Saturday 18 July 2015

ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့

 










(၁)
''စိတ်ထားကောင်းတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် စိတ်ထားကောင်းရုံနဲ့တော့မရဘူး။ စိတ်ကောင်းထားရမယ်သား၊ ဆိုလို တာ က စိတ်ထားတတ် ရမယ်''
''ဘယ်လိုမျိုးလဲအမေ''
''ဘယ်သူ့ကိုမှ အပြစ်မတင်ဖို့က စရမယ်''
အမေပြောတာနဲ့ ဆရာမ ပြောတာတွေဟာ ကျွန်တော့်ရင်ထဲ မှာစွဲလို့ နေပါတယ်။
 ကျောင်းမှာတုန်းကဆရာက စိတ်ထားတတ်ဖို့ ဆုံးမပဲ့ပြင်ခဲ့တာပါ။ မှတ်မှတ်ရရရှိနေတဲ့ ဆရာပြောပြတဲ့ ပုံပြင်လေးတစ်ခု ကို ပြန်ပြောပြ ချင် တယ်။

(၂)
အိမ်တစ်အိမ်မှာပေါ့။
မိသားစုလေးယောက်နေထိုင်တယ်။ လင်မယား နှစ်ယောက်ရယ် သားသမီးနှစ်ယောက်ရယ်ပေါ့။ အငယ် ဆုံးက သားလေးပါပဲ။
သူတို့ဟာကျောင်းနေတဲ့ အရွယ်ရောက်နေကြ ပြီဖြစ်တယ်။
သားငယ်လေးဟာ ရေအိုးစင်မှာ ဖန်ခွက်ကို ကိုင်မလို့ လုပ်လိုက်ရာ ချော်ပြီး ဖန်ခွက်ဟာ အောက်ကို ပြုတ်ကျသွားလေတယ်။
''ခွမ်း''ခနဲ ကွဲသွားတာပေါ့။
''ဟာ-သွားပြီ''
''နင်ဘယ်လိုလုပ်လိုက်တာလဲ''
လူငယ်လေးဟာ ရေအိုးစင်နံဘေး ပြေးဝင်ကာ အော်ဟစ်လိုက်တဲ့ အစ်မရဲ့အသံကြောင့် ကြောက်လန့် သွားပါတယ်။
 ''ဒါ အစ်မပဲပေါ့။ အစ်မက ဆပ်ပြာစင်အောင် မဆေးလို့ ကျွန်တော်ကိုင်လိုက်တာချောပြီးကျသွားတာ''
အစ်မက စိတ်ဆိုးမာန်ဆိုးနဲ့ ''အမေပေါ့။ ငါ့ကို ဆေးခိုင်းလို့ ဆေးနေလျက်တန်းလန်းဘုန်းကြီး ဆွမ်းခံကြွလာလို့ သွားလောင်းလိုက် တာ။ အမေက ဆေးပြီးပြီထင် လို့ ရေအိုးစင်နံဘေးလာချထားလို့ ဖြစ်ရတာ''
ဒီအချိန်မှာ သူတို့အမေ ရေအိုးစင်နံဘေး ရောက်လာတယ်။ ဖန်ခွက်အကွဲစတွေကြည့်ပြီး...။
''နင့်တို့အဖေပေါ့။ ဒီလို အသုံးမကျတဲ့ သားသမီး တွေအတွက် ကွဲတတ်တဲ့ ဖန်ခွက်ကိုမှ ဝယ်လာတာကိုး''
ထိုအသံများကို အပြင်က ပြန်လာသော ဖခင်က ကြားလေရာ ''အမေကြီးရော၊ သားသမီးတွေရော တစ် ယောက်မှအသုံးမကျဘူး။ မင်းတို့ ဟာ အကောင်းနဲ့ မတန် ဘူး''လို့ ပြောလိုက်လေသတဲ့။
အဲဒီနေ့က သူတို့တစ်အိမ်လုံးငရဲပြည်လို ဖြစ်နေ တာပေါ့။ ဆောင့်ဆောင့်အောင့် အောင့်နဲ့ ဘယ်သူမှမကျေနပ် ကြ ဘူး။

