Wednesday 24 June 2015

အချစ်အမျိုးအစား(၄)မျိုး

 
(၁) Ego Love
ဒီအမျိုးအစား ကတော့ အတ္တဆန်တဲ့ အချစ်မျိုးလို့ ပြောလို့ ရပါတယ်။ အချစ်ဆိုတာ ရယူ ပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့ သူတွေပေါ့။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘေးမှာပဲ ခေါ်ထားချင်တယ်။ မျက်စိအောက်က အပျောက် မခံချင်ဘူး။ သ၀န်တို နေတယ်။ ချစ်သူက ကိုယ့်ကိုပဲ ဂရုစိုက် နေစေချင်တယ် ဆိုရင် အဲဒါ ego love ဖြစ်နေပါပြီ။ အဲဒီလို လူတွေက ချစ်သူကို စိတ်ဆိုး လွယ်တယ်။ သူက ငါ့ကို ငါချစ်သလောက် မချစ်ဘူးဆိုတဲ့ အတွေးမျိုး ခဏခဏ ၀င်တတ်ပါတယ်။ အမှားဆိုရင် သေးသေးလေးတောင် သည်းမခံ တတ်ကြပါဘူး။ အချစ်ကြီးတော့ အမျက်ကြီးတယ် ဆိုတဲ့ လူစားမျိုးတွေလဲ ပါတယ်ပေါ့။

(၂) One Sided Love
ဒီအမျိုးအစားက ကိုယ်ကပဲ ချစ်နေချင်တယ်။ အရာရာ ပေးဆပ် နေချင်တယ်။ အကောင်းဆုံးတွေ လုပ်ပေးချင် နေတယ်။ ဒါပေမယ့် တစ်ဖက်လူက ကိုယ်လုပ်ပေး နေတာတွေကို လိုချင် ရဲ့လား ဆိုတာ ဘယ်တော့မှ မစဉ်းစားပါဘူး။ အဲဒါကြောင့် တစ်ခါတစ်ခါ တစ်ဖက်လူက စိတ်ကျဉ်းကျပ် တာတွေ စိတ်ရှုပ်တာတွေ ခံစား ရတတ်ပါတယ်။ ချစ်သူစုံတွဲ တစ်တွဲမှာ တစ်ယောက်က အဲဒီလို ဖြစ်နေပြီ ဆိုရင်တော့ မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်း ထင်လာ တတ်ပါတယ်။

(၃) Blind Love
ဒီလိုအချစ် အမျိုးအစားကို စိတ်ကစားတာ လို့လဲ ခေါ်နိုင်ပါတယ်။ အချစ်မှာ မျက်စိမရှိဘူးလို့ ပြောနေကြသူတွေပေါ့။ အရာရာကို ရင်ဆိုင် ရဲလာမယ်။ သူ့အတွက်နဲ့ အရာရာကို စွန့်လွှတ်ရဲတဲ့ စိတ်တွေ ၀င်လာမယ်။ ဒါဆိုရင် blind love ဖြစ်နေပါပြီ။ ဖြစ်သင့် မဖြစ်သင့်၊ လုပ်သင့် မသင့်တွေလဲ မစဉ်းစား မိတော့ဘူးလေ။ ဒါပေမယ့် ဒီလို အချစ်မျိုးက ကြာကြာ မခံပါဘူး။ အချစ်တွေ ပျောက်သွားတဲ့ အချိန်မှ ကိုယ်လုပ်မိတာတွေ အတွက် နောင်တ ရနေတတ်ပါတယ်။

(၄) True Love
နောက်ဆုံး အမျိုးအစားပါ။ မေတ္တာလို့လဲ ခေါ်နိုင်တယ်ပေါ့။ အေးချမ်းတဲ့ အချစ်လို့
ပြောလို့ရပါတယ်။ ပေးဆပ်ခြင်းနဲ့လဲ မကြေကွဲရဘူး။ ရယူလိုခြင်း အတွက်လဲ မပူလောင်ရတဲ့ အချစ်မျိုးပါ။ ဒီလို အချစ်မျိုး ကတော့ အင်မတန်မှ ရှားပါတယ်။ လူတစ်ယောက်ကို တစ်ခြား ဘာကိုမှ မကြည့်ပဲ သူဖြစ်နေတဲ့ အတွက် ချစ်နေတဲ့ အချစ်မျိုးပါ။ အသဲကွဲတယ် ဆိုတာလဲ မရှိဘူး။ သူနဲ့ မပေါင်းရလဲ ဘာမှမဖြစ်ပဲ တစ်သက်လုံး စိတ်ထဲမှာ ထားပြီး ချစ်သွားနိုင်တဲ့ အချစ်မျိုးပါ။ အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ် ကြပါတယ်။

အပေါ်မှာ ရေးခဲ့တဲ့ အချစ်လေးမျိုးမှာ Ego Love နဲ့ One Sided Love က နည်းနည်း ဆင်ပါတယ်။ တစ်ချို့က တစ်ခါတစ်လေ Blind Love ကို True Love နဲ့လဲ မှားတတ်ကြပါတယ်။
ဆင်တာကိုး။ မတူတာကတော့ Blind Love က လွယ်လွယ်နဲ့ ပျောက်သွားတတ်ပြီး True Love ကတော့ နှစ်တွေ ဘယ်လောက် ကြာကြာ ပျောက်မသွား တတ်ပါဘူး။ အဲဒါကြောင့် သူငယ်ချင်းတွေလဲ ချစ်မိပြီဆိုရင် ကိုယ့်ကိုယ်ကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး ရင်ဆိုင်ရမယ့် ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်း နိုင်ကြပါစေ……

No comments:

Post a Comment