Tuesday 25 August 2015

သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်ရေးစက်ရုံနှင့်သို လှောင်စခန်းကို ရှဲလ်နှင့် ထိုင်းကုမ္ပဏီများ ပူးပေါင်းကာ ထားဝယ်၌ တည်ဆောက်မည်


ကမ္ဘာ့ထိပ်သီး ရေနံကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် နယ်သာလန်အခြေစိုက် Royal Dutch Shell က
မြန်မာနိုင်ငံတောင်ပိုင်း၊ ထားဝယ်၌ သဘာဝဓာတ်ငွေ့ရည် သိုလှောင် စခန်း တည်ဆောက်ရန်
ထိုင်းနိုင်ငံမှ အီတာလျံထိုင်း ( Italian-Thai Development Pcl) နှင့် LNG Plus International
ကုမ္ပဏီများနှင့် စီမံကိန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီမှုတစ်ခုကို ပြီးခဲ့သည့်
သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးတွင် သဘာဝ ဓာတ်ငွေ့ရည်
သိုလှောင်ရေးစခန်းနှင့် သဘာဝဓာတ်ငွေ့အဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ်ရေးစက်ရုံကို
ပူးတွဲတည်ဆောက် ရနှ့်နူ နှင့် ထိုင်းကုမ္ပဏီများ ဩဂုတ် ၁၉ ရက်က ထိုင်းနိုင်ငံတွင်
သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာ
ရှင်းလင်းပွဲတွငှ့်Shell ကုမ္ပဏီတာဝန်ရှိသူများကဆိုသည်။ အဆိုပါသဘောတူညီမှုအရ
သဘာဝ ဓာတ်ငွေ့ရည် သိုလှောင်ရေးစခန်း တည် ဆောက်ရေးဆိုင်ရာ နည်းပညာ
အကူအညီ များကို Shell ကုမ္ပဏီက ထောက်ပံ့ပေးသွားမည်ဖြစ်သည့်အပြင် သဘာဝဓာတ်ငွေ့
ရည် တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် သဘာဝဓာတ်ငွေ့အဖြစ် ပြန်လည်ထုတ်လုပ်၍
တင်ပို့ရောင်းချရေးလုပ်ငန်းများ၌လည်း Shell ကုမ္ပဏီက ပါဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်ဟု
သိရသည်။
"ဒီစီမံကိန်းကနေ Shell နဲ့ ကျွန်တော်တို့ ရဲ့မိတ်ဖက်ကုမ္ပဏီတွေအတွက် သဘာဝ
ဓာတ်ငွေ့ရည်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကမ္ဘာ နဲ့အ၀ှမ်းက နည်းပညာတွေကို ယူဆောင်
လာဖို့ အခွင့်အလမ်းရရှိမှာပါ။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့
စွမ်းအင်ထုတ်လုပ်မှုကို ဖြည့်ဆည်း ပေးသွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်" ဟု Shell ၏
ကမ္ဘာလုံးဆိုင်ရာ သဘာဝ ဓာတ်ငွေ့ရည်လုပ်ငန်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ရော်ဂျာဘောင်းစ်က
ပြောသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ရည်လုပ်ငန်း ဆိုင်ရာ သဘောတူညီမှုကို မြန်မာနှင့် ထိုင်း
နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများရှေ့မှောက် တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ စီမံကိန်း
အရ နိုင်ငံတကာမှ သဘာဝဓာတ်ငွေ့ကို သဘာဝဓာတ်ငွေ့ရည်အဖြစ် တင်သွင်းသိုလှောင်၍
ထားဝယ်အထူးစီးပွားရေးဇုန် အတွက် အဓိကဖြန့်ဖြူးပေးသွားမည်ဖြစ် သည့်အပြင် ထိုင်းနိုင်ငံ
သို့လည်း ဖြန့်ဖြူး ရောင်းချသွားဖြစ်သည်။ "ကနဦးအနေနဲ့တော့ ထားဝယ်အထူး စီးပွားရေးဇုန်
အတွင်းကိုပဲ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချဖို့ပါ။ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံကိုလည်း
တင်ပို့ရောင်းချမယ်၊ မြန်မာနိုင်ငံက တခြားဒေသတွေကိုလည်း တင်ပို့ရောင်းချနိုင်ဖို့ မျှော်မှန်း
ထားပါတယ်" ဟုလည်း မစ္စတာဘောင်းစ် က ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၌
အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် တည်ဆောက်ရန် မြန်မာအစိုးရနှင့် အီတာလျံ
ထိုင်းကုမ္ပဏီတို့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူညီ လက်မှတ်ရေးထိုးခဲ့သော်လည်း
အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်း လုပ်ငန်းများ နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။
ယခုအခါ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရများက
တိုက်ရိုက်ဦးစီး၍ အကောင်အထည် ဖော်သွားရန် သဘောတူညီထားကြသည်။
ကမ္ဘာ့ရေနံကုမ္ပဏီကြီး Shell နှင့် ထိုင်းကုမ္ပဏီများအကြား သဘောတူလက်မှတ်
ရေးထိုးခဲ့သည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရေးစခန်း တည်ဆောက်ရေးနှင့်
သဘာဝဓာတ်ငွေ့တစ်ဆင့် ဖြန့်ဖြူးရောင်းချ ရေးဆိုင်ရာ စီမံကိန်းမှာ မြန်မာနိုင်ငံတွင်
ပထမဆုံးပေါ်ထွက်လာခဲ့သည့် သဘာဝ ဓာတ်ငွေ့ရည်လုပ်ငန်းဆိုင်ရာ သဘော
တူညီမှုဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ရည်လုပ်ငန်းလုပ်ကိုင်ရန်
တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့က ကုမ္ပဏီများက
စိတ်ဝင် စားလျက်ရှိပြီး၊ မြန်မာအစိုးရ တာဝန်ရှိသူ များနှင့် ဆွေးနွေးမှုများရှိခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း သဘာဝဓာတ်ငွေ့အများဆုံး
တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး၊ နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂,၀၀၀ နီးပါးကို
ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ လျက်ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိထုတ်လုပ်နေဆဲ
ကမ်းလွန် သဘာဝဓာတ်ငွေ့ သိုက်များမှာ ပြည်ပသို့ နှစ်ရှည်တင်ပို့ ရောင်းချရန် သဘောတူညီ
ထားပြီးဖြစ်ရာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသစ်များအတွက်
မြန်မာနိုင်ငံ အနေဖြင့် ပြည်ပမှ သဘာဝဓာတ်ငွေ့ကို တစ်ဆင့် ပြန်လည်တင်သွင်းရမည့်
အနေအထား ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း နိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတိုတွင်
စွမ်းအင်လိုအပ်ချက် မြင့်မားလျက်ရှိရာ ပြည်ပမှ သဘာဝဓာတ်ငွေ့ရည်တင်သွင်း သုံးစွဲရသည့်
နိုင်ငံများအဖြစ် မကြာသေးမီ နှစ်များ အတွင်း ရောက်ရှိခဲ့ကြသည်။ ၁၉၉၉ ခုနှစ်တွင်
ကမ္ဘာနှင့်အ၀ှမ်း သဘာဝဓာတ်ငွေ့ ရည် တင်သွင်းသုံးစွဲရသည့် နိုင်ငံပေါင်း ကိုးနိုင်ငံသာရှိ
ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၃၀ အထိတိုးတက်လာခဲ့သည်ဟု Shell ကုမ္ပဏီ၏
လေ့လာမှုစစ်တမ်း အရ သိရသည်။ "သဘာဝဓာတ်ငွေ့ရည် လုပ်ငန်းက အရမ်းကိုတိုးတက်နေ
တယ်။ ကမ္ဘာ့ရေနံဈေးနှုန်းဆက်တိုက် ကျဆင်းမှု ကြောင့် ဈေးနှုန်းအားဖြင့် ကျဆင်းနေပေမယ့်
သဘာဝဓာတ်ငွေ့ရည်လုပ်ငန်းရဲ့ အလား အလာက အရမ်းကို ကောင်းနေပါတယ်။ မြန်မာနိုင်ငံ
လည်း မကြာမီကာလမှာ သဘာဝဓာတ်ငွေ့ရည် တင်သွင်းသုံးစွဲတဲ့ နိုင်ငံတစ် နိုင်ငံဖြစ်လာမှာပါ"ဟု
Shell ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ရော်ဂျာဘောင်းစ် က ပြောသည်။
ထိုင်းကုမ္ပဏီများနှင့် သဘာတူ လက် မှတ် ရေးထိုးခဲ့သည့် ထားဝယ်သဘာဝ ဓာတ်ငွေ့ရည်
စီမံကိန်းနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ်အချက် အလက်များကိုမူ Shell
ကုမ္ပဏီက ထုတ်ပြန်ပြောဆိုခြင်း မရှိချေ။ အဆိုပါစီမံကိန်းမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ
၇ ဘီလျံတန်ဖိုးရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊
Shell ကုမ္ပဏီ နှင့် သဘောတူညီမှုတွင် ဒေါ်လာသန်း ၅၀၀ တန် လျှပ်စစ်မဂ္ဂါဝပ် ၄၅၀ ထုတ်လုပ်
မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းလည်း ပါဝင်သည်ဟု
အီတာလျံထိုင်းကုမ္ပဏီကို ကိုးကား ၍ ရိုက်တာသတင်းဌာနက ယခုလအစောပိုင်းတွင်
ဖော်ပြခဲ့သည်။ အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ကမ္ဘာ့ဘဏ်အုပ်စု၏
လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော အပြည် ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက ချေးငွေ
ထုတ်ပေးသွားမည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့ထိပ်သီးရေနံကုမ္ပဏီကြီး Royal Dutch Shell မှာ မြန်မာနိုင်ငံတွင်ယခင်က
လာရောက်လုပ်ကိုင်ခဲ့ဖူး သော်လည်း ၁၉၉၀ ပြည့်နှစ်များက အနောက်နိုင်ငံများ၏
စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြန်လည်ထွက်ခွာ သွားခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏
ရေနံလုပ်ငန်းသို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက
ပထမ အကြိမ်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဒါခေါ်ယူခဲ့ရာ Shell ကုမ္ပဏီလည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ကမ်းလွန်လုပ်ကွက် သုံးခုအတွက် ရွေးချယ်ခံခဲ့ရသည်။
အဆိုပါ ရေနက်ပိုင်း လုပ်ကွက်သုံးခု၌ Shell ကုမ္ပဏီက ဂျပန်နိုင်ငံမှ Mitsui Oil Exploration
(MOECO) နှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ရေးလုပ်ငန်းများ
ဆောင်ရွက်သွားရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် ယခုနှစ် ဖေဖော်ဝါရီလက
သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး၊ စုစုပေါင်းအမေ ရိကန်ဒေါ် လာ ၁ ဒသမ ၂ ဘီလျံကျော်
ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်လည်း ဖြစ်သည်။

No comments:

Post a Comment