Monday 10 August 2015

သူတော်ကောင်းအလှူ ၅ မျိုး

 http://loveop.org/wp-content/uploads/2013/12/donation.jpg
လှူဒါန်းသော ဒါနအလုပ်သည် ထေရဝါဒဗုဒ္ဓဘာသာတွင် အရေးကြီးသော ကျင့်ကြံအားထုတ်ဖွယ် ပါရမီတစ်ခု ဖြစ်သည်။ ဒါန၊ သီလ၊ ဘာဝနာ ဟုရှိလေရာ ဒါနသည် လောဘ (လိုချင်တပ်မက်မှု) ကိုလျော့ကျစေသော အလုပ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်လောဘကို လျော့ကျစေသနည်း။ ရှင်းပါသည်။ လောဘဟူသော လိုချင်တပ်မက်မှုနည်းလျှင် ပူလောင်မှုနည်းသည်။ သောကနည်းသည်။ အကုသိုလ်နည်းသည်။ စသည်ဖြင့် ကောင်းကျိုးများစွာရရှိသည်။

ဒါနဟူသည် လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ ဝေငှခြင်း၊ ထောက်ပံ့ခြင်း၊ စွန့်ကြခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် သူတစ်ပါးချမ်းသာအောင် ကူညီသော အလုပ်ဖြစ်သည်။ သို့သော် သူတော်ကောင်း အလှူမျိုးဖြစ်အောင် ကြိုးစား လှူတတ်ရမည်။

သူတော်ကောင်းအလှူ ၅ မျိုးရှိသည်။
၁။ သဒ္ဓါဒါန ။ ။ ကံ၊ကံ၏ အကျိုးတရားကို ယုံကြည်ပြီး လှူဒါန်းခြင်း
၂။ သက္ကစ္စဒါန။ ။ ရိုရိုသေသေ၊ ကောင်းကောင်းမွန်မွန်ပြုပြင် လှူဒါန်းခြင်း
၃။ အသိဒ္ဓိယဒါန။ ။ သင့်လျော် လျောက်ပတ်သော အချိန်အခါ၌ လှူဒါန်းခြင်း
၎။ အနုဂ္ဂဟ ဒါန။ ။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက် ၍ လှူဒါန်းခြင်း
၅။ အနုပဃာတဒါန။ ။မိမိဂုဏ်၊ သူတစ်ပါးဂုဏ်ကို အစွန်းအငြိ၊ ထိခိုက်မှု မရှိပဲ လှူဒါန်းခြင်း
တို့ဖြစ်သည်။

No comments:

Post a Comment