ကျွန်မဆယ်ကျော်သက်အရွယ်က
ဖြစ်သည်။ အတိအကျ ပြောရလျှင် ထိုအချိန်က အသက် ၁၃ နှစ်ရှိနေပြီဖြစ်သည်။ ထိုအ
ရွယ် တွင် မေမေက ကျွန်မတစ် ဘဝလုံးဘယ်တော့မှ မေ့ပျောက်မ သွားနိုင်မည့်
သင်ခန်းစာတစ်ခုကို သင်ပြပေးခဲ့ဖူးသည်။
တစ်ရက်တွင် ကျွန်မနှင့် မေမေသည်
အနီးအနားရှိ စတိုး ဆိုင်တစ်ဆိုင်သွား၍ ဈေးဝယ် ထွက်ခဲ့သည်။ ထိုသို့
ဈေးဝယ်နေ စဉ် ဆိုင်း အတွင်းသို့ မိသားစုတစ်စုဝင်လာသည်ကို
ကျွန်မသတိထားမိလိုက်သည်။ သူတို့ကြည့်ရသည်မှာ အမေရယ်၊ သမီး ရယ်၊ မြေးငယ်
ကလေးတစ်ယောက်ရယ် တို့ဖြစ်သည်။
သူတို့သည် သန့်သန့်ပြန့်
ပြန့်များဖြစ်သော်လည်း အဝတ် အစားတွေက ဟောင်းနွမ်းနေ သည်။ ထိုမိသားစု
အနေဖြင့် ချို့ ချို့တဲ့တဲ့ ဆင်းရဲမှန်း သိသာသည်။ သူတို့သည်
ပစ္စည်းထည့်သည့် လှည်းကလေးတွန်းလာရင်း လိုအပ် သည့် ပစ္စည်းများကို ရွေး
ချယ်နေ လေ သည်။ အထူးသဖြင့် စားစရာ သောက်စရာများသာဖြစ်သည်။
မေမေနှင့် ကျွန်မတို့လည်း လိုအပ်သည်များ
ဝယ်ယူပြီးနောက် ငွေရှင်းရန် ကောင်တာဆီသို့ ရောက်လာကြသည်။ ထိုနေရာ သို့
ရောက်သွားသည့်အခါ ထိုမိသားစုက ကျွန်မတို့ရှေ့တွင် ရှိနေကြသည်။ သူတို့နှင့်
ကျွန်မတို့ကြား တွင် ဈေးဝယ်သူ တစ်ယောက် ရှိ နေသည်။ ထိုမိသားစုသည် သူတို့
ဝယ်ယူထားသော ပစ္စည်းများကို တစ်ခုစီလှည်းပေါ် ထုတ်ယူပြီး အရောင်းဈေး သည်ထံ
ပေး လိုက်သည်။ ဝယ်ယူထားသည့် ပစ္စည်းများ၏ တန်ဖိုးကို တစ်ခုပြီး တိုင်းတစ်ခု
ပြောပြပေးရန် အမေ ဖြစ်သူက အရောင်းဈေး သည်လေး အား ပြောလိုက်သည်။ သူတတ်
နိုင်သည့်ထက်ပိုများသွားမှာစိုးရိမ် ဟန်တူလေသည်။
ထိုကဲ့သို့ အချိန်ကြာမြင့် နေသဖြင့်
ကျွန်မတို့ရှေ့က ဈေးဝယ်သူ စိတ်မရှည်ဘဲ မကျေမနပ် ဖြင့် ရေရွတ်နေသည်ကို
ကြားရ လေ သည်။ အရောင်းဈေးသည် ကလေးက ထိုမိသားစု ဝယ်ယူထား သော
ပစ္စည်းများအားလုံး၏ သင့် ငွေကိုပြောပြလိုက်သည်။ သူတို့ မိခင်ကြီးထံတွင်
ငွေတွေအလုံအ လောက်ပါဟန်မတူပေ။ ထို့ ကြောင့် ၀ယ်ထားသည့်ပစ္စည်းများထဲမှ
