ဗြိတိသျှတို့ သည် ဗဒုံမင်းလက်ထက် ၁၇၉၅ ခုနှစ်မှစ၍
ဘကြီးတော်နန်းတက်သည့် ၁၈၁၉ ခုနှစ်အထိ နှစ်ပေါင်း ၂၄ နှစ်အတွင်း
အိန္ဒိယနိုင်ငံ၏ နယ်မြေများဖြစ်သည့် မိုင်ဆိုး (Mysone)၊ မဒရပ်စ်(Madras)၊
ယူနိုက်တက်ပရော့ဗင်ဆက် (United Provinces)(ယခု
အူတာပရာဒက်ခ်ျပြည်နယ်)အထက်ပိုင်း၊ ဘုံဘေနယ်အတွင်းမှ ဘာရိုဒါ(Baroda) ၊
သြရိဿ (Orissa) ၊ ပက်ရှဝါ(Peshwa) နှင့် ရာဇပုတ္တန (Rajaputana) တို့ကို
သိမ်းပိုက်ထားခဲ့သည်။ ၁၇ ရာစုမှစ၍ အာရှတိုက်တွင် ခြေကုပ်ယူကာ နယ်ချဲ့ခဲ့သော
ဗြိတိသျှတို့သည် ၁၉ ရာစုတွင် အိန္ဒိယနိုင်ငံ၏ သုံးပုံ နှစ်ပုံကျော်ကို
ပိုင်ဆိုင်ခဲ့သည်။
ဗဒုံမင်းလက်ထက်တွင်
ရခိုင်စစ်တကောင်း နယ်စပ်ပြဿနာကြောင့် ဗြိတိသျှ မြန်မာဆက်ဆံရေး
တင်းမာခဲ့ပြီး ဘကြီးတော်လက်ထက်တွင် မဏိပူရ အာသံ အရေးကြောင့်
ဗြိတိသျှတို့နှင့် မပြေမလည်ဖြစ် ခဲ့သည်။ မြန်မာတို့ နန်းတင်ထား ခဲ့သော
မဏိပူရစော် ဘွား မာဂျစ်ဆင်းသည် ၁၈၁၉ ခုနှစ်တွင် ကျင်းပပြု လုပ်သော
ဘကြီးတော်၏ ရာဇဘိသိက်သွန်းပွဲသို့ တက်ရောက်ခြင်းမရှိခဲ့ချေ။။ ဘကြီးတော်က
ထိုသို့ပျက်ကွက်ခြင်း သည် မြန်မာ ဘုရင် အား တော် လှန်ခြားနားခြင်းဟု ယူဆကာ
မဏိပူရသို့ မြန်မာ တပ်များကို စေလွှတ်ခဲ့သည်။ မာဂျစ်ဆင်းသည် ဗြိတိသျှပိုင်
ဆီလဟတ်(Sylhet)နှင့်ဆက်စပ်နေသည့် ကချာ (Cachar)သို့ ထွက်ပြေးသွားခဲ့ သည်။
မာဂျစ်ဆင်း၏တပ်များ ကချာသို့ ရောက်ရှိ လာခဲ့သဖြင့် ကချာစော်ဘွား
ဂေါဝိန္ဒချန္ဒရာသည် ဗြိတိသျှတို့ထံ အကူအညီတောင်းခံခဲ့သည်။ ဗြိတိသျှ တို့က
မြန်မာ တပ်မှူးအား ကချာကို မတိုက်ခိုက် ရန် ပြောခဲ့ပြီး ဗြိတိသျှအစိုးရသည်
ကချာကို ကာကွယ်စောင့်ရှောက် ရန် ကချာဒေသသို့ ဝင်ရောက်ခွင့်ရှိကြောင်း ပြော
ဆိုခဲ့သည်။ မြန်မာတို့ကလည်း ၁၈၂၃ ခုနှစ် နိုဝင်ဘာလတွင် ဆီလဟတ်နှင့်
အာသံနယ်စပ်တစ်လျှောက်၌ တပ်အင်အားများ အခိုင်အမာချထားခဲ့ သည်။
ဗြိတိသျှတို့သည် မြန်မာများလက်တွင်းသို့
ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ကချာကျသွားလျှင်
ဘင်္ဂလားအရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူတိုက်ခိုက်နိုင်မည်ဟု
ဗြိတိသျှတို့က ယူဆခဲ့သဖြင့် ကချာကိုသိမ်းပိုက်ခဲ့ပြီး အစောင့်ရှောက်ခံ
နယ်မြေတစ်ခုအဖြစ် ကြေညာခဲ့သည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့
မြန်မာတပ်များ ဝင်ရောက်၍မာဂျစ်ဆင်း၏တပ်များကိုတိုက်ခိုက်ရာတွင်ကချာနယ်တွင် ရောက်နေသောဗြိတိသျှတပ်များနှင့်မြန်မာတပ်များ
တိုက်ပွဲဖြစ်ပွားခဲ့သည်။ မဏိပူရအရေးသည် ကချာအရေးသို့ ကူးပြောင်းသွားပြီး
မြန်မာနှင့် ဗြိတိသျှတို့ ပဋိပက္ခဖြစ်ခဲ့ကာ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်တွင်
ဘုရင်ခံချုပ် လော့ဒ်အင်းဟတ် (Lord Amherst) က မြန်မာနိုင်ငံနှင့်
စစ်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ဗြိတိသျှများ၏ အဓိက
ရည်ရွယ်ချက်သည် စစ်တကောင်းမှ စင်ကာပူအထိ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကို
ပိုင်ဆိုင်လိုခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံကို တိုက်ခိုက်ရန်
ကြံရွယ်ထားပြီးဖြစ်သည်။
ဗြိတိသျှစစ်ဗိုလ်ချုပ် ဆာအာချီဘောကင်းဘဲသည်
စစ်သည်အင်အား ၁၁၅ဝဝ ကိုဦးဆောင်လျက် ရန်ကုန် သို့
ရေကြောင်းမှချီတက်လာခဲ့သည်။ ဗြိတိသျှရေကြောင်း ချီတပ်များသည်
မာန်အောင်ကျွန်း၊ မော်တင်စွန်းနှင့် ဟိုင်းကြီးကျွန်း တို့ကို
သိမ်းပိုက်ခဲ့ကြသည်။ မဟာဗန္ဓုလသည် စစ်တကောင်း၊ ပန်းဝါအရောက်
တိုက်ခိုက်အောင်မြင် သော်လည်းကုလားတို့ ငြိမ်ဝပ်မည်မဟုတ်၊
ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါးနှောင့်ယှက်ရန်ရှိသည်။
ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့်ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ
သင့်ပါမည့်အကြောင်း ဘကြီးတော် ထံ လျှောက်ထားခဲ့သည်။ (မဟာဗန္ဓုလသည်
အင်္ဂလိပ်များကို ကုလားဟု ရည်ညွှန်းခဲ့သည်။) ဘကြီးတော်သည် စစ်သူကြီး မဟာဗန္ဓုလ၏
လျှောက်ထားချက်အတိုင်း ဝန်ကြီး သတိုးမင်း ကြီးမဟာမင်းခေါင်နှင့် ဝန်ကြီး
သတိုးမဟာသေနာပတိတို့ကို ၁၈၂၄ ခုနှစ် မေ ၇ ရက်တွင် ရန်ကုန်သို့
စုန်ဆင်းစေခဲ့သည်။ ၁၈၂၄ ခုနှစ် မေ ၁ဝ ရက်တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့
ရောက်ရှိလာသော အခါ မြန်မာတို့ဘက်မှအင်အားသည် မြို့စောင့်တပ်မျှသာရှိသဖြင့်
မြို့တွင်းမှ ဆုတ်ပေး ခဲ့ရသည်။ ထို့နောက် မြန်မာတပ်များ သည်
ကြည့်မြင်တိုင်တွင် ခံတပ်အခိုင်အမာ ဆောက်လုပ်ကာ စစ်ပြင်ခဲ့ကြသည်။ စစ်သူကြီး
မဟာဗန္ဓုလသည် အရေးမလှ ဖြစ်နေသော ရန်ကုန်စစ်မျက်နှာသို့ တပ်များကိုကွပ်ကဲ၍
ရုတ်ခြည်း ရောက်ရှိလာခဲ့ ချိန်တွင် မြန်မာတပ်များနှင့် အင်္ဂလိပ်တပ်များ
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မြန်မာတပ်များ၏ စစ်ချီ၊ စစ်တက်၊
တိုက်ခိုက်မှုနည်းဗျူဟာများသည် အဆင့်မနိမ့်သော်လည်း ဗြိတိသျှတို့၏
လက်နက်နှင့် မြန်မာတပ်များကိုင်ဆောင်သော လက်နက်များသည် မယှဉ်သာ အောင်
ကွာခြားနေသောကြောင့် မဟာဗန္ဓုလသည် မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့
ဆုတ်ပေးခဲ့ရသည်။ မဟာဗန္ဓုလသည် ဓနုဖြူ ခံတပ်တွင် စစ်သည်များကိုကွပ်ကဲနေစဉ်
၁၈၂၅ ခုနှစ် ဧပြီ ၁ ရက်တွင် ကျဆုံးခဲ့သည်။
မဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက်
မြန်မာတပ်များသည် မြန်မာနိုင်ငံအထက် ပိုင်းသို့ ဆုတ်ခွာခဲ့ကြသည်။
ဗြိတိသျှတပ် များသည် မြန်မာနိုင်ငံအထက်ပိုင်းသို့ ကြည်းကြောင်း၊
ရေကြောင်းနှစ်ဖက်ညှပ်၍ ဆက်လက် ချီတက်လာကြ ရာ မြန်မာတပ်များက
ပြည်မြို့အနီးတစ်ဝိုက်မှ ဆီးကြိုခုခံကြသည်။ ဗြိတိသျှတို့က နှစ်ဖက်ညှပ်ကာ
တိုက်ခိုက်မှု များကြောင့် မြန်မာ တပ်များသည် ပြည်မြို့မှဆုတ်ခွာ၍
ဝက်ထီးကန်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်တိုက်ပွဲတွင် ဗြိတိသျှတို့ဘက်မှ
ဗိုလ်မှူးကြီး မက်ဒူးဝေါ အပါအဝင် အရာရှိငါးယောက်နှင့် စစ်သည်များ
ကျဆုံးခဲ့သည်။ မကြာမီ ဗြိတိသျှများက အင်အားအလုံး အရင်းဖြင့်
ပြန်လည်တိုက်ခိုက်ချိန်တွင် မြန်မာတပ်များ ဆုတ်ခွာခဲ့ရပြန်သည်။
ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့ တပ်များသည် မြေထဲ၊
မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆီမီးခုံအစရှိသည့် မြို့ ရွာများမှ
ခုခံတိုက်ခိုက်ရင်း ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ်များသည်
ရ္တပိုရွာအထိ ရောက်ရှိလာခဲ့ကြ သည်။ ထိုအချိန်တွင် မြန်မာ့လွှတ်တော်သည်
အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းစကားဆိုရန် ဘကြီးတော်အား တိုက်တွန်းခဲ့သည်။
ထို့ကြောင့် ဒေါက်တာဂျက်ဆင်နှင့် ဒေါက်တာ ပရိုက်တို့ကို
ဗြိတိသျှတပ်များထံသို့စေလွှတ်၍ စစ်ပြေငြိမ်းရေး ဆွေးနွေးစေခဲ့သည်။
မြန်မာအစိုးရဘက်မှ လယ်ကိုင်းမြို့စား ဝန်ကြီး မင်းကြီး မဟာမင်းလှကျော်ထင်၊
ကျီဝန် အတွင်းဝန်မင်း ကြီး မဟာမင်းလှသီဟသူရတို့သည် ဗြိတိသျှတို့ဘက်မှ
ဆာအာချီဘောကင်းဘဲလ် အပါအဝင် အခြားအရာရှိများနှင့် ရန္တပိုရွာတွင်တွေ့ဆုံကာ
နောင်တွင် ရန္တပိုစာချုပ်ဟု ထင်ရှားလာမည့် စစ်ပြေငြိမ်းရေးစာချုပ်ကို ၁၈၂၆
ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ချုပ်ဆိုခဲ့ပြီးနောက် အင်္ဂလိပ်မြန်မာ
ပထမစစ်ပွဲ ပြီးဆုံးသွားခဲ့သည်။
ရန္တပိုစာချုပ်တွင် အပိုဒ်(၁၁)ပိုဒ်
ပါဝင်ခဲ့ပြီး မြန်မာဘုရင်သည် အာသံကို အစိုးမရသည့်အပြင် ရခိုင်ကို
အင်္ဂလိပ်များက သိမ်းယူကာ မော်တင်စွန်းကို နယ်စပ်အဖြစ် သတ်မှတ်ခဲ့သည်။
တနင်္သာရီဒေသတစ်လျှောက်ကိုလည်း သိမ်းယူလျက် သံလွင်မြစ်ကို အပိုင်းအခြားအဖြစ်
သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်က စစ်လျော်ကြေးအဖြစ် ကျပ်တစ်ကုဋေ ပေးရန်
စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။ အင်္ဂလိပ်တို့က မိတ်သဟာယစာချုပ်ဟု
ညွှန်းဆိုသည့် ရ္တပိုစာချုပ်ကို မြန်မာ သက္ကရာဇ် ၁၁၈၇ ခုနှစ်
တပေါင်းလပြည့်ကျော် ၄ ရက် (ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဖေဖော်ဝါရီလ၂၄ ရက်)တွင်
မြန်မာ ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး
မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူ နှင့်
ဗြိတိသျှဘက်မှ ဗိုလ်ချုပ်ဆာအာချီဘောကင်းဘဲ၊ အရေးပိုင် ရောဘတ်စင်၊ ရေတပ်
ကပ္ပတိန် ရစ်ချတ်ဘာ့ခ်ျတို့က ရန္တပိုရွာတွင် ချုပ်ဆိုခဲ့ကြသည်။
ရ္တပိုကျေးရွာတွင် ချုပ်ဆိုခဲ့သောကြောင့် ရ္တပိုစာချုပ်ဟု ထင်ရှားခဲ့သည့်
စာချုပ်သည် မြန်မာတို့အပေါ် နိုင်လိုမင်းထက်ချုပ်ဆိုခဲ့သည့်
စာချုပ်သာဖြစ်ခဲ့ပြီး မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်သူထံ ပထမဆုံး
အလျှော့ပေးခဲ့ရကာ မိမိပိုင်နယ်မြေများ စွန့်လွှတ်ခဲ့ရသည့်
စာချုပ်ဖြစ်ခဲ့သည်။ ဗြိတိသျှများသည် ရန္တပိုစာချုပ်ကို အဆောတလျင်
ရေးသားချုပ်ဆိုခဲ့သဖြင့် ပြည့်စုံမှုမရှိဖြစ်ကာ နယ်စပ်ရေးရာကိစ္စ များကို
မဖြေရှင်းနိုင်ခဲ့ပါချေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန္တပိုကျေးရွာသည်
မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့ ဟောင်း၏ တောင်ဘက်မိုင် ၄ဝ၊
မြင်းခြံမြို့မှ အထက် ခြောက်မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး
မြင်းခြံမြို့မှ ကားဖြင့်သွားနိုင်သကဲ့သို့ ဧရာ ဝတီမြစ်အတွင်းမှ လှေ၊
သင်္ဘောဖြင့်လည်း သွားရောက်နိုင်သည်။ မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း
စုန်ဆင်း လာလျှင် မြောင်မြို့နှင့် ဆီမီးခုံရွာကို ကျော်လာလျှင်
ရန္တပိုရွာသို့ ရောက်ရှိသည်။ ဆီမီးခုံနှင့် ရန္တပိုတို့သည် ဧရာဝတီဖြစ်၏
အရှေ့ဘက်ကမ်းတွင် တည်ရှိနေကြ သည်။ ရန္တပိုကျေးရွာတွင် မြေအိုးထုတ်လုပ်မှု
လုပ်ငန်း ကို မြန်မာဘုရင်များလက်ထက်မှ စတင်လုပ်ဆောင် ခဲ့ပြီး ခေတ်အဆက်ဆက်
ရိုးရာလက်မှု ပညာရပ် တစ်ခုအဖြစ် လုပ်ကိုင်နေကြသည်မှာ ယနေ့တိုင် ဖြစ် သည်။
ရ္တပိုကျေးရွာ အိုးထုတ်လုပ်ဖြန့်ဖြူးမှု လုပ်ငန်း သည် ၂ဝ၁ဝ
ပြည့်နှစ်နောက်ပိုင်းတွင် များစွာတွင် ကျယ်လာခဲ့ကာ ယခင်က မန္တလေးနှင့် မြင်း
ခြံမြို့များသို့သာ တင်ပို့နေရာမှ မြန်မာတစ်နိုင်ငံလုံးသို့
တင်ပို့လာခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှစ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း
မန္တလေးနှင့် ပုဂံအကြား သွားလာကြသော က္ဘာလှည့်ခရီးသွားများသည် ရန္တပို တွင်
ခရီးတစ်ထောက် ဝင်ရောက်ရပ်နားကာ အိုးလုပ်ငန်းကို လေ့လာကြသည်။ ရန္တပိုရွာ သည်
တောင်ရွာနှင့် မြောက်ရွာဟူ၍ နှစ်ပိုင်းရှိကာ တစ်ရွာလျှင် အိမ်ခြေ ၃ဝဝ
ဝန်းကျင်စီ ရှိကြသည်။ တောင်ရွာ တွင် တောင်သူ လုပ်ငန်းကို
အများဆုံးလုပ်ကိုင်ကြပြီး မြောက်ရွာတွင် မြေထည်အနုပညာ အိုးလုပ်ငန်းကို အဓိက
လုပ်ကိုင်ကြ သည်။
အိုးလုပ်ငန်းရှင်များသည်
အိုးလုပ်မည့်ရွှံ့မြေကို ဧရာဝတီမြစ်ကမ်း ညောင်တိုရွာနှင့် သဲကို ဂင့်ဂဲရွာမှ
ဝယ်ယူကြ သည်။ ရေကြီးသော မိုးတွင်းကာလများတွင် အိုးလုပ်ငန်းများ
ရပ်နားထားရလေ့ရှိကာ မြေနှင့် သဲများကို ဝယ်ယူစုဆောင်း ထားရသည်ဟု ရွာခံများက
ပြောပြသည်။ အိုးမလုပ်မီ ရွှံ့ကို သဲနှင့်ရောပြီး တစ်ဦးက ခြေနင်းစက်ကို
လှည့်ပေးရပြီး ကျန်တစ်ဦးက အိုးပုံဖော်ရသည်။ ပုံပေါ်သွားသည့်အိုးများကို
ရွှံ့သားခြောက်သွားစေရန် နေ့တစ်ဝက်ခန့် နေလှန်းရသည်။ ပြီးမှ အိုးကို
အလှပန်းရိုက်ကာ နှစ်ရက်ခန့် ထပ်မံနေလှန်းပြီး မီးဖုတ်ရသည်။ အိုးဖုတ်ရန်
ကောက်ရိုးနှင့် သစ်ရွက်ခြောက်များပေါ်တွင် ထင်းခြောက်များခင်းကာ အပေါ်တွင်
နေလှန်းထားပြီးသောအိုးများကို စက်ဝိုင်းပုံ အထပ်လိုက်စီရသည်။
အိုးများပေါ်တွင် ကောက်ရိုးများထပ်အုပ်ကာ မီးအပြင်မထွက်စေရန် လွှစာမှုန့်၊
ရေဆွတ်ထားသောပြာနှင့် သဲတို့ဖြင့် ဖုံးအုပ်ပေးရသည်။ ထို့နောက်
ဖိုပတ်ပတ်လည်တွင် အပေါက်များဖောက်ပြီး မီးရှို့သည်။ မီးက အတွင်းရှိ
ထင်းနှင့် ကောက်ရိုးများကို လောင်ကျွမ်းကာ အပြင်သို့ ထွက်မလာတော့ချေ။
မီးဖုတ်ပြီးလျှင် အိုးများကိုဖော်ရပြီး ရန္တပိုရွာတွင် အိုးတစ်လုံးလျှင်
ကျပ် ၄၅ဝ ပေးရသည်။ ရန္တပိုကျေးရွာသည် အိုးလုပ်ငန်းကြောင့် လူသိများသကဲ့သို့
မြန်မာတို့ အင်္ဂလိပ်ကို စစ်ရှုံးခဲ့ရပြီး ရခိုင်၊ တနင်္သာရီနှင့် မဏိပူရတို့ကို
စွန့်လွှတ်ခဲ့ရသည့် သမိုင်းဝင်စာချုပ်ကို ချုပ်ဆိုခဲ့သည့်နေရာအဖြစ်လည်း
ထင်ရှားသည်။ ကမ္ဘာလှည့်ခရီးသည် များသည် ရန္တပိုသို့ ရေလမ်းခရီးမှ လာရောက်ကြကာ
ရ္တပိုတွင် စစ်ရှုံးစာချုပ်အမှတ်တရ စိုက်ထူထားသောကျောက်တိုင်ကို
ကြည့်ရှုလေ့ရှိကြသည်။
အင်္ဂလိပ်မြန်မာစစ်သမိုင်း (နတ်မောက် ဘုန်းကျော်)
ရန္တပိုစာချုပ်
DMHC သင်တန်းမှတ်စုများ
Writer : မောင်သာ(ရှေးဟောင်းသုတေသန)
Source :ကြေးမှုံသတင်းစာ
No comments:
Post a Comment