Sunday 14 June 2015

မြိတ်ကျွန်းစု၌ အဆင့်မြင့်ဟိုတယ်များ အပန်းဖြေ စခန်းနှင့် ရွက်လှေများ ဆိုက်ကပ်နိုင်ကာ ဆိပ်ကမ်းများ ပါဝင်မည့် Lux Dream Island စီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်နေ

 

















အဆင့်မြင့် ဟိုတယ်များ၊ အပန်းဖြေ စခန်းနှင့် ရွက်လှေများ ဆိုက်ကပ်နိုင်ကာ ဆိပ်ကမ်းများ ပါဝင်မည့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန် Lux Dream Island စီမံကိန်းကို စင်ကာပူ နိုင်ငံမှ Zochwell Group က မြိတ်ကျွန်းစု ဒေသ၌ မကြာမီ စတင်အကောင် အထည်ဖော်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ စီမံကိန်း လုပ်ဆောင်မည့် ဆလုံကျွန်းသည် ၆၇၉ ဧကရှိကာ ကော့သောင်းမြို့မှ မော်တော်ဘုတ်ဖြင့် သွားရောက်ပါက မိနစ် ၂ဝ ခန့် ကြာမြင့်မည်ဖြစ်ပြီး ဇွန်လအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲံနှင့် သဘောတူစာချုပ် လက်မှတ် ရေးထိုးရန် ပြင်ဆင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုချက် ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း Zochwell Group မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စီမံကိန်း တစ်ခုလုံးအတွက် အမေရိကန ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကုန်ကျမည်ဟု အကြမ်းဖျင်း ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက်ရရှိပါက စီမံကိန်း၏ လုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်မည် ဖြစ်သည်။ ပထမအဆင့်တွင် ရွက်လှေများ ဆိုက်ကပ်နိုင်ရန် လှေဆိပ်နှင့် ဂေါက်ကွင်းတို့ကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသ၌ တည်ရှိသည့် မြိတ်ကျွန်းစုသည် ကျွန်းပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ထူးခြားသည့် ဇီဝမျိုးစိတ်များ၊ သန္တာကျောက်တန်းများနှင့် ဆလုံလူမျိုးများ နေထိုင်ကြသည့် ဒေသတစ်ခုဖြစ်ကာ ယခုနောက်ပိုင်းတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားလာသည့် ဒေသတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ အဆိုပါဒေသ၌ ဟိုတယ်ငါးခု ဖွင့်လှစ်ထားကာ ဟိုတယ်အခန်း ၁၉၆ ခန်းသာရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


No comments:

Post a Comment