Tuesday 11 August 2015

ရေတံခွန်နဲ့ လူတော်တွေဟာ ကိုယ့်လမ်းကိုယ် ဖောက်ကြတယ်

 

















လူငယ်ဆိုတာ အနာဂတ် ရဲ့ မျိုးစေ့ဖြစ်တယ်။မျိုးစေ့ဖြစ်လာလျှင် အပင် ပေါက်ဖို့အတွက် ရေကိုစောင့်ရတယ်၊ နေကိုစောင့်ရတယ်၊ ရေမြေ လေမီးဓာတ်ကြီး လေးပါး ပြည့်စုံမှ ထို အပင် ရှင်သန်နိုင်တယ်၊ လူငယ်ဆိုတာ ဆီလိုအပေါက်ရှာပြီး ထွက် ဖို့ကြိုးစားကြတယ်။ အဟောင်းတွေ ကို ငြီးငွေ့လို့ အသစ် ရှာကြတယ်။

 ယောနသံ စင်ရော်ဟာ သူမိဘ ဘိုးဘွားတွေ လို ပင်လယ်ထဲ ပျံသန်းလိုတယ်။ ဒါပေမယ့် မပျံရဲဘူး၊ ဒါကြောင့် သူ့ ကို ကျောက်တောင်ပေါ်မှနေပြီး ပင်လယ်ထဲ လှမ်းပစ်ချခံရတဲ့အခါ ပထမသူ တုန်လှုပ်ထိတ်လန့်ပြီး စိုး ရိမ်ကြောက်ရွံ့သွားတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် တတိယအကြိမ်၊ အကြိမ် အကြိမ် တွေများလာတဲ့အခါ ထိုစင်ရော် ဟာ လုံးဝမတုန်လှုပ် မစိုးရိမ်တော့ ဘဲ ပင်လယ်ထဲ ပျံသန်းရဲပြီး လော ကကြီးရဲ့ လောကဓံတွေနဲ့ ရင်ဆိုင် ရဲသွားတယ်။

'အရစ္စတိုတယ်'ရဲ့ ဆိုရိုး တစ်ခုက 'မျှော်လင့်ချက်ဆိုတာ နိုးထနေတဲ့ အိပ်မက်ပဲ'တဲ့။ ဟုတ်တယ်။ သူပြောသလို လူငယ်တွေ ဟာ အမြဲ တမ်းနိုးထရှင်သန်နေရမယ်။

 'ချာချီ'က ပြောပါသေးတယ်။ ''အနာဂတ်ကို စဉ်းစား၊ အတိတ်မ လိုဘူး''တဲ့။ ဟုတ်တယ်လေ၊ ပြီးခဲ့ပြီ ဖြစ်တဲ့ အတိတ်ကို ရိတ်သိမ်းပြီး အနာဂတ်အတွက် မျိုးစေ့ချဖို့ အ ကောင်းဆုံးအချိန်ဆိုတာ ယခု လက်ရှိ ပစ္စုပ္ပန်ပါပဲ။

 ''တော် စတွိုင်း''ရဲ့ စကားဟာ အလွန်မှတ် သားဖို့ ကောင်းပါတယ်။
''အရေးကြီးတဲ့ အချိန်ဆို တာ တစ်ချိန်ပဲရှိတယ်၊ အဲဒီအချိန် ဟာ အခုပဲ''တဲ့။ ဒါကြောင့် အနာ ဂတ်လူငယ်တွေအားလုံး သတ္တိရှိရှိ နဲ့ လူ့လောကထဲ ပျံသန်းရဲဖို့လို တယ်။ ''ကြောက်ရင်လွဲ၊ ရဲရင်မင်း ဖြစ်တယ်''တဲ့။ဘယ်ကိစ္စမဆို ကြောက် တတ်ရင် နှစ်ခါသေတာမို့ ရဲဝံ့ဖို့လို တယ်။ ရင်ဆိုင်တဲ့ နေရာမှာလည်း အမှားနဲ့ အမှန်တွေကို ခွဲခြားသိ တတ်တဲ့ 'ပညာ'နဲ့ ရင်ဆိုင်ရမှာပါ။ ပညာဆို တာ၊ မျှော်စင်လိုပဲ၊ အမြင့်ကိုတက် ရင် အဝေးသို့ပိုမြင်တာမို့ ပညာကို ရသမျှ ရှာဖွေရမယ်။

''စရည်းအိုးခွက်၊ ကြီးစွာ လျက်နှင့်၊ ကျဖန်များကား၊ ပြည့် သော်ငြားသို့''တဲ့။ မိုင်ခရီး ၁ဝဝဝဝ ကို ခြေတစ်လှမ်းက စတင်ကြရ မယ်။ လူဘဝဆိုတာလည်း တောင် တက်ခရီးဖြစ်တာမို့ တောင်တက် နေမှတော့ နောက်ကို ပြန်လှည့် ကြည့်စရာမလိုဘူး။

လုလင်ငယ်သွေးဆိုတဲ့ တေးတစ်ပုဒ်လိုပဲ လူငယ်တွေအား လုံးပဲ 'လုလင်ငယ်သွေး' အားမာန် မွေးပြရမယ်။နောက်ပြီး ယခုခေတ် ဟာ နိုင်ငံတကာနဲ့အညီ ခေတ်မီ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးပါပဲ။ စက်ကိရိယာတွေ အလွန်တိုးတက်နေသလို လူငယ်တွေ ဟာ လည်း စက်ကိရိယာတွေကို စမ်း သပ်ရင်း စက်ရုပ်လူသား ဖြစ်မ သွားဖို့လိုတယ်။ ကိုယ်ကပဲ စက်ကိ ရိယာတွေကို ကိုင်တွယ် အသုံးချပြီး စက်ကိရိယာတွေက ကိုယ်ကို ပြန် အသုံးချပြီး စက်ကိရိယာတွေနဲ့ပဲ လမ်းဆုံးမသွားဖို့လိုတယ်။

ဥပမာ အခုခေတ် လူငယ်  လူကြီးအားလုံးတွေကိုပဲ ကြည့်ပါ၊ လူတိုင်းရဲ့ လက်ထဲမှာ  Hand phone; Phone ကိုယ်စီနဲ့၊  (Lap. Top computer) ကိုယ်စီနဲ့ ကား ပေါ်မှာ၊ အိမ်ထဲမှာ၊ လမ်းပေါ်မှာ၊ စာသင်ခန်းထဲမှာ၊ အလုပ်ခွင်ထဲမှာ သွားရင်း၊ လာရင်း၊ နေရင်း၊ ထိုင် ရင်း၊ တစ်ဦးနဲ့တစ်ဦး မျက်နှာ ချင်းဆိုင်ပြီး စကားပြောခွင့်မရ အောင်ဒါတွေနဲ့ပဲ အချိန်ကုန်နေ ကြပါပြီ။ အားတဲ့အခါမှာ လက် ဖက်ရည် ဆိုင်၊ အရက်ဆိုင်တွေမှာ အချိန်ဖြုန်း၊ အိမ်ကိုပြန်ရောက် တော့လည်း၊ အခြားသော ဇိမ်ခံပစ္စည်းတွေနဲ့ပဲ အချိန်ကုန်နေ ကြ တော့မယ် ဆိုရင်လူငယ်တွေရဲ့ အနာဂတ်ဘယ်လိုစာဖတ်တော့မလဲ။

 ဘယ်အရာမဆို လိုတာထက်ပိုရင် အန္တရာယ်ပါ' တဲ့။ ဆေးဆို တာတောင် လိုတာထက်ပိုရင် အ ဆိပ် ဖြစ်ပါတယ်။ဒါကြောင့်ပြောလိုတာက စက်ကိရိယာ နည်းပညာဆိုတာလည်း 'သုံးတတ်ရင် ဆေး၊ မသုံး တတ်ရင်ဘေး'မို့ လိုတာထက်ပို မသုံးကြ ဖို့၊ သိပ္ပံရဲ့ စွမ်းအားကို ကောင်းတဲ့နေရာမှာ အသုံးချဖို့၊ စက်ကိရိယာတွေနဲ့ ကိုင်တွယ်အ သုံးချရင် ကိုယ်ကိုယ်တိုင် အသုံးခံ စက်ရုပ် တစ်ရုပ် ဖြစ်မသွားကြဖို့ သတိပေးရင်း 'လူတော်နဲ့ ရေတံ ခွန်တွေဟာ ကိုယ့်လမ်းကိုကိုယ် ဖောက်တယ်'တဲ့။
လူငယ်တွေအားလုံးပစ္စုပ္ပန် မှာ နေထိုင်ပြီး အနာဂတ်အတွက် လမ်းဖောက်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဌေးကြည် (စလင်း)

No comments:

Post a Comment