Friday 15 January 2016

စင်ကာပူနှင့် နိုင်ငံသားပိုင် ကုမ္ပဏီတို့ ကုန်းတွင်းဆိပ်စီမံကိန်း တင်ဒါအောင်

မြန်မာနိုင်ငံတွင် ကုန်းတွင်းဆိပ် (Dry Port) စီမံကိန်းများ အကောင်အထည်ဖော်ဆောင်
ရွက်ရန် စင်ကာပူ နိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနှင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ တစ်ခုတို့ကို
ရွေးချယ်ထားကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင်
တရားဝင်ကြေညာခဲ့သည်။
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွား ရေးနှင့် လူမှုရေးကော်မရှင် ( UNESCAP) ၏ အာရှ
ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများ အကြား သဘောတူ စာချုပ်အရ ရန်ကုန်တိုင်း ဒေသကြီး
ရွာသာကြီးတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့တွင် လည်းကောင်း
ကုန်းတွင်းဆိပ် စီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့ပြီး ၂၀၁၄ ခုနှစ်က နိုင်ငံပိုင်သတင်းစာများ
မှတစ်ဆင့် တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာ၊ စင်ကာပူ၊ အိန္ဒိယဖက်စပ်၊ တရုတ်ဖက်စပ်စသော အာရှနိုင်ငံများက ကုမ္ပဏီပေါင်း
၁၁ ခုတို့ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည်။ အဆင့်ဆင့် စိစစ်ရွေးချယ်မှုများအပြီး စင်ကာပူနိုင်ငံ
အခြေစိုက် Kerry Logistics Network ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားပိုင် Resources Group
Logistics ကုမ္ပဏီ တို့ကို ရွေးချယ်ခဲ့ကြောင်း ၀န်ကြီးဌာနတာဝန်ရှိ သူတစ်ဦးက ပြောသည်။
"မြန်မာ့မီးရထားက နိုင်ငံတကာမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဆောင်ရွက်ဖို့
ပထမဆုံးကြိုးစားဆောင်ရွက်တာဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က
စပြီး တင်ဒါကို နိုင်ငံပိုင် သတင်းစာတွေကနေ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ခေါ်ယူခဲ့
တယ်။နောက်ဆုံး အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ပြီး ၁၈ လအကြာမှာ developer အဖြစ်
ဒီကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့ပါတယ်"ဟု စီမံကိန်းတာဝန်ခံရုံးအဖွဲ့ အတွင်းအရေးမှူး၊
အထွေထွေမန်နေဂျာ (မြန်မာ့မီးရထား)သူရဦးအောင်မျိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောကြား
သွားသည်။
"ကုန်းတွင်းဆိပ်တည်ဆောက်ဖို့ ဖြစ်နိုင် ခြေနေရာတွေက မြန်မာနိုင်ငံအတွင်းမှာ ရန်ကုန်၊
မန္တလေး၊ မူဆယ်၊ တမူး၊ မော်လမြိုင်၊ မုံရွာ၊ ပဲခူးနဲ့ ပြည်တို့ကို ရွေးချယ်ထားပြီး အဲဒီထဲကမှ
ရန်ကုန်နဲ့ မန္တလေးကို စတင်ဆောင်ရွက်တာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ ကုန်းတွင်း
ဆိပ်များ တည်ဆောက်ပြီးပါ က ကုန်သေတ္တာတင်ချသည့်လုပ်ငန်းများ၊ ကုန်ပစ္စည်းထည့်သွင်း၊
ထုပ်ပိုးခြင်းလုပ်ငန်း များကို ကုန်းတွင်းဆိပ်တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင်ဘဏ်များ၊
အာမခံကုမ္ပဏီများ၊ အကောက်ခွန်ရုံးများပါရှိမည်ဖြစ်ပြီး သင်္ဘောလိုင်းကိုယ်စားလှယ်များနှင့်
အခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများမှာ ကုန်းတွင်းဆိပ်တွင် "one stop service" ဆောင်ရွက်နိုင်
လာမည် ဖြစ်သည်။
"ကုန်းတွင်းဆိပ်ကတော့ သာမန် အားဖြင့် သင်္ဘောဆိပ်ကမ်းနဲ့ တူပါတယ်။ အဲဒါကိုကုန်းတွင်းကို
ရွှေ့ပြီးဆောင်ရွက်တဲ့ သဘောမျိုးဖြစ်တယ်။ သင်္ဘောနဲ့ တင်လာတဲ့ပစ္စည်းတွေကို သင်္ဘောဆိပ်မှာ
ချပြီး နောက်ပိုင်း အဲဒီမှာတင် အကောက်ခွန်လုပ် တာတွေရှိတယ်။ နောက်ပိုင်းမှာ သင်္ဘောဆိပ်မှာ
စစ်စရာမလိုဘဲ ကုန်းတွင်းဆိပ်ကို ရောက် လာမယ်။ ပစ္စည်းကို နိုင်ငံခြားကိုတိုက်ရိုက် ပို့တော့မယ်
ဆိုရင် အဲဒီက ကုန်ပစ္စည်းကို အဲဒီမှာတင်ပဲပိတ်ပြီးတော့ နိုင်ငံခြားကိုပို့ မှာဖြစ်တယ်
။ ကြားမှာပြန်စစ်ဆေးတာမျိုး ရှိတော့မှာ မဟုတ်ဘူး"ဟု ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊
မြန်မာ့မီးရထားမှ အကြံပေး ဦးစောဗယ်လင်တိုင်းက ပြောသည်။
လုပ်ငန်းဆောင်ရွက်မည့်မြေနေရာများ မှာ မြန်မာ့မီးရထားပိုင်မြေများဖြစ်ပြီး စီမံကိန်းကို
၂၀၁၆ နှစ်၊ ဇန်န၀ါရီလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ နှစ်နှစ်အတွင်း ဆောင်ရွက်ရန်
သတ်မှတ်ထားသည်။ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးတွင် စုစုပေါင်း မြေ ၈၀ ဧကကို
ကုမ္ပဏီတစ်ခုလျှင် ဧက ၄၀ စီဆောင် ရွက် သွားမည် ဖြစ်သည်။ မန္တလေးတိုင်းဒေသ ကြီး
မြစ်ငယ်ရှိ အေအုပ်စုတွင် Resources Group Logistics ကုမ္ပဏီက ၃၂ ဒသမ ၄၂၆ ဧက
လုပ်ကိုင်သွားမည်ဖြစ်သည်။ ဘီအုပ်စုအတွက် Kerry Logistics Network ကုမ္ပဏီမှ ၄၂ ဒသမ
ဧက ကို ဆောင် ရွက်သွားမည်ဖြစ်သည်။
မြေအသုံးပြုခ အတွက် ပရီမီယံကြေးတစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၂၆,၂၄၇ ဒသမ ၆၇ နှုန်း ထားနှင့်ဖြစ်ပြီး နှစ်စဉ်မြေငှားရမ်းခအဖြစ် ဒေါ်လာ ၅,၅၀၀ သတ်မှတ်ထားသည်။ ထို့ကြောင့်
မြန်မာ့မီးရထားသည် အဆိုပါ ကုမ္ပဏီနှစ်ခုက မြေအသုံးပြုခပေါင်း ၁၅၅ ဧကအတွက်
ပရီမီယံကြေး ဒေါ်လာ ၄ ဒသမ ၀၇ သန်း၊ နှစ်စဉ် မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင်
ဒေါ်လာ ၈၅၃,၀၅၀ ရရှိမည် ဖြစ်သည်။

No comments:

Post a Comment