Thursday 3 September 2015

ထိုင်းဘုရင်၏ သြဝါဒ အမှာစကား


  • ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာတောင်းယူပါ
  •   သူငယ်ချင်း အသစ်သည်ကိုယ့်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ
  •   ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ်ရအောင် ဖတ်ပါ
  •   မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီပေးပါ
  •   ကျေးဇူးတင်ပါတယ် ဆိုသောစကားကိုအမြဲ များများ ပြောပေးပါ
  •   သူတပါး၏ ရင်ဖွင့်စကား တိုင်ပင်လျို့ဝှက်စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ
  •   ခွင့်လွှတ်စိတ်ရှိပါ
  •   နားထောင်သည့် အလုပ်ကို ဦးစားပေးပါ
  •   အမှားရှိလျှင် ဝင်ခံနိုင်ရမည်
  •   ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန် မကြောက်ပါနှင့်
  • ခက်ခဲနေလေလေအောင်မြင်ဖို့ အတွက် လေးနက်မှုရှိလေလေ
  •   ဈေးဝယ်ကဒ်ကို အကြွေးတင်အောင်မဝယ်သုံးမိပါစေနှင့်
  •   တောင်းပန်ရန် ဝင်မလေးပါနှင့်
  •   မသိပါက မသိကြောင်း ဝန်ခံပါ
  •   ကီလို ၁၀၀၀( မိုင်ထောင်ချီခရီး ) အား ချောမွေ့သည်ဟူ၍ မရှိနိုင်ပါ
  •   မွေးကတည်းက မည်သူမျှ မပြေးတတ်သေးပါ … ဒါကြောင့် ဖြေးဖြေးစလုပ်ပါ
  •   ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ …. ( ဘဝကို ချစ်တဲ့သူ )
  •   ငွေကို မချစ်တဲ့သူဟာဘဝကို မချစ်တဲ့သူ ကြီးပွားဖို့ မမျှော်လင့်သူ
  •   တသက်လုံး အလုပ်လုပ်ရက် မရှိပါနားရက်တွေပါဘဲ
  •   နားမလည်သူအား နားလည်အောင်ရှင်းပြတတ်ပါစေ
  •   ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာနှစ်ခု ရှိတယ် … ဒီလိုဘဲ ဘဝဟာ အနိုင် /အရှုံး – အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ်
  •   မိမိစိတ်ကို အလိုမလိုက်ပါနှင့်
  •   အပင်ငယ်တတ်ခါစကို မြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်း မပြုပါနှင့် အမြစ်ပါ ကြွေသွားမည်
  •   မိမိကိုယ် တစ်နေ့လျှင် သုံးကြိမ်သေရမည်ကို စဉ်းစားပါ အားလုံးပြင်ဆင်ပြီးသား ဖြစ်မယ်
  •   ကြယ်သီးဟာ ပထမတစ်လုံး မှားသည်နှင့် အားလုံးမှားတော့တာပါပဲ
  •   အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ရက်ချိန်းတစ်ခု သတ်မှတ်ပါ
  •   ရေခွပ်ထဲမှ တစ်ဝက်သာရှိသော ရေဖြစ်ပါစေ
  •   ကြယ်နှင့်လ ဟာ အရမ်းကို မြင့်လွန်းတယ် … မှီနိုင်သလောက်ကို လှမ်းပါ
  •   လူ့တသက်တာမှာ အလုပ်အများကြီးအရေးအကြီးဆုံးကို အရင်လုပ်ပါ
  • စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးနှင့် ဗဟုသုတ အရဆုံး ပညာရှိတစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ်ဖက်နိုင်အောင် လုပ်ပါ
  •   အရာရာ သတ်မှတ်ချက်ရှိပါစေ …..ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီး ဤနေရာမှာ ထားပါ

No comments:

Post a Comment