Thursday 25 June 2015

ယောက်ျားမြတ်တို့ သိသင့်သောအချက်များ နှင့် ဘုရားရှင်လက်ထက်တွင် ထူးခြားသော ယောက်ျား (၁၁)ဦး

 

ယောက်ျားကာင်းတို့၏ ရှိအပ်သောဂုဏ်(၆)ပါး
၁။ ခမာဂုဏ် – သည်းခံခြင်း။
၂။ ဇာဂရီနဂုဏ် – နိုးကြားခြင်း။
၃။ ဥဋ္ဌာနဂုဏ် – လုံ့လဝီရိယရှိခြင်း။
၎။ သံဝိဘာဂဂုဏ် – ဝေဖန်ပိုင်းခြားတတ်ခြင်း။
၅။ ဒယာဂုဏ် – သနားကြင်နာတတ်ခြင်း။
၆။ ဣက္ခနဂုဏ် – အရာရာ၌ ဆင်ခြင်တတ်ခြင်း။

ယောက်ျားကောင်းတို့၏ အား(၅)ပါး
၁။ ကာယဗလ – ကိုယ်ခန္ဓာ တောင့်တင်းအင်အားကြီးမားခြင်း။
 ၂။ ဘောဂဗလ – ပစ္စည်းဥစ္စာ ရတနာရွှေငွေ ကြွယ်ဝခြင်း။
၃။ မိတ္တဗလ – ဆွေမျိုးကောင်း မိတ်ဆွေကောင်း ပေါများခြင်း။
၎။ ပညာဗလ – အမျိုးမျိုးသော အတတ်ကိုတတ်ခြင်း။
၅။ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း။

ယောက်ျားကောင်းတို့၏ ရှောင်ရှားအပ်သောအမှု(၅)ပါး
၁။ အလုပ်လုပ်ရာတွင် ထိုင်းမှိုင်းတွေဝေပြီး နှေးကွေးစွာလုပ်ခြင်း။
၂။ သတ္တိနည်းပါး၍ ကြောက်ရွံ့စိုးရိမ်တတ်ခြင်း။
၃။ အအိပ် အလွန်ကြူးစုံမက်ခြင်း။
၎။ သည်းခံစိတ်မရှိ၊ အလွန်ဒေါသကြီးခြင်း။
၅။ လုံ့လဝီရိယ အလွန်နည်းပါးခြင်း။

ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောက်ျား (၁၁)ဦး
၁။ တဖုဿ – ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။
၂။ ဘလ္လိက – ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။
၃။ အနာထပိဏ်သဌေး – အလှူအများဆုံးလှူသူ။
၎။ ဟတ္ထာဠာဝက – ဝတ္ထုပစ္စည်းဖြင့် ပရိသတ်အား ဆွဲဆောင်နိုင်သူ။
၅။ စိတ္တသူကြွယ် – အလွန်တရားဟောကောင်းသူ။
၆။ မဟာနမ်သာကီဝင်မင်း – အခါမပြတ်ပေးလှူတတ်သူ။
၇။ ဝေသာလီဥဂ္ဂသူကြွယ် – နှစ်သက်ဖွယ်ရာကို ပေးလှူတတ်သူ။
၈။ ဟတ္ထဂါမဥဂ္ဂသူကြွယ် – သံဃာတော်တို့အား လုပ်ကျွေးတတ်သူ။
၉။ စူဠပန် – ဘုရားကို အလွန်ကြည်ညိုသူ။
၁၀။ ဇီဝက – ရဟန်းတော်များအား အထူးကြည်ညိုသူ။
၁၁။ နကုလပိတာသူကြွယ်- ဘုရားနှင့်အလွန် ကျွမ်းဝင်သူ။

Credit: Ko Zaw Lay

No comments:

Post a Comment