Thursday 25 June 2015

မေတ္တာမျှချင်ရင်ချစ်လာစေရမယ်


လေဒီကြိတ်ကြွေနေတဲ့ ဘဲလေးက လေဒီ့ကိုချစ်လာစေဖို့အတွက် အရင်ဦးဆုံး သူ့ရဲ့စိတ်ဝင်စားမှုတွေကို အရယူရပါမယ်။စိတ်ဝင်စားမှုကိုရဖို့အရေး ဆောင်ရန်ရှောင်ရန်လေးတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
၁။‪‎စပ်စလူးပုံစံလုံးဝမဖြစ်ပါစေနဲ့‬
တချို့လေဒီလေးတွေက ဘဲဘဲလေးတစ်ယောက်ကို သဘောကျသွားရင်…ကြွေသွားရင် မိန်းမတို့အိနြေ္ဒတို့ ပျိုမေသိက္ခာတို့ကို လုံးဝမစဉ်းစားမိတော့ပဲ အတင်းဝင်ရောတတ်ကြပါတယ်။ဒါဟာ မိန်းမဈေးကျစေတဲ့မကောင်းသောအပြုအမူပါ။ဘဲဘဲက စိတ်မဝင်စားတဲ့အပြင် အထင်တောင်သေးသွားနိုင်ပါတယ်။အထူးသဖြင့် တွန်းဟယ်ထိုးဟယ်နဲ့ မလိုအပ်ပါပဲ ယောက်ျားလေးရဲ့ခန္ဓာကိုယ်ကိုသွားထိတာမျိုးလုံးဝရှောင်ပါ။ဒီလိုအပြုအမူကြောင့် ဘဲဘဲတင်မက ဘေးပတ်ဝန်းကျင်ကပါ လေဒီ့ကိုအထင်အမြင်သေးသွားနိုင်လို့ပါ။
၂။‪‎လိုတာထက်ပိုပြီးမူယာမာယာမများပါနဲ့‬(or)‪‎အိုဗာတင်းတွေမဖျော်ပါနဲ့‬
တစ်စုံတစ်ယောက်ကိုစိတ်ဝင်စားမိရင် သူ့ရဲ့စိတ်ဝင်စားမှုကိုပြန်လည်ရရှိလိုတာ လူ့သဘာဝပါ။ဒါပေမယ့်…စိတ်ဝင်စားမှုပြန်ရလိုတာနဲ့ပဲ အိုဗာတွေမလုပ်မိပါစေနဲ့။ဘဲဘဲကြားအောင်အသံကျယ်ကျယ်စာစာ စာစာနဲ့ စကားပြောတာမျိုး…ဘဲဘဲနားမှာ ဆံပင်တခါခါနဲ့ဟိုပြေးဒီပြေးရှပ်ပလာလုပ်တာမျိုး…လိုတာထက်ပိုပြီးညုပြချွဲပြ အခွင့်အရေးယူတာမျိုးတို့ တတ်နိုင်ရင်ရှောင်ပါ။မိန်းမနောက်ပိုးလို့ထင်မှတ်ခံရစေနိုင်တဲ့အပြုအမူမျိုးကို လုံးဝမလုပ်ပါနဲ့။လိုအပ်သလောက်အပြုအမူလေးတွေနဲ့ပဲနေပါ။
၃။သန့်ရှင်းသပ်ရပ်ပြီးစမတ်ကျနေပါစေ
ရုပ်အလှထက်စိတ်အလှက ပိုအရေးကြီးပါတယ်လို့ ပြောနေကြပေမယ့် ယောက်ျားလေးတော်တော်များများက ရုပ်ရည်ချောမောတဲ့မိန်းကလေးတွေကိုပဲ ပိုနှစ်သက်ကြတာပါ။ဒီတော့ လေဒီ့အနေနဲ့လှလှပပနေထိုင်သင့်ပါတယ်။"ရုပ်ကလှမှမလှတာ…"ဆိုပြီး လက်လွတ်စပယ်မပြောပါနဲ့။ ဘယ်လောက်ပဲရုပ်ဆိုးဆိုး သန့်သန့်ပြန့်ပြန့်သပ်သပ်ရပ်ရပ်နဲ့နေထိုင်သွားလာတာ…ကြော့ကြော့မော့မော့ဖြီးလိမ်းဝတ်စားဆင်ယင်တာတွေက တစ်ဖက်သားရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်ပါတယ်။ဘဲဘဲကလေဒီ့ကိုကြည့်လိုက်တာနဲ့ စိတ်ကျေနပ်ဖို့ လိုအပ်ပါတယ်။"အလှပြင်လေ့ပြင်ထမှမရှိတာ…အလှမပြင်တတ်ဘူး…"ဆိုရင်တော့ လေဒီ့ဘေးပတ်ဝန်းကျင်က အပေါင်းအသင်းသူငယ်ချင်းတွေရဲ့အကူအညီကိုယူပြီးပြင်ဆင်ခြယ်သပါ။ရုပ်ရှင်ရိုက်မယ့်ပုံစံမျိုးပြင်စရာမလိုပါဘူး။ကာလံဒေသံနဲ့လိုက်ဖက်ညီညီ စမတ်ကျကျ ပြင်ဆင်တတ်ပါစေ။
၎။‪‎လေဒီ့ကိုယ်ကိုယုံကြည်မှုရှိပါ‬
ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အရေးကြီးပါတယ်။တချို့လေဒီတွေက ကိုယ်တဖတ်သတ်ကြိတ်ကြွေနေတဲ့ယောက်ျားလေးနဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာ ရှက်ကြောက်ပြီးမဝံ့မရဲနဲ့ မခို့တရို့ဖြစ်နေတတ်ကြပါတယ်။အဲ့လိုပုံစံမျိုးမဖြစ်ပါစေနဲ့။စကားပြောရင်သူ့ကိုတည့်တည့်ကြည့်ပြီးပြောပါ…သူ့စကားကိုလည်းလေးနက်တဲ့အမူအရာနဲ့အာရုံစိုက်နားထောင်ပါ။ကတုန်ကယင်နဲ့စကားမှားတာမျိုးမဖြစ်အောင်နေပါ။တည်ငြိမ်ပြီးယုံကြည်မှုရှိတဲ့မိန်းကလေးအဖြစ် ဘဲဘဲလေးရဲ့စိတ်ဝင်စားမှုကိုရယူပါ။အဲ…တလွဲဆံပင်ကောင်းပြီးover confidence ဖြစ်နေတဲ့ပုံတော့မပေါက်စေနဲ့နော်။
၅။‪‎ကိုယ့်styleနဲ့ကိုယ်နေပါ‬
သူ့ရှေ့မှာ ကိုယ်နေနေကျပုံစံအတိုင်း မနေပဲ ဟန်ဆောင်ပန်ဆောင်နေတာမျိုးမလုပ်ပါနဲ့။သူသဘောကျအောင်လို့ ဣနြေ္ဒကြီးချင်ယောင်ဆောင်တာ…ကိုယ်မကြိုက်တာတွေကိုလည်းကြိုက်ချင်ယောင်ဆောင်တာမျိုးမဖြစ်ပါနဲ့။ဟန်ဆောင်တယ်ဆိုတာရေရှည်မှာရှော့ရှိလာနိုင်ပါတယ်။လေဒီ့ရဲ့နဂိုနေပုံစံကိုသာ စိတ်ဝင်စားနှစ်သက်လာတာမျိုးဖြစ်ပါစေ။
၆။‪#ခင်မင်ရင်းနှီးစွာနေထိုင်ပါ‬
သူနဲ့ဆုံရင်နွေးထွေးစွာပြုံးပြပါ။ ခင်ခင်မင်မင်နဲ့ဖော်ရွေစွာဆက်ဆံပါ။ကလက်တဲ့အမူအရာမျိုးတော့မဖြစ်ပါစေနဲ့။လိုအပ်ရင် မျက်နှာအမူအရာကိုအကဲခတ်ပြီး နည်းနည်းရင်ခုန်သွားအောင် ဂရုစိုက်ပြလိုက်ပါ။သည်းသည်းလှုပ်ပုံစံမျိုးတော့ သွားမလုပ်ပါနဲ့နော်။
၇။‪‎အားကိုးပြပါ‬
ကျွန်မပြောဖူးပါတယ်… ယောက်ျားလေးဆိုတာမျိုးက သူတို့ကို အားကိုးတာကိုသိပ်သဘောကျတတ်တာပါ။ဒါကြောင့် လေဒီလုပ်နိုင်တဲ့အလုပ်တချို့ကိုတောင် ကိုယ်တိုင်မလုပ်ပါနဲ့…သူ့ကိုအကူအညီတောင်းပါ…အကြံဥာဏ်တောင်းပြပါ။အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီးတော့ လိမ္မာပါးနပ်စွာ အကူအညီတောင်းပြီး ရင်းနှီးမှုပိုတိုးလာပါစေနော်။
၈။‪‎လှိုက်ခနဲရင်ခုန်သွားစေနိုင်တဲ့အပြုအမူလေးတချို့ဖန်တီးပေးပါ‬
ဒီအပြုအမူတွေရဲ့ရှင်းလင်းချက်ကို သိချင်ရင်တော့ messageမှာသာ လာမေးပါတော့နော်။ကျွန်မကိုယောက်ျားလေးတွေတမျိုးထင်ကုန်မှာစိုးလို့ ရေးမပြချင်လို့ပါ wink emoticon
ကဲ…ဒီလောက်ဆိုရင်တော့ လေဒီမေတ္တာမျှချင်တဲ့ဘဲလေးက လေဒီ့ကိုချစ်လာနိုင်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာသိလောက်ပြီလို့ ထင်ပါတယ်။လေဒီ့ရဲ့ဣနြေ္ဒသိက္ခာကိုလည်းလုံးဝမထိခိုက်စေနိုင်တဲ့နည်းလမ်းတွေမို့ ယုံကြည်စွာနဲ့လိုက်လုပ်ကြည့်ပါ။သူ့ရဲ့စိတ်ဝင်စားမှုကို အနှေးနဲ့အမြန် ရလာမှာပါလို့…။

No comments:

Post a Comment