Friday 24 July 2015

လူငယ်ဘဝမှာ မပြောသင့်သော စကားများ

 
အမြဲတမ်း တဖက်သားကို စိတ်ပျက်စရာစကားတွေကို ပြောနေတဲ့သူဟာ သူကိုယ်တိုင်လည်း မကောင်းသလို ကြားရသူမှာလည်း စိတ်ချမ်းသာလိမ့်မယ်လို့ မထင်ပါ။ စိတ်ညစ်စိတ်ပျက်စရာစကားတွေကို အမြဲပြောနေရင်တော့ ကြာရင် ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကိုစွန့်ခွာသွားပါလိမ့်မယ်။ ကိုယ်ကပြောနေကျ စကားတွေထဲမှာ အကျင့်လိုဖြစ်နေတဲ့ စိတ်ပျက်စရာ စကားလုံးတွေက ဘယ်လိုဖြစ်မှာလဲဆိုတာကို တင်ပြပါရစေ။

၀၁. ဒါပင်မဲ့
ကျောင်းသားဘဝကနေ အလုပ်ဖို့ဖြစ်လာပြီး တကယ့်လူ့ပတ်ဝန်းကျင်ကို ရောက်လာရင်တော့ အပြောခံရတဲ့စကားလုံးတွေထဲမှာ မတရားတာတွေလဲရှိနိုင်ပါတယ်။
အပြောခံရင်လည်း ချက်ချင်းဆိုသလို ခံမပြောပဲ အရင်နားထောင်ကြည့်ပါ။ ချက်ချင်း ဒါပင်မဲ့ ဆိုပြီး ချက်ချင်း ဆင်ခြေမပေးပါနဲ့။ အပြောခံလိုက်ရတာတွေကို စိတ်အေးအေးနဲ့
ပြန်လည် သုံးသပ်ကြည့်ပါ။

၀၂. အား ဘာမှလုပ်စရာမရှိဘူး။ ပျင်းစရာကောင်းလိုက်တာ
ဘဝမှာ ရည်မှန်းချက်တွေ၊ ဘဝအိမ်မက်ပန်းတိုင်တွေရှိသောသူဟာ ပျင်းဖို့တောင်အချိန်ရှိမှာ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်မဲ့အလုပ်ကို စနစ်တကျ စဉ်းစားပြီး
အကွက်ကျကျ လုပ်နေလို့ပါ။ ဒီစကားမျိုးဟာ ကိုယ့်အတွက်လည်း မကောင်းသလို လုပ်ဖော်ကိုင်ဖက်ကလည်း ချစ်ခင်လေးစားမှာ မဟုတ်ပါ။ ကိုယ်ဟာ အသုံးဝင်သောသူ
မဟုတ်ပါလို့ ကြောငြာနေသလို ဖြစ်ပါလိမ့်မယ်။

၀၃. ပြီးမှလုပ်မယ်။ မနက်ဖြန်လုပ်ပေးပါ့မယ်။
အလုပ်များသောသူဆိုတာ ပတ်ဝန်းကျင်ရဲ့ယုံကြည်မူကြောင့် အလုပ်တွေက တခုပြီးတခုလုပ်နေရတာပါ။ လက်ခံထားတဲ့အလုပ်တွေကို ပြီးမှလုပ်မယ်။
မနက်ဖြန်မှလုပ်မယ်ဆိုပြီး အချိန်ဆွဲနေရင်တော့ အလုပ်လည်းပြီးမှာ မဟုတ်သလို အလုပ်အပ်သူရဲ့ ယုံကြည်မူကိုလည်း လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။
ခိုင်းတဲ့အလုပ် အပ်တဲ့အလုပ်ကို ချက်ချင်းလုပ်စေချင်ပါတယ်။

၀၄. ကံကို မကောင်းဘူး။
အထက်လူကြီးကနေ အပြစ်ရှိလို့ အဆူခံရတာကို ကံမကောင်းဘူးလို့ မယူဆသင့်ပါ။ ဘာကြောင့်လဲဆိုရင် ဒီစကားက ကိုယ်မှာတာဝန် မရှိဘူးဆိုပြီး ခေါင်းလွဲတဲ့စကားပါ။
ကိုယ်ရဲ့အမှားကို ကံထံလွှဲမချပါနဲ့။ ကိုယ့်အပြစ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ဘာကြောင့်မှားသလိုဆိုတာကို စဉ်းစားသုံးသပ်ကြည့်ပြီး နောင်မမှားအောင် ကျင့်ပါ။

၀၅. မဖြစ်နိုင်ဘူး။
လုပ်တောင်မလုပ်ရသေးဘူး မဖြစ်နိုင်ဘူးလို့ ပြောနေတာဟာ မှားနေတယ်လို့ထင်ပါတယ်။ လူ့လောကကြီးမှာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့ကြလို့ ၂၁ရာစုကြီးကိုရောက်ပြီး
Facebookကိုသုံးနေကြတာပါ။ စွန့်စားပြီး လုပ်ကြည့်ပါ။ လုပ်ပြီးမှသာ ဖြစ်နိုင်မဖြစ်နိုင်ကို သိပါလိမ့်မယ်။

၀၆. ပင်ပန်းလိုက်တာ။
မောလိုက်တာ၊ ပင်ပန်းလိုက်တာ ဆိုတဲ့စကားဟာ အထူးအဆန်းမဟုတ်ပင်မဲ့ ကြားရသူကိုလည်း ကူးစက်စေပါလိမ့်မယ်။အလုပ်လုပ်ရင်တော့ ပင်ပန်းမယ်။ မောပါလိမ့်မယ်။ ဒါက မဖြစ်မနေ ဖြစ်မဲ့ကိစ္စတစ်ခုပါ။ မောနေတယ်ဆိုတာ အလုပ်လုပ်နေတယ်ဆိုပြီး ခံစားကြည့်လိုက်ပါ။

၀၇. ဘာကြီးမှန်းကို မသိဘူး။
ဘာကိုမှ အကောင်းမမြင်၊ လုပ်မဲ့ကိစ္စကို အရင်ဝေဖန်နေရင်တော့ ကိုလေပေါ သာဖြစ်သွားပါလိမ့်မယ်။
အခြေအနေ ကိစ္စတစ်ခုကို သေသေချာချာ သုံးသပ်စဉ်းစားပြီးမှ ထင်မြင်ချက်ကို အကောင်းဘက်မှ စပြောပါ။

၀၈. ပိုက်ဆံမရှိဘူး။
လူတွေက မွေးထဲက ပိုက်ဆံကို လက်ထဲဆုပ်ပြီး မွေးလာတာမဟုတ်ပါ။ ကိုယ့်အတွက် အကျိုးရှိမဲ့ကိစ္စဆိုရင် ပိုက်ဆံကို သုံးသင့်ပါတယ်။
မလိုအပ်တဲ့နေရာမှာသုံးရင်သာ ပိုက်ဆံကို ဖြုန်းတာပါ။ လူငယ်ဘဝမှာ ပိုက်ဆံမရှိတာမှန်ပင်မဲ့ ရှိတဲ့ပိုက်ဆံလေးကိုလည်း အကျိုးရှိရှိသုံးသင့်တယ်လို့ထင်ပါတယ်။

၀၉. ဒီနေ့အခြား ကိစ္စလေးရှိလို့။
လူငယ်ဘဝ အပေါင်းအသင်းကနေ လည်ဖို့ပတ်ဖို့ ခေါ်တာလည်းရှိပါတယ်။ အကျိုးမရှိတဲ့ကိစ္စကို ငြင်းသင့်ပင်မဲ့ လိုအပ်တဲ့ကိစ္စကိုတော့ အရမ်းမငြင်းသင့်ပါ။
ကိုယ်က ဦးစားပေးရမဲ့ကိစ္စကို သေသေချာချာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

၁၀.အိပ်တောင်မအိပ်ရသေးဘူး။
လူငယ်တွေထဲမှာ မအိပ်ရသေးတဲ့ကိစ္စကို ကြွားဝါနေသူတွေလည်းရှိပါတယ်။ မအိပ်ရသေးတာက ကိုယ်ကညံ့လို့ပါ။အလုပ်ကို စနစ်တကျလုပ်ရင်တော့ ဒီကိစ္စတွေ ဖြစ်မှာ မဟုတ်ပါ။ အောင်မြင်နေသော စီပွားရေး လုပ်ငန်းရှင်တွေတောင် အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ရှိပါတယ်။
မအိပ်ရင် ကျန်းမာရေး ထိခိုက်နိုင်သလို မှတ်ဥာဏ်လည်းကောင်းမှာ မဟုတ်တဲ့အတွက် အလုပ်လည်း ပြီးမှာမဟုတ်ပါ။

၁၁. ရည်းစားထားဖို့တောင် အချိန်မရှိပါဘူး။
ပတ်ဝန်းကျင်မှာ ကိုယ်ကကြိုက်နှစ်သက်တဲ့သူမရှိလို့ မဟုတ်ပါ။ ကိုယ့်မှာ မလိုအပ်လို့သာ အဲဒီစကားကို ပြောနေတာပါ။တကယ်သာ ရည်စား ချစ်သူလိုချင်ရင်တော့ အပြင်ပဲထွက်ကြည့်ပါ။ လူတွေအများကြီး သွားလာနေကြတာပါပဲ။ကိုယ်ကသာ စိတ်ပါရင် ဖူးစာရှင်နဲ့ တွေ့ဖို့ရင် မခက်ခဲပါ။

ကဲ အထက်မှာ ရေးထားတဲ့စကားတွေထဲမှာ စာဖတ်သူတွေ ပြောနေကြစကားလုံးတွေ ပါကောင်းပါလိမ့်မယ်။
ကိုယ့်ရဲ့ဘဝကို အောင်မြင်ဖို့အတွက်ဆိုတာ ကိုယ်အားကိုယ်ကိုးရမှာပါ။ ဘယ်သူအကူအညီကိုမှ မျှော်လင့်နေလို့မရပါ။

Chelmo Team

No comments:

Post a Comment