Thursday 28 January 2016

အ ေ မ ရိ က န္ သ မၼ တ မ် ာ း အ သံု း ပြု သ ည့် လေယာဉ်နှင့် မော်တော်ယာဉ်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAYOJ_RTgEz6q-3UgVXtn67U9J2XpfI4f7VQSj6MeezlaszKnav5a5UfrH56cdihwqg2OEBrDB7hEh_LB7AZst_-TzSManh9Bqij1xi0MNlxxhSqkQloSVyR3B5Kij-O8UGhx1OeiGyL9d/s400/Air+Force+One+29000+in+air2.png

အမေရိကန် သမ္မတများသည် သမ္မတတာဝန်ကို သာမက နိုင်ငံတော်၏ အကြီးဆုံး ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကိုပါ ရယူထားသောကြောင့် ပြည်ပနိုင်ငံများကို ခရီးသွားလာသည့်အခါ လုံခြုံရေး အမြင့်ဆုံး ဆောင်ရွက်ထားလေ့ ရှိသည်။ ပြည်ပခရီးစဉ်တွင် စစ်တပ်က လုံခြုံရေးကို တာဝန်ယူပေးရပြီး ပြည်တွင်း ခရီးစဉ်များတွင် လျှို့ဝှက်စနစ်ဖြင့် ဆောင်ရွက်ကာ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ပေးရသည်။ အမေရိကန် သမ္မတများ ခရီးသွားလာရင်း အသုံးပြုသည့် လေယာဉ်၊ မော်တော်ယာဉ် စသည့် အရာများသည် စိတ်ဝင်စားစရာ ဖြစ်သောကြောင့် ရှာဖွေ တင်ပြလိုက်ပါသည်။

လေယာဉ်များ

          ၁၉၅၃ မှ စတင်ပြီး အမေရိကန် သမ္မတများ အသုံးပြုသည့် လေယာဉ်စီး ခရီးစဉ်များကို တာဝန်ယူ ဆောင်ရွက်ရသည့် စစ်တပ်များ၏ နောက်တွင် One ဟူသော အသုံးအနှုန်းကို ထည့်သွင်း ခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ အမေရိကန် သမ္မတများ အသုံးပြုသည့် လေယာဉ်များကို စစ်တပ်က လုံခြုံရေး အပြည့်အ၀ ရယူပေးထားခြင်း ဖြစ်သည်။

             Air Force တပ်က တာဝန်ယူပါက Air Force One ဟု ခေါ်ဆိုလေ့ ရှိကြသည်။ ထို့ကြောင့် Air Force  One ၊ Army One ၊  Navy One ၊ Coast Guard One ၊ Marine One စသည်ဖြင့် ခေါ်ဆိုခဲ့ကြသည်။ သို့သော် အမေရိကန် သမ္မတ၏ လုံခြုံရေးကို အထူးဂရုပြုသည့် အနေဖြင့် ပြည်ပခရီးစဉ်များ သွားလာမှုကို Air Force One  နှင့် ရေတပ်များ၏ လေယာဉ်များဖြင့်သာ အသုံးပြုခဲ့သည်။ ပြည်တွင်း ခရီးစဉ်များကိုမူ Excutive  One အဖြစ် သတ်မှတ်ထားသော အရပ်ဘက် လေယာဉ်များကို အသုံးပြုလေ့ရှိသည်။

            သမ္မတ ရစ်ချတ်နစ်ဆင် လက်ထက်တွင် စွမ်းအင်ပြဿနာဖြင့် ကြုံခဲ့ရသောကြောင့် စီးပွားရေး အတွက် အသုံးပြုသည့် အများ ပြည်သူများ အသုံးပြုသည့် လေယာဉ် ကို စီးခဲ့သည်။ အမေရိကန် သမ္မတ ၏ မိသားစုများနှင့် အိမ်ဖြူတော်ရှိ ၀န်ထမ်းများသည်လည်း အရပ်ဘက် လေယာဉ်များကို အသုံးပြုလေ့ရှိသည်။ ယင်းနောက် အမေရိကန် သမ္မတများသည် Marine One ဟုခေါ်သည့် အထူး ရပာတ်ယာဉ်များကို အသုံးပြုပြီး ပြည်တွင်း ခရီးစဉ်များကို သွားလာလေ့ရှိသည်။

          အထူးသဖြင့် ပြည်ပခရီးစဉ်များ သွားလာရာတွင် အသုံးပြုသည့် Air Force One သည်  စိတ်ဝင်စား စရာကောင်းလွန်းသည်။ အမေရိကန် လေတပ်မတော်မှ လေယာဉ်ဖြစ်ပြီး အမေရိကန် သမ္မတ စီးရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ အမေရိကန်တွင် သမ္မတသည် သြဇာအာဏာအကြီးဆုံး ဖြစ်သောကြောင့် သမ္မတစီးသည့် လေယာဉ်ကိုလည်း ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အညီ ဖန်တီး ဆောက်လုပ်ထားခြင်း ဖြစ်သည်။

             ၁၉၄၃တွင် အမေရိကန် သမ္မတများ အတွက် အထူးလေယာဉ် တည်ဆောက်ရန် စတင် စိတ်ကူးခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိပေ။ ယင်းနောက် ၁၉၄၅ တွင် သမ္မတများ အတွက် သီးသန့် လေယာဉ်များကို အသုံးပြုလာခဲ့သည်။ ရုစဗဲ့၊ ထရူမန်းနှင့် အိုက်ဆက်ပောာင်ဝါ တို့သည် အထူးလေယာဉ်များကို အသုံးပြုခဲ့သည်။ ယင်းနောက် ၁၉၆၀ နှင့် ၁၉၇၀ ၀န်းကျင်များတွင် ဘိုအင်းလေယာဉ်များကို အသုံးပြုပြီး သမ္မတ၏ ခရီးစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။  ၁၉၉၀ မှ စတင်ပြီး တဖြည်းဖြည်း ပိုမိုကောင်းမွန်လာကာ ဘိုအင်း 747-8 ကို Air Force One အဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် Air Force One သည်  အမေရိကန် သမ္မတများ အသုံးပြုသည့် အကောင်းဆုံး လေယာဉ် ဖြစ်လာသည်။ Air Force One ကို တည်ဆောက်ရာတွင် လုံခြုံမှုကို အဓိကထားပြီး  သမ္မတအနေဖြင့် နိုင်ငံ့တာဝန်များကို လေယာဉ်ပေါ်တွင်လည်း ထမ်းဆောင်နိုင်ရန် စီစဉ်ပေးထားသည်။

          အမေရိကန် သမ္မတများသည် အရေးပါသည့် ဆုံးဖြတ်ချက်များကို Air Force One ပေါ်တွင် ချမှတ်ခဲ့ဖူးပြီး အစည်းအဝေး ပွဲများကိုလည်း ပြုလုပ်ခဲ့သည်။ Air Force One တွင် သမ္မတရုံးခန်း၊ အရေးပေါ် ကုသရေး ဆေးဝါးများ၊ အစည်းအဝေးခန်း၊ အစားအသောက်မျိုးစုံ ထည့်ထားသည့် အခန်း၊ အရေးပေါ် တယ်လီဖုန်းလိုင်း (၈၅) လိုင်း ပါဝင်သည့် ၀န်ထမ်းများ၏ ရုံးခန်း စသည် တို့အပြင် မှန်များကိုလည်း ကျည်ကာမှန် တပ်ဆင်ထားခြင်း၊ ဓာတုလက်နက်ဖြင့် မတိုက်ခိုက်နိုင်အောင် စီစဉ်ထားခြင်း၊ ကောင်းကင် ပေါ်တွင် အခြားလေယာဉ်က ဆီဖြည့်ပေးနိုင်ခြင်းများကိုလည်း ထည့်သွင်းထားသည်။    ဒုံးကျည်များကို ရှောင်လွဲနိုင်ပြီး သမ္မတ၏ ကိုယ်ရံတော် တပ်ဖွဲ့ကိုလည်း ထားရှိပေးထားသည်။ သမ္မတ အ၀တ်လဲအခန်း နှင့် ကာယလေ့ကျင့်ရေး အခန်းများလည်း ပါဝင်ကြောင်း သိရသည်။    Air Force One ကိုစီးပြီး နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ဖူးသည်။ Air Force One ကို ဆိုဗီယက် ၀န်ကြီးချုပ် လီယိုနတ်၊ ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် တို့စီးခဲ့ဖူးပြီး အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းတို့သည် Air Force One ပေါ်တွင် ဘတ်စကက်ဘော ကစားခဲ့သေးသည်ဟု သိရသည်။    Air Force One ကိုခေတ်နှင့်အညီ အမြဲတမ်း ဆန်းသစ်နေပြီး ပြန်လည် တည်ဆောက်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟုဆိုသည်။ ၁၉၇၁ မှ ၂၀၀၁ အထိ အသုံးပြုခဲ့သော အမေရိကန် သမ္မတ ခုနစ်ဦးအထိ စီးခဲ့သော လေယာဉ်ကို ဂျော့ဒဗလျူဘုရှ် ပြတိုက်တွင် ပြသထားသည်။ Air Force One  လို Marine One မှာလည်း အမေရိကန် သမ္မတများ အသုံးပြုများလေ့ရှိသည်။


