည့်ပြီးခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်…
စင်အောက်ကနေ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံဟာ မိုးချုန်းသံလို ဆူညံသွားခဲ့ပါတယ်…
လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်…

ပျော်ရွှင်ခြင်းဟာ…
လေလိုပါဘဲ…
တစ်ခဏ အတွင်းပါဘဲ…
လာတာမြန်သလို… သွားတာလဲ မြန်တယ်…

နာကျင်ခံစားမှုဆိုတာ…
သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ…
ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ…

နှလုံးသားအစစ်ဆိုတာ…
တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပါ…
တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်လာတဲ့အမူအရာပါ…

ချိုမြိန်မှုဆိုတာ…
နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ…
တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ…
ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ …
တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်…
တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်…
ကျေနပ်ပါပြီ…

လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့…
တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး…
ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆိုတာမျိုးမဖြစ်ပါစေနဲ့…
အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ…။


Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGmGJp-iX3LjKHeQx5dYLy-SwDECWHdoUYHrD7KN0O_ZQzXl_sHxBpXF0PvaBOAuT7fDMGllmgm_PIjhHrqK8vjwaiiGjOfzPn76MP2bKHgK1DB3Fh8zemzGJ_21WaeZqQ2XPrNqa55FA/s400/wisdom-green-sign.jpeg
ပညာရှိဆိုတာ စကားပြောဆိုရာမှာဖြစ်ဖြစ်၊ စာရေးသားရာမှာဖြစ်ဖြစ် စကားလုံးတိုင်းဟာ လေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပညာရှိနားဆည်းကပ်နေထိုင်ရရင် ပညာရှိတွေရဲ့ပြောဆိုပုံ၊ တွေးခေါ်ပုံတွေ ဟာ အတုယူလေးစားလောက်ဖွယ် ကောင်းလှပါတယ်။

သဘာဝကျကျ တွေးခေါ်တတ်တာတွေ၊ လောကကြီးကို ရှုမြင်ပုံတွေဟာ ကျွန်ုပ်တို့အတွက် အတုယူစ ရာတွေ အတော်များလှပါတယ်။

ပညာရှိဟာ ဥစ္စာချို့တဲ့ချင် ချို့တဲ့မယ် ဒါပေမဲ့ သူ့ရဲ့တွေးခေါ်မြော်မြင်နိုင်မှုဟာ လေးစားတန်ဖိုးထား ဖွယ်ကောင်းလှပါတယ်။ အပြင်ပန်းအနေနဲ့ကြည့်ရင် အထင်ကြီးစရာမရှိ ဖြစ်ချင်ဖြစ်မယ်။ တကယ်ပြော ဆိုဆက်ဆံကြည့်မှ ပညာရှိတို့ရဲ့ သဘောထားတွေကို သိကြရတာမဟုတ်ပါလား။

လူအတော်များများကတော့ ပညာရှိတာထက် ဥစ္စာရှိတာကို ပိုပြီးနှစ်သက်ကြတာ၊ ဥစ္စာရှိတာကိုပဲ လူရာသွင်းချင်ကြတာ၊ နေရာပေးချင်ကြတာ၊ ဥစ္စာရှိသူနဲ့ အပေါင်းအဖော်ပြုရတာကို ဂုဏ်ယူနေကြ တာ၊ ဆင်းရဲသားပညာရှိကိုတော့ ချောင်ထိုးချင်ကြတာ၊ နေရာပေးရကောင်းမှန်းမသိ၊ အဲဒီလို ချောင် ထိုးခံရတဲ့ ပညာရှိဟာ ပညာမာနအမှန်တကယ် မြဲမြံစွာလက်ကိုင်ပြုထားရင် မာနကိုဘယ်တော့မှ ချကြ တာမဟုတ်။

ပညာရှိစစ်စစ်သာဖြစ်ခဲ့ရင် မိမိကမှားနေရင် ဝန်ခံတတ်ကြတယ်။ မှန်ကန်ခဲ့ရင်လည်း ဘာကြောင့်မှန် ရတယ်ဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းရှိကြပါတယ်။ ဘာအကြောင်းပြပြ အဲဒီအကြောင်းပြ ချက်ကို စဉ်းစားတွေးခေါ်နိုင်တဲ့အဆင့်မရှိသူနဲ့ဆိုရင် အကြောင်းပြချက်တွေက အလဟဿဖြစ်သွား တော့တာပါပဲ။ ဒါဟာ ပညာရှိနဲ့ ပညာမဲ့တို့ရဲ့ ရင်ဆိုင်မဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်သွားရော။

ပညာရှိဆိုတာ မပြောခင် ကြိုတင်စဉ်းစားတယ်။ ကိုယ့်ကို ပြန်ချေပမယ့်အရာတွေကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးဖြစ်တယ်။ ပြီးရင်တင်ပြပြောဆိုတယ်။ ကိုယ်တင်ပြပြောဆိုခဲ့တာတွေကိုလည်း အပြန်ပြန်ထပ်စဉ်း စားကြတယ်။ မှားရင်သိက္ခာရှိရှိ ဆင်ခြင်သုံးသပ်ပြီး အမှန်ကိုတင်ပြရဲတာ ပညာရှိပင်ဖြစ်သည်။

ပညာရှိကိုမှီဝဲဆည်းကပ်ရာဆိုတဲ့ စကားတောင်ရှိပါတယ်။ ပညာရှိ၊ ပညာတတ်တွေ ပြောဆိုပြုမူနေ ထိုင်တာတွေကို အနီးကပ်မြင်တွေ့ဖူးမှ သြော် . . . . ဒါကြောင့်သူတို့တစ်တွေကို ပညာရှိလို့ခေါ်ကြတာ ဆိုတာ သိကြမှာ။

လက်လွတ်စပယ် မပြောတတ်ခြင်း၊ ဆိုခဲစေမြဲစေဆိုတဲ့အတိုင်း ပြောဆိုဆက်ဆံပြုမူတတ်ခြင်း၊ အ ကြောင်းအရာ ဆက်စပ်တွေးခေါ်တတ်ခြင်း၊ ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်ခြင်း၊ ကတိတည်ကြည်ခြင်း၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ ရပ်တည်နေနိုင်ခြင်းစတဲ့ အကြောင်းတရားတွေနဲ့ ပြည့်စုံကြပါတယ်။

ပညာရှိဆိုတာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့ သိနိုင်တယ်။ ပြေးကြည့်တာပဲဖြစ်ဖြစ်၊ စမ်းသပ်လုပ် ကြည့်ဦးမယ်ဆိုတာတွေဟာ အချိန်ကာလတစ်ခုကို ယူရပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန်ကာလကို နောက်ပြန်ယူလို့ မရသလို၊ ပြင်ရဖို့ခက်ခဲမယ်။ အချိန်လွန်သွားတာတွေ ဖြစ်တတ်လေတော့ စေ့စေ့ တွေးပြီးပြောတတ်၊ လုပ်တတ်တာဟာ ပညာရှိတို့ရဲ့သဘောသဘာဝပင်။

ကျွန်ုပ်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှတွေဟာ သိပ္ပံပညာရပ်နဲ့ ဆက်စပ်လျက်ရှိပါတယ်။ သိပ္ပံ အယူအဆတွေများစွာပါနေတဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာမှာ ပညာရှိတွေများများမွေးထုတ်နိုင်လေ အကျိုးရှိ လေလေပါပဲ။ ပညာရှိစစ်စစ်ဖြစ်ပြီးတော့ ဟုတ်တာပြော၊ မှန်တာလုပ်၊ မှားရင်ဝန်ခံ၊ အမှန်ရောက် အောင် ပြုပြင်နိုင်တဲ့စိတ်ဓာတ်ဟာ ပညာရှိတဲ့စိတ်ဓာတ်အမှန်ဖြစ်ပါတယ်။

ပညာမဲ့များကဲ့သို့ ပြောဆိုဆက်ဆံခြင်း၊ နေ့တစ်မျိုး၊ ညတစ်သွယ်ပြောတတ်ခြင်း၊ အကြောင်းအရာတစ် ခုကို အမှားလုပ်မိပြီးနောက် ရယ်စရာဟာသနှောပြီး ဆင်ခြေပေးခြင်း၊ ရူးသလိုလို လုပ်သွားခြင်း၊ မရှိကို အရှိလုပ်တတ်ခြင်း၊ မမှန်တာကို မှန်တယ်လုပ်တတ်ခြင်း၊ စဉ်းစားဆင်ခြင်ဉာဏ်ပညာမရှိဘဲ ထင်ရာမြင် ရာကို တစ်ဇွတ်ထိုးပြောဆိုဆက်ဆံခြင်းစတဲ့ အမူအကျင့်တွေ့ကို တွေ့ရတတ်ပါတယ်။

ပညာရှိနဲ့ပညာမဲ့တွေဟာ အတူနေလို့မဖြစ်နိုင်ပါဘူး။ အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားလိုပါပဲ။

ပညာရှိက ပညာရှိလိုတွေးခေါ်ပြီး လုပ်ချင်တယ်။ ပညာမဲ့တို့က ဆန့်ကျင်ဘက်ပြုကြတယ်။ ပညာရှိက အကြောင်းအကျိုးဆီလျော်စွာ လုပ်မယ်။ ပညာမဲ့က အကြောင်းအကျိုးထက် မိမိအတ္တတစ်ခုအတွက်ပဲ ဦးစားပေးလုပ်ကြမယ်။ ပညာရှိက ဟုတ်တိုင်းမှန်ရာ အမှန်ပြောမယ်။ ပညာမဲ့က ဖုံးကွယ်ထားမယ်။ သို့ မဟုတ် လမ်းကြောင်းလွှဲပစ်လိုက်တယ်။ ပညာရှိက နက်နက်နဲနဲတွေးမယ်။ ပညာမဲ့က ပေါ့ပေါ့တန်တန် တွေးကြတယ်။ အဲဒီလိုစရိုက်သဘာဝချင်းမတူကြတဲ့အတွက် ဘယ်လိုမှ အစေးမကပ်နိုင်၊ အဖြူနဲ့ အမည်းလို ဆန့်ကျင်ဘက်သဘော သက်ရောက်နေတဲ့အတွက် ညှိလို့မရ၊ ဆက်ဆံပြောဆိုလို့ မရ။

စရိုက်သဘာဝချင်းဟာလည်း မတူ၊ အယူအဆက ကွဲပြားနေတတ်လေတော့ တစ်ဖက်ကပညာမဲ့သူကို အသိအလိမ္မာ ဉာဏ်ပညာတက်အောင်လုပ် သို့မဟုတ် ပညာရှိကလည်း ပညာမဲ့စရိုက်နဲ့တူအောင်၊ နိမ့် ပါးအောင်နေထိုင်။ အဲဒီလိုဆိုရင် မတူကွဲပြားမှုက မသိမသာဖြစ်သွားပြီး ပညာရှိနဲ့ပညာမဲ့တွေ ပေါင်း ဖက်လို့ရကောင်းရဲ့။

အဝေဖန်ခံနိုင်မှ မိမိရဲ့မှားနေတဲ့ လုပ်ရပ်တွေကိုပြုပြင်ဖို့ လမ်းစဖြစ်နိုင်ပါတယ်။ ကိုယ်ကအဝေဖန် မခံနိုင်ဘူးဆိုရင် မှားနေတဲ့လမ်းကြောင်းမှာ ဆက်လျှောက်နေပြီး မှားနေမြဲ မှားနေကြမှာပင်။ ပညာရှိ တို့ရဲ့သဘောက ဆင်ခြင်တုံတရားရှိခြင်း၊ ရှေ့ကိုကြိုတင်တွေးဆနိုင်ခြင်းရှိကြတဲ့အတွက် အမှားကိုပြင် ရဲကြခြင်း ဖြစ်ပေတယ်။

