Sunday 9 August 2015

ဘယ်တော့မှစိတ်ဓာတ်မကျနဲ့


လူရယ်လို့ ဖြစ်လာရင် ဘ၀မှာရှောင်လွှဲမရနိုင်တဲ့ အခက်အခဲတွေကြုံတွေ့ ရစမြဲပါ။ လက်ရှိဘ၀မှာ ဘယ်လို ဘဲကောင်းအောင် ကြိုးစားကြိုးစား ရည်မှန်းချက်ပန်းတိုင် နဲ့ အကြိမ်ကြိမ်လွဲခဲ့ရလို့ စိတ်ဓာတ်ကျအား ငယ်နေရင် မိမိကိုယ်ကိုယုံကြည်မှုတွေလျော့  သွားနိုင်ပါတယ်။ စိတ်ဓာတ်(လုံးဝ)မကျပါနဲ့ ၊ ဘ၀မှာ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေတပုံကြီးပါ။ ဒါကြောင့် အချိန်မနှောင်း ခင် ဇွဲလုံ့ လရှိရှိဖြင့် လဲနေ တဲ့နေရာကနေ မတ်မတ်ပြန်ထလိုက်ပါ။

(1) အသက် ၅၉-နှစ်အရွယ် အမေရိကန်ရုပ်ရှင်မင်းသမီး အော်ပရာဝင်းဖရေး(Oprah Winfrey)ကပြော ပါတယ်။ သူမ ၉-နှစ် သမီးအရွယ်တုန်းက အဓမ္မကျင့်ခံခဲ့ရပါတယ်တဲ့။ ယနေ့ ခေတ်မှာတော့ အမေရိကန်ရဲ့  လျှမ်းလျှမ်းတောက်မီဒီယာလုပ် ငန်းရှင်/ထုတ်လုပ်သူအဖြစ်အောင်မြင်နေတဲ့အပြင်၊ အမေရိကန်နိုင်ငံက ချီးမြှင့်တဲ့ philanthropist(ခေါ်)လူသားချင်းစာ နာထောက်ထားသူ ဘွဲ့ တံဆိပ်တော်ကို ပိုင်ဆိုင်ထားပါပြီ တဲ့ရှင်။

(2) ယခု အသက် ၅၇-နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်ကြီး ဘီလ်ဂိတ်(William Henry “Bill” Gates)ဟာ၊ တချိန်တုန်းကစီးပွားရေးအဆင်မပြေလို့  တက္ကသိုလ်ကဘွဲ့ မရခင် ပညာရေးတပိုင်းတစ နဲ့ ကျောင်း ထွက် ခဲ့ရသူပါဆိုရင် သင်အံ့သြသွားလေမလား။

(3) ထူးခြားတဲ့အရေအသွေးနဲ့ ခရစ်ယာန်ဘာသာရေးဆောင်းပါရှင်(ပြည်သူ့ အကျိုးပြု) စာရေးဆရာမကြီးဖြစ်သူ ဂျွိုက်စ်မေ ယာ(Joyce Meyer) ကို သူမပျိုဖော်ဝင်စ ဆယ်ကျော်သက်အရွယ်တုန်းက ဖခင်( အ ရင်းခေါက်ခေါက်)ရဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့အပြင် စိတ်ကြမ်းကိုယ်ကြမ်း ဖခင်ရဲ့ ရင့်ရင့်သီး သီးစကားတွေနဲ့ စိတ်ပိုင်းဆိုင်ရာဖိနှိပ်တဲ့ဒဏ်တွေကို မခံနိုင်တော့တာကြောင့် သူမ ၁၈ နှစ်သမီးအရွယ်မှာ အိမ်ပြေးဘ၀ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ သူမ အသက် ၇၀ မှာတော့ ချစ်ခင်ပွန်း၊ သားသမီး ၄-ဦးတို့  နဲ့ အတူ အောင်မြင်ပျော်ရွှင်သော မိသားစုဘ၀ကိုပိုင်ဆိုင်ထားပါပြီ။

(4) အမေရိကန်မှာ ခေါင်းချင်းဆက်အမြွှာကို ခဲရာခဲဆစ်နဲ့ အောင်မြင်စွာခွဲစိပ်ဖယ်ရှားနိုင်ခဲ့သူ၊ ယနေ့ အသက် ၆၁ နှစ်အရွယ် ဦးနှောက် နဲ့ အာရုံကြောခွဲစိပ်ပါရဂူ(အငြိမ်းစား) ဒေါက်တာဘန်ကာဆင်(Benjamin Solomon “Ben” Carson) ကပြော ပါတယ်။ သူငယ်ငယ်က ဥာဏ်ထိုင်းသူဖြစ်လို့  သူများထက် ၃-ဆလောက်ကြိုးစားလေ့လာခဲ့ရပြီး၊ မူလတန်းဘ၀ကနေ ဘွဲ့ ရတဲ့အထိ စာမေးပွဲတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ရ သူပါတဲ့ရှင်။

(5) အာဂျင်တီးနား ဘောလုံးအကျော်အမော် လီအိုနယ်မက်စီ(Lionel Andrés “Leo” Messi Cuccittini) ကတော့ သူ ဘောလုံးသင်တန်းတက်ချင်ခဲ့တာ သင်တန်းကြေးပေးဖို့ ငွေလုံ လုံလောက်လောက် မရှိတာကြောင့် လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း သင်တန်းကြေးစုဆောင်းခဲ့ရပါတယ်တဲ့။ ယနေ့  သူ့ အသက် ၂၆-နှစ်မှာတော့ ၀င်ငွေအလွန်ကောင်း တဲ့ အာဂျင်တီးနား နိုင်ငံကိုယ် စားပြု ဘောလုံး ကပ္ပတိန်ဖြစ်နေပါပြီ။

(6) ယခု အသက် ၅၈ နှစ်ရှိပြီဖြစ်သော ကမ္ဘာကျော် ထိပ်တန်း Apple Inc ကုမ္ပဏီရဲ့  CEO ဖြစ်သူ စတိဖ်ဂျော့ဘ်(Steven Paul “Steve” Jobs)ကပြောပါတယ်။ သူငယ်ငယ်က ဆင်းရဲလွန်းတာကြောင့် အခင် ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ အိမ် မှာ ကပ်နေခဲ့ရပြီး၊ အဲဒီအိပ်ခန်းထဲက ကြမ်းပြင်မှာအိပ်ခဲ့ရပါတယ်တဲ့။ စွန့် ပစ် ကိုကာကိုလာပုလင်းခွံဟောင်းတွေကိုစုပြီး၊ စားဝတ်နေရေးအတွက်ငွေဖန်တီးခဲ့ရပါတယ်။ စားစရိတ် သက်သာအောင် အပတ်စဉ် ဘုရားကျောင်းက ကျွေးမွေးလှူဒါန်း တဲ့ ထမင်းကိုမှီဝဲခဲ့ရသူလို့ ဆိုပါတယ်။

(7) အသက် ၆၀ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair) ကပြောပါတယ်။ သူ ကျောင်းသား ဘ၀တုန်းက အတန်းပိုင် ဆရာမက “ဟို …. ချာတူးချာလံ ကောင်လေး” လို့  သူ့ ကို အမြဲခေါ်ခဲ့ ပါတယ်တဲ့ရှင်။

(8) တောင်အာဖရိကရဲ့  ပတမဦးဆုံး သမ္မတဖြစ်ခဲ့သူ နယ်လ်ဆင်မန်ဒီလာ(Nelson Mandela)ဟာ၊ သမ္မတ မဖြစ်ခင် ကုန်လွန်ခဲ့တဲ့ သူ့ ဘ၀သက်တမ်း ၂၇-နှစ်လုံးလုံး ကို ထောင်ထဲမှာပေးဆပ်ခဲ့ရသူပါတဲ့။ ခုတော့ သူအငြိမ်းစားဘ၀နဲ့  အသက် ၉၅ နှစ်ရှိနေပါပြီ။

ပေါက်ပေါက်…မျှဝေသည်

No comments:

Post a Comment