Tuesday, 3 November 2015

မိဘအများစု မှားမှန်းမသိ မှားတတ်သောအမှားများ

 https://sphilpott.files.wordpress.com/2010/10/rel_survival_fittest.jpg
မိမိကလေးများကို တိုးတက်စေချင်တဲ့ စေတနာ စိတ်ထားကို မိဘတိုင်း မှာရှိကြပါတယ်။ သားသမီးသာထူးချွန်ပါစေ၊ ဘာပဲ လုပ်ပေးရ လုပ်ပေးရ ဆိုတဲ့မိဘမျိုး ဒုနဲ့ဒေး ရှိပါ။
သားသမီးများ လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့ သွန်သင်ဆုံးမကြတဲ့ နေရာမှာ ခဏခဏ လမ်းလွှဲနေတဲ့ အမှား အချို့ရှိပါတယ်။ အဲဒါတွေကတော့….

၁။ အတန်းထဲမှာ ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း
မိဘအချို့ဟာ ကလေးအတန်းထဲမှာ ရတဲ့အဆင့်နဲ့ ကလေးကို တော်တယ် ညံ့တယ်ဆိုပြီး သပ်မှတ်တတ်ကြပါတယ်။ မိဘများသိထားဖို့က အတန်းတစ်တန်းလုံးမှာ မှ ပထမဆိုတာ တစ်ယောက်တည်းပဲ ရှိတတ်ပါတယ်။ ပထမ မရနိုင်တဲ့ ကလေးတစ်ယောက်ကို ပထမရဖို့ ခဏခဏတိုက်တွန်းခြင်း၊ မရလို့ အပြစ်တင်ခြင်း အပြုအမူ မျိုးဟာ မိမိကလေးရဲ့ သိမ်ငယ်တတ်တဲ့ စိတ်ကို ပေါ်ပေါက်စေပြီး အဆိုးမြင်စိတ်ဓါတ်ကို မွေးမြူပေးလိုက်သလို ဖြစ်တတ်ပါတယ်။ ဒီလိုတွန်းအားပေးလေ ကလေးစိတ်ဓါတ်ကျလေ ကလေးရဲ့ အဆင့်ကျလေလေ ဖြစ်တတ်ပါတယ်။ သိမ်ငယ်စိတ်ဆိုတာ ကလေးရဲ့ ပညာရေးတင်မကပဲ ကလေးရဲ့ ဘ၀တစ်သက်တာလုံးအတွက် လုံးဝထိခိုက်သွားနိုင်တယ်ဆိုတာ မိဘများ သတိထားသင့်ပါတယ်။

၂။ ကလေးရဲ့ ဆုံးရူံးမူ ကို အပြစ်တင်ခြင်း

ကလေးနှစ်ယောက် မြန်မာစာဖြေတာ ကျတယ်ဆိုပါစို့
ပထမကလေးရဲ့မိဘက သူ့ကလေးကို ဒီလိုပြောတယ်။ “ ဖေဖေမေမေက သားရဲ့ မြန်မာစာအမှတ်ကို အရမ်းအလေးထားတာ၊ သားရသင့်တဲ့အမှတ်က ဒီထက်အများကြီးမြင့်ရမှာ၊ ဖေဖေမေမေလုံးဝ ယုံကြည်တယ်။ ဆက်ကြိုးစား နော်သား”
ဒုတိယကလေးရဲ့မိဘက ကလေးကိုဒီလိုဆုံးမပြန်တယ်။ “ မင်းဘာလို့ အဲလောက် အ ရတာလဲ၊ ဒီလိုလွယ်လွယ်လေး မြန်မာစာ မေးခွန်းလေးတောင်မှ မင်းအဆင်ပြေအောင် မဖြေနိုင်ဘူးလား၊ ဒီအခြေအနေမျိုးနဲ့ နောက်မင်းဘယ်လို တက္ကသိုလ်ရောက်နိုင်မှာလဲ ”
ဆန်းစစ်ကြည့်ရအောင် ပထမ မိဘဟာ မေတ္တာနဲ့ ဂရုစိုက်မူကို ဖေါ်ပြတယ်။ အပြုသဘောနဲ့ အားပေးတယ်။ထပ်ကြိုးစားအောင်တိုက်တွန်းလိုက်တယ်။ ဒုတိယမိဘဟာ စိုးရိမ်မူနဲ့ အမူန်းပွားမူကို ဖြစ်ပေါ်စေတယ်။ ကလေးရဲ့ယုံကြည်စိတ်ကို ဖျက်စီးလိုက်တယ်။ ကလေးအနာဂတ်ကိုထိခိုက်မဲ့ နိမိတ်ပါ ဟောပေးလိုက်တယ်။