လောကမှာ မမှားဖူးတဲ့သူဆိုတာ မရှိနိုင်၊ တစ်ကြိမ်ကြိမ်မှာ အမှားကိုကျူးလွန်ဖူးဖြစ်ကြမှာပါ။ အဲဒီလို မှားတာကို မှားတယ်လို့ပြင်တတ်ပါမှ အမှန်တရားဆိုတာ ရရှိကြမှာဖြစ်ပေတယ်။ ပညာဂုဏ်ဖြင့် တိုင်း ကျိုးပြည်ကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေ-

စံတော်ချိန်သတင်းစာ

ဧပြီလ (၁၈) ရက်၊ ၂၀၁၅ ခုနှစ်

Monday 10 October 2016

မြန်မာ့ကျောက်မျက် ပြန်ဝယ်ရန် အမေရိကန်ကုန်သည်များ မျက်စိကျ

 http://www.ajsgem.com/sites/default/files/Burma-Ruby-5.46cts.jpg

မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရန် စိတ်ဝင်စားသော အမေရိကန် ကျောက်မျက်ကုန်သည်များက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၏ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့၌ အောက်တိုဘာလ ၃ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။
အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း AGTA ဥက္ကဌ Jeffrey Bilgore
 ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးအဖွဲ့နှင့် UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေး၊  မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အဖွဲ့တို့သည် မြန်မာနိုင်ငံတွင် ကျောက်စိမ်းဈေးကွက်အကြောင်းကို  ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
AGTA ဥက္ကဌ Jeffrey Bilgore က မြန်မာနိုင်ငံကို လာရောက်ရသော ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်မှုကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း ပူးတွဲကြေငြာချက်တွင် ထည့်သွင်းပြောသည်။
“ကျနော်တို့ ဒီကိုလာရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့ ကျောက်မျက်ရတနာ ကဏ္ဍက ကမ္ဘာ့ဘယ်နိုင်ငံနှင့်မဆို တန်ဖိုးချင်း ယှဉ်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ကုန်စည်ကူးသန်းမှု ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူပြုမှာ ဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမယ်ဆိုတာ ကမ္ဘာကို ပြသဖို့ပါပဲ”ဟု Bilgore က ပြောသည်။
အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း ဥက္ကဌက ၎င်းတို့အနေဖြင့် ကမ္ဘာ့ကျောက်မျက်လုပ်ငန်း ကဏ္ဍများတွင် supply chain တခုလုံး ပွင့်လင်းမြင်သာပြီး အကျင့်ပျက်ချစားမှု ကင်းစင်စေရန် နှစ်ပေါင်း ၃၅ နှစ်ကျော် ဦးစီးဆောင်ရွက်နေကြောင်း ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ကဏ္ဍသည် ကမ္ဘာ့မည်သည့် ကျောက်စိမ်းလုပ်ငန်းများနှင့်မဆို ယှဉ်ပြိုင်နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
“မြန်မာနိုင်ငံမှာ ကျနော်တို့ မျှော်လင့်တာနဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းစနစ် မူဘောင်သစ်တွေ ချမှတ်ဖို့ ကျနော်တို့ဆီမှာ လုပ်ငန်းတွေ ဘယ်လို လုပ်ဆောင်ကြတယ်ဆိုတာ အသိပညာပေးရာကနေ နှစ်ဖက်အတူ ဖွံ့ဖြိုးတိုးတက်လာဖို့ ဖြစ်ပါတယ်” ဟု Bilgore ကပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံအား စီးပွားရေး အရေးယူပိတ်ဆို့မှုများ ဖြေလျော့ပေးရန် ကတိပေးပြီးနောက် အမေရိကန် ကျောက်မျက်ကုန်သည်များနှင့် ယခုကဲ့သို့ တွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။
အမေရိကန် ကုန်သည်များက မြန်မာနိုင်ငံ၏ ကျော်ကြားသော ပတ္တမြားကို စိတ်ဝင်စားကြကြောင်း ဒေါက်တာမောင်မောင်လေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“မကြာသေးခင်က ကျောက်စိမ်းတင်ပို့မှု အခြေအနေတွေနဲ့ အစိုးရရဲ့ မူဘောင်တွေအကြောင်း သူတို့က ကျနော်တို့ကို မေးပါတယ်။ ကမ္ဘာ့ဈေးကွက်အတွက် ကျနော်တို့ နိုင်ငံက ပတ္တမြားတွေကို သူတို့ တကယ် စိတ်ဝင်တစားလိုချင်နေကြတယ်” ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
ကျောက်မျက်တင်ပို့မှုမှာ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွင် ဆက်လက်ကျန်ရှိနေသေးသည့်အပြင်၊  မြန်မာအစိုးရက ကျောက်စိမ်းတင်ပို့မှုကို တားမြစ်ထားကြောင်း ၎င်းက ဆိုသည်။
“ကျောက်စိမ်းဈေးကွက်က ကြီးတယ်။ အကယ်၍ အစိုးရက ကောင်းမွန်နဲ့ လုပ်ငန်းစနစ်မူဘောင်တွေပြုလုပ်ပြီး ကျောက်စိမ်းတင်ပို့မှုကနေ အခွန်ကောက်မယ်ဆိုရင် ကျနော်တို့ နိုင်ငံခြားငွေကြေးတွေလည်း အများကြီး ရှာနိုင်ပါလိမ့်မယ်။ ပတ္တမြားတွေက အရွယ်အစားသေးတယ်။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ တန်ဖိုးမြှင့်နိုင်မယ်ဆိုရင် ကျနော်တို့အတွက် ဈေးကွက်ကြီးတခု ဖြစ်လာပါလိမ့်မယ်”ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ ဒေါက်တာအောင်ကျော်ဝင်းကလည်း လူမှုရေး အကျိုးဆက်များကို တာဝန်ခံသော၊ ရေရှည်တည်တံ့သော ကျောက်မျက်ရတနာ လုပ်ငန်းများ ဖြစ်လာရန် အလွန်အရေးကြီးသည်ဟု ပြောကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခင်အစိုးရအနေဖြင့် ကျောက်အရိုင်းတုံးများ တူးဖော် ရောင်းချခြင်းကိုသာ ဦးစားပေးခဲ့ပြီး မြန်မာ့ကျောက်မျက်ဈေးကွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာနိုင်ရန်အတွက် တန်ဖိုးမြင့် ကျောက်မျက်ရတနာ လုပ်ငန်းကို အလေးထား ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
“အရေးကြီးကတော့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုပါပဲ။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ရင် ရေရှည်တည်တံ့ဖို့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာ ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရအနေဖြင့်  ကဏ္ဍသုံးရပ်ကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဒေါက်တာ အောင်ကျော်ဝင်းက ပြောသည်။ ၎င်းတို့မှာ သွင်းကုန် ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်များ လက်တွေ့နှင့် လိုက်ဖက်ညီ တိကျစေရန်၊ တရားမ၀င် ကုန်သွယ်မှုကို အားပေးသလို ဖြစ်နေသည့် သွင်းကုန် ပို့ကုန်ဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကျောက်မျက်ရတနာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြပ်မတ်ညှိနှိုင်းပေးမည့် လွတ်လပ်သော အဖွဲ့အစည်းတရပ် သတ်မှတ်ပေးရန် တို့ ဖြစ်သည်။
“မြန်မာ့ တန်ဖိုးမြင့် ကျောက်မျက်ရတနာ ထုတ်ကုန် စုစုပေါင်းက တနှစ်လုံးမှ ကန်ဒေါ်လာ သန်း ၂၀ ပဲ ရှိတယ်။ ထိုင်းဆိုရင် တဘီလီယံလောက်ကို ၀င်ငွေရှိတာ”ဟု ၎င်းက ပြောသည်။
“ကျနော်တို့ ကျောက်မျက်အသင်းအနေဖြင့် ကျောက်မျက်တန်ဖိုးမြှင့် လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ master plan ကို အစိုးရကို ရေးဆွဲတင်ပြထားပါတယ်။ လူ့စွမ်းအား အရင်းအမြစ်ကို မူတည်ပြီးတော့ ကုန်သွယ်မှု မြှင့်တင်သွားဖို့ပါ”ဟု ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
Inle Advisory Group မှ Peter Kucik က မြန်မာကျောက်မျက်အပေါ် အရေးယူ ပိတ်ဆို့မှု အပါအ၀င် အထွေထွေအရေးယူ ပိတ်ဆို့မှုများကို အမေရိကန်အစိုးရက ယခုအပတ်တွင် ရှင်းလင်းဖယ်ရှားပေးနိုင်ကြောင်း အစည်းအဝေးတွင် ပြောသည်။

