Friday 24 July 2015

မနက်မိုးလင်းတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးသင့်တဲ့ မေးခွန်း( ၁၁ ခွန်း )



ရှိတာလေးနဲ့ တတ်နိုင်သလောက် ကြိုးစားနေကြတဲ့ကြိုးစားချင်ကြတဲ့
လူငယ်တွေ အတွက် ရည်ရွယ်ပြီးကျွန်တော် ကိုယ့်ကိုကိုယ် လေ့ကျင့် အားမွေးတဲ့မေးခွန်းလေးတွေကို မျှဝေပေးတာပါဗျာ …
အမြဲတမ်း ကိုယ့်ကိုကိုယ် တွန်းအားတစ်ခု ရနေဖို့ဒီမေးခွန်းတွေကို
အသုံးချနိုင်ပါတယ် …

1. ဘဝမှာ ငါ ဘာ ဖြစ်ချင်တာလဲ ?
2. အဲဒီ ဖြစ်ချင်ပါတယ် ဆိုတဲ့ အရာတွေကို ဘာကြောင့် ဖြစ်ချင်တာလဲ ?
3. ဖြစ်လာရင် ဘာတွေ ရလာမှာလဲ ?
4. အဲလို ဖြစ်လာဖို့ ဘာတွေ ပေးဆပ်ရမှာလဲ ?
ပေး ဆပ်နိုင်ရဲ့ လား ? ပေးဆပ်ချင်စိတ်ရှိရဲ့လား ?
5. ဘယ်အချိန် အတိုင်းအတာမှာ ဘယ်လောက်ရလာဒ်အထိ ဖြစ်ချင်တာလဲ ?
6. အဲလို ဖြစ်အောင် လုပ်ဖို့ ငါမှာဘာစီမံကိန်းတွေရှိသလဲ ?
7. အဲဒီ စီမံကိန်းကို စတင် အကောင်အထည်ဖော်ဖို့ ( ဒါမှမဟုတ် )
အောင်မြင်ပြီးမြောက်ဖို့ ဘာတွေ လိုအပ်လဲ ?
-ပညာ အရည်အချင်း
- ငွေကြေး
- အဆက်အသွယ် စတာတွေ
8. ငါနဲ့ ရည်ရွယ်ချက်တူ အလုပ်တွဲလုပ်လို့ရမယ့် လူတွေက ဘယ်သူတွေလဲ ?
ငါ့မှာ ဘယ်နှယောက်ရှိနေပြီလဲ ?
9. ငါ့ အားသာချက် အားနည်းချက်တွေက ဘာတွေလဲ ?
10. အားသာချက်တွေပိုကောင်းလာအောင်
အားနည်းချက်တွေ ပိုနည်းလာအောင် ငါ ဘာတွေ လုပ်ရမလဲ ?
11. ဒီမေးခွန်းတွေရဲ့ အဖြေရလာပြီး ရင် အကောင်အထည်ဖော်နိုင်ဖို့
ဒီနေ့ ( အခု ) ငါ ဘာလုပ် ရမလဲ ?
ဘာလုပ် နိုင်မလဲ ?
ဘာ လုပ် မလဲ ?

***ဒီ မေးခွန်း ၁၁ ခွန်းမေးပြီးရင်တော့
ကျွန်တော်တို့ရဲ့ တစ်နေ့တာကို
ကျွန်တော်တို့ရဲ့ ပန်းတိုင်နဲ့ သွေဖယ်မသွားပဲ
အဓိပါယ် ရှိရှိ ခွန်အားရှိရှိ စတင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် …

” ပန်းတိုင်တွေ့ပြီး တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ပါစေဗျာ ”

 လေးစားလျှက်
ကိုဇင်ဇေ

No comments:

Post a Comment