တချို့အား မယူတော့ဘူး ဟု ပြော လိုက်သည်။
ကျွန်မအမေက သူ့ပိုက် ဆံအိတ်ကိုဖွင့်လျက်
ဒေါ်လာနှစ် ဆယ်တန်တစ်ရွက်ကိုယူ၍ ထိုအမျိုးသမီးကြီးအား လှမ်းပေးလိုက် သည်။
အမျိုးသမီးကြီးက အံ့အားသင့်သွားပြီး ကျွန်မမယူပါဘူးရှင်ဟု ငြင်းလေသည်။
မေမေက ထိုအမျိုးသမီးကြီးအား စိုက်ကြည့် ပြီး အေးဆေး တည်ငြိမ်စွာဖြင့် ပြော လေသည်။
''မဟုတ်ဘူးရှင့်၊ ရှင်ယူကိုယူရမှာ။
ဘာဖြစ်လို့လဲဆိုတော့ ဒါက လက်ဆောင်အဖြစ်ပေးတာပါ။ ရှင့်လှည်းပေါ်က ဝယ်လာတဲ့
ပစ္စည်းတွေက ရှင်တို့အတွက် လို အပ်နေတာတွေလေ။ ဒါကြောင့်မို့ ကျွန်မပေးတာကို
လက်ခံလိုက်ပါ နော်''
ထိုအခါကျမှ အမျိုးသမီး ကြီးက
မေမေပေးသည့်ပိုက်ဆံကို လှမ်းယူလိုက်သည်။ မေမေလက်ကို တစ်ခဏကြာမျှ
ဆုပ်ကိုင်ဖျစ် ညှစ် ထားလေသည်။ သူ့ပါးပေါ် သို့ မျက်ရည်များစီးကျလာပြီး
ပြော လိုက်သည်။
''ကျွန်မအများကြီးကျေး ဇူးတင်ပါတယ်ရှင်၊ ကျွန်မဘဝမှာ အဲဒီလိုမျိုး ဘယ်သူကမှ လုပ်မ ပေးခဲ့ပါဘူး''
ကျွန်မလည်း ထိုဆိုင်ထဲမှ ထွက်လာသည့်အခါ
ကျွန်မမျက်လုံးအိမ်မှာ မျက်ရည်များဝဲနေ သည်။ ထိုအဖြစ်အပျက်ကလေးကို ကျွန်မ၏
ရင်ထဲအသည်းထဲမှနေ၍ ဘယ်သောအခါမှ မေ့ပျောက် သွားမည်မဟုတ်ပါ။ ကျွန်မတို့
မိသားစုမှာ ကလေးခြောက်ယောက် နှင့် ငွေ ပိုငွေလျှံ လည်းရှိသည်မ ဟုတ်ပါ။
ကျွန်မအနေဖြင့် ဘယ် တော့မှလည်း တစ်ခုခုလိုချင်၍ မိဘများကို
ပူဆာခြင်းမရှိခဲ့ပါ။ အ ခုတော့ ကျွန်မသည် အမေ့ထံမှ စိတ်ကောင်းနှလုံးကောင်း
တစ်ခု ကို အမွေအဖြစ် ဆက်ခံရရှိလိုက် ပါသည်။
ထိုအချိန်မှစ၍ ကျွန်မလည်း
စွန့်ကြဲပေးကမ်းရသည်ကို ဘယ်တော့မှ လက်မတွန့်ခဲ့ပါ။ ထိုသို့
စွန့်ကြဲပေးကမ်းလိုက်ခြင်းဖြင့် ရရှိ လိုက်သော ပီတိကို ဤကမ္ဘာ ပေါ်တွင်
ကျွန်မအလိုချင်ဆုံးပါဟု ပြောဆိုချင်ပါသည်။
Giving from the Heart by Dee M. Taylor ကိုဆီလျော် အောင်ပြန်ဆိုပါသည်။
တင်ဆွေမိုး |
Saturday, 18 July 2015
နှလုံးသားဖြင့် ပေးသောအရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment