Tuesday 15 September 2015

အခက်အခဲတွေ အမြန်ဆုံး ပြေလည်နိုင်မယ့် နည်း လမ်း

 http://www.proago.hr/main/wp-content/uploads/problem1.jpg
လက်ရှိ အဆင်မပြေမှုတွေ ဖြစ်နေတယ်ဆိုရင် ဦးဆုံး သင့်ရဲ့ မှားနေတဲ့ အမှန်တွေကို ပြန်ကြည့်ပါ..

၁။ မနက်စောစောထခြင်း
မနက်စောစောထပြီး အလုပ်လုပ်တာက ပတ်ဝန်းကျင် အနှောင့်ယှက်ကင်းတာကြောင့် အေးအေးဆေးဆေးစဉ်းစားပြီး လုပ်နိုင်ပါတယ်။ အမေရိကန် ဒေါ်လာ ၁၀၀ တန်မှာပါတဲ့ Benjamin Franklin ဟာ မနက်စောထပြီး အလုပ်လုပ်သူအဖြစ် ထင်ရှားပါတယ်။

၂။ စိတ်ထဲပေါ်လာရင် ချက်ချင်းချရေး
ခေါင်းထဲမှာပေါ်လာတဲ့ ဘယ်လိုအကြံဥာဏ်ပဲဖြစ်ဖြစ် ချက်ချင်းရေးမှတ်ထားပါ. ပြန်ဖတ်တတ်တဲ့ အကျင့်ကိုမွေးပါ။ အလွယ်တကူ ပြန်ဖတ်ရှုနိုင်တဲ့ မှတ်စု (သို့) ဖုန်းကိုသွားလေရာဆောင်ထားပါ။

၃။ လမ်းလျှောက်ခြင်း
အိမ်မှ ရုံးအသွား လမ်းလျှောက်တာမျိုးမဟုတ်ပဲ လေကောင်းလေသန့်ရတဲ့ ပတ်ဝန်ကျင်းမှာ လမ်းလျှောက်မယ်ဆိုရင် စိတ်ကို ကြည်လင်ပေါ့ပါးစေပါတယ်။ နံနက်ခင်းမှာ လမ်းလျှောက်တဲ့အကျင့် ကိုပြုလုပ်သူဟာ အကြံကောင်းဥာဏ်ကောင်း တွေပိုရလာမှာ အမှန်ပါ။

၎။ အချိန်တိုင်းတိတိကျကျ လုပ်ကိုင်ခြင်း
အောင်မြင်မှု ပိုင်ဆိုင်ထားတဲ့ သူတွေဟာ အလုပ်ကို အချိန်တိတိကျကျ လုပ်လေ့ရှိပါတယ်။ တစ်နေ့ကိုဘယ်နှစ်နာရီဘယ်လောက်ထိလုပ်မယ်ဆိုတာကို သေသေချာချာဇယားချပြီး လုပ်မယ်ဆိုရင် အချိန်ကိုအသုံးချတဲ့နေရာမှာ ထူးချွန်လာပြီးအောင်မြင်ခြင်းကို ပိုင်ဆိုင်နိုင်မှာ မလွဲဧကန်ပါ ။

၅။ အရေးကြီးတဲ့ အလုပ်နဲ့ သာမန်အလုပ်ကိုခွဲခြားဆုံးဖြတ်နိုင်ခြင်း
အောင်မြင်တဲ့ သူတွေဟာ အရေးကြီးတဲ့အလုပ်ကို ချက်ချင်းလုပ်ပြီး နောက်မှလုပ်လို့ရတဲ့ အရာကိုအချိန်ရွှေ့ လုပ်တက်ကြတယ်။

No comments:

Post a Comment