Saturday 23 January 2016

ကမ္ဘာ့ အရန်ငွေကြေးအဆင့်တတ်လှမ်းလာတဲ့ ယွမ်

 













 တရုတ် စီးပွားရေးဟာ ၂၀၁၅  ခုနှစ်အတွင်း တစ်နှစ်လုံးလိုလို အနုတ်လက်္ခဏာပြခဲ့ပါတယ်။ အ စိုးရကတော့ စီးပွားရေးတိုးတက် မှုနှုန်းခုနစ်ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုတယ်။ ပြည်ပ စောင့်ကြည့်လေ့လာ အကဲခတ်သူတွေကတော့ နှစ်အတွင်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်းဟာ ငါးရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဇူလိုင် သြဂုတ်လများအတွင်းမှာဆို ရင် တရုတ် စတော့ ဈေးကွက်ပြိုလဲ သွားခဲ့တယ်။ ပြီးတော့ အဲဒီအချိန် မှာပဲ ယွမ် Yuan ကို သုံးရာခိုင်နှုန်း တန်ဖိုးလျှော့ချခဲ့တယ်။
၂၀၁၆ နှစ်ဆန်းပိုင်းမှာလည်း တရုတ်စီးပွားရေးက အခြေအနေ မကောင်းသေးဘူး။ အရေးထဲ စတော့ဈေးကွက်က ရုတ်တရက် ထိုး ကျသွားပြန်တယ်။ ဒါနဲ့ ဈေးကွက်ကို ခဏတစ်ဖြုတ် ပိတ်သိမ်းခဲ့ရပါသေးတယ်။ ဈေးကွက်တွေ မငြိမ်မသက် ဘောင်ဘင် ခတ်နေတော့ ယွမ်ငွေကြေးကလည်း မတည်မငြိမ်ဖြစ်နေတယ်။
ဒါပေမယ့် အဲသလိုအချိန်မှာ ယွမ်ဟာ ကမ်္ဘာ့ငွေကြေးဇာတ်ခုံ ပေါ်မှာ အရန်ငွေကြေး(Reserve Currency) အဆင့် တက်လှမ်းရောက် ရှိလာတော့မှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ၎င်းင်းတို့ရဲ့ SDRတန်ဖိုး တွက်ချက်ရာမှာ အခြားသော အ ရန်ငွေကြေးများနဲ့အတူ ယွမ်ငွေ ကြေးကိုပါ ထည့်သွင်းပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ တွက်ချက်တော့ မယ်လို့ ၂၀၁၅ နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာခဲ့လို့ ဖြစ်ပါ တယ်။

SDRဆိုတာ ဘာလဲ
ဒါက Special Drawing Rights ကို ဆိုလိုတာပါ။ IMF ရဲ့ ကမ်္ဘာသုံးငွေကြေး တစ်မျိုးဖြစ် တယ်။ ဈေးဆိုင်တွေမှာ ကိုင်တွယ် ဈေးဝယ် လို့ရတဲ့ ငွေကြေးတော့ မဟုတ်ဘူး။ အစိုးရ အချင်းချင်း ငွေပေးချေစရာရှိရင် စာရင်းပြောင်း သဘောအရ အလွှဲအပြောင်းလုပ် နိုင်တဲ့ “အထူးထုတ်ယူခွင့်”သာ ဖြစ်ပါတယ်။

SDR မှာလည်း သူ့ဇာတ်လမ်း နဲ့ သူရှိတယ်။ တစ်ချိန်က ဘောဂ ဗေဒပညာရှင်  John Maynard Keynes က ကမ်္ဘာ့အဖွဲ့အစည်း များအနေနဲ့ ကမ်္ဘာသုံးငွေသစ် တစ် မျိုးတီထွင်အသုံးပြုသင့်တဲ့ အ ကြောင်း တင်ပြခဲ့ဖူးတယ်။ သူက အဲဒီငွေကြေးသစ်ကို Bancor  လို့ တောင် အမည် ပေးခဲ့သေးတယ်။
ကိန်းစ်က ရွှေကို ငွေကြေးအဖြစ်သုံးစွဲတာဟာ တောဆန်တယ်။ ရှေးကျတယ်။ ခေတ်မမီဘူးလို့ မြင်တယ်။ ဒေါ်လာတို့လို နိုင်ငံတစ် နိုင် ငံရဲ့ ပြည်တွင်းသုံး ငွေကြေးကို ကမ္ဘာသုံး ငွေကြေးအဖြစ် သုံးတာလည်း တန်ဖိုးတည်ငြိမ်မှုမရှိဘူး။ စိတ်မချရဘူးလို့ ကိန်းစ် က ထောက် ပြတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများအနေနဲ့ စိတ်ချလက်ချ အသုံးပြု နိုင်မယ့် ကမ်္ဘာသုံး ငွေကြေးသစ် တစ်မျိုး ဖန်ဆင်း တီထွင် သင့် ကြောင်း ကိန်းစ်က ဆိုတယ်။
 အဲဒီတုန်းက ကိန်းစ်ရဲ့ အမြင် ကို ကမ်္ဘာ့အဖွဲ့အစည်းကြီးများဆီ တင်ပြခဲ့ပေမယ့် လက်မခံခဲ့ကြဘူး။ ကိန်းစ်လည်း ၁၉၆၄ ခုနှစ်မှာ
ကွယ်လွန်သွားတယ်။ ဒါပေမယ့် ၁၉၆၉ ရောက်တော့ IMF က ကမ်္ဘာသုံး ငွေကြေးအဖြစ် SDR ကို ထုတ်ဝေခဲ့တယ်။ ကနဦးမှာတော့ SDR တန်ဖိုးကို အမေရိကန် ဒေါ် လာနဲ့ ချိန်ညှိထားတယ်။ အဲဒီအ ချိန်ကတော့ အမေရိကန်ဒေါ်လာ နဲ့ ရွှေကို စုလျားရစ်ပတ်ထားတဲ့ အချိန်။ ၁၉၇၁ ခုနှစ်ရောက်တော့ အမေရိကန်ဒေါ်လာနဲ့ ရွှေ ကွာ ရှင်းပြတ်စဲသွားတယ်။ ၁၉၇၃ ခုနှစ် မှာတော့ ပုံသေငွေလဲနှုန်း (Fixed Exchange Rate) ကနေ နှုန်းရှင် မျောငွေလဲနှုန်း (Floating Exchange Rate) ပြောင်းသွား တယ်။
IMF အနေနဲ့ သူ့ရဲ့ SDR ကို တန်ဖိုးတွက်ရာမှာ အမေရိကန် ဒေါ်လာ တစ်ခုတည်းနဲ့ ချိန်ညှိလို့ မဖြစ်တော့တဲ့ အခြေဆိုက်လာ တယ်။ ဒီတော့  ၁၉၇၄ ခုနှစ်မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ ငွေကြေးများနဲ့ တန်ဖိုးချိန်ညှိကာ SDR ကို လည်း နှုန်းရှင်မျောလိုက်ရတော့ တယ်။ နောက်ပိုင်းကျတော့ ကမ္ဘာတစ်လွှားမှာ အရန်ငွေကြေးအဖြစ် အသုံးများတဲ့ အမေရိကန်ဒေါ်လာ  ဒွိုက်ခ်ျမာ့က် (Deutschmark) ၊ ပေါင်စတာလင်၊ ယန်းတို့နဲ့ ပေါင်းစု ညှိနှိုင်းတွက်ချက်တယ်။ ပြီးတော့ သုံးစွဲမှု အနည်းအများအလိုက် မဲ တင်းပေး တယ် Weighted ဒွိုက် ခ်ျမာ့က် မရှိတော့တဲ့ အချိန်မှာ ယူရို euro က အစားထိုးဝင် ရောက်လာတယ်။ ခုလို ငွေကြေး များ ပေါင်း စုထည့်သွင်းထားမှုကို ခြင်းတောင်းထဲထည့်သွင်းထားတာ နဲ့ ခိုင်းနှိုင်းပြီး Basket of Currencies လို့ ခေါ်ကြတယ်။
 နိုဝင်ဘာလ ၃၀ ရက်နေ့ ကြေညာချက်အရ ဆိုရင်၊ ဒီနှစ် ၂၀၁၆  SDR တန်ဖိုးတွက်ချက်ရာ မှာ ငွေကြေးခြင်းတောင်းထဲ ယွမ်ကို ပါင်းထည့်ပြီး အခုလို မဲတင်း တွက်ချက်မယ်လို့ IMF ဆို တယ်။

အမေရိကန်ဒေါ်လာ ၄၁.၇၃ ရာခိုင်နှုန်း
ယူရို        ၃၀.၉၃ ရာခိုင်နှုန်း
ယွမ်        ၁၀.၉၂ ရာခိုင်နှုန်း
ပေါင်စတာလင်    ၈.၀၉ ရာခိုင်နှုန်း
ယန်း    ၈.၃၃ ရာခိုင်နှုန်း

ရာခိုင်နှုန်း ဖော်ပြချက်က အချိန်အခါနဲ့ ငွေကြေးသုံးစွဲမှု အခြေ အနေလိုက်ပြီး အပြောင်းအလဲရှိ နေမှာပါ။ တစ်ချိန်တုန်းကဆို ရင် ပေါင်စတာလင်နဲ့ ဂျပန်ယန်းငွေတို့ ဟာ ငွေကြေးခြင်းတောင်းထဲမှာ ၁၃ ရာခိုင်နှုန်းကျော်စီနဲ့ ပါဝင်ခဲ့ကြ တယ်။ အခု အဲဒီငွေကြေး များကို သုံးစွဲမှု လျှော့နည်းသွားတော့ ပါ ၀င်တဲ့ ရာခိုင်နှုန်း အချိုးအစားက လည်း ကျဆင်းသွားခြင်းဖြစ်တယ်။
ကမ္ဘာတစ်လွှားမှာ SDR သုံးစွဲ မှုဟာ သိပ်ပြီး မတွင်ကျယ်လှဘူး။ အမေရိကန်နိုင်ငံ ကိုယ်နှိုက်က  SDR သုံးစွဲမှု တိုးတက်လာမယ့် အ ခြေအနေကို ဘ၀င်ကျပုံ မပေါ် ဘူး။ SDR သုံးစွဲမှု တွင်ကျယ်လာ ပြီး ဒေါ်လာသုံးစွဲမှု လျော့နည်း သွားမှာ စိုးရိမ်တယ်။ ဆက်ဒမ်ဟူ စိန်က သူ့နိုင်ငံက ရေနံကို အမေရိကန်ဒေါ်လာနဲ့ မရောင်းဘူးလို့ ကြေညာခဲ့ပြီး နောက်ပိုင်း အမေရိ ကန်နိုင်ငံက ရမယ်ရှာပြီး အီရတ် ကို ၀င်ရောက်တိုက်ခိုက်ကာ ဆက်ဒမ်ကို ဖြုတ်ချပစ်ခဲ့တယ် မဟုတ်လား။
ဒါပေမယ့် ၂၀၀၇-၂၀၀၈ အမေရိကန် ဘဏ္ဍာရေး ပြဿနာ တက်တုန်းက တရုတ်ဗဟိုဘဏ် ဥက္ကဋ္ဌက အမေရိကန်ဒေါ်လာကို အရန်ငွေကြေးအဖြစ် မသုံးစွဲဘဲ SDRကို သုံးစွဲကြဖို့ တပ်လှန့်နိုး ဆော်ခဲ့ပါသေးတယ်။ အောင်မြင်မှု တော့ မရခဲ့ပါဘူး။ ၂၀၁၅ နှစ်ကုန် ပိုင်းလောက်မှာ စူးအက်တူးမြောင်း အာဏာပိုင်အဖွဲ့က စူးအက်တူး မြောင်း ဖြတ်သန်းခကို SDR နဲ့ စာရင်းရှင်းရမယ်လို့ ထူး ထူးခြား ခြား ကြေညာခဲ့တယ်။

ယွမ်ရဲ့ အလားအလာ
ဘွင်းဘွင်းရှင်းရှင်း ပြောရရင်၊ IMF ရဲ့ ၂၀၁၅ နိုဝင်ဘာလ ကြေ ညာချက်က ယွမ်ကို ကမ်္ဘာသုံးငွေ ဒါမှမဟုတ် အရန်ငွေကြေးတစ်ခု အဖြစ် အဆင့်မြှင့်တင်ပေးလိုက် ခြင်း ဖြစ်တယ်။ အဲဒီအချိန်က အမေရိကန်နိုင်ငံကတောင် “ IMF က  တရုတ်ဘက်လိုက် တာလား” လို့ မေးခွန်းထုတ်ခဲ့သေးတယ်။
ဘာပဲပြောပြော တစ်နေ့မှာ တော့ ယွမ်ဟာ အမေရိကန်ဒေါ်လာကို ယှဉ်ပြိုင်လာနိုင်လိ့မ်မယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားကြတယ်။
တရုတ်ကိုယ်နှိုက် ကလည်း သူတို့ရဲ့ ယွမ်ငွေကြေးကို ကမ်္ဘာ့နိုင်ငံ အများအပြားက အသုံး ပြုလာကြအောင် နည်းလမ်းအမျိုး မျိုးနဲ့ ပရိုမိုးရှင်းလုပ်နေတယ်။
ဘယ်လောက်အောင်မြင်မှုရနေပြီ လဲ။ သာဓကအဖြစ် တရုတ်ပြည် ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ဟောင်ကောင် (Hongkong) ကို ကြည့်နိုင်တယ်။
 ဟောင်ကောင်ဟာ တရုတ် ပြည်မနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိတယ်။ တရုတ်ရဲ့ အထူး နယ်ပယ်တစ်ခုလည်းဖြစ်တယ်။ ကိုယ်ပိုင် ဥပဒေတွေ၊ အင်စတိကျူး ရှင်းတွေအပြင် ကိုယ်ပိုင်ငွေကြေး လည်းရှိတယ်။ ဟောင်ကောင်ဒေါ် လာကို အမေရိကန်ဒေါ်လာ နဲ့ ချိတ်ဆွဲ Pegged ထားခဲ့တာ ၃၂ နှစ်တောင် ကြာခဲ့ပါပြီ။
 ဟောင်ကောင်မှာ ဈေးနှုန်း တွေကို ဟောင်ကောင်ဒေါ်လာနဲ့ သတ်မှတ်တယ်။ ငွေပေးငွေယူကို ဟောင်ကောင်ဒေါ်လာနဲ့ လုပ်ကြ တယ်။
ဟောင်ကောင်ဘဏ်တွေမှာ အပ်နှံငွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာနဲ့ ဖြစ်တယ်။ ယွမ်ငွေ အပ်နှံမှုဟာ ၁၁ ရာခိုင် နှုန်းလောက်ပဲရှိတယ်။ ဟောင်ကောင်သားတွေက တရုတ်ယွမ်ကို သိပ်ပြီး စိတ်ဝင်စားမှုမရှိတာ သေ ချာတယ်။ ဟောင်ကောင် သူဌေးကြီးLi Ka-Shing တောင်မှ တရုတ်ပြည်မမှာ ရင်းနှီးမြှုပ်နှံတာ ထက် အနောက်နိုင်ငံတွေမှာ ရင်း နှီးမြှုပ်နှံတာ က ခြောက် ဆလောက် ပိုများတယ်။ ဒါပေမယ့် ဟောင် ကောင်စတော့အိတ်ချိန်းနဲ့ ရှန်ဟိုင်း စတော့ အိတ်ချိန်းတို့အကြားမှာ တိုက်ရိုက် အရောင်း အ၀ယ် လုပ်မှုဟာ တစ်နေ့အမေရိကန်ဒေါ်လာ လေးဘီလီယံလောက်ရှိတယ်။ တကယ်တော့ ဟောင်ကောင်ဟာ ယွမ်သုံးစွဲမှု ကမ်္ဘာ  တစ်လွှားပျံ့နှံ့ အောင် လုပ်ဆောင်ရာမှာ အဓိက ဗဟိုချက် စင်တာတစ်ခုဖြစ်တယ်။
တရုတ်ဟာ ယွမ်ကို အသုံးအ စွဲများပြားလာစေရေးအတွက် ယွမ် နဲ့ အခြားနိုင်ငံများရဲ့ ပြည်တွင်း သုံးငွေကြေးတွေကို အလဲအလှယ် Swap လုပ်တယ်။ လောလော ဆယ် တရုတ်ဗဟိုဘဏ် (Peoples Bank of China) နဲ့ နိုင်ငံခြား ဗဟို ဘဏ် ၃၂ ဘဏ်တို့အကြား အဲသ လို အလဲအလှယ်လုပ်မှုဟာ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံဖိုးလောက် ရှိတယ်။ ပြီးတော့ တရုတ်က ကမ္ဘာအရပ်ရပ် အရေးပါတဲ့ နိုင်ငံ ၁၇ နိုင်ငံမှာ ယွမ်ငွေလဲလှယ်စာရင်း ရှင်းလင်း ပေးတဲ့ စင်တာတွေလည်း ဖွင့်လှစ် ထားတယ်။
တရုတ်ရဲ့ One Belt, One Road စီမံချက်ကြီး ချမှတ်တာတို့၊ AIIB ဘဏ်ထူထောင်တာတို့၊ ပြီးတော့BRICSဘဏ်သစ် တည် ဆောက်ရေး ကြိုးပမ်းချက်တို့ဟာ ယွမ်ငွေကြေး ကမ်္ဘာလွှမ်းမိုးရေးအ တွက် မဟာလမ်းမကြီးတစ်ခု ဖောက်လုပ်နေတာဖြစ် တယ်။ ““ခါး ပတ်တစ်ခု၊ လမ်းမကြီးတစ်ခု”” စီမံ ချက်ကြီးဟာ တရုတ်ပြည် အရှေ့ ဖျားကနေပြီး အာရှအလယ်ပိုင်း ဒေသနဲ့ အရှေ့ အလယ်ပိုင်းဒေသ  တို့ကို ဖြတ်ကျော်ကာ ရေလမ်းနဲ့ ရော ကုန်းလမ်းနဲ့ပါ ဥရောပ တိုင် အောင် ခရီးပေါက်နိုင်ငံ မဟာလမ်း မကြီးဖြစ် တယ်။
အာရှ အခြေခံအဆောက်အ အုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် AIIB  ထူထောင်ရာမှာလည်း၊ တရုတ်နဲ့ အတူ အခြားနိုင်ငံ ၅၀ က ပါဝင်ဖို့ သဘောတူညီခဲ့ကြတယ်။ အဲဒီမှာ အရှေ့တောင်အာရှမှ နိုင်ငံများအ ပြင် နေတိုး NATO အဖွဲ့ဝင် ၁၃ နိုင်ငံတောင် ပါဝင်သေးတယ်။ BRICS အဖွဲ့က ဖော်ဆောင်မယ့် ဖွံ့ဖြိုးရေးဘဏ်မှာ ဆိုရင်လည်း တရုတ်နဲ့အတူ အိနိ္ဒယ၊ ရုရှ၊ ဘရာ ဇီးနဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်ကြတယ်။
တရုတ်နဲ့ ကုန်သွယ်ဖက်နိုင်ငံ တွေက အမေရိကန်နိုင်ငံနဲ့ ဆက် သွယ်နေတဲ့ နိုင်ငံတွေ ထက်တောင် များသေးတယ်။ တရုတ်ဟာ ကွန် မြူနစ်နိုင်ငံဆိုပေမယ့် နိုင်ငံရေး အ သွေးအရောင်မရွေးဘဲ ဘယ်နိုင်ငံနဲ့မဆို ကူးသန်းရောင်းဝယ်ရေး လုပ်တယ်။ အမေရိ ကန်နိုင်ငံ လို ကုန်သွယ်မှု နယ်ပယ်မှာ ဇီဇာမ ကြောင်ဘူး။
တရုတ်ရဲ့ အဓိက ပြဿနာ ကတော့ ငွေကြေး ဘဏ္ဍာနယ်ပယ် မှာ အထိန်းအချုပ်များလွန်းတယ်။ လွတ်လပ်မှုမရှိဘူး။ တံခါးဖွင့်ချင် တဲ့
နေရာမှာဖွင့်ပြီး၊ ပိတ်ချင်တဲ့ နေရာမှာ ပိတ်ထားတယ်။ အစိုးရ က ဈေးကွက်ထဲမှာ ၀င်ရောက် စွက်ဖက်မှု လွန်ကဲတယ်။ တရုတ် ရဲ့ ယွမ်ငွေ ကမ္ဘာသုံးငွေဖြစ်ချင် ရင် ဈေးကွက်များ လွတ်လပ်မှုရှိရ မယ်။
ယွမ်ရဲ့ တန်ဖိုးကို ရောင်း လိုအားနဲ့ ၀ယ်လိုအားတို့က လွတ် လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးရ မယ်။ မဟုတ်ရင်တော့ IMF ယွမ်ကို စင်ပေါ်တင်ပေးပေမယ့် အားပေးတဲ့ ပွဲကြည့်ပရိသတ်မရှိဘဲ ငေါင်းစင်းစင်းဖြစ်နေနိုင်တယ်။

Ref; The Economist, Oct.3 and Dec.15, 2015.
မင်းရွှေမောင်

No comments:

Post a Comment