(၃)
ကွဲတတ်တဲ့ ဖန်ခွက်တို့၊ ပန်းကန်တို့ဟာ အိမ်တိုင်းမှာရှိတာ ပဲ။ ဒီတော့ ကွဲတာသဘာဝပဲလေ။
ဒီအတွက်ကြိုပြီး စဉ်းစား ထားကြရင် မကောင်းပေဘူးလား။
နောက်တစ်အိမ်မှာ ဖြစ် တဲ့အဖြစ် အပျက်တစ်ခုကို ပြောပြ ချင်တယ်။
မိသားစုတစ်ခုရှိတယ်။ အဲဒီမှာ အဖေကြီးရယ်၊ အမေကြီး ရယ်၊ သားသမီး နှစ်ယောက်ရယ် ပေါ့။ အငယ်ဆုံးကသားလေးပါပဲ။
သူတို့ဟာ ကျောင်းနေတဲ့ အရွယ်ရောက်နေကြပြီဖြစ်တယ်။
တစ်နေ့မှာ သားငယ် လေးဟာ ရေအိုးစင်မှာ ရေသောက် ဖို့ ဖန်ခွက်ကို ကိုင်မလိုက်ရာမှာ ချော်ပြီး ဖန်ခွက်ကျကွဲသွားလေ တယ်။
''ဟာ-သွားပြီ''
''နင်ဘာဖြစ်သွားသေးလဲ''
လူငယ်လေးဟာ ရေအိုး စင် နံဘေးပြေးဝင်ကာ အော်ဟစ် လိုက်တဲ့ အစ်မရဲ အသံကြောင့် အံ့ အားသင့်သွားပါတယ်။
''ကျွန်တော် ကောင်း ကောင်းမကိုင်မိလို့ ကျကွဲသွားတာ ပါ''
''ဒါ အရေးမကြီးပါဘူး။ နင့်လက်တွေ ဘာတွေ ရှသွားသေး လား''
''မရှဘူး။ သားကြောင့် ဒီလိုဖြစ်ရတာပါ''
'' မဟုတ်တာ။  အဲဒါ အစ်မကြောင့်ပဲပေါ့။ အစ်မဖန်ခွက် ကို ဆေးနေတုန်း ဘုန်းကြီး ဆွမ်းခံ ကြွလာလို့သွားလောင်းလိုက်တာ''
ဒီအချိန်မှာ သူတို့အမေ ရေအိုးစင်နံဘေးရောက်လာတယ်။ ဖန်ခွက်အကွဲစတွေကြည့်ပြီး-
''အမေ့ကြောင့်ပေါ့။ အမေက မင်းအစ်မဆေးပြီးပြီထင် လို့ ရေအိုးစင်နံဘေးလာချထားလို့ ဖြစ်ရတာ''
ထိုအသံများကို အပြင် က ပြန်လာသော ဖခင်က ကြား လေရာ
''အမေကြီးရော၊ သား သမီးတွေရော တစ်ယောက်မှ အ ပြစ်မရှိဘူး။ ငါကိုယ်တိုင်က အသုံးမကျတာ။ ငါက ကွဲတတ်တဲ့ ဖန် ခွက်ဝယ် ခဲ့တာကိုး။ နောက်ဆိုရင် မကွဲတဲ့ စတီးလ်ခွက်ဖြစ်ဖြစ်၊ နှီး ခွက် ဖြစ်ဖြစ်ဝယ်မယ်''
တစ်အိမ်လုံးမှာ ဖန်ခွက် တစ်ခွက်ကွဲတာကြောင့် ပြဿနာ တွေဖြစ်သင့်သလား။
ပထမအိမ်မှာ စိတ်ဆိုးမာန်ဆိုးတွေနဲ့ မကျေနပ်မှုတွေ ပေါက်ကွဲနေတာတွေကို သဘော ပေါက်လား။ ဒုတိယအိမ်မှာတော့ မိသားစုလေးယောက်ဟာ ပျော်ရွှင် နေကြတယ်။ တစ်နေ့တာဟာ သူတို့အတွက် ပျော်စရာနေ့လေးဖြစ် လို့ရသလို ကြေကွဲဖွယ်နေ့ လည်း ဖြစ်ချင်ဖြစ်လို့ရတာပါပဲ။

