Saturday 25 July 2015

ပြည်ပဆန်တင်ပို့မှု တိုးတက်လာစေရန် ဈေးကွက်သစ်ကို ရှာဖွေနေ

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိလာသော ဆန်များကို ဂိုဒေါင်အတွင်း နေရာချထားစဉ်။ မြန်မာနိုင်ငံက ဆန်များကို တရုတ်ဈေးကွက်ထက် အခြားဈေးကွက်များကိုပါ ရှာဖွေနေကြောင်း ဆန်စပါးကဏ္ဍ တာဝန်ရှိသူများက ပြောသည်။ ဓာတ်ပုံ-အောင်ဌေးလှိုင်၊မြန်မာတိုင်းမ်
မြန်မာ့ဆန် ပို့ကုန်ကဏ္ဍတွင် ဈေးကွက်တစ်ခုတည်းအပေါ် တည်မှီနေရသည့် အခက်အခဲမျိုး
မဖြစ်စေရန် ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တင်ပို့ရောင်းချခွင့်ရရှိရေး ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
ဆန်ကို ပြည်ပပို့ကုန်အဖြစ်တင်ပို့ရာတွင် ပို့ကုန်ဈေးကွက် အမြောက်အများအပေါ် အခြေပြုရပ်
တည်သည့် မူဝါဒဖြင့်လုပ်ကိုင်နိုင် ရန် ထိုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ဦးရဲမင်းအောင်က
ပြောသည်။ မြန်မာနိုင်ငံတွင် သီးနှံအာမခံစနစ် လုပ် ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး
အသင်းချုပ်နှင့် ဆွစ်ဇာလန်နိုင်ငံက အာမခံ ကုမ္ပဏီတစ်ခုအကြား ဇူလိုင် ၁၅ ရက်က မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်ရုံးတွင် ဆွေးနွေးခဲ့ပြီး အဆိုပါပွဲဆွေးနွေးပွဲအပြီးတွင် ဦးရဲမင်းအောင်က
ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဆန်စပါးအသင်းရဲ့ မူဝါဒနဲ့ ရပ်တည်ချက် က ဈေးကွက်တစ်ခု
တည်းပေါ်မှာ မှီခိုတာက ရေရှည်မှာအခက်အခဲရှိတဲ့အတွက် တတ်နိုင် သမျှ diversifyလုပ်ထား
ဖို့ဖြစ်ပါတယ်။ ဖိလစ် ပိုင်နိုင်ငံကလည်း မြန်မာ့ဆန်ကို စိတ်ဝင် တစားရှိတဲ့အကြောင်း
တောက်လျှောက်ပြော လာတဲ့အတွက် ဒီဈေးကွက်ကိုရဖို့ လုပ်နေပါ တယ်။ ဒီနှစ် စပါးပေါ်ချိန်
ဆန်ပို့ချိန် တင်ပို့ ခွင့်ရနိုင်အောင်တော့ ကြိုးစားနေပါတယ် " ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံသည် ဆန်တင်ပို့ရာတွင် တရုတ်ဈေးကွက်ကိုသာ အဓိက အားထားခြင်းဖြစ်ကာ
စုစုပေါင်းတင်ပို့မှု ပမာဏ အားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ ရောင်းချနေပြီး ကျန်
၂၅ ရာခိုင်နှုန်းကျော် ကိုသာ အခြားနိုင်ငံဈေးကွက်များသို့ တင်ပို့ ရောင်းချနိုင်ခြင်းကြောင့်
တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးအပြောင်းအလဲနှင့် မူဝါဒ ပြောင်းလဲမှုများရှိလာပါကမြန်မာ့ဆန်
ပို့ကုန် ကဏ္ဍသို့ တိုက်ရိုက်သက်ရောက်မှုရှိလာနိုင်သည်ဟု ပြည်တွင်းဆန်ကုန်သည်များက
ပြောသည်။ တရုတ်အစိုးရသည်ယခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း အခွန်ရှောင်ကာ ဆန်
တင်သွင်းသည့် တရုတ်ကုန်သည်အများစု ကို ဖမ်းဆီးခဲ့သဖြင့် တရုတ်-မြန်မာ နယ်စပ်
ဆန်ကုန်သွယ်မှု ရပ်ဆိုင်းလုအခြေအနေ အထိ ဖြစ်ခဲ့ရကြောင်း ဆန်ကုန်သည်များက
ပြောသည်။ ဦးရဲမင်းအောင်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ အမျိုး
သားစားနပ်ရိက္ခာဆိုင်ရာအာဏာပိုင်အဖွဲ့ (National Food Authority) တို့ ညှိနှိုင်း
ဆွေးနွေးလျက်ရှိပြီး မြန်မာဖိလစ်ပိုင် နှစ်နိုင်ငံအစိုးရအဖွဲ့အကြား ညှိနှိုင်းမှုများ လည်းရှိကြောင်း
၎င်းက ပြောသည်။
"အစိုးရပိုင်းကလည်းပါဝင်ပြီး လုပ်နိုင် ရင် သူတို့တင်သွင်းနေတဲ့အထဲက ဝေစုတစ်ခုကိုတော့
တင်ပို့ခွင့်ရမှာဖြစ်ပါတယ် "ဟု ၎င်းက ပြောသည်။ ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် အနည်းဆုံး
ဆန်တန်ချိန် နှစ်သန်းကျော်ကို တင်သွင်းနေသည့်နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် ၎င်းဈေးကွက်
ဝေစုအနက် တန်ချိန် နှစ်သိန်းခန့်ကို တင်ပို့ခွင့်ရရှိလျှင်ပင် လက်ရှိထက် များစွာအခြေအနေကောင်း
လာနိုင်မည် ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။
သို့ရာတွင် ဖိလစ်ပိုင်နိုင်ငံသည် ပထ၀ီ အနေအထားအရ ဗီယက်နမ်နိုင်ငံနှင့် သယ်ယူ
ပို့ဆောင်ရေးကိစ္စများတွင် ပိုမိုလွယ်ကူနေရာ ဈေးကွက်ရရှိရေးအတွက် ပိုမိုကြိုးစားနေရကြောင်း
၎င်းကပြောသည်။ မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအပြင် အီးယူနိုင်ငံများသို့လည်း ဆန်တင်ပို့နိုင်ရန်
ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဂျပန်ဈေးကွက်၊ ဥရောပဈေးကွက်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်များနှင့်ပါ ဈေးကွက်မျှထားရန်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄-၁၅
ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဆန်တင်ပို့သည့် နိုင်ငံပေါင်း ၆၄ နိုင်ငံရှိခဲ့ပြီး စုစုပေါင်းဆန်တန်ချိန်
၁ ဒသမ ၈ သန်းကျော်ရောင်းချခဲ့သော်လည်း တရုတ်ဈေးကွက်တစ်ခုတည်းသို့ တင်ပို့ရောင်းချမှု
သည် ၈၀ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

No comments:

Post a Comment