၃။ ကလေး ကစားနေတာကို ရပ်ခိုင်းပြီး စာကြည့်စားပွဲ ပြန်သွားရန် အမိန့်ပေးခြင်း
ဆော့ကစားခြင်းဟာ ကလေးရဲ့သဘာဝဖြစ်ပါတယ်။ ကလေးတိုင်း အဆော့မက်ပါတယ်။ ဆော့ရရင်ပျော်တယ်။ ဆော့ရရင် အစားလည်းကောင်းတယ်။ အအိပ်လည်းကောင်းတယ်။ ပျော်လည်းပျော်တယ်။ ဆော့ကစားနေတာကို ခဏခဏ အတင်းရပ်ခိုင်းပြီး စာပြန်ကျက်မှတ်ခိုင်းတယ်။ ပြီးရင်တစ်ခုပြီးတစ်ခု တစ်ဘာသာပြီးတစ်ဘာသာ မရပ်နားတော့ဘူး။ကလေးစိတ်ထဲမှာ အာခံစိတ် တွန်းလှန်စိတ် ဖြစ်ပေါ်လာတာ သဘာဝပါ။
အောင်မြင်တဲ့ ပညာသင့်ကြားရေးဆိုတာ “ငါ့ကိုသင်ခိုင်းခြင်း” မှ “ငါကိုယ်တိုင်သင်ယူချင်ခြင်း” ဖြစ်အောင် ပြောင်းလဲစေဖို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြင်ပတွန်းအား ပေးခြင်းထက် ကလေး ရင်တွင်းမှ ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဘယ်လိုအားပေးအားမြောက်ပြုရမလဲဆိုတာကို အလေးထားသင့်ပါတယ်။

၎။ ကလေး မိမိကိုယ်မိမိ အားကိုးရပ်တည်ခွင့် မပေးခြင်း
ကလေးများရဲ့ ပညာသင်ကြားတဲ့ ကာလတစ်လျှောက်မှာ မိဘများဟာ အတူစာကျက်ဖို့၊ အစားထိုးစာကျက်ဖို့ တာဝန်လုံးဝမရှိပါဘူး။ မိဘများရဲ့တာဝန်ဟာ မိမိကလေးများ ကိုယ်တိုင်လေ့လာ သင်ယူ တတ်တဲ့ အကျင့်ကောင်းတစ်ခုကို ရအောင်ပျိုးထောင်ပေးဖို့ပါ။ ကိုယ်တိုင်လေ့လာသင်ယူတတ်တဲ့ အကျင့်ကောင်းဟာ ကျောင်းစာအပါအ၀င် ဘ၀နေထိုင်မူပါ အလွန်အရေးကြီးပါတယ်။ ဘာမဆိုမိဘက စိတ်ပူပေးမယ်။ ဘာမဆိုမိဘကလုပ်ဆောင်ပေးမယ်ဆိုရင် မိဘလည်း လူမောစိတ်မော ဖြစ်သလို သားသမီးလည်း အသုံးမကျ ဖြစ်သွားနိုင်ပါတယ်။

၅။ တစ်ခါတစ်လေ လက်ပါတတ်ခြင်း

တစ်ခါတစ်လေ စိတ်မထိန်းနိုင်လို့ ရိုက်မိသွားတာပါ။ ပြီးရင် ကိုယ်ကိုကို စိတ်ထိခိုက်ပြီး နောင်တရနေပြန်တယ်။ နောက်တစ်ခါ စိတ်မထိန်းနိုင်ပြန်ရင် ရိုက်မိပြန်ရော၊ ဒီလိုနဲ့ သံတရာကြီးလည်သွားတတ်ပါတယ်။ ရိုက်တယ်ဆိုတာ ကြောက်အောင်ချောက်တဲ့ နည်းလမ်းပါ။ အိုးထိန်းသည် အိုးကိုနာနာရိုက်ခြင်းဟာ အိုးကိုကွဲစေချင်လို့ မဟုတ်ပါ။ အိုးကိုပိုမို ခိုင်မာစေချင်လို့ ဖြစ်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ ဒါပေမဲ့ အိုးထိန်းသည် ရိုက်လိုက်လို့ ကွဲသွားတဲ့ အိုးတွေ အများကြီးရှိတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။ အသုံးဝင်နိုင်ကြပါစေ။

Credit: Sayar Aung Ko latt

No comments:

Post a Comment