Friday 25 December 2015

ဆိုလာစွမ်းအင်ကို ပိုမိုထုတ်နိုင်လျှင်

 နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတစ်ခု တပ်ဆင်ထားသည်ကို ၂၀၀၉ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင် သုံးဆိုလာလျှပ်စစ်ကို မဂ္ဂါဝပ်အဆင့်ထိ တွင်ကျယ်စွာ ထုတ်
လုပ်နိုင်ပါက တစ်ပြည်လုံး မီးလင်းရန်ယခင်က ခန့်မှန်းချေ ၂၀၃၁ ခုနှစ် မတိုင်မီမှာပင် မီးအလင်း
ရောင်ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးသောင်းဝင်းက
ယခုလ ၁၂ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းရုံး၌ ကျင်းပသော ဆိုလာနည်းပညာ
ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။
"ခုချိန်မှာ တိုင်းပြည်စီးပွားရေးအတွက် လျှပ်စစ်ကလိုနေပြီ။ နိုင်ငံတော်စီမံကိန်းကြီးတွေဖြစ်တဲ့
အဆင့်ကနေ အလယ် အလတ်၊ အသေးစားထိ လျှပ်စစ်ထုတ်လုပ်မှုကရှိနေတဲ့အခါမှာ ဘယ်နည်း
ပညာပဲ ဖြစ်ဖြစ် စီးပွားရေးတွက်ခြေကိုက်မှသုံး နိုင်မယ်။ ဆိုလာနည်းပညာက အိမ်တစ် အိမ်မီးလင်း
ဖို့ တစ်ရက်နဲ့ ပြီးနိုင်တယ်။ ရွာတစ်ရွာမီးလင်းဖို့ဆိုရင် အလွန်ဆုံးကြာရင် တစ်လပဲ။ အခုက
တစ်နိုင်ငံလုံး အတိုင်းအတာပေးနိုင်မယ့် အဆင့်ရဖို့ လုပ်နေတာပါ"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပခုက္ကူ၊ မြင်းခြံ၊ မန္တလေး၊ တောင်ကြီးဒေသများရှိ စက်မှုဇုန်များတွင် နေရောင်ခြည်
ကိုအသုံးချနိုင်ပါက စက်မှုဇုန်တစ်ခုလုံးပင် မီးလင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လတ်တလောတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကလည်း ဆိုလာထုတ်လုပ်မှု ပေါ်တွင် စိတ်ဝင်စား
လျက်ရှိရာ လက်ရှိ ပြည်တွင်းသို့ ဆိုလာထုတ်လုပ်မှုနှင့် ပတ်သက်သော ပစ္စည်းများကို တင်သွင်း
သော ကုမ္ပဏီပေါင်း ၄၀ ကျော်ခန့်ရှိပြီး အများစုမှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း ဦးသောင်းဝင်းက
ပြောသည်။
"စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ဓာတ်အားရဖို့က အဓိကဖြစ်လာမယ်။ စီးပွားရေးကို စီးပွားရေး
ဆန်ဆန်လုပ်ရင် ရင်းနှီးမြှုပ်နှံမှုက အမြင်တစ်မျိုးပြောင်းလာမယ်။ အပြိုင်အဆိုင်ရောင်းလာတဲ့အခါ
ဈေးနှုန်းတွေလည်း ကျလာပြီး ၀ယ်သုံး နိုင်လာမယ်"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သုံးနှစ်ခန့်က ၀ပ် ၁၀၀ ရှိ အရှည်သုံးပေကျော် ဆိုလာပြားတစ်ပြားလျှင် ကျပ် ၅၀၀,၀၀၀
ခန့်ရှိသော်လည်း ယခုနှစ်တွင် ၁၅၀,၀၀၀ ကျော်ခန့်ဖြင့် ၀ယ်ယူအသုံးပြုနိုင်ပြီ ဖြစ်သည်။
တရုတ်ကုမ္ပဏီကြီးများက ဥရောပ နိုင်ငံထိ ဆိုလာများပြားကို ထုတ်လုပ်တင်သွင်းနေပြီဖြစ်သော်
လည်း မြန်မာ နိုင်ငံသို့ ရွှေလီဘက်မှဝင်ရောက်လာ သော ဆိုလာပြားများမှာ ပထမဆင့်မ၀င်ပဲ
စက်ရုံမှပယ်ချခံရသော ဆိုလာပြားများ ကိုတင်သွင်းနေခြင်းကြောင့် အသုံးပြုမိပါက နည်းပညာပိုင်း
တွင် ပြဿနာရှိနိုင် ကြောင်း ၎င်းက ပြောသည်။

