Friday 10 July 2015

မိန်းကလေးတွေက ကြားချင်သော စကားလုံးလေးတွေ ...


မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေ ထင်သလောက် မရှုပ်ထွေးပါ။

ယောင်္ကျားလေးတွေဆီကနေ ကြားချင်တဲ့ စကားဆိုတာ ပြောမှ ပြန်ပြောတာ မဟုတ်ပဲ သူတို့စိတ်ထဲက အတိုင်းကို ပြောလိုက်ပင်မဲ့ ဒီစကားလုံးလေးတွေက မိန်းကလေးအတွက်ကတော့ ပီတိဖြစ်ပြီး ကြည့်နှုးစရာကောင်းပါတယ်။ မိန်းကလေးရဲ့လိုအပ်ချက်၊ လိုအပ်တဲ့ စကားလုံးလေးတွေကို ပြောပြရန် လိုအပ်ပါလိမ့်မယ်။ ဘယ်လို စကားလုံးလေးတွေ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. ချစ်တယ်။
အရမ်းကို ရိုးသားပြီး ပွင့်လင်းတဲ့ စကားလေးနှစ်လုံးပါ။ ဒါပင်မဲ့ သူ့ရဲ့ တန်ခိုးက အစွမ်းထက်တယ်။

၀၂. မင်းက ကိုယ့်ဘဝရဲ့ နံပါတ်တစ်ပါ။
မိန်းကလေးတွေက ပျော်မှာ အမှန်ပါ။ ဒီစကားလေးကို မကြိုက်တဲ့သူ ရှိမှာ မဟုတ်ပါ။

၀၃. ပါးလေးကို မွေးမွေးပေးကွာ။
မိန်းကလေးတွေက သူတို့ ဦးဆောင်ရတာကို ကြိုက်ပါတယ်။ သူတို့ကို ဒီလိုချစ်စရာ အမိန့်လေးတွေကို ပေးရင်ကော ဘယ်လိုဖြစ်မလဲ။

၀၄. နည်းနည်းလေးဝနေတယ်ထင်ရပင်မဲ့လည်း ချစ်စရာကောင်းပါတယ်။
ယောင်္ကျားလေးတွေက ပိန်တဲ့သူကိုပဲ ကြိုက်တယ်လို့ မထင်နဲ့နော်။

၀၅. မင်းလို မိန်းကလေးကို ကိုယ့်ဘဝမှာ တစ်ခါမှ မတွေ့ဖူးဘူး။
ဘာပြောရမှန်းတောင် မသိတော့ဘူး။

၀၆. မင်းကို အရမ်းတွေ့ချင်တယ်။
အနေဝေးနေလို့ပဲဖြစ်ဖြစ်၊ ဒီလိုမျိုး လွမ်းနေရတဲ့အချိန်လေးတွေမှာ ဒီစကားလုံးလေးက ရင်ထဲမှာ ခံစားရမှာ အမှန်ပါ။

၀၇. ကဲ ပစ္စည်းတွေ ထည့်ထားလိုက်တော့။
ဒီအချိန်အနေကို ရောက်ရင်တော့ ကိုယ့်ဟာကိုသာ တွေးကြည့်လိုက်ပါတော့နော်။

၀၈. ဒီနေ့လည်း လှတယ်ကွာ။
ဒီစကားလုံးလေးကို မနက်စောစော ကြားချင်နေတာ မိန်းကလေးပါ။

၀၉. Shopping သွားရအောင်။
ဘယ်မိန်းကလေးက မကြိုက်ပဲနေမလဲနော်။

၁၀. ဒီနေ့ မအားလို့ပါနော်။
သူ့ကို စိတ်မဆင်းရဲစေချင်ရင် အမှန်အတိုင်းပြောတာ အကောင်းဆုံးပါ။

၁၁. အလှပြင်ပစ္စည်းလေးတွေ ဝယ်ပေးရမလား။
အလှပြင်ပစ္စည်းတွေက ဈေးကြီးတဲ့ခေတ်မှာ မင်းလေးလှဖို့အတွက်ဆိုရင် သူကတော့ ဖြည့်စီးပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

၁၂. ဟုတ်ပြီ၊ မင်းလေးကိုပဲ အနိုင်ပေးလိုက်မယ်နော်။
ဘယ်တော့မဆို မိန်းကလေးတွေက အနိုင်ရမှ ကျေနပ်မှာဆိုတော့ ဒီစကားလေးကောင်းတယ်နော်။

၁၃. ဒီနေ့က ကိုယ်ကျွေးမယ်လေ။
ယောင်္ကျားပီပီ တာဝန်ယူမယ်ဆိုတဲ့ စိတ်ဓတ်လေးကို လေးစားရမှာပါ။

၁၄. အတူတူနေကြရအောင်နော်။
ကဲ လက်ထပ်ဖို့သာ ပြင်ထားကြပေတော့။

၁၅. တစ်ခုခု ချက်လိုက်မယ်လေ။
ယောင်္ကျားလေးက ကိုယ့်ကို ချက်ကျွေးမယ်ဆိုတာ တကယ်ကို ဝမ်းသားစရာကောင်းပါတယ်။

၁၆. အဲဒီဖိနပ်လေး ဝယ်ပေးမယ်။
မိန်းကလေးတွေက ဖိနပ်ဆို သိပ်ကြိုက်၊ ဖိနပ်တစ်ရံဟာ မိန်းကလေးတွေအတွက် အရေးကြီးသော အရာတစ်ခုပါ။

၁၇. တကယ်လှတယ်ကွာ။
ကိုယ့်ရဲ့ချစ်သူ မိန်းကလေးကို ပြောသင့်တဲ့ စကားလုံးလေးပါ။

၁၈. အတူတူ လမ်းလျှောက်ရအောင်။
အားကစားကို လိုက်စားရအောင်လို့ ပြောတဲ့စကားလေးကလည်း သူ့ရဲ့ကျန်းမာရေးကို ဂရုစိုတ်နေတယ်ဆိုတဲ့ သင်္ကေတပါ။

ကိုယ့်ရဲ့ချစ်သူ၊ ရည်စားက အပေါ်က ဘယ်နှစ်ချက်ကို ပြောပေးခဲ့ပြီလဲ။ ပြန်လည် စမ်းစစ်ကြည့်ရအောင်။

Chelmo Team

No comments:

Post a Comment