http://cdn.c.photoshelter.com/img-get2/I0000KqIR72rcJ8E/fit=1000x750/Marine-One.jpg       
  Marine One သည် ခေတ်မီရပာတ်ယာဉ် ဖြစ်ပြီး လုံခြုံရေးကို အထူးဦးစားပေးထားသည်။ ပြည်နယ် ခရီးစဉ်များ သွားလာရာတွင် အသုံးပြုလေ့ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များ
          အမေရိကန် သမ္မတများ စီးလေ့ရှိသည် မော်တော်ယာဉ်များမှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။           ၁၉၃၀ တွင် သမ္မတများ အသုံးပြုသည့်  မော်တော်ယာဉ် အနေဖြင့် လုံခြုံစိတ်ချမှုရှိစေရန် အလေးထား ဆောင်ရွက်ခဲ့သည်။ သမ္မတများ စီးသည့် မော်တော်ယာဉ်သည် ကျည်ဆန်ဒဏ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ခဲ့သည်။

 http://s1.cdn.autoevolution.com/images/news/us-presidential-limo-history-7697_1.jpg        
 လက်ရှိ သမ္မတ အိုဘားမားစီးသည့် မော်တော်ယာဉ်ကို Cadillac မှ ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။ ယင်းကားကို The Beast ဟု ခေါ်ဆိုပြီး  Air  Force  One လို Cadillac One ဟုလည်း ခေါ်ဆိုကြသည်။ လက်ရှိအသုံးပြုသည့် ကားကို ၂၀၀၉ ဇန်န၀ါရီတွင် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဒီဇိုင်းကို ဆန်းပြားထားခြင်း မရှိသော်လည်း တန်ဖိုးမှာ ဒေါ်လာ ( ၁ ဒသမ ၅) သန်းခန့် ရှိနိုင်သည်။

               လုံခြုံရေးကို အဓိက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ညအမှောင်တွင်လည်း မောင်းနှင်နိုင်စွမ်းရှိသည်။ GoodYears  တာယာကို အသုံးပြုထားပြီး  ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ပါက ကာကွယ်နိုင်စွမ်း ရှိအောင် ပြုလုပ်ထားသည်။ သမ္မတနှင့် သွေးအမျိုးအစားတူသည့် သွေးထားရှိနိုင်သည့် နေရာကိုလည်း ထည့်သွင်းထားသည်။ သမ္မတ အပါအ၀င် ခုနစ်ဦး သက်သောင့် သက်သာ စီးနိုင်ပြီး အဆင့်မြင့် လုံခြုံရေး တပ်များနှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန် ပြုလုပ်ထားသည်။

              ပြည်တွင်း ခရီးစဉ်များတွင် အသုံးပြုသလို ပြည်ပ ခရီးစဉ်များတွင်လည်း အသုံးပြုလေ့ ရှိသည်။ ယင်းကားကို အထူးလေယာဉ်ဖြင့် သယ်ဆောင်ကာ သွားရောက်မည့် နိုင်ငံကို ယူဆောင်သွားခြင်း ဖြစ်သည်။ အမေရိကန် သမ္မတများ၏ ခရီးစဉ်များတွင် အလွန်ခံ့ညားသည့် The Beast ကားကြီးကို မြင်တွေ့ရခြင်းသည် အရသာတစ်မျိုး ဖြစ်သည်။            ၂၀၀၁ မှ စတင်ပြီး အမေရိကန် သမ္မတ၏ ယာဉ်တန်းတွင် မော်တော်ယာဉ်စီးရေ  (၃၅) စီးခန့် လိုက်ပါလေ့ရှိသည်။ ချက်ဗလက်ကားများနှင့် ကာဒီးလက်ကားများကို အဓိက အသုံးပြုလေ့ ရှိသည်။ ယာဉ်တန်းတွင် အထူးလုံခြုံရေးများ လိုက်ပါပြီး စောင့်ရှောက်ပေးလေ့ ရှိသည်။ အမေရိကန် သမ္မတများသည် မော်တော်ယာဉ်ကို အသုံးပြုရာတွင် လင်ကွန်းနှင့် ကာဒီးလက် တို့ကိုသာ ရွေးချယ်ခဲ့ကြသည်။  ဂျွန်အက်ဖ်က နေဒီနှင့် နစ်ဆင် တို့သည် လင်ကွန်းကား အမျိုးအစားကို စီးလေ့ရှိသည်။ ရော်နယ်ရေဂင် လက်ထက်မှ စတင်ပြီး ကာဒီးလက်ကားများကို ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြုလေ့ ရှိသည်။

Credit:Messenger

No comments:

Post a Comment