Sunday 19 July 2015

မြန်မာ့အနာဂတ်ကျပျောက်ခဲ့သော အခန်း

 
   ပြောင်လက်နေသည့် ကျွန်း ပါကေးများက အခန်းတွင်းအ ပြည့်။ ခန်းမ၏ အ၀င်ဝတံခါးမ များကိုတော့ ပန်းကနုတ်များဖြင့် အလှဆင်ထားသည်။ တစ်ချိန်က ခန်းမဆောင်အလယ်တွင် ထီးထီး ကြီးရှိနေခဲ့သည့် သံတိုင်ကြီးကို သစ်သားဖြင့် ငုံပြီးပြင်ဆင်ထား သည်။ ခန်းမ အဆုံးတွင်တော့ ဘုရားစင်တစ်ခုရှိသည်။
ဘုရားစင်မှကျော်ပြီး ပြတင်း တံခါးပေါက်မှ လှမ်းကြည့်လိုက် မည်ဆိုပါက အဆောက်အအုံထိပ် တွင်တပ်ဆင်ထားသည့် ဧရာမနာ ရီကြီးကို လှမ်းမြင်နိုင်သည်။ ယနေ့မှစပြီး ရေတွက်ပါက လွန်ခဲ့သော (၆၈)နှစ်တိတိ ၁၉၄၇ ဇူလိုင် ၁၉ ရက်က ထိုခန်းမဆောင် ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏အစိုးရ၀န်ကြီးများ အစည်း အဝေးကျင်းပခဲ့ကြသည်။ ခန်းမဆောင်နောက်မှ နာရီ ကြီး၏ လက်တံသည် နံနက် ၁၀ နာရီ ၃၇ မိနစ်သို့အရောက်တွင် မြန်မာတစ်ပြည်လုံး ကံဆိုး မိုး မှောင်ကျခဲ့ရတော့သည်။ ထိုခန်းမဆောင်ထဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်ကျပျောက်ခဲ့ရသည်။

နောင်တွင် ၀န်ကြီးများရုံးဟု အမည်ပြောင်းခဲ့သည့်အတွင်းဝန် ရုံးအတွင်းရှိ အဆိုပါအခန်းသည် မူလလက်ရာနှင့် နှိုင်းယှဉ်ပါက မ မှတ်မိလောက်အောင်ကွဲပြားခြား နားသည့်ပုံစံတစ်ခုဖြစ်နေသည်။ တစ်ချိန်က ခေါင်းဆောင် များ မျှော်လင့်ထားခဲ့သည့် အနာ ဂတ်မြန်မာနိုင်ငံနှင့် ယနေ့မြန်မာ နိုင်ငံတို့အကြား ကွဲပြားခြားနားနေ သည့် ပုံစံမျိုးကွဲပြားနေသလို လုပ် ကြံမှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများနှင့် ယခုပုံစံများ သိသိ သာသာကွဲပြားနေသည်။ ပေ ၄၀ ပတ်လည်ခန့်ရှိသည့် ခန်းမဆောင်အတွင်းရှိ ကြမ်းခင်း များ၊ နံရံများ၊ တိုင်လုံးများကို ပစ္စည်းအသစ်များဖြင့် အစားထိုးခဲ့ ပြီး မူလအနေအထားမှလုံးဝနီးပါး ခြားနားသည့်အသွင် ဖြစ်နေခဲ့ သည်။ တစ်ချိန်က ဗိုလ်ချုပ်အောင် ဆန်းအသုံးပြုခဲ့သည့် ထိုင်ခုံစားပွဲ များ၊ လုပ်ကြံမှုဖြစ်ပွားသည့်နေ့ တွင် ခေါင်းဆောင်များထိုင်နေခဲ့ သည့် ‘‘ဂ’’ပုံစံစားပွဲနေရာများ သည် ယခုအချိန်တွင်ဘုရားဝတ် ပြုသူများ ထိုင်စရာနေရာအဖြစ် ပြောင်းလဲခဲ့သည်။ သေနတ်ဒဏ်ရာများဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ သည့် နေရာသည် ယခုတွင်ဘုရား စင်အဖြစ် ပြောင်းလဲခဲ့သည်။ တစ်ချိန်က လုပ်ကြံသူများ ၀င်ရောက်ခဲ့သည့် တံခါးရွက်များ ကိုလည်း အသစ်ပြောင်းလဲခဲ့ကြ သည်။ ဦးစော၏ တပည့်များဝင် ထွက်ခဲ့သည့် တံခါးများတွင်တံခါး ရွက်များ ပြောင်းလဲတပ်ဆင်ထား ခဲ့သည်။

 ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များလုပ် ကြံခံရသည့်အခန်းကို နောက်ပိုင်း အစိုးရများက ဘုရားခန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး ပြင်ပမှဧည့် သည်များ လာရောက်လေ့လာခွင့် ကို ပိတ်ပင်ထားခဲ့သည်။ ပြီးခဲ့ သည့် နှစ်ပိုင်းအတွင်းကမှအနော် မာအနုပညာအဖွဲ့က စီမံခန့်ခွဲခွင့် ရခဲ့ခြင်းဖြစ်သည်။ အနော်မာ၏အကူအညီဖြင့် လုပ်ကြံမှုဖြစ်ပွားရာနေရာများကို ရက်ပိုင်းအတွင်းက 7 Day Dailyကသွားရောက်လေ့လာခွင့်ရခဲ့ သည်။

အမြင်အရ ရိုးရိုးရှင်းရှင်းနှင့် လှပသည့်ပုံစံရှိသော်လည်း အ တွင်းဝန်ရုံး၏ဖွဲ့စည်းပုံသည် မြန် မာ့နိုင်ငံရေးလိုပင် ရှုပ်ထွေးနေခဲ့ သည်။ အတွင်းပိုင်းရှိခန်းမဆောင် များ၊ လှေကားများနှင့်လျှောက် လမ်းများသည် ပုံစံတူဆောက် လုပ်ထားပြီး အတွင်းဝန်ရုံးအတွင်း သို့ ပထမဆုံးအကြိမ် လာရောက် မည့်သူများဖြစ်ပါက လမ်းပျောက် လောက်သည့်အနေအထားမျိုး မြင်တွေ့ခဲ့သည်။ သို့သော်လည်း သေနတ်သ မားများက ဗိုလ်ချုပ်အောင်ဆန်း တို့ အစည်းအဝေးလုပ်နေသည့် ခန်းမအတွင်းသို့ တန်းတန်းမတ် မတ်ရောက်လာနိုင်ခဲ့သည်။ သေနတ်သမားများသည် အတွင်းဝန်ရုံး၏မြေညီထပ်မှ ဗိုလ် ချုပ်အောင်ဆန်းတို့ အစည်းအဝေး ခန်းမအတွင်းသို့ ရောက်ရန်အ တွက် နှစ်ဆစ်ချိုးကြောင်လိမ်လှေ ကားမှတစ်ဆင့် တက်ရောက်ခဲ့ကြ သည်။ ထိုလှေကားမှတစ်ဆင့် ကျောက်ပြားနီများခင်းထား သည့် လျှောက်လမ်းအတိုင်း လာခဲ့ကြ သည့် လူသတ်သမားများသည် စက္ကန့် ၃၀ ခန့်အတွင်း အတားအ ဆီးမရှိ ဗိုလ်ချုပ်အောင်ဆန်းတို့၏ အစည်းအဝေး ခန်းမအတွင်းသို့ ရောက်လာခဲ့သည်။ သေနတ်သမားများ တက် ခဲ့ကြသည့်ကြောင်လိမ်လှေကား နှင့် လုပ်ကြံခံခဲ့ရသော အခန်း သည် ခြေလှမ်း ၃၆ လှမ်းခန့်သာ ဝေးသည်။ ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရ သည့်အခန်းသည် အတွင်းဝန်ရုံး ၏ ဗိုလ်အောင်ကျော်လမ်းဘက် အခြမ်းတွင်ရှိပြီး တံခါးပေါက်သုံး ခုနှင့် ပြတင်းပေါက်တစ်ခုတို့ပါ ၀င်သည်။ သေနတ်သမားများ သည် ပြတင်းပေါက်နှင့်တံခါးနှစ် ချပ်ကိုကျော်လွန်အောင်လျှောက် လာခဲ့ပြီး အစွန်ဆုံးတံခါးပေါက် တွင် စောင့်နေသည့် တံခါးစောင့် ကို တွန်းဖယ်ကာ အစည်းအဝေး ခန်းမအတွင်းသို့ ၀င်ရောက်ပြီး တရစပ်ပစ်ခတ်ခဲ့သည်။

ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရ သည့်အခန်းသည် ပေ ၄၀ ပတ် လည်ခန့်ရှိပြီး ထိုအခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ထိုင်နေ သောနေရာမှာ မည်သို့မျှတိမ်း ရှောင်လွတ်မြောက်နိုင်သည့်နေ ရာမဟုတ်ခဲ့ပါ။ ဗိုလ်ချုပ်အောင် ဆန်းသည် လျှောက်လမ်းကိုမျက် နှာမူပြီးထိုင်နေခဲ့ခြင်းဖြစ်ပြီး သူ၏ အနောက်တွင် မြေပြင်မှပေ ၅၀ ခန့်မြင့်သည့် ပြတင်းတံခါးများ သာရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် လူ သတ်သမားများမရောက်မီ ၂၇ မိ နစ်ခန့်စောပြီး ၁၀ နာရီ ၁၀ မိနစ် ခန့်တွင် အစည်းအဝေးခန်းမထဲ သို့ ရောက်ခဲ့ခြင်းဖြစ်သည်။

အံ့သြစရာအနုလက်ရာများ ဖြင့် အလှဆင်ထားသော အခန်း နားဆုံးအဆောက်အအုံကြီးထဲမှ မြန်မာနိုင်ငံ၏ အရေးပါဆုံးခေါင်း ဆောင်များကို လုပ်ကြံရန်လာ ရောက်သည့်သေနတ်သမားများ သည် အက်ရှင်ဇာတ်လမ်းများထဲ ကလို စွန့်စွန့်စားစားဘာမျှမလုပ် လိုက်ရ။အချိန်ကြာကြာမယူလိုက် ရ။ ခပ်လွယ်လွယ်နှင့်ပင် လုပ်ကြံ မှုကို မြန်မြန်ဆန်ဆန်အပြီးသတ် နိုင်ခဲ့သည်။ လုပ်ကြံသူများသည် အတွင်းဝန်ရုံး ၀င်ပေါက်ရောက် ချိန်မှ ခန်းမဆောင်ထဲရှိ ခေါင်း ဆောင်များအသက်ကို ခြွေယူရန် အချိန်အထိ အချိန်ခုနစ်မိနစ်ခန့် သာယူခဲ့သည်။

ထိုခုနစ်မိနစ်၏ အကျိုးသက် ရောက်မှုက တိုင်းပြည်အပေါ် လွတ်လပ်ရေးရပြီး နှစ် ၇၀ နီးပါး တိုင်အောင် ရိုက်ခတ်နေဆဲပင်။

7day daily

No comments:

Post a Comment