Monday 22 June 2015

အသေလှတဲ့သူ ဖြစ်ဖို့ အတွက်အရည်သွေးလေးမျိုး


 File:Burmese Buddhist Temple-White Marble Buddha.jpg
အသေလှတဲ့သူ ဖြစ်ဖို့ အတွက်အရည်သွေးလေးမျိုး ပြောပါမယ်




(၁)အစွဲကင်းရမယ်။
(၂)တစ်ကိုယ်ကောင်းမဆန်ရဘူး။
(၃) ကုသိုလ်ပူနွေးရမယ်။
(၄) အသိအမြင်မှန်ကန်ရမယ်။                                                                                အဲဒီအရည်အသွေးလေးမျိုးထဲမှာ အဓိက အကျဆုံးကတော့ ကုသိုလ်ပူနွေးနေဖို့ ပါပဲ။ ကုသိုလ်အာရုံ တစ်ခုမဟုတ်တစ်ခုနဲ့  အချိန်တိုင်း အချိန် တိုင်းသာ စိတ်မှာ ကုသိုလ်ဓာတ်တွေ ပူနွေးနေမယ်ဆိုရင် အစွဲလည်း ကင်းသွားပါတယ်။ တစ်ကိုယ်ကောင်းလည်း မဆန်တော့ပါဘူး။ အသိအမြင်လည်း မှန်ကန်သွားပါတယ်။“ကုသိုလ်ပူနွေးဖို့ အဓိက“ ဆိုတာကို အမြဲသတိရပြီးတော့ ဒါနကုသိုလ်တွေနဲ့ လည်း ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။ သီလကုသိုလ် တွေနဲ့  လည်း ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။သမထကုသိုလ်တွေနဲ့ လည်း ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။ ၀ိပဿကုသိုလ်တွေနဲ့ လည်း ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။ဝိပဿနာကုသိုလ်နဲ့ ကုသိုလ်တွေပူနွေးနေတော့မှ အသိအမြင်မှန်ကန်တဲ့အကျိုး၊ တရားထူးတရားမြတ်ရတဲ့အကျိုး သေချာပေါက်ရမှာပဲ နော်။



No comments:

Post a Comment