Sunday 12 July 2015

အာရှ ရာစုနှစ်

 http://wikitravel.org/upload/shared//thumb/a/a7/Map_of_Asia.png/450px-Map_of_Asia.png
''တကယ်တော့ လွန်ခဲ့တဲ့အနှစ်နှစ်ရာမှာ အနောက်နိုင်ငံတွေက ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တယ် ဆိုတာသမိုင်းလမ်းကြောင်း လွဲသွားတာ ပဲ။ မတော်တဆ ဖြစ်သွားတာ။ ‘ဒီအချက်ကို အနောက်နိုင်ငံက ပညာရှင်တွေက လက်ခံဖို့ခက်ခဲနေတယ်။ သမိုင်း စတင်တဲ့ ပထမ ဆုံးနှစ်ကနေ ၁၈၂ဝ အထိ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးအင်အားရှင် နှစ်နိုင်ငံပဲရှိတယ်။ အဲဒါ တရုတ်နဲ့အိန္ဒိယပဲ။ လွန်ခဲ့တဲ့ နှစ် နှစ် ရာမှာ မြောက်အမေရိကနဲ့ ဥရောပက ကျော်တက်သွားတယ်။ ကမ္ဘာ့သမိုင်းနှစ်နှစ်ထောင်နဲ့ နှိုင်းယှဉ်ကြည့်ရင် လွန်ခဲ့တဲ့ အနှစ် နှစ်ရာ မှာ သမိုင်းက မှားယွင်းသွားတာပဲဆိုတာ တွေ့နိုင်မယ်။ သမိုင်းရဲ့ မှားယွင်းမှုတွေဟာ နောက်ဆုံးကျတော့ သဘာဝ ကျတဲ့ ပုံမှန် လမ်းကြောင်းကို ပြန်ရောက်ရမှာပဲ။ ဒါသမိုင်းရဲ့ နိယာမပဲ။ ဒါကြောင့် အာရှနိုင်ငံတွေက ကမ္ဘာကိုလွှမ်းမိုးတဲ့ခေတ်မလွဲ မသွေ ပြန်ရောက် လာမှာပဲ''
ထိုစကားကိုဆိုသူမှာ ကုလသမဂ္ဂဆိုင်ရာ စင်ကာပူ သံအမတ်ဟောင်းနှင့် စင်ကာပူ တက္ကသိုလ် ပြည်သူ့ပေါ်လစီရေးရာ လက်ရှိ မဟာဌာနမှူး ဖြစ်သူ 'ကီရှော မာဘူဘာနီ' (Kishore Mahbubani) ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က အာရှဟုဆိုလိုက်သည် နှင့် ဆင်းရဲမွဲတေမှု၊ ခေတ်နောက်ကျမှုတို့ စိတ်အာရုံတွင် ထင်မြင်လာ မည်ဖြစ်သည်။ သို့သော် ယခုအခါ အာရှဟုဆိုလိုက်သည်နှင့် နေရောင်အောက်တွင် တောက်ပ နေသော မိုးမျှော်တိုက်ကြီးများ ကို မြင်မိပေမည်။ အာရှရာစု နှစ်ဆိုသည်မှာ အာရှဒေသသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက် ကာ ၂၁ရာစုနှစ်တွင် ကမ္ဘာကို ဦးဆောင် လိမ့်မည်ဟု ဆိုလိုရင်းဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်သုံးစုအတွင်း တရုတ်နှင့် အိန္ဒိယစီးပွား ရေးသည် တစ်ဟုန်ထိုးမကြုံ စဖူး ထောင် တက်လာသည်။ အာရှနိုင်ငံ များမှ ရင်းနှီးမြုပ်နှံမှုများသည် အ မေရိကနှင့် ဥရောပသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။
