ဖလောရင့်နိုက်တင်ဂေးလ်သည်
အင်္ဂလိပ်အမျိုးသမီး တစ်ဦး ဖြစ်ပြီး လူမှုပြုပြင်ပြောင်းလဲရေး
ဝါဒီတစ်ဦးဖြစ်သည်။ ထို့အပြင် စာရင်း အင်း ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
နိုက်တင်ဂေးလ်သည် ခေတ်မီသူနာပြုအတတ်ပညာကို စတင်ဖြန့်ဝေခဲ့သူ ဖြစ်ပြီးသူ လေ့
ကျင့်ပျိုးထောင်ပေးထားသော သူနာပြုများနှင့် ခရိုင်းမီးယားစစ်မြေ ပြင်သို့
သွားရောက်၍ ဒဏ်ရာရ စစ်သားလူနာများကို ပြု စုစောင့်ရှောက်ပေးရာမှ
ထင်ရှားကျော်ကြားလာခဲ့သူဖြစ်သည်။ သူနာပြုလုပ်ငန်းကို ဂုဏ်သိက္ခာရှိသော
အတတ်ပညာ အဖြစ် မြှင့် တင်ပေးခဲ့ပြီး ဝိတိုရိယခေတ်၏ အမှတ်
လက္ခဏာဖြစ်စေခဲ့သည်။ ညဘက် တွင် ဒဏ်ရာရ စစ်သားများဆီ မီး အိမ်တစ်လုံးဖြင့်
လှည့်လည်သွားလာပြီး ပြုစုစောင့်ရှောက်ပေးသူဖြစ်သဖြင့်
''မီးအိမ်တစ်လုံးနှင့်ကရုဏာရှင်''ဟု တင်စားပြောဆို ဂုဏ်ပြုခံရ သူဖြစ်လာ
ခဲ့သည်။
ခရိုင်းမီးယား စစ်မြေပြင်တွင်
ထင်ရှားကျော်ကြားလာခဲ့ သော နိုက်တင်ဂေးလ်အား ထို ခေတ်က မီဒီယာလောကသား များက
အလွန်အကျွံ မြှောက်ပင့် ရေးသားခဲ့၍ ဖြစ်သည်ဟု ဝေဖန် သူများရှိခဲ့သည်။
ပြည်သူလူထုကြားတွင် သူရဲကောင်းတစ်ဦး အ လိုရှိနေ ချိန်ဖြစ်သဖြင့်
ထိုကဲ့သို့ မြှောက်ပင့်ရေးသားခဲ့ခြင်း ဖြစ် သည်ဟု ဆိုကြသည်။
သို့မည်သို့ဆိုစေ အများစုကမူ
အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်အ ဖြစ် သူနာပြု အတတ်ပညာကို
စတင်ဖြန့် ဝေပေးခဲ့သူ အဖြစ် နိုက် တင်ဂေးလ်အား အသိအမှတ်ပြုကြ လေသည်။ ၁၈၆ဝ
ခုနှစ်တွင် နိုက် တင်ဂေးလ်သည် လန်ဒန်ရှိ စိန့် သောမတ် ဆေးရုံတွင် သူနာပြု
သင်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ သည်။ ထိုသင်တန်းမှ အောင်မြင် သူများ
နိုက်တင်ဂေးလ် လက်မှတ် ချီးမြှင့်ခဲ့သည်။ နိုက်တင်ဂေးလ် မွေးနေ့အား
ကမ္ဘာ့တစ်ဝန်းလုံး၌ နိုင်ငံတကာ သူနာပြုနေ့ဟု ကျင်းပ လာခဲ့ကြသည်။
နိုက်တင်ဂေးလ်သည် လူမှု
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရာတွင် ဗြိတိသျှ လူ့အဖွဲ့အစည်း
ဝင်အားလုံးအား ကျန်းမာရေးတိုး တက်ရေးအတွက် ပြုစုစောင့် ရှောက်ပေးခဲ့သည်။
အိန္ဒိယနိုင်ငံအတွင်း စားရမဲ့ သောက်ရမဲ့ဘဝ များအတွက်လည်း လုပ်ဆောင် ပေး
ခဲ့သည်။ အမျိုးသမီးများအ ပေါ် ရက်စက်လွန်းသော ပြည့်တန် ဆာ
ဥပဒေတိုက်ဖျက်ရေးတွင် လည်း ပါဝင်ကြိုးပမ်းခဲ့သည်။ လုပ် ငန်းများစွာတွင်
မိန်းမသားများ ပါ ဝင်လုပ်ကိုင်ခွင့်ရရှိအောင် လုပ် ဆောင်ပေးခဲ့သည်။
နိုက်တင်ဂေးလ်သည် စာအုပ်စာတမ်း
မြောက်မြားစွာရေးသားခဲ့ပြီး စွယ်စုံရစာရေးဆရာ တစ်ယောက်လည်း ဖြစ်သည်။ ဘဝ
တစ်လျှောက်လုံး ရေးသားခဲ့ သော စာအုပ်အများစုမှာ ကျန်းမာရေး
ပညာပေးများဖြစ်သည်။ ထိုသို့ ရေးသားရာတွင် လူတိုင်း နားလည် လွယ်အောင် အရေးအ
သား အလွယ်ဆုံးအသုံးပြုခဲ့သဖြင့် အင်္ဂလိပ်စာ အခြေခံမျှသာ တတ် သူများပင်
ဖတ်ရှုနားလည် နိုင်လေ သည်။ စာရင်းအင်းများကို ဇယား များ အသုံးပြု၍
ရေးသားတင်ပြခဲ့ သဖြင့် ရှင်းရှင်းလင်းလင်း နား လည်ပြီး လွယ်ကူစွာ
အသုံးပြုနိုင် ခဲ့သည်။ ကွယ်လွန်ပြီးမှ ထုတ်ဝေ ခဲ့သော အချို့စာအုပ်များမှာ
ဘာ သာရေးနှင့် ပတ်သက်ပြီး လျှို့ ဝှက်ဆန်းကြယ်မှုများ အကြောင်း များဖြစ်သည်။
ဖလော့ရင့် နိုက်တင်ဂေး လ်အား ၁၈၂ဝ ခုနှစ်
မေလ ၁၂ ရက်နေ့တွင် အီတလီနိုင်ငံ၊ ဖလော ရင့်တွင် မွေးဖွားခဲ့သည်။ထိုကြောင့်
သူ့နာမည်အား မွေးဖွားရာ အရပ်ကို စွဲ၍ အမည်မှည့်ခေါ်ခဲ့သည်။ မိဘ များမှာ
အင်္ဂလိပ်လူမျိုး ကြွယ်ဝချမ်းသာသူများဖြစ်ပြီး ၁၈၂၁ ခုနှစ်တွင် အင်္ဂလန်သို့
ပြောင်းရွှေ့လာခဲ့သည်။ အင်္ဂလန်နိုင်ငံရှိ အသိုင်းအဝန်းတွင် ထင်ရှားသူများ
ဖြစ်သည်။ ဖလောရင့်နှင့် သူ့ညီမ ပါသီအင်နောတိုအား ဖခင်ဖြစ်သူ ကိုယ်တိုင်
အိမ်မှာပင် စာသင်ပေး ခဲ့သည်။ ဘာသာစကားများ၊ သင်္ချာ နှင့်
သမိုင်းဘာသာရပ်များကို သင် ခဲ့ရသည်။
၁၈၃၈ ခုနှစ်တွင် ဖခင် ဖြစ်သူက မိသားစုအား
ဥရောပသို့ အလည်အပတ် ခရီးပို့ခဲ့လေသည်။ ထိုခရီးစဉ်တွင် မေရီကလော့ခ် ဆိုသူ
အမျိုးသမီးတစ်ဦးနှင့် ရင်း နှီးခင်မင်ခဲ့သည်။ မေရီကလော့ခ်က
အင်္ဂလိပ်အထက်တန်းလွှာ အမျိုးသမီးများကို သဘောမကျသူဖြစ် သည်။ မေရီကလောခ့်က
အများနှင့်မတူ။ အမျိုးသမီးအများ နှင့် အပေါင်းအသင်းမလုပ်။
ပညာတတ်အမျိုးသားများနှင့် သာ ပေါင်း သင်း ဆက်ဆံခဲ့သည်။ သို့ သော်
မေရီကလောခ့်က နိုက်တင် ဂေးလ် မိသားစုကိုတော့ တလေးတစား ဆက်ဆံသည်။ ထိုကြောင့်
သူနှင့် ဖလောရင့်တို့သည် အသက် အရွယ်၂၇ နှစ်မျှ ကွာခြားသော်လည်း
တရင်းတနီးဖြစ်ခဲ့သည်။ အမျိုးသမီးများသည် အမျိုးသား များနည်းတူ
အခွင့်အရေးရှိသည်။ တန်းတူရည်တူရှိသည်ဟူသော အ ယူအဆကို ဖလောရင့်သည် မေရီ
ကလော့ခ်ထံမှ ရရှိခဲ့လေ သည်။
ဘာသာရေးအရ ဘုရားသခင်၏ အလိုတော်အရ
သူတစ်ပါးအများသူငါကို ကူညီစောင့် ရှောက်ရမည်ဟု ဖလောရင့်က ခံ ယူထား သည်။
ငယ်စဉ်ကပင် သူ နာပြုအဖြစ် လုပ်မည်ဟု ကြွေး ကြော်သည့်အခါ မိခင်ဖြစ်သူနှင့်
ညီမဖြစ်သူတို့က အကြီးအကျယ် ဒေါသူပုန် ထကာ ကန့်ကွက်ခဲ့သည်။ ထို့အပြင်
မိန်းမသားဆိုသည်မှာ အိမ်ထောင်ပြု၍ မိခင် ဘဝခံယူရန်သာ ဖြစ်သည်ဆို သော အယူအဆ
ကိုလည်း လက်မ ခံခဲ့။ တော်လှန်ပုန်ကန်ခဲ့သည်။ ဤ သို့နှင့် မိသားစုဆန့်ကျင်
ကန့် ကွက်နေ သည်ကြားမှပင် လူကုံထံ လောကမှ အင်္ဂလိပ်အမျိုးသမီး ကြားတွင်
နှာခေါင်းရှုံ့စရာဖြစ် သည့် သူနာပြုအတတ်ပညာကို မနားမနေ သင်ယူလေ့လာခဲ့လေ သည်။
အပျိုစင်ငယ်ရွယ်သေးသူ ဖြစ်သဖြင့်
ဖလောရင့်မှာ ချောမော လှပသည်။ ခန္ဓာကိုယ်သွယ်လျလျ နှင့် ဣနြေ္ဒရှိသူဖြစ်သဖြင့်
ချစ်ခင် စရာကောင်းလေသည်။ သူ့အား နှစ်သက် သဘောကျနေသူမှာ နိုင်ငံရေးသမား
ကဗျာဆရာ ရစ် ချတ်မန်ကတန်မီလန်ဆိုသူ ဖြစ် သည်။ မီလန်နှင့် ကိုးနှစ်ကြာတွဲ
လာပြီးနောက်လက်ထပ်ရန် ငြင်း ဆိုခဲ့သည်။ လက်ထပ် လိုက်ခြင်း ဖြင့်
သူလုပ်ကိုင်ကိုင်လိုသည့် သူ နာပြုလုပ်ငန်းကို အနှောင့်အယှက် အတားအဆီး
အဖြစ်မခံနိုင်ဟူ၍ ဖလောရင့်က အကြောင်းပြပြီး လက်ထပ်ရန် ငြင်းပယ်ခဲ့ခြင်းဖြစ်
သည်။
၁၈၄၄ ခုနှစ်တွင် ဖလော ရင့်
နိုက်တင်ဂေးလ်သည် ဆေးရုံ များတွင် သူနာပြုလုပ်ရန် ဆုံး ဖြတ်ခဲ့သည်။
မိသားစုက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့သည်။ ထို စဉ်က ဆေးရုံများမှာ
အခြေအနေ အတော်ဆိုးရွားသည်။ သူနာပြု များမှာလည်း အတတ်ပညာမရှိ။
ထို့အပြင် လူမှုရေးအရလည်း
အောက်တန်းကျသူများဟု ယူဆခံကြရသည်။ မည်သို့ ကန့်ကွက်နေစေကာမူ ဖလောရင့် သည်
ဆေးရုံ များ ဆေးပေးခန်းများသို့ သွားရောက်လေ့လာသည်။ နောက် ပိုင်းတွင်
မိဘများ၏ ခွင့်ပြုချက် အရ ဂျာမနီနိုင်ငံ၊ ကိုင်ဇာဝေါ့ သူနာပြု သင်တန်း
ကျောင်းသို့လ အနည်းငယ်ကြာ တက်ရောက်သင် ကြား ခွင့်ရခဲ့သည်။
၁၈၅၃ ခုနှစ်တွင် လန်ဒန် ရှိ
ဆင်းရဲဒုက္ခရောက်နေသော အ မျိုးသမီးကြီးများအတွက် ဖွင့်လှစ် ထားသော
ကုသိုလ်ဖြစ် ဆေးရုံတွင် သူနာပြု ဆရာမကြီးအဖြစ်တာဝန် ပေးခြင်းခံရသည်။
ဖလောရင့် သည် ထိုဆေးရုံတွင် အမှုထမ်းရင်း သူနာပြု အတတ်ပညာကို စနစ်တကျ
သင်ကြားပိုချခဲ့သည်။ စိတ်ပါဝင်စားသူ မည်သူမဆို၊ ဘာသာမရွေး၊ အဆင့်အတန်းအရွေး
လက်ခံ သင်ကြား ပြုစု ပျိုးထောင် ခဲ့ သည်။
၁၈၅၄ ခုနှစ် အောက်တို ဘာလတွင် သူလေ့ကျင့်
သင်ကြား ပေးထားသော သူနာပြုဆရာမ ၃၈ ယောက်ကို စုစည်း၍ သူနာပြု ဆရာမများအဖွဲ့
ဖွဲ့စည်းကာ ခရိုင်းမီးယား စစ်မြေပြင်သို့ ထွက် လာခဲ့လေသည်။ ခရိုင်းမီးယား
စစ်ပွဲမှာ ဥရောပအတွင်းသို့ နယ် ချဲ့လာသော ရုရှားတို့အား ဗြိတိ သျှနှင့်
ပြင်သစ်တို့က ဦးဆောင်၍ ပြန်လည်တိုက်ခိုက်သည့် စစ်ပွဲ ဖြစ်သည်။
သူနာပြုဆရာမများ အဖွဲ့သည် ကွန်စတင်တီရိုပယ်လ် (ယခု တူရကီအစ်စတန်ဘူ)သို့
နိုဝင်ဘာလတွင် ရောက်ရှိသွားသည်။ ဗြိတိသျှ စစ်တပ်၏ စစ် ဆေးရုံများမှာ
အခြေအနေအ တော်ဆိုးရွားသည်။ ဒဏ်ရာရ ရဲ ဘော်များ၊ နာမကျန်းဖြစ်နေသော
ရဲဘော်များမှာ တစ်နေ့ တခြား ဆေးရုံနှင့် မမျှအောင် များပြား လျက်ရှိသည်။
ဗြိတိသျှစစ်တပ်ကလည်း စစ်ဆေးရုံအတွက် ဆေးဝါး နှင့် စောင့်ရှောက်မှု လုံလောက်
အောင်မပေးနိုင်ခဲ့။ ချို့ချို့ငဲ့ငဲ့ဖြင့် လူနာရဲဘော်များအား ကုသမှုပြု
ကြပြီး ထောက်ပံ့ပေးအပ်သော ရိက္ခာဆေးဝါး များကို လည်း ဖြတ်
တောက်ခြင်းခံနေရသည်။
နောက်တန်းစစ်စခန်း ဆေးရုံသို့
ဖလောရင့်နှင့် သူနာ ပြုအဖွဲ့က တာဝန်ယူခဲ့ရသည်။ ထိုဆေးရုံမှာပင်
နေထိုင်ခဲ့ရသည်။ ထိုဆေးရုံ မှာ ရေဆိုးများ စွန့်ပစ်ရာ ကန်ကြီးပေါ်တွင်
ဆောက်လုပ် ထားသဖြင့် ရေများမှာ ညစ်ပတ် နေသည်။ အဆောက်အအုံမှာ လည်း
သန့်ရှင်းမှုမရှိပေ။ ထို့ ကြောင့် ထိုစစ်စခန်းတွင် ကျေနပ်
နှစ်သိမ့်စရာမရှိသဖြင့် သာမန်ရဲ ဘော်များမှာ အရက် သောက်စား မူးယစ်ပြီး
စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်လာနေကြလေသည်။
ဖလောရင့်သည် သူနှင့် သူ နာပြုတပ်ဖွဲ့ကို
စစ်ဆေးရုံမှ ဆရာ များက လက်ခံလာအောင် ပထမ ဆုံး ကြိုးပမ်းရလေသည်။ နာမ
ကျန်းဖြစ်နေသော ရဲဘော်များနှင့် ဒဏ်ရာရ ရဲဘော်များ နောက်ထပ် ရောက်လာသည်အခါ
အားကြိုး မာန်တက် ပြုစုပေးခဲ့သည်။ ဖ လောရင့်တွင်
ရန်ပုံငွေအတော်အသင့်လည်းရှိသည်။
လန်ဒန်တိုင်းမ်သတင်းစာက ကောက်ခံပေးခဲ့ခြင်း ဖြစ်သည်။ လိုအပ်သော ဆေးဝါး ပစ္စည်းပစ္စယများကို ထိုရန်ပုံငွေ နှင့် ဝယ်ယူခဲ့ရ သည်။
၁၈၅၄ ခုနှစ်ကုန်လောက်တွင် ဆေးရုံများအတွက်
ညွှန်ကြား မှုအသစ်များ ထုတ်ပြန်ပေးခဲ့သ ဖြင့် ဆေးရုံများ
သန့်ရှင်းမှုရှိလာခဲ့ သည်။ ဖလောရင့်၏ ကြိုးပမ်းမှုနှင့်အတူ အစိုးရကျန်းမာရေး
စောင့် ရှောက်မှုကလည်း တိုးတက်လာ ၍ဖြစ်သည်။ လူနာများ သေဆုံးမှု နှုန်း မှာလည်း
သုံးပုံနှစ်ပုံခန့် ကျ ဆင်းလာခဲ့သည်။ ထိုသို့ ဆေးရုံ များ သန့်ရှင်းပြီး
ပြုစုစောင့်ရှောက် မှုတိုးတက် လာခဲ့သော်လည်း ယ ခင်က ဆေးရုံများကို ကြီးကြပ်ရ
သည် စစ်ဖက်အရာရှိများ၏ ငြို ငြင်မှုကို ခံရလေသည်။
၁၈၅၆ ခုနှစ်တွင် ဖလော ရင့်
နိုက်တင်ဂေးလ်သည် ခရိုင်း မီးယား စစ်ပွဲ ပြီးဆုံးသဖြင့် အင်္ဂ လန်သို့
ပြန်လာခဲ့သည်။ ထိုအချိန် တွင် ဖလောရင့် နိုက်တင်ဂေးလ်အား
(မီးအိမ်တစ်လုံးနှင့် ကရုဏာရှင်) ဟု စစ်သည်ရဲဘော်များနှင့် ပြည်သူလူထုကြား၌
ဂုဏ်ပြု ခေါ်ဝေါ် ခဲ့လေသည်။ ဖလောရင့် နိုက်တင်ဂေးလ်သည် ထင်ပေါ်
ကျော်ကြားလာသည်အမျှ အထက်တန်းလွှာ နှင့် ဘုရင်မကြီး၏ အကူ အညီဖြင့်
စစ်ဆေးရုံနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ် ငန်းများကို
ပြုပြင်ပြောင်းလဲပေး နိုင်ခဲ့လေသည်။
၁၈၅၇ ခုနှစ်တွင် ဗြိတိသျှ
စစ်တပ်ဆေးရုံများအတွက် ပြုပြင် ပြောင်းလဲရမည့် အချက်အလက်များကို
စစ်ပွဲအတွင်း ရရှိခဲ့သော အတွေ့ အကြုံများကို အခြေခံ၍
စာအုပ်တစ်အုပ်ရေးသားခဲ့သည်။ ထို့အပြင် Notes On Hospitals ကိုလည်း ၁၈၅၉
ခုနှစ်တွင် ရေး သားခဲ့ရာ စစ်ဆေးရုံများအပြင် အ ခြားပြင်ပ ဆေးရုံများအတွက်
လက်စွဲစာစောင် ဖြစ်လာခဲ့သည်။
နောက်တစ်နှစ်တွင် လန် ဒန်ရှိ စိန့်သောမတ်
ဆေးရုံ၌ နိုက် တင်ဂေးလ် သူနာပြုသင်တန်း ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ၁၈၅၈
ခုနှစ် တွင် အိန္ဒိယနိုင်ငံရှိ စစ်ဆေး ရုံများနှင့် မြို့ပြသန့်ရှင်းရေး
(အထူး သဖြင့် ရေဆိုးများ စွန့် ပစ်ရေး) အတွက် ခန့်အပ်တာဝန် ပေးခြင်းခံ
ရလေသည်။ ဆည်မြောင်းစနစ်ကို အသုံးပြုခြင်းဖြင့်
အစာရေစာငတ်မွတ်ခေါင်းပါးမှုကို ကာကွယ်ပေး နိုင်သည်ဟု ဖလောရင့် နိုက် တင်
