Tuesday 30 June 2015

ရေငံမှရေချို ပြောင်းလဲထုတ်လုပ်သည့်စက် WRTC မှ စတင်မိတ်ဆက် အကောင်အထည်ဖော်

 http://www.wrtcmyan.org/wp-content/uploads/2012/05/Product-of-Moerk-Water-Solution.jpg
လူသားများ အသက်ရှင်နေထိုင်ရေးအတွက် ရေသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့် ရေကို လုံလောက်စွာ အသုံးပြုနိုင်ပြီး ကျေးရွာလူထု ဆင်းရဲမွဲတေမှု လျော့နည်းစေရေးအတွက် ရေချို လုံလောက်မှုမရှိသော နေရာများတွင် ရေငံမှရေချို ပြောင်းလဲ ထုတ်လုပ်သည့် စက်ကိုတပ်ဆင်ရန်WRTC မှ စတင်မိတ်ဆက် အကောင်အထည် ဖော်လျက် ရှိပါသည်။ ၄င်းစက်များ ကို သြစတြေးလျနိုင်ငံ၊ Moerk Water Solution မှ ထုတ်လုပ်ပါသည်။ ထိုကုမ္ပဏီမှ အာရှပစိဖိတ်ဒါရိုက်တာ Mr. Adam Leddy သည် မတ်လ(၂၂)ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ WRTC အဖွဲ့သား များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးရှိ မာလာမုန်တိုင်းဒဏ်ခံထားရသော သဇင်ကျေးရွာ၊ ဖုန်းမောင်ကြိုင်ကျေးရွာနှင့် ဂျိုင်လယ်ကျေးရွာများသို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်များရှိ ရေချိုရှားမှု အခြေအနေများကို သွားရောက်လေ့လာကွင်းဆင်းခဲ့ပါသည်။
ထိုကဲ့သို့ ကွင်းဆင်းလေ့လာမှုများအရ ၄င်းကျေးရွာများတွင် ရေချိုထွက်ရှိမှုလုံးဝမတွေ့ရဘဲ ရေငံများသာ ထွက်ရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် ရေငံမှရေချိုပြောင်းလဲ ထုတ်လုပ်သည့် နည်းပညာမှာ ရေချို ရှားပါးသော နေရာဒေသများအတွက် အလွန်အသုံးဝင်သော စက်ဖြစ်သဖြင့် မိုးရာသီ ကုန်ဆုံးသော သီတင်းကျွတ်လမှ စတင်၍ ရေချိုထုတ်လုပ်သောစက်များကို တပ်ဆင်ပြီး စတင်လည်ပတ် အသုံးပြုနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ တဆက်တည်းမှာပင် နည်းပညာပိုင်း၊ စက်ကို ကိုင်တွယ် အသုံးပြုနည်းစ နစ်နှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လက်တွေ့ သင်တန်းများကို ရေ၊ သုတေသနနှင့်လေ့ကျင့်ရေး ပညာဌာန (WRTC) နှင့် မြို့ပြ၊ ဘူမိနှင့် ရေဆိုင်ရာအင်ဂျင်နီယာ ပညာရေးဝန်ဆောင်အဖွဲ့ (ICEWE) တို့မှ ပို့ချသွားမည် ဖြစ်ပါသည်။
နေရောင်ခြည်နှင့် လေရဟတ်တို့မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်၍ ရေချိုထုတ်စက် ကို မောင်းနှင်အသုံးပြု မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ နေရာ တိုင်းတွင် တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ပြီး ပင်မလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ လျှပ်စစ် ဓါတ်အားသွယ်ကြိုးများ မရောက်နိုင်  သောနေရာများ အထိ သွားရောက်တပ်ဆင်ပေးနိုင်မည် ဖြစ်ပါသည်။
WRTC Website 
https://www.youtube.com/watch?v=9eWbhZt8WIY

No comments:

Post a Comment