Friday 17 July 2015

အမေနှင့် ချစ်ခြင်းမေတ္တာ အလှတရား




ကျွန်တော်တို့ လက်ထပ်ပြီး အိမ်ထောင်သက် ၂၁ နှစ်ရသည့်အချိန် တစ်နေ့တွင် ဇနီးသည်က ကျွန်တော်အား အမျိုးသမီး တစ် ယောက်အား သွားခေါ်ပြီး ညစာ ကျွေးခိုင်းပါသည်။ ပြီးတော့ ရုပ်ရှင် လိုက်ပြခိုင်းပါသည်။ ဇနီးသည်က ပြောလိုက်သည်။''ကျွန်မမောင့်ကို ချစ်ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးကလည်း မောင့်ကို ချစ်တာပဲလေ၊ အဲဒီတော့ မောင်နဲ့ တခဏ တာလောက် နေစေချင်တာမောင်ရဲ့''ဇနီးသည်ပြောသော အမျိုးသမီးမှာ ကျွန်တော့်အမေဖြစ်သည်။ 

အမေက မုဆိုးမဘဝနှင့် ၁၉ နှစ်ကျော်နေရသူဖြစ်သည်။ ကျွန် တော့် အနေဖြင့် အလုပ်တာဝန်များ နှင့် သားသမီးသုံးယောက်တို့ကြောင့် အမေ့ဆီသို့ ရောက်ခဲသည်။ ထိုညမှာပင် ကျွန်တော်က အမေ့ ဆီကို ဖုန်းဖြင့် လှမ်းဆက်ပြီး ညစာသွား စားမည်၊ပြီးတော့ ရုပ်ရှင်ကြည့်ကြ မည်ဟု ပြောလိုက်သည်။
''သားဘာဖြစ်လို့လဲ၊ မင်း နေရော ကောင်းရဲ့လား''ညဘက်ကြီးတွင် လှမ်းဖုန်းဆက်ဖြင့် အမေက စိတ်တထင့်ထင့်ဖြစ်ပြီး မေးခြင်းဖြစ်သည်။ ထိုအချိန်ကြီးမှာ ဖုန်းဆက်လာရင် ပြဿနာတစ် ခုခုကြောင့်ဟု စွဲထင် ထားလေ့ရှိသည်။''မေမေနဲ့ သားအတူတူ အချိန်ပေးပြီး နေချင်လို့ပါ၊ သားတို့ နှစ်ယောက်တည်းလေ''
အမေက တခဏတာမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။''အဲဒါဆိုရင် အမေက သိပ်သဘောကျတာပေါ့ သားရယ်''

သောကြာနေ့တစ်နေ့တွင် အလုပ်မှအပြန်တွင် အမေဆီသို့ တန်း၍ကားမောင်းလာခဲ့သည်။ ကျွန်တော်အနေဖြင့် စိတ် လှုပ်ရှား နေလေသည်။ အမေ့အိမ်သို့ ရောက်သွားသည့်အခါတွင်လည်း အမေ့ကို ကြည့်ရသည်မှာ ကျွန်တော့်လိုပင် စိတ်လှုပ်ရှား ရင်ခုန်နေပုံရသည်။
အိမ်ရှေ့တံခါးဝတွင် အပေါ်အင်္ကျီဝတ်ပြီး ကျွန်တော့်ကို စောင့်နေလေသည်။ အမေသည် ဆံပင်များကို ကောက်ထားသည်။ ပြီး တော့ သူ့ဘဝတွင် လက်ထပ်သည့် နှစ်ပတ်လည်နေ့တွင် နောက်ဆုံးဝတ်ခဲ့သည့် ဝတ်စုံကို ဝတ်ထားသည်။အမေ့မျက်နှာပေါ်မှ အပြုံး သည် အိန်ဂျယ်နတ်သမီးလေးလို ဝင်း လက်တောက်ပနေလေ သည်။
''အမေက အမေ့သူငယ်ချင်းတွေကို သားနှင့်အတူ အ ပြင်ထွက်ပြီး စားမလို့လို့ ပြောလိုက်တော့ သူတို့တစ်တွေအားကျစိတ်နဲ့ အထင် ကြီးသွားကြတယ် လေ''
ကားထဲရောက်လာသည့် အခါ အမေက ပြောလိုက်သေး သည်။စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်တော်တို့ ရောက်သွားကြသည်။ သိပ်ပြီးခမ်းနား သော ဆိုင်မဟုတ်ပေမယ့် အေး ချမ်းတိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်သော ဆိုင်ဖြစ်လေသည်။ အ မေက ကျွန်တော့်လက်မောင်းကိုကိုင်ပြီး လိုက်လာသည်မှာ ဘုရင်မကြီးတစ်ပါးကဲ့ သို့ ခေါင်းမော့ထားလေသည်။ တစ်နေရာတွင် သားအမိနှစ်ယောက် ထိုင်လိုက် ကြပြီး ကျွန်တော်က စားသောက် ဖွယ်စာရင်းကို ဖတ်ပြလေသည်။ အမေက မျက်စိအားနည်းနေပြီး ဖြစ်သဖြင့် စာလုံးကြီးများနှင့် ရေးထားမှသာ ဖတ်နိုင်လေသည်။ ကျွန်တော်က စားသောက်ဖွယ်စာရင်းကို ဖတ်ပြနေရင်းက အမေ့မျက်နှာကို လှမ်းကြည့်လိုက်သည်။ အမေက ကျွန်တော့်အား စိုက် ကြည့်နေ ရင်းနှင့် အတိတ်ကို သတိရသည့် အနေဖြင့် ပြုံးလိုက် လေသည်။''သားငယ်ငယ်တုန်းက လည်း အမေက အခုလိုပဲ သားကို စားသောက်ဖွယ်စာရင်း ဖတ်ပြရ တာလေ''ညစာစားနေရင်းနှင့် သားအမိနှစ်ယောက် စကားလက်ဆုံကျနေကြသည်။ ထူးထူးထွေ ထွေများ ပြောနေကြသည်မဟုတ်ပါ၊ လက်ရှိ အချိန်တွင် နေပုံထိုင်ပုံ အကြောင်းများကို တစ်ယောက်အကြောင်း တစ်ယောက် ပြော ဖြစ်ကြပါသည်။ ကျွန်တော်တို့ သား အမိနှစ်ယောက် စကားလက် ဆုံ ပြောမကုန်ကြသဖြင့် ထိုညက ရုပ်ရှင်ကြည့်ရန်အချိန်မမီ ဖြစ် သွားလေသည်။အမေ့အိမ်ကို ညဥ့်အ တော်နက်မှ ပြန်ရောက်ကြသည်။ အမေက ပြောလိုက်ပါသည်။''အမေလေသားနဲ့ နောက် တစ်ခါအပြင်ထွက်ပြီး စားကြဦးမယ်လေ၊ အဲဒီအခါမှာတော့ အမေက သားကို အကြောင်းကြားလိုက် မယ်နော်''
ကျွန်တော်က ကောင်းပါပြီ မေမေဟု ပြောလိုက်သည်။

 ကျွန်တော်အိမ်ပြန်ရောက်သည့်အခါ ဇနီးသည်က သားအမိနှစ် ယောက် ညစာ စားတာ အဆင်ပြေ ရဲ့လားဟု မေးပါသည်။''သိပ်အဆင်ပြေတာပဲ။ထင်ထားတာထက်တောင်ပိုပြီး ကြည်နူး ပီတိဖြစ်ရပါတယ်ကွာ''ရက်အနည်းငယ်အကြာတွင် အမေသည် နှလုံးရောဂါ ဖောက်လာသဖြင့် ကွယ်လွန်သွားသည့် သတင်းကို ကြားရလေသည်။ ရုတ်တရက်ကြီး ဖြစ်သွားသည့်အတွက် ကျွန်တော့်အနေဖြင့် အမေ့အတွက်ဘာမှ လုပ်မပေးနိုင်ခဲ့ပါ။ ထိုနောက်ပိုင်းတွင် ကျွန် တော် ထံသို့ စာအိတ်တစ်အိတ် ရောက်လာလေသည်။ ထိုစာအိတ်ထဲတွင် အမေနှင့်အတူ စားခဲ့သော စားသောက်ဆိုင်မှ ငွေရှင်းပြီး သည့် ပြေစာပါလာနှင့်အတူ စာတစ် စောင်လည်းပါလာလေသည်။
''သားရေ ဒီငွေရှင်းပြေစာက အမေမှာထားတဲ့ အစားအ သောက်တွေအတွက် ကြိုပြီးရှင်း ထားပေးတာပါ။ နှစ်ယောက်စာ အတွက်ပါ။ တစ်ယောက်စာက သားပေါ့၊ နောက်တစ်ယောက်က တော့ သားရဲ့ ဇနီးသည်လေ။ အမေကတော့ အဲဒီကိုရောက်ဖို့ မသေချာဘူး။ ဒါပေမယ့် ဘာပဲဖြစ် ဖြစ်ပေါ့လေ၊ ဟိုတစ်ညက အမေ့အတွက် ဘယ်လောက်အဓိပ္ပာယ် ရှိခဲ့တယ်ဆိုတာ သားသိချင်မှသိမှာပါ။ သားကို အမေသိပ်ချစ်ပါ တယ်''

ထိုအချိန်မှာ အချိန်မီအချိန်ရှိတုန်းက 'သိပ်ချစ်ပါတယ်' ဆိုသည် အရေးအကြီးဆုံး စကားတစ်ခွန်း ပြောလိုက်နိုင်ခြင်းရဲ့ အဓိပ္ပာယ် ရှိပုံကို ကျွန်တော်နားလည်လိုက်ပါသည်။ ပြောသင့်ပြောထိုက်သည့်အချိန်တွင် ကျွန် တော်တို့၏ အချစ်အမြတ်နိုးဆုံးသူကို ကိုယ်ပြော ချင်သည့်စကား ပြောပြရမည် ဖြစ်သည်။ မိသားစု ဘဝတွင် ထိုအချိန်လောက် အ လေးထားရမည် အချိန်မရှိပါ။
သို့ ဖြစ်၍ နောင်တစ်ချိန် ကျမှပဲ ပြောပါရစေဟု အချိန်မရွေ သင့်ပါ။

Being A Mother by Author Unknown  ကို ဆီလျော်အောင် ပြန်ဆိုသည်။
တင်ဆွေမိုး

No comments:

Post a Comment