Friday 29 May 2015

ဂရုစိုက်သော ယောင်္ကျားဆိုတာ


ကိုယ့်ကို ဂရုစိုက်တဲ့ ယောင်္ကျားဆိုတာဟာ ဘယ်လိုသူဖြစ်လိမ့်မလဲ။

★ မင်္ဂလာပါ
မနက်ကတည်းက အိပ်ယာကထတာနဲ့ ချစ်တယ်လို့ မပြောရုံတမယ်၊ ကိုယ့်ကို ဂရုတစိုက် အိပ်ယာမှ နှိုးပေးသောသူ။
★ စိတ်ချမ်းသာအောင်ထားမှာပါ
ယောင်္ကျားလေးတွေဟာ ကိုယ်ချစ်တဲ့မိန်းကလေးအတွက် ဟင်းပဲချက်ပေးရမလား ဘာပဲလုပ်ရလုပ်ရ ဖြည့်စီးပေးတတ်သူ။
★ မထင်မှတ်သောအရာကို လုပ်ပေးချင်ပါတယ်
ဘာရယ်လို့မဟုတ်ပဲပင် သေးသေးမွှားမွှား ကိစ္စလေးတွေကိုလုပ်ပြီး မိန်းကလေးတွေကို အံ့သြသွားအောင် လုပ်ပေးနိုင်သောသူ။
★ အတူတူမရှိပင်မဲ့လည်း ရင်ထဲမှာ အမြဲရှိနေပါတယ်
ဖြစ်နိုင်ရင် ဘယ်အချိန်မဆို အတူတူရှိနေချင်ပင်မဲ့လည်း အကြောင်းကြောင်းကြောင့် အတူတူမရှိပင်မဲ့လည်း အချိန်ကို ရအောင်ယူပြီးတော့ မိန်းကလေးကို တွေ့ပေးသောသူ။
★ ဘာကိုလုပ်မလဲဆိုတာကို အမြဲတမ်း တိုင်ပင်လျက်ပါ
နှစ်ယောက်သား ဘာကိုလုပ်လုပ် တိုင်တိုင်ပင်ပင် လုပ်မယ်ဆိုတာကို သတ်မှတ်ထားပြီး ဒါကို အလေးထားပြီး လုပ်ပေးနေသောသူ။
★ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အတွက် တိုင်ပင်မှာပါ
ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရတော့မဲ့အချိန်မှာ သူက မိန်းကလေးကို ရဲရဲဝံ့ဝံ့ ဖွင့်ပြောတိုင်ပင်နိုင်သောသူ။
★ ဖွက်ထားတာတွေ မရှိပါ
လျှိ့ဝှက်ထားတာတွေလည်း မရှိသလို၊ ဖုံးဖွက်ထားရမဲ့ ကိစ္စတွေလည်း မရှိသောသူ။
★ အရှိအတိုင်းကို ချစ်တာပါ
ဥစ္စာ၊ ပစ္စည်း၊ လှပအောင်ချယ်သထားတဲ့ မိန်းကလေးရဲ့မျက်နှာကို ကြိုက်လို့ချစ်နေတာမဟုတ်ပဲ မိန်းကလေးရဲ့ အရှိအတိုင်းကို ချစ်သောသူ။
★ နေ့စဉ်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ပြောမိတယ်
နေ့စဉ်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို မိန်းကလေးအတွက် ပြောပြပေးတဲ့သူ။
★ ဝမ်းနည်းအောင် မလုပ်ပါ
မိန်းကလေး ဝမ်းနည်းအောင်၊ မျက်ရည်ကျအောင် မလုပ်သောသူ။
★ အပြန်အလှည် အပေးအယူရှိနေပါတယ်
အချစ်ရေးမှာ အချစ်ခံချင်တယ်တစ်ခုတယ်မဟုတ်သလို၊ ကိုယ်ကလည်း သူကိုနားလည် ခွင့်လွှတ်နိုင်သောသူ
★ အမြဲတမ်း နေရာပေးလျက်ပါ
မိန်းကလေးအတွက်ကို အမြဲတမ်း စဉ်းစားပြီး နေရာပေးတဲ့သူ။
★ အန္တရာယ်မှာ ကာကွယ်ပေးနေပါတယ်
မိန်းကလေးအပေါ်မှာ ဖြစ်လာမယ့် ပြသာနာတွေ၊ဒုက္ခတွေကို ဦးစီပြီး ဖြေရှင်းပေးမည့်သူ။
★ ဂတိစကားကို မဖျက်တတ်ပါ
မိန်းကလေးကို ပေးထားတဲ့ဂတိကို မေ့သွားမှာ မဟုတ်သလို၊ ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းရင် ကြိုးစားနေသူ။
★ လေးစားပါတယ်
ချစ်သူတစ်ယောက်အနေနဲ့ရော၊ မိန်းကလေးတစ်ယောက်အနေနဲ့ရော လေးစားစွာ ဘဝရဲ့ လက်တွဲဖော်ကို လက်တွဲပြီး ခေါ်ဆောင်သွားမည့်သူ။

No comments:

Post a Comment