Saturday 9 January 2016

ဘာဖြစ်လို့ မွဲတေဆင်းရဲနေရတာလည်း

http://www.urbandharma.org/images1/buddha-teaches-dhamma.jpg
ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတာ” ဘာဖြစ်လို့ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာလည်းဘုရား”
ဘုရားရှင်က ပြောပါတယ်။ သင်ဟာ” ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ။
ဆင်းရဲသားက ပြန်ပြောတာ ကျွန်တော်မျိုး” မှာ…..ပေးကမ်းစရာ ဘာမှမှ မရှိတာ…..”ဆိုတော့
 မြတ်စွာဘုရားရှင်က ” သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။

မျက်နှာ- 
အပြုံးတွေပေးစွမ်းနိုင်တယ်။
လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။

ပါးစပ်-
သင်”သူတပါးကို ချီးမွမ်းစကားတွေ-အားပေးစကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။

-နှလုံးသား -
တပါးသူကို ရင်ဖွင့်ပြနိုင်တယ် စစ်မှန်ခြင်းတွေ “ဖြူစင်ရိုးသားမှုတွေ”နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။

မျက်လုံး-
တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်
နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်”

ကိုယ်ခန္ဓာ-
သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်

ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နှိမ့်ကျဆင်းရဲခြင်းတွေကသာလျင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။ချစ်ခြင်းမေတ္တာတွေ ပေးလွတ်လိုက်တဲ့အခါချစ်ခြင်းမေတ္တာတွေ
 ပြန်ရောက်လာမယ် သူတပါးကို ကူညီလိုက်တဲ့အခါ ကူညီမှုတွေက ပြန်ရောက်လာမယ် ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ
ပျော်ရွှင်မှုတွေကပြန်ရောက်လာတတ်တယ်။
ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ်လေလေ ရရှိလေလေပါပဲ။

No comments:

Post a Comment