Sunday 9 August 2015

ကလေးတွေကို အချိန်ပေးပါ

 
မိတ်ဆွေ သင်ဟာမိဘ တစ်ယောက် ဖြစ်တယ်ဆိုပါက သင့်ရဲ့သားသမီးကို လုံလောက်တဲ့အချိန်ပေးပါရဲ့လား။ သူတို့ပြောတဲ့ စကားကို အချိန်ပေးနားထောင် ပေးရဲ့လား။
သားသမီးတွေကို စိတ်လိုလက်ရ ပုံပြင်တွေဘယ်နှ ခါပြောဖူးပါသလဲ။ သားငယ်သမီး ငယ်တွေရဲ့ လေ့ကျင့်ခန်းစာအုပ် တွေကို စိတ်လိုလက်ရဖတ်ကြည့် ဖူးပါသလား။ အဲဒီမေးခွန်းတွေကို မိတ်ဆွေအပါအဝင် မိဘအချို့က ခေါင်းယမ်းကြပါလိမ့်မည်။ ငွေရှာ နေရလို့၊ ဗာဟီရတွေများနေလို့၊ မအားလို့၊ အလုပ်ရှုပ်နေလို့ စတဲ့ ဆင်ခြေပေါင်းများစွာ သင်အပါ အဝင် မိဘအချို့မှာရှိကောင်းရှိ နေပါလိမ့်မည်။ သေချာသည်က တော့ သားသမီးတွေကို မိဘလက် သစ်အချို့က လုံလောက်သော အချိန်မပေးကြခြင်းပင်။ အချိန် မရတာဟုဆိုလျှင် မိမိကိုယ်မိမိ အချိန်စီမံခန့်ခွဲမှု ညံ့ဖျင်းသူဖြစ် ကြောင်း ထုတ်ဖော်ပြသရာရောက်ပါသည်။ကျွန်ုပ်တို့၏ မိဘများလည်း တစ်ရက်အချိန် ၂၄ နာရီသာနေ ကြသူများဖြစ်သည်။ ကျွန်ုပ်တို့ သည်လည်း မိဘများနည်းတူ တစ်ရက်အချိန် ၂၄ နာရီရကြသူ များဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘ များက ကျွန်ုပ်တို့အပေါ် အချိန် ပေးနိုင်ခဲ့သည်။ ကျွန်ုပ်တို့၏ သား သမီးများအပေါ် ကျွန်ုပ်တို့ကဘာ ကြောင့် အချိန်မပေးနိုင်ကြရ သနည်း။
ယနေ့ကာလမှာ အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်လာ သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့အတူ ဝင်ငွေလည်း ယခင်က ထက်စာလျှင် အထိုက်အလျောက် တိုးပွားမှုများရှိလာသည်။ သား သားမီးမီးများနှင့်အတူ ဘုရား၊ ကျောင်းကန်၊ ဇရပ်များသို့ တစ် လတစ်ခေါက်မှန်မှန်ရောက်ပါ၏ လော၊ အဆင့်မီပြတိုက်များမရှိ စေကာမူ နီးစပ်ရာပြတိုက်များ၊ ကစားကွင်းများ၊ ပန်းခြံများကို လည်း လိုက်ပို့ဖူးဖို့လိုသည်။ ကိုရီး ယားရောဂါစွဲကပ်နေသော မိဘ အချို့လည်းရှိသည်။ ကိုရီးယား ဇာတ်လမ်းတွဲလာချိန်မှာ သား သမီးများ စကားစမြည်ပြောဖို့မဆို ထားနှင့် အနားသီခွင့်ပင်မပေးကြ ပေ။ အိမ်ရှိလူကုန်အလုပ်လုပ်ကြ ရသည့်ခေတ်ဟုဆိုသော်လည်း (စိတ်ဝင်စားလျှင်) သားသမီးများ အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်သည်။

