Friday 17 July 2015

ကမ္ဘာ့အမြင့်ဆုံး ဆည် တည်ဆောက်မှု တရုတ်နိုင်ငံ စတင်





တရုတ်နိုင်ငံဟာ ရေအားလျှပ်စစ်ကို တို့ချဲ့နေတဲ့အလျောက်၊ အမြင့်ပေ ၁၀၃၀ ရှိ ဆည်တစ်ခုကို တရုတ်နိုင်ငံက တည်ဆောက်မှုများ စတင်လုပ်ဆောင်ခဲ့ပြီး ၄င်းဆည်သည် ကမ္ဘာ့အမြင့်ဆုံးဆည်များအနက်တွင် အပါအ၀င်ဖြစ်တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

Shuangjiankou ဆည်ကြီးဟာ တရုတ်နိုင်ငံရဲ့ Yangtze မြစ်ပေါ်တွင် တည်ရှိပြီး ၂၀၂၂ ခုနှစ်မှာ တည်ဆောက်မှု ပြီးစီးပါလိမ့်လို့ သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနက ၄င်းရဲ့ဝဘ်ဆိုဒ်မှာ တင်ထားခဲ့ပါတယ်။

ဆည်တည်ဆောက်မှုမှာ ကန်ဒေါ်လာ သန်းထောင်ပေါင်း ၅.၈  ဖြစ်ပြီး ကမ္ဘာ့လက်ရှိ အမြင့်ဆုံးဆည်ဖြစ်တဲ့ Jinping-1 ထက်ပင် မြင့်သွားမှာပါ။

၂၀၃၀ခုနှစ်မှာ သဘာဝဓာတ်ငွေ့မဟုတ်တာတွေဆီကနေ စွမ်းအင် ၂၀ရာခိုင်နှုန်းကို ရရှိရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားရှိထားသည့်အတိုင်း တရုတ်နိုင်ငံဟာ ရေအားလျှပ်စစ်ကို ချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။

ဒီရည်မှန်းချက် ပြည့်မှီခဲ့မယ်ဆိုရင် ရာသီဥတုအပြောင်းအလဲဆိုင်ရာအတွက် တာဝန်ရှိတဲ့ သူ့နိုင်ငံရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံအစိုးရက ပြောခဲ့ပါတယ်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်းက ဆည်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှာ လူသန်းပေါင်းများစွာဟာ အဓမ္မ နေရာပြောင်းရွှေ့ခံခဲ့ရပြီး နစ်နာကြေးအနည်းငယ်သာ ရရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment