Friday 4 December 2015

သင့်ရဲ့အနာဂတ် အတွက် ကံနံပါတ် ဗေဒင်


http://www.whatisall.com/wp-content/themes/whtisall/functions/theme/thumb.php?src=http://www.whatisall.com/wp-content/uploads/2012/10/numerology-chart.jpg&w=630&h=350&zc=1&a=c
သင့်ရဲ့ပြီးခဲ့သောဘဝမှာဖြစ်ခဲ့သောကိစ္စအဝဝကြောင့် ဤဘဝမှာကံကောင်းသူဖြစ်ရင်ဖြစ်နိုင်သလို ပြီးခဲ့သောဘဝရဲ့အကျိုးပေးကြောင့် ကံမကောင်းတာမျိုးလဲရှိနိုင်ပါတယ်။

အဲဒီလိုအခြေအနေတခုမှာ ကိုယ့်ဘဝကိုကံကောင်းအောင် ပြုပြင်ဖို့လိုပါလိမ့်မယ်။ဘယ်လို ပြုပြင်ရမလဲ။ ROBERT J.R GRAHAM ကပြုစုထားသော ကံနံပါတ်ဗေဒင် ကို အသုံးချလိုက်ပါ။ ဤဗေဒင်က အကုန်လုံးမှန်မည်လို့မဆိုလိုပင်မဲ့ သုံးသပ်လို့ရအောင် မျှဝေလိုက်ပါတယ်။ အသေးစိတ်ကတော့ အောက်မှာ ဖတ်ကြည့်ပါ။

၀၁. အင်္ဂလိပ်စာလုံး A To Z ဇယားကို သုံးပြီး ကိုယ့်ရဲ့နာမည်ကို အောက်ပါအတိုင်းပေါင်းရမှာ ဖြစ်ပါတယ်။

A J S = 1
B K T = 2
C L U = 3
D M V = 4
E N W = 5
F O X = 6
G P Y = 7
H Q Z = 8
I R = 9

ဥပမာ ။ နာမည် အောင်အောင် ဆိုလျှင်

A + U + N + G + A + U + N + G = 1 + 3 + 5 + 7 + 1 + 3 + 5 + 7 = 32

အပေါ်တွင် နာမည်ကို ပေါင်းရသော ဂဏန်းကို အောက်ပါအတိုင်း ထပ်ပေါင်းပါ။

3 + 2 = 5

မှတ်ချက်။ ။ဒုတိယအကြိမ်ပေါင်းသည်အထိ ဂဏန်းကတစ်လုံးတည်းမဖြစ်လျှင် ဂဏန်းတစ်လုံးဖြစ်အောင်အထိပေါင်းပါ။
အထက်ပါအတိုင်းဆိုလျှင် ကံနံပါတ်က 5 ဖြစ်တဲ့အတွက် နံပါတ် ကိုဖတ်ပါ။
အကယ်၍ ပထမအဆင့်မှာ နာမည်ကို ပေါင်းချိန်တွင် 11,22,33 အဖြေကိုရရှိသူရှိသော် အထူးနံပါတ်ဖြစ်သောကြောင့် ထိုသူသည် 11 ဖြစ်ပါက မိမိနှင့်သက်ဆိုင်သော 11ကိုလည်းဖတ်နိုင်သလို ကံနံပါတ် 2 ကိုလည်း ဖတ်ရန်လိုအပ်ပါသည်။

ကံနံပါတ် ၁

 ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် မိမိ၏ရည်မှန်းချက်တခုတည်းမဟုတ်ပဲ မိမိနှင့်သက်ဆိုင်သော ပတ်ဝန်းကျင်မှလူများကိုပါ အောင်မြင်စေချင်သော ဆန္ဒရှိသူဖြစ်ပါတယ်။
ကိုယ့်အကျိုးကိုမကြည့်သောသူဖြစ်သောကြောင့် ကံကောင်းခြင်းများစွာနဲ့ကြုံတွေ့နိုင်ပါမည်။လူများကို ထိန်းသိမ်းပေးခြင်း၊ ခေါင်းဆောင်ကောင်းဖြစ်နိုင်သူဖြစ်ပါသည်။

ကံနံပါတ် ၂

ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် မိမိကိုယ်ကိုသာ အချစ်ဆုံးဖြစ်မှာပါ။ မိမိကိုယ်ကိုချစ်ခြင်းသည် သူတပါးအပေါ်တွင်လည်း လေးလေးစားစား ယဉ်ယဉ်ကျေးကျေး ဂရုနာထားဆက်ဆံတတ်သူလည်းဖြစ်ပါသည်။လောဘကြီးခြင်း၊ မနာလိုခြင်း ဆိုသောအရာတွေကို စွန့််လွှက်စေချင်ပါတယ်။

ကံနံပါတ် ၃

ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် ကိုယ်တိုင်စိတ်ပါပြီး လုပ်ချင်သောအရာဆိုလျှင် ကိုယ်ပိုင်လုပ်ငန်းကို လုပ်နိုင်ပါမည်။
အစစအရာရာ အဆင်ပြေသောကြောင့် အောက်ခြေ လွတ်တတ်သည့်အတွက် သူတပါးအပေါ် လေးလေးစားစား ဆက်ဆံသင့်ပါသည်။ မရှိဆင်းရဲသောသူတွေကို အလှူအတန်းပေးသင့်ပါသည်။

