Friday 19 June 2015

တန်ဖိုးကြီးမားတဲ့ ကိုယ်ပိုင်အရာတွေ


သူတစ်ပါးကို ပေးချင်စိတ်ရှိတဲ့အခါ ရွှေ၊ ငွေ၊ ပစ္စည်း ဥစ္စာရှိမှ မဟုတ်ပါဘူး။ ကိုယ့်မှာ တန်ဖိုးကြီးမားတဲ့
အရာတွေရှိနေတာကို မမေ့ပါနဲ့ ။ မေတ္တာတွေ၊ ကြင်နာမှုတွေ၊ စေတနာတွေ၊ ကိုယ်ချင်းစာတရားတွေဟာ
တန်ဖိုးကြီးမားတဲ့ ကိုယ်ပိုင်အရာတွေပဲပေါ့။ ဒါတွေနဲ့  လောကကို လှအောင် တန်ဆာဆင်လို့ ရပါတယ်။
ဘယ်သူမှ ထိတွေ့ ခံစားလို့ မရနိုင်ပေမယ့် ပေးသူနဲ့ လက်ခံသူ နှစ်ဦးကတော့ စွမ်းအားကြီးတဲ့ ခံစားမှုကို
ရရှိမှာ ဖြစ်ပါတယ်။ မိမိမှာ ရှိသောအရာတွေဟာ စွမ်းအားဘယ်လောက်ကြီးတယ်ဆိုတာ သိထားဖို့ လိုတယ်။
ဒါမှ ဘယ်နေရာမျိုးမှာ ဘယ်လိုအသုံးချရမလည်းဆိုတာကိုလည်း သိမှာဖြစ်ပါတယ်။

No comments:

Post a Comment