(၄)
ဒီပုံပြင်လေးက သင်ခန်း စာရတာတွေ အများကြီးပါပဲ။
ဘဝကို ဘယ်လိုဖြတ် သန်းမလဲ။
ကျွန်တော်တို့ကို ဆရာမ ကတော့ ''ကွဲတတ်သော အရာက နေ စိတ်ဝမ်းကွဲမှုမဖြစ်စေဖို့'' ဆိုပြီး ဆုံးမခဲ့တယ်။
''ဖန်ခွက်ဟာ ကွဲတတ် တာပဲ။ ဒီအတွက် ဘာကြောင့် ကွဲ တတ်တဲ့အရာ ကွဲသွားတာကို တစ် ယောက်ကိုတစ်ယောက်အပြစ်တင် ကြရမှာလဲ''
ဆရာမပြောတာ အမေးလား အဖြေလားတော့ မသိပါဘူး။ ဒါပေမယ့် ဆရာမစကားကို ကျွန် တော်တို့ သဘောကျကြပါ တယ်။ ဖြစ် သင့်တဲ့ဟာ ဖြစ်တာတွေ အ တွက် ကျွန်တော်တို့က တစ် ယောက်ယောက်ကို အပြစ်ချလို့ရ မှာလား။
''အဲဒါ စိတ်ထားမတတ် လို့ပဲကွ။ လောကမှာ ဒါမျိုးတွေ အများကြီး ကြုံတွေ့ရမှာပါ။ ဆုံးရှုံးမှု တွေအများကြီးတွေ့ရမယ်။အောင် နိုင် တာတွေ အခါတစ်ရာတွေ့ပေမယ့် တစ်ခါလောက် ဆုံးရှုံးရင် သူများကို အပြစ်တင်တတ်တယ်'' ၁ဝ တန်းတုန်းက ကျွန်တော် တို့ ကျောင်းမှာ မိတ္တဗလဋီကာကို သင် ရတယ်။  Dale Carnegie ရေးတာ ကို ဦးနုက ဘာသာပြန်ထားတာ ပါ။ အဲဒီအထဲမှာ တစ်ယောက်ကို တစ်ယောက်အပြစ်တင်ခြင်းကနေ ရတဲ့ ဆုံးရှုံးမှုတွေကို ပြထားတယ်။
သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂီသည်  ချားလ်ဆွပ် Charles Schwab ကို လစာငွေ တစ်နှစ် ဒေါ်လာ တစ်သန်းပေး ထားတယ်။ ချားလ်ဆွပ်ဟာ CEO ပေါ့။ သူဟာ အင်မတန်တော်တဲ့ သူတစ်ယောက်လား။ မဟုတ်ပါဘူး။ သံမဏိနဲ့ ပတ်သက်ပြီး သူ့ထက်တော် တဲ့ သူတွေအများကြီးရှိ ပါတယ်။ ဒီလူတွေ အားလုံး သူ့ လက်အောက်မှာ လုပ်ကြရတယ်။ ဘာကြောင့် သူ့ကို ဒီလောက်ကြီး ကျယ် တဲ့ ရာထူးကို ပေးရတာလဲ။ သူရဲ့ ထူးခြားတဲ့ အရည်အသွေးက ဘာလဲ။ ဒီအရည်အသွေးကို လူ တိုင်းရယူပိုင်ဆိုင်နိုင်ထားတာပါပဲ။ အဲဒါကတော့ သူဟာ ဆက်ဆံရေး ကောင်းလို့ပါပဲတဲ့။
သူက ''ကျွန်တော်ဟာ အလုပ်သမားတွေကို အလုပ်လုပ်လာအောင် ပြောနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်သူပါပဲ။ အလုပ် သမားတွေကို ချီးမွမ်းခြင်းဟာ သူတို့ကို အလုပ်လုပ်ချင်အောင်အားပေးတယ်''လို့ သူ ပြောသွားတယ်။ ဆက်လက်ပြီးသူက ''တကယ်တော့ အထက်လူကြီးတွေရဲ့ ပြစ်တင် ကြိမ်းမောင်းခြင်းဟာ  လူတစ် ယောက်ရဲ့ တက်လမ်းကို အညွန့်တုံးအောင် လုပ်ပစ် လိုက်တာပဲ၊ ကျွန်တော်ကတော့ သူတို့ကို အ ပြစ်မတင်ဘူး။ ဘာကြောင့်မှားတာ လဲဆိုတာကို အဖြေရှာပေးတယ်။ သူတို့ကို ချီးမွမ်းစရာရှိရင်တော့ ကျွန်တော် စိတ်ပါလက်ပါ ချီးမွမ်း တတ်တယ်''လို့ ပြောခဲ့ပါတယ်။

(၅)
ကျွန်တော် အရွယ် ရောက်လာတော့ ဆုံးရှုံးမှုတွေ အများကြီးတွေ့ရတယ်။ ဘဝဆိုတာ ဖန်ခွက်လိုပဲလေ၊ ထိလွယ်ရှလွယ် ကွဲလွယ် တာပဲပေါ့။
ဒီအခါ ကြေကွဲဝမ်းနည်းတာ သဘာဝပဲ။ ဒါပေမယ့် အခြားသူတွေကို အပြစ်မတင်ဖို့နဲ့ မိမိကိုယ်တိုင်လည်း တတ်နိုင်သမျှ ဝမ်းနည်းကြေကွဲမှုကို ထိန်းနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။
ကျွန်တော် ဆရာဖြစ် လာတော့ တပည့်တွေကိုလည်း ''စိတ်ထားတတ်ဖို့'' သင်ကြားပေးပါ တယ်။
ကျွန်တော်တို့ တစ်တွေ ဟာ လူမှုရေးသတ္တဝါတွေပါ။ ဒါ ကြောင့် လူမှုရေးက အရေးအ တော်ပါတယ်။
လူကြီးဖြစ်ဖြစ်၊ လူငယ် ဖြစ်ဖြစ် ကျွန်တော်တို့ တစ်တွေဟာ တစ်ယောက်ကိုတစ်ယောက်ကူညီ ထောက်ပံ့နေကြတယ်။ မိသားစုပုံ စံကိုပဲ ပထမကြည့်တာပေါ့။
မိဘတွေဟာ သားသမီး တွေကို လူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့တယ်။ မိဘတွေကို ရော။ သူတို့ကလေးဘဝက သူတို့ ကို မိဘတွေက ဒီလိုပဲကြည့်ရှုခဲ့ ကြပါတယ်။
ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် အထောက်အကူပြု နေကြတာပါပဲ။ ဒီလိုနေကြတဲ့အ ခါ တစ်ခါတစ်ခါ ဆုံးရှုံးတာတွေရှိ တယ်။ ဆုံးရှုံးပျက်စီးတဲ့အခါတွေ မှာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်လို့ မရပါဘူး။ ကျွန် တော်တို့ လူသားတွေဟာ အင်မ တန် အကဲဆတ်ပါတယ်။
လူတွေဟာ ဘဝရပ်တည် ရေးအတွက် ကြောက်ရွံ့နေတတ် တယ်။ ဒီအတွက် တစ်ယောက် တစ်ယောက်က အပြစ်တင်လိုက် ရင် အဆင်မပြေတာတွေဖြစ်လာ တတ်တယ်။

(၆)
ဒီတော့ လူတွေကိုကဲ့ရဲ့ ပြစ်တင်မှာလား။ ချီးမွမ်းမှာလား။ အပြစ်လုပ်မိတယ်လို့ ထင်တဲ့အခါ ဝန်ခံလိုက်ပါ။ ဘာပဲလုပ် လုပ် ကောင်း တာတွေကိုပဲ လုပ်ကြ ရမှာပါ။ ဒီနေရာမှာ စိတ်ထား တတ်ဖို့ အဓိကပါ။
တစ်ယောက်က ပြောဖူး တယ်။ လူ့လောကကို သိပ်ပြီးတော့ လည်း လေးလေးနက်နက်မထားပါ နဲ့တဲ့။
ဘာပြုလို့လဲမေးတော့ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အသေထွက်နဲ့ပဲ ထွက်ရမှာပါလို့ ပြောပါတယ်။
မှန်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အသေထွက်ထွက် ကြရမှာပါ။ ဒီအတွက် ဘာတွေ ထားခဲ့မလဲ။
 ကောင်းတဲ့ အမွေအနှစ် လေးကို ထားခဲ့ရမှာပေါ့။
ကျွန်တော်တို့မရှိတော့တဲ့ တစ် နေ့သောအခါဆိုတာ ရောက်လာမှာ ပါ။
 လောကကြီးဟာ ပုံမှန်ခရီးဆက်နေမှာပါပဲ။ ဒီတော့ အသက်ရှင်နေစဉ်ကာလမှာ ဘယ်လိုနေ သွားချင်တာလဲ။ ဘယ်သူ့ကိုမှ အ ပြစ် မတင်ပါနဲ့။

ဒေါက်တာခင်မောင်ညို

No comments:

Post a Comment