ကံနံပါတ် ၎
ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးဆိုတာလဲ အရေးကြီးသလို ကိုယ်ရေးကိုယ်တာကိစ္စဆိုတာလဲ အရေးကြီးပါလိမ့်မယ်။ သူတပါးအတွက်ကို ကူညီတယ်ဆိုတာကိုလည်း အတိုင်းအတာတခုလောက်ပဲ လုပ်စေချင်ပါတယ်။ ကိုယ့်ရဲ့ဘဝကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကို သေသေချာချာ စဉ်းစားစေချင်ပါတယ်။

ကံနံပါတ် ၅

ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် သူတပါးကို အောင်မြင်အောင် လမ်းပြနိုင်သူဖြစ်မှာပါ။ သူနှင့်အတူနေရင်းနဲ့တောင် ကိုယ်လည်း ကံကောင်းလာနိုင်တဲ့အတွက် ဘဝအကျိုးပေးကောင်းသောသူဖြစ်ပါလိမ့်မယ်။ မပြောမဆိုနှင့် ကူညီပါမယ်လို့အတင်းအကြပ်ပြောတတ်တာကြောင့် အပြောခံရသူမှာတော့ စိတ်ညစ်ရတတ်ပါတယ်။သူတပါးနှင့် ထိတွေ့တဲ့အခါမှာ မာနထောင်လျှားပြီး မဆက်ဆံပဲ တန်းတူညီတူ ပေါင်းသင်းဆက်ဆံဖို့လိုအပ်ပါတယ်။

ကံနံပါတ် ၆
ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် သူတပါး၏ကူညီမူကို ရယူဖူးသူဖြစ်သောကြောင့် သူတပါးဒုက္ခရောက်တာကို တွေ့လျှင်လည်း အားတက်သရောကူညီတတ်သူဖြစ်မှာပါ။တစ်ယောက်တည်းကို အလေးပေးပြီး ကူညီတာမဟုတ်ပဲ အခြားသူများကိုလည်း အားတတ်သရောကူညီသင့်ပါတယ်။

ကံနံပါတ် ၇
ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် မကောင်းသောအလုပ်ကို လုပ်နေသောသူအထိ ဘာမဆိုကူညီတတ်သောစိတ်ဓာတ်ရှိသူဖြစ်ပါတယ်။ဒါပင်မဲ့လည်း ဆုံးရှုံးမူ၊ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ။

ကံနံပါတ် ၈
ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူဖြစ်ပြီး လွန်ခဲ့သောဘဝကပြုလုပ်ခဲ့သော ကောင်းမူကုသိုလ်ကြောင့် ချမ်းသာသောသူများ၏။ အလှူရေစက်လက်နှင့်မကွာဆိုသလို တတ်နိုင်သလောက် မရှိဆင်းရဲသားများအတွက် အလှူအတန်းများများလုပ်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

ကံနံပါတ် ၉
ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် လောကကြီး၏အကြောင်းကို ပါရမီကောင်းသောကြောင့် အသင့်အတင့်နားလည်ပြီး ဘုရားတရားနှင့် နီးစပ်သူဖြစ်ပါတယ်။ခံစားမူဖြင့် အလုပ်မလုပ်ပဲ အောင်မြင်ဖို့အတွက် ရှေ့ကိုသာဆက်လျှောက်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

အထူးကံနံပါတ် ၁၁
ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် စီးပွားရေးသဘောအရ နိုင်မည်ရှုံးမည်ကို ကြိုစဉ်းစားသောသူမဟုတ်ပဲ ဒီအလုပ်ကိုလုပ်ရင်အောင်မြင်မယ်လို့ထင်ရင်လုပ်မည့်သူဖြစ်ပါတယ်။ သင်ကအမြဲကြိုးစားနေသောသူဖြစ်တဲ့အတွက် အောင်မြင်မယ်လို့ထင်ထားလျှင် အောင်ကိုအောင်မြင်မှာဖြစ်သလို မအောင်မြင်ဘူးလို့တွေးလိုက်ရင်တော့ မကောင်းတာတွေချည်းပဲဖြစ်လာတတ်တဲ့အတွက် သတိထားရန်လိုအပ်ပါတယ်။

အထူးကံနံပါတ် ၂၂

ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားကို ယုံကြည်ပြီး ရည်မှန်းချက်ကို အောင်မြင်အောင်ကြိုးစားနေသူဖြစ်မှာပါ။အမြဲကြိုးစားနေသူဖြစ်သောကြောင့် ပတ်ဝန်းကျင်မှအကူအညီလည်းရရှိနိုင်မှာပါ။
အောင်မြင်မူကို ရအောင်ယူမည်ဟု ဆုံးဖြတ်ပြီး ရဲရဲတင်းတင်း ရှေ့သို့ဆက်လျှောက်ပါ။

အထူးကံနံပါတ် ၃၃
ဤနံပါတ်ကိုပိုင်ဆိုင်သောသူသည် တရားဘောင်နှင့် နီးစပ်သူဖြစ်ပါလိမ့်မယ်။သာမန်သူနှင့်လည်းမတူပဲ ဘုရားတရားကို ယုံကြည်ကိုင်းရှိုးသူဖြစ်ပါတယ်။ထို့အတွက်ကြောင့် သီလ သမာဓိအားကောင်းပြီး သူတပါး၏ ယုံကြည်မူကို အမြဲရရှိနိုင်မည့်သူဖြစ်ပါသည်။

Happiness Is To You
Chelmo Team

No comments:

Post a Comment