Friday 10 July 2015

ရက်ပေါင်းသုံးသောင်း

 
ဘ၀တစ်သက်.. ရက်ပေါင်းသုံးသောင်းပဲ ရှိတယ်ဆိုပဲ….
တကယ် ဟုတ်မဟုတ်၊ တွက်ကြည့်ကြရအောင်…..
၃၀၀၀၀ ÷ ၃၆၅ = ၈၂ .၁၉၁ ၊
၈၃နှစ်ပဲ ဆိုပါတော့…….
တကယ်လို့ ကျနော်တို့ အသက် ၈၃ နှစ် အထိရှင်ခဲ့ရင်
ရက်ပေါင်း ၃၀၀၀၀ အသက်ရှင်မယ်တဲ့ဗျာ……
ကျနော် ဒီအတွေးလုံးဝ မရှိခဲ့ပါဘူး၊ ဒီနေ့ပြီးရင် မနက်ဖန်၊
မနက်ဖန်ပြီးရင် တံဘက်ခါ ရှိသေးတယ် မဟုတ်လား၊
ကိုယ်တစ်နေ့နေ့ သေရမယ်ဆိုတာ သိတော့သိပါရဲ့
လုံးဝမစဉ်းစားခဲ့ဘူး၊ စဉ်းလည်းမစဉ်းစားချင်ပါဘူး။
ဒီလိုတွက်လိုက်တော့လည်း……
လူ့ဘ၀ ထင်တာထက် အများကြီး တိုနေတာပေါ့နော်….
သင်နှဖူးပေါ်လက်တင်ပြီး သေသေချာချာ စဉ်းစားဖူးပါသလား
ဒီရက်ပေါင်း ၃၀၀၀၀ အတွင်းမှာ …
သင်ဘယ်နှစ်ရက် တကယ်ပျော်ရွှင်ပါသလဲ
သင်ဘယ်နှစ်ရက် တကယ် စိတ်ချမ်းသာပါသလဲ
သင်ဘယ်နှစ်ရက် အလုပ်ကို တက်တက်ကြွကြွလုပ်ပါသလဲ
သင်ဘယ်နှစ်ရက် အချိန်ဖြုန်းခဲ့ ပါသလဲ
သင်ဘယ်နှစ်ရက် သူများအတွက် အသက်ရှင်ခဲ့ပါသလဲ
သင်ဘယ်နှစ်ရက် ကိုယ့်အတွက် အသက်ရှင်ခဲ့ ပါသလဲ
သင်မိသားစု အတွက် အချိန်လုံလုံလောက်လောက်ပေးခဲ့ပါသလား
သင့်ကို တကယ်ချစ်တဲ့ လူတွေကိုကော တန်ဖိုးထားခဲ့ပါသလား
ရက်ပေါင်း ၃၀၀၀၀ ဆိုတာ..တိုလည်းတိုသလောက်၊ တန်ဖိုးလည်းရှိလွန်းလှပါတယ်။
ဒါကြောင့်မို့လို့ ၊ တစ်ရက်သာ အသက်ရှင်ခဲ့ရင်..တစ်ရက်အတွက်….
တန်ဖိုးရှိရှိ …နေထိုင်နိုင်ကြပါစေ။

Credit: Sayar Aung Ko Latt

No comments:

Post a Comment