Sunday 14 June 2015

မြန်မာနိုင်ငံ၌ အကြီးဆုံး ဟိုတယ် ဖြစ်လာမည့် Daewoo Amara Hotel



ရန်ကုန်မြို့ အင်းလျားကန်အနီး ဆင်ဖြူရှင် ရိပ်သာ၌ တောင်ကိုရီးယား နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးနှင့် တည်ဆောက် လျက်ရှိသော Daewoo Amara Hotel ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း သိရသည်။

''ဒီဟိုတယ်ကို လာမယ့် နှစ်ကုန်မှာ အပြီးတည်ဆောက်ပြီး ဖွင့်သွားပါမယ်။ ဒီဟိုတယ်ကို မြေဧက စတုရန်းမီတာ တစ်သိန်းလေးထောင် ကျော်ပေါ်မှာ ဟိုတယ်ရဲ့အကျယ် နှစ်သောင်းနှစ်ထောင် စတုရန်းမီတာ နေရာယူပြီး တည်ဆောက် နေပါပြီ။ တောင်ကိုရီးယား ကုမ္ပဏီလေးခုနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ကျော် ရင်းနှီးမြှုပ်နှံ တည်ဆောက်မှာပါ။ မြန်မာနိုင်ငံမှာ အကြီးဆုံး ဟိုတယ်ကြီး တစ်ခု ဖြစ်လာမှာပါ'' ဟု Daewoo Amara Hotel တည်ဆောက်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Daewoo Amara Hotel ကို အထပ်ပေါင်း ၂၉ ထပ်နှင့် အခန်းပေါင်း ၃၁၅ ခန်းပါဝင်သည့် အထပ်မြင့် ဟိုတယ်ပုံစံ နှင့် အထပ်ပေါင်း ၁၅ ထပ်နှင့် အခန်းပေါင်း ၃၄၆ ခန်းပါဝင်သည့် ဟိုတယ် အဆောက်အအုံ နှစ်ခုကိုပေါင်းပြီး တည်ဆောာက် နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဟိုတယ်၏ ဒီဇိုင်းကို တောင်ကိုရီးယား နိုင်ငံ၏ ဒီဇိုင်နာများက ပြည်တွင်းရှိ ဟိုတယ်များ၏ ပုံစံနှင့်မတူအောင် ရေးဆွဲ ပေးထားကြောင်း သိရသည်။

ယင်းဟိုတယ်၏ ၂၉ ထပ် ပါဝင်သည့် အဆောက်အအုံ အခန်းများ၌ လူတန်းစားမရွေး တည်းခိုနိုင်မည့် ဈေးနှုန်းများ ထားရှိ သွားမည်ဖြစ်ပြီး ၁၅ ထပ်ပါရှိသည့် အဆောက်အအုံ၏ အခန်းများ၌ ဇိမ်ခံအခန်းများ ပါရှိခြင်းကြောင့် ဈေးနှုန်းမြင့်မား သွားမည်ဖြစ်ကြောင်း သိရသည်။ Daewoo Amara Hotel ကို တောင်ကိုရီးယား နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ၈၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ၁၅ ရာခိုင်နှုန်းတို့ဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment