Friday 17 July 2015

မူရင်းကောင်းမှ မိတ္တူကောင်းမည်

 


















မူရင်းနဲ့ တူ တဲ့ အောင်မြင်ရေးရဲ့ အခြေခံ အရည်အချင်းတွေရှိဖို့လိုတယ်။ ဒီအ ရည်အချင်းတွေကလည်း မွေးက တည်းက ပါလာတဲ့ မွေးရာပါ အ ရည်အချင်းတွေ မဟုတ်တဲ့အ တွက် လေ့ကျင့်တည်ဆောက်ယူရ တဲ့ အရည်အချင်းတွေပါ။ အလုပ် တစ်ခုကို မဖြစ်မနေ ဇွဲနပဲနဲ့ လုပ် တတ်တဲ့အကျင့်၊ကျွမ်းကျင်အောင်  လေ့ကျင့်ထားတဲ့ ပညာရပ်တစ်ခု၊ အချိန်ပြည့်အလုပ်လုပ်နိုင်တဲ့ စွမ်း ရည်ရှိဖို့အတွက် ကောင်းမွန် တဲ့ ကျန်းမာရေး၊ အများနဲ့ ရောရော နှောနှော အလုပ်လုပ်နိုင်တဲ့ ပြေ ပြေပြစ်ပြစ်ဆက်ဆံရေး စတာတွေ ပဲ ဖြစ်ပါတယ်။ဒီအထဲက တစ်ခုခုချို့ယွင်းအားနည်းနေပြီဆိုရင် အလုပ်ဟာ အောင်မြင်သင့်သလောက် မ အောင်မြင်တာ၊ တုံ့ဆိုင်းကြန့်ကြာ နေ တတ်တာ၊ မခိုင်မြဲတာစတဲ့ အချင်းအရာတွေနဲ့ ထိပ်တိုက်တွေ့ရမှာ အမှန်ပါပဲ။

ကိုယ့်အရည်အချင်းကို ပြည့်မီအောင် ကြိုးစား၊ ဘဝကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်လို့ အ မြင့်ဆုံး အခြေအနေကို ရောက်ရှိ သွားကြတဲ့ ပုဂ္ဂိုလ်များကိုလည်း သ မိုင်းစာမျက်နှာများပေါ်မှာ တွေ့ မြင်နိုင်ပါတယ်။ သူတို့ရဲ့ ခိုင်ခိုင် မာမာ၊ ပီပီပြင်ပြင် တည်ဆောက်ခဲ့တဲ့ အရည်အချင်းတွေဟာ ပြတ်သားရှင်းလင်းတဲ့ မူရင်းများနဲ့ တူပါတယ်။ ဒီလိုမူရင်းမျိုးက မိတ္တူ ကောင်း ဆိုတဲ့ ဘဝရဲ့ တိုးတက် အောင်မြင်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစကောင်းလို့ အနှောင်းသေချာ တဲ့ သဘောပါ။ "Practise make perfect" ဆိုတဲ့ သဘောပါ။ အရိပ် ကောင်းရဖို့ ဆိုရင် ဘယ်အရာမဆို အရပ်ရှိမှ အရိပ်ထွက်ပါတယ်။ အရပ်မရှိဘဲ အရိပ်လိုချင်လို့လည်းမရပါဘူး။ ဒီနေ့ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြားနေတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ သန်းကြွယ် သူဌေးကြီးတွေ အားလုံးဟာ မဆုတ်မနစ်တဲ့ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားမှုဆိုတဲ့ အရပ်ရှိကြသူတွေပါ။ ကြိုးစား ပမ်းစားနဲ့ ဖြည့်တင်း ထားတဲ့ အသိပညာ အတတ်ပညာဆိုတဲ့ အရပ် ရှိကြသူတွေပါ။ ဒီတော့လည်း အ ခြေအနေ အချိန်အခါ တစ်ခုက မျက်နှာသာပေး လာတဲ့ ကာလမှာ အောင်မြင်မှု အရိပ်တွေ ထွက်လာ ခဲ့တာ မဆန်းပါဘူး။ မူရင်းကောင်း ခဲ့လေတော့လည်း မိတ္တူကောင်းပေ မပေါ့။

 လောကကြီးမှာ ဘာကိုမှ အလကားမရပါဘူး။ အပြန်အလှန် အပေးအယူဆိုတာ ရှိတတ်ပါတယ်။ ပညာလိုချင်ရင် ပညာရှိကို ရှာရမယ်။ သူ့ရဲ့သင်ကြားပို့ချမှုကို နာခံလိုက်နာရမယ်။ အချိန်တွေ အများကြီးပေးရ မယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ ပညာ ကို ရနိုင် မှာပါ။ ဒီအတိုင်းပဲ ဘယ်ကိစ္စ ကိုမဆို ကြိုးစားအားထုတ်မှု၊ အနစ် နာခံမှု မမှိတ်မသုံ ယုံကြည်မှုစတဲ့ အ ရာတွေကို အရင်းအနှီးပြုနိုင် မှ အောင်မြင်တိုးတက်မှုဆိုတာရနိုင် တာပါ။ အိပ်ရာထဲ ခွေအိပ်နေရင်း၊ အပျော်အပါးပေါင်းစုံကို လိုက်စားနေ ရင်း၊ ဟေးလားဝါးလား နဲ့ လုပ်နေရင်းက သူဌေးဖြစ်ချင်၊ အောင်မြင်မှုရချင် တယ်ဆိုလို့ကတော့ လူရယ်စရာပဲ ဖြစ်နေမှာ သေချာပါတယ်။

ချုပ်လိုက်ရင် အောင်မြင်မှုအတွက် ကိုယ့်မှာ ဝမ်းစာပြည့်စုံလုံလောက်ဖို့ လိုပါလိမ့်မယ်။ ဝမ်းစာ မပြည့်သေးရင်လည်း ဝမ်းစာ ဖြည့်နိုင် ရပါလိမ့်မယ်။ ဝမ်းစားပြည့် မှ ကိုယ့်ဆန္ဒကို ဖြည့်စွမ်းနိုင်မှာပါ။ ဒါဟာ မူရင်းကောင်းတစ်ခုနဲ့လည်း တူပါတယ်။ မူရင်းက ပြတ်သား ရှင်းလင်းမှ မိတ္တူကလည်း ပြတ် သားရှင်းလင်းမှာကိုး။ မူရင်း ကောင်းမှ မိတ္တူကောင်းမှာကိုး။ တကယ်ပါပဲ၊ ဘယ်ကိစ္စကို ပဲ ဆောင်ရွက်ဆောင်ရွက် ပထမဆုံး မူရင်းကောင်းမကောင်း အရင်သုံးသပ်ပါ။ တစ်ဆက်တည်း မူရင်း မ ကောင်းဘဲ မိတ္တူကောင်းကို ယူချင်ရင်လည်းမရနိုင်ဘူးဆိုတာ နားလည်စေချင်ပါတယ်။
ထက်ကျော်

No comments:

Post a Comment