ဆိုလာစနစ်၏ အားနည်းချက်မှာ အရင်းအနှီးများခြင်းဖြစ်ပြီး မိုးတွင်းနှင့် ညပိုင်းများအတွက်
ဘက်ထရီစနစ်လိုအပ်ရာ အဆိုပါဘက်ထရီမှာ ဈေးကြီးပြီးနှစ်နှစ်ခန့်သာ အသုံးခံခြင်း ဖြစ်သည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ၅၀ မှ ၇၅ ကျပ် အတွင်းသတ်မှတ်ထား
သော်လည်း ဆိုလာစနစ်အသုံးပြုပါက ကျပ် ၁၂၀ မှ ၁၅၀ ခန့်ထိ ကုန်ကျမည်ဖြစ်သည်။

"ကုန်ကျစရိတ်များလာတဲ့အခါ သုံးတဲ့သူက သုံးနိုင်မလားဆိုတာရှိတယ်။ တစ်ယူနစ်ကို ၁၂၀ ကနေ
၁၅၀ လောက်ဆို စီးပွားရေးသမားက မသုံးနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့အချိန်ကြာ မှ အရင်း
ပြန်ကျေနိုင်မယ့်သဘောမှာရှိတယ်" ဟု ၎င်းက ပြောသည်။
မြန်မာ့စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက မြန်မာနိုင်ငံ သည် လက်ရှိအခြေ
အနေတွင် ဆိုလာစနစ်ကိုသုံးစွဲမှု အလွန်နည်းနေပြီး ငါးကီလိုဝပ်နှင့် ၁၀ ကီလိုဝပ်ခန့်ရှိ အိမ်သုံး
မီးလင်းရန်အတွက်သာ အသုံးချနေခြင်း ဖြစ်ကြောင်း ပြောသည်။
"နိုင်ငံတော်အစိုးရလိုချင်တဲ့ ဓာတ်အားလိုင်းကြီးတွေထဲကို တစ်ခါတည်း တန်းထည့်လို့ရမယ့်ဟာကို
ထုတ်ဖို့ကြိုးစားနေတယ်။ အစိုးရက ဒီပေါ်မှာတော့ ပံ့ပိုးမှုပေးဖို့ လိုအပ်တယ်။ တခြားနိုင်ငံ တွေမှာ
ဒီစနစ်ကလုပ်တာကြာပြီ။ လျှပ်စစ်ရဖို့တင်သွင်းလာတဲ့ ပစ္စည်းတွေကိုလည်း အခွန်မကောက်ဖို့ လို
တယ်။ ဥပဒေ ကောင်းတွေချမှတ်မယ် ဒီဘက်ကလည်း ပစ္စည်းကဈေးချိုပြီး လူထုအသိပညာက
လည်း မြင့်တက်မယ်ဆိုရင် အကောင်းဆုံးပဲ"ဟု ၎င်းက ပြောသည်။

ဆိုလာစနစ်ကိုအသုံးပြုရန်အတွက် မြေဧကကျယ်ပြန့်ရန် လိုအပ်ပြီး တစ်မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရန်
ဆိုလာပြား ဖြန့်ခင်းရန် နှစ်ဧကခန့်လိုအပ်ရာ လက်ရှိတွင် မြေပြန့်ပြီးနေအပူချိန်များသော ပဲခူး၊
မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဆိုလာစနစ်အသုံးပြုရန်အကောင်းဆုံးဖြစ်ကြောင်း
၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံး ပျမ်းမျှနေ့အပူ ချိန်မှာ ၄ ဒသမ ၅ မှ ၆ ဒသမ ၅ ယူနစ် ခန့်ရှိရာ ဆိုလာစနစ်
အတွက် အသုံးဝင် သောအနေအထားဖြစ်ပြီး အချို့နေရာများတွင် ရှစ်ယူနစ်ခန့်ထိ ရရှိကြောင်း
၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်း အတာအရ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ် မီးပေးနိုင်ပြီး
ကျေးလက်ဒေသ၏ လေးရာခိုင်နှုန်းခန့်သာ မီးရရှိခြင်းဖြစ်ရာ စုစုပေါင်းကျေးရွာပေါင်း ၆၈,၀၀၀
အနက် ရွာပေါင်း ၃၀၀၀ ခန့်သာ မီးရရှိ ခြင်းဖြစ်သည်။

No comments:

Post a Comment