Sunday 27 March 2016

အပြာကားတွေနဲ့ အန္တရာယ်

 http://waytooindie.com/wp-content/uploads/2013/10/blue-is-the-warmest-color-movie.jpg
အိန္ဒိယ နိုင်ငံမှာ အစိုးရက အပြာဇာတ်ကားတွေကို တားမြစ်လိုက်တဲ့အခါမှာ တတိုင်းပြည်လုံး ဆူဆူညံညံ ဖြစ်သွားပါတယ်။ ဘောလီးဝုဒ် နာမည်ကြီးတွေကနေ တွစ်တာ သုံးစွဲတဲ့ သာမန်လူတွေ အထိ ဒီလို ပိတ်ပင်ခြင်းကို အပြစ်တင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာကို မဆို ကြည့်တတ်ရင် တောက်ပတဲ့ အစိတ်အပိုင်းတခု ရှိပါတယ်။ အဲဒီလိုပါပဲ လူတွေက ဒါတွေကို မကြည့်ရလို့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားလို့ စိုးရိမ်နေချိန်မှာ တခြားဘက်မှာ ညစ်ညမ်းရုပ်ရှင်တွေ၊ ရုပ်ပုံတွေ ကြောင့် ကိုယ့်ရဲ့ဘ၀ကို  ထိခိုက်စေမယ့် အကြောင်း အရာတွေလျော့ကျသွားတာတွေလည်း ရှိပါတယ်။ အပြာကားတွေကို စွဲစွဲလမ်းလမ်း ကြည့်ခြင်းကြောင့် ကြုံတွေလာရနိုင်တာတွေကတော့ ….
အပြာ ရုပ်ရှင်တွေက ဦးနှောက်မှာ စွဲလမ်းမှုတွေ တိုးလာအောင် လွှမ်းမိုးနိုင်ပါတယ်
မစွဲလမ်း အပ်တဲ့ တစုံတရာ (မူးယစ်ဆေး၊ အရက်၊ ညစ်ညမ်းရုပ်ရှင်) ကို စွဲလမ်းမှုရှိနေသူတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင် ရွက် မှုတွေကို ပြောင်းလဲသွားစေတယ်လို့ လေ့လာမှုတွေက တွေ့ရှိခဲ့ရပါတယ်။ အပြာရုပ်ရှင်ကြည့်တာကို စွဲလမ်း သူတွေ ဟာ ဒါကို ဖြတ်နိုင်ဖို့ အတွက် မူးယစ်ဆေး စွဲသူတွေလိုပဲ ခက်ခဲမှုတွေရှိပါတယ်။ ပိုပြီး အရေးကြီးတာက စွဲလမ်းခြင်း က အလိုဆန္ဒနဲ့ တောင့်တမှုတွေကို ဖြစ်စေပြီးတော့ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ အကျိုးစီးပွားတွေကို ထိ ခိုက်စေပါတယ်။
အပြာ ရုပ်ရှင်တွေကို စွဲလမ်းခြင်းကြောင့် အမျိုးသားတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး ပြဿနာတွေရှိလာနိုင်ပါတယ်
အပြာကားတွေ အတွက် အမျိုးသား သရုပ်ဆောင်ရွေးချယ်တဲ့နေရာမှာ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ပြီးတော့ ရွေးချယ်တာ မဟုတ်ပါဘူး။ တခုကိုပဲကြည့်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အပြာကားတွေ ဆက်တိုက်ကြည့်တဲ့ အမျိုးသား တွေဟာ  သူတို့ ထက်ပိုကြီးတဲ့ သရုပ်ဆောင်တွေရဲ့ လိင်အင်္ဂါတွေကို ကြည့်ရင်း ကြည့်ရင်းနဲ့ သူတို့ကိုယ် သူတို့ သိမ်ငယ် စိတ်တွေ တဖြည်းဖြည်းနဲ့ ၀င်လာကြပါတယ်။ ဒါ့အပြင် အပြာကားတွေကို စွဲနေတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ အလုပ်ကို လျစ်လျူရှုလာကြတယ်၊ ပိုက်ဆံတွေပိုဖြုန်းလာကြတယ်၊ တခြားသူတွေနဲ့ ကင်းကွာလာကြတယ်ဆိုတာကို သု တေသီတွေ တွေ့ရှိခဲ့ရပါတယ်။ စိတ်ကျရောဂါနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေလည်း ဖြစ်နိုင်ပါတယ်။
အပြာ ရုပ်ရှင်တွေကို စွဲလမ်းခြင်းက အမှန်တကယ်မရှိတဲ့ ကမ္ဘာတခုထဲကိုရောက်သွားစေပါတယ်
အပြာရုပ်ရှင်ဆိုတာ အစစ်အမှန်မဟုတ်ပါဘူး။ ရုပ်ရှင်ကားတွေလိုပါပဲ အပြာကား သရုပ်ဆောင်တွေက သူတို့ သရုပ် ဆောင် တဲ့ ဇာတ်ကောင် စရိုက်ဟာ လက်တွေ့ဘ၀နဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို အနည်းငယ်ပဲ ဂရုစိုက်ကြပါတယ်။ အပြာကား တိုင်း လိုလိုမှာ ဇာတ်ဆောင်တွေက စိတ်ခံစားမှုရဲ့ ကျေးကျွန်တွေ အဖြစ်နေထိုင်ပြကြပါတယ်။ အဲဒါတွေကို ကြည့်ဖန် များ လာတဲ့ အခါမှာ ကြည့်သူတွေဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် အားနည်းမှာကို စိုးရိမ်လာကြပါတယ်။
အပြာကားထဲက အမျိုးသား သရုပ်ဆောင်တွေက လိင်ဆက်ဆံချိန် ကြာမြင့်အောင်ထိန်းချုပ်ထားရတာ သူတို့အတွက် အ ခက်အခဲမရှိသလိုမျိုး သရုပ်ဆောင်ပြတတ်ကြပါတယ်။ သူတို့ ဆန္ဒရှိသလောက် ထိန်းချုပ် ထားနိုင်တဲ့ ပုံမျိုးပါပဲ။ ဒါပေမယ့် သိထားရမှာက ဒါတွေက ကြည့်ကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ အမှန်တကယ်လက်တွေ့နဲ့ လုံးဝ ကွာခြားမှု ရှိ မှာ အသေအချာပါပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက အဲဒါကို တကယ်ထင်ပြီးတော့ အပြင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းလာစေတာပါပဲ။ အဲဒါက စုံတွဲတွေ၊ လင်မယားတွေကြားထဲက ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ နောက် ပိုင်းမှာ ကိုယ့်မှာရှိတဲ့ ဆက်ဆံရေးအပေါ် ကျေနပ်နှစ်သိမ့်မှုမရှိတာ တွေ ဖြစ်လာနိုင်ပါတယ်။
အပြင်က အမျိုးသမီးတွေနဲ့ အပြာရုပ်ရှင်ထဲက အမျိုးသမီးတွေ မတူပါဘူး
အပြာကားတွေထဲက အမျိုးသမီး သရုပ်ဆောင်တွေက ကြည့်ရှု့သူတွေရဲ့ စိတ်ကို နှိုးဆွလှုံ့ဆော်ပေးနိုင်ဖို့ လေ့ကျင့်ထားသူ တွေ ဖြစ်ပါတယ်။ တကယ့်အပြင်မှာ တွေ့ဖူးတဲ့ အမျိုးသမီးတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပြီးတော့ ပိုပြီး ကြည့်ကောင်းနေ တတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမှာက အပြာကားတွေဟာ သရုပ်ဆောင် အမျိုးသမီးတွေကို ကြည့်ရှု့သူ အမျိုး သားတွေ စွဲမက်စေဖို့ ဦးတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အမျိုးသမီးမျိုး၊ သူတို့တွေ သရုပ်ဆောင် ပြသလိုမျိုးကို လက်တွေ့ အပြင်မှာ တွေ့နိုင်မယ် မဟုတ်ပါဘူး။ လက်တွေ့ ဘ၀မှာ ကိုယ့်ရဲ့ ချစ်သူ သို့ မဟုတ် အိမ်ထောင်ဖက်ဟာ အပြာကားထဲက အမျိုး သမီး သရုပ်ဆောင်တွေလို တုန့်ပြန်ကြမှာ မဟုတ်ပါဘူး။
အပြာရုပ်ရှင်တွေက ကြိုတင်ကာကွယ်မှုတွေကို ဂရုမစိုက်တတ်တဲ့ အလေ့အကျင့်ကို ပေးပါတယ်
သူတို့က ပဋိသန္ဓေတားဆီးဖို့ကို ဂရုမစိုက်ပါဘူး။ လိင်ဆက်ဆံမှုကနေ တဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ တခြား လူမှု ရေး အရှုပ်အထွေးကိစ္စတွေကိုလည်း ထည့်မတွက်ပါဘူး။ ဒီလို အဆင်အခြင် ကင်းမဲ့မှုက စွဲစွဲလမ်းလမ်း ကြည့်ရှုသူတွေကို လည်း ကူး စက်ပြီးတော့ သူတို့ရဲ့ လက်တွေ့ လိင်မှုဘ၀မှာလည်း အလားတူလုပ်လာတတ်ပါတယ်။
အပြာရုပ်ရှင်တွေက လက်တွေ့ လိင်ဆက်ဆံမှုဘ၀ကိုလည်း ထိခိုက်စေပါတယ်
အပြာကားတွေထဲမှာ အစစ်အမှန်မဟုတ်တဲ့ နည်းလမ်းမျိုးစုံနဲ့ လိင်ဆက်ဆံပြကြပါတယ်။ ဒါတွေကို ကြည့်ရင်းနဲ့ မြင်သား ကျလာတဲ့ အခါ လက်တွေ့လုပ်ရင် ပြဿနာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြာကားတွေက ကြည့်ကောင်းရုံ သက်သက်ရိုက်ပြကြတာဖြစ်ပါတယ်။ လက်တွေ့မှာ အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် အဲဒါတွေရဲ့ လွှမ်းမိုးမှုကြောင့် မိမိရဲ့ ပုံ မှန် လိင်ဆက်ဆံမှု ပုံစံကိုလည်း ပျင်းရိငြီးငွေ့လာစေနိုင်ပါတယ်။
မိမိရဲ့ လိင်ဆက်ဆံမှုဘ၀မှာလည်း ရင်းနှီးမှုတွေ ပျောက်ဆုံးသွားစေနိုင်ပါတယ်
စိတ်ကျေနပ်စရာ အကောင်းဆုံး လိင်ဆက်ဆံခြင်းမှာ အမှန်တကယ် ဆက်ဆံမှုမပြုလုပ်ခင် ကြိုတင် နှိုးဆွမှုတွေ၊ ထိတွေ့ မှုတွေ ပါဝင်နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အပြာကားတွေမှာတော့ အားလုံးက အဲဒီကိစ္စအတွက် အမြဲတမ်း အသင့်ဖြစ် နေ တတ်ကြပါတယ်။ ဒါကြောင့် အပြာကားတွေကိုပဲ စွဲစွဲလမ်းလမ်းကြည့်နေသူ တယောက်အနေနဲ့ သူ့ရဲ့ အဖော်ကလည်း ရမ္မက်ဆန္ဒ တွေ အလို အလျောက် နိုးကြားလာမယ်လို့ ထင်တတ်ကြတဲ့ အတွက် ကိုယ့်ရဲ့သာယာမှုကိုသာ ကြည့်တတ်လာ ပြီး သူတပါးရဲ့ သာယာမှုကို ထည့်မတွက်တဲ့ အခြေအနေ ဖြစ်သွားစေပါတယ်။
အပြာကားကြည့်ခြင်းကို စွဲလမ်းခြင်းက အကြမ်းဖက် ရမ်းကားမှုတွေကို ပြုမိစေပါတယ်
အပြာ ရုပ်ရှင်ကားတွေကြည့်သူတွေဟာ လိင်ဆက်ဆံတဲ့ အခါမှာ သူတို့ရဲ့ အဖော်ကို ကြမ်းတမ်းစွာပြုမူကြတယ်လို့ တော့ တိုက်ရိုက် မဆိုနိုင်ပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ အကြမ်းဖက်ရယူမှုတွေပြု တတ်ကြတယ်လို့ ပြောရင်လည်း မမှားနိုင် ပါ ဘူး။ ကြည့်ထားတဲ့ ဇာတ်လမ်းတွေ၊ အကြောင်းအရာတွေရဲ့ လှုံ့ဆော်မှုကြောင့် သည်းခံနိုင်စွမ်း မရှိတော့ဘဲ အခွင့် အရေး ရတဲ့ အချိန်မှာ သူတို့လိုချင်တာကို ဖြစ်တဲ့ နည်းနဲ့ ရယူချင်လာကြပါတယ်။

Saturday 26 March 2016

ရက်ပေါင်းသုံးသောင်း

 https://pmchollywoodlife.files.wordpress.com/2015/12/winter-solstice-lead.jpg?w=600
ဘ၀တစ်သက်.. ရက်ပေါင်းသုံးသောင်းပဲ ရှိတယ်ဆိုပဲ….
တကယ် ဟုတ်မဟုတ်၊ တွက်ကြည့်ကြရအောင်…..
၃၀၀၀၀ ÷ ၃၆၅ = ၈၂ .၁၉၁ ၊
၈၃နှစ်ပဲ ဆိုပါတော့…….
တကယ်လို့ ကျနော်တို့ အသက် ၈၃ နှစ် အထိရှင်ခဲ့ရင်
ရက်ပေါင်း ၃၀၀၀၀ အသက်ရှင်မယ်တဲ့ဗျာ……
ကျနော် ဒီအတွေးလုံးဝ မရှိခဲ့ပါဘူး၊ ဒီနေ့ပြီးရင် မနက်ဖန်၊
မနက်ဖန်ပြီးရင် တံဘက်ခါ ရှိသေးတယ် မဟုတ်လား၊
ကိုယ်တစ်နေ့နေ့ သေရမယ်ဆိုတာ သိတော့သိပါရဲ့
လုံးဝမစဉ်းစားခဲ့ဘူး၊ စဉ်းလည်းမစဉ်းစားချင်ပါဘူး။
ဒီလိုတွက်လိုက်တော့လည်း……
လူ့ဘ၀ ထင်တာထက် အများကြီး တိုနေတာပေါ့နော်….
သင်နှဖူးပေါ်လက်တင်ပြီး သေသေချာချာ စဉ်းစားဖူးပါသလား
ဒီရက်ပေါင်း ၃၀၀၀၀ အတွင်းမှာ …
     သင်ဘယ်နှစ်ရက် တကယ်ပျော်ရွှင်ပါသလဲ
     သင်ဘယ်နှစ်ရက် တကယ် စိတ်ချမ်းသာပါသလဲ
     သင်ဘယ်နှစ်ရက် အလုပ်ကို တက်တက်ကြွကြွလုပ်ပါသလဲ
     သင်ဘယ်နှစ်ရက် အချိန်ဖြုန်းခဲ့ ပါသလဲ
     သင်ဘယ်နှစ်ရက် သူများအတွက် အသက်ရှင်ခဲ့ပါသလဲ
     သင်ဘယ်နှစ်ရက် ကိုယ့်အတွက် အသက်ရှင်ခဲ့ ပါသလဲ
     သင်မိသားစု အတွက် အချိန်လုံလုံလောက်လောက်ပေးခဲ့ပါသလား
     သင့်ကို တကယ်ချစ်တဲ့ လူတွေကိုကော တန်ဖိုးထားခဲ့ပါသလား

ရက်ပေါင်း ၃၀၀၀၀ ဆိုတာ..တိုလည်းတိုသလောက်၊ တန်ဖိုးလည်းရှိလွန်းလှပါတယ်။
ဒါကြောင့်မို့လို့ ၊ တစ်ရက်သာ အသက်ရှင်ခဲ့ရင်..တစ်ရက်အတွက်….
တန်ဖိုးရှိရှိ …နေထိုင်နိုင်ကြပါစေ။

Credit: Sayar Aung Ko Latt

လေလံ ရောင်းချပွဲမှ တန်ဖိုးအကြီးဆုံး ပစ္စည်းများ

 
ရှေးဟောင်းပစ္စည်းများ၊ တန်ဖိုးကြီး လက်ဝတ် ရတနာများ၊ အနုပညာ ပစ္စည်းများကို လေလံပွဲများ ပြုလုပ်ပြီး ရောင်းချလေ့ ရှိသည်။ ထိုသို့ ရောင်းချရာတွင် အချို့ပစ္စည်း များသည် အံ့အားသင့်ဖွယ်ကောင်း လောက်အောင် စံချိန်တင်ဈေးများ ရရှိခဲ့သည်။ ပီကာဆို၏ ပန်းချီကား တစ်ချပ်တန်ဖိုးသည် ဒေါ်လာသန်း (၁၀၀) ကျော် ရှိခဲ့ပြီး၊ တရုတ်ရှေးဟောင်း ကြွေပန်းအိုး တစ်လုံးသည် ဒေါ်လာ သန်း (၅၀) ကျော်ရှိ ခဲ့သည်။ ထို့ကြောင့် လေလံ ရောင်းချပွဲ များတွင် တန်ဖိုးအကြီးဆုံး ပစ္စည်းများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။

၁။ ပန်းချီကား
လေလံ ရောင်းချပွဲများတွင် ပီကာဆို ရေးဆွဲခဲ့သော ပန်းချီကားသည် တန်ဖိုးအကြီးဆုံး အဖြစ် သတ်မှတ်ခံထား ရသည်။ ပီကာဆိုသည် (၂၀) ရာစု၏ အလွှမ်းမိုးနိုင်ဆုံး ပန်းချီပညာရှင် ဖြစ်သောကြောင့် သူ၏ လက်ရာများကို တန်ဖိုးထား ၀ယ်ယူလေ့ ရှိကြသည်။ အမျိုးသမီး တစ်ဦး ဗလာကျင်း ပုံစံဖြင့် လဲလျောင်း နေသည့် ပုံကို ပီကာဆိုက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်း ပန်းချီကားကို ၁၉၅၀ က ၀ယ်ယူခဲ့ရာတွင် ဒေါ်လာ (၁၇၀၀၀) သာရှိခဲ့ သော်လည်း နောက်ဆုံး လေလံတင် ရောင်းချရာတွင် ဒေါ်လာ (၁၀၆ ဒသမ ၅) သန်းရရှိ ခဲ့သည်။

၂။ ပန်းပုရုပ်တု
နာမည်ကျော် ပန်းပုပညာရှင် အယ်လ်ဘာတို ဂျီယာကိုမက်တီ ထုလုပ်ခဲ့သော ရုပ်တုကို ဒေါ်လာ (၁၀၄ ဒသမ ၃) သန်းဖြင့် ၀ယ်ယူခဲ့ သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ လမ်းလျှောက်နေသော လူဟု အမည်ပေးထားသော ရုပ်တုကို ကြေးဖြင့် ထုလုပ် ဖန်တီးထားခြင်း ဖြစ်သည်။ ခြောက်ပေ အမြင့် ရှိပြီး ကြည့်ရ ဆိုးသည့် ခပ်ပိန်ပိန် လူတစ်ဦး လမ်းလျှောက်နေသည့် ပုံစံ ဖြစ်သော်လည်း တန်ဖိုးမဖြတ် နိုင်သည့် လက်ရာ တစ်ခု ဖြစ်သောကြောင့် လေလံစဖွင့်ရာတွင် ဒေါ်လာ (၂၇)သန်း ဖြစ်ခဲ့ပြီး နောက်ဆုံး ဒေါ်လာ သန်း တစ်ရာကျော် ရရှိခဲ့သည်။

၃။ ကြွေအိုး
ကြွေအိုး တစ်အိုးကို ဒေါ်လာ (၅၃) သန်းဖြင့် ၀ယ်ယူခဲ့ သောကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာ နိုင်သည်။ သို့သော် ယင်းကြွေအိုးသည် သာမန် ကြွေအိုး မဟုတ်ဘဲ တရုတ်နိုင်ငံ၏ ယဉ်ကျေးမူ သမိုင်းကို ဖော်ပြသော လက်ရာတစ်ခု ဖြစ်နေသည်။ ကွင်မင်းဆက် ဖြစ်သော ၁၇၄၀ခုနှစ်တွင် ပြုလုပ်ခဲ့သော ကြွေအိုး ဖြစ်ပြီး အရှည်(၁၆) လက်မရှိကာ ငါးရုပ်များကို ရေးခြယ် ထားသည်။ တရုတ်နိုင်ငံ၏ ကြွေဖြင့် ပြုလုပ် ထားသော ပစ္စည်းများတွင် တန်ဖိုး အကြီးဆုံး ဖြစ်ခဲ့သည်။ လေလံပွဲသည် မိနစ်(၃၀)သာ ကြာမြင့်ခဲ့ပြီး အမြင့်ဆုံး ဈေးပေး ၀ယ်ယူ သွားခြင်းဖြစ်သည်။

၎။ ပရိဘောဂ ပစ္စည်း
နီလာ၊ နှမ်းဖတ်ကျောက်၊ မဟူရာကျောက်၊ နဂါးသွဲ့ ကျောက်၊ သင်္ဘောမဟူရာ စသည့် ပစ္စည်းများဖြင့် ပြုလုပ် ဖန်တီးထားသည့် ရှေးဟောင်း အံဆွဲငယ်များ ပါဝင်သည့် ဗီရိုကို ၂၀၀၄ တွင် လေလံ ရောင်းချခဲ့ရာ ဒေါ်လာ (၃၆)သန်း ရရှိခဲ့သည်။ ယင်းမှာ ပရိဘောဂ ပစ္စည်းများတွင် တန်ဖိုး အကြီးဆုံး အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ ၁၇၂၆ တွင် အီတလီ လက်မှု ပညာရှင် ဒိုမန်နီကို ကူဆီက ဦးဆောင်ပြီး ခြောက်နှစ်ကြာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို အင်္ဂလန်တော်ဝင် မျိုးနွယ်များက အသုံးပြုခဲ့ပြီး အမြင့် (၁၂) ပေအထိ ရှိသည်။

၅။ လက်ရေးစာမူ
လီယိုနာဒို ဒါဗင်ချီသည် အလွန်ထူးချွန်သူ ဖြစ်ပြီး၊ လူသားများကို စာပေနှင့် အနုပညာ စိတ်ဝင်စား လာအောင် ပြုလုပ်ပေးခဲ့သည့် အပြင် တီထွင်မှုများ ကိုလည်း ပြုလုပ်ခဲ့သည်။ လီယိုနာဒိုဒါဗင်ချီကို အကြီးကျယ် ဆုံး ပန်းချီပညာရှင် အဖြစ် သတ်မှတ်ထား သလို၊ သူ၏ အတွေးအခေါ်နှင့် တီထွင်မှု များသည် လူသားများကို အကျိုးများစွာဖြစ်စေခဲ့သည်။ လီယိုနာဒိုဒါဗင်ချီသည် သိပ္ပံပညာနှင့် ပတ်သက်ပြီး လေ့လာ တွေ့ရှိချက် များကို လက်ရေးဖြင့် မှတ်သားသိမ်းဆည်းလေ့ ရှိသည်။ ယင်း လက်ရေးစာမူကို ရောင်းချရာတွင် မိုက်ခရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်က ၁၉၉၄ တွင် ဒေါ်လာ (၃၀ ဒသမ ၈) သန်းဖြင့် ၀ယ်ယူခဲ့ သဖြင့် တန်ဖိုး အကြီးဆုံး လက်ရေးစာမူ ဖြစ်ခဲ့သည်။

၆။ ကြေးရုပ်တု

ရှေးခေတ် နှစ်ပေါင်း (၂၀၀၀)က ဂရိတို့ ပြုလုပ်ခဲ့သော ကြေးရုပ်တို လေလံ ရောင်းချပွဲတွင် ဒေါ်လာ (၂၃ ဒသမ ၈)သန်းဖြင့် ရောင်းချခဲ့သည်။ အဆိုပါ ရုပ်တုကို ၁၉၂၀ က ဆောက်လုပ်ရေး လုပ်ငန်း ပြုလုပ်ရာတွင် တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရိုမန်တို့၏ သမိုင်းဝင် လက်ရာ ဖြစ်ပြီး၊ အမျိုးသမီး တစ်ဦးနှင့် ဆိတ်တစ်ကောင်ကို ကြေးဖြင့် ထုလုပ်ထားခြင်း ဖြစ်သည်။ ရုပ်တုအမြင့်သည် (၃၆) လက်မရှိပြီး ခန့်မှန်း ထားသည့် ဈေးထက် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။ ရုပ်တုထု လုပ်ထားသည့် အမျိုးသမီးသည် ဂရိနတ် ဘုရားမ ဖြစ်ပြီး လေးကိုင်ထားသည့် ရုပ်တုတစ်ခု ရှိသေးသော်လည်း ယနေ့ အချိန်ထိ တွေ့ရှိသေးခြင်း မရှိကြောင်း သိရသည်။

၇။ တယော
တယောတစ်လက်၏ တန်ဖိုးသည် ဒေါ်လာ (၃ ဒသမ ၉) သန်းအထိ ရှိခဲ့ သောကြောင့် အံ့အားသင့်စရာ ဖြစ်နေပါ လိမ့်မည်။ တယောမတီးတတ်သူ များသည် အီတလီ လက်မှု ပညာရှင် အန်တိုနီယိုစတာရာဒီဗာရီ ဖန်တီးသည့် တယောများကို သိရှိကြားဖူးကြပါ လိမ့်မည်။ ၂၀၀၇ ခုနှစ်က ပြုလုပ်သော လေလံပြပွဲတွင် အန်တိုနီယိုစတာရာဒီဗာရီ၏ အဘိုးဖြစ်သူ ဂူရာနီရီ ဖန်တီး ပြုလုပ်ခဲ့သော တယောကို ရောင်းချရာတွင် စံချိန်တင် ဈေးရရှိ ခဲ့သည်။ သက်တမ်အားဖြင့် နှစ် ပေါင်း (၂၅၀) ကျော်ရှိပြီး၊ ယင်းတယောကို (၂၅၀)ခုသာ ပြုလုပ် ခဲ့ပြီး၊ ရုရှားနိုင်ငံက ရှေ့နေ တစ်ဦး ပိုင်ဆိုင် ထားခြင်း ဖြစ်သည်။ ယင်းတယောကို နှစ်ပေါင်း (၇၀) အတွင်း ပထမဆုံးအကြိမ် တီးခတ်မှု အဖြစ် မော်စကိုတွင် ပြုလုပ်ခဲ့သည်။

၈။ ဆံပင်
ရော့ခ်အင်ရိုးဘုရင် ပရက်စလေ၏ ဆံပင်ကို ရောင်းချရာတွင် ဒေါ်လာ (၁၁၅၀၀၀) ရရှိခဲ့သည်။ ၂၀၀၂တွင် လေလံတင် ရောင်းချခဲ့ရာ အံ့အားသင့်စရာ ဈေးပေးပြီး ၀ယ်ယူသွားခြင်း ဖြစ်သည်။ ပရက်စလေ၏ ဆံသ ဆရာသည် ဆံပင် များကို သိမ်းဆည်းပြီး အွန်လိုင်းတွင် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ပရက်စလေ၏ ဆံပင်သည် လေလံတင် ရောင်းချသည့် ဆံပင်များတွင် တန်ဖိုး အကြီးဆုံး ဖြစ်ခဲ့သည်။ ထင်ရှား ကျော်ကြားသူများ ဖြစ်သည့် ဂျွန်အက်ဖ်ကနေဒီ၊ ဂျွန်လင်နွန်၊ ဘီသိုဗင် စသူများ၏ ဆံပင်များ ကိုလည်း လေလံ တင်ရောင်းချခဲ့ ဖူးသည်။
messenger news journal

မိန်းကလေးများ ဆေးခတ်ပြီး လိင်အစော်ကားမခံရအောင် ဘယ်လိုကာကွယ်မလဲ

 http://www.blissweb.com/sets/photos/party/rz/redzone_011_2_big.jpg

 မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
  1.  ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
  2.   ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
  3.   Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
  4.   တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
  5.   အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
  6.   အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
  7.   သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
  8.   သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
  9.   သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
  10.   အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
  11.   ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
  12.   အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
  13. အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
  14.   တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
  15.   သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
  16. ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။  ဒါကြောင့် အထူးဂရုပြုသင့်ပါကြောင်း။

Credit : ဒေါက်တာတင့်ဆွေ

Friday 11 March 2016

ချမ်းသာဖို့

http://www.irishtimes.com/polopoly_fs/1.1613825.1385965357!/image/image.jpg_gen/derivatives/box_620_330/image.jpg
အကြောင်းပြချက် ၁။ ။ ချမ်းသာချင်တဲ့ စိတ် ပြင်းပြင်း ပြပြမရှိသေးလို့ပါ။
လူတစ်ယောက် အတွက် စိတ်ဆိုတာ အရေးကြီးပါတယ်။ " စိတ်သာ မပါ ဘာလုပ်လုပ် ဘယ်တော့မှ မအောင်မြင်" ။ အဲဒီတော့ ချမ်းသာချင်တယ်ဆိုရင် ချမ်းသာလိုတဲ့ စိတ်တစ်ခုတည်းသာ ပြင်းပြင်းပြပြရှိပါစေ ချမ်းသာလာပါလိမ့်မယ်။

အကြောင်းပြချက် ၂ ။ ။ လုံ့လ ဝီရိယ မရှိခြင်း။
ချမ်းသာတော့ ချမ်းသာ ချင်ပါရဲ့ သူများ လုပ်သလောက် လုပ်နေရုံနဲ့ မရဘူး။ ပိုလုပ်ရမယ်။ သူများက ၅ နာရီ အလုပ်လုပ်ရင် ကိုယ်က ၇ နာရီ ၈ နာရီ လုပ်ရမယ်။ အချိန်တိုင်း ပျင်းနေလို့ မရဘူး လုံ့လ ဝီရိယ ရှိနေရမယ်။ တက်ကြွနေရမယ်။
အလုပ်လုပ်ချင်စိတ် အပြည့်ရှိနေရမယ်။ အလုပ်မှာ ပျော်ရမယ်။

အကြောင်းပြချက် ၃ ။ ။ ငွေကို ရင်းနှီးမြုပ်နှံ့ တတ်ရမယ်။
လူတစ်ချို့က ငွေရလာရင် စုကြတယ်။ သုံးကြတယ်။ အဲလောက်နဲ့ မရဘူး။ ရတဲ့ ငွေကို ပိုပွားအောင် ရင်းနှီးမြုပ်နှံတတ်ရမယ်။ ရင်းနှီးမြုပ်မူကလည်း မှန်ကန်ရလိမ့်မယ်။ ဒီအကြောင်းပြချက်ကလည်း ချမ်းသာချင်သူအတွက်
အရေးကြီးတဲ့ တစ်ချက်ပါ။

အကြောင်းပြချက် ၄ ။ ။ သမာအာဇီဝ ကြတဲ့ အလုပ်ဖြစ်ဖို့လိုအပ်တယ်။
သမာအာဇီဝ မကျတဲ့ ချမ်းသာမူဟာ ခဏပါပဲ မတည်မြဲဘူး။ ဒါကြောင့် ချမ်းသာလိုသူများဟာ သမာအာဇီဝ ကြတဲ့ အလုပ်ကို ရွေးချယ်လုပ်ပါ။ သူများလုပ်တဲ့ အလုပ်ကို Copy ကူးမလုပ်ပါနဲ့။ သူများနဲ့ မတူညီတဲ့ အလုပ်နဲ့
မတူညီတဲ့ အတွေးအခေါနဲ့ အလုပ်လုပ်ကြည့်ပါ။ ချမ်းသာဖို့ မြန်ဆန်ပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Wednesday 9 March 2016

ရှေး တရုပ်ပညာရှိ ရဲ့ သားမြေးတွေကို လုံးဝ မပြောမိစေဖို့ ပိတ်ပင်ထားတဲ့ စကား ၅ ခွန်း

 http://cache4.asset-cache.net/gc/170887149-grandfather-talking-to-his-grandson-in-park-gettyimages.jpg?v=1&c=IWSAsset&k=2&d=CKZxXyyJnvp%2B1%2BedGck4%2FjoHWsX2XVoXKJ8caVNa0Fg5OSRHy6B9Ill40DOzCFl8M1UpQ1kdqBr3CnU0GfuSGw%3D%3D
၁. ခက်ခဲတယ်
ခက်တယ်ဆိုတဲ့စကားပြောလိုက်တာနဲ့ ပြသနာတွေ ဖြေရှင်းဖို့ တွန်းအားစွမ်းအားတွေ ရပ်ဆိုင်းကုန်တတ်ပါတယ် ။
…………………………….
၂. မလုပ်နိုင်ဘူး 不会做
လုပ်ဆောင်နေတဲ့အရာကနေ ကိုယ့်ကိုယ်ကို မောင်းထုတ်လိုက်သလိုဖြစ်စေပြီး ဆက်လက်လေ့လာဖို့ ပိတ်ပင်ပြီးသားဖြစ်စေတတ်တယ်
…………………………….
၃. အားလျော့တယ် 灰心
ဒီစကားလေးတစ်ခွန်းတည်းနဲ့ တင် ခန္တာ နဲ့ စိတ်ထဲမှာရှိနေတဲ့ အားအင်တွေ အကုန်လုံး လျော့ကျပြီး အားအင်ကုန်ခမ်းသွားစေတတ်ပါတယ်
…………………………………….
၎.ပျင်းတယ်
အပျော်သဘောတောင်မပြောသင့်တဲ့ စကားဖြစ်ပါတယ် ဒီစကားဟာ တာဝန်မယူတတ်ခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်
…………………………
၅.ပင်ပန်းတယ်
ဒီစကားလုံးကိုပြောလိုက် တာနဲ့ ခန္တာကိုယ်က နွမ်းနယ် မှု့တွေနဲ့ တန်းပြီးတုန့်ပြန်လိမ့်မယ်

Tuesday 1 March 2016

ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်း အဖြစ်သို့  ပြောင်းလဲနိုင်ခဲ့သူများ

ဟင်နရီဖိုဒ့်
http://www.radiojyoti.com/wp-content/uploads/2015/03/Pic-Story-Henry-Ford-720x340.jpg
ကမ္ဘာကျော် ဖိုဒ့်ကား ကို တီထွင် ထုတ်လုပ်ရောင်းချခဲ့တဲ့ သူဌေးကြီးဟင်နရီဖိုဒ့် ဟာ မအောင်မြင်ခင် မှာ၊ ငါးကြိမ်တိုင်တိုင် အရှူံးပေါ်ပြီး ဘိုင်ပြတ်တဲ့ဘ၀ ကို ရောက်ခဲ့ရဖူးတယ်။ မဆုတ်မနစ်သော ဇွဲ၊ မိမိကိုယ်ကိုယုံကြည်မှုပြင်းထန်မှုတွေ ကြောင့် နောက်ဆုံးမှာ ဖိုဒ့်ကား ကို လူကြိုက်များလာပြီး ဟင်နရီဖို့ ဒ် ဟာ ထိပ်တန်းသူဌေးတစ်ဥိးဖြစ်လာခဲ့ပါတယ်။

ဝေါလ်ဒီစနီ 
http://www.classtools.net/_FAKEBOOK/images/w/walt_disney.jpg
 ရုပ်ရှင်လောက မှာဆိုရင် “စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်”ကာတွန်းရုပ်ရှင်ဇာတ်လမ်းအပါအ၀င် အခြား ဝေါလ်ဒီစနီ ကာတွန်း ရုပ်ရှင် ဇာတ်လမ်းများ၊ မိသားစု အပန်းဖြေ စရာ ဝေါလ်ဒီစနီ ဥယျာဉ် လုပ်ငန်းများနဲ့ ကြွယ်ဝချမ်းသာနေတဲ့ သူဌေးကြီး ဝေါလ်ဒီစနီ ဟာ အောင်မြင်တဲ့ ဘ၀ကို လွယ်လွယ်နဲ့ ရခဲ့သူမဟုတ်ပါ။ သတင်းစာတိုက် တစ်ခု အတွက် ကာတွန်းရေးဆွဲခဲ့ချိန်မှာ သူ့ ရဲ့  ရေးဆွဲမှုတွေဟာ အတွေးအခေါ်မပါတဲ့ ရေးဆွဲမှုတွေဖြစ်တယ် ဆိုပြီး အယ်ဒီတာ တစ်ဦးက အလုပ်မှ ထုတ်ပစ်ခဲ့ဖူးတယ်။ အလုပ်ထုတ်ခံရပေမယ့် ဝေါလ်ဒီစနီဟာ မလျော့သောဇွဲနဲ့  မိမိယုံကြည်တဲ့ ကာတွန်းရုပ်ပုံတွေကို ပဲ ဆက်လက်ရေးဆွဲခဲ့ပါတယ်။ နောက်ပိုင်း စီးပွားရေးအဆင်မပြေဖြစ်ပြီး မကြာခန ဒေ၀ါလီခံရတဲ့  အထိ ဆင်းရဲ ခဲ့ပေမယ့်၊ အလျော့မပေးပဲ ဆက်လက် ရေးဆွဲခဲ့တာကြောင့် အခုတော့ အောင်မြင်မှု အသီးအပွင့်တွေ ကို ခံစားနေရပြီဖြစ်ပါတယ်။

သိပ္မံပညာရှင် အိုင်းစတိုင်း


https://media.licdn.com/mpr/mpr/p/6/005/098/071/3089026.jpg
သိပ္မံပညာရှင် အိုင်းစတိုင်း ဟာ အသက် ၄နှစ် အထိအောင် စကားမပြောတတ်ခဲ့၊ အသက် ရနှစ် တိုင်အောင် စာမဖတ်တတ်ခဲ့တဲ့ အတွက် ကျောင်းမှ ဆရာ၊ ဆရာမ များက ဒီကလေးဟာ ဥာဏ်ရည်ချို့ တဲ့ တဲ့ ကလေးဖြစ်ပြီး၊ အတန်းဖော်တွေနဲ့  မ၀င်ဆန့် တဲ့ အပြင် ရူးကြောင်ကြောင် အိပ်မက်ဆန်ဆန် အကြောင်း ကို ပဲ ပြောနေ တတ်တာမို့ ၊ Zurich Polytechnic School ကျောင်းက သူ့ ကို ကျောင်းသားအဖြစ် လက်ခံဖို့  ငြင်းဆိုခြင်း ခံခဲ့ရဖူးတယ်။ The University of Bern ကလဲ အိုင်းစတိုင်းရဲ့  အတွေးအခေါ်တွေဟာ ကျိုးကြောင်း ဆီလျော် မှုမရှိဘူးလို့  ယူဆပြီး ပါရဂူဘွဲ့  ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ လဲ အိုင်းစတိုင်းရဲ့ နိယာမတွေ ကို ကမ္ဘာက ယုံယုံကြည်ကြည်ကျင့်သုံးနေကြရပါပြီ။

ရော့ခ်အဲန်ရိုး၏ဘုရင် အဲပရစ်ပရက်စလေ
http://i.telegraph.co.uk/multimedia/archive/03156/elvis_3156583b.jpg
အနုပညာ အသိုင်းအ၀ိုင်း ကို ကြည့်မယ်ဆိုရင်…ရော့်ခအင်ရိုးသီချင်းများနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အဆိုတော် အဲပရစ်ပရက်စလေ ရဲ့  သီဆိုဟန် က ၁၉၅၄ ခုနှစ်ဝန်းကျင် က သီဆိုဟန်တွေနဲ့  မတူပဲ ဆန်းသစ်နေတာ ကြောင့် မန်နေဂျာ ဂျင်မီဒယ်နီ က သူ့ ကို ပုံစံပြောင်းဆိုခိုင်းပေမယ့် ပြောင်းမရတဲ့ အဆုံး၊ ပရက်စလေ ကို “မင်းဟာ ဘာမှ ဖြစ်လာမဲ့ သူမဟုတ်ဘူး၊ အိမ်ပြန်ပြီး ထရပ်(ခ)ကားသာ ပြန်မောင်းစားပေတော့” ဟု ပြောဆိုကာ အလုပ်မှ ထုတ်ခဲ့ ဖူးတယ်။ အဲဒီ အချိန်မှာ ပရက်စလေသာ အရှူံးပေးခဲ့ရင် ကမာကျော်အဆိုတော် ဘ၀ကို ရောက်ခဲ့မှာ မဟုတ်ဘူး။
Symphonies သီချင်းများရေးစပ် တဲ့ ၊ စန္ဒရားပညာရှင် ဘီဒိုဗဲင် ကို သူ့ ဆရာ က အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာဖို့  မျှော်လင့်ချက် မရှိဘူးလို့  ထင်ကြေးပေးခံခဲ့ ရဖူးသူ တစ်ယောက် ဖြစ်တယ်။ ဘီဒိုဗင်ဟာ အကြားအာရုံချို့ တဲ့ မှု ရောဂါကို ခံစားခဲ့ရပြီး၊ အသက်ရှင်ချင်စိတ် မရှိတော့တဲ့အထိစိတ်ထိခိုက်ခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်မှုသရဖူကို
 ဆောင်းနိုင်ခဲ့သူဖြစ်တယ်။

အမေရိကန်သမ္မတလင်ကွန်း
https://s-media-cache-ak0.pinimg.com/236x/75/8a/2e/758a2edaff6563ffefd2a11d90a07b4a.jpg
နိုင်ငံရေးလောက တော.သမ္မတဖြစ်ဖို့  နှစ်ပေါင်း ၃၀ကျော် ကြိုးစားခဲ့ရတဲ့ အမေရိကန်သမ္မတလင်ကွန်း အကြောင်းကို ပြောရမှာဖြစ်ပါတယ်။ လင်ကွန်း ဟာ အသက် ၁၅ နှစ်မှာ မှ အေ၊ဘီ၊စီ၊ဒီ စသင်ခဲ့ရတယ်။ ကျောင်းမနေနိုင်တဲ့ အတွက် ကိုယ့်ဘာသာ စာပေ လေ့လာခဲ့ရတယ်၊ အိမ်မှာ စာဖတ်စရာ လျှပ်စစ်မီး မရှိတဲ့ အတွက် မီးလင်းဖို (ဒါမှမဟုတ်) ဓာတ်တိုင်အောက်မှာ သွားပြီး စာဖတ်ခဲ့ရတဲ့ အထိ ဆင်းရဲတွင်းနက်ခဲ့ပါတယ်။ ရှေ့ နေပေါက်စ ဘ၀မှာ ရုံးခန်းငှားခ မပေးနိုင်တဲ့ အတွက် လခ လာတောင်းသူကို အနွေးထည် အကျီ ကို ချွတ်ပြီး ပေးခဲ့ရတယ်။

KFC ကြက်ကြော်
 https://i.ytimg.com/vi/Dh2rHsxYh6U/maxresdefault.jpg
စားသောက်ကုန်လုပ်ငန်းကို ကြည့်ပြန်ရင်လဲ …၁၉၆၇ ခုနှစ် ကာလ က စီးပွားပျက်နေတဲ့ ကာနယ် စန်းတား ဟာ နေရာပေါင်း ၁၀၀၀ ကျော် ကို သွားပြီး သူ့  ရဲ့  ကြက်သားကြော် အညွှန်း ကို သွားရောက် ရောင်းချခဲ့ပေမယ့် ဘယ်သူကမှ မ၀ယ်ခဲ့ပါဘူး။ နောက်ဆုံး စိတ်ဝင်စားသူ တစ်ဦးက ၀ယ်ယူလိုက်ပြီး၊ KFC လို့ ခေါ်တဲ့ ကြက်သားကြော် ကို စတင် ရောင်းချလိုက်ရာကနေ တဖြည်းဖြည်း လူကြိုက်များခဲ့ပါတယ်။ ၇ နှစ်ကြာတဲ့ အခါ ကာနယ်စန်းတားက သူ့ ရဲ့ ကြက်ကြော် ကုမ္မဏီ ကို အမေရိကန် ဒေါ်လာ ၁၅ သန်းနဲ့  ရောင်း ချခဲ့တဲ့အထိ အမြတ်ရခဲ့ပါတယ်။ နေရာပေါင်း ၁၀၀၀ ကျော်ရဲ့  ငြင်းဆန်မှု တွေ ကို ကာနယ် စန်းတား က လက်မြောက် အရှူံးမပေးခဲ့ပဲ၊ ယုံကြည်ချက်အပြည့်နဲ့  ဆက်လက်ပြီး လှုပ်ရှားခဲ့တဲ့အတွက်..အခုတော့ အမေရိကန် ပြည်ထောင်စုရဲ့  မြိုတိုင်းမှာ KFC ကြက်ကြော်ဆိုင်တွေ ကို မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။

ကဲ… အခက်အခဲတွေ နဲ့  ကြုံရတိုင်း အားမလျော့ဘူးဆိုရင် …
ငြင်းဆိုခြင်းခံရတိုင်း ကိုယ့်ကို အသုံးမကျဘူးဆိုပြီး ဝေဖန်မှုတွေကို မတုန်လှုပ်ခဲ့ဘူးဆိုရင်…..
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀နဲ့  ဇွဲရှိရှိကြိုးစားမယ်ဆိုရင်……
အဆုံးသတ်မှာ အောင်မြင်နိုင်တယ်
ဆိုတဲ့ အကြောင်း လက်တွေ့  ပြသူ တွေက ပြသွားခဲ့ပြီ။

စိန်ခေါ်မှုတွေ ဟာ အသွင်သဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်တော်တို့ ကို အလှဲထိုးဖို့  စောင့်နေပါတယ်။ တချို့  စိန်ခေါ်မှု တွေ ကို တချက်တည်းနဲ့  အလှဲထိုးလို့  ရနိုင်ပေမယ့် အင်အားကြီးတဲ့ စိန်ခေါ်မှုတွေ ကိုတော့ ကျွန်မတို့  ခနခန ပြန်ထိုးဖို့ လိုမယ်၊ စိတ်ရှည်ရှည်နဲ့  အားနည်းချက်တွေ ကို ပြန်သုံးသပ်ဖို့ လိုချင်လိုမယ်၊ အရေးကြီးဆုံးက ယုံကြည်ချက်တွေ မပျက်ပြားဖို့  ပါပဲ။

Credit to မစုဥာဏ်

သတို့သမီးတွေ အဖြူရောင်ဝတ်ရခြင်းအကြောင်းအရင်း

http://thedreamstress.com/wp-content/uploads/2011/04/Princess-Alexandra-wedding-dress.jpg
   သတို့သမီး တော်တော်များများဟာ အဖြူရောင်သတို့သမီး ၀တ်စုံကို ဆင်မြန်းပြီး လက်ထပ်ပွဲကို ပါဝင်ဆင်နွှဲကြပါတယ်။ဒါပေမယ့် အဖြူရောင် သတို့သမီးဝတ်စုံဟာ ဖြူစင်ခြင်း-ကို ကိုယ်စားပြုတယ်လို့ လူတွေက ထင်ထားကြပါတယ်။ အမှန်တော့ အဖြူရောင် သတို့သမီးဝတ်စုံရဲ့ မူလအဓိပ္ပါယ်က ဖြူစင်ခြင်းကို ကိုယ်စားမပြုပါဘူး။
    ဒီ အဖြူရောင်သတို့သမီးဝတ်စုံအကြောင်း ပြောမယ်ဆိုရင် ပထမဆုံး ဘယ်သူဝတ်ခဲ့တာလဲ … ? ဘယ်အဓိပ္ပါယ်နဲ့ ၀တ်ခဲ့တာလဲ … ? စသည်ကို သိဖို့ လိုပါတယ်။ ဒါကြောင့် လွန်ခဲတဲ့ နှစ်ပေါင်း 1820 ၀န်းကျင်က အကြောင်းတစ်ရပ်ကို ပြန်ပြောပြဖို့ လိုပါတယ်။ အဲဒီအချိန်တုန်းက ဘုရင်မ ဗစ်တိုးရီးယားဟာ အင်္ဂလန်ထီးနန်းကို စတင်စိုးစံချိန် ဖြစ်ပါတယ်။ ထိုစဉ်ကအသက်(18)နှစ်သာ ရှိပါသေးတယ်။ 1840 ခုနှစ်မှာ မင်းသား Albert ရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။
    ထိုစဉ်က ရှေးရိုးစွဲ သတို့သမီး လက်ထပ်ဝတ်စုံဟာ အပြာရောင် ဖြစ်ပါတယ်။ လူတွေအများစုကလည်း အပြာရောင်ကိုပဲရွေးချယ်ခဲ့ကြပါတယ်။အပြာရောင်ရဲ့ အဓိပ္ပါယ်က သန့်စင်မှုနဲ့ အပြစ်ကင်းစင်မှု ဖြစ်တယ်လို့ လူတွေက လက်ခံထားကြပါတယ်။ ထိုစဉ်က အဖြူရောင်ဟာ ကြွယ်ဝချမ်းသာခြင်း၊ မာန်မာနကြီးခြင်း၊ ကိန်းကြီးခန်းကြီး နိုင်ခြင်းကို ကိုယ်စားပြုပါတယ်။
   ဒါပေမယ့် ဘုရင်မ ဗစ်တိုးရီးယားဟာ အများထုံးစံ အပြာရောင်သတို့သမီးဝတ်စုံကို မရွေးချယ်ဘဲ ဖဲသားနဲ့ ပြုလုပ်ထားတဲ့အဖြူရောင်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ အဆိုပါ ဖဲသားအဖြူရောင်ဝတ်စုံ၊ ဖဲသား ဖိနပ်နဲ့ ဘုရင်မကြီးဟာ ကြည့်ရှူရသူတွေကိုတောင် မူးမေ့စေတယ်လို့ ဆိုပါတယ်။
    ထိုစဉ်က စပြီး နောက်ပိုင်းမှာ ဥရောပ အနှံ့အပြားမှာ မင်္ဂလာဝတ်စုံကို အဖြူရောင်သာ ၀တ်ဆင်ကြတော့ပြီး လန်ဒန်Spitalfields မှာတော့ အဖြူရောင် သတို့သမီးဝတ်စုံကို လိမ္မော်ပန်းပွင့်တွေနဲ့ ပုံဖော်ဝတ်ဆင်ကြပြီး စီပင်ဖွံ့ဖြိုးခြင်းဂုဏ်အသရေ ရှိတယ်လို့ ယူစကြပါတယ်။ ထိုခေတ်က ဘုရင်မကြီးဝတ်ခဲ့တဲ့ လက်ထပ်ဝတ်စုံရဲ့ တန်ဖိုးဟာ ပေါင်(1000)၀န်းကျင် ရှိပြီး ယခုခေတ် ဈေးနှုန်းနဲ့ဆိုရင် ပေါင် (80000) လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဘုရင်မကြီး နတ်ရွာလားတော့ သူမ ကြိုက်နှစ်သက်တဲ့ မင်္ဂလာဝတ်စုံ အဖြူရောင်နဲ့ ဖုံးလွှမ်းသင်္ဂြိုဟ်ခဲ့ပြီး ဈာပန ပြီးသွားတဲ့အခါမှာတော့ အဲဒီ
ဝတ်စုံကို ပြန်ယူပြီး Kensington နန်းတော်မှာ ပြန်လည်သိမ်းဆည်းထားခဲ့ပါတယ်။
Credit: ShweMOM