Sunday 9 October 2016

စိုနေတဲ့စာအုပ်ကို နဂိုပုံစံအတိုင်းရအောင် ပြန်အခြောက်ခံနည်း

 http://www.whilehewasnapping.com/wp-content/uploads/2013/10/Water-Warped-Pages.jpg

စာအုပ်တွေ ရေစိုသွားတဲ့အခါ ပြန်အခြောက်ခံလို့ရပေမဲ့ စာရွက်သားတွေက တွန့်ပြီး ပုံပျက်သွားပါတယ်။ ဒီလို တွန့်မသွားစေမယ့် နည်းတစ်နည်းတော့ ရှိပါတယ်။ ဂျပန်ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြထားတဲ့နည်းလေးဖြစ်ပြီး အလွန်လည်း လွယ်ကူပါတယ်။

အဆင့် - ၁
စိုနေတဲ့ စာရွက်တွေကြားကို စာရွက်ခြောက်တစ်ခုခြင်းစီ ညှပ်ပါ။

အဆင့် - ၂
စာအုပ်အပေါ်ကနေ လေးလံတဲ့ အရာတစ်ခုနဲ့ ဖိထားပေးပါ။

အဆင့် - ၃
ကြားညှပ်ထားတဲ့ စာရွက်တွေက အရည်တွေကိုစုပ်ပြီး စိုသွားတဲ့အခါ အသစ်တစ်ရွက်လဲပေးဖို့လည်း လိုပါတယ်။

ဒီနည်းဟာ စာအုပ်အများစုမှာ အသုံးဝင်ပေမဲ့ စာရွက်သား မကောင်းတာတွေနဲ့ စာအုပ်ကစိုရုံမကဘဲ ပျက်စီးသွားတာတွေအတွက်တော့ သိပ်ထိရောက်မှာ မဟုတ်ပါဘူး။

အစာ နပ်မှန်အောင် မစားရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့် အရာ (၆) ခု

 http://www.comedyflavors.com/wp-content/uploads/2016/03/Healthy-eating.png

လူတိုင်း လုပ်ဖြစ်တဲ့အရာပါ။ အထူးသဖြင့် မနက်စာမစားတော့ဘဲ နေ့လယ်စာနဲ့ ပေါင်းစားဖြစ်တာ များမယ်ထင်ပါတယ်။ကိုယ်လည်း ဗိုက်သိပ်မဆာတဲ့အတွက် ဘာမှမဖြစ်လောက်ဘူးလို့ လွယ်လွယ်တွေးတတ်ပေမဲ့ သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေကတော့ မကောင်းပါဘူး။

၁။ စိတ်ခံစားချက်
သင့်ကိုယ်သင် အစာနဲ့ အားမဖြည့်ဘူးဆိုရင် သွေးထဲမှာ သကြားပါဝင်မှုအဆင့်က ထိုးကျသွားပါလိမ့်မယ်။ မနက်စာ ဒါမှမဟုတ် နေ့လယ်စာ ဒါမှမဟုတ် ညစာ တို့ထဲက တစ်ခုခုကို အမြဲတမ်းမစားဖြစ်တော့ဘူးဆိုရင် စိတ်ဖိစီးမှုပါ ဖြစ်လာပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတာနဲ့ ဒေါသထွက်လွယ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်။ ဒါ့အပြင် စိတ်ကျရောဂါတောင် ဖြစ်လာနိုင်ပါတယ်။

၂။ အာရုံစိုက်နိုင်မှု
သကြားဓာတ်လျော့နည်းလာခြင်းဟာ သင့်ရဲ့စိတ်အခြေအနေကို ထိခိုက်ရုံသာမကဘူး သင့်ရဲ့အာရုံစူးစိုက်နိုင်မှုကိုပါ ထိခိုက်နိုင်ပါတယ်။ အရမ်းအလုပ်ရှုပ်နေလို့ အစာမစားဘဲနေလိုက်ရင် အလုပ်လုပ်ဖို့ အချိန်ပိုရမယ်လို့ သင် ထင်နေတယ်ဆိုရင် သေချာပြန်စဉ်းစားပါ။ အစာ တစ်နပ်ကျော်လိုက်ခြင်းဟာ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းရည်ကို ဖျက်ဆီးပစ်တာပဲ ရှိပါလိမ့်မယ်။

၃။ အစာစားတဲ့ပမာဏ
ဗိုက်ပိုဆာလေ သင့်ရဲ့ဦးနှောက်က အစာတွေ ပိုဖြည့်ပေးဖို့ ပြောလေပါပဲ။ ဒါကြောင့် အစာ တစ်နပ်ကျော်ပြီး နောက်တစ်ကြိမ်စားတဲ့အခါ အစာစားတဲ့ပမာဏက ပိုများပြီး ကယ်လိုရီတွေ ပိုစားသုံးမိပါတယ်။

၎။ ကိုယ်အလေးချိန်
အစာပိုစားမိလို့ ကိုယ်အလေးချိန် တိုးလာနိုင်ခြေရှိ ရုံသာမက အစာစားသောက်တဲ့ အချိန် မမှန်မှုကြောင့် သင့်ရဲ့အစာခြေဖျက်နိုင်မှုစနစ်က ရှုပ်ထွေးသွားပြီး စားသမျှကို အဆီအဖြစ် စုစည်းလိုက်လို့ပါ။

၅။ သင့်ရဲ့အသွင်အပြင်
အစာ နပ်မှန်အောင် မစားတဲ့အတွက် အသားအရေ ခြောက်ခြင်း၊ ဆံသားခြောက်သွေ့ခြင်းတို့အပြင် ခံတွင်းကျန်းမာရေးကိုတောင် ထိခိုက်နိုင်ပါတယ်။

၆။ အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ
အစာ ပုံမှန်စားခြင်းအားဖြင့် သင့်ရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်လည်ပတ်နိုင်မှာပါ။ အဲဒီလို မဟုတ်ဘဲ သင့်ရဲ့စားသောက်ပုံ ပုံမမှန်တာနဲ့ သင့်ရဲ့ခန္ဓာကိုယ်တွင်းစနစ်တွေကလည်း ပုံမမှန်တော့ပါဘူး။ ဝမ်းချုပ်တာတွေ၊ ဗိုက်အောင့်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

Credit: duwun

သမ္မတ Obama အမိန့်အရ မြန်မာအပေါ် ရုပ်သိမ်းလိုက်သည့်အချက်များ



မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားကနေ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းကြောင်း အုပ်ချုပ်ရေး အမိန့်အာဏာကို သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။

ဒီလို စီးပွားရေးနဲ့ ဘဏ္ဍာရေးဒဏ်ခတ်မှုတွေကို ရုပ်သိမ်းလိုက်ခြင်းဟာ ကုန်သွယ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးရာရောက်ပြီး၊ မြန်မာနိုင်ငံရဲ့ ငွေကြေးခ၀ါချမှု ဆန့်ကျင်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်သွားမယ်။ လုံခြုံတဲ့ဘဏ္ဍာရေး စနစ်တရပ် ပေါ်ထွန်းနိုင်အောင် ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

သမ္မတထုတ်ပြန်တဲ့ ၂၀၁၆ အောက်တိုဘာ ၇ နေ့စွဲပါ အုပ်ချုပ်ရေးအမိန့် အရ - ၂၀၀၈ Tom Latos မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှုအက်ဥပဒေပါ ဘဏ္ဍာရေးနှင့် တားဆီး ပိတ်ပင်မှုများကို ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် OFAC က ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ စီးပွားရေးဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ဒီအထဲမှာ အောက်ပါအချက်တွေ ပါဝင်ခဲ့ပါတယ်။

မြန်မာဒဏ်ခတ်မှုစည်းမျဉ်း (BSR) အရ တားမြစ်ပိတ်ပင်ခြင်းခံရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးကို SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စာရင်းကနေ ပယ်ဖျက်လိုက်သည်။

ပစ္စည်းဥစ္စာအားလုံးနဲ့ ၎င်းတို့မှရရှိသော အကျိုးအမြတ်အားလုံးကို (BSR) မှ ပယ်ဖျက်လိုက်သည်။

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော ကျောက်စိမ်းနဲ့ ပတ္တမြား ပါဝင်သည့် လက်ဝတ်ရတနာများအပေါ် တားဆီးပိတ်ပင်မှုကို ရုပ်သိမ်းလိုက်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် - မြန်မာနိုင်ငံနဲ့ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာငွေ လွှဲပြောင်းမှုလုပ်ငန်းဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်သည်။

(BSR) ခေါ် မြန်မာဒဏ်ခတ်မှုစည်းမျဉ်းများကို ပြည်ထောင်စုဥပဒေစာရင်းမှ ပယ်ဖျက်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းအစီရင်ခံစာ တင်သွင်းရမည့်ကိစ္စသည် မဖြစ်မနေ ကိစ္စတရပ် မဟုတ်တော့ဘဲ မိမိဆန္ဒအလျောက် ဆောင်ရွက်ရန်ဖြစ်သည်။

အခုလို မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရ ပိတ်ဆို့ထားမှုကဲ့သို့သော ကိစ္စများနှင့် အကျုံးဝင်သူများ ပါဝင်ခြင်းမရှိပါ။

ဤအုပ်ချုပ်ရေးအမိန့်ဖြင့် ဖယ်ရှားလိုက်သည့် ကိစ္စများတွင် မြန်မာနိုင်ငံနှင့် လုပ်ကိုင်မည့် ဘဏ်လုပ်ငန်းအပေါ် တားဆီးပိတ်ပင်ထားသည့် ကိစ္စရပ်အားလုံး ပါဝင်သည်။

Credit:ဗွီအိုအေ (မြန်မာပိုင်း)

Sunday 2 October 2016

ဝဋ်ကြွေး အကြောင်း သိကောင်းစရာများ

http://wp.production.patheos.com/blogs/formerlyfundie/files/2016/01/Dollarphotoclub_47670362-1024x512.jpg 
Good one
၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။
၃. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ
အရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။
၎. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်းဆောက်ဖို့ ငွေလှုဒါန်းခြင်းကြောင့် ဖြစ်သည်။
၅. ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သတ်သတ်လွှတ်စားသည့်အပြင် ဘုရားတရားများနှင့်ပျော်မွေ့ နေသူလည်း ဖြစ်သည်။
၆. ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းရောင်းရင်းများနှင့် ပြည့်စုံနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်းကြောင့် ဖြစ်သည်။
၇. ဘာလို့ ဒီဘဝမှာ မိစုံဖစုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာ
ရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်းကြောင့် ဖြစ်သည်။
၈. ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာနေရသလဲဆိုတော့ အရင်ဘဝမှာ ဌက်လွှတ်၊ ငါးလွှတ် စသည့် သက်ရှိသတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။
၉. ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့
အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၀. ဘာလို့ ဒီဘဝမှာ သင်ဟာ လှပချောမောနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားပန်းကပ်လှုခြင်းကြောင့် ဖြစ်သည်။

Bads
၁. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။
၂.ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေးဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ဌက်ပစ် ၊ ငါးမျှား ၊ တိရိစ္ဆာန် အသိုက်အမြုံများကို ဖြိုချခြင်းကြောင့် ဖြစ်သည်။
၃. ဘာကြောင့် ဒီဘဝမှာ အသက်တိုရသလဲဆိုတော့ အရင်ဘဝက တိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
၎. ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားကို နှိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
၅. ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။
၆. အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့်ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၇. ဘာ့ကြောင့် ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝက တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

 Credit: ကိကိ