Sunday 9 October 2016

စိုနေတဲ့စာအုပ်ကို နဂိုပုံစံအတိုင်းရအောင် ပြန်အခြောက်ခံနည်း

 http://www.whilehewasnapping.com/wp-content/uploads/2013/10/Water-Warped-Pages.jpg

စာအုပ်တွေ ရေစိုသွားတဲ့အခါ ပြန်အခြောက်ခံလို့ရပေမဲ့ စာရွက်သားတွေက တွန့်ပြီး ပုံပျက်သွားပါတယ်။ ဒီလို တွန့်မသွားစေမယ့် နည်းတစ်နည်းတော့ ရှိပါတယ်။ ဂျပန်ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြထားတဲ့နည်းလေးဖြစ်ပြီး အလွန်လည်း လွယ်ကူပါတယ်။

အဆင့် - ၁
စိုနေတဲ့ စာရွက်တွေကြားကို စာရွက်ခြောက်တစ်ခုခြင်းစီ ညှပ်ပါ။

အဆင့် - ၂
စာအုပ်အပေါ်ကနေ လေးလံတဲ့ အရာတစ်ခုနဲ့ ဖိထားပေးပါ။

အဆင့် - ၃
ကြားညှပ်ထားတဲ့ စာရွက်တွေက အရည်တွေကိုစုပ်ပြီး စိုသွားတဲ့အခါ အသစ်တစ်ရွက်လဲပေးဖို့လည်း လိုပါတယ်။

ဒီနည်းဟာ စာအုပ်အများစုမှာ အသုံးဝင်ပေမဲ့ စာရွက်သား မကောင်းတာတွေနဲ့ စာအုပ်ကစိုရုံမကဘဲ ပျက်စီးသွားတာတွေအတွက်တော့ သိပ်ထိရောက်မှာ မဟုတ်ပါဘူး။

No comments:

Post a Comment