ဂေးလ်က ထုတ်ဖော်ပြောဆိုခဲ့ သည်။
၁၉ဝ၇ ခုနှစ်တွင် ဖလော ရင့်
နိုက်တင်ဂေးလ်အား Order of Merit ဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့လေ သည်။
ထိုဘွဲ့ထူးကို အမျိုးသမီးများ ထဲမှာ ပထမဆုံး ချီးမြှင့်ခံရသူဖြစ် သည်။
ဖလောရင့် နိုက်တင်ဂေးလ် ဘဝက မှတ်တမ်းတင်စရာများ အ များအပြားရှိသည်။
တက်ကြွမှုမရှိသော မိဘ အရိပ်အာဝါသအောက်မှ
တစ်ဘဝလုံး ရုန်းကန်ထွက်လာခဲ့သူဖြစ်သည်။ ဖလောရင့်သည် ယောက်ျား သားများ
စိုးမိုးအုပ်ချုပ်ထားသော လောကတွင် ထိပ်ဆုံးပိုင်းနေရာကို ရယူနိုင်ခဲ့သည်။
သူလုပ်သလို၊ သူအားထုတ် ဆောင်ရွက် သလို ယောက်ျားသားများကို
လမ်းညွှန်မှုပေးပြီး လုပ်ကိုင်စေခိုင်းခဲ့သူ ဖြစ်သည်။ နိုက်တင်ဂေးလ်အား
တစ်ကိုယ် ကောင်းဆန်ပြီး အမျိုးသမီး လွတ် မြောက်ရေးအတွက် အချိန်မပေး
နိုင်ခဲ့သူ အဖြစ်ဝေဖန်မှု အချို့ရှိ သော်ငြား၊ စိတ်ဓာတ်ရေးရာအရ မိ ခင်စိတ်
အပြည့် အဝရှိသူအဖြစ် အများစု၏ အသိအမှတ်ပြုခံရလေ သည်။ ဗြိတိသျှ စစ်တပ်မှ
ရဲဘော် စစ်သည်များအတွက်တော့ ဖလော ရင့် နိုက်တင်ဂေးလ်မှာ အမေတစ်ဦး
ဖြစ်လာခဲ့လေသည်။ စစ်မြေပြင် တွင် ပြုစုစောင့်ရှောက်၍ အသက် ရှင်လာခဲ့သော
ရဲဘော် စစ်သည် များကို ဖလောရင့် နိုက်တင်ဂေးလ် က မိမိ၏သားများဟု ခေါ်ခဲ့လေ
သည်။
ဖလောရင့် နိုက်တင်ဂေးလ်
သည်ခရိုင်းမီးယားစစ်ပွဲမှ စိတ်ပင် ပန်းမှုဒဏ်နှင့် အလုပ်ဒဏ်ပိမှု တို့ကြောင့်
ရောဂါ ဝေဒနာများ ခံစားရပြီး အိပ်ရာထဲတွင်လဲနေခဲ့သည်။ ၁၈၆၁ ခုနှစ်
နောက်ပိုင်းတွင် အိမ်ပြင်သို့ မထွက်နိုင်တော့ဘဲ အိပ်ရာထက်တွင်သာ လဲ လျောင်း
ရင်း ဝေဒနာ ခံစားနေခဲ့ရ သည်။ ၁၉၁ဝ ခုနှစ် သြဂုတ် ၁၃ ရက်နေ့တွင်
အင်္ဂလန်နိုင်ငံ လန် ဒန်မြို့တွင် ကွယ်လွန်ခဲ့လေသည်။
သူမကွယ်လွန်သွားသည့်အခါ
ဝက်စ်ဟင်စတာဟာဘေးတွင် မြှုပ်နှံရန် စီစဉ်ခဲ့သော်လည်း ဆွေမျိုးသားချင်းများက
သဘောမ တူသဖြင့် ဟမ်မင်ရှိုင်းယားရှိ စိန့် မာဂရက် ဘုရားကျောင်းသုဿန် တွင်
မြှုပ်နှံ သင်္ဂြုလ်ခဲ့လေသည်။
ဖလော့ရင် နိုက်တင်ဂေးလ် ကွယ်လွန်သွားသည့်အခါ ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေး သောစာမူများ အမြောက်အမြား ကျန် ရစ်ခဲ့လေ သည်။
မြင့်ဆွေဦး
No comments:
Post a Comment