 သင်တို့၏ သားသမီးများကမိဘများကိုပြောသည့်အကြောင်းအရာများကို (စိတ်ဝင်စားစရာမကောင်းသည့်တိုင်) အချိန် ၁၅ မိနစ်မျှ ပေးပြီး နားထောင်ဖို့လိုအပ်ပါသည်။ သားသမီးများကို အချိန် မပေးခြင်းသည် အမှန်တကယ် အလုပ်ရှုပ်သောကြောင့်မဟုတ် တန်ရာ။ အချိန်မပေးချင်သော ကြောင့် အလုပ်ရှုပ်သည်ဟု အကြောင်းပြချက်သက်သက်သာ ဖြစ်သည်။ တာဝန်ယူမှု၊ တာဝန် ခံမှုနည်းလာသည်ဟု ယူဆစရာ ဖြစ်သည်။ သားသမီးများပွားစည်း လာသည့်တိုင် မိဘလောင်းရိပ်ခို ကာ အပါးခိုကောင်းဆဲ၊ လောင်း ရိပ်ခိုကောင်းဆဲဖြစ်သည်။ ယနေ့ ကာလမှာ ကိုယ့်ဒူးကိုယ်ချွန် မိဘ များအစား အမေ့ဒူးကိုယ်ချွန် ခေတ်သစ်မိဘများအထူးအထွက် တိုးလာသည်။

သားသမီးကို အချိန်မပေးနိုင် မှုကြောင့် နောက်ဆက်တွဲဆိုးကျိုး များစွာဖြစ်လာနိုင်သည်။ ကလေး စိတ်ပညာ (Child Psycology) စာအုပ်များတွင် မိဘနှင့် သားသမီးနီးကပ်သည့် ဆက်ဆံရေးရှိရန် တိုက်တွန်းထားသည်။ ကမ္ဘာ့ ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ (Unicef)၏ ထုတ်ပြန်ချက် တွင် မိဘနှင့် ကင်းကွာနေရသည့် သားသမီးများတွင် သေကြောင်း ကြံစည်မှုများ၊ ဉာဏ်ရည်နိမ့်ကျမှု များအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနိမ့်ကျနိုင် သည်ဟု ဆိုထားသည်။

သားသမီးများကို စနစ်တကျ မစောင့်ရှောက်ခြင်းက အနာဂတ် မိသားစုဘဝကို မျှော်လင့်ချက်မဲ့ စေပါသည်။ ရင်သွေးငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို များ စွာထိခိုက်စေသည်။ စိတ်မလုံခြုံ စွာကြီးပြင်းလာစေမှုက ကာယကံ ရှင်ကလေးကိုသာမက ပတ်ဝန်း ကျင်ကိုပါ အကျိုးမဲ့စေပါသည်။ ထို့ထက်ပို၍ စဉ်းစားလျှင် မိသား စုအပေါ်သာမက နိုင်ငံအပေါ်ထိ ပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည်။ သားသမီးများကို စနစ်တကျပြုစု ပျိုးထောင်ခြင်းသည် လူ့အဖွဲ့ အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ခြင်းဟုဆိုနိုင်ပါသည်။

ကျန်းမာရေး ဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဆရာဝန်ကြီး၏ မှတ်ချက်စကား က စိတ်ဝင်စားစရာကောင်းပါ သည်။ မိဘနှင့် သားသမီးတစ်လ ဘယ်နှခါအချိန်ပေးရမလဲ။ တစ် ပတ်ဘယ်နှရက် အချိန်ပေးဖို့လို သလဲဆိုသော မေးခွန်းကို ဆရာ ဝန်ကြီးက ယခုလို တုံ့ပြန်ပါသည်။

‘‘နေ့တိုင်းနေ့တိုင်း အချိန် ပေးရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာနေ သည်ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံမှာနေ သည်ဖြစ်စေ နေ့တိုင်းနေ့တိုင်း အချိန်ပေးဖို့လိုပါတယ်’’

7day

No comments:

Post a Comment