Wednesday 8 July 2015

အမြဲတမ်းနေထိုင်ခွင့်(PR) လျှောက်ထားသူများကို နေထိုင်ခွင့်ပြုတော့မည်

 (ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားသည့် နိုင်ငံခြားသားများအနက် ကော်မတီအဆင့်ဆင့်နှင့်  အထက်အဆင့်များသို့ စိစစ်အတည်ပြုပြုပြီးသူများအား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၌ ဝန်ကြီး ဦးခင်ရီနှင့် ကော်မတီဝင်များ က ကိုယ်ရေးအချက်အလက်၊  ပြဋ္ဌာန်းထားသော နည်းဥပဒေပါ အချက်အလက်များအပေါ် လိုက်နာဆောင် ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ တစ်ဦးချင်းတွေ့ဆုံမေးမြန်းပြီး အကဲဖြတ်အတည်ပြုဆုံးဖြတ်၍ မကြာမီတွင် အမြဲတမ်းနေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးတော့မည်ဟု  အစိုးရသတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR)စနစ်ကို
  • ကာလရှည်ကြာစွာ လာရောက်နေထိုင်ရင်းနှီးမြှုပ်နှံလိုသူများ၊
  •  ကျွမ်းကျင် ပညာရှင်များ၊ 
  •  နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လိုသည့် မြန်မာနိုင်ငံသားဟောင်းများ နှင့်
  •  ၎င်းတို့နှင့် သွေးချင်းဆက်စပ်နေသော နိုင်ငံခြားသားများ 
စသည်ဖြင့် ၄မျိုးခွဲခြား ကာ သတ်မှတ်ထားသော အမှတ်ပေးစံနှုန်းစနစ် တို့ အရ စိစစ်သုံးသပ် ခွင့်ပြုမည်ဟု သိရသည်။

No comments:

Post a Comment