ပါမောက္ခကီရှောက အ ထောက်အထားမရှိ အလွတ်ပြော ဆိုခဲ့ခြင်း မဟုတ်ပေ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး ရေးအဖွဲ့ (အိုအီးစီဒီ)၏ စာရင်းဇယားများအရ ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာ့လူလတ်တန်းစား ၅၄ ရာ နှုန်းသည် မြောက်အမေရိကနှင့် ဥရောပ၌ ရှိသည်ဟုဆိုသည်။ သို့ ရာတွင်၂ဝ၂ဝ ခုနှစ်ရောက်သည့် အခါ ၃၂ ရာနှုန်းသို့လျော့ကျ သွားမည်ဟု တွက်ချက် သိရှိထား သည်။ လက်ရှိ အာရှဒေသအတွင်း ရှိ လူလတ်တန်းစား ၂၈ ရာနှုန်း သည် ၅၃ ရာနှုန်းသို့ တိုးတက်သွား မည်ဟုဆိုသည်။ ဖြစ်ပေါ်လာမည့် ကမ္ဘာ့ဓနအင်အား အရွှေ့အ ပြောင်းကို ထိုကိန်းဂဏန်းများက ညွှန်ပြနေသည်။
၁၉၈ဝ ပြည့်လွန်နှစ်များ မှစတင်ခဲ့သော အာရှဒေသဖွံ့ဖြိုး တိုးတက်မှုသည် အခြားကမ္ဘာ့ ဒေသများနှင့် နှိုင်းစာပါကများစွာ သာလွန် သည်ကို တွေ့ရသည်။  ထို့ပြင် တိုးတက်မှုကို ဆယ်စုနှစ်သုံးခုကျော် ထိန်းထားနိုင်ရုံမျှမက အင်အားဖြင့် လားရာတစ်ခု တည်း သို့ ရွေ့နေသည်ကိုလည်း တွေ့ရ သည်။
သံတမန်ရေး၊ စစ်အင်အား၊  နည်းပညာ၊ ပါဝါပျော့တို့အနက် တစ်ခုမကကို အာရှ နိုင်ငံများ ပိုင်ဆိုင်လာကြမည်။ အာရှ နိုင်ငံ များ ရှေ့တန်း သို့ရောက်လာ စေမည့် ပင်မဒေါက်တိုင် ခုနစ်ခု လိုအပ်သည်ဟု ပါမောက္ခကီရှော ကဆိုသည်။ လွတ်လပ်သော ဈေး ကွက်ပညာ၊ သိပ္ပံနှင့် နည်းပညာ၊ တော်သူတတ်သူကို ဦးစားပေးမှု (Meritocracy)  ၊ လက်တွေ့ကျမှု၊ ငြိမ်းချမ်းရေး ကို မြတ်နိုးသော ယဉ် ကျေးမှု (Culture of peace) ၊ ဥပ ဒေစိုးမိုးရေးနှင့် ပညာရေးတို့ ဖြစ် သည်ဟုဆိုသည်။  
၂၁ ရာစုနှစ်၏ ပထမ နှစ်ပေါင်း ငါးဆယ်တွင် အာရှ လူဦးရေသည် ဆက်လက် တိုးပွား နေမည်။ ရာစုနှစ်အစတွင် အာရှ ၌ရှိနေသော လူဦးရေ သန်းလေး ထောင်သည် ၂ဝ၅ဝ ခုနှစ် အ ရောက်တွင် သန်း ငါးထောင်ရှိလာမည်ဟု မှန်းဆရသည်။ မြောက် အမေရိကနှင့် ဥရောပ လူဦးရေမှာ မူ လျော့ကျလာမည်။ အာရှဖွံ့ဖြိုး ရေးဘဏ်၏ တွက်ချက်မှုအရ အာရှ၏ တစ်ဦးချင်းဝင်ငွေသည် ဥရောပ တစ်ဦး ချင်းဝင်ငွေကို ၂ဝ၅ဝ ပြည့်နှစ်တွင်မီလာမည်ဟု ဆိုသည်။ အသားတင်ထုတ်လုပ်မှု တန်ဖိုးသည်လည်း နှစ်ဆရှိလာမည်။ စက်မှုတော် လှန်ရေး မတိုင်မီ (လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ) က အာရှတိုက်၏ စီးပွားရေးအခြေ အနေကို ပြန်လည်ရရှိလာမည်။
အဆိုပါတွက်ချက်မှန်းဆ မှုများအရ အာရှတိုက်သည် လက် ရှိ တိုးတက်မှုကို လာမည့် အနှစ် လေးဆယ်အတွင်း ထိန်းထားနိုင် မည်၊ ကမ္ဘာ့စီးပွားရေးနှင့် နည်း ပညာအလှည့်အပြောင်းများ အ တိုင်း လိုက်ပါနိုင်မည်၊ တီထွင်မှုများ တိုးတက်ကြံဆနိုင်မည်ဟု မှတ်ယူ လျက် တွက်ချက်ထားခြင်းဖြစ် သည်။  ၂ဝ၁၁ ခုနှစ်ကို စံပြုလျက် အာရှဖွံ့ဖြိုးရေးဘဏ်က တွက်ချက် မှုအရ ၂ဝ၁ဝ ခုနှစ်တွင် အာရှ တိုက်၏ အသားတင်ထုတ်လုပ်မှု သည် ၁၇ ထရီလီယံ မှ ၂ဝ၅ဝ ခုနှစ်တွင် ၁၇၄ ထရီလီယံရှိလာ မည်ဖြစ်ပြီး တစ်ကမ္ဘာလုံး ထုတ် လုပ်မှု၏တစ်ဝက်ရှိမည်ဟုဆိုသည်။
တရုတ်ပြည်၏ တိုးတက် မှုနှုန်းသည် ယခုအတိုင်း ထိန်းထား နိုင်မည် ဆိုပါက ၂ဝ၃၈ ခုနှစ်တွင် အမေရိကန်ကို ကျော်လွန်လျက် ကမ္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံဖြစ် လာမည်ဟု တွက်ချက်မှုတစ်ခု လည်းရှိသည်။  အိန္ဒိယ၏စုစုပေါင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး သည် ၂ဝ၃၄ ခုနှစ်တွင် အမေရိ ကန်ကို ကျော်လွန်သွားမည်ဟု ဟောကိန်းထုတ်ထားသည်။ သို့ရာ တွင် လူဦးရေများပြားသည့် အတွက် တစ်ဦးချင်းဝင်ငွေမှာ နိမ့်ကျနေမြဲ ဖြစ်မည်။
အာရှဒေသဖွံ့ဖြိုးမှုသည် ဈေးကွက်ကိုဖြေလျော့ပေးရာတွင် စနစ်တကျရှိရမည်။ ထို့အတူ ဖြစ် ပေါ်နေသော ဂလိုဘယ်လိုက် ဇေး ရှင်းနှင့် ဟန်ချက်ညီရမည်။ ပို့ကုန်များများ ပို့နိုင်ရမည်ဖြစ်သလို၊ ပြည်ပရင်းနှီးမြုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်ရမည်။ ဈေး ကွက်ဖြေ လျော့ခြင်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတို့ မည်သို့ဟန်ချက်ညီစေရ မည်ဆိုသည့်အချက်မှာ ငြင်းခုံနေ ကြဆဲ၊ ဆွေးနွေးနေ ကြဆဲဖြစ်သည်။အာရှ၏ ရာစုနှစ်သို့ ရောက်လာလျှင် အာရှတိုက်သည် ကမ္ဘာ့ရေးရာအဖြာဖြာကို ဦးစီးချုပ်ကိုင် လုပ်ကိုင်လိမ့်မည်ဟူသော သဘောမျိုး မဟုတ်ပေ။ အနောက် နိုင်ငံများက လွှမ်းမိုးချုပ်ကိုင်ထား သော အပြည်ပြည်ဆိုင်ရာ အခင်း အကျင်းမှ ပိုမိုမျှတသော၊ဘက်ညီ သော အခြေအနေမျိုးကို ဆိုလိုပေ သည်။ စင်ကာပူရှိ အီတလီကုန် သည်ကြီးများအသင်း၏ အမှု ဆောင်အရာရှိချုပ် ဖက်ဒရစ်ကို ဒိုနာတိုက ''စီးပွားရေးဖွံ့ဖြိုးလာ တော့ အာရှနိုင်ငံတွေဟာ ပိုပြီးရှေ့ တန်းရောက်လာကြမယ်။  အခု ကျွန်တော်တို့က ၂ဝ၁၅ ခုနှစ်ပဲ ရှိသေး တယ်။ အာရှရာစုနှစ်ဆိုတာ ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ ကျွန်တော်ထင်တယ်၊ ၂ဝ၅ဝ ပြည့် နှစ် မတိုင်မီ မဖြစ်နိုင်သေးဘူးနဲ့ တူတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာ ကြီးဟာ နိုင်ငံတစ်နိုင်ငံ နှစ်နိုင်ငံ ထဲကပဲ ချုပ်ကိုင်ထားတဲ့ ကမ္ဘာကြီး မဟုတ်တော့ဘူး''

